People Defence Force - Mayangone Township

  • Home
  • People Defence Force - Mayangone Township

People Defence Force - Mayangone Township This Page is created for sharing information.

09/05/2023
16/04/2023
Blackout Strike မီးပိတ် တိတ်ဆိတ်မှုနဲ့ အကျယ်လောင်ဆုံးတုန့်ပြန်မှုအချိန် - ည ( ၈:၀၀) နာရီ မှ (၈:၀၅) နာရီအထိ ၅မိနစ်နေ့ရက် ...
16/04/2023

Blackout Strike
မီးပိတ် တိတ်ဆိတ်မှုနဲ့ အကျယ်လောင်ဆုံးတုန့်ပြန်မှု

အချိန် - ည ( ၈:၀၀) နာရီ မှ (၈:၀၅) နာရီအထိ ၅မိနစ်

နေ့ရက် - ဧပြီ ၁၇ ရက်၊၂၀၂၃ ခုနှစ် (နှစ်ဆန်း ၁ ရက််နေ့)

လုပ်ဆောင်ရန် - ကန့်ဘလူ့မြို့၊ပဇီကြီးကျေးရွာ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင်အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းစာနာခြင်းကို ဖော်ပြခြင်းအနေဖြင့်နေအိမ်တွင် ဖြစ်စေ၊ မိမိရောက်နေသော နေရာ/အရပ်တွင်ဖြစ်စေ ည( ၈:၀၀) နာရီ မှ (၈:၀၅) နာရီအထိ (၅) မိနစ်ကြာ မီးပိတ်တိတ်ဆိတ်ငြိမ်သက််ကြပါစို့။

06/04/2023

မဂ်လာဒုံလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

▪︎ပေါက်ကွဲသံ (၅)ကြိမ်ထက်မနည်းကြားရပြီး သေနတ်သံများပါကြားရ​ကြောင်း ပြည်သူများ​ပြော

ကျော်​ဇော၊သတို၊ People's Spring

ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ယ​နေ့ညတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး​ပေါက်ကွဲသံများကျယ်​လောင်စွာကြားရကြောင်း ရန်ကုန်မြို့ပြအဖွဲ့မှ ရဲဘော်တစ်ဦးနှင့် ပြည်သူများက People's Spring သတင်းဌာနသို့ ပြော သည်။

"လေတပ်ထဲကို လေးလုံးကျတယ်။ မီးလည်းလောင်နေတယ်ကြားတယ်"ဟု ၎င်းကပြောသည်။

ယနေ့( ဧပြီ ၆ ရက်) ည ၉ နာရီ ၁၅ ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံများကို အခြားမြို့နယ်များကပင်ကြားရကြောင်း မြို့ပြရဲဘော်တစ်ဦးကပြောသည်။

"လေယာဉ်ပြေးလမ်းပေါ်ကိုကျတယ်ကြားတယ်။ မီး သတ်ကားတွေလည်းဝင်သွားတယ်တဲ့။ ဖြစ်တဲ့နေရာကို ရန်ကုန်တစ်မြို့လုံးက အင်အားတော်တော်များများပို့ထားတယ်ကြားတယ်"ဟု အဆိုပါရဲဘော်ကဆက်​ပြောသည်။

ပေါက်ကွဲသံ (၅)ကြိမ်ထက်မနည်းကြားရပြီးနောက် သေ
နတ်သံများဆက်တိုက်ကြားရပြီး လေတပ်ဝန်းနှင့်ကပ်လျက် Terminal ဆီဆိုင် ယခင်နေရာဟောင်းအနီးတွင် မီးစွဲလောင်ခဲ့ကြောင်းလည်း ဒေသခံပြည်သူများက ပြောသည်။

"နောက်ဆုံးအလုံက အကျယ်ဆုံးနဲ့ (အိမ်)အတုန်ဆုံးပဲ"ဟု မဂ်လာဒုံမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက လည်း​ပြော သည်။

ထို့အပြင် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦး၏ပြောဆိုချက်အရ လေတပ်ဝန်းအတွင်းသို့ ရှော့တိုက်ဒုံး (၅)လုံးထက်မနည်းကျရောက်ပေါက်ကွဲခဲ့ရာ တစ်လုံးမှာ လေယာဥ်ပြေးလမ်းပေါ်သို့ကျရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထိခိုက်ပျက်စီးမှုအ​ခြေအ​နေများကိုမူ People's Spring က မသိရ​သေးပါ။

အထက်ပါ လေတပ်ဝန်းတိုက်ခိုက်ခံရပြီးနောက် မဂ်လာဒုံမြို့နယ်နှင့် ထိစပ်နေသည့် မြောက်ဥက္ကလာ၊ မြောက်ဒဂုံစ
သည့်မြို့နယ်များအပါအဝင် ရန်ကုန်ုမြို့နယ် စစ်ကောင်စီတပ်များ ခြေရှုပ်လျှက်ရှိကာ လမ်းများတွင် စစ်​ကောင်စီတပ်ကစစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်။

မဂ်လာဒုံလေတပ်ဝန်းအား ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခြင်းနှင့်စပ်လျဥ်းပြီး မည်သည့်တော်လှန်ရေးအဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကိုမူ မသိရသေးပေ။

(မဂ်လာဒုံ​လေတပ်တွင်​ပေါက်ကွဲပြီး​နောက် မီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/
t.me/PeopleSpring (https://t.me/PeopleSpring)

ယနေ့မနက် သတိပေးဖောက်ခွဲခြင်းဖြစ်ပြီးပြည်သူများအနေဖြင့်လည်း စကစ မှပြုလုပ်တဲ့ပျော်ပွဲရွှင်ပွဲများအား သွားရောက်ခြင်းမပြုရန်...
17/03/2023

ယနေ့မနက် သတိပေးဖောက်ခွဲခြင်းဖြစ်ပြီး
ပြည်သူများအနေဖြင့်လည်း စကစ မှပြုလုပ်တဲ့
ပျော်ပွဲရွှင်ပွဲများအား သွားရောက်ခြင်းမပြုရန်နှင့်
နှစ်ကူးအခါသင်္ကြန်ပွဲတော်များတွင်လည်း
ပါဝင်ခြင်းမပြုလုပ်ကြရန် မိဘပြည်သူများအား
မေတ္တာရပ်ခံ
ထပ်မံ၍ အသိပေးလိုပါတယ်။

#စကစနှင့်ပတ်သတ်သည့်နေရာများအားဝေးဝေးရှောင်ရှားကြပါရန်

#အရေးတော်ပုံအောင်ရမည်

12/02/2023
25/01/2023

(၁)ရပ်ကွက်၊ရေမွှေးရ
ဒလံလင်မယား(ဗိုလ်မှူးဟောင်း)
နှစ်ယောက်လုံး
ကာလာပြောင်းဟု
ကနဦးသတင်းရရှိ

19/01/2023

မရမ်းကုန်းမြို့နယ် လ၀ကရုံးထဲသို့ ဗုံးပစ်သွင်းသဖြင့် လ၀က တစ်ရုံးလုံး ထွက် ပြေး၊ စစ်တပ်က ဗုံးကို သိမ်းဆည်းဖောက်ခွဲလိုက်ပြီး ဗုံးပစ်သူ၏ CCTV မှတ် တမ်း ရရှိသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ လ၀ကရုံးတွင် အိတ် အမည်း ဖြင့် ဗုံး ပစ်သွားပြီး စစ်တပ်က ယင်းဗုံးကို သိမ်းဆည်း ဖောက်ခွဲ လိုက် ကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ် လ၀ကရုံးထဲသို့ အိတ် အမည်းဖြင့် ထုတ်ထားသည့် ဗုံးကို ပစ်ခတ်သွားကြောင်း၊ ချက်ချင်း မပေါက်ကွဲသဖြင့် လ၀ကတစ်ရုံးလုံး ထွက်ပြေး ကြပြီး စစ်တပ်က လာရောက်ကာ ဗုံးကို သိမ်းဆည်း ဖောက်ခွဲ လိုက်ကြောင်း သိရှိရသည်။

"ရုံးထဲကို အိတ်အမည်းနဲ့ ဗုံး ၀င်ပစ်သွား တယ်။ လ၀ကရုံးထဲက ဝန်ထမ်းတွေ အကုန် လုံး ထွက်ပြေးကြတာ။ နောက်တော့ ရဲတွေ အရင်ရောက်လာပြီး တပင် ရွှေထီးလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်ကို ပိတ်လိုက်တယ်။ ပြီးတော့ စစ်ကား ၂ စီး ရောက်လာတယ်။ အနီးအနားက ဆိုင်တွေ အားလုံး ပိတ်ခိုင်းတယ်။ စစ် ကား တွေနဲ့ ဗုံးစစ်တဲ့အဖွဲ့တွေထပ်ရောက်လာပြီး ရှုပ်ထွေးသွားတယ်။ ပြီးတော့ ၁ နာရီ ၄၅ မိနစ်လောက်မှာ ဗုံးကို စစ်တပ်က ခွဲလိုက်တယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

စစ်တပ်က ဗုံးကို ဖောက်ခွဲစဉ် အသံအလွန်ကျယ်လောင်ပြီး မီးခိုးလုံးများ တက် လာသဖြင့် အမှတ် ၁ ရပ်ကွက်ပတ်ဝန်းကျင်မှ ပြည်သူများအားလုံး ကြားသိရ ကြောင်း ၊ စစ်တပ်က လမ်းပိတ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး CCTV မှတ် တမ်း များ လိုက်လံ တောင်းယူသွားကြောင်း၊ လ၀ကရုံးမှာ လူမရှိတော့ဘဲ လုပ် ငန်းများ ရပ်နားလိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် မရမ်းကုန်း လ၀ကရုံး အနီး တပင်ရွှေထီးလမ်းတွင် စစ် တပ် က ပိတ်ဆို့စစ်ဆေးနေစဉ်။

14/01/2023

ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ် မြန်မာစစ်တပ် ခြိမ်းခြောက်နေသည်မှာ လွန်စွာထင်ရှားဟု ကုလလုံခြုံရေးကောင်စီကို သံအမတ်ကြီးပြော

ယန်းဒီ/People’s Spring

ဖက်ဆစ်စစ်တပ်သည် ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကြဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်လျက်ရှိသည်မှာ လွန်စွာထင်ရှားကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြောသည်။

လုံခြုံရေးကောင်စီသည် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ယခင်က ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့သဖြင့် မြေပြင်အခြေအနေအတွက်လည်း အပြုသဘောဆောင်သည့် ရေရှည်အကျိုးရလဒ်များ ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍လည်း အလားတူဆောင်ရွက်နိုင်ရန် လုံခြုံရေးကောင်စီ၌ လိုအပ်သည့် လုပ်ငန်းစဉ်များ ရှိနေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သည့် ‘နိုင်ငံများအကြား တရားဥပဒေစိုးမိုးမှု ရှိစေရေး’ ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် ဆွေးနွေးမှု အစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးနှင့်ပတ်သက်၍ ပထမဆုံးသော ဆုံးဖြတ်ချက်အဆို အတည်ပြုချမှတ်နိုင်ခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်း သံအမတ်ကြီး ထည့်သွင်းပြောသည်။

ထို့အပြင် ယခုအခါ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်နိုင်ရေး အတွက် ထူးခြားသည့် အခွင့်အရေး လက်ဝယ်ရှိနေပြီဖြစ်ပြီး စစ်တပ်မှ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ ထပ်မံကျူးလွန်ခြင်းအား ကြိုတင်ကာကွယ်နိုင်ရေး၊ စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ခတ်ခြင်းမခံရသည့်ကျင့်စဉ်ကို ဖြေရှင်းပေးနိုင်ရေးတို့အတွက် ကောင်စီ၏ဆုံးဖြတ်ချက်ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်‌ရွက်ရန်၊ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများကို သံအမတ်ကြီးက တောင်းဆိုသည်။

သံအမတ်ကြီးသည် ကုလလုံခြုံရေးကောင်စီ၌ ဖက်ဆစ်စစ်တပ်ဟု အကြိမ်ကြိမ်သုံးနှုန်းခဲ့ပြီး စစ်တပ်၏ နိုင်ငံတဝန်း အကြမ်းဖက်ကျူးလွန်နေမှုများကို အစီရင်ခံခဲ့သည်။

စစ်တပ်သည် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျဉ်းထောင်များတွင် အသက်သေဆုံး သည်အထိ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကြိမ်ဖန်များစွာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ပြည်သူများ၏ နေအိမ်များနှင့် ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူ တစ်သန်းကျော်ကို နေရပ်စွန့်ခွာရသည့် အခြေအနေသို့ တွန်းပို့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ကွပ်မျက်စီရင်ခြင်း အစရှိသော နည်းလမ်းစုံသုံး၍ မြန်မာပြည်သူများ အပေါ် အကြမ်းဖက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်နေကြောင်း တင်ပြသည်။

ထို့အပြင် ဖက်ဆစ်စစ်တပ်သည် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့်ရပ်ဝန်းတစ်ခုကို ဖန်တီးပေးနေကြောင်း ကောင်စီသို့ အသိပေးသည်။

လတ်တလောရရှိထားသည့်သတင်းများအရ စစ်တပ်သည် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်တလျှောက် ကီလိုမီတာ (၄၀) ခန့်တွင် ပြစ်မှုဇုန် (၁၅) ခုကို ဖန်တီးပေးထားကြောင်း၊ ယင်းဒေသတွင် နိုင်ငံအနည်းဆုံး (၃၀) ကျော်မှ အပြစ်မဲ့ပြည်သူများ လိမ်လည်လှည့်ဖြားခြင်းခံရ၍ လူကုန်ကူးမှုများ အဓိကဖြစ်ပေါ် နေကြောင်း ပြောသည်။

ယင်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးအတွက် စိုးရိမ်ရသည့် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများအား အဆိုပါ လူကုန်ကူးမှုအကျပ်အတည်းကို အလေးအနက်ထားကာ အချိန်မီ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန်လည်း သံအမတ်ကြီးက တိုက်တွန်းသည်။

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

14/01/2023
14/01/2023

ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးရန် ထွက်လာသည့် စစ်ကောင်စီတ​ပ်နှင့်​ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း ချောင်းဦးမြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CLDF)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၂ ရက် နံနက် ၈နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား ကင်းပုန်းဝပ်၍ ပြောက်ကျားနည်းဖြင့် ခြုံခို၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDFက အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့်ပျူ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း CLDFက ဆိုသည်။

ကံကြီးကုန်းရွာမှ စစ်ကောင်စီတ​ပ်နှင့် ပျူများသည် အနီးဝန်းကျင်ရွာများမှ ပြည်သူများ၏ အိုးအိမ်၊ ပစ္စည်းများ ဖျတ်ဆီးခြင်း၊ သိမ်းယူခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများကို နေ့စဉ်ပြုလုပ်နေကြောင်း၊ ယမန်နေ့ကလည်း ထိုသို့ပြုလုပ်ရန် ထွက်လာချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CLDFက ရှင်းပြသည်။

စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး သေ​ဆုံးသူများအား ကားဖြင့်လာရောက်ကောက်ယူသွားကြောင်းလည်း အသိပေးသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ CLDFထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ ပြောက်ကျားစစ်ဆင်ရေးကို ဇန်နဝါရီ ၇ရက်က ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော် "ဋ" အတွက် ရည်ရွယ်၍ "ဋ စစ်ဆင်ရေး" ဟု အမည်တပ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CLDF)နှင့် တော်လှန်ရေး ညီနောင်အင်အားစုများဖြစ်ကြသော မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃) - လျှပ်စီးတပ်ခွဲ တပ်ခွဲ (၄) - မီးတောက်တပ်ခွဲ၊ မုံရွာခရိုင် အမှတ် (၁၇)တပ်ရင်း၊ ရန်ရှင်း ဒေသကာကွယ်ရေးအဖွဲ့၊ Banana UG၊ ရှမ်းရှမ်းတောက် အထူးတပ်ဖွဲ့နှင့် ချောင်းဦးမြို့နယ်(ပ.လ.ဖ)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာရှိ ပျူစခန်းကို ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၂၅ ရက် ညကလည်း ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ကံကြီးကုန်းရွာတွင် ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီက ပျူများအား ထောက်ပံ့နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

23/12/2022
16/12/2022

PDF နဲ့ EAOs တွေကို ကူညီမယ့် NDAA ဥပဒေကို အမေရိကန်အထက်လွှတ်တော်အတည်ပြု

People's Spring

စစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ PDF နဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို လက်နက်မဟုတ်တဲ့အကူအညီတွေပေးမယ့် အမေရိကန်အစိုးရ ကာကွယ်ရေးဘတ်ဂျက်ကို(NDAA) ကို အထက်လွှတ်တော်က မဲခွဲအတည်ပြုလိုက်ပါပြီ။

အထက်လွှတ်တော်မှာ မဲခွဲရာမှာ ထောက်ခံ ၈၃ မဲ၊ကန့်ကွက်မဲ ၁၁ မဲ နဲ့ အတည်ပြုနိုင်တာလို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မနက်ပိုင်းမှာ လူမှုကွန်ရက်ကတဆင့် အသိပေးထားတာတွေ့ရပါတယ်။

အဲဒီဥပဒေကို ပြီးခဲ့တဲ့ တပတ်ကျော် ဒီဇင်ဘာလ ၈ ရက် က အောက်လွှတ်တော်က အတည်ပြု ထားပါတယ်။

လွှတ်တော် ၂ရပ်အတည်ပြုပြီး သမ္မတလက်မှတ်ရေးထိုးပြီးရင် ဥပဒေဟာ အတည်ပြုဖြစ်လာမှာပါ။

အဲဒီဥပဒေထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖော်ပြရာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီပေးဖို့ ၊ စုစည်းမှုအားကောင်းစေဖို့အတွက် ကူညီဖို့တွေပါရှိပါတယ်။

NDAA ကြောင့်ရလာမယ့် အကူအညီတွေက တော်လှန်ရေးရဲ့ ၇၅ရာခိုင်နှုန်းကို အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာမီမီဝင်းဘတ်က DVB သတင်းဌာနကို ပြောထားပါတယ်။

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

05/12/2022
၂၀၂၂ ဒီဇင်ဘာ ၆ ရက်စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထ...
05/12/2022

၂၀၂၂ ဒီဇင်ဘာ ၆ ရက်

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၆၇၄ ရက် ရှိပြီဖြစ်သည်။

ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆိုမှုများကိ မလိုက်​လျောသလို ဆန္ဒပြသူများအား စစ်​ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက်​သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆိုမှုကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို​ အကြမ်းဖက်သတ်ဖြတ်လာသဖြင့် ပြည်သူများက စစ်ပညာသင်ယူပြီး လက်နက်ဆွဲကိုင်၍ စစ်​ကောင်စီကို ခုခံ​တော်လှန်စစ်ဆင်နွှဲ​နေကြသည်။ တစ်ချိန်တည်းတွင် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချ​ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်​နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ်​မှောက်​နေကြသည်။

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

02/11/2022

သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့

၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးရည်မွန်နှင့်လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA Magway) မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ ကြပါသည်။
၂။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိ တော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေမှုများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏ အခန်းကဏ္ဍ၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
၃။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC) ကို လေးစားလိုက်နာလျက် အမိန့်ပေး ကွပ်ကဲမှုကွင်းဆက် (Chain of Command) တွင်ပါဝင်ရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူညီခဲ့ကြပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

21/10/2022

ဒီနေ့မနက် ၇ နာရီကတည်း KNLA စုများ ကော့ကရိတ် မြို သို့ စတင်နေပါပြီ။
▪️ကော့ကရိတ် အချုပ်ထောင်လည်း ပွင့်သွားပြီလို့ သိရပါတယ်။
အမြဲပြောခဲ့သလိုပါပဲ EROs တွေနဲ့ NUG ဟာ မြဝတီခွင်ကို မရရအောင် ယူလိမ့်မယ်ဆိုတာ။
စကစ ဘက်ကလည်း ဒါကို မပေးရဖို့ အသည်းအသန် တိုက်မှာမို့ အခု မြို့သိမ်းတိုက်ပွဲဟာ ပေးဆပ်ရမှု အကြီးဆုံး၊ အရေးအပါဆုံး တိုက်ပွဲ ဖြစ်လာပါလိမ့်မယ်။
ဒီအချိန်မှာ မြန်မာနိုင်ငံအနှံ့က EROs တွေ၊ EAOs တွေနဲ့ တော်လှန်​ရေး အင်အားစုတွေ စကစ ကို ဘယ်လို အင်အားဖြည်ထုတ်မလဲ? က အသက်ပါ။
တော်လှန်ပြည်သူ အားလုံး တော်လှန်ရေးကို အပြည့်အဝ အာရုံစိုက်ပေးကြရမယ့် အချိန်ပါ။
လာမယ့် Spring Yangon Phase II, Bond, EOD စတဲ့ ဘဏ္ဍာငွေ ရှာဖွေရေး အစီအစဉ်တွေကနေ ဒီ မြို့သိမ်းတိုက်ပွဲ ကို ပံ့ပိုးပေးကြပါ ...
#လွတ်လပ်စွာကူးတင်နိုင်ပါသည်
ေးရန်မလိုပါ

တစ်ချိန်က
20/10/2022

တစ်ချိန်က

20/10/2022

Address


Website

Alerts

Be the first to know and let us send you an email when People Defence Force - Mayangone Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share