10/10/2023
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းနေသဖြင့် ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်နေသူများ ရခိုင်ပြည်နယ်သို့ နေ့စဉ်ပြန်လည်ဝင်ရောက်လာမှုများရှိနေ
အောက်တိုဘာ ၁၀၊
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းနေသဖြင့် ပြည်ပတွင်အလုပ်သွားရောက် လုပ်ကိုင်နေသူများ ရခိုင်ပြည်နယ်သို့ နေ့စဉ်ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး မြဝတီမြို့မှတစ်ဆင့် မော်တော်ယာဉ် တစ်စီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် ရခိုင်လူမျိုး အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၃၇ ဦးတို့သည် အမ်းမြို့၊ ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာခဲ့ရာ တာဝန်ရှိသူများမှ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ လဝကမှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် မော်တော်ယာဉ်ဖြင့် အမ်းမြို့မှ နေရပ်အသီးသီးသို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်