NY LOCAL PDF

NY LOCAL PDF News& Media Website

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ1သိန်း ကျပ် လှူ...
10/02/2024

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ1သိန်း ကျပ် လှူဒါန်းပေးပါသော အဝေးရောက် ညီအကိုအား ကျနော်တို့ NY LOCAL PDF မှ အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ8သိန်း 9သောင်းက...
04/02/2024

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ8သိန်း 9သောင်းကျပ် လှူဒါန်းပေးပါသော အဝေးရောက် ညီအကိုအား ကျနော်တို့ NY LOCAL PDF မှ အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ1သိန်း 5သောင်းက...
04/02/2024

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ1သိန်း 5သောင်းကျပ် လှူဒါန်းပေးပါသော အဝေးရောက် ညီ လေအား ကျနော်တို့ NY LOCAL PDF မှ အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်

19/01/2024

သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊ဇန်နဝါရီလ ၁၈ရက်

မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့ရှိ စကစတပ်စခန်းများဖြစ်ကြသော ရုံးပေါင်းစုံ (ထွေအုပ်ရုံး) တပ်စခန်းနှင့် ငြိမ်းဇာနည် (စ.စ်မှုထမ်းဟောင်းရုံး) တပ်စခန်း စသည့် ရေစကြိုမြို့ပေါ်ကရ.န်သူ့ စစ်ရေးပစ်မှတ်တွေကို ကျွန်တော်တို့ Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များမှ ၂၀၂၄၊ဇန်နဝါရီလ ၁၇ရက် နံနက် ၆နာရီ ၁၀မှ စတင်ကာ တပြိုင်ထဲ ဝင်ရောက်စီးနင်းတို.က်ခိုက်ခဲ့ပါသည်။မိမိတို့ဘက်မှ စစ်ရေးအသာစီးရ တို.က်ခိုက်နိုင်ခဲ့ပြီး ငြိမ်းဇာနည်တပ်စခန်းအား သိမ်းနိုင်တော့မည့်အချိန်တွင် ရန်သူ၏ အင်အားဖြည့်စစ်ကြောင်းနှင့် ထပ်မံတို.က်ပွဲ ဖြစ်ပွဲခဲ့သည်။ရန်သူ့စစ်အုပ်စုရဲ့ ၂ဘက်ညှပ်ခုခံမှုကြားကနေ စခန်းသိမ်းပိုက်နိုင်ဖို့ ထိုးစ.စ်ဆင်တို.က်ခိုက်ခဲ့ပါသည်။ ရန်သူစစ်အုပ်စုအခြေစိုက်စခန်းတွေထဲကို ကျည်အား၊လူအင်အားနဲ့ ဖိတို.က်နိုင်ခဲ့သလို RPGနဲ့ပါ ရန်သူ့ဘန်ကာတွေနဲ့ အထိုင်စခန်းတွေကို ပစ်သွင်းတို.က်ခိုက်ခဲ့ပြီး ဝေဟင်ကပါ ဒရုန်းနဲ့ တို.က်ခိုက်ခဲ့သည်။ ရ.န်သူ့ဘက်က အထိနာအကျအဆုံးများနေပေမယ့် ခံစစ်အနေအထားကောင်းခြင်း၊ အခိုင်အမာ ဘန်ကာတွေထဲကနေ ခုခံတို.က်ခိုက်နေသလို တို.က်ပွဲအချိန်ကြာမြှင့်လာကာ စ.စ်ကူလမ်းကြောင်းတွေထွက်လာလို့ မဟာမိတ်တပ်ပေါင်းစုနဲ့အတူ အကောင်းဆုံးခွာစစ်ဆင်ကာ ၈နာရီတွင်ပြန်လည်ဆုတ်ခွာလာခဲ့သည်။၎င်းတို.က်ခိုက်မှုတွင် ရန်သူ့ဘက်မှ ၄ဦး 6သဆုံးပြီး ၆ဦး Dဏ်ရာရရှိကာ မိမိတို့ဘက်မှ စစ်ကြောင်းမှူး ဆရာကရင်နှင့် ထိန်းသိမ်းရေးခေါင်းဆောင် ရဲဘော်၃၃တို့ Dဏ်ရာရရှိခဲ့ပါသည်။ယခုတို.က်ပွဲတွင် ရေစကြိုမြို့ရှိ စစ်မျက်နှာပြင်အားလုံးအား အမိန့်တစ်ခုဖြင့် ထိုးစစ်ဆင်တို.က်ခိုက်နိုင်ခဲ့သော ရဲဘော်ရဲဘက်များနှင့် မဟာမိတ်များအား မိမိတို့ MBTတပ်ဖွဲ့မှ အထူးပင်လေးစားဂုဏ်ယူကြောင်း အသိပေးအပ်ပါသည်။ မိဘပြည်သူကို ကတိပေးထားတဲ့အတိုင်း စခန်းမသိမ်းပိုက်နိုင်ခဲ့ပေမယ့် ရေစကြိုမြို့ပေါ်အထိ ရန်သူစစ်အုပ်စုကို ခေါင်းမဖော်နိုင်အောင် ခြိမ်းခြောက်တို.က်ခိုက်နိုင်ခဲ့ပြီး ရန်သူများကိုသုတ်သင်နိုင်ခဲ့ပါသည်။

မကြာခင်မှာလည်း စခန်းသိမ်းတို.က်ပွဲတွေအဖြစ်နဲ့ ညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းက အညာမုန်းတိုင်ထန်ဖို့ကြိုးစားသွားမယ်လို့ ကတိပေးပါသည်။

ယခုတို.က်ခိုက်မှုတွင် မိမိတို့ MBTနှင့်အတူ


#ဗိုလ်ခြောက်ဆယ်

Stars Group (LPDF)

Eagle People Defence Force

#ဗိုလ်ခြောက်ဆယ် ပြောက်ကြားတပ်

-YSO

#ညောင်းဦးခရိုင် တပ်ရင်း(၁)

ြောက်ကြားတပ်ဖွဲ့

#သွေးသောက်တပ်ဖွဲ့ တို့မှ ပူးပေါင်းပါဝင် အားဖြည့်တိုက်ခိုက်ခဲ့သည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ 5သောင်းကျပ် လှ...
23/12/2023

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ 5သောင်းကျပ် လှူဒါန်းပေးပါသော အဝေးရောက် အမအား ကျနော်တို့ NY LOCAL PDF မှ အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ တစ်သိန်းကျပ် လ...
09/12/2023

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ တစ်သိန်းကျပ် လှူဒါန်းပေးပါသော အဝေးရောက် ညီအကိုအား ကျနော်တို့ NY LOCAL PDF မှ အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်

05/11/2023

မင်းရွာကျေးရွာမှ စခနဲ့ပခများ ငတရော်ကျေးရွာကို လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေပါတယ်
ပြည်သူနှစ်ဦးလဲ ထိမှန်ထားပါတယ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ 6သောင်းကျပ် လှ...
18/10/2023

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ 6သောင်းကျပ် လှူဒါန်းပေးပါသော အဝေးရောက် ညီအကိုအား ကျနော်တို့ NY LOCAL PDF မှ အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ 1သိန်းကျပ်လှူဒ...
04/10/2023

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ 1သိန်းကျပ်လှူဒါန်းပေးပါသော အဝေးရောက် ညီအကိုအား ကျနော်တို့ NY LOCAL PDF မှ အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ ​2သိန်းကျပ် လှူ...
28/09/2023

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ ​2သိန်းကျပ် လှူဒါန်းပေးပါသော JPရောက်ညီအကိုအား ကျနော်တို့ NY LOCAL PDF မှအထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်ခင်ဗျာ

ပြောက်ကျားစစ်ဆိုတာ တိုက်ပွဲတိုင်းနိုင်စရာမလိုဘူးနိုင်မယ့်နေရာဘဲ ရွေးတိုက်ရတယ် #ချေဂွေဗားရား
16/09/2023

ပြောက်ကျားစစ်ဆိုတာ တိုက်ပွဲတိုင်းနိုင်စရာမလိုဘူး
နိုင်မယ့်နေရာဘဲ ရွေးတိုက်ရတယ်
#ချေဂွေဗားရား

ဘယ်လက်နက်ကိုင်အဖွဲ့မဆို အရပ်ဖက်အုပ်ချုပ်မှုအောက်မှာရှိရတယ်။ လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရဦးဆောင်မှုပေးနေတဲ့ နိုင်ငံရေ...
15/09/2023

ဘယ်လက်နက်ကိုင်အဖွဲ့မဆို အရပ်ဖက်အုပ်ချုပ်မှုအောက်မှာရှိရတယ်။ လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရဦးဆောင်မှုပေးနေတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ရှိရတယ်။

အရပ်ဖက်အုပ်ချုပ်မှုအောက်မှာ မရှိတဲ့လက်နက်ကိုင်တပ်ဆိုတာ ဒီမိုကရေစီစနစ်မှာမရှိဘူး။ ဖက်ဒရယ်စနစ်မှာမရှိဘူး။

၁။ ကိုနဂါးကိုဘယ်သူက အမိန့်ပေးညွန်ကြားမလဲ။ ကိုနဂါးက ဥပဒေအထက်မှာရှိနေတာလား။

၂။ ကိုနဂါးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ နယ်မြေကို ဘယ်သူအုပ်ချုပ်မှာလဲ ၊ က်ုနဂါးက စစ်ဦးချုပ်လဲ ငါပဲ ၊ ဝန်ကြီးချုပ်လဲ ငါပဲဆိုတဲ့ မင်းအောင်လှိုင်လိုလုပ်မှာလား။

၃။ ကိုနဂါးတပ်ဖွဲ့ဝင်တစ်ယောက်ယောက် အပြစ်ကျုးလွန်ရင် ၊ ပြစ်မှုကျုးလွန်ရင် ဘယ်ဥပဒေအရအရေးယူမှာလဲ။ အပြစ်ရှိမရှိဘယ်သူဆုံးဖြတ်မလဲ ။ တရားဥပဒေစိုးမိုးရေး ကဘယ်သူလုပ်မလဲ။ ကိုနဂါးက ငါက စစ်ဦးစီးချုပ်၊ ငါက ဝန်ကြီးချုပ်၊ ငါက တရားသူကြီးချုပ်ဆိုင်္ပြးလုပ်မှာလား။ အဓိကက ဘယ်က ဥပဒေနဲ့ ဖမ်းဆီး၊ ချုပ်နှောင်၊ စစ်ဆေး၊ အပြစ်ပေးလုပ်မလဲ။

၄။ အခွန်ကိစ္စ အပါအဝင် ကျန်ကိစ္စရပ်တွေ အများကြီး ရှိသေးတယ်။ ဒါတွေနောက်မှဆက်ဆွေးနွေးမယ်။

၅။ စစ်ဘုရင်ဝါဒ ဆိုတာ အာဏာရှင် ဝါဒပဲ။ ကိုယ်က စစ်တပ်ကိုင်ထားပြီး ကိုယ်က စစ်ဦးစီးချုပ်၊ ကိုယ်ကအကြီးအကဲ၊ ကိုယ်ကပဲ တရားစီရင်တာကိုပြောတာ။ ဒါက မင်းအောင်လှိုင်လုပ်နေလို့ ငါတို့က တော်လှန်နေတာ။

၆။ ဆိုမာလီယာနိုင်ငံမှာ တော်လှန်ရေးအဖွဲ့တွေ အစိုးရကိုတော်လှန်ပြီး နောက်ပိုင်း ကိုယ့်နယ်ကိုယ်အုပ်ချုပ်တဲ့ စစ်ဘုရင် warlord တွေဖြစ်ကုန်တယ်။ ဆိုမာလီယာလဲပျက်စီးတာမှ တစ်နိုင်ငံလုံးငတ်ကုန်တာ။

၇။ ကိုနဂါးပြောတာ NUG နဲ့လက်တွဲမယ်လို့ပြောတာ သူဒေသကိုသူပဲ အကြီးအကဲ၊ သူပဲစစ်ဦးစီးချုပ်၊ သူ့ဥပဒေနဲ့ သူတရားစီရင်မယ့်သဘောဖြစ်တယ်။ ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင်သာ NUG ကိုထည့်ပြောနေတာ။

၈။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုကြည့်ပါ။ စစ်တိုက်နေတာ KIA ၊ KIA ကိုညွန်ကြားနေတာက KIO ။ KIA သည် KIO ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတယ်။ KIA သည် KIO ရဲ့နိုင်ငံရေးလမ်းညွန်မှုအောက်မှာရှိတယ်။ KIA က ပြစ်မှုကျုးလွန်ရင် KIO က အပြစ်ပေးအရေးယူတယ်။

၉။ ဒီလိုပဲ KNU ဆိုတာ အုပ်ချုပ်ရေး၊ KNLA ကစစ်တိုက်တာ။ KNLA ကိုညွန်ကြားနေတာက KNU ။ KNLA သည် KNU ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတယ်။ KNLA သည် KNU ရဲ့နိုင်ငံရေးလမ်းညွန်မှုအောက်မှာရှိတယ်။ KNLA က ပြစ်မှုကျုးလွန်ရင် KNU က အပြစ်ပေးအရေးယူတယ်။

၁၀ ။ ကိုနဂါးကဘယ်သူ့ အမိန့်နာခံမှာလဲ။ အဲ့ဒါအဖြေ။ ဘယ်သူ့အမိန့်မှမနာခံဘူး ငါ့နယ်ငါပဲအုပ်ချုပ်မယ်၊ တရားစီရင်မယ်ဆိုရင် အဲ့ဒါ စစ်ဘုရင်၊ အာဏာရှင်ပဲ။ မင်းအောင်လှိုင်နဲ့ဘာထူးမလဲ။

#မျိုးရန်နောင်သိန်း

မှောင်ချိန်မှာမီးမထွန်းရဲရင်လင်းတဲ့အခါအမှောင်ထဲမှာမျက်နှာငယ်ရတတ်တယ်။      #မင်းထိုက်တန်
11/09/2023

မှောင်ချိန်မှာ
မီးမထွန်းရဲရင်
လင်းတဲ့အခါ
အမှောင်ထဲမှာ
မျက်နှာငယ်ရတတ်တယ်။

#မင်းထိုက်တန်

“ ခရီးဆိုတာ မသွားဘဲနေရင်လဲ ရပါတယ်။သွားမယ်ဆိုရင်တော့ အဝေးဆုံးကိုသွားတာ အကောင်းဆုံးပါပဲ။ “ #မင်းသိင်္ခ
11/09/2023

“ ခရီးဆိုတာ မသွားဘဲနေရင်လဲ ရပါတယ်။
သွားမယ်ဆိုရင်တော့ အဝေးဆုံးကိုသွားတာ အကောင်းဆုံးပါပဲ။ “

#မင်းသိင်္ခ

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ ​4သိန်းကျပ် လှူ...
05/09/2023

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ ​4သိန်းကျပ် လှူဒါန်းပေးပါသော ကိုရီးယားရောက် ပိုက်ကျော်ခြင်းညီကိုများအား ကျနော်တို့ NY LOCAL PDF မှအထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်ခင်ဗျာ

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ နှစ်သိန်းကျပ် လ...
24/08/2023

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလှူငွေ နှစ်သိန်းကျပ် လှူဒါန်းပေးပါသော အဝေးရောက်အမေ့သမီးများ အဖွဲ့အား ကျနော်တို့ NY LOCAL PDF မှအထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်

15/08/2023

သတင်းထုတ်ပြန်ခြင်း

ရက်စွဲ - ၁၅ ဩဂုတ် ၂၀၂၃

ပခုက္ကူမြို့ အမှတ်၁၅ရပ်ကွက်ဆင်ပေါက်လှ ၉လမ်း​နေ ဦးပေါစံ ဒေါ်လှမြင့်တို့၏သား တက်တူး ( ခ ) ဘခက် ( ခ ) ထက်မြတ်အာကာဝေယံမိုးမြင့် သည် ပခုက္ကူမြို့မှ မြိုင်မြို့နယ်အခြေစိုက် ပ.က.ဖ အဖွဲ့ထံတော်လှန်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် အချိန်ကာလ ၂နှစ်ကျော်ကြာမြင့်ခဲ့ပါသည် ။တက်တူးသည် မြိုင်ပ.က.ဖ အဖွဲ့တစ်ဖွဲ့ထံမှ M 16 သေနတ်တစ်လက်
အား တပ်ရင်းမှူး မသိပဲ ယူဆောင်ကာ
ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာ စကစ များနှင့် ယနေ့ ၀၃: ၁၅ အချိန် ပူပေါင်းသွားခဲ့ပြီး ၎င်းသည် ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးစခန်းများ မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးစခန်းများ ပ.အ.ဖ / ပ.က.ဖ / ပ.လ.ဖ ကျန်းမာရေးတာဝန်ခံ နေထိုင်သည့်နေရာအသီးသီးထံသို့ အကြိမ်ကြိမ်ရောက်ရှိဖူး၍ စခန်းနေရာများအား သေချာရေရာစွာ သိရှိပါသည်။တော်လှန်ရေးအင်အားစုများအနေဖြင့်
ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး စခန်းနေရာများ အမြန်ရွေ့ပြောင်း ပေးကြပါရန် တော်လှန်ရေးရဲဘော်အသီးသီးထံသို့ သတိပေး " သတင်းထုတ်" ပြန်လိုက်ပါသည် ။

မြိုင် ပကဖ Page မှ ကူးယူဖော်ပြသည်။

ယခုလိုကူညီထောက်ပံ့ပေးပါသော TBNH&Friendsကို ကျနော်တို့ NY LOCAL PDF မှ အထူးကျေးဇူးတင်ရှိအပ်ပါသည်ခင်ဗျာ. #တော်လှန်ရေးကစျေး...
14/08/2023

ယခုလိုကူညီထောက်ပံ့ပေးပါသော TBNH&Friendsကို ကျနော်တို့ NY LOCAL PDF မှ အထူးကျေးဇူးတင်ရှိအပ်ပါသည်ခင်ဗျာ.

#တော်လှန်ရေးကစျေးကြီးတယ်
#ပြည်သူကူမှနိုင်မည့်ပွဲ
#ငါတို့ရဲညီညွတ်ခြင်းဟာငါတို့ရဲ့အောင်ပွဲ
#တော်လှန်ရေးကလူတိုင်းနဲ့သက်ဆိုင်တယ်ဆိုတာမမေ့နဲ့
#အရေးတော်ပုံမုချအောင်ရမည်

M16လေးတော့ရောက်လာပြီ
03/08/2023

M16လေးတော့ရောက်လာပြီ

ကြည်ညိုလွန်းကြသူများ***********စစ်အာဏာ ရှင် မှန်သမျှသည် တတိုင်းပြည်လုံး ကျပ်တည်းလာနေသော စီးပွားရေး၊ လူမှုရေး ပြဿာနာ များ...
18/07/2023

ကြည်ညိုလွန်းကြသူများ
***********

စစ်အာဏာ ရှင် မှန်သမျှသည် တတိုင်းပြည်လုံး ကျပ်တည်းလာနေသော စီးပွားရေး၊ လူမှုရေး ပြဿာနာ များ ကို မည်သည့် အခါမျှ ဖြေရှင်းနိုင်ခဲ့ကြခြင်း မရှိ၊ ဖြေရှင်းရန် ကြိုးစားခဲ့ကြသော်လည်း အလွဲလွဲ အချော်ချော် အတွေးအခေါ်များ၊ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှု များကြောင့် အောင်မြင်ခဲ့ခြင်း မရှိ။

ထိုသို့ သော အားနည်းချက်များကို ဖုံးကွယ်ရန် ကြိုးပမ်းမှု အဖြစ် မြန်မာပြည်မှ စစ်ဗိုလ်ချုပ်များသည် ဘုရားတည်ကြ၊ ထီးတင်ကြဖြင်ု မြန်မာတို့၏ ဗုဒ္ဓဘာသာ ရိုသေကိုင်းရှိုင်းမှု ကို အသုံးချကာ ဆူလွယ်နပ်လွယ် ကြိုးစားခဲ့သည် ချည်းပင် ဖြစ်သည်။

ဗိုလ်နေဝင်းသည်ပင် ဘာသာရေး ကိုင်းရှိုင်းသူ တဦး မဟုတ်‌သော်ငြား တိုင်းပြည်စီးပွားရေး အခြေအနေ မဟန် ဖြစ်လာသည့် ၁၉၈၀ ကျော် နှစ်များအတွင်း တွင် မဟာဝိဇယ စေတီ တည်လာရတော့သည်။

ဗိုလ်သန်းရွှေသည်လည်း တိုင်းပြည်စီးပွား ပျက်ပြားလာသည့် ၂၀၀၃ နောက်ပိုင်းတွင်လည်း ထီးတင်၊ ဘုရားတည် လုပ်လာရသည်။

ထိုအထဲတွင် ခြွင်းချက် အဖြစ် ဦးသိန်းစိန်ကို ချန်ထားရမည် ဖြစ်သည်။ သူ့လက်ထက်တွင် ကဏ္ဍစုံ ပြုပြင် ပြောင်းလဲမှု များ နှင့် အတူ လူထုက ပါလာခဲ့သည်။ သံဃာများကို မီးလောင်ဗုံးပင် ကပ်ခဲ့သေးသည်။

အားလုံးထဲတွင် အဆိုးဆုံးကတော မင်းအောင်လှိုင်ပင် ဖြစ်သည်။ ၎င်းလက်ထက်တွင် တိုင်းပြည်သည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အဆိုးဆုံး အခြေအနေ နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ နတ်ရူး၊ မှော်ရူးများနှင့် ပေါင်းကာ ဘုရားကု ကုနေရသည်။ ၎င်းအဖို့က သာသနာဒါယကာ ဆိုကာ လူထုက ကြည်ညိုနိုင်မည့် နည်းလမ်းဆို၍ ဒါပဲ ကျန်တော့သည်ဟု ယူဆလာသည်။

စစ်ဗိုလ်ချုပ်ဟောင်းကြီးများသည်လည်း တိုင်းပြည် စုတ်ပြတ်သတ်လာနေသည်က အရေးမကြီး စစ်တပ် အတွင်း စည်းလုံးညီညွတ်နေမှသာ သူတို့ နေပြည်တော်တွင် မတောင့်မတ မကြောင့်မကြ ဖြင့် နေနိုင်မည် ဆိုက မျက်နှာပြောင်တိုက်ပြီး မင်းအောင်လှိုင်အား ထောက်ခံမှု ပြနေရသည်။

ထို့အတွက် မင်းအောင်လှိုင်၏ ဘူမိဖဿမုဒြာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် တည် ဆောက်နေမှုကို မျက်နှာ မသာမယာဖြင့် ရောက်လာကြရပြန်သည်။ မင်းအောင်လှိုင်သည် သူတို့ ကြိုးစားပမ်းစား ရေးဆွဲ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အား ဖေါက်ဖျက်ကာ လေးကြိမ်မြောက်ပင် အရေးပေါ် အခြေအနေ ကို သက်တမ်းတိုးတော့မည် ဖြစ်သည်၊ ‌ထိုအကြောင်းကို နတ်သံနှော၍ သံတော်ဦး တင်နိုင်ရန် ကြံဖန် အကြောင်းပြ၍ ထိုကဲ့သို့ လူစု လူဝေး နှင့် ခေါ်ယူလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းမှ ထို ခြောက်လ အတွင်း မည်သို့ မည်ပုံ ထိုးစစ်ဆင် ချေမှုန်းသွားမည့် အကြောင်း မစားရ ဝခမန်း ပြောဦးမည်လည်း ဖြစ်သည်။

ယခုအခါ သူတို့အားလုံး အခြား ဘာမှ မစဉ်းစား အားတော့ပဲ နေပြည်တော်တွင် ဥမကွဲ သိုက်မပျက် နေနိုင်ဖို့ မင်းအောင်လှိုင်ကိုသာ အားကိုးရတော့မည် ဖြစ်သည်။

လောကအကြောင်း နှင့် ဓမ္မအကြောင်းကို ရှင်းရှင်း ပြတ်ပြတ် မစဉ်းစား တတ်ကြသည့် အတွက်ကြောင့် မြန်မာပြည်၌ ပြဿနာများ မပေါ်တန်ဘဲလျှက် ပေါ်ပေါက်နေရသည်ဟု ဆရာကြီး ရွှေဥဒေါင်းက ဖွင့်ဆို ရေးသားခဲ့ဘူးသည်။

ဤသည်ကို ကြည့်၍ ဗုဒ္ဓဘာသာ ကို အာဏာရရေး လမ်းကြောင်း အတွက် အသုံးချလာနေသည်မှာ ယခုတိုင် မဟုတ် ဆရာကြီး၏ ခေတ်ကပင် ရှိနေခဲ့ဘူးသည်မှာ အထင်အရှားပင် ဖြစ်သည်။

ဤသည်က နိုင်ငံတော်ကို ကာကွယ်ရန် ဖွဲ့စည်းထားသော စစ်တပ်၏ အလုပ် ဖြစ်ပါသလော၊ တိုင်းပြည်ကြီးသည် ငြိမ်းချမ်းသာယာနေ၍ သာသနာ အကျိုး ဝင်ရောက် ထမ်း ရွက်နေကြခြင်း ဆိုသည်လည်း ရှိစေတော့၊ ယခု တော့ မိမိတို့ အလုပ်ကိုပင် နိုင်နင်းအောင် မလုပ်နိုင်သေးပဲနှင့် ကိုယ်နှင့် မပတ်သက်သော အလုပ်များ ဖြင့် တိုင်းပြည်ဘဏ္ဍာငွေများကို ဒလဟော ဖြုန်းတီး ပြစ်နေပေသည်။ မိမိ၏ ကိုယ်ပိုင်ငွေကြေး အင်အားဖြင့် ရွှေအတိပြီးသော ပလ္လင်တော်ကြီး လှူဒါန်းမည်ဆိုက (လှူမည်ဆိုက လှူနိုင်သည်) နတ်လူသာဓု ခေါ်ကြမည်သာ မဟုတ်ပါလော။

ဥပမာ အားဖြင့် ဆိုရမူ ဌာန တခုတွင် အကြီးအကဲတဦးသည် သူ၏ ရုံးခန်း အတွင်း နှစ်နာရီခန့် တရားထိုင်နေသည်ဆိုက သူ့ကို တွေ့မှ ကိစ္စပြီးပြတ်မည်ဖြစ်၍ စောင့်ဆိုင်းနေရသူများထဲမှ အဆိုပါ အကြီးအကဲသည် တရားသမား ဖြစ်၍ ကြည်ညိုလှပါသည် ဆိုကာ ပြောဆိုချီးမွမ်းသူသည် လွန်စွာ နည်းပေလိမ့်မည်၊ ဤကဲ့သို့ပင်။

ဒီအကြောင်းနှင့် ပတ်သက်၍ ဆရာကြီး ရွှေဥဒေါင်းကပင် သူ၏ တသက်တာမှတ်တမ်း နှင့် အတွေးအခေါ်များ အပိုင်း (၂) တွင် ယခုလို ခေါင်းစဉ်တပ်၍ ရေးသားခဲ့ဘူးသည်ကို အလျဉ်းသင့်၍ တင်ပြလိုပါသည်။

*“ကြောက်စရာ ကောင်းသော အစိုးရ”*
*ကျွနုပ်၏ ယုံကြည်ချက်တခုမှာလည်း တိုင်းပြည် အုပ်ချုပ်သူ တယောက်သည် တိုင်းသူပြည်သား ချောင်ချိသက်သာရေး နှင့် ကုသိုလ်ရေးကို တွဲဖက် ဆောင်ရွက်နိုင်က ဆောင်ရွက်သင့်သည်မှာ မှန်သော်လည်း တိုင်းသူပြည်သား တို့ အကျပ်ခံပြီး တိုင်းသူပြည်သားတို့ ငွေဖြင့် မိမိ ကုသိုလ်ရအောင် ဖြစ်စေ၊ (ဒီနေရာတွင်တော့ မိမိအာဏာရရေး ဖြစ်စေ ဟု ကျွန်တော်က ထပ်မံ ဖြည့်စွက်လိုပါသည်)၊ တိုင်းသူပြည်သားများ ကုသိုလ်ရအောင် ဖြစ်စေ ပြုလုပ်သည် ဆိုပါလျှင် ထိုသူသည် လောကရေး နှင့် ဓမ္မရေး ကို ပိုင်းခြားနားလည်သူ မဟုတ်ဟု ဆိုချင်သည်။*

*အစိုးရ၏ ဝတ္တရားသည် တိုင်းသူပြည်သားတို့၏ စားနေဝတ် အဆင့်အတန်းကို မြှင့်တင်ပေးရန် ဖြစ်၍ နတ်ပြည်သို့ တင်ပေးရန် တာဝန် မရှိချေ။*

*အုပ်ချုပ်သူ တစ်ယောက်သည် သူ ကုသိုလ်လိုချင်ပါက သူ၏ ချွေးနှဲစာဖြင့် ပေးကမ်းလှူဒါန်းရာ၏၊ ပြည်သူပြည်သား၏ အခွန်တော်ငွေကို တိုင်းသူပြည်သား၏ လက်ငင်း ပစ္စက္ခ အကျိုးအတွက်မှ တပါး မည်သည့် ကုသိုလ်ရေး အတွက် မဆို သုံးထိုက်သည်ဟု အထင်ရောက်လာလျှင် ထိုအစိုးရ သည် ကြောက်စရာကောင်းသော အစိုးရ တခု ဖြစ်လာနိုင်သည်။”*

အမျိုးဘာသာ သာသနာ မြှင့်တင်ရန်မှာမူ အူမတောင့်မှ သီလ စောင့်နိုင်မည် ဟူသော စကား အတိုင်း နိုင်ငံသားများ ကြွယ်ဝလာအောင် ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သည်။ မိမိတို့ ၏ တထွာမျှသော ဝမ်းဗိုက် ကလေး ဖြည့်နိုင်ရေး အတွက် မနက် မိုးလင်း မှ မိုးချုပ် သေလုအောင် ရုန်းကန်နေရသူများ များသထက် များလာပါလျှင် မည်သူမျှ ဘာသာရေး ကို ဦးလှည့်နိုင်ကြတော့မည် မဟုတ်ပေ။ လူချမ်းသာများ၏ ဘာသာ သာလျှင် ဖြစ်သွားပေတော့မည်။ မိမိ၏ ချွေးနှဲစာဖြင့် ရင်သွေးများကို သာသနာဘောင်သို့ မသွတ်သွင်းနိုင်ရှာသော မိဘ များ တိုင်းပြည်တွင် မည်မျှ အထိ ရှိနေပေပြီနည်း။ ဆင်ခြင် သင့်လှသည်။

တိုင်းပြည် စီးပွားတိုးတက်ရန် နွံနစ်နေသော လှည်းဘီးကြီးအား တွန်းတင်နေရသကဲ့သို့ ရုန်းကန်နေရသော ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကြောင့် သာသနာညှိုးနွမ်းမည်ဟူသော အယူအဆသည် မိမိ လိုဘမပြည့်သော ဆရာတော်များ နှင့် ၎င်းတို့ကို အသုံးချကာ နိုင်ငံရေး ကို အချောင်နှိုက်ချင်သူများ၏ လက်သုံးစကား ဖြစ်လာရသည်။

အစိုးရ ၏ တာဝန်သည် နိုင်ငံသားများ အား ဆင်းရဲတွင်း မှ ဆွဲထုတ်ရန်သာ ဝတ္တရား ရှိသည်။ ထို့အတွက်လည်း ပြည်သူတရပ်လုံးက ယုံကြည်ကိုးစားစွာဖြင့် ၎င်းတို့ဘဝ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းသာ ဖြစ်သည်။ ဘုရားတည် ကျောင်းဆောက်ပေးရန် တင်မြှောက်ခဲ့ကြခြင်း မဟုတ်။ ၎င်းတို့ အပေါ် ပြည်သူများက ပေးအပ်လာသော တာဝန်ကို ဦးလည်မသုံ ထမ်းရွက်နေသော အစိုးရသည်သာ တာဝန်သိသော အစိုးရ ဖြစ်သည်ကို ကောင်းစွာ ခွဲခြား သိနားလည် ထားမှ ဖြစ်ပေမည်။

အမျိုးဘာသာ သာသနာ ဟု ကြွေးကြော်နေသူ များ သည် မိမိတို့ တဝမ်းတခါး လှရန် မည်သို့ လုပ်ဆောင်ပေးကြမည် ဆိုသည်ကို နိုင်ငံသားများ အရင်ဆန်းစစ်ရန် လိုပေသည်။ မိမိတို့အားလုံး သာသနာဘောင်တွင်သာ မွေ့လျော်ကြတော့မည်ဆိုက ထိုသို့ ဆန်းစစ်ရန်တော့ မလိုလှပေ။ မိမိတို့အား လက်ခံမည့် ဘုန်းကြီးကျောင်းများ ရှိနေရေးသည်သာ ပဓာန မဟုတ်ပါလော။

သာသနာ ဝန်ထမ်း ဆရာတော် အချို့ကလည်း မိမိတို့ လက်ညိုးညွှန်၍ လိုရာဖြစ်စေရန် ငွေထုတ်ပိုက်ပြီး ရောက်လာမည့် အစိုးရမျိုးကိုသာ ဗန်းတင်လိုကြသည်။ ထိုသို့သော လူများကလည်း ထိုဆရာတော်ကြီးများအား ကြည်ညိုနေသူ အချို့၏ မဲ များ ရရှိရေး အတွက် လာဘ်ထိုးကြပြန်သည်။ ၎င်းတို့ စိတ်ထဲတွင် နိုင်ငံသားများ ကြီးပွားတိုးတက်ရေး ဆိုသည်က လားလားမျှ မရှိပေ။ အနည်းဆုံး ၂၀-၃၀% လောက်သာ ရှိနေမည် ဆိုငြားအံ့ သယံဇာတ ပေါကြွယ်ပြီး အလုပ်လုပ်ချင်သူ များ အများအပြား ရှိနေသည့် မြန်မာပြည်သည် ထိုသို့သော အခြေအနေမျိုးကို လုံးဝ ရောက်လာနိုင်စရာ အကြောင်း မရှိပေ။

ပြည်သူတို့ ၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!💪💪💪

ဓါတ်ပုံ - ‌ဧရာဝတီ သတင်းစဉ်

🔷NLO🔷

18/07/2023

(၁၁) ချက်ထဲမှ မိမိနဲ့ သင့်တော်မယ့်နည်းကိုရွေးပါ။

ဆန်းသစ်တီထွင်မှုတွေနဲ့ (၂) နှစ်ခွဲ ကာလကိုရောက်ရှိလာတဲ့ တော်လှန်ရေးစစ်ပွဲ

🔥နှစ်ပေါင်း (၇၀) ကျော် အာဏာရှင်အဆက်ဆက်ကလိမ်ညာဝါဒဖြန့်ခဲ့တဲ့အရာက “နိုင်ငံရေးလုပ်တယ်ဆိုတာမကောင်းဘူး” လို့ထင်မှတ်စေခဲ့ခြင်းပဲဖြစ်တယ်။ “နိုင်ငံရေးကိစ္စ” နဲ့ဆက်နွယ်ရင်
- ထောင်ကျမယ်
- ဘဝပျက်မယ်
- အသက်အန္တရာယ်ရှိမယ် စသည်ဖြင့်မြန်မာနိုင်ငံ၏လူ့အဖွဲ့အစည်းအတွင်းမှာဘာသာရေး၊ စီးပွားရေး၊ လူမူရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဂီတ၊ ပညာရေးသင်ခန်းစာများမှတဆင့် အာဏာရှင်အဆက်ဆက်ဟာ အကြီးအကျယ်ဝါဒဖြန့်မှိုင်းတိုက်ခဲ့ကြတယ်။

😇“အမှန်ကတော့” ကိုယ်နေတဲ့တိုင်းပြည်မှာ အုပ်ချုပ်ရေး၊ စနစ်မကောင်းရင် (အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒ၊ ဘာသာရေးအစွန်းရောက်ဝါဒနဲ့အုပ်ချုပ်နေရင်) ကိုယ့်ရဲ့ ဘဝတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လူတန်းစေ့မှု၊ တန်းတူညီမျှမှုများအားလုံးဆုံးရှုံးကာ လူလူချင်းကျွန်ပြုတဲ့စနစ်နဲ့ သေတဲ့အထိ အသက်ရှင်နေရတော့မှာပါ။

🌹၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဆိုတာ တောထဲသွား၊ စစ်သင်တန်းတက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်မှ ပါဝင်လို့ရတာမဟုတ်ပါဘူး။ အားလုံးလက်နက်ကိုင်စစ်သားလုပ်နေရင် အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် ထောက်ပံ့ရေးတာဝန်ယူမယ့်သူတွေမရှိဘဲဖြစ်သွားပါလိမ့်မယ်။ ယခု ၂၀၂၃ ခုနှစ် ဇွန်လအထိ တော်လှန်ရေးစစ်သားဦးရေက အတော်လုံလောက်နေပါပြီ။

♥️အောက်ဖော်ပြပါ နည်းနာများနှင့် အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လုပ်ပေးစရာအများအပြားလိုအပ်နေပါပြီ။
(၁) ကလစ်လုပ်ခြင်း
(၂) ဂိမ်းကစားခြင်း
(၃) တစ်လကို ငွေကြေး ၁သောင်း ကျပ်ခန့် ပုံမှန်ထောက်ပံ့ခြင်း
(၄) လျှို့ဝှက်စွာဖြင့် ဘဏ္ဍာငွေအမြောက်အများထောက်ပံ့နေခြင်း
(၅) လူမှုကွန်ယက်တွင် ဝါဒဖြန့်ချီပေးခြင်း
(၆) အစိုးရနှင့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုခုတွင်မိမိတတ်ကျွမ်းသည့်အတတ်ပညာဖြင့်လုပ်အားပါဝင်ပေးခြင်း
(၇) တော်လှန်ရေးအတွက် စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်ကာရေရှည်ဘဏ္ဍာရေးလိုအပ်ချက်ကိုဖြည့်ပေးခြင်း
(၈) လက်နက်ကိုင်တိုက်ပွဲဝင်စရာမလိုဘဲ ဒလန်၊ ဒေါက်တိုင်နှင့် ရန်သူ့ဘက်သားများ၏သတင်းများကို လျှို့ဝှက်စုံစမ်းပေးကာတော်လှန်ရေးအဖွဲ့များသို့ဖြန့်ဝေခြင်း
(၉) အစိုးရမှထုတ်ရောင်းသောငွေချေးစာချုပ် (Bond) ဝယ်ယူခြင်း
(၁၀) အစိုးရ ထုတ်ရောင်းသော (Assets) ပိုင်ဆိုင်ပစ္စည်းများဝယ်ယူခြင်း (ဥပမာ-တိုက်ခန်း၊ မြေကွက်၊ စီးပွားရေးစီမံကိန်း၊ စက်ရုံ လုပ်ရုံ၊ စသည့်ပစ္စည်းများ)
(၁၁) အစိုးရထံတွင်နိုင်ငံဝန်ထမ်းအဖြစ်ဖြင့်တာဝန်ထမ်းဆောင်ခြင်း

ကိုးကား - Chat GPT တွင်မေးမြန်းထားမှုကို အခြေခံပါသည်။

  #တော်လှန်ရေးကလူတိုင်းနဲ့ဆိုင်တယ်ဆိုတာမမေ့နဲ့ #ညီညွတ်ခြင်းဟာငါတို့ရဲ့အောင်ပွဲ #အရေးတော်ပုံမုချအောင်ရမည်
04/07/2023


#တော်လှန်ရေးကလူတိုင်းနဲ့ဆိုင်တယ်ဆိုတာမမေ့နဲ့
#ညီညွတ်ခြင်းဟာငါတို့ရဲ့အောင်ပွဲ
#အရေးတော်ပုံမုချအောင်ရမည်

30/06/2023
29/06/2023

#ပိုင်မှလုပ်တဲ့ဗျူဟာ

(25.6.23)နေ့ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာမှာ PDFစခန်းတစ်ခု စီးနင်းခံရပြီး တော်လှန်ရေးသမား(17)ဦး အသက်စွန့်ခဲ့ရတယ်။

(28.6.23)နေ့ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းပေါ်က စဉ့်ကိုင်နဲ့တလိုင်းကျွန်းရွာအနီး စခစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF (14)ဦး အသက်စွန့်ခဲ့ရတယ်။

Dead bodyတွေကြည့်ရသလောက် တပြိုင်နက်ထဲ စုပြုံချေမှုန်းခံရတဲ့ အနေအထားပဲ။

နောက်တစ်ချက်က နမခတိုင်းမှူးကို နေပြည်တော်ခေါ်ယူပြီးနောက် ကစထမှူး တေဇာကျော်ကိုယ်တိုင် နမခဇုန်ကို ဆင်းပြီး ကိုင်တွယ်နေတယ်ဆိုတဲ့ သတင်းလည်း ကြားသိရတယ်။

(ကစထမှူးဆိုတာ စစ်တိုင်းမှူးသုံး၊လေးဦးရဲ့အထက်က အမိန့်ပေးနေတဲ့ commander ပါပဲ။ ကစထ(1)မှာ နမခ၊ လပခနဲ့ မပခ စစ်တိုင်းမှူးသုံးဦးကို ကစထမှူး ဒုဗမကတေဇာကျော်က ကိုင်ထားတယ်)

ဒါ့အပြင် ပုလဲနယ်အနောက်ခြမ်းက Air Strike တိုက်ခိုက်မှု၊ ဟားခါးမြို့နယ် သီးမစ်လွင်ပြင်စစ်ဆင်ရေးတို့ကိုပါ သုံးသပ်ရရင် ဖက်စစ်တပ်အနေနဲ့ နမခဇုန်မှာ ဗျူဟာအပြောင်းအလဲလုပ်နေပြီဆိုတာ ထင်ရှားတယ်။

#အကြပ်အတည်း

ဖက်စစ်တပ်ရဲ့ ယခုချိန်မှာကြုံနေရတဲ့အကြပ်အတည်းကတော့ human resources နည်းပါးနေခြင်းဖြစ်တယ်။

ဒါကြောင့်မို့ လက်လွှတ်သင့်တဲ့ရှေ့တန်းကင်းစခန်းတချို့ကို ဖြုတ်ပြီး အဓိကကျတဲ့ ဗျူဟာနေရာတွေမှာ အင်အားစုစည်းကာ ပြန်ထိုင်တယ်။ တပ်ပြောင်း၊တပ်ရွှေ့နဲ့ မဖြစ်မနေလုပ်ရမယ့် မြေပြင်စစ်ဆင်ရေးတွေကလွဲလို့ ထိုးစစ်ကြီးတွေ မလုပ်တော့ဘဲ အထိုင်နေရာတွေကပဲ ခံစစ်ပြင်တယ်။

စစ်ကိုင်းဇုန်မှာ သူတို့အဓိကတည်ဆောက်နေတာက သတင်းကွန်ရက်ပဲ။ သတင်းကို သေချာခိုင်အောင်လိုက်တယ်။ အရင်ကလို အနံ့လောက်ရရုံနဲ့ စစ်ဆင်ရေးမလုပ်သေးဘူး၊ လွှတ်ထားတယ်၊ မျှောထားတယ်၊ လေ့လာတယ်၊ ပိုင်ပြီဆိုမှ ဝင်ဝုန်းတယ်။ အမြန်ပြန်ဆုတ်တယ်။

ပြောရရင် လူအင်အားနည်းပါးမှုနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဗျူဟာ၊ ပိုင်မှ လုပ်တဲ့ဗျူဟာ ပါပဲ။

#ကိုယ့်သတင်းလုံဖို့လို

ရန်သူ့သတင်းရဖို့နဲ့ မိမိသတင်းလုံဖို့ဆိုတာ စစ်ပွဲရဲ့အသက်သွေးကြောဖြစ်တယ်ဆိုတာ အတော်များများသိရှိကြပြီးဖြစ်ပေမယ့် လက်တွေ့ကျင့်သုံးမှုနည်းနေတာက ပြဿနာပဲ ဖြစ်မယ်ထင်တယ်။

ကိုယ့်သတင်းလုံဖို့ဆိုရင် ဘာတွေလုပ်ရမလဲ။ သူတို့ ကိုယ့်သတင်းရနိုင်မယ့် နည်းလမ်းနှစ်မျိုးရှိတယ်။ မြေပြင်ထောက်လှမ်းခြင်းနဲ့ နည်းပညာအကူအညီရယူထောက်လှမ်းခြင်း။

Air Strike အတော်များများက နည်းပညာနဲ့သတင်းထောက်လှမ်းရယူပြီး တိုက်ခိုက်တာလို့ ယူဆမိတယ်။ အဓိကက ဖုန်းတွေကတဆင့် ထောက်လှမ်းတာ၊ အဲဒီနည်းပညာမျိုး အစ္စရေးစစ်တပ်မှာသုံးတာ ဖတ်ဖူးတယ်။

တနေရာထဲမှာ active ဖြစ်နေတဲ့ဖုန်းတွေ စုပြုံနေတာမျိုးကို တာဝါတိုင် source တွေကနေ ခြေရာခံတဲ့ နည်းပညာပဲ။ အဲလိုစုပြီဆိုတာနဲ့ စုတဲ့နေရာကို ငှက်နဲ့သွားထုတော့တာပဲ။

မြေပြင်သတင်းထောက်လှမ်းတာကတော့ ပျူ/ဒလန်တွေကို သုံးတာဖြစ်နိုင်သလို ကိုယ့်ဖက်ကပေါ့လျော့လို့ ကိုယ့်သတင်းအလွယ်တကူပေါက်ကြားတာလည်း ဖြစ်နိုင်တယ်။

Social media ကို လက်လွတ်စပယ်သုံးတာ၊ စစ်ဆင်ရေးကို အလှူလှည့်သလိုသွားတာ၊ တပ်စခန်းမှာမနေဘဲ မလိုအပ်ဘဲ ရပ်ရွာထဲမှာ အချိန်ဖြုန်းတာမျိုးက PDFတွေ အထူးရှောင်ကျဉ်သင့်တယ်လို့ မြင်မိတယ်။

စစ်ဆင်ရေးတစ်ခေါက်ပြန်ရင် အမေ့အိမ်တခေါက်ပြန်လိုက်ရမှ၊ ရည်းစားနဲ့ တခါတွေ့လိုက်ရမှ ဆိုတာမျိုးက လူငယ်တွေမို့ နားလည်ပေးရပေမယ့် မိမိအသက်အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေတယ်ဆိုတာ သတိချပ်စေချင်လှတယ်။

တပ် အထိုင်ချတဲ့အခါ ကင်းမပြတ်လပ်စေဖို့(အထူးသဖြင့် မနက်ဝေလီဝေလင်းနဲ့ အစာစားနားချိန်မျိုးဟာ ကင်းပေါ့တတ်လို့ အလစ်ဝင်တိုက်ခံရနိုင်ချေ အများဆုံးအချိန်တွေ ပါပဲ)၊ လှုပ်ရှားတဲ့အခါ ကိုယ်ဖျောက်လျှို့ဝှက်ဖို့တွေက အရမ်းသတိထားရမယ့်ကိစ္စရပ်တွေလို့ စေတနာဖြင့် သတိပေးအပ်ပါတယ်။

အနှစ်ချုပ် ပြောရရင် နမခဇုန်မှာ ဖက်စစ်တွေဗျူဟာအပြောင်းအလဲလုပ်လာတာ သေချာပါတယ်။

အပြောင်းအလဲဆိုပေမယ့် အသစ်အဆန်းလို့တော့မမြင်မိ၊ မိမိရဲ့ပေါ့လျော့မှု၊ သတိအလစ်ကို ချောင်းမြောင်းပြီး ပိုင်မှ ဝင်သုတ်တဲ့ တန်ပြန်ပြောက်ကျားဗျူဟာ သာ ဖြစ်တယ်လို့ နားလည်ရပါတယ်။ ။

စိုးဝင်းဆွေ(HPD)
ပြည်သူ့သားကောင်းတွေ ထာဝရဘေးကင်းကြပါစေ💪💪💪

29/06/2023
 #တော်လှန်ရေးအပေါ်မှာရိုးသားဖို့နဲ့သစ္စာရှိဖို့လိုအပ်တယ်
23/06/2023

#တော်လှန်ရေးအပေါ်မှာရိုးသားဖို့နဲ့သစ္စာရှိဖို့လိုအပ်တယ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးခရီး၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကစလို့ မြန်မာ့နိုင်ငံရေးထဲမှာ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခ...
19/06/2023

ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးခရီး

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကစလို့ မြန်မာ့နိုင်ငံရေးထဲမှာ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆယ်စုနှစ် သုံးခုကျော်ကြာ နိုင်ငံရေး ခရီးလမ်းကြောင်းမှာ တစ်ဝက်လောက်က နေအိမ်အကျယ်ချုပ်နဲ့အကျဥ်းချခံထားရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှုက ကျဆင်းသွားခဲ့တာမရှိလို့ ပါဝင်ယှဥ်ပြိုင်ခဲ့သမျှ ရွေးကောက်ပွဲတွေတိုင်းမှာပဲ အနိုင်ရရှိထားသူပါ။ အစိုးရသက်တမ်းနောက်တစ်ကြိမ်ကိုထပ်မံဦးဆောင်ဖို့ ရှိနေချိန်မှာပဲ၂၀၂၁ ခုနှစ်မှာ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီး အဲဒီအချိန်တည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ လူထုမြင်ကွင်းမှာ ပျောက်ကွယ်နေခဲ့ပေမဲ့ သူ့ရဲ့နိုင်ငံရေးအရှိန်အဝါက ကျမသွားဘူးဆိုတာ နှစ်စဥ် ဇွန်လ ၁၉ ရက် သူ့မွေးနေ့တွေက သက်သေပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးသမားဘဝဖြတ်သန်းမှုအကျဥ်းချုပ်ကို အောက်က ကတ်လေးတွေမှာ ဆက်လက်ဖတ်ရှုပါ။
#အောင်ဆန်းစုကြည် #မြန်မာ #နိုင်ငံရေး #စစ်တပ် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”  #၁၉ဇွန်_ပန်းသပိတ်အခုလာမယ့် (ဇွန်လ၊ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်) ဟာ အဓမ္မ ဖမ်းဆီးခံထားရတဲ့၊ ပြည်...
17/06/2023

“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”

#၁၉ဇွန်_ပန်းသပိတ်

အခုလာမယ့် (ဇွန်လ၊ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်) ဟာ အဓမ္မ ဖမ်းဆီးခံထားရတဲ့၊ ပြည်သူအများ မြတ်နိုး လေးစား တန်ဖိုးထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၈) နှစ်ပြည့် မွေးနေ့ချိန်ခါ ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြ‌တဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ကျွန်တော်တို့ ပြည်သူလူထုအားလုံးက ပန်းသပိတ်လူထုလှုပ်ရှားမှုကြီးကို နိုင်ငံလုံးကျွတ် ဖော်ဆောင်၊ ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

ဒီပန်းသပိတ်လှုပ်ရှားမှုရဲ့ အဓိပ္ပာယ်က ကျနော်တို့လူထုက ဒီစစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးမှာ နောက်ဆုတ်သွားမှာ မဟုတ်ဘူး၊ ဇွဲလျော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။ ကျနော်တို့ဟာ စစ်မိစ္ဆာတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်။ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ဇွန် ၁၉ ရက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို ကမ္ဘာက‌ရော ၊ ကျနော်တို့မြန်မာပြည်သူတွေကပါ ပန်းနဲ့တွဲပြီး ရှုမြင်တတ်ကြတယ်မို့လား။

ဇွန် ၁၉ မှာ ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်တွေ၊ Social Influencers တွေကလည်း လူထုကို ဖျော်ဖြေတင်ဆက်မှုအချို့ ပြုကြမယ်လို့ သိရပါတယ်။ အထူးသဖြင့် ခွန်အားဖြည့် မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ အစရှိတဲ့ တော်လှန်အားဖြည့် သီချင်းတွေကို ဆိုကြ၊ တီးကြမှာပါ။

ဒါ့ကြောင့် ကျနော်တို့တွေ လာမယ့် ဇွန် ၁၉ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြပါစို့။ ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ကော Off-line မှာပါ ပန်းသပိတ်ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။

လမ်းမထက်မှာ ‌နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည်သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်ဗျာ။ ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားပါဘူး။ မိမိတို့နှစ်သက်ရာ၊ အဆင်ပြေရာ၊ လက်လှမ်းမီရာ ပန်းကို အသုံးပြုနိုင်ကြပါတယ်ဗျာ။

လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ ဖက်ဆစ်အာဏာရူးတွေက ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေကတော့ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်းကို လာမယ့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး အုံးအုံးကြွကြွ သက်သေပြလိုက်ကြပါစို့။



#ကြောက်ခေတ်ကို_မှောက်ပစ်



#တော်လှန်ပန်းတွေ_အကုန်ပွင့်လန်းကြမည့်_၁၉ဇွန်

အရေးတော်ပုံ အောင်ရမည်။

Crd-GSCB

Address


Website

Alerts

Be the first to know and let us send you an email when NY LOCAL PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share