Peacock News

Peacock News စစ်အာဏာရှင် ကျဆုံးပါစေ

စကြဝတေးမင်းကြီးသပိတ်ကော်မတီက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက် ဧရာဝတီ၊ ဇွန် ၉ ဧရာဝတီတိုင်း၊ စကြဝတေးမင်းကြီးသပိတ်ကော်မတီ...
09/06/2023

စကြဝတေးမင်းကြီးသပိတ်ကော်မတီက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်



ဧရာဝတီ၊ ဇွန် ၉



ဧရာဝတီတိုင်း၊ စကြဝတေးမင်းကြီးသပိတ်ကော်မတီက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

05/06/2023

hu

24/05/2023

ကျောက်ရစ်စခန်းတွင် ဖဲရိုက်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အာပီဂျီဖြင့် ပစ်ခတ်ခံရပြီး လေးဦး သေဆုံး

စစ်ကိုင်း၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီစစ်သားများ ဖဲရိုက်နေစဉ် အာပီဂျီဖြင့် ပစ်ခတ်ခံရတာကြောင့် လေးဦးသေဆုံးသွားပြီးဖြစ်ကြောင်း 11 Brother Revolution Force တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်မေလ ၂၁ ရက်နေ့ ညနေ့သုံးနာရီခန့်က စစ်ကောင်စီစစ်သားတွေက ဖဲရိုက်နေစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက အာပီဂျီဖြင့် ပစ်ခတ်ခဲ့တာကြောင့် လေးဦး သေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ကြောင်း သိရသည်။

11 Brother Revolution Force ပြောခွင့်ရက " အာပီဂျီနဲ့ထုပြီးတော့ စစ်သားတွေက စနိုက်ပါတွေနဲ့ ကောင်တာ ပြန်တယ်၊ ကျွန်တော်တို့ကို တရစပ် လိုက်ပစ်တယ်၊ အာပီဂျီ ထုပြီးတော့ ကျွန်တော်တို့ကို ဂန်းငယ်တွေနဲ့ ပစ်တယ်။ ကျွန်တော်တို့နောက်ကို လူခွဲပြီီးတော့ လိုက်ပ်စတယ်၊ ကျွန်တော်တို့မှာ ရွှံတွေ ဗွက်တွေကြားထဲ ရုန်းထွက်ပြီး ပြေးခဲ့ရတယ်၊ အာပီဂျီပြောင်းထဲ ရွှံ့တွေ ဝင်တာတွေ ဖြစ်ခဲ့တယ်"လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

အဆိုပါပစ်ခတ်မှုကို 11 Brother Revolution Force တပ်ဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

24/05/2023

ဗျူဟာ ဖမ်းဆီးခံရ

24/05/2023

မင်းဂံကျေးရွာရှိ စစ်ကောင်စီစစ်သားများ နှင့် ပျူများ တိုက်ခိုက်ခံရပြီီးနောက် မတ္တရာ - မန္တလေးလမ်းကို ပိတ်ဆို့စစ်ဆေးနေ

မန္တလေး၊ မေ ၂၄

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာရှိ စစ်ကောင်စီစစ်သားများ နှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ထံမှ Red Peacock သတင်းမီဒီယာက သိရှိရသည်။

နတ်ဆိုးမြေအောက်တော်လှန်ရေးပြောခွင့်ရက " စစ်သားတွေကတော့ ဖြစ်ပြီးနာရီပိုင်းလောက်မှာပဲ မတ္တရာ - မန်းလေးလမ်းမကြီးပေါ် အင်အား ၁၀၀ ဝန်းကျင်လောက်ချ ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေတယ်ဗျ" လို့ ပြောဆိုခဲ့သည်။

အဆိုပါစစ်ဆင်ရေးကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ)နှင့်ကောင်းကင်တော်လှန်ရေးအင်အားစု ပြင်ဦးလွင်ခရိုင်.ပ.က.ဖ.တပ်ခွဲ ၁ တိုနှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်

ငါန်းဇွန်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှစ်ဦး သေဆုံးမန္တလေး၊ မေ ၂၄မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှ...
24/05/2023

ငါန်းဇွန်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှစ်ဦး သေဆုံး

မန္တလေး၊ မေ ၂၄

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှစ်ဦးက သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း TGYR – Youth Guerrilla Counter Revolution တာဝန်ရှိသူတစ်ဦးထံမှ Red Peacock သတင်းမီဒီယာ အနေဖြင့် သိရှိရသည်။

TGYR – Youth Guerrilla Counter Revolution တာဝန်ရှိသူတစ်ဦးက " စစ်သားတွေ စစ်ဆေးနေတာ အများကြီးပဲ။ သုံးရွာ အုပ်ကြီးပေါင်းပြီး ပျူဖွဲ့ဖို့ ကြိုးစားတယ် သူတို့နောက်လိုက်လူတွေက ဖမ်းခိုင်းတာတွေ ရှိတယ်၊ ဓားမကြီးထိုးပြီး သောင်းကျန်းတယ်၊ သန်းကုန်အုပ်ကြိးလက်ထဲမှာ အတိုနဲ့ အသီး မပါခဲ့တာက သူုတိ့က ငါန်းဇွန်းက လမ်းကြုံဝင်လာတာ" လို့ ပြောဆိုခဲ့သည်။

အဆိုပါပစ်ခတ်မှုတွင် ငါန်းဇွန်မြို့နယ် သန့်ဇင်ကုန်းကျေးရွာ စစ်ကောင်စီခန့်ကျေးရွာအုပ်ကြီး ကိုသန်းဇော်လင်း နှင့် ဇလှပ်မကျေးရွာအုပ်ကြီးတို့က သေဆုံးခဲ့ပြီဖြစ်သည်။

၎င်းစစ်ဆင်ရေးကို TGYR-YouthGuerrillaCounterRevolution(LPDF)နှင့် 925-ပြောက်ကျားတပ်ဖွဲ့ ဒေါင်းဖိုက်တာတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်စစ်ကိုင်း၊ မေ ၂၄စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြောက်ခြမ်...
24/05/2023

ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်

စစ်ကိုင်း၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြောက်ခြမ်းကျေးရွာများသပိတ်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

24/05/2023

ကျောက်ရစ်စခန်းတွင် ဖဲရိုက်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အာပီဂျီဖြင့် ပစ်ခတ်ခံရပြီး လေးဦး သေဆုံး

စစ်ကိုင်း၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီစစ်သားများ ဖဲရိုက်နေစဉ် အာပီဂျီဖြင့် ပစ်ခတ်ခံရတာကြောင့် လေးဦးသေဆုံးသွားပြီးဖြစ်ကြောင်း 11 Brother Revolution Force တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်မေလ ၂၁ ရက်နေ့ ညနေ့သုံးနာရီခန့်က စစ်ကောင်စီစစ်သားတွေက ဖဲရိုက်နေစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက အာပီဂျီဖြင့် ပစ်ခတ်ခဲ့တာကြောင့် လေးဦး သေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ကြောင်း သိရသည်။

11 Brother Revolution Force ပြောခွင့်ရက " အာပီဂျီနဲ့ထုပြီးတော့ စစ်သားတွေက စနိုက်ပါတွေနဲ့ ကောင်တာ ပြန်တယ်၊ ကျွန်တော်တို့ကို တရစပ် လိုက်ပစ်တယ်၊ အာပီဂျီ ထုပြီးတော့ ကျွန်တော်တို့ကို ဂန်းငယ်တွေနဲ့ ပစ်တယ်။ ကျွန်တော်တို့နောက်ကို လူခွဲပြီီးတော့ လိုက်ပ်စတယ်၊ ကျွန်တော်တို့မှာ ရွှံတွေ ဗွက်တွေကြားထဲ ရုန်းထွက်ပြီး ပြေးခဲ့ရတယ်၊ အာပီဂျီပြောင်းထဲ ရွှံ့တွေ ဝင်တာတွေ ဖြစ်ခဲ့တယ်"လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

အဆိုပါပစ်ခတ်မှုကို 11 Brother Revolution Force တပ်ဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

16/05/2023

မုံရွာ - ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီရိက္ခာတင် ၁၂ ဘီး မိုင်းဆွဲခံရပြီး စစ်သားများ ထိခိုက်

စစ်ကိုင်း၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို၊ တောပုရွာ မှ ဂျုံ နှင့် ပဲများ သယ်ဆောင်လာသည့် ၁၂ ဘီးကား စစ်ကောင်စီယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်မေလ ၈ ရက်နေ့က မုံရွာတောင်ဘက်ရှိ တောပုရွာမှ ဂျုုများ နှင့် ပဲများ သယ်ဆောင်လာသည့် ၁၂ ဘီး ကား စစ်ကောင်စီယာဉ်တန်းကို မုံရွာ - ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေက ပဒေဿမိုင်း ငါးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ရိက္ခာကားတစ်စီး ထိမှန်ခဲ့ပြီး လမ်းဘေးထိုးရပ်ကာ စစ်ကောင်စီစစ်သားတစ်ချို ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)၏ Brave Heart Army(BHA) MLRUတပ်ခွဲ(၂) ရဲဘော်များမှ ဦးဆောင်ကာ SpecialForce-11(PDF) MLRUတပ်ခွဲ(၁) MonywaDynamite(STF) MLRUတပ်ခွဲ(၄) ရဲဘော်များ က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်စစ်ကိုင်း၊ မေ ၁၆စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြောက်ခြမ...
16/05/2023

ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်

စစ်ကိုင်း၊ မေ ၁၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

16/05/2023

test

မုံရွာ - မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ် ဖြစ်ပွားစစ်ကိုင်း၊ မေ ၁၅...
15/05/2023

မုံရွာ - မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ် ဖြစ်ပွား

စစ်ကိုင်း၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ မြင်းမူ မှ မုံရွာကို ထွက်လာသည့်စစ်ကောင်စီယာဉ်တန်းကို ဂွေးပင်တော နှင့် ဘိုးမင်းကြီးကင်း ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagel Defence Force - MMU ထံမှ သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး Black Eagel Defence Force - MMU က အခုလို ပြောဆိုခဲ့သည်။

" အဲ့မှာ ကျွန်တော်တို့ဘက်က ဂွေးပင်တောနဲ့ ဘိုးမင်းကြီးကင်းအကြားမှာ ပဒေသာမိုင်း ၂လုံးနဲ့တိုက်ခိုက်ခဲ့တာပါ၊ ၁၀မိနစ် ကျော်ကျော်လောက် ပြန်ပစ်တယ် နောက်ပြီး ပထမဆုံးကားက အင်အားအပြည့်နဲ့ ဂျန်ဘာပါတဲ့ ကားဗျ။ အဲ့ကားကို ထိတာ အမိုးတွေ စုတ်ပြတ်သွားတာဆိုတော့ အထိအခိုက်က အတိအကျမသိရပေမယ့် များနိုင်မယ်လို့ ယူဆထားပါတယ် ဒီကောင်တွေက မိုးထဲလေထဲမှာ အလစ်အငိုက်ထွက်လာတာ ကိုယ့်ဘက်ကလဲအလစ်အငိုက်ပဲ ပြန်ဆော်လိုက်တယ်"

ယမန့်နေ့ နေ့လယ် တစ်နာရီခွဲခန့်က စစ်ကောင်စီစစ်ယာဉ်တန်းက မြင်းမူ မှ မုံရွာဘက်ကို ဖြတ်သန်းလာစဉ် မုံရွာ - မန္တလေးလမ်းပိုင်းရှိ ဂွေးပင်တော နှင့် ဘိုးမင်းကြီးကင်းကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေဿ မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ဂျန်ဘာပါသည့် ကား ထိမှန်ခဲ့ပြီး အမိုးများ ပွင့်ထွက်ကာ ထိခိုက်သေဆုံး မှုတွေ ရှိနိုင်ကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပကဖ၊ People’s Defence Force Myinmu-MMU PDF စသည့် မဟာမိတ်(၃)ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

ထားဝယ်တွင် စစ်ထောက်လှမ်းရေးနေမင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးခဲ့တနင်္ဿာရီ၊ မေ ၁၅တနင်္သာရီတိုင်း၊ ထားဝယ်...
15/05/2023

ထားဝယ်တွင် စစ်ထောက်လှမ်းရေးနေမင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးခဲ့

တနင်္ဿာရီ၊ မေ ၁၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ အမှတ် ၂၅ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနေမင်းကို ပစ်ခတ်ဖမ်းဆီးရှင်းလင်းခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ထားဝယ်စုပေါင်းစစ်ကြောင်းက Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

" မနေ့ကညပိုင်းစကစကား၃စီးအင်အားအပြည့် ဝင်လာပါတယ် လက်ရှိအေးနေပါတယ်ထားဝယ်၂၅ တပ်ရင်းကထောက်လှမ်းရေးပါခံဗျား မနေ့က စကစအင်အားအများအပြား မြေတင်ကား၃စီးနဲ့ ပကာရီဖက်မှာ ထားဝယ်ကနေလာကြိုသွားပါတယ် စကစတွေမရှိတော့ သူလည်းတောထဲသွားပုန်းနေတာပါ။ အဲချိန်မှာ ကျွန်တော်တို့ပူးပေါင်းစစ်ကြောင်းက သွားဖမ်းမိတာပါ။"

ယမန့်နေ့ ညနေ့ နှစ်နာရီခွဲခန့်က ထားဝယ်စုပေါင်းစစ်ကြောင်းက ပကာရီကျေးရွာအနီးတွင် စစ်ထောက်လှမ်ရေး ကိုနေမင်း ခ ခေါင်းကီးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံပြည်သူများကို ဒုက္ခပေး နေပြီး စစ်ကောင်စီစစ်ကြောင်းများကို လမ်းပြပေးနေသူဖြစ်တာကြောင့် ရှင်းလင်းခဲ့ရတာ ဖြစ်ကြောင်း ပြောဆိုထားသည်။

အဆိုပါစစ်ဆင်ရေးကို ထားဝယ်စုပေါင်းစစ်ကြောင်း - Dawei Collective Column နှင့် မဟာမိတ်စစ်ကြောင်းတို့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

15/05/2023

ကော်ဘရာတပ်ခွဲ (၄) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီစစ်သား ၈ ဦး သေဆုံး

ကရင်၊ မေ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင် နှင့် ကျောက်မိုင်းဒေသရှိ စစ်ကောင်စီစစ်သားများ နှင့် နယ်ခြား စောင့် ၁၀၁၉ တို့ကို တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာ တပ်ခွဲ ၄ က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက် မှ ၁၃ ရက်နေ့အထိ စစ်ကောင်စီစစ်သားများ နှင့် နယ်ခြားစောင့်တပ်ရင်း ၁၀၁၉ တို့က လက်ခတ်တောင် နှင့် ကျောက်မိုင်းဒေသကို ဝင်ရောက်လာတာကြောင့် ကော်ဘရာစစ်ကြောင်း နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲသုံးရက်အတွင်း စစ်ကောင်စီဘက်က စစ်သား ရှစ်ဦး သေဆုံးပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကော်ဘရာတပ်ခွဲ ၄ မှ တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးရှောင်ပြည်သူများက မုန်တိုင်းဒဏ်ကြောင့် စားဝတ်နေရေးများ ခက်ခဲ ဖြစ်နေစစ်ကိုင်း၊ မေ ၁၅စစ်ကိုင်...
15/05/2023

ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးရှောင်ပြည်သူများက မုန်တိုင်းဒဏ်ကြောင့် စားဝတ်နေရေးများ ခက်ခဲ ဖြစ်နေ

စစ်ကိုင်း၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးရှောင်ပြည်သူများက မုန်တိုင်းဒဏ်ကြောင့် စားဝတ်နေရေးများ ခက်ခဲ ဖြစ်နေကြောင်း အညပစ်တိုင်းထောင်လေးများအဖွဲ့က ပြောဆိုထားသည်။

09/05/2023

ကျားဖြူတပ်ရင်း၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးအပါအဝင် စစ်သားနှစ်ဦး သေဆုံး
ကရင်၊ မေလ ၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စစ်ကောင်စီလက်အောက်ခံတပ်ရင်း ၉၇ ကို ယမန့်နေ့က PDF တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Southern Eagles က သတင်းထုတ်ပြန်ထားသည်။

ယမန့်နေ့မနက်ပိုင်းက PDF တပ်ပေါင်းစုက စစ်ကောင်စီလက်အောက်ခံ ၉၇ ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒုတိယဗိုလ်မှုးကြီးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် အခြားအဆင့်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Southern Eagle PDF ပြောခွင့်ရက " လနကကတော့သူတို့ ရွာတွေဘက်ကို နေ့တိုင်းပစ်တယ်။ရွာထဲတွေမှာတော့ လူနည်းတယ်" လို့ Red Peacock Media ကို ပြောဆိုခဲ့သည်။

အထက်ပါစစ်ဆင်ရေးကို ကျားဖြူတပ်ရင်းရုံးတပ်ခွဲ (Southern Eagle PDF၊ ကျားဖြူခွဲ-၄၊ ကျားဖြူခွဲ-၅(Justice Soldier-PDF)မှ ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

09/05/2023

တပ်ရင်း ၂ ရင်းမှာ တဝက်လောက်က ကုန်သွားပြီ

မကြာသေးခင်ရပ်ပိုင်းက ခမရ-၄၃၁ ကတပ်သား ၄ ဦးသည် သူတို့တာဝန်ကျနေတဲ့ KNU တပ်မဟာ ၅ နယ်မြေရှိ နတ်တောင်စခန်းမှ တဆင့် KNU နဲ့ချိတ်ဆက်ကာပြည်သူ့ဖက်ခိုလှုံလာခဲ့ပါတယ်။

အခုလိုပြည်သူ့ဖက်ရပ်တည်လာတဲ့ စစ်သား ၄ ဦးနဲ့ ပြည်သူ့ရင်ခွင်တာဝန်ခံလဲဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေတို့ ဆွေးနွေးပြောဆိုထားတဲ့ ရုပ်သံဗီဒီယိုကိုကြည့်ရူ့နိုင်ပါပြီ။

09/05/2023

ရေနစ်သေဆုံးသည့်စစ်ကောင်စီစစ်သားတွေကို လာရောက်ရှာဖွေသည့် အရာရှိသုံးဦးစီးနင်းလာသည့်ကား မိုင်းဆွဲခံရ

မန္တလေး၊ မေလ ၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေပုံကန်ကျေးရွာအနီးရှိ ညောင်မြစ်တွင် ရေနစ်သေဆုံးသည့်စစ်ကောင်စီစစ် သားများကို လာရှာဖွေသည့်စစ်ကြောင်းကို ကွပ်ကဲသည့် အရာရှိသုံးဦး စီးနင်းလာသည့်ကားကို မိုင်းဆွဲခဲ့ကြောင်း တောကြီးမြွေပွေးအဖွဲ့ ဗိုလ်တီထံမှ သိရှိရသည်။

ယမန့်နေ့ ညနေ့ငါးနာရီခန့်တွင် စစ်ကောင်စီ စစ်တပ်ဘက်မှ အရာရှိသုံးဦး စီီးနင်းလာသည့်ကားကို နတ်ကြီး စဉ်အရှေ့ဘက်၊ ရွှေသိမ်တော်လမ်းအဆင်းတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်သည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရှိရသေးသလို ၎င်းယာဉ်တန်းက ညောင်မြစ်အတွင်း ရေနစ်သေဆုံးသွားသည့်စစ်ကောင်စီစစ်သားများကို ရှာဖွေရန် လာရောက်ကြီးကြပ်သည့် အရာရှိများ စီးနင်းလာသည့်ကားများ ဖြစ်ကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးကို တောကြီးမြွေပွေးတပ်ဖွဲ့နှင့်ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းမှု ဌာန ကြီး၊ အဖွဲ့(၅)၊ မန္တလေးတိုင်းဒေသကြီးအခြေစိုက် နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။

09/05/2023

ပုလဲ - ဂန့်ဂေါကားလမ်းမတွင် ကင်းလှည့်နေသည့်စစ်ကောင်စီစစ်သားများ တိုက်ခိုက်ခံရ
စစ်ကိုင်း၊ မေ ၉

စစ်ကိုင်းတိုင်း၊ ပုလဲ - ဂန့်ဂေါကားလမ်းမတွင် ကင်းပတ်နေသည့် စစ်ကောင်စီစစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း B-21 Kani တာဝန်ရှိသူတစ်ဦးထံမှ Red Peacock သတင်းမီဒီယာက သိရှိရသည်။

ယမန့်နေ့ညက စစ်ကောင်စီစစ်သားတွေက ပုလဲ - ဂန့်ဂေါကားလမ်းမကြီးတွင် သုံးဖွဲ ခွဲပြီး ကင်းလှည့်နေချိန်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ပြည်သူ့ကာကွယ်ရေးရဲ ဘော်များက ထွက်ပေါက်ပိတ်ခဲ့တာကြော်င့ အပြန်အလှန်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က စစ်သားတစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းစစ်ဆင်ရေးကို B-21KNPDFနှင့်အတူမဟာမိတ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပါသည်။ ဒီတိုက်ခိုက်မှုကို B-21Kani PDF ယင်းမာပင်ခရိုင်ရင်း(၁၇)၊ ဟိန္နက Local People Defence Force - YMB မြိုပြပျောက်ကြားတပ်ဖွဲ၊ Thakhin Brown Peocack PDF၊ Pale Local PDF၊ မုဆိုးလေးအဖွဲတိုက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်သည်။

စစ်ကောင်စီစစ်သားများက ပြည်သူပိုင်နေအိမ်များကို မွှေနှောက်ပြီး ပြန်လာစဉ်  မိုင်းဆွဲခံရစစ်ကိုင်း၊ မေ ၉စစ်ကိုင်းတိုင်း၊ မုံ...
09/05/2023

စစ်ကောင်စီစစ်သားများက ပြည်သူပိုင်နေအိမ်များကို မွှေနှောက်ပြီး ပြန်လာစဉ် မိုင်းဆွဲခံရ

စစ်ကိုင်း၊ မေ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ တောပုကျေးရွာရှိပျူစောထီးများ နှင့် စွမ်းရည်ထက်ဆီဆိုင်အနီးတွင် တပ်စွဲထားသည့်စစ်ကောင်စီ စစ်သားများနှင့် ပျူစောထီးများက အနီးအနားကျေးရွာများရှိ ပြည်သူနေအိမ်များကို ဖောက်ထွင်းပြီး ပြန်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံရကြောင်း Area 71PDF Monywa အဖွဲ့က ပြောဆိုထားသည်။

ယမန့်နေ့ မနက်ကိုးနာရီခန့်က တောပုရွာပျူစောထီးများ နှင့် စွမ်းရည်ထက်ဆီဆိုင်အနီးရှိ စစ်ကောင်စီစစ်သားများက အနီးအနားရှိကျေးရွာများမှ ပြည်သူနေအိမ်များကို မွှေနှောက်ရှာဖွေပြီး ရွှေငွေများ၊ ဆန်၊ ဆီများကို ခိုးယူပြီး ပြန်လာစဉ် မုံရွာ - မန္တလေးလမ်းမကြီးတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို Area 71PDF Monywa တပ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

09/05/2023

ရွှေဘို - ကျောက်မြောင်းလမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သုံးကြိမ်တိုက်ခိုက်ခံရပြီး သေဆုံမှုတွေ ရှိနေ

စစ်ကိုင်း၊ မေ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘို - ကျောက်မြောင်းလမ်းရှိ စစ်ကောင်စီစစ်သားတွေကို သုံးကြိမ်တိုင်တိုင် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း Black Wolf Army က သတင်းထုတ်ပြန်ထားသည်။

ယမန့်နေ့ နေ့လယ်တွင် ကျောက်မြောင်းမြို့ ခမရ ၁၂ မှ စစ်ကောင်စီစစ်သားတွေက ဆိုင်ကယ် ၁၅ စီးဖြင့် ကင်းပုန်း ဝပ်ရန် လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်တွေက တည်ပင်ရွာဇရပ်အနီးတွင် တိုက်မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ညနေ့ သုံးနာရီခွဲခန့်တွင် ခမရ ၁၂ မှ ထပ်ထွက်လာသည့် ၁၂ ဘီးကားနှစ်စီီးအား ရွှေဘို - ကျောက်မြောင်းလမ်းပိုင်းတစ်နေရာတွင် တိုက်မိုင်းငါးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ကားနှစ်စီး ထိမှန်ခဲ့သည်။

အလားတူ နေ့လယ် ၁၂ နဦရီခွဲခန့်က ရွှေဘိုမြို့တွင်း မှ ထွက်လာသည့် စစ်ကောင်စီအင်အားလေးဆယ််ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးကို BLACK WOLF - ARMY နှင့် တိုက်နယ် ပကဖ ၄ ၊WHO AM I ARMY တို့မှ ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

08/05/2023

ပျူစောထီးများက ပြည်သူကွမ်းခြံများကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြန်လည်တိုက်ခိုက်

စစ်ကိုင်း၊ မေ ၈
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးရွာအနောက်ဘက်ရှိ ပြည်သူပိုင်ကွမ်းခြံများနှင့် မိုင်းကွင်းများကို မီးရှို့နေသည့်ပျူစောထီးများကို ယမန်နေ့က တိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force - မုံရွာခရိုင် တပ်ရင်း (၈) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မုံရွာခရိုင်တပ်ရင်း ၈ ပြောခွင့်ရက " အတိအကျ မသိရသေးပါဘူးအကို ကင်းထောက်ဒုန်းနဲ့ကျိတာတော့ ခွေးတွေ့ကင်းတဲပေါ် ကွတ်တိ တစ်လုံး ကျကွဲသွားတယ်ဗျ၊စခတွေပါတယ်ဗျ ကျနော်တို့ပြန်ပစ်တာ စနိုင်ဘာယေား ma1 / ma 2 တွေနဲ့ ပြန်ပစ်တာပါဗျ" လို့ Red Peacock Media ကို ပြောဆိုခဲ့သည်။

အဆိုပါ မီးရှို့နေသည့်ပျုစောထီးများ နှင့်စစ်ကောင်စီစစ်သားများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက လက်နက်ကြီး/ လက်နက်ငယ်များအပြင် လက်နက် ကြီး Howitzer 70 mm (၉)လုံး၊ 40 mm (၁) လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်သည်။

အထက်ပါစစ်ဆင်ရေးကို Farmers Revolution Force - မုံရွာခရိုင် တပ်ရင်း (၈) နှင့် မဟာမိတ်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

မန္တလေးတွင် တရုတ်ဂတ်ပိုက်လိုင်းထိန်းချုပ်ရေးရုံးမှ စစ်ကောင်စီစစ်သားများ တိုက်ခိုက်ခံရမန္တလေး၊ မေ ၈မန္တလေးတိုင်း၊ မြင်းခြ...
08/05/2023

မန္တလေးတွင် တရုတ်ဂတ်ပိုက်လိုင်းထိန်းချုပ်ရေးရုံးမှ စစ်ကောင်စီစစ်သားများ တိုက်ခိုက်ခံရ

မန္တလေး၊ မေ ၈

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့အရှေ့ဘက် သုံးမိုင်အကွာက တရုတ်ဂတ်စ်ပိုက်လိုင်းထိန်းချုပ်ရေးရုံးရှိ စစ်ကောင်စီစစ်သားတွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေ ရှိခဲ့ကြောင်း Natogyi guerrilla force -NGF အဖွဲက တာဝန်ခံ ဗီုလ်ဇေယျာထံမှ Red Peacock သတင်းမီဒီယာက သိရှိရသည်။

Natogyi Guerrilla Force - NGF အဖွဲ့က " တရုတ်အစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီတိုရဲ့ အခုလှမ်းလာတဲ့ ခြေလှမ်းတွေက ကျွန်တော်တို မြန်မာပြည်သူတစ်ရပ်လုံးကို လုံးဝ စိတ်ပျက်စေတယ်၊ ဒေါသထွက်စေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပဲ ပြောလိုပါတယ်၊ တရုတ်အစိုးရအနေနဲ့ အခုလိုစစ်တပ်ကို ထောက်ခံနေမယ်၊ စစ်ရာဇတ်မှုကျူးလွန်သူကို အားပေးနေမယ်ဆိုရင်တော့ တရုတ်အစိုးရကိုယ်တိုင်ပင် အကြမ်းဖက်မှုတွေရဲ့ ကြံရာပါအားပေးတရားခံ ဖြစ်ပါလိမ့်မယ်" လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

ယမန့်နေ့ ညရှစ်နာရီခွဲခန့်က နွားထိုးကြီးမြို့အရှေ့ဘက် သုံးမိုင်ခန့်အကွာရှိ တရုတ်ဂတ်စ်ပိုက်လိုင်းထိန်းချုပ် ရေးရုံးမှ စစ်ကောင်စီစစ်သားတွေကို ဒေသခံကာကွယ်ရေးရဲဘော်များက လက်နက်ကြီးဖြင့် သုံးချက် ပစ်ခတ်ခဲ့ ပြီး အပြန်အလှန်ပစ်ခတ်မှု နှစ်မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Natogyi guerrilla force -NGF အဖွဲ့ တာဝန်ခံ ဗီုလ်ဇေယျာက "၆၀မမ၃လုံး ဂတ်ပိုင်း အဆောက်အအုံထဲကျတာ၊ ၂ကောင်သေ ၅ကောင်ဒဏ်ရာရ၊ သူတိုက ရမ်းပစ်တော့ ကျွန်တော်တို့က ပြန်ပစ်တာ ပတ်ဝန်းကျင် ပတ်ရမ်း" လို့ Red Peacock သတင်းမီဒီ ယာကို ပြောဆိုခဲ့သည်။

အထက်ပါစစ်ဆင်ရေးကို Natogyi guerrilla force -NGF က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

08/05/2023

ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်သားများ သုံးကြိမ် တိုက်ခိုက်ခံရပြီး သုံးဦး သေဆုံး၊ ထိခိုက်သူ များပြားခဲ့

မကွေး၊ မေ ၈

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီစစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်သားသုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေ များပြားခဲ့ကြောင်း မြိုင်ပကဖတပ်ရင်း ၁ ဗိုလ်လင်္ကျာထံမှ သိရှိရသည်။

ယမန့်နေ့မနက် ခြောက်နာရီခွဲချိန်တွင် ပေါက်မြို့နယ်ရှိ အုန်းတောရွာအနီးတွင် စစ်ကောင်စီစစ်သားများ နှင့် ပျူစောထီးပူးပေါင်းအင်အားလေးဆယ်ခန့်က နှစ်ဖွဲခွဲပြီး အုန်းတောရွာမိန်းလမ်းမ ဘေး နှင့် မဲဇလီတန်းအနောက် ဘက်တွင် လုံခြုံရေးဆောင်ရွက်နေစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်း ၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့တာ ကြောင့် စစ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် အင်အား၅၀နီးပါး ထပ်တိုး၍ အုန်းတောရွာအနောက်တွင် ဆက်လက်ကင်းပုန်း၀ပ်နေပြီး ည၇နာရီခန့်အချိန်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက အလစ်အငိုက်၀င်၍ လက်နက်ငယ်များဖြင့် နာရီ ၀က်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုရှိနိုင်ပါသည်။

အလားတူ ယမန့်နေ့မနက်၁၀နာရီအချိန်ခန့်မှစ၍ မြိုင်မြို့နယ်ရှိ ကန်နီရွာမှ စစ်ကောင်စီစစ်သားတွေနှင့် ပျူစောထီး များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းအီနာဂါတိုဖြင့် ညနေ၃နာရီအချိန်ခန့်အထိ မီးလောင်ဗုံး အလုံးရေ ၂၀ခန့် ဒရုန်းဗုံးသီး၄၀လုံးခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သားတစ်ဦး နှင့် ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုက ကန်နီရွာရှိ စစ်ကောင်စီစစ်သားများ နှင့် ပျူစောထီးများက မကျည်းလေးပင်ရွာအား ပြည်သူပိုင်နေအိမ်၁၇လုံးခန့် မီးရှို့ခဲ့တာကြောင့် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီစစ်တပ်က ကင်းပုန်းများ တိုးချလိုက်ကာ ရေလာဆေးဘက်မှတစ်ဆင့် မြိုင်ကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုတွင် ပေါက်မြိုနယ်ဗိုလ်တစ္ဆေအဖွဲနှင့် ပေါက်ကျေးရွာကာကွယ်ရေးအဖွဲများ၊ မြိုင်ပကဖရင်း၁ခွဲ၅ တပ်စိတ်၁တို့မှ ပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ ပျူခေါင်းဆောင် အောင်နိုင်ထွေးနေအိမ် လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရလို့ သတင်းဖုံးဖိထားကြမန္တလေ...
07/05/2023

ပြည်ကြီးတံခွန်မြို့နယ်ရှိ ပျူခေါင်းဆောင် အောင်နိုင်ထွေးနေအိမ် လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရလို့ သတင်းဖုံးဖိထားကြ

မန္တလေး၊ မေလ ၇

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်မြောက်ဉယျာဉ်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံပျူစောထီး ခေါင်းဆောင် အောင်နိုင်ထွေး ခ နှုတ်ခမ်းမွှေးနေအိမ်ကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Urban Guerrilla Force-MDY က သတင်းထုတ်ပြန်ထားသည်။

Urban Guerrilla Force-MDY ပြောခွင့်ရက " ခွေးတွေ ကား ၄ စီးနဲ့ မိုင်းဖြုတ်တဲ့ ဝတ်စုံတွေနဲ့ပါ ရောက်နေတာ ခုထိမပြန်သေးလို့၊ ပျူစောထီးတွေ ရပ်ကွက်ပတ်ရမ်းနေတာရယ်၊ အထိအခိုက်စာရင်းကို ဖုံးထားပါတယ် ၆ နာရီမာရှယ်လောပါထုတ်ထားပါတယ်တဲ့" လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

ယမန့်နေ့ညနေ့ လေးနာရီခွဲခန့်က တံခွန်တိုင်မြောက်ဉယျာဉ်ရှိ ပျူစောထီးခေါင်းဆောင် အောင်နိုင်ထွေး ခ နှုတ်ခမ်း(ပျူခေါင်းဆောင်လက်ခွဲ)နေအိမ်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၎င်းသည် ပျူခေါင်းဆောင်အချုပ် စံရှားတပည့်အရင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီစစ်သားများ နှင့် ပျူစောထီးများက ရပ်ကွက်ထဲတွင် သောင်းကျန်နေပြီး ညနေ့ ခြောက်နာရီမှ မနက် ခြောက်နာရီအထိ မာရှယ်လောထုတ်ပြန်ထားကြောင်း သိရသည်။

ပုံ - အောင်နိုင်ထွေး ခ နှုတ်ခမ်းမွှေး(မျက်မှန် နှင့် အလယ်လူ)

Read More - https://redpeacocknews.com/ပြည်ကြီးတံခွန်မြို့နယ်-2/

07/05/2023

ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်က တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အာဏာရှင်စနစ်ကျရှုးရေးသပိတ် ပြုလုပ်

စစ်ကိုင်း၊ မေ ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်က တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အာဏာရှင်စနစ်ကျရှုးရေးသပိတ်ကို ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။

07/05/2023

ကျောက်ရစ်ရဲစခန်း မှ ဆိပ်ကမ်းကို ရိက္ခာလာယူသည့်စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ် တိုက်ခိုက်ခ့ရပြီး နှစ်ဦးထက်မနည်း သေဆုံးနိုင်

စစ်ကိုင်း၊ မေ ၇

စစ်ကိုင်းတိုင်း၊ မြောင်မြိုနယ်၊ ကျောက်ရစ်ရဲစခန်း မှ ဆိပ်ကမ်းကို ရိက္ခာလာယူသည့်စစ်ကောင်စီစစ်ကြောင်းကို အသွားအပြန်နှစ်ကြိမ်စလုံးကို တိုက်ခိုက်ခဲ့ကြောင်း MGN District Army တပ်ဖွဲက ယနေ့ညပိုင်းတွင် သတင်းထုတ် ပြန်ခဲ့သည်။

ယမန့်နေ့ မနက်ဆယ်နာရီဝန်းကျင်တွင် စစ်ကောင်စီစစ်သားတွေက ကျောက်ရစ်စခန်း မှ ဆိပ်ကမ်းကို ရိက္ခာလာ ယူစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့ပြီး စစ်သား နှစ်ဦး သေဆုံးသွားသည့်အပြင် ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန့်နေ့ ညနေ့သုံးနာရီခန့်တွင် ရိက္ခာယူပြန်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ဒေသခံပြည်သူ့ ကာကွယ်ရေးရဲဘော်များက လက်နက်ကြီး နှင့် လက်နက်ငယ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၉ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်က ပြောဆိုထားသည်။

အထက်ပါစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း နှင့်အတူ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း-တပ်ခွဲ ၂(Burmese Guerrilla Force)၊ မြောင် ကျေးရွာတပ်ပေါင်းစု အဖွဲ ၊ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း၊ စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း၊ မြောင်မြိုနယ်ကျေးရွာ တပ်ပေါင်းစု တိုနှင့်အတူ အခြားသော ညီနောင်မဟာမိတ်အဖွဲများတို ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်သည်

စစ်ကောင်စီစစ်တပ်က ထောက်ရှာအိုင်ရွာအား မီးရှို့ပြီး စစ်ရှောင်ပြည်သူ  ၁၅ ဦးခန့် ဖမ်းဆီးသွားစစ်ကိုင်း၊ မေ ၇စစ်ကိုင်းတိုင်း၊...
07/05/2023

စစ်ကောင်စီစစ်တပ်က ထောက်ရှာအိုင်ရွာအား မီးရှို့ပြီး စစ်ရှောင်ပြည်သူ ၁၅ ဦးခန့် ဖမ်းဆီးသွား

စစ်ကိုင်း၊ မေ ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်ရှိ ထောက်ရှာအိုင်ကျေးရွာအား စစ်ကောင်စီစစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားကြောင်း ကျွန်းလှ - ကန့်ဘလူတတ်ကြွလှုပ်ရှားသူများ အဖွဲ့(ကန့်ဘလူ) က သတင်းထုတ်ပြန်ထားသည်။

ယနေ့မနက် ငါးနာရီခွဲခန့်က စစ်ကောင်စီစစ်သားတွေက ထောက်ရှာအိုင်ရွာကို သေနတ်များဖြင့် ပစ်ဖောက်ဝင် ရောက်ခဲ့ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း မွှေနှောက်ခိုးယူသွားပြီး မနက်ခုနစ်နာရီခန့်တွင် အိမ်ခြေ ခြောက် ဆယ်ခန့်လောက်ကို မီးရှို့ဖျက်ဆီးသွားခဲ့တာ ဖြစ်သည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းက မနက်ကိုးနာရီခန့်တွင် ထောက်ရှာအိုင်ကျေးရွာများမှ ထွက်ခွာသွားပြီး စစ်ရှောင်ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ကျွန်းလှ - ကန့်ဘလူတတ်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်ဖော်ပြချက်အရ " “စစ်ကြောင်းထွက်သွား ကတည်းက ကျွန်တော်တိုရွာသားတွေဝင်ပြီး မီးငြှိမ်းကြတယ်၊လေကလဲတိုက်တော့ မီးလောင်တာ ပိုများတယ်၊ စစ်တပ်က ရွာထဲမိုင်းထောင်ခဲ့မှာလဲ ကြောက်တော့ အတင်းတော့မဝင်ရဲဘူး၊ အိမ်လေးတွေထပ်မလောင်အောင် အသက်စွန့်ဝင်ငြှိမ်းရတာ၊အိမ်ခြေ ၆၀ ကျော်လောက်တော့ လောင်မယ်ထင်တာပဲဗျ” ဟု ဒေသခံတစ်ဦးမှပြောပြသည်။

ပြီးခဲ့သည့်မေလ ၄ ရက်နေ့တွင် ၎င်းစစ်ကြောင်းက သရက္ကံကြီးရွာရှိ စိတ်ကျန်းမာရေး မကောင်းသည့် အသက် ၅၀ အရွယ် ဦးခိုင်ဇော် အား သူ့အိမ်ဝင်းအတွင်း၌ ပစ်ခတ်သတ်ဖြတ်သွားပြီး ရွာထဲမှ ထွက်ပြေးသည့် အပြစ်မဲ့ပြည်သူတစ်ဦး ပစ်ခတ်ခံရကာ ညာဘက်ပေါင်ကျည်ထိမှန်ဒဏ်ရာဖြင့် အသက်အန္တရာယ် မစိုးရိမ်ရဘဲ ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းနှင့် တိုးသည့် အပြစ်မဲ့ပြည်သူ ၆ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားပြီး သကြားစက်ရောက်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Address


Alerts

Be the first to know and let us send you an email when Peacock News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share