ICEMAN-Gaming

  • Home
  • ICEMAN-Gaming

ICEMAN-Gaming ICEMAN

28/05/2022

အမြဲတမ်း အထီးတွေအကြောင်းပဲတင်နေတော့ ကြာရင် လူတိမ်ချစ်သူလို့ အထင်ခံရမှာစိုးလို့ ဒီတစ်ခါတော့ အသဲလေးအကြောင်းတင်လိုက်ဦးမယ်ဗျ

သူကတော့ World champion ဆုကို ကိုင်မြှောက်ဖူးခဲ့တဲ့တစ်ဦးတည်းသော girl player Alice ပဲဖြစ်ပါတယ်

Alice ကို September 22 , 2001 ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်ပဲရှိပါသေးတယ်
ဂျာကာတာမှာ Software Engineering တက်နေရာကနေ Dota2 ကို စိတ်ဝင်စားသွားပြီး တဖြေးဖြေးနဲ့ ဂိမ်းတွေအစုံစပြီးဆော့ခဲ့တယ်လို့ဆိုပါတယ်
ဂိမ်းဆော့တာက ဝါသနာအရဆိုတာထက်ပိုလုပ်နိုင်တယ်လို့ သူ့ကိုယ်သူ ယုံကြည်ခဲ့တဲ့အပြင်
သူရဲ့မိဘတွေကလည်း full support ပေးခဲ့တာကြောင့် ပိုပိုအောင်မြင်လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ Bigetron Esports ရဲ့ Girl team ဖြစ်တဲ့ Belletron အသင်းမှာ ကစားခဲ့ပြီး fan base အခိုင်အမာလည်းရရှိခဲ့ပါတယ်
2020 မှာတော့ BTR Main team ရဲ့ ၅ ယောက်မြောက် Player ဖြစ်လာပြီး World League Champion ကို ကိုင်မြှောက်ဖူးခဲ့တဲ့ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသော Girl player အဖြစ် ယနေ့အထိ ရပ်တည်ထားနိုင်ဆဲပါ
( BTR က သူ့ကို Fan Base ပိုရအောင် အရန်အနေနဲ့ခေါ်သွားခဲ့တာဖြစ်ပြီး ပွဲထွက်ကစားခွင့်တော့မရရှိခဲ့ပါဘူး )

လက်ရှိအချိန်ထိလည်း BTR ရဲ့ Brand Ambassador အဖြစ် လက်တွဲနေဆဲဖြစ်ပြီး
Xiaomi / Redbulls တို့လို ကုမ္ပဏီများစွာနဲ့ပါ Partnership ချိတ်ထားပါတယ်
Instagram Follower 2.4 Million အထိရှိပြီး သူ့ရဲ့ cover song လေးတွေလည်း တင်လေ့ရှိပါတယ် ( အသံလေးလည်း တော်တော်နားထောင်ကောင်းတယ်ဗျ )
နီကိုတို့ Follow ထားကြဖို့ လက်တို့လိုက်ပါတယ်

အောက်မှာတော့
၂၀၁၉ တုန်းက Team Secret နဲ့ Collaboration လုပ်ခဲ့တဲ့ Promo Video လေးနဲ့အတူ အသဲလေးအကြောင်းကို တင်ပေးလိုက်ပါတယ် နီကိုတို့ ❤️

It’s Nova Time 💜ParaboyOrderJimmyKing တို့ရဲ့  PEL Control Layout နဲ့ Sensitivity Setting တွေဖြစ်ပါတယ်ဗဟုသုတသဘောအနေနဲ့ပဲ...
27/05/2022

It’s Nova Time 💜

Paraboy
Order
Jimmy
King တို့ရဲ့ PEL Control Layout နဲ့ Sensitivity Setting တွေဖြစ်ပါတယ်

ဗဟုသုတသဘောအနေနဲ့ပဲတင်ပေးတာဖြစ်ပြီး PEL နဲ့ Global Version မှာ မတူညီတာလေးတွေရှိနိုင်ပါတယ်

Four Angry Men ( 4am ) က Player တွေရဲ့ Control setting တွေဖြစ်ပါတယ် 🖤
27/05/2022

Four Angry Men ( 4am ) က Player တွေရဲ့ Control setting တွေဖြစ်ပါတယ် 🖤

PEL Summer Split ဟာ June လ ၁၆ ရက်နေ့ကနေ August ၁၈ ရက်နေ့အထိ ကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်ဒီအတိုင်းဆိုရင်တော့ လက်ရှိ ...
26/05/2022

PEL Summer Split ဟာ June လ ၁၆ ရက်နေ့ကနေ August ၁၈ ရက်နေ့အထိ ကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်

ဒီအတိုင်းဆိုရင်တော့ လက်ရှိ Spring Split Champion RSG အနေနဲ့ တစ်လတောင်ပြည့်အောင် အောင်ပွဲခံခွင့်မရှိတော့ပါဘူး 🙁

Breaking News…Tc ( The Chosen ) အသင်းဟာ PEL Spring League ရဲ့ Grand Final မှာ ရလဒ်တွေတောက်လျှောက်ဆိုးရွားခဲ့တဲ့နောက်မှာ ...
26/05/2022

Breaking News…

Tc ( The Chosen ) အသင်းဟာ PEL Spring League ရဲ့ Grand Final မှာ ရလဒ်တွေတောက်လျှောက်ဆိုးရွားခဲ့တဲ့နောက်မှာ သူတို့ရဲ့ Head Coach Fusuo နဲ့ လမ်းခွဲခဲ့ပြီဖြစ်ပါတယ်

Zelda Breath of the Wild Review ဒီတစ်ခေါက် ကျနော်အနေနဲ့ ဆော့ပြီးသွားလို့ Review လေးရေးပေးချင်တာကတော့ 2017 ရဲ့ Game of th...
25/05/2022

Zelda Breath of the Wild Review

ဒီတစ်ခေါက် ကျနော်အနေနဲ့ ဆော့ပြီးသွားလို့ Review လေးရေးပေးချင်တာကတော့ 2017 ရဲ့ Game of the year award ကို ရထားတဲ့ဂိမ်းလေးဖြစ်သလို Nitendo switch exclusive ဖြစ်တဲ့ Zelda breath of the wild ဆိုတဲ့ဂ်ိမ်းလေးအပေါ် ကျနော့် အမြင်လေးကို share ပေးသွားချင်ပါတယ်
ဒီဂိမ်းလေးပေါ် ခံစားချက်တွေက နည်းနည်းများလို့ Review လေးလည်း နည်းနည်းရှည်သွားနိုင်ပါတယ်

အရင်ဆုံး လက်ထဲမှာ Switch လေးတစ်လုံးရှိပြီဆိုရင် switch ပေါ်မှာ ဘာဂိမ်းတွေကောင်းလဲဆိုပြီးမေးတာနဲ့ တော်တော်များများက ပြန်ဖြေကြမယ့် ဂိမ်း ၃မျိုးထဲမှာ Zelda ကအမြဲပါလေ့ရှိသလို လူတိုင်းက Highly recommend ပေးကြတဲ့ဂိမ်းလေးပါ
Nitendo switch တစ်မျိုးတည်းပေါ်မှာပဲဆော့လို့ရမှာဖြစ်ပြီး ကျန်တဲ့ Platform တွေမှာမရှိတဲ့ nitendo exclusive game လေးပါ
Nitendo switch အကြောင်းနည်းနည်းလေးလေ့လာကြည့်ရုံနဲ့တင် Zelda ကလည်း မပါမဖြစ်ပါရတဲ့အထိ နာမည်ရခဲ့တဲ့ ဂိမ်းလေးလည်းဖြစ်ပါတယ်
ကျနော်ကိုယ်တိုင်လည်း အညွှန်းတွေကို စိတ်ဝင်စားမိတာမို့လို့ witcher 3 ဆော့ဆော့ပြီးချင်းကို တန်းဆော့ဖြစ်ခဲ့တာပါ

Zelda Breath of the Wild ဂိမ်းလေးက Action / Adventure ဂိမ်းလေးဖြစ်ပြီး အတိတ်မေ့နေတဲ့မင်းသမီးလေးရဲ့ ကိုယ်ရံတော်လေး Link နေရာကနေ ဆော့ရမှာဖြစ်ပါတယ်
ကိုယ့်အတိတ်က memory တွေကိုပြန်ရဖို့ကြိုးစားရင်း Ganon ဆိုတဲ့လူဆိုးကြီးဆီကနေ Zelda ဆိုတဲ့ မင်းသမီးလေးကို ကယ်တင်ပေးရမှာပါ
Ganon ကို ချဖို့ Divine Beasts ဆိုတဲ့ စက်ရုပ်သတ္တဝါကြီးလေးကောင်တည်ဆောက်ထားခဲ့ပြီး ဒီ Divine Beasts တွေကို မောင်းနှင်ဖို့အတွက် Champion လေးယောက်ပါရွေးချယ်ထားခဲ့ပေမယ့် အစွမ်းထက်လွန်းတဲ့ Ganon က ဒီ Divine Beasts တွေကိုပါ သူ့ Power နဲ့ သိမ်းပိုက်ခဲ့တာကြောင့် မင်းသမီးလေးကို မကယ်ခင် Divne beasts လေးကောင်ကို အရင်ကယ်တင်ရမှာဖြစ်ပါတယ်
ဒါတွေက spoiler မဟုတ်ဘဲ ဇာတ်လမ်းအစမှာတင် ကိုယ့်ကို ပြောပြထားပြီးသားဖြစ်ပါတယ်

ဇာတ်လမ်းလေးက ရိုးရိုးလေးပေမယ့် Animation လေးတွေက Japanese တွေရဲ့ Style အတိုင်းဆွဲဆောင်မှုရှိပြီး Princess Zelda ရဲ့ ကရုဏာသံလေးတွေ
အတိတ်က မှတ်ဥာဏ်တွေ တစ တစပြန်သတိရလာတဲ့အခါ Link နဲ့ Zelda တို့ရဲ့ ဆက်နွယ်မှုလေးတွေ
အစရှိတာလေးတွေဟာ အထူးအဆန်းကြီးမဟုတ်ပေမယ့် ဇာတ်လမ်းထဲမှာ ဆော့တဲ့သူတွေကို ပျော်ဝင်သွားစေတဲ့ အဓိကအကြောင်းအရာလေးတွေပါပဲ

ပြဿနာက အဲ့မှာစပါတယ်
ဇာတ်လမ်းက ရိုးရှင်းပြီး သဘောကျချင်စရာပေမယ့် Gameplay က မရိုးရှင်းနေပါဘူး
မရိုးရှင်းတဲ့အပြင် ခက်တဲ့အထဲမှာပါ ပါပါတယ်
စားချင်တာစား ဦးနှောက်တော့မစားနဲ့ဆိုတဲ့စကားကို သဘောကျတဲ့သူတွေကတော့ ဒီဂိမ်းကိုမဆော့ဖို့
အကြံပေးချင်ပါတယ်
ဒီ Game ထဲမှာ အဓိကအချိန်ကုန်မယ့်နေရာ ဆော့ရမယ့်နေရာက မင်းသမီးလေးကိုကယ်တဲ့နေရာမှာမဟုတ်ဘဲ ရာနဲ့ ချီတဲ့ Shrine တွေကို ရှာဖွေရင်း အထဲက Puzzle တွေကို ဖြည်ဖို့ ကြိုးစားရင်း ကုန်နေရမှာပဲဖြစ်ပါတယ်

ဒီနေရာမှာ game ရဲ့ mechanics ကိုနည်းနည်းရှင်းပြပါမယ်
ဒီဂိမ်းထဲမှာ level မတက်တဲ့အတွက် ခင်ဗျားအနေနဲ့ Monster ဘယ်နှကောင်ချချ Attack/ Defence အစရှိတဲ့ Basic Attributes တွေမတက်ပါဘူး
လက်နက်တွေရဲ့ Attack Power အလိုက်ပဲ ကိုယ့် attack ကရှိမှာဖြစ်ပြီး Attack အတွက် Melee weapon နဲ့ Bow and Arrow ၂ မျိုးသုံးပါတယ်
Master sword လို့ခေါ်တဲ့ဓားကလွဲရင် ဘယ်လက်နက်မဆို ကြာကြာသုံးရင် ပျက်စီးတာကြောင့် ကိုယ့်ရဲ့အကောင်းဆုံးဆိုတဲ့လက်နက်ကို နေရာတကာထုတ်ချနေလို့မရပါဘူး
Basic attack ဆိုတာမရှိတဲ့အတွက် လက်နက်ပေါ်မှာပဲ လုံးလုံးမှီခိုနေရတာပါ
မြှားပစ်ရင်တော့ Gyro နဲ့ Aim ရမှာဖြစ်ပါတယ်

Defence ဆိုလည်း အလားတူပါပဲ
Basic defence ဆိုတာမရှိတဲ့အတွက် Defence power များတဲ့ Armour ဝတ်ထားမှ ကိုယ့်ကောင်က မာမှာပါ
ဘာမှသာမဝတ်ထားရင်တော့ ဘယ်လောက်ကြအောင်ဆော့ထားဆော့ထား ဂိမ်းအစမှာတွေ့ရတဲ့ monster တွေက ရိုက်ရင်တောင် သေနိုင်ပါတယ်

ဒိီဂိမ်းမှာ Level up အောင်လုပ်နိုင်တာနှစ်ခုကတော့သွေးနဲ့ Stamina ပဲဖြစ်ပါတယ်
ဒါပေမယ့် Heart တစ်ခု Stamini တစ်စိတ်တက်ချင်ရင် Spirits orbs လို့ခေါ်တဲ့ item အလုံးလေး လေးခုလိုမှာဖြစ်ပြီး အဲ့ဒါလေးတစ်ခုရဖို့ကို Shrine တစ်ခုဝင်ရပါတယ်
Shrine တစ်ခုခု ထဲက Puzzle တစ်ခု ကိုဖြေရှင်းပြီးမှ အဲ့အလုံးလေးတစ်ခုကိုရမှာဖြစ်ပါတယ်
Shrine တွေကိုလည်း မြေပုံပေါ်မှာ ပြမထားဘဲ ကိုယ့်ဘာသာလိုက်ရှာရမှာဖြစ်ပြီး 30% လောက်သော Shrine တွေဟာ Hidden ဖြစ်နေပြီး ကိုယ်က အဲ့ဒီ shrine တွေပေါ်ဖို့ကြံဖန်ရမှာဖြစ်ပါတယ်
ကျန်တဲ့ Shrine တွေကတော့ အထဲရောက်မှ ရှင်းရတာလေးတွေလည်း ရှိပါတယ်
သေချာတာကတော့ Shrine တစ်ခုကို ၃ မိနစ်ကနေ ၁၀ မိနစ်လောက်ထိ ခေါင်းကို စပယ်ရှယ်သုံးပြီး ရှင်းရမှာဖြစ်ပြီး ၃-၄ ခု လောက်ဝင်ပြီးတာနဲ့ ခြေကုန်လက်ပန်းကျပြီး လူက လောင်လာမှာဖြစ်ပါတယ်
Shrine တွေကိုရှာဖို့ကလည်းခက် ဖြေရှင်းဖို့ကလည်းခက်မို့လို့ ဒီဂိမ်းအတွက် Guide book လေးဖတ်ချင်ဖတ်
ဒါမှမဟုတ်ရင် Youtube က ဖြေရှင်းနည်းတွေ ကြည့်မှသာ မြန်မြန်ဆန်ဆန်ပြီးနိုင်မှာပါ ( အဲ့လိုဆို ဂိမ်းက Feel ကျဲသွားပြန်ရော )
ဒီဂိမ်းကိုအေးဆေးနိုင်ဖို့ဆ်ိုရင် အနည်းဆုံး Health အပို ၁၀ ခုလောက်နဲ့ Stamina bar နောက်ထပ် ၅ စိတ်လောက်ထပ်လိုပါတယ်
ဆိုတော့ အနည်းဆုံး Shrine 60 လောက်ကိုဝင်ကို ဝင်ရမှာပါ
အဲ့လိုဆိုတော့ တခါတလေကျရင် မင်းသမီးလေးကိုကယ်ရမယ့်ဂိမ်းဆိုတာ မေ့မေ့သွားပါတယ်
ဆွေမျိုးမေ့တယ်ဆိုတာ ဒါမျိုးကိုပြောတယ်ထင်ပါတယ် xD

ဂိမ်းရဲ့အချိန်တော်တော်များများမှာ တောင်တွေပေါ်တက်
Glider လေးနဲ့ လေဟုန်စီးပြီး ကိုယ်လိုချင်တဲ့နေရာသွားရတာဖြစ်ပြီး ဒီဟာလေးစီးရတဲ့ Feel ကတော့ တကယ်ရှယ်ပါပဲ
မြင်းတွေကိုလည်း ဖမ်းပြီးစီးလို့ရပေမယ့် ကိုယ်လိုချင်တဲ့နေရာတိုင်းကို ခေါ်မရတဲ့အတွက် အဆင်မပြေပါဘူး
လမ်းလျှောက်နေရတာများပါတယ်
Witcher မှာလို Whistle မှုတ်လိုက်တာနဲ့ မြင်းကရောက်လာတာမျိုးမဟုတ်တော့ ကျနော်တော့ သိပ်မသုံးဖြစ်ပါဘူး
အခြေခံ Physic သဘောတရားလေးတွေပါ ပါပြီး မိုးရွာနေတုန်း ကိုယ်က metal လက်နက်တွေနဲ့လျှောက်သွားနေရင် မိုးကြိုးပစ်ခံရပြီး ရှောသွားနိုင်ပါတယ်
မိုးရွာနေတုန်း တောင်ပေါ်တွေကုပ်တက်မရဘဲ ချော်ကျနေမှာဖြစ်သလို
ရေစီးရေဆန် / လေစီးလေဆန်တွေပါ ချိန်ရမှာဖြစ်ပါတယ်
ကျနော် သဘောကျမိတာကတော့ ကန္တာရထဲဖြတ်တဲ့အခါ
အပြင်က သဘာဝအတိုင်း နေ့ဆို သေအောင်ပူပြီး ညဆို သေအောင်အေးနေတာပါပဲ ( သွေးလည်း တောက်လျှောက်လျော့နေမှာပါ )
သွေးမလျော့ချင်ရင် Armor တွေကို အမြဲတမ်းလဲဝတ်နေရမှာဖြစ်ပြီး ပူတဲ့နေရာဆို အပူချိန်ချမယ့် Armour ရေထဲဆိုရင် ရေကူးမြန်မယ် Armour အစရှိသဖြင့် နေရာပေါ်လိုက်ပြီး လဲဝတ်ပေးမှ အဆင်ပြေမှာပါ

ဒီဂိမ်းလေးဟာ ကျနော့်ကို အနာပေးလိုက် ဆေးကျွေးလိုက်နဲ့ ဆော့ရတဲ့ ဂိမ်းလေးပါပဲ
ဂိမ်းရဲ့ Main Story လေးက နှစ်လိုဖွယ်ကောင်းပြီး
ဂိမ်းထဲပျော်ဝင်သွားစေပေမယ့် ဂိမ်းရဲ့ Mechanic တွေကတော့ နှစ်ဝင်ချင်နေတဲ့စ်ိတ်ကို ဂုတ်ကဆွဲပြီး ပြန်ထုတ်ပေးသွားမှာပါ
ဂိမ်းဆော့ချိန် တစ်နာရီဆိုရင် အနည်းဆုံး မိနစ် ၂၀ နာရီဝက်လောက်က Youtube က walkthrough တွေကြည့်နေရပြီး ဘာမှမကြည့်ဘဲ ဒီတိုင်းဆော့ရင် တော်တော်ကိုလောင်ရပါတယ်
မင်းသမီးလေးကို အပြေးလေးကယ်တင်မယ့်သူရဲကောင်းလေးဟာ youtube ကြည့်နေရလို့ နောက်ကျနေပါတယ်ဆိုတာမျိုးလေးဖြစ်နေပါတယ် xD

မင်းသမီးလေးကို အလောတကြီးမကယ်တင်ချင်ဘဲ map အကျယ်ကြီးကို explore လုပ်
အေးဆေးဆော့တဲ့သူတွေအတွက်တော့ သဘောကျကြမှာပါ
မြေပုံအကျယ်ကြီးမှာ ကို သွားချင်တဲ့နေရာလေးတွေကို Glider လေးနဲ့လေဟုန်လေးစီးသွားရတဲ့ Feel က တကယ်မိုက်ပါတယ်
ဒါပေမယ့် Stamina Bar တွေသာ လုံလုံလောက်လောက်မရထားရင် စီးနေရင်းနဲ့ လေပေါ်ကနေ ဖုတ်ခနဲပြုတ်ကျသွားဦးမှာပါ
Stamina မလောက်ရင် ရေကူးရင်းနဲ့ သေနိုင်သလို
တောင်တက်ရင်းလည်း ပြုတ်ကျနိုင်ပါသေးတယ်
ဒါပေမယ့် ဘယ်လိုသေသေ သေတဲ့အနားမှာပဲ နောက်တစ်ခေါက်ပြန်ပေါ်လာနိုင်အောင် လုပ်ထားပေးတာလေးကတော့ သဘောကျဖို့ကောင်းပါတယ်

Personal အမြင်အရ
ဂိမ်းလေးက enjoy ဖြစ်ချင်စရာ ဇာတ်လမ်းလေးရှိတယ်
Graphic က သဘောကျချင်စရာလေးပေမယ့် shrine တွေမှာ အချိန်ကုန်နေရတာကြီးကို တော်တော်ကြီးကို သဘောမကျမိပါဘူး
Witcher 3 ထဲမှာလို quest တွေလုပ်ရင်း ဇာတ်လမ်းလေးကို တစတစဆွဲခေါ်သွားတာမျိုးမဟုတ်ဘဲ မင်းသမီးလေးကို ကယ်ဖ်ို့ shrine တွေထဲ အချိန်ကုန်နေတဲ့အတွက် Favourite list ထဲထည့်ရလောက်အောင် မကြိုက်မိပါဘူး
စိတ်နာနာနဲ့ Side Quest တွေတောင် မလုပ်တော့ဘဲ Health 16 ခုလောက်ရတာနဲ့ Final Boss ကို သွားတီးပြီး မြန်မြန်ဆန်ဆန်ပဲ Zelda ကို ကယ်လာလိုက်ပါတယ်
သေချာတာကတော့ တစ်ခေါက်ဆော့ပြီးရင် နောက်တစ်ခေါက် ထပ်ဆော့ချင်တဲ့ဂိမ်းမျိုးကတော့ ကျနော့်ဖို့မဟုတ်ခဲ့တာတော့ အသေအချာပါပဲ
ဘယ်ကစလွဲလဲဆိုရင် ဆော့နေတဲ့ဇာတ်လမ်းအစထိကို Zelda ဆိုတာ မင်းသမီးလေးနာမည်လို့မထင်ဘဲ ကိုယ်ဆော့ရမယ့်ကောင်လေးရဲ့နာမည်လို့ထင်နေတာပါ 😂

ဒါပေမယ့် ကျနော့်လိုမဟုတ်ဘဲ ဒီဂိမ်းလေးကို အသေခိုက်ပြီး expansion packs တွေပါ ထပ်ဝယ်ဆော့တဲ့ညီအစ်ကိုတွေလည်း အများကြီးရှိပါတယ်
ပြီးတော့ ဒီ Zelda ရဲ့ Story line ကလည်း ဒီဂိမ်းလေးတစ်ခုတည်းတင်မဟုတ်ဘဲ ကျန်တဲ့ Zelda Series တွေလည်း အများကြီးရှိသေးတာမို့လို့ Zelda Breath of the wild ကို ဆော့ပြီးကြိုက်သွားရင် ကျန်တဲ့အခွေတွေကိုပါ ဝယ်ဆော့ချင်စိတ်ပေါ်သွားမှာပါ
ကျနော်ကတော့ ကျနော့်ရဲ့ Zelda Breath of the wild အတွေ့အကြုံလေးကို share ပေးခြင်းသာဖြစ်ပါတယ်

ဆော့ပြီးတဲ့ ညီအစ်ကိုတွေလည်း ဒိီဂိမ်းအပေါ် အမြင်လေးတွေ Comment မှာဝေမျှပေးသွားကြပါဦးခင်ဗျာ 🙏🏻

( Promo Video လေးပါ ထည့်ပေးလိုက်ပါတယ် 💜 )

24/05/2022

S9-S10 လောက်က ထင်တယ်
ချီတာတွေရေလည်ပေါနေတဲ့အချိန်
ကွန်ကွာရာတင်နေတုန်း ချီတာနဲ့တွေ့တာ
အာဘွားလေးဆိုတဲ့ဘဲ ကိုယ်တွေကို ချီတာနဲ့ ထားခဲ့ပြီး
ကိုယ်လွတ်ရုန်းပြီး မှုန်နေအောင်ပြေးတာဗျာ လှည့်ကိုမကြည့်ဘူး 🥲

Video Credit - Arbwerlay

PEL 2022 Season 1 ချန်ပီယံဖြစ်ခဲ့တဲ့ Regans Gaming မှာ အထူးလက်စွမ်းပြခဲ့တဲ့ Flower C အကြောင်း Zootay ပြောသွားတာလေးရှိပါတ...
23/05/2022

PEL 2022 Season 1 ချန်ပီယံဖြစ်ခဲ့တဲ့ Regans Gaming မှာ အထူးလက်စွမ်းပြခဲ့တဲ့ Flower C အကြောင်း Zootay ပြောသွားတာလေးရှိပါတယ်

SMG အသင်းမှာ လက်စွမ်းပြနေတဲ့ Flower C ကို The Chosen က ခေါ်ယူခဲ့ပြီး Suk နဲ့ တွဲဖက်ပေးခဲ့ပါတယ်
ဒါပေမယ့် လက်စွမ်းမပြနိုင်ခဲ့တဲ့အပြင် ဝေဖန်မှုတွေခံခဲ့ရတာကြောင့် FlowerC ဟာ သူကိုယ်တိုင် TC က ထွက်််ခဲ့ပြီး RSG လို သာမန်အသင်းလေးကိုပြောင်းခဲ့ပါတယ်
RSG မှာတော့ သူရဲ့ Role သူရဲ့ လက်စွမ်းဟာ ပြန်ကောင်းလာခဲ့ပြီး အရမ်းအားကိုးရတဲ့ player တစ်ယောက်ဖြစ်လာတဲ့အပြင် PEL Champion ဆုကိုပါ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ် 🤙

Guys RSG ရဲ့ Positioning နဲ့ Offensive play တွေကောင်းမွန်လွန်းနေပြီး ချန်ပီယံဆုနဲ့ လက်တကမ်းအကွာကိုရောက်နေပြီဖြစ်ပါတယ်လက်...
22/05/2022

Guys

RSG ရဲ့ Positioning နဲ့ Offensive play တွေကောင်းမွန်လွန်းနေပြီး ချန်ပီယံဆုနဲ့ လက်တကမ်းအကွာကိုရောက်နေပြီဖြစ်ပါတယ်

လက်ကျန် ၂ ပွဲမှာ ထိန်းကစားရုံနဲ့ ချန်ပီယံဖြစ်လာတော့မှာပါ

4am ကတော့ မလှမ်းမကမ်းမှာ ဖိအားလိုက်ပေးနေဆဲပါ

Nova က AG ကို နောက်တစ်ကြိမ် လှလှပပ battle ဆိုင်ပြသွားခဲ့ပေမယ့်3rd and 4th party အဝင်ခံရပြီး Too soon သွားခဲ့ပါတယ်Nova အန...
22/05/2022

Nova က AG ကို နောက်တစ်ကြိမ် လှလှပပ battle ဆိုင်ပြသွားခဲ့ပေမယ့်
3rd and 4th party အဝင်ခံရပြီး Too soon သွားခဲ့ပါတယ်
Nova အနေနဲ့ အရင်နေ့တွေကထက်ပိုပြီး လက်စွမ်းပြလာနိုင်နေပေမယ့် ဇုန်ကတော့ မျက်နှာသာမပေးသေးပါဘူး

4am အနေနဲ့ အနည်းငယ်ပြာသွားတာကြောင့် PeRo ကို battle fail သွားခဲ့ပြီး
RSG က ဇုန်အခြေအနေကောင်းသွားခဲ့ပါတယ်

နောက်တစ်ပွဲကတော့ Nova အတွက် အဆုံးအဖြတ်ပါပဲ
Chicken ရကို ရသင့်နေပြီဖြစ်ပြီး ၃ ပွဲအလိုမှာ ၁၄ မှတ်ကွာနေတာကို ကပ်လိုက်ဖို့ဆိုရင် ဒီပွဲက စကားပြောသွားတော့မှာပါ

4Am againချန်ပီယံဖြစ်ဖို့ဆိုတာ လက်ကောင်းရုံနဲ့တင်မရဘူးကံပါကောင်းမှ ရမယ်ဆိုတာ ဒါမျိုးကိုခေါ်တာပါRSG ရဲ့ပွဲဖြစ်ပြီထင်နေတာက...
22/05/2022

4Am again

ချန်ပီယံဖြစ်ဖို့ဆိုတာ လက်ကောင်းရုံနဲ့တင်မရဘူး
ကံပါကောင်းမှ ရမယ်ဆိုတာ ဒါမျိုးကိုခေါ်တာပါ
RSG ရဲ့ပွဲဖြစ်ပြီထင်နေတာကနေ ဇုန်က ချက်ချင်းကြီး 4am ဘက်ဆွဲကျဉ်းပေးသွားတာမှာ RSG က ရထားတဲ့ soild compound က ထွက်ရပြီး အရင် wipe ခံလိုက်ရတယ်
FlowerC က ဒီ Grand Final ရဲ့အကောင်းဆုံး ၃ ယောက်ထဲက တစ်ယောက်ဖြစ်နေပါပြီ

Nova ကတော့ ဇုန်မျက်နှာသာမပေးမှုနဲ့အတူ အခြေအနေမလှသေးပါဘူး
AG ကို အစောပိုင်းတည်းက ဖြတ်ချပေးနိုင်လိုက်ပေမယ့်
STE နဲ့ ဒဲ့ trade ပေးလိုက်ရတဲ့အနေအထားမျိုးဖြစ်သွားပြီး ၂ သင်းလုံးအတွက် နစ်နာစေပါတယ်
STE နဲ့ battle က မဆိုင်လို့မရတော့လို့ မဖြစ်မနေဆိုင်လိုက်ရတဲ့ battle ပါ
Position မကောင်းတဲ့အတွက် ဒီ့ထက်ဘာမှ ပိုလုပ်နိုင်စရာလည်း မရှိပါဘူး

ကံရော ဇုန်ရောက 4Am ဘက်မှာရှိနေပါတယ်
Sanhok မှာတော့ Nova က ရုန်းကန်ရဦးမှာပါ
အမှတ်4am နဲ့ Nova ကြားမှာ အမှတ် ၂၀ လောက်ပြတ်သွားခဲ့ပါပြီ
ပွဲရဲ့ Tempo က အမြင့်ဆုံးကိုရောက်နေပြီဖြစ်ပါတယ်

PEL Spring League 2022 Final day ၅ ပွဲကျန်နေတဲ့အနေအထားမှာ ထိပ်ဆုံးက 4AM နဲ့ အဆင့် ၅ က STE ကြားမှာ ၁၀ မှတ်သာကွာဟချက်ရှိပါ...
22/05/2022

PEL Spring League 2022 Final day

၅ ပွဲကျန်နေတဲ့အနေအထားမှာ ထိပ်ဆုံးက 4AM နဲ့ အဆင့် ၅ က STE ကြားမှာ ၁၀ မှတ်သာကွာဟချက်ရှိပါတယ်
PEL မှာ Zone Phase 1/2 မှာ 1 kill ကို 2 points တွက်တာကြောင့် ဒီ ၁၀ မှတ်ဆိုတာ ခဏလေးရှာလို့ရတဲ့အမှတ်တွေဖြစ်ပါတယ်

ဒီအသင်းတွေထဲမှာ RSG က Aggressive အဆော့ဆုံးအသင်းဖြစ်ပြီး AG က ဒုတိယလိုက်ပါတယ်
RSG ရဲ့ FlowerC က အရမ်းလက်စွမ်းထက်နေပြီး close battle တွေမှာ အရမ်းအားကိုးနေရပါတယ်

Nova နဲ့ STE ကတော့ အေးအေးဆေးဆေး position ယူဆော့တဲ့အသင်းတွေဖြစ်ပြီး Nova က နောက်ဆုံးရက်တွေမှာ ပိုပြီးလက်စွမ်းပြလေ့ရှိပါတယ်
မနေ့က Order ရဲ့ လက်စွမ်းပြန်တက်လာပြီး Paraboy ရဲ့ Gun power ပါလိုက်ကောင်းလာတာကို တွေ့ခဲ့ရပါတယ်

4Am ကလည်း သူတို့ရဲ့ comeback ဖြစ်နေတဲ့ပွဲမှာ ဇုန်အရမ်းကောင်းအောင် ယူပြထားနိုင်ပြီး ကံကြမ္မာကပါ မျက်နှာသာပေးနေတာကို တွေ့ရမှာဖြစ်ပါတယ်

ကျနော့်အမြင်မှာတော့ ဒီ ၅ သင်းရဲ့ ရလဒ်တွေဟာ ပြိုင်ပွဲပြီးဆုံးတဲ့အချိန်ထိ အမှတ်တွေအရမ်းဟနေဖို့မရှိပါဘူး
ပွဲပြီးကာနီးအထိ ၁၀-၁၅ မှတ်လောက်ကွာနေရင်တောင် နောက်ဆုံး ၂ ပွဲလောက်မှာ do or die အနေနဲ့
Landing တွေလိုက်ချပြီး double kill points ကို Early game မှာပါ ရှာလို့ရတဲ့အနေအထားတရပ်လည်း ရှိနေပါသေးတယ်
Early game landing တွေမှာ 4am vs RSG / Nova vs RSG / AG vs 4am လို့ နည်းနည်းလေးတွေးကြည့်လိုက်ရင်ကို တော်တော်ကိုရင်ခုန်ဖို့ကောင်းနေပါပြီ

ချန်ပီယံဆုရတဲ့အသင်းက PMWI ကိုပါ ဝင်ခွင့်တစ်နေရာစာရဦးမှာဖြစ်တာကြောင့် အပြင်းထန်ဆုံးတိုက်ပွဲတွေကို မြင်လာရတော့မှာပါ
ရှေ့ရက်တွေက မကြည့်ဖြစ်တဲ့သူတွေဆိုလည်း ဒီနေ့ဟာ လက်လွှတ်မခံသင့်တဲ့နေ့ဖြစ်တယ်လို့ လက်တို့လိုက်ရပါတယ်

Grand Final မှ ထကြမ်းနေသော ဒေါသထွက်နေသော လူလေးဦး 🤙
22/05/2022

Grand Final မှ ထကြမ်းနေသော ဒေါသထွက်နေသော လူလေးဦး 🤙

22/05/2022

LGD က ပြောင်းရွှေ့ကြေး USD 1.5 Million သုံးပြီး
ခေါ်ယူခဲ့တဲ့ ChengC ရဲ့ 1vs4 moment

Close အရမ်းကောင်းပါတယ်ဆိုတဲ့ RSG က LGD ကို ၃ ယောက်အရင်ရထားပြီးမှ တစ်ယောက်ကျန်ဆိုပြီးပေါ့လိုက်မိတာနဲ့ အကုန်ပြန်ပေးလိုက်ရတဲ့ပွဲ

This is PEL 😍

PEL kill 1400 ပြည့်သွားခဲ့ပြီဖြစ်တဲ့ OrderPEL kill 1000 ပြည့်ဆုရယူနေတဲ့ WBG Mingskr , Tc Suk နဲ့ RSG FlowerC
22/05/2022

PEL kill 1400 ပြည့်သွားခဲ့ပြီဖြစ်တဲ့ Order

PEL kill 1000 ပြည့်ဆုရယူနေတဲ့ WBG Mingskr , Tc Suk နဲ့ RSG FlowerC

Tc ကတော့ ရေတိမ်မဟုတ်ဘဲ ရေနက်ကြီးကို နစ်နေတာပါဒီနေ့ ပထမဆုံးပွဲ  Miramar မှာရော Erangel မှာရော Close battle fail ချက်ကြီးက...
21/05/2022

Tc ကတော့ ရေတိမ်မဟုတ်ဘဲ ရေနက်ကြီးကို နစ်နေတာပါ

ဒီနေ့ ပထမဆုံးပွဲ Miramar မှာရော Erangel မှာရော Close battle fail ချက်ကြီးက Tc ရောဟုတ်ရဲ့လားလို့ မေးရမယ့်ပုံပါပဲ
PEL အသင်းတွေရဲ့ close တွေက သူမသာ ကိုယ်မသာတွေပါ
မှားတဲ့အသင်း ခံရတာပါ
Tc အနေနဲ့ Miramar မှာရော Erangel မှာရော Compound battle ဆိုင်ခဲ့တာဖြစ်ပြီး
Revive မှာလိုလို တက်ဖြတ်မှာလိုလိုနဲ့ မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ team wipe out ဖြစ်ခဲ့တာတွေက တကယ်ကို စိတ်ပျက်စရာပါ
ရလဒ်တွေကျဆင်းလာတာနဲ့အမျှ Team work လည်းပျောက်နေသလို player တွေရဲ့ ယုံကြည်မှုပါပျောက်ဆုံးလာနေတာကိုတွေ့ရပါတယ်

4am က play off တွေမှာ တောက်လျှောက်တိုင်ပတ်နေရာကနေ အရင်လိုချန်ပီယံလက်စွမ်းပြန်ပြနေပါတယ်
၄ ယောက်လုံးက အတက်အဆင်းညီနေသလို Battle တွေဆက်တိုက်နိုင်နေတာက 4am ကို တဖြေးဖြေးအရှိန်ရလာစေပါတယ်

AG နဲ့ RSG ကလည်း လက်စွာနေပြီး ဘာမဆိုလုပ်ပြနိုင်တဲ့အနေအထားမှာ ရှိပါတယ်

Nova ကတော့ သူတို့ပုံစံအတိုင်းဖြေးဖြေးမှန်မှန်ချီတက်နေပြီး 4am ကို အနီးကပ်ဖိအားလိုက်ပေးနေဆဲပါပဲ
Teamwok ပြန်ကောင်းလာတာတွေ့ရပြီး Match 11 မှာ chicken ပြန်ရလိုက်တာက သူတို့ကို အားတက်စေမှာပါ

Day 3 အတွက်လက်ကျန် ၂ ပွဲမှာရော ဘာတွေဆက်ဖြစ်ဦးမလဲ ???

20/05/2022

Nova အနေနဲ့ အမှတ်ကွာဟချက်ကို နည်းနိုင်သလောက်နည်းအောင်လုပ်နိုင်တဲ့အခွင့်အရေးတွေရခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး
ဒါပေမယ့်လည်း ချန်ပီယံပြေးလမ်းပေါ်မှာတော့ ရှိနေဆဲဖြစ်ပါတယ်
Order လက်စွမ်းမပြနိုင်သလို အသင်းကလည်း Zone နေရာယူတာတွေလည်း အနည်းငယ်လွဲချော်နေဆဲပါပဲ

4Am ကတော့ ထူးထူးခြားခြားတောက်လျှောက်လက်ကျနေရာကတေ Grand Final မှ Form တောက်လျှောက်တက်နေပါတယ်
Offensive play ရော Defensive မှာရော အကောင်းဆုံးလက်စွမ်းပြနေပြီး ဒီ Grand Final မှာ ကြည့်လို့အကောင်းဆုံးအသင်းဖြစ်နေပါတယ်

IG မှာ my turn လို့တင်ပြီးပြောင်းပြန်ကြီးသွားခဲ့တဲ့ ညီကိုတွေ 🥲
20/05/2022

IG မှာ my turn လို့တင်ပြီး
ပြောင်းပြန်ကြီးသွားခဲ့တဲ့ ညီကိုတွေ 🥲

Day 1 မှာ အမှတ် ၂၀ အသာနဲ့ဆော့ရတဲ့အပြင် ပထမပွဲပါအနိုင်ရခဲ့ပေမယ့် နောက်လေးပွဲမှာ flop ခဲ့တာကြောင့် nova အနေနဲ့ နောက်နေ့တွေ...
19/05/2022

Day 1 မှာ အမှတ် ၂၀ အသာနဲ့ဆော့ရတဲ့အပြင် ပထမပွဲပါအနိုင်ရခဲ့ပေမယ့် နောက်လေးပွဲမှာ flop ခဲ့တာကြောင့် nova အနေနဲ့ နောက်နေ့တွေမှာ သေချာလေးဆော့မှ အမှတ်ပြန်လိုက်နိုင်ပါလိမ့်မယ်

လူတွေ သိပ်မျှော်လင့်မထားတဲ့ 4am ကအကောင်းဆုံးဆော့ပြနေပြီး STE ကလည်း Postion ကောင်းကောင်းရအောင်ယူပြီး Nova တို့ ခြေချော်လက်ချော်ဖြစ်နေတာကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်

Tc ကတော့ ထုံးစံအတိုင်း တစ်သင်းတည်းတိုင်ပတ်နေဆဲပါပဲ

19/05/2022

စောက်ရမ်းကောင်းနေတဲ့ 4Am ကို RSG က တောက်ချ ဇုန်အပြင်ထိထွက် rush တဲ့ ၂ ကောင်ကို Nade တစ်လုံးနဲ့ ပညာပေး လှည့်ပြေးတဲ့တစ်ကောင်ပါ ထပ်ယူ

Nova က မသေချာတဲ့ zone ထက် သေချာတဲ့ kill ပဲ ယူမယ်ဆိုပြီး ဇုန်အပြင်မှာ TEC ကို ပြေးလုံး

LGD ကတော့ scout ဆေးထိုးမှုနဲ့ ACT hold နေတဲ့အိမ်ကို ကားကြီးနဲ့ထိုးပြီး 3 kills သွားပေး :3

Tc ကတော့ စောစောစီးစီး smoke မခင်းဘဲ စက္ကန့်ပိုင်းလေးနောက်ကျသွားတာနဲ့ ဘဝပျက်သွားတာပဲ
Teamwork အားနည်းပြီး Consistency မရှိတာက Tc ရဲ့ အကြီးဆုံးပြဿနာပဲ

1st match Chicken - Novaတခြားအသင်းတွေလို High ground အတင်းတက်မလုဘဲ low ground ကနေပဲ လွယ်လွယ်ကူကူ Chicken ယူသွားပါတယ် 💜No...
19/05/2022

1st match Chicken - Nova

တခြားအသင်းတွေလို High ground အတင်းတက်မလုဘဲ low ground ကနေပဲ လွယ်လွယ်ကူကူ Chicken ယူသွားပါတယ် 💜

Nova နဲ့ အမှတ်ကွာခြားချက်လျှော့ရမယ့်အချိန်မှာ
TC အနေနဲ့ အမှားတွေများနေရင်တော့ စောစောစီးစီး ချန်ပီယံလမ်းကြောင်းက ဖယ်ပေးရပါလိမ့်မယ်

ဒီပွဲမှာတော့ 4Am ရဲ့ ရုန်းကန်အားက သဘောကျဖို့ကောင်းပါတယ်
ကျန်တဲ့ပွဲလေးတွေ ဆက်ကြည့်ကြတာပေါ့ဗျာ
🤙

မနက်ဖြန် PEL Grand Final Review ကို အကျဉ်းချုံးလေး တစ်ရက်ချင်းစီရေးပေးမယ်နော် ဘယ်အသင်းကို ချန်ပီယံဖြစ်စေချင်ကြလဲဗျ
18/05/2022

မနက်ဖြန် PEL Grand Final Review ကို အကျဉ်းချုံးလေး တစ်ရက်ချင်းစီရေးပေးမယ်နော်

ဘယ်အသင်းကို ချန်ပီယံဖြစ်စေချင်ကြလဲဗျ

Enemy မြင်တာနဲ့  knock နေသောမိမိကို ရည်းစားမှ ပြန်ကယ်နေရသောအခါ 🥲
18/05/2022

Enemy မြင်တာနဲ့ knock နေသောမိမိကို ရည်းစားမှ ပြန်ကယ်နေရသောအခါ 🥲

Form is temporary, class is permanent. Let’s talk about “The  Golden Boy “လွန်ခဲ့တဲ့ ၃ နှစ်ကနေ ဒီနေ့ဒီအချိန်အထိ တစ်ဦးချင...
17/05/2022

Form is temporary, class is permanent.

Let’s talk about “The Golden Boy “

လွန်ခဲ့တဲ့ ၃ နှစ်ကနေ ဒီနေ့ဒီအချိန်အထိ တစ်ဦးချင်း performance အရရော အသင်းလိုက်ရရှိခဲ့တဲ့အောင်မြင်မှုအရရော အကောင်းဆုံးလို့သတ်မှတ်လို့ရတဲ့ Player များများစားစားမရှိပါဘူး
အဲ့ဒီအထဲက တစ်ယောက်ကတော့
ပြိုင်ပွဲတွေထဲမှာ 4 vs 1 / 3 vs 1 ပစ်ခဲ့ပြတာမျိုးလည်း တွေ့ရလေ့မရှိသလို အခုခေတ်မှာ လူတိုင်းနီးပါး Train နေကြတဲ့ Quick Reflex တွေလည်း မရှိသလောက်ကိုပါပဲ
ဒါပေမယ့် သူဟာ အချိန်တန်ရင် ပြိုင်ပွဲတိုင်းလိုလိုရဲ့ Most Kill list မှာ ထိပ်ဆုံးနားမှာရှိနေတတ်သလို
Mvp တွေဆိုတာလည်း မရေမတွက်နိုင်အောင် ရခဲ့ဖူးပြန်ပါတယ်
PUBG ရဲ့ Old school ကစားပုံအတိုင်း ဒီနေ့အထိ ကစားနေဆဲဖြစ်ပြီး လက်ရှိအချိန်ထိလည်း အကောင်းဆုံး Player တွေထဲက အကောင်းဆုံးတစ်ယောက်ဖြစ်နေဆဲပါပဲ
သူကတော့ Nova ရဲ့ Golden Boy ဖြစ်တဲ့ Paraboy ပါပဲ

Paraboy ဟာ သူငယ်ချင်းတွေနဲ့ ဂိမ်းအတူတူဆော့ရင်း “မင်းဆော့တာကောင်းတယ် Esports player လုပ်သင့်တယ်” ဆိုပြီး ဝိုင်းအကြံပေးလို့ Pro player လမ်းကို စတင်ခဲ့သူဖြစ်လာတယ်လို့ ဆိုပါတယ်
လက်ရှိအချိန်မှာလည်းအသက် ၂၀ ပဲရှိသေးပြီး XQF တုန်းကရော Nova ဆိုပြီး နာမည်ပြောင်းလိုက်တဲ့အချိန်မှာရော အသင်းရဲ့ ၃ နှစ်တာကာလလုံးမှာ လက်စွမ်းအတည်ငြိမ်ဆုံးကစားသမားဖြစ်ပါတယ်

Paraboy ရဲ့ playstyleကို အခုခေတ် Modern Play Style သဘောကျတဲ့သူတွေကတော့ အရမ်းသဘောကျကြမှာမဟုတ်ပါဘူး
ဒါပေမယ့် ခင်ဗျားက Closeတွေမှာ ပစ်ရတာ မကြိုက်တဲ့သူ
DMR တွေပစ်ရတာ ကြိုက်တဲ့သူ
Sanhok မှာ အတင်းဝင် အတင်းတက်ပစ်ရတာထက် Miramar / Erangel တို့လို Map အကျယ်တွေမှာ Mid Range / Long Range ပစ်ရတာ ပိုသဘောကျတဲ့သူဆိုတွေဆိုရင်တော့ Paraboy ရဲ့ Game Play ကို အသေခိုက်ပါလိမ့်မယ်
ဒါ့အပြင် ဒီလိုပုံစံ Playstyle တူ Pro player တွေဖြစ်တဲ့ Earnny / Madtoi တို့ရဲ့ favourite player ကလည်း Paraboy ပဲဖြစ်ပါတယ်

Paraboy ဟာ Nova အသင်းရဲ့ Formation မှာ Centre guard position မျိုးမှာ ရှိပြီး
အသင်းရဲ့ cover အပေးခံရဆုံး player /
အသင်းကို cover ပြန်အပေးနိုင်ဆုံး player လည်း ဖြစ်ပါတယ်
အသင်းဟာ သူ့ကို Centre တည်ပြီး Order Jimmy တို့က Rotate ရင်း ဆော့လေ့ရှိပါတယ်
သူ့ရဲ့ အကောင်းဆုံးအရည်အသွေးတွေကို Mid range battle တွေမှာ တွေ့ရမှာဖြစ်ပြီး Paraboy ကြောင့် Team fail သွားတယ်ဆိုတာမျိုးကို မမြင်ဖူးလောက်တဲ့အထိ အမှားနည်းတဲ့ player ဖြစ်ပါတယ်

သူ့ကို PUBG ရဲ့ Aiming God လို့တောင်တင်စားလို့ရပြီး သူ့ရဲ့ Recoil နဲ့ Gyro Aim တွေက သူ့ရဲ့ Gifted Ability တွေဖြစ်ပါတယ်
ဒီနေရာမှာ ပြောချင်တာက ဒီ Pro level မှာ လူတိုင်းက Aiming က အရမ်းကောင်းအောင် Train ထားတဲ့သူတွေချည်းပါပဲ
ဒါဆိုရင် ဘာလို့ Paraboy က ပိုသာနေရတာလဲ ?
အကြောင်းကတော့ Paraboy ဟာ Accuracyပိုင်းမှာပါအပြတ်အသတ်ကိုကောင်းလွန်းနေတာကြောင့်ပါပဲ
ဆိုလိုတာက တခြားသူတွေ ကျည် ၁၀ တောင့်လိုတဲ့အချိန် သူက ၇-၈ တောင့်လောက်နဲ့ On target ဖြစ်နေလို့ပါပဲ
သူ့ရဲ့ Aiming တွေဟာ Headshot accuracy အရမ်းကောင်းလွန်းနေပြီး သူ့ရှေ့က buggy လို မြန်တဲ့ကားမျိုးဖြတ်မောင်းရင်တောင် မလွတ်ပါဘူး
Knock out မရရင်တောင် သွေးပိန်းတဲ့အထိ ထိအောင်ပစ်နိုင်ပြီး ဒီ့အတွက် paraboy က ကျည်အတောင့် ၄၀ မလိုပါဘူး
ဒါကြောင့်လည်း သူ့မှာ တခြား player တွေလို ကျည် ၃၀၀/၄၀၀ ကောက်ထားတာမျိုး သိပ်မတွေ့ရပါဘူး
ဒီလို Aiming Accurate ဖြစ်တဲ့ player တစ်ယောက်ကို သူရဲ့ in game sense ကောင်းမွန်မှုထပ်ပေါင်းလိုက်တဲ့အခါ Gifted player တစ်ယောက်ဖြစ်လာပါတော့တယ်

ဒါ့အပြင် Paraboy ဟာ DMR မကိုင်တဲ့ DMR player ဖြစ်ပါတယ်
Mid range အရမ်းကောင်းတဲ့ player ဖြစ်တာကြောင့်
သူ့ရဲ့ အားသာချက်ကို ပိုကောင်းအောင် Paraboy ဟာ DMR ထက် Recoil နည်းတဲ့ m16a4 နဲ့ Dp28 လို Gun တွေကို Single Shot နဲ့ DMR လိုသုံးပါတယ်
ဖြတ်ပြေးနေတဲ့ ကားတွေကိုကအစ Auto spray တာမျိုးမလုပ်ဘဲ Single Tap နဲ့ တချက်ချင်းပစ်ချနိုင်ပြီး ဒါမျိုးကို လုပ်ပြနေတာ ပွဲပေါင်းမနည်းတော့ပါဘူး
တကယ် consistency အရမ်းကောင်းတဲ့ player ဖြစ်ပြီး M16a4 / Dp28 + 4x scope ဟာ သူ့ရဲ့ Signature လို့တောင်ပြောလို့ရတဲ့အထိ လူတိုင်းရဲ့ ရင်ထဲကို ရောက်အောင်ပစ်နိုင်စွမ်းရှိပါတယ်
DMR တင်မက Sniper တွေပါကိုင်လေ့မရှိဘဲ SLR လို Recoil များများ Damage များများ Gun ကို ရံဖန်ရံခါကိုင်လေ့ရှိပါတယ်
အခု လက်ရှိ PEL မှာဆိုရင်တော့ m4 + ump45 ကိုပါ မကြာခဏ အသုံးချလာတာကို တွေ့ရမှာဖြစ်ပါတယ်

အားနည်းချက်အနေနဲ့ကတော့ ခုနလိုပဲ Mid range Gun တွေကိုင်တာများတဲ့အတွက် close range မှာတော့ သူ့ Level player တွေထဲမှာ အားနည်းတယ်လို့ပြောလို့ရပါတယ်
ဒါ့အပြင် Mid range player တွေရဲ့ အားသာချက်ဖြစ်တဲ့ Space ကျယ်ကျယ် မြင်ကွင်းရှင်းရှင်းကို မရနိုင်တဲ့အပြင် Enemy နဲ့ မီတာ ၁၀၀ ပတ်လည် Battle ဆိုင်ရတာများတဲ့Sanhok လို map မျိုးမှာ Paraboy ဟာ အမြဲတမ်း kill နည်းလေ့ရှိပါတယ်
ထူးထူးခြားခြား Nova ဟာလည်း Sanhok ဆို Chicken ရတာ တော်တော်ကိုရှားပါတယ်
ဒါပေမယ့် အသင်းရဲ့ Close range တွေမှာတော့ Paraboy ရဲ့ Nade တွေဟာ အလေအလွင့်နည်းပြီး သူ့ရဲ့ကျည်တွေလိုပဲ တိကျလေ့ရှိပါတယ်

ဒီဘက်ခေတ်လ်ို aggressive playstyle နဲ့ kill point ကိုဦးစားပေးလာတဲ့အချိန်
Quick reflex တွေ 5 fingers တွေနဲ့ ထိုင်ထမှောက်ဝပ်တွေခေတ်စားလာတဲ့အချိန်မှာ Paraboy ဟာ အဲ့ဒါတွေတစ်ခုမှ မလုပ်တတ်တဲ့ တကယ့် Old school style player စစ်စစ်ဖြစ်ပါတယ်
ကိုယ့် playestyle တစ်ခုကို ကိုယ်ပိုင်နိုင်နေရင် ရိုးရှင်းတဲ့ကစားပုံနဲ့လည်း ထိရောက်တဲ့ impact ဖြစ်နိုင်ကြောင်းကို ဥပမာကောင်းကောင်းပြနေတဲ့ player တစ်ယောက်ဖြစ်ပါတယ်
မကြာခင် PEL Spring 2022 ရဲ့ Grand Final မှာလည်း Mvp player ဖြစ်နိုင်ဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

( နောက်ထပ် ဒီလို Content လေးတွေ ဖတ်ချင်သေးတယ် အားပေးချင်သေးတယ်ဆိုရင် Like and Follow လေးတွေ လုပ်ပေးခဲ့ကြပါဦးခင်ဗျာ
Order နဲ့ Jimmy အကြောင်းကိုလည်း ရေးပေးခဲ့ပြီးဖြစ်လို့ မဖတ်ရသေးရင်လည်း ဖတ်သွားပေးကြပါဦး 🙏🏻 )

15/05/2022

Nova Aggressive Push without Order

LGD နဲ့ Battle မှာ
လောသွားတဲ့ Order ကို ပေးလိုက်ရပေမယ့်
Jimmy က Last zone ရဲ့ အလယ်တည့်တည့်ကို ထိုးဆင်းသွားပြီး Enemy team တွေရဲ့ ပစ်မှတ်အဖြစ် ရည်ရွယ်ချက်ရှိရှိ Bait ပေးသွားပါတယ်
ဝိုင်းအပစ်ခံနေရတဲ့ကြားထဲ Counter ပြန်ထောက်ပစ်သွားတာတွေကလည်း ကောင်းလွန်းပြီး Paraboy နဲ့ King ရဲ့ back up spray တွေကလည်း တကယ်ကောင်းလွန်းခဲ့ပါတယ်

Jimmy ရဲ့ တိုးအားနဲ့ Awm တိကျမှုတွေက တကယ့်ကို Perfect ဖြစ်လွန်းခဲ့တာကြောင့် Tc တွေဆို ခေါင်းတောင် သေချာမဖော်ခဲ့နိုင်ပါဘူး
High ground ရထားတဲ့ Paraboy နဲ့ King တို့ကို Space အကျယ်ကြီးရအောင်ဖန်တီးပေးသွားခဲ့ပြီး Jimmy
ရဲ့ High level gameplay ကို မြင််ခဲ့ရတဲ့ပွဲပါပဲ 💜

အသည်းနုသူများ ( TDM by 1 ဆိုတဲ့ကောင်တွေမပါ )
13/05/2022

အသည်းနုသူများ
( TDM by 1 ဆိုတဲ့ကောင်တွေမပါ )

အောက်ကဂိမ်းတွေပါတဲ့ Switch တစ်လုံးစာလောက်တန်ဖိုးရှိတဲ့ သူရဲ့ Nitendo account လေးကို မန္တလေးက အစ်မကြီးတို့အတွဲက ကျနော်ဆော...
13/05/2022

အောက်ကဂိမ်းတွေပါတဲ့ Switch တစ်လုံးစာလောက်တန်ဖိုးရှိတဲ့ သူရဲ့ Nitendo account လေးကို မန္တလေးက အစ်မကြီးတို့အတွဲက ကျနော်ဆော့ရအောင်လို့ဆိုပြီး Share ပေးသွားပါတယ်
အခုလို Support ပေးတာကျေးဇူးပါဗျ

တစ်ခုဆော့ပြီးတိုင်း တစ်ခါ Review ရေးပေးပါ့မယ် 🫡

Order The Perfection On stage ပေါ်မှာ Nova ရှိတဲ့နေရာကို ကြည့်လိုက်တာနဲ့အမြဲတမ်းသုန်မှုန်နေပြီး တခုခုကို အလိုမကျတဲ့ရုပ်န...
12/05/2022

Order The Perfection

On stage ပေါ်မှာ Nova ရှိတဲ့နေရာကို ကြည့်လိုက်တာနဲ့
အမြဲတမ်းသုန်မှုန်နေပြီး တခုခုကို အလိုမကျတဲ့ရုပ်နဲ့ အရယ်အပြုံးမရှိတဲ့ လူတစ်ယောက်ကို တွေ့ရမှာဖြစ်ပါတယ်
သူ့ကတော့ PMGC 2021 Grand Final ရဲ့ Mvp player တဖြစ်လဲ Nova အသင်းရဲ့ အဓိက ကစားသမား Order ပဲဖြစ်ပါတယ်
2002 February Born ဖြစ်ပြီး လက်ရှိမှာ အသက် ၂၀ပဲရှိသေးတဲ့ Order ဟာ PMGC PEL စတဲ့ ပြိုင်ပွဲပေါင်းစုံမှာ Mvp ပေါင်းများစွာ ရခဲ့သူဖြစ်ပါတယ်
Nova အသင်းရဲ့ တစ်ဦးတည်းသော Rusher ဖြစ်သလို
အသင်းရဲ့ Gun power အထွက်ဆုံး close range အတွက် စိတ်အချရဆုံး 5 fingers player တစ်ယောက်လည်းဖြစ်ပါတယ်

PUBG မှာ လက်စွမ်းအတက်အကျအမြန်ဆုံးနဲ့ Form အထိန်းရအခက်ဆုံး role က Rusher တွေပဲ ဖြစ်ပါတယ်
အသင်းရဲ့ Front row မှာ နေရာယူရသူဖြစ်တာကြောင့် enemy team နဲ့ အရင်ဆုံးရင်ဆိုင်တွေ့ရတဲ့သူဖြစ်သလို
ကိုယ်က အရင်ပစ်နိုင်မယ့် chance ရော ကိုယ်က အရင် knockသွားနိုင်တဲ့ chance ပါ အများဆုံး player တွေဖြစ်ပါတယ်
အသင်းတော်တော်များများက ဒိီနေရာအတွက် ၂ ယောက်ထားဆော့ကြတာများပေမယ့်
Nova မှာတော့ Order က Jimmy ရဲ့ back up အကူကိုရယူပြီး တစ်ယောက်တည်းဆော့လေ့ရှိပါတယ်

Order ရဲ့ အဓိကအားသာချက်ကတော့ ဒီလို Risk များတဲ့ role မှာဆော့နေရသူဖြစ်ပေမယ့် တခြား Rusher တွေထက်ပိုပြီး consistent ဖြစ်တာပါပဲ အလွယ်ပြောရရင်တော့ လက်စွမ်းက တစ်သတ်မှတ်တည်းရှိတယ်ပေါ့
ကောင်းတဲ့ပွဲ အရမ်းထောင်လိုက် / What the f**k moment တွေလုပ်ပြလိုက် / နောက်ပွဲတွေမှာပျောက်သွားလိုက်ဆိုတဲ့ပုံစံမျိူးကို Order မှာ မြင်ရလေ့မရှိပါဘူး
Rusher ဆိုပေမယ့် လက်ရှိိမှာလည်း overall အကောင်းဆုံး player ဖြစ်ပြီး ဘယ်နေရာဆော့ဆော့ လက်စွမ်းတည်ငြိမ်ပြီး Space ကျဉ်းကျဉ်း ကျယ်ကျယ် နည်းမျိူးစုံနဲ့ kill farm နိုင်လေ့ရှိပါတယ်
အသင်းရဲ့ Offensive play မှာ battle စဖွင့်ပြီဆိုတာနဲ့ Order နဲ့ Paraboy တစ်ယောက်ယောက်က အမြဲလ်ိုလို First knocked out စယူပေးလေ့ရှိပါတယ်
Close range သမားတွေရဲ့ ထုံးစံအတိုင်း Nade skill တွေက အရမ်းကောင်းပြီး Gun သိပ်ရွေးလေ့မရှိပါဘူး ( ဒါပေမယ့် Order ဟာ တခြား rusher တွေလိုမျိုး Stun gr***de ကိုတော့ သိပ်သုံးလေ့မရှိပါဘူး )
M4 + M762 or Ump အကိုင်များပြီး
PEL spring league ရဲ့ အစောပိုင်း Week တွေမှာ m24 ပါ ကိုင်ခဲ့တာကိုတွေ့ခဲ့ရပြီး Bolt action sniper ပစ်လည်း တကယ်ကောင်းခဲ့တာ တွေ့ခဲရပါတယ်
Close သမားပေမယ့် Mid range မှာလည်း အရမ်းကောင်းပြီး kill ကောင်းကောင်း farm ပေးနိုင်ပါတယ်
အသင်း ကျဉ်းထဲကြပ်ထဲကျနေချိန်ဆို အကယ်တင်ပေးနိုင်ဆုံး game changing player ဖြစ်ပြီး Order သာကျန်နေသေးရင် ဘယ်လောက်အခြေအနေဆိုးဆိုး တစ်ခုခုတော့မျှော်လင့်လို့ရသေးတယ်ဆိုတဲ့ခံစားချက်မျိုးကို Nova fan တိုင်းရဖူးပါလိမ့်မယ်
Spring league Week 1/2 မှာ Scout role ဆော့တုန်းကလည်း 9kill / 10 kill အထိ တစ်ယောက်တည်း solo farm ပေးနိုင်ခဲ့သူဖြစ်ပြီး
လက်ရှိမှာတော့ Order ဟာ အဲ့လောက်ထိကို အမြင့်ဆုံး Form ရနေတဲ့ player ဖြစ်ပါတယ်

အားနည်းချက်

Rusher တွေရဲ့ ထုံးစံအတိုင်း overconfidence ဖြစ်သွားတာ စိတ်မြန်လက်မြန်နဲ့ back up မစောင့်ဘဲ တက်ပစ်မိလို့ counter ပြန်ထောက်ခံရပြီး knock သွားတာ / In game leader Jimmy ရဲ့ စကားကို နားမထောင်တာလေးတွေတော့ ရှိပါတယ်
ဒါပေမယ့် ပွဲချိန်အများစုမှာတော့ Order ဟာ Team player ဆန်ပါတယ် အသင်းအတွက်ပဲ ကစားလေ့ရှိပြီး kill အရမ်းမက်တာ ပြိုင်ဘက်ကိုမထီမဲ့မြင်လုပ်တာမျိုးတွေ တွေ့ရလေ့မရှိပါဘူး
Aggressive ကစားတဲ့ player တွေရဲ့ ထုံးစံအတိုင်း စိတ်လိုက်မာန်ပါနဲ့ အားပါသွားတဲ့အခိုက်အတန့်လေးတွေတော့ ရှိတတ်ပါတယ်
ဒါတွေကလွဲရင် သူရဲ့ လက်စွမ်းကို မေးခွန်းထုတ်စရာမရှိပါဘူး
ကျနော့်တစ်ယောက်တည်းအမြင်အရဆိုလည်း Order ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး player ပါပဲ

အောက်က တွဲတင်ပေးထားတဲ့ Highlight Video လေးကို တချို့ကလည်း ကြည့်ပြီးသားဖြစ်မှာပါ
မကြည့်ရသေးတဲ့သူတွေအတွက် ပြောပြရရင်
Order တစ်ယောက်တည်းနဲ့ tight space ကျဉ်းကျဉ်းလေးထဲမှာ ၃ သင်းကြားကနေ nade တွေရှောင်လိုက်
Counter ပြန်ထောက်ပစ်လိုက်နဲ့
ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားကနေ
ရအောင်ဖောက်ထွက်ပြသွားတာပါ
ပွဲ caster တွေ ပရိတ်သတ်တွေအကုန် OMG အော်ပြီး ထရပ်ခဲ့ရတဲ့အခိုက်အတန့်ဖြစ်ပြီး Zootay လို Tc fan ကပါ ဩချခဲ့ရတဲ့ moment ဖြစ်ပါတယ်
Order ဟာ ဘာလို့ လက်ရှိကမ္ဘာ့အကောင်းဆုံးဖြစ်နေရသလဲဆိုတဲ့မေးခွန်းရဲ့ အဖြေလည်း ဖြစ်မယ်ထင်ပါတယ်
ကျနော့်အနေနဲ့လည်း Global က တခြား team တွေနဲ့လည်း အမြန်ဆုံး တကျော့ပြန်တွေ့စေချင်နေပြီဖြစ်ပါတယ်

In Order , we trust.

11/05/2022

Nova ဟာ Space ကျဉ်းကျဉ်းလေးတွေမှာ close battle ဆိုင်ရတဲ့အခါ အနည်းငယ်တိုင်ပတ်တတ်ပါတယ်

ဒီ Battle မှာဆိုရင်လည်း ၃ ယောက်ကျန် WBG ကို တစ်ယောက်အသာအနေအထားကနေ သွား push ခဲ့ပြီး King နဲ့ Paraboy က အရင်နော့သွားခဲ့ပြီး ကိုယ်က တယောက်ပြန်လျော့တဲ့အနေအထားပြန်ဖြစ်သွားခဲ့ပါတယ်
ဒါပေမယ့် close မှာ စိတ်ချရတဲ့ Order ကပဲ nade နဲ့ တစ်ယောက်ကိုနော့ပြီး ကျန်တဲ့တယောက်ကိုပါ 1 v 1 အနေအထားနဲ့ တက်ဖြတ်ပေးခဲ့ပါတယ်

ထူးထူးခြားခြား Order က ထိပ်ဆုံးက အတင်းဝင်မတိုးတဲ့ battle ဖြစ်ပါတယ်
ဒီ video မှာတော့ Order ရဲ့ battle အဝင်အထွက် ဘယ်လောက်ပါးနပ်သလဲဆိုတာ တွေ့ရမှာဖြစ်ပါတယ်

Witcher 3 on switchဘက်ဂျက်အတော်အသင့်နဲ့  Nitendo switch ကို ဘာလို့ဝယ်ဆော့သင့်လဲဆိုတာ ပထမ post မှာပြောပြပြီးပြီဆိုတော့ ဒီ...
10/05/2022

Witcher 3 on switch

ဘက်ဂျက်အတော်အသင့်နဲ့ Nitendo switch ကို ဘာလို့ဝယ်ဆော့သင့်လဲဆိုတာ ပထမ post မှာပြောပြပြီးပြီဆိုတော့ ဒီတစ်ခါ Switch မှာ ကျနော် ပထမဆုံး အစအဆုံးပြီးအောင်ဆော့ဖြစ်လိုက်တဲ့ Witcher 3 ဂိမ်းလေးအကြောင်း ပြောပြမယ်ခင်ဗျ
Mini review လေးပေါ့
ဂိမ်းခွေတွေစျေးကြီးနေတဲ့အချိန်မှာ ဒီအခွေလေးငှါးပေးတဲ့ မန္တလေးက မကြီးဂျင်းနီကိုလည်း ကျေးဇူးပါခင်ဗျ

ဒီဂိမ်းလေးအကြောင်းစပြောရရင်တော့
ဒီဂိမ်းလေးက Pc ပေါ်မှာထွက်တာကြာပြီဖြစ်ပြီး 2015 ခုနှစ်ရဲ့ best video game award ကို ရထားတဲ့ဂ်ိမ်းလေးဖြစ်ပါတယ်
PC ပေါ်မှာဆော့မယ်ဆိုရင် Switch ပေါ်မှာဆော့ရတာလောက် စျေးလည်းမကြီးဘူး Graphic ဘာညာလည်း ပိုကောင်းမယ်ဆိုတော့ တကယ်လို့ ကိုယ့်စက်က နိုင်မယ်ဆိုရင် PC ပေါ်မှာဆော့ရတာ ပိုအဆင်ပြေမယ်လ်ို့ ထင်မိပါတယ်

Game play ပိုင်းနဲ့ ဇာတ်လမ်းပိုင်းကတော့ ဆုတောင်ရထားတာဆိုတော့ ထွေထွေထူးထူးပြောစရာမလိုပါဘူး အရမ်းမိုက်ပါတယ်
Witcher ဇာတ်ကားကြည့်ထားတဲ့သူတွေဆိုရင် ပိုကြိုက်လိမ့်မယ်ထင်ပါတယ်
ကျနော့်လို ဇာတ်ကားလည်းမကြည့်ဖူးတဲ့အပြင် အဲ့လို ရှေးခေတ် theme တွေကို မကြိုက်လို့ Game of throne တို့ဘာတို့ပါ မကြည့်ဖြစ်တဲ့သူတောင် ဒီဂိမ်းကို နာရီအနည်းငယ်ဆော့ပြီးတဲ့အချိန်မှာ တော်တော်သဘောကျသွားပါတယ်

ကျန်တာတွေ Review မရေးခင်
အရင်ပို့စ်မှာပြောခဲ့သလိုပဲ ကျနော်က ဘက်ဂျက် Gamer တစ်ယောက်ဖြစ်တဲ့အတွက် ဘောစိတွေလို ထွက်သမျှ အခွေတွေကိုမဝယ်နိုင်တဲ့အတွက် ဂိမ်းတစ်ခုဟာ ဆော့ရတာတန်တယ်လို့ထင်မှ ဝယ်ချင်ပါတယ်
Switch ဂ်ိမ်းတစ်ခုဟာ အသစ်ဆို တစ်သိန်းနားကပ်တာကိုး
အဟောင်းဆိုလည်း ၆ သောင်း ၇ သောင်းဆိုတော့
ဒီလောက်ပေးပြီးမှ ၃-၄ ရက်ဆော့လိုက်တာနဲ့ ပြီးသွားတယ်ဆိုရင်တော့ ဆော့ရတာ မတန်ဘူးလို့ ဘက်ဂျက်သမားတစ်ယောက်အနေနဲ့ မြင်မိပါတယ်
ဒီအချက်ဟာ Witcher 3 မှာ အဆင်ပြေပါတယ်
Game မှာ Main Quest လို့ခေါ်တဲ့ အဓိကဇာတ်လမ်းရယ်
Side Quest လို့ခေါ်တဲ့ ကိုယ်ဖြတ်သွားတဲ့ မြို့တွေမှာ ကပ်ထားတဲ့ notice board တွေက quest တွေရယ်
နောက်ပြီး Treasure hunt လို့ခေါ်တဲ့ Item တွေရှာရတဲ့ quest တွေရယ်နဲ့ တမေ့တမောကို ဇ်ိမ်နဲ့ဆော့ရတဲ့ game ပါ
ဂိမ်းကို အဆုံးထိပြီးသွားတဲ့အချိန်မှာ Playing Hours နာရီ ၁၇၀ လောက် ကပ်သွားပါတယ်
ဒါတောင် ကျနော်က ဒီဂိမ်းထဲမှာပါတဲ့ card game mission တွေအကုန် မဆော့ဖြစ်ပါဘူး ဆော့ဖြစ်ရင် ဒီ့ထက်ပိုပြီး ကြာသွားနိုင်ပါတယ်

ဇာတ်လမ်းကတော့ ခင်ဗျားက ကြေးစား Witcher တစ်ယောက်ဖြစ်ပြီး အဖိုးအခတစ်ခုနဲ့ Monster တွေသတ်တာတို့ သရဲတွေနှိမ်နှင်းပေးတာတို့ သူပုန်တွေကို သွားချပေးတာတို့က်ိုလုပ်ပေးနေတဲ့သူတစ်ယောက်ပါ
Main story အနေနဲ့တော့
သမီးတယောက်လိုဖြစ်နေတဲ့ Ciri ကို လိုက်ရှာရမှာဖြစ်ပြီး
သူ့ကို ကာကွယ်ပေးရမှာပါ
ဇာတ်လမ်းက ကိုယ်ရွေးချယ်လိုက်တဲ့ စကားတွေပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် အဆုံးသတ်တူမှာမဟုတ်ပါဘူး
Blood and wine နဲ့ Hearts of stone ဆိုတဲ့ expansion pack ၂ ခု ထပ်ထွက်ထားပြီး ဇာတ်လမ်းကို ထပ်ချဲ့ထားပေးတာကလည်း မိုက်ပါတယ်
ကြားထဲမှာလည်း Romance ဖြစ်တဲ့အခန်းလေးတွေအများကြီးပါပြီး စော်တွေ တစ်ယောက်ပြီးတယောက်နဲ့ ပက်သက်ရမှာဖြစ်ပြီး 18 plus အခန်းလေးတွေပါလို့ ကလေးတွေနဲ့ မသင့်တော်ပါဘူး
ကြိုက်တဲ့စော်နဲ့ ကြိုက်သလို ရှူပ်လို့ရပေမယ့် Triss နဲ့ yennefer ၂ ယောက်ထဲက တစ်ယောက်နဲ့ပဲ ဇာတ်လမ်းအဆုံးသတ်လို့ရမှာပါ
အဓိက အချက်က ကြိုက်တဲ့သူနဲ့ ကြိုက်သလိုရှုပ်လို့ရပေမယ့် ဒီ ၂ ယောက်ထဲက တစ်ယောက်ကိုပဲ romance လုပ်တာ အကောင်းဆုံးပါ
၂ ယောက်လုံးကို ကြိုးစားမိရင် ဇာတ်သိမ်းကြီးမှာ ဟဲဗီးဂွမ်းပါလိမ့်မယ် ( သေချာတားတယ်နော် :3 အကုန်ဂုန်းဆင်းကောင်းကောင်းနဲ့ တအားမဆင်းကြပါနဲ့ )

ဒီထဲမှာ
Monster ရော လူတွေရော စုန်းမတွေရော သရဲတွေရောပါတာကြောင့်
ဓားချင်း ယှဉ်ခုတ်မလား
Spell နဲ့သုံးပြီးချမလား
Potion တွေ Bomb တွေနဲ့ ချမလား ကြိုက်တာလုပ်လို့ရပါတယ်
မြင်းပြိုင်တာ လက်ဝှေ့ယှဉ်ထိုးတာတွေပါ လုပ်ရဦးမှာပါ
ကိုယ်လိုချင်တဲ့ လက်နက်နဲ့ Armor တွေရဖို့ Craft ရမှာဖြစ်ပြီး Bomb တွေ potion တွေအတွက် လိုတဲ့ ingredients တွေကိုလည်း ရှာရမှာပါ
တကယ်ကျယ်တဲ့ Open world ကြီးနီးနီးဖြစ်ပြီး တစ်မြို့နဲ့ တစ်မြို့ကို သွားရတာဝေးလ်ို့ စစဆော့ချင်းဆိုရင် မြင်းပေါ်ကကို ဆင်းရမှာမဟုတ်ပါဘူး
နောက်ပိုင်းမှာတော့ ကိုယ်ရောက်ခဲ့တဲ့မြို့က Fast travel marker လေးတွေဆီရောက်သွားရင် ဘယ်အချိန်ပြန်သွားသွား marker လေးထောက်ပြီး သွားလ်ိုက်ရုံပါပဲ
Map တွေက အကျယ်ကြီးပေမယ့် ဂိမ်းကဆော့ရတာ အထီးကျန်မဆန်ပါဘူး
မြို့တစ်ခုခုရောက်တာနဲ့ လူတွေက ကိုယ့်အကြောင်းပြောနေတာ ကိုယ်က စကားသွားပြောတာတို့လုပ်လို့ရမှာဖြစ်ပါတယ်
ဒါ့အပြင် သဘောကျတာ တစ်ခုကတော့ လူတွေက ညဘက်ဆို အကုန်အိမ်ထဲ ဝင်နားနေကြတာဖြစ်ပြီး
နေ့ခင်းဘက်မှာသာ မြို့ထဲရှိကြမှာပါ
ရာသီဥတုနဲ့ နေ့ည အချိန်းအပြောင်းတွေလည်းရှိပြီး ညဘက်ဆို တကယ်ကို သေသေချာချာမမြင်ရပါဘူး

Graphic ကတော့ switch မှာဆော့ရင် အများကြီး မမျှော်လင့်သင့်ပါဘူး လိုအပ်ချက်လေးတွေရှိပါတယ်
( ကျနော်ဆော့နေရင်း ရိုက်ထားတဲ့ပုံတစ်ချ်ို့ကိုပါ တွဲတင်ပေးထားပါတယ် )
ဒါပေမယ့် Gameplay ကို ထိခိုက်လောက်အောင်အထိ မညံ့ပါဘူး
ဆော့ပျော်ပါတယ်
အခုမှ ဖုန်းဂိမ်းတွေဆော့နေရာကနေ ပြောင်းဆော့မယ့်သူဆို ဆော့ကို ဆော့ကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်

ဒီဂိမ်းဆော့ပြီး switch exclusive ဖြစ်တဲ့ Zelda breath of the wild ကို ဆော့ကြည့်တဲ့အခါမှာ Zelda ဟာ ဆော့ရင်းနဲ့ အထီးကျန်သလိုခံစားရပါတယ် ( အစပိုင်းပဲရှိသေးလို့လားတော့ မသိ )
Witcher မှာ အချိန် တော်တော်များများမှာက Triss တ်ို့ Yen တို့လိုတင်မက တခြားကောင်မလေးတွေကပါ ကိုယ့်ကိုဝန်းရံထားလို့လားတော့ မပြောတတ်ပါဘူး :3
Main quest တွေမှာ သူတို့နဲ့ ၂ ယောက်တွဲသွားရတာများပါတယ်
အထီးမကျန်ရဘူးပေါ့ဗျာ

Witcher 3 review လေးကတော့ ဒီလောက်ပါပဲဗျ
ထွက််ခဲ့တာ ၇ နှစ်လောက်ရှိပြီဆိုပေမယ့်လည်း အခုချိန်ဆော့တဲ့အခါလည်း ကောင်းနေဆဲ ဆော့ပျော်နေဆဲပါပဲ
Switch ပေါ်မှာ ဆော့ပြီးတဲ့ bro တို့လည်း မှတ်ချက်လေးတွေ ပေးသွားခဲ့လို့ရပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when ICEMAN-Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share