PDF News In Burmese

  • Home
  • PDF News In Burmese

PDF News In Burmese Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF News In Burmese, Media/News Company, .

Spring Revolution News, [05/09/2021, 15:39]စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ် (ကရင်နီပြည်)အတွင်း စစ်ကောင်စီတပ်နှင့်...
08/09/2021

Spring Revolution News, [05/09/2021, 15:39]
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ် (ကရင်နီပြည်)အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၆၀ ကျော် ဖြစ်ပွား၊ ဒေသခံ ၈၃ ဦးအား စစ်ကောင်စီမှ ပစ်ခတ်သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၅

အကြမ်းဖက်စစ်ကောင်စီမှ တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့သည့် ဖေဖေါ်ဝါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်ထိ ၇ လတာအတွင်း ကယားပြည်နယ် (ကရင်နီပြည်)တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော်၊ ကရင်နီကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည်ဟု Progressive Karenni People Force PKPF ထံမှ သိရသည်။

ကရင်နီဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့် မေလ ၂၀ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF၊ မိုးဗြဲ ဖယ်ခုံနှင့် ဒီးမော့ဆိုရှိ ပြည်သူ့ကာကွယ်ရေးတပ်များမှ ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဒေသခံပြည်သူပေါင်း ၁၂၄ ဦးအား အကြမ်းဖက်စစ်ကောင်စီမှ ၅၀၅ (က)၊ ၁၇/၁၊ ၁၉/စ စသည့် ပုဒ်မများတပ်ကာ မတရားဖမ်းဆီးခဲ့ပြီး ပြည်သူ ၈၃ ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု PKPF မှ ကောက်ယူထားသော စာရင်းများတွင် ဖော်ပြသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ၊ ပြည်သူနေအိမ်များကို ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးခြင်းကြောင့် ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖယ်ခုံရှိ ခရစ်ယာန် ကတ်သလစ် ဘုရားကျောင်း ၅ ခု နှင့် ပြည်သူများ၏ နေအိမ် ၂၄၃ လုံး ပျက်စီးခဲ့သည်။

လက်ရှိ ကရင်နီဒေသတွင် အကြမ်းဖက်စစ်ကောင်စီမှ တပ်မ ၆၆၊ တပ်မ ၅၅ အပြင် လက်အောက်ခံပြည်သူစစ်အဖွဲ့များမှ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျှက် ရှိနေသည်။

Khitthit Media

Spring Revolution News, [08/09/2021, 21:44]
[Photo]
နန်းမားမြို့က လူငယ်နှစ်ဦးကို စစ်​ကောင်စီ ဖမ်းဆီး​ခေါ်​ဆောင်သွား

8 September 2021 - Kachinwaves

ဒီ​နေ့ ည​နေ ၅နာရီဝန်းကျင်တွင် မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက်က ကိုကျော်ကျော်နဲ့ ကိုအောင်ဆန်းဝင်းတို့ လူငယ်နှစ်‌ယောက်ကို စစ်ကောင်စီမှ ဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်း သိရပါတယ်။

သူတို့နှစ်​ယောက်ကို ဘာ​ကြောင့် ဖမ်းဆီးသွားတာလဲဆိုတာကို မသိရ​သေး​ကြောင်း ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

နန်းမားမြို့တွင် စက်တင်ဘာ ၆ရက်​နေ့က စစ်​ကောင်စီပြည်သူ့စစ်​ခေါင်း​ဆောင် ဦးချစ်ကိုနဲ့ နှစ်​ယောက် ပစ်သတ်ခံရတဲ့ အမှုအခင်းလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးလခန့်အကြာတွင်လည်း နန်းမားအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမင်း ပစ်သတ်ခံရပြီးတဲ့နောက်မှာ နန်းမားရှမ်းစုရပ်က ဦးမြင့်ဝေကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး အခုချိန်ထိ ဦးမြင့်​ဝေလည်း ထိန်းသိမ်းခံ​နေရဆဲ ဖြစ်​ကြောင်း သိရပါတယ်။

Kachinwaves

07/09/2021

ယနေ့ ညနေပိုင်း ပေါက်ကွဲမှု သတင်း (မြောက်ဥက္ကလာပမြို့နယ်)
=============

ဖြစ်စဥ် - ၁
——
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၊ ဂရုဏာထိပ် ကရေကန်တွင် ယနေ့ ညနေ ၅နာရီ ၅၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုတစုံတရာမရှိဘူးလို့ သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ အကြမ်းဖက် စစ်ကောင်စီတပ်များ ရောက်ရှိလာခဲ့ပြီး ရှာဖွေစစ်ဆေး မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ် - ၂
——
မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ညနေ ၅နာရီ ၅၅မိနစ်ဝန်းကျင်ခန့်က အသေးစားပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုတစုံတရာမရှိဘူး လို့သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ အရပ်ဝတ်လက်နက်ကိုင်များရောက်ရှိလာပြီး စောင့်ကြပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး စတင်ကြောင်း NUG ကြေညာစက်တင်ဘာ ၇ ရက် က စပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထုရဲ့ တော်လှန်ရေး စတင်ပြီလို့ အမ...
07/09/2021

တော်လှန်ရေး စတင်ကြောင်း NUG ကြေညာ

စက်တင်ဘာ ၇ ရက် က စပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထုရဲ့ တော်လှန်ရေး စတင်ပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလက အာဏာသိမ်း စစ်ကောင်စီ အပေါ် စစ်ကြေညာ လိုက်ပါတယ်။

စစ်အုပ်ချူပ်ရေးကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြ ဆိုပြီး NUG သမ္မတက ပန်ကြားပါတယ်။

ပြည်သူ့ကာကွယ်ရေး PDF တပ်များ အနေနဲ့ မိမိတို့ ဒေသထဲမှာ ရှိနေတဲ့ စစ်အာဏာရှင်နဲ့ ဒေါက်တိုင်တွေကို ပစ်မှတ်ထား ထိန်းချုပ်ကြ ဆိုပြီးတော့လည်း ကြေညာချက်ထဲ ပါဝင်ပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အားလုံး အလုပ်နေရာတွေကနေ ချက်ခြင်း စွန့်ခွာကြ၊ PDF တွေ အနေနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို သတိထား ကာကွယ် စောင့်ရှောက်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို တသွေမတိမ်း လိုက်နာကြပါ ဆိုပြီးတော့လည်း ဒူဝါလရှီးလက ညွှန်ကြားပါတယ်။

စစ်ကောင်စီ တပ်တွေရဲ့ လှုပ်ရှားမှု သတင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေထံ အကြောင်းကြားဖို့နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေကို တတ်နိုင်သမျှ ကူညီကြဖို့ ဆိုပြီးတော့လည်း ပြည်သူလူထုကို NUG သမ္မတက ပန်ကြားထားတာကို သူ့ရဲ့ မိန့်ခွန်းထဲ တွေ့ရပါတယ်။

အခုတော်လှန်ရေးဟာ တရားမျှတတဲ့ တော်လှန်ရေး၊ ရေရှည် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့လည်း ဒူဝါလရှီးလက ထည့်သွင်းပြောဆို သွားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ဒူဝါလရှီးလ

ဒီအကြောင်း အပါအဝင် နောက်ဆုံးရသတင်းတွေ တိုက်ရိုက်တင်ဆက် ထုတ်လွှင့်မှု ....
https://www.bbc.com/burmese/live/burma-58396049

ဒီနေ့ စက်တင်ဘာလ ၇ ရက်ကစလို့ နိုင်ငံကို အရေးပေါ်အခြေအနေကြေညာတယ်လို့ NUG သမ္မတ ပြော

KNU Knla တပ်မဟာ 7 က ကလေးတွေလဲ သင်တန်းဆင်းပြီး မအလရေ နာဖို့ပြင်တော့လာပြီးနောက်တစ်ဖွဲ့ 😍😍😍😍
02/09/2021

KNU Knla တပ်မဟာ 7 က ကလေးတွေလဲ သင်တန်းဆင်းပြီး မအလရေ နာဖို့ပြင်တော့
လာပြီးနောက်တစ်ဖွဲ့ 😍😍😍😍

ကျောင်း ဆရာမကနေ CDMလုပ်ပြီး❤CNA/Fထဲ ဝင်ပြီး လက်နတ်ကိုင်လာသူ လေးစားလျက်ပါ ဆရာမ🙏 ဆရာမလေးကိုချစ်ရင် Like & Share လုပ်ပေးကြပ...
02/09/2021

ကျောင်း ဆရာမကနေ
CDMလုပ်ပြီး❤
CNA/Fထဲ ဝင်ပြီး လက်နတ်
ကိုင်လာသူ
လေးစားလျက်ပါ ဆရာမ🙏
ဆရာမလေးကိုချစ်ရင် Like & Share လုပ်ပေးကြပါဦး

ဖျာပုံမြိုတွင် သတင်းထောက် ကိုမျိုးစံစိုး အာဏာသိမ်းစစ်ကောင်စီ ရဲ့ ဖမ်းဆီးခြင်းခံရဧရာဝတီတိုင်း၊ ဖျာပုံမြိုတွင် သြဂုတ်လ ၂၉ ...
01/09/2021

ဖျာပုံမြိုတွင် သတင်းထောက် ကိုမျိုးစံစိုး အာဏာသိမ်းစစ်ကောင်စီ ရဲ့ ဖမ်းဆီးခြင်းခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြိုတွင် သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက Delta News Agency ရဲ့ သတင်းဟောင်းဖြစ်သူ ကိုမျိုးစံစိုး ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို သိရပါတယ်။

သတင်းထောက်ကို မျိုးစံစိုးဟာ ကိုဗစ်တတိယလှိင်းစတင်ချိန်မှာ သတင်းအလုပ်မလုပ်တော့ဘဲ မြိုအတွက်လိုအပ်တဲ့ အောက်စီဂျင် ရှာဖွေရေးလုပ်ငန်းတွေမှာ ပရဟိတသမားအဖြစ်ကူညီဆောင်ရွက်ပေးနေချိန် ခုလိုဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို နီးစပ်သူတွေက ပြောပါတယ်။

" သူက သတင်းမရေးတော့ဘူး ဒီကိုဗစ် တတိယလှိင်းဖြစ်ချိန်ထဲက ပရဟိတလိုက်လုပ်ပေးနေတာ မြိုအတွက် အောက်စီဂျင်ရှာတာတို လူနာပိုတာတို လိုက်လုပ်ပေးနေတာ အဲ့တာကိုဖမ်းသွားတာ''လို နယ်ခံသတင်း ထောက် တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

31/08/2021

ဒီပဲယင်းနယ်မှာ စစ်ကောင်စီယာဉ်တန်း ၃ ကြိမ်ဗုံးခွဲတိုက်ခိုက်ခံရ၍ ဒဏ်ရရှိသူအများအပြားရှိနေ

===============================

သြဂုတ်လ ၃၁ PDF Channel

ဒီပဲယင်းမြို့နယ်အတွင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ကားများကို ယနေ့နေ့ခင်းတွင် သုံးကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမှထွက်ခွာလာသော စစ်ကောင်စီတပ်ကားကြီးသုံးစီးသည် ဒီပဲယင်းမြို့နယ် ဘုရားထွက်ရွာကားဂိတ်အနီးတွင်တစ်ကြိမ်၊ နောက်ထပ်လေးမိုင်ခန့်အကွာ ကြခတ်ရွာအနီးတွင်တစ်ကြိမ်နှင့် စိုင်ပြင်ကြီးရွာအနီးတွင် တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

“တန့်ဆည်ဘက်က ကပေါင်းကျရွာနဲ့လိပ်ခြံရွာကိုဝင်မွှေပြီးထွက်လာတဲ့ယာဉ်တန်းပါ၊ သုံးစီးကိုပထမအကြိမ် မိုင်းနှစ်လုံးခွဲတော့ တစ်စီးထိတယ်၊ မီးခိုးတွေအတော်ထွက်လာတယ်၊ အထိအခိုက်များနိုင်တယ်၊သူတို့ဆက်မောင်းသွားပြီး ကြခတ်ရွာနားရောက်တော့ နောက်တစ်ကြိမ် ထပ်ခွဲတယ်၊ အဲ့မှာလည်းအထိအခိုက်များမယ်၊ ဘယ်လိုသိရလဲဆိုရင် မိုင်းကွဲတဲ့နေရာရောက်တော့ အဲနေရာမှာသွေးကွက်ကြီးတွေတွေ့တယ်လို့သတင်းပို့တယ်၊ စစ်သားအလောင်းတွေတော့မတွေ့ဘူး၊ သူတို့သယ်သွားတာထင်တယ်၊ နောက်ထပ် စိုင်ပြင်ကြီးရွာနားရောက်တော့လဲ ၅ လုံးလောက်ထပ်အခွဲခံရသေးတယ်” ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မွန်းလွဲ ၂ နာရီခွဲ၊၄ နာရီဝန်းကျင်နှင့် ၄ နာရီခွဲအချိန်ဖြစ်ပွားသောပေါက်ကွဲမှုများအပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများအားစစ်ဆေးပြီးနောက် ဘုတလင်ဘက်သို့ဆက်လက်ထွက်ခွာသွားသည်။

30/08/2021

ကောလင်းမြို့နယ် ကျွန်းတောရွာအနီးမှာ စစ်ကောင်
စီတပ်ကား ၇ စီး မိုင်းဆွဲခံရပြီးစစ်ကောင်စီတပ်
သား ၈၀ ဝန်ကျင်ထ်ိခိုက်ဒဏ်ရာရ
သြဂုတ် ၃၀ရက် PDF Channel
ကောလင်းမြို့နယ် မြစ်ကြီးနားသွားသည့်လမ်း
ကျွန်းတောရွာအနီးတဝိုက်မှာ စစ်ကောင်စီစစ်ကား
၇ စီးမိုင်းဆွဲတိုက်ခိုက်ခံရမှု့ကြောင့် ၃ စီးထိခိုက်ပြီး အသေပြောက်ဒဏ်ရာရ ၈၀ ဝန်းကျင်ခန့်မှန်းကြောင်း ဒေသခံများကပြောသည်။
"ဒီမနက် ၁၀ နာရီ၀န်းကျင်လောက်မှာ ဖြစ်တာပါ
ကောလင်းမြို့နယ် မြစ်ကြီးနာ သွားတဲ့လမ်းပေါ့
ကျွန်းတောရွာနားမှာ ထီးချိုင့်ဘက်ကဆင်းလာတယ်လို့ထင်ရတယ် စစ်ကား ၇ စီး သူတို့ ထိခိုက်သွားတာက ၃ စီးပါ။ကားတစ်စီးကို ၃၀ စီးလိုက်တယ်ခန့်မှန်းတယ် ၃စီးဆိုတော့ ၈၀ လောက်တော့ခန့်မှန်းတယ် ။ သေတဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ကားပေါ်ဆွဲတင်နေကြတယ်။လုပ်တာကတော့ PDF အဖွဲ့က လုပ်တာပါ ဟု ကောလင်းမြို့နယ် ဒေသခံတစ်ဦးက ပြောဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှု့ကြောင့်စစ်ကောင်စီတပ်ဘက်က ၈၀ ကျော် ထိခိုက်ရ အသေပြောက်ရှိနိုင်ပြီး ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင် PDF က ၃ ဦးထိခိုက်
ဒဏ်ရာရကြောင်း ဒေသခံများကပြေပါတယ်။
ကောလင်းမြို့နယ်၊ ကျွန်းတောကျေးရွာအနားတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှု့အပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် ထပ်မံ တပ်ဆွဲထားကြောင်းသိရသည်။

29/08/2021

YGN - ကွမ်းခြံကုန်း⚠️

ကွမ်းခြံကုန်းရဲစခန်းရှေစစ်ခွေးအင်အား၂၀ကျော်ဦထုပ်ဖြူ၁၃ကောင်ရေတပ်ခွေးအင်အား၁၂ကောင်နဲ့ပိုက်ဆိပ်တိုက်စစ်ဆေးနေပါတယ်

မှတ်ပုံတင်တေ
ယာဥ်မောင်းလိုင်စင်ရော

ကားပေါ်ပါလူငယ်တေကိုလဲမှတ်ပုံတင်ရယ်မရှိရင်အုပ်ကြီးထောက်ခံစာရယ်ပီးတောအထုပ်အပိုးတေအကုန်စစ်နေပါတယ်

11:40pm

29/08/2021

ရန်ကုန်၊ လှိင်မြိုနယ်တွင် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ တင်လှိင် ကားမောင်းနေစဉ် ပစ်သတ်ခံရ ၊ ဧရာ၀တီတိုင်းကန်ကြီးထောင့်တွင်လည်း သတင်းပေးဟု စွပ်စွဲခံရသူ မောင်မြင့် ပစ်သတ်ခံရ

28/08/2021

ဝိုင်း မော် ခ.လ.ရ(၅၈)တွင် ပစ်ခတ် သံများကြား နေရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို ခ.လ.ရ (၅၈)တွင် ယ နေ့ မွန်းလွဲ တစ်နာရီ အချိန်မှစ၍ လက်နက်ကြီးနှင့်သေနတ် ပစ်ခတ်သံများကြားရကြောင်းသိရသည်။

ခ.လ.ရ (၅၈) တပ်တွင် လက်နက်ကြီး၊ သေနတ်သံများ နှစ်ဖက်ပစ်ခတ်သံများကြားရကြောင်း အမည်မ ဖော်လိုသူ ဒေသခံတစ်ဦးကThe 74Mediaကိုပြောသည်။

"စစ်ဖြစ်နေသလိုပဲ။ ခုဘဲပစ်နေတာ လက်နက်ငယ် ရော အကြီး ရော ဆိုးတယ် ခုထိမနား သေးဘူး။ လက်နက်ကြီးဘဲမဟုတ်ဘူးဗုံးသံ ရောပါနေတယ်။ နှစ်ဖက်ထင်တယ်" ဟုသူကပြောသည်။
ဝိုင်းမော် မြို ခ.လ.ရ (၅၈)တွင် ဩဂုတ် ၂၄ရက် ည အချိန်တွင်လက်နက်ကြီးများ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်(ငြိမ်း) မန်းဂျော်နီ၏ စစ်ဝတ်စုံပြည့်ဖြင့်ဓါတ်ပုံ ထွက်ပေါ်လာ******အာဏာသိမ်းစစ်တပ်က BGF နှင့် ပေါင...
28/08/2021

ဧရာဝတီတိုင်းဝန်ကြီးချုပ်(ငြိမ်း) မန်းဂျော်နီ၏ စစ်ဝတ်စုံပြည့်ဖြင့်ဓါတ်ပုံ ထွက်ပေါ်လာ
******

အာဏာသိမ်းစစ်တပ်က BGF နှင့် ပေါင်း၍ ကရင်ပြည်နယ်တွင်း ထိုးစစ်ဆင်မည့်အနေအထား ဖြစ်နေပြီး ပစ်ခတ်မှုများအကြိမ်ရေစိပ်လာချိန်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ကရင့်တော်လှန်ရေးတွင် လက်နက်စွဲကိုင် ကိုယ်တိုင်ပါဝင်နေခဲ့ပြီဟု ဒေါကလူကွန်ယက်က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၈) ရက်နေ့၌ ဖေါ်ပြလာသည်ကို တွေ့ရသည်။

အသက် ၇၀ ကျော်အရွယ် မန်းဂျော်နီက စစ်ဝတ်စုံအပြည့်အစုံဖြင့် သေနတ်ကိုင်ဆောင်ထားသည့်ပုံကို ဖေါ်ပြလာခြင်းဖြစ်သည်။

မန်းဂျော်နီသည် အမျိုးသားဒီမိုကရေစီအဖွဲချုပ်စတင်တည်ထောင်စဉ်ကတည်းက ပါဝင်လာခဲ့သည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျုံပျော်မြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြိုနယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

28/08/2021

ရဲစခန်းတွေမှာ အမှုဖွင့်ခံထားရသူတွေထဲက လူ ၂၀၀ ကို အမှုပိတ်ပေးပြီးပြီလို စစ်ကောင်စီပြော

မြဝတီမြို ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း ဗုံးကွဲ
28/08/2021

မြဝတီမြို ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း ဗုံးကွဲ

28/08/2021

တန့်ဆည်မြိုနယ် သမဝါယမအသင်းဥက္ကဌ သတင်းပေးဆိုသူ အသတ်ခံရ

သြဂုတ် ၂၈ -၂၀၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြိုနယ်၊ ကြက်ဆူကန်ကျေးရွာနေ တန့်ဆည်မြိုနယ်သမဝါယမ အသင်းဥက္ကဌ ရဲ့ သေဆုံးနေတဲ့ရုပ်အလောင်းကို ဒီကနေ့ မနက်အစောပိုင်းက တွေ့ရတယ်လို တန့်ဆည်မြိုခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ် ။

" သေဆုံးသူက မြိုနယ်သမဝါယမအသင်းဥက္ကဌ ဦးကျော်ညွှန့်ဖြစ်တယ် ၊ သူရဲ့ ရုပ်အလောင်းကို ဒီမနက် အစောပိုင်းက ပဲခင်းကြီးသုဿန်နားက တွေ့ရတာ ၊ ဦးခေါင်းပြတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ် "လို တန့်ဆည်မြိုခံတစ်ယောက်က ပြောပါတယ် ။

ဒါ့အပြင် တန့်ဆည်လမ်းဆုံမှာနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပြောတာက " ကာပေါင်းကျဘက်မှာလည်း ညက ပစ်တာခတ်တာရှိတယ် ၊ ကြက်ဆူကန်ရွာမှာနေတဲ့ သမဥက္ကဌရဲ့အိမ်ကို လူ ၂၀ လောက်ဝင်ပြီး သမဥက္ကဌကိုဖမ်းသွားတယ် ၊ သူ့မိန်းမလည်း ဓားဒဏ်ရာ ရတယ်လိုတော့ ကြားရတယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ အသေခြာတော့ မသိရသေးဘူး၊ သမ ဥက္ကဋ္ဌ သေတာတော့ အတည်ပြုလိုရတယ် " လို ဖြစ်ပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တန့်ဆည်မြိုနယ် ရဲတပ်ဖွဲရုံးနဲ့ ရွှေဘိုခရိုင်ရဲတပ်ဖွဲရုံးကို သီးခြားသတင်းအတည်ပြုချက်ရရှိဖို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ မရသေးပါဘူး။

ရွှေဘိုခရိုင် ၆ မြိုနယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင် ၂ လအပါအဝင် ရက်ပေါင်း ၈၀ ကျော်အတွင်း လူသတ်မှုဖြစ်စဥ် အကြိမ်ရေအများဆုံးနဲ့ လူသတ်မှုကြောင့် သေဆုံးသူ အများဆုံးမြိုနယ်ဟာ တန့်ဆည်မြိုနယ်ဖြစ်ပြီး သေဆုံးသူတွေဟာ ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ ဦးခေါင်းပြတ်ဒဏ်ရာတွေ အများဆုံးပါဝင်တယ်လို မှတ်တမ်းတွေအရ သိရပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when PDF News In Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share