Mudon Times

Mudon Times မုဒုံမြို့နယ်မှ သတင်းများကိုရေးသာ

ဖမ်းဆီးခံရပါက ICRC ကိုဆက်သွယ်စာရင်းပေးသွင်းကြပါ။
28/10/2021

ဖမ်းဆီးခံရပါက ICRC ကိုဆက်သွယ်စာရင်းပေးသွင်းကြပါ။

23/10/2021

စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၂) မှ ဗိုလ်ကြီး အောင်မျိုးထက်ဟာ စစ်ကာင်စီကို စွန့်ခွါပြီး ပြည်သူ့ဘက်ရပ်တည်ခဲ့ပါတယ်။ စစ်တပ်တွင်းမှာ စစ်ကောင်စီကို စွန့်ခွါလိုသူတွေများပြားနေပြီး စွန့်ခွါဖို့အခက်အခဲရှိနေပါက ပြည်သူ့စစ်သားအဖွဲ့သို့ ဆက်သွယ်ပါ။ တန်ဖိုးမရှိတော့တဲ့ စစ်ကောင်စီစစ်သားလုပ်မလား ၊ တန်ဖိုးရှိရှိ ပြည်သူ့တပ်မတော်သားလုပ်မလားဆိုတာကို ရဲရဲရွေးချယ်ကြပါ ရဲဘော်တို့ ။

( ပြည်သူ့စစ်သားအဖွဲ့သည် ပြည်သူ့ဘက်ရပ်တည်သည့် ပြည်သူ့စစ်သားကောင်းများနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ပြည်သူ့စစ်သားအဖွဲ့အနေဖြင့် NUG အစိုးရအား တင်ပြနိုင်ခဲ့ပြီးနောက် အမျိုးသားညီညွှတ်ရေးအစိုးရ မှ “ တပ်မတော်သားနှင့်စပ်လျဉ်းသော မူဝါဒ” ထုတ်ပြန်ပေးခဲ့ပါတယ်။ ထို့နောက် NUG အစိုးရ၏ အမြော်အမြင်ရှိရှိ ဆောင်ရွက်ချက်များ ၊ ပြည်သူများ၏ နွေးထွေးစွာ ကြိုဆိုမှုများကြောင့် Defection Strategy အား ပိုမိုလက်ခံလာကြပါတယ်။ အခုအခါမှာ Defection Strategy အောင်မြင်စေရန် အားကြိုးမာန်တက် အကောင်အထည်ဖော်ပေးနေကြသော အဖွဲ့အစည်းများစွာပေါ်ပေါက်လာတဲ့အတွက် အင်မတန်မှ အားတက်မိပါတယ်။ Defection Strategy အား ယုံကြည်စွာဖြင့် တက်ကြွစွာကြိုးစားနေသူများအားလုံးကို ပြည်သူ့စစ်သားအဖွဲ့မှ ကျေးဇူးတင်ရှိပါတယ်။ ပြည်သူ့စစ်သားအဖွဲ့သို့ https://www.peoplesoldiers.org မှတဆင့် ကူညီနိုင်ပါသည်)

#ပြည်သူ့စစ်သား

20/10/2021
20/10/2021

၅ဒေါ်လာကမ်ပိန်းမှာ...အားလုံးပါဝင်နိုင်မယ့် အထူးအစီအစဥ်... 👭👫👭

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် Victorian Myanmar Youth (VMY) အဖွဲ့တို့ ပူးပေါင်းပြုလုပ်သော နွေဦးပန်းပွင့်​လေးများအတွက် “၅ဒေါ်လာကန်ပိန်း” ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့

“ဒီမိုကရေစီလှိုင်းကြမ်းမှ မြန်မာအမျိုးသမီးများ” ခေါင်းစဥ်ဖြင့် စာမူများကို ဖိတ်ခေါ်လိုက်ပါတယ်။

အထက်ဖော်ပြပါခေါင်းစဥ်အောက်မှာ

- ဒီမိုကရေစီတိုက်ပွဲတွင် အမျိုးသမီးများ၏ ဦးဆောင်မှု အခန်းကဏ္ဍ

- တော်လှန်ရေးအတွင်း လူ့အသိုင်းအဝိုင်းမှ သတ်မှတ်ထားသော ကျားမ စံချိန်စံနှုန်းများကြောင့်ဖြစ်ပေါ်လာသော အခက်အခဲများ

- အရေးပေါ်အခြေအနေကာလ အမျိုးသမီးများ၏ အခက်အခဲ ၊ လုံခြုံရေး နှင့် အမျိုးသမီးများ၏ လူနေမှုဘဝ

- အမျိုးသမီးများစိတ်ကူးမျှော်မှန်းထားသော အနာဂတ်

- မိမိခံယူထားသော အမျိုးသမီးများ၏ အခွင့်အရေး

အစရှိတဲ့အကြောင်းအရာများကို အခြေပြုပြီး စာလုံးရေ ၂၀၀ မှ ၅၀၀အတွင်း စကားပြေအဖြစ် ရေးသားကာ Victorian Myanmar Youth email: [email protected] (သို့မဟုတ်) 5$ for Spring Flowers page chat box ကို အောက်တိုဘာလ ၃၁ရက်နေ့ထက်နောက်မကျဘဲ ပေးပို့ရပါမယ်။

စာမူများကို ပေးပို့တဲ့အခါမှာ မိမိနှစ်သက်ရာ စာလုံးဒီဇိုင်း၊ ဆိုဒ်ကို ရွေးချယ်ရေးသားနိုင်သလို လက်ရေးမူများကိုလဲ ဓာတ်ပုံရိုက်ပြီး ပေးပို့နိုင်ပါတယ်။

“ဒီမိုကရေစီလှိုင်းကြမ်းမှ မြန်မာအမျိုးသမီးများ”ခေါင်းစဥ်ဟာ စာမူဖိတ်ခေါ်ခြင်းအစီအစဥ်ရဲ့ ခေါင်းစဥ်ဖြစ်သလို မိမိတို့စိတ်ကူးဥာဏ်ကွန့်မြူးတဲ့အတိုင်း အထက်ပါအကြောင်းအရာများကို အခြေခံပြီး ကိုယ်ပိုင်ခေါင်းစဥ်ဖြင့်လဲ ပါဝင်နိုင်ပါတယ်။

• ဖော်ပြပါအချက်အလက်များနှင့် ကိုက်ညီမှု
• စာအရေးအသားပြေပြစ်ကောင်းမွန်မှု
• စိတ်ကူးဥာဏ်ကွန့်မြူးမှု
• ထိရောက်သည့် သတင်းစကားပေးနိုင်မှု

စတဲ့အချက်တွေအပေါ်မူတည်ကာ ကန်ပိန်းပြုလုပ်နေစဥ်တောက်လျှောက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကန်ပိန်းအတွက် အသုံးပြုဖြစ်တဲ့ စာမူ​တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဋ္ဌာနမှ ကျပ်တစ်သိန်းစီ မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်သွားမှာပါ။

စာမူရွေးချယ်အသုံးပြုဖြစ်ရင် ပြန်လည်ဆက်သွယ်အကြောင်းကြားနိုင်ဖို့ ကလောင်နာမည်နှင့် email ကိုပါ စာမူနှင့် တပါထဲ ပေးပို့ဖို့ တိုက်တွန်းပါတယ်။

အသုံးပြုဖြစ်တဲ့ စာမူ​တွေကို နိုဝင်ဘာလ (၈)ရက်နေ့ထက်နောက်မကျပဲ ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်လို့ ဒီနေ့ကစပြီး စာမူတွေပေးပို့နိုင်ပါပြီ။ 📮📮

စာမူရွေးချယ်စိစစ်ရေး ကော်မတီဝင်များကို ဆက်လက်ကြေငြာသွားမှာ ဖြစ်လို့ ရင်ခုန်စွာစောင့်မျှော်ပေးကြပါဦးနော်...။ 😊😊😊

သတိပြုရန်။ ။ စာမူများကို ကလောင်နာမည် (သို့မဟုတ်) နာမည်ဝှက်ကို အသုံးပြုပြီး ပေးပို့ရန်။

ဖြစ်နိုင်လျှင်လုံခြုံစိတ်ချရသော email address (သို့မဟုတ်) ဆိုရှယ်မီဒီယာအကောင့် အသုံးပြုရန်။




18/10/2021
အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မိသားစုပိုင် စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို အရေးယူမည်ဟု အမျိုးသားညီညွတ်ရေ...
18/10/2021

အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မိသားစုပိုင် စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြေညာ
++++++++++++++++++++++++++++++++++++++++++++++++

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ စီးပွား ရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ စိစစ်တွေ့ရှိချက်အရ အောက်ပါစီးပွားရေး လုပ်ငန်းများအား အကြမ်းဖက်စစ်လုပ်ငန်းများအဖြစ် သတ်မှတ်ကြောင်း ဒီနေ့ (အောက်တိုဘာ ၁၈) နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားပါတယ်။

အဆိုပါလုပ်ငန်းများနှင့်ဆက်စပ်နေသောပိုင်ရှင်အမည်ခံများ၊ဒါရိုက်တာအဖွဲ့ဝင်များ၊အစုရှယ်ယာဝင်များ၊ ဝန်ထမ်းများ၊ စီးပွားရေးရာဆက်စပ် လုပ်ကိုင် နေသူ များအား ဖော်ထုတ်၍ နိုင်ငံတကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ အရေးယူဆောင်ရွက်သွားမည်လို့ ဆိုပါတယ်။

(က) A & M Mahar Foods and Medical Products ကုမ္ပဏီ
(ခ) Sky One ဆောက်လုပ်ရေးကုမ္ပဏီ
(ဂ) The Yangon Restaurant၊ Yangon Gallery ပန်းချီပြခန်း
(ဃ) Everfit ကုမ္ပဏီ (ပြည်လမ်း City Mall ဈေးဝယ်စင်တာအပေါ်ထပ်ရှိ GymFitness ကာယ လေ့ကျင့်ခန်း)
(င) Seventh Sense Company Limited ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေးလုပ်ငန်း ကုမ္ပဏီ
(ဆ) စတယ်လာဆဲဗင်းကုမ္ပဏီလီမိတက် (Stellar Seven Entertainment Company Limited)
(ဇ) Azura Beach Resort ကမ်းခြေအပန်းဖြေစခန်း(ချောင်းသာ)
(စျ) အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီ
(ည) Mytel ဆက်သွယ်ရေးကုမ္ပဏီ
(ဋ) ဘုန်းမြတ်ပြည့်စုံ ကုမ္ပဏီလီမိတက် (Bone Myat Pyae Sone Trading Company Limited)
(ဌ) ကန်သာယာဆေးရုံ
(ဍ) JOOX MYANMAR Music platform
(ဎ) Pullman Hotel (မန္တလေး)
(ဏ) ငြိမ်းချမ်းပြည့်စုံ အဝေးပြေးကားဂိတ် (ရန်ကုန်-ရခိုင်)
(တ) မိုးကောင်းရတနာမိခင်နှင့်ကလေးအထူးကုဆေးရုံ

17/10/2021
18/02/2018

မော်လမြိုင်မြို့အပါဝင် မွန်ပြည်နယ်အတွင်း ရေပြတ်လပ်မှုကြုံတွေ့ပါက ဆက်သွယ်နိုင်
==========================================
မော်လမြိုင်၊ ၁၇ ဖေဖော်ဝါရီ ၂၀၁၈

အခုနှစ် နွေရာသီကာလ မွန်ပြည်နယ်အတွင်းရေပြတ်လပ်မှု ကြုံတွေ့ရပါက မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှနေပြီး သက်ဆိုင်ရာမြို့နယ် နဲ့ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနထံ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ်တွေ ထုတ်ပြန်ထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အယ်နီညိုရာသီဥတုကြောင့် နွေရာသီမှာ ရာသီဥတု ဟာ ပုံမှန်ထက်ပိုမိုပူပြင်း နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ကြိုတင် သတိပေးထားပါတယ်။ အယ်နီညိုရဲ့ ဖြစ်စဉ်အကျိုးသက်ရောက်မှုအနေနဲ့ အပူချိန်မြင့်မားလာခြင်းနှင့်အတူ ရေရှားပါးလာတဲ့အတွက် စိုက်ပျိုးရေးနဲ့သောက်သုံးရေအတွက် ရေရှားပါးမယ့် ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။

Mawlamyine Daily

Address


Website

Alerts

Be the first to know and let us send you an email when Mudon Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mudon Times:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share