05/07/2022
မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။
မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။
မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပြေလာတယ်။
မိဘစကားနားထောင်တဲ့သူက ပိုစိတ်ချမ်းသာရတယ်။
ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ။ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့ ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိချင်မှရှိတော့လိမ့်မယ်။
မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက် အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည် ဖိနပ်လေးတရံနဲ့တင် သူ့တို့ကိုစိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။
စကားတခွန်းရှိတယ်။ မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။ ကိုယ့်ဆီက နဲနဲရပီး များများပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဖူး။
လက်ရှိ အောင်မြင်နေတဲ့သူတွေကိုကြည့်ရင် မိဘကို သိတတ်သူတွေ။
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင် မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ။
မယုံမရှိနဲ့။ သူတို့ကြောင့် မိဘအဆင်ပြေတာမဟုတ်ပဲ မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တယ် ။
Credit :