Read & Donate

  • Home
  • Read & Donate

Read & Donate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Read & Donate, .

🌟 စာအုပ်မဲ ကံထူးရှင်(၅)ဦး ရွေးချယ်လိုက်ပြီ 🌟- ယခုတခေါက် စာအုပ်မဲ အစီအစဉ်လေးမှ ကံစမ်းမဲ စောင်ရေ (၆၈) စောင်တိတိ ရောင်းချခဲ...
08/02/2024

🌟 စာအုပ်မဲ ကံထူးရှင်(၅)ဦး ရွေးချယ်လိုက်ပြီ 🌟

- ယခုတခေါက် စာအုပ်မဲ အစီအစဉ်လေးမှ ကံစမ်းမဲ စောင်ရေ (၆၈) စောင်တိတိ ရောင်းချခဲ့ပြီး

- စုစုပေါင်း ရရှိငွေ (၅) သိန်းတိတိ ဖြစ်ပါတယ်

- ရရှိငွေများကို လိုအပ်နေတဲ့ ဒေသများဆီ အလုံးစုံ ပို့ဆောင်ပြီး ဖြစ်ပါတယ်ခင်ဗျာ

- ကံထူးရှင် (၅) ဦးမှ မိမိနှစ်သက်ရာ စာအုပ် (၄)အုပ်စီ ရွေးချယ်ရယူနိုင်မှာဖြစ်ပြီး မကြာမီ လာရောက်ဆက်သွယ် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်

- ပါဝင်အားဖြည့်ပေးခဲ့ကြသူ တယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

#ကံစမ်းရင်းကူပါ #ဒို့ခေတ်လူငယ်

ပုံပါစာအုပ်လေး နှစ်အုပ်ကို ပါဝင်ကံစမ်းဖို့ -(1) ဒီလင့်ခ်ကပိုစ့်ကို Like & Share လုပ်ပေးပါhttps://m.facebook.com/story.ph...
07/02/2024

ပုံပါစာအုပ်လေး နှစ်အုပ်ကို ပါဝင်ကံစမ်းဖို့ -

(1) ဒီလင့်ခ်ကပိုစ့်ကို Like & Share လုပ်ပေးပါ

https://m.facebook.com/story.php?story_fbid=744410677619038&id=100061503363992&mibextid=Nif5oz

(2) Share ထားတဲ့ Ss ကို အဲဒီပိုစ့်အောက်မှာပဲ တခါထဲ မန့်ခဲ့ပေးပါ

ဒါဆို ပါဝင်ကံစမ်းခွင့်ရပါပြီခင်ဗျာ။

မဲလေးကို မနက်ဖြန်ညကျရင် ဖောက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အားလုံးလည်း သတင်းတွေဖတ်ပြီး ဖြစ်ကြမှာပါ။ပုံမှန်ဆို ဒီညက လက်ကျန် မဲလေး ဆက်ရောင်းဖို့ ပိုစ့်တင်ဖို့ပါ။ ခုတော့ ဘာစာမှလည်း မ...
06/02/2024

အားလုံးလည်း သတင်းတွေဖတ်ပြီး ဖြစ်ကြမှာပါ။

ပုံမှန်ဆို ဒီညက လက်ကျန် မဲလေး ဆက်ရောင်းဖို့ ပိုစ့်တင်ဖို့ပါ။ ခုတော့ ဘာစာမှလည်း မစီချင်တော့သလို လူကလည်း စိတ်ထဲမှာ နာကျင်ခံခက်နဲ့ ဘာကိုမှ အမြင်မကြည်တော့ဘဲ နည်းနည်းလေးမှ အဆင်မပြေတော့ဘူး ဖြစ်သွားတယ်ဗျာ။ အကောင့်ထဲက ပျော်နေတဲ့သူတွေလဲ မြင်ရာ အကုန် ထိုင် un ပစ်လိုက်မိတယ်။

မဲကတော့ ဆက်ရောင်းဖို့ ရှိလို့ ပိုစ့်လာတင်လိုက်တာပါ။ အောက်ပါလင့်ခ်မှာ ဖတ်ရှုပြီး လာဝယ်နိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=744410677619038&id=100061503363992&mibextid=Nif5oz

စွန့်လွှတ်ပေးဆပ်သွားသူတွေ တအားများတဲ့ တိုင်းပြည်ကြီးမှာ အသက်ရှင်နေရတာကိုက တခါတခါ အဓိပ္ပာယ်မဲ့နေသလိုပါပဲဗျာ။ ပြောနေကျလိုပါပဲ။ ဒီကာလကြီး ပြီးသွားရင် စုံစုံလင်လင် မရှိတော့မယ့် မိသားစုတွေ တအားများနေပါပြီဗျာ။ အားလုံးရဲ့စိတ်တွေလည်း အရင်လို ပြန်ဖြစ်ကြဖို့ မသေချာတော့ပါဘူး။

လွန်ခဲ့တဲ့သုံးနှစ် ဒီလိုအချိန်တုန်းက ...ဘာတွေ ဖတ်ဖြစ်နေခဲ့လဲဘာတွေ လုပ်ဖြစ်နေခဲ့လဲအရင်က စာအမြဲဖတ်လာတဲ့သူတွေတောင် ၂၀၂၁-၂၀၂...
31/01/2024

လွန်ခဲ့တဲ့သုံးနှစ် ဒီလိုအချိန်တုန်းက ...

ဘာတွေ ဖတ်ဖြစ်နေခဲ့လဲ
ဘာတွေ လုပ်ဖြစ်နေခဲ့လဲ

အရင်က စာအမြဲဖတ်လာတဲ့သူတွေတောင် ၂၀၂၁-၂၀၂၂ ကာလတွေမှာ ဘာစာမှ မယ်မယ်ရရ ဖတ်ဖြစ်ခဲ့မယ် မထင်ဘူး၊ (ဖတ်ဖို့ စိတ်အင်အား မရှိကြတာပဲ ဆိုပါတော့)၊
နောက်ပိုင်း စာတွေပြန်ဖတ်မယ် လုပ်တဲ့အချိန်ကျ စာအုပ်ဈေးတွေ တဖြည်းဖြည်း တက်စပြုတဲ့အချိန် ဖြစ်နေပြီ။

ခုဆို ပိုဆိုးပေါ့။ ကိုယ်တွေဆို စာအုပ်သစ် မဝယ်နိုင်တာ အတော်လေး ကြာပြီ၊ အသစ်တအုပ်ဈေးကလည်း ၅၀၀၀ လောက်က စနေတာဆိုတော့ လူတိုင်းဖတ်ဖို့ မလွယ်တော့ဘူး၊ နောက်ဆို ခုထက် ပိုဆိုးလာဖို့ပဲ ရှိတော့တာရယ်။

ခေတ်ကောင်းမှ လူတိုင်းစာဖတ်နိုင်မယ့် အခြေအနေတခု ပြန်ရောက်လာမှာမို့ အမြန်ဆုံး ခေတ်ကောင်းဖို့ အားလုံးတူတူ ဆက်လက် ကြိုးစားကြဖို့ နိုးဆော်လိုက်ရပါတယ်။
သွေးမအေးစတမ်း ချီတက်ကြတာပေါ့ဗျာ။

လွန်ခဲ့တဲ့သုံးနှစ်က ဘာတွေဖတ်ဖြစ်နေခဲ့လဲ။
ပြီးတော့ ဘာတွေလုပ်ဖြစ်နေခဲ့လဲ။
အခုကော ဘာတွေပြောင်းလဲသွားပြီလဲ။

comment မှာ အပြန်အလှန်မျှဝေပေးကြပါဦး။

🚨 Attention Plz 🚨အားလုံးကို အကူညီလေးတခုလောက် တောင်းခံချင်လို့ပါခင်ဗျာ။ *** ဒေသက ကျောင်းစာကြည့်တိုက် ၂ ခုစာအတွက် ဖတ်စရာ စ...
29/01/2024

🚨 Attention Plz 🚨

အားလုံးကို အကူညီလေးတခုလောက် တောင်းခံချင်လို့ပါခင်ဗျာ။ *** ဒေသက ကျောင်းစာကြည့်တိုက် ၂ ခုစာအတွက် ဖတ်စရာ စာအုပ်လေးတွေ လိုအပ်နေပါတယ်။ ကလေးစာပေ၊ ရုပ်ပြ၊ ပုံပြင်၊ ဝတ္ထုတို၊ ဝတ္ထုရှည်တွေ အဓိက လိုနေတာပါ။ အဲဒီအတွက် အုပ်ရေ နည်းများမဆို ထည့်ဝင်အားဖြည့် ကူညီနိုင်ပါတယ်ဗျ။

တိုင်းပြည်ရဲ့အနာဂတ်က ကျနော်တို့ရဲ့ ကလေးတွေပဲမို့ သူတို့နှလုံးသားတွေ နူးညံ့စေဖို့၊ စိတ်ဓာတ်တွေ ရဲရင့်စေဖို့ ဖတ်စရာ စာအုပ်လေးတွေ မျှဝေအားဖြည့်ပေးခြင်းဟာ အကောင်းဆုံး ကူညီခြင်းပါပဲခင်ဗျာ 📖🤎

ကူမယ်ဆို အသေးစိတ်ကို Page CB မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ ပိုစ့်ကို sharing လုပ်ပေးလို့လည်း ရပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Hello Guys 👋- စာအုပ်သစ် တအုပ်ဈေး ၅၀၀၀/၁၀၀၀၀ ဖြစ်နေချိန်မှာ စာအုပ် အုပ် (၂၀) တိတိကို - မြန်မာကျပ်ငွေ (၄၀၀၀) ထဲနဲ့ ပါဝင်ကံ...
21/01/2024

Hello Guys 👋

- စာအုပ်သစ် တအုပ်ဈေး ၅၀၀၀/၁၀၀၀၀ ဖြစ်နေချိန်မှာ စာအုပ် အုပ် (၂၀) တိတိကို
- မြန်မာကျပ်ငွေ (၄၀၀၀) ထဲနဲ့ ပါဝင်ကံစမ်းခွင့် ရမယ့် မဲအစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ 🎫✨

📌 အသေးစိတ်ကို
ဒီလင့်ခ်မှာ ဖတ်ရ‌ှုလိုက်ပါ -

https://m.facebook.com/story.php?story_fbid=744410677619038&id=100061503363992&mibextid=UyTHkb

[ ပိုစ့်ကို share ရင်း ကံစမ်းလို့ရမဲ့ giveaway အစီအစဉ် ပါဝင်ပါသည် 📖 ]

Alert: စောင်ရေ ၃၀ကျော်သာ ကျန်ပါတော့သည်🚨[ Post ကို Share ရင်း ကံစမ်းလို့ရတဲ့ giveaway လေးလည်း ပါဝင်တာမို့ စာကို အဆုံးထိဖတ...
08/01/2024

Alert: စောင်ရေ ၃၀ကျော်သာ ကျန်ပါတော့သည်🚨

[ Post ကို Share ရင်း ကံစမ်းလို့ရတဲ့ giveaway လေးလည်း ပါဝင်တာမို့ စာကို အဆုံးထိဖတ်ရင်း ပါဝင်ကံစမ်းနိုင်ပါတယ်နော့ 🤎 ]

နှစ်သစ်အတွက် ဒို့ခေတ်လူငယ်ရဲ့ ပထမဆုံး မဲအစီအစဉ်သစ်လေး ပြန်လာပါပြီနော်။ အရင်အခေါက်မဲတွေ အတိုင်းပါပဲ။ လိုအပ်ချက်တွေက အစဉ်အမြဲရှိနေတာမို့ လိုအပ်ချက်တွေကို ကူညီအားဖြည့်နိုင်ဖို့ မဲအသစ်လေး ပြုလုပ်လိုက်ရတာ ဖြစ်ပါတယ် 🤍💌

မဲဖောက်ပေးသွားမယ့် စာအုပ်လေးတွေက ဝတ္ထု၊ ကဗျာ၊ ဘာသာပြန်၊ အက်ဆေး၊ ဆောင်းပါး စသဖြင့် သုတ၊ ရသ အစုံပါဝင်ပြီး စုစုပေါင်း အုပ်ရေ (၂၀)တိတိ တောင် ပါဝင်သွားမှာပါနော် 🌟📖

ဒါဆို ကံစမ်းမဲ (၁) စောင်ကို ဘယ်လောက် ❓

- စာအုပ်သစ် တအုပ်ဈေး ၅၀၀၀/၁၀၀၀၀ ဖြစ်နေချိန်မှာ စာအုပ် အုပ် (၂၀) တိတိကို
- မြန်မာကျပ်ငွေ (၄၀၀၀) ထဲနဲ့ ပါဝင်ကံစမ်းခွင့် ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ 🎫✨

သတ်မှတ် မဲစောင်ရေကို (၁၀၀) တိတိ သတ်မှတ်ထားပြီး သတ်မှတ်စောင်ရေ ပြည့်တာနဲ့ မဲတန်းဖောက်ပေးမှာပါ။

ကံထူးရှင် (၅) ဦးတိတိ ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး ကံထူးသူ (၁) ဦးလျှင် နှစ်သက်ရာ စာအုပ် (၄) အုပ်စီ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ 🎁✨

အနည်းငယ်မျှသော ပဏမာလေး တခု ထည့်ဝင်အားဖြည့်ရုံနဲ့ စာအုပ်တွေ အများကြီး ပါဝင်ကံစမ်းခွင့်ရမှာပါနော်။

ဒါဆို မဲကရရှိငွေကရော ❓

- ဒို့ခေတ်လူငယ်ရဲ့ အရင့်အရင် မဲအစီအစဉ်တွေအတိုင်းပဲ လိုအပ်နေတဲ့ ဒေသတွေအတွက် ခွန်အားတရပ်အဖြစ် ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျား 👊💥

အထူးအထူးပြောမ‌နေတော့ဘဲ စာအုပ်လေးတွေ အပြေးလာကံစမ်းရင်း လိုအပ်ချက်တွေ အားဖြည့်ကူညီလို့ ရပါပြီ ဆိုတာလေး ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။

📍 ပါဝင်ကံစမ်းဖို့ DKLN Book Club Page CB ကို လာရောက်နိုင်‌ပြီ ဖြစ်ကြောင်းပါခင်ဗျာ။

#ဒို့ခေတ်လူငယ် #ကံစမ်းရင်းကူပါ

[ ပိုစ့်ကို share ရင်း ကံစမ်းခွင့်ရမယ့် အထူးအစီအစဉ်နဲ့ အတူ ကံစမ်းမဲမှာ ဘာစာအုပ်လေးတွေ ပါဝင်မလဲဆိုတာကို တပုံချင်းထောက်ပြီး အသေးစိတ် ဖတ်ရှုနိုင်ပါပြီ ]

| ငါတို့ဘယ်ရောက်နေကြပြီလဲ |➖လေနီကြမ်းဟာငှက်ပျောရွက်တွေကို အပိုင်းပိုင်းစဉ်းခုတ်။ရေတံခွန်ဟာ တဝေါဝေါစီးပေမယ့်ဆော်လမွန်‌ေတွ...
23/12/2023

| ငါတို့ဘယ်ရောက်နေကြပြီလဲ |

➖

လေနီကြမ်းဟာ
ငှက်ပျောရွက်တွေကို အပိုင်းပိုင်းစဉ်းခုတ်။

ရေတံခွန်ဟာ တဝေါဝေါစီးပေမယ့်
ဆော်လမွန်‌ေတွတော့ ငါမတွေ့မိဘူး။

ငါတို့တွေ ဘယ်ရောက်ကြပြီလဲ။

တယောက်အသားကို တယောက်က
လှီးယူ စားသောက်ကြရင်း
တယောက်အသည်းကို တယောက်က
ပြာပူအုံးကာ ခွဲထုတ်ကြရင်း
တယောက်အရိပ်ကို တယောက်က
ပစ္စတိုနဲ့ ချိန်တွယ်ကြရင်း
တယောက်ပုခုံးကို တယောက်က
ခုနင်း ကျော်တက်ကြရင်း
ငါတို့ ဘယ်ရောက်ကြပြီလဲ။

လက်ပံက ကြွေပြီ
နွေဦးဟာ ရောက်မလာသေးဘူး။

#နေနွယ်ဦး
#ဂစ်တာအပေါ်ကဓားမွှန်းရာများ

21/12/2023

🌟 နေမျိုးစာအုပ် ကံထူးရှင် ရွေးချယ်လိုက်ပါပြီ 🌟

- ယခုတခေါက် စာအုပ်မဲ အစီအစဉ်လေးမှ ကံစမ်းမဲ စောင်ရေ (၁၃၈) စောင်တိတိ ရောင်းချရခဲ့ပြီး သုံးစောင်ဝယ်ယူသူတိုင်းကို ၁ စောင် ဖရီးပေးတဲ့ အစီအစဉ်အရ (၃၉) စောင်တိတိ ဖရီးပေးခဲ့ပါတယ်။

- စုစုပေါင်းစောင်ရေ (၁၇၇) စောင် ဖြစ်ပြီး မဲကရရှိငွေကတော့ ၂၀၀,၀၀၀ ကျပ်တိတိ ဖြစ်ပါတယ်။

- ရရှိငွေများကို လိုအပ်နေတဲ့ ဒေသများဆီ အလုံးစုံ ပို့ဆောင်ပြီး ဖြစ်ပါတယ်ခင်ဗျာ။

- ကံထူးသွားတဲ့ ကံထူးရှင်ကို မကြာခင် လာရောက်ဆက်သွယ်ပြီး ဆရာနေမျိုးရဲ့ အမှတ်တရ လက်မှတ်ပါဝင်တဲ့ အက်ဆေး စာအုပ်လေးကို ပို့ဆောင်ပေးသွားပါမယ်နော်။

- ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

#ကံစမ်းရင်းကူပါ #ဒို့ခေတ်လူငယ်

🌟🤎 ဆရာနေမျိုးရဲ့ အမှတ်တရလက်မှတ် ပါဝင်တဲ့ အက်ဆေးစာအုပ်ကို ငွေကျပ် ၁၀၀၀ နဲ့ အခုပဲ ပါဝင်ကံစမ်းလိုက်ပါ 🤎🌟✨ ကံစမ်းမဲ လက်မှတ် ...
10/12/2023

🌟🤎 ဆရာနေမျိုးရဲ့ အမှတ်တရလက်မှတ် ပါဝင်တဲ့ အက်ဆေးစာအုပ်ကို ငွေကျပ် ၁၀၀၀ နဲ့ အခုပဲ ပါဝင်ကံစမ်းလိုက်ပါ 🤎🌟

✨ ကံစမ်းမဲ လက်မှတ် ၁ စောင်ကိုမှ
လက်ဖက်ရည် တခွက်ဖိုးစာတောင် မရှိတဲ့
ငွေပမာဏနဲ့ ပါဝင်ကံစမ်းနိုင်မယ့်
မဲအစီအစဉ်သစ်လေး ပြန်လာပါပြီ ✨

📮 မည်သူမဆို ပါဝင်ကံစမ်းနိုင်မယ့်
ငွေကျပ် ၁၀၀၀ - မဲ ၁ စောင်
ကံစမ်းမဲလေးမှာ ပါဝင်ကံစမ်းရင်း
လိုအပ်နေတဲ့ ဒေသတွေဆီ
အားဖြည့်ကူညီနိုင်ပြီ ဖြစ်ပါတယ်ခင်ဗျာ 🧐

➖

✅ 1 Ticket - 1000 ကျပ် ✅

💥 Buy 3 Tickets 💥
💥 Free 1 Ticket 💥
[ ၃ စောင်ယူ - ၁ စောင် ဖရီး ]

💌 ဆရာနေမျိုးရဲ့ အမှတ်တရလက်မှတ် ပါဝင်တဲ့ “ကျွန်တော်နှင့်ကဗျာ” အက်ဆေးစုစည်းမှု စာအုပ်လေးကို ငွေကျပ် ၁၀၀၀ တည်းနဲ့ ပါဝင်ကံစမ်းရင်း အက်ဆေးစုစုပေါင်း ၂၇ ပုဒ်တိတိကို ဖတ်ရှုခွင့်ရမှာ ဖြစ်ပါတယ်

💌 ကဗျာဖတ်နေကျသူတွေအဖို့ အကြိုက်တွေ့စေမယ့် အရေးအသားများဖြစ်ရုံမက ကဗျာဖတ်လေ့ မရှိသူတွေအဖို့ပါ ရိုးရှင်းနားလည်ပြီး ကဗျာနဲ့ ရင်းနှီးကျွမ်းဝင်သွားစေမယ့် စာအုပ်လေးတအုပ်ပဲ ဖြစ်ပါတယ်

💌 ပါဝင်ကံစမ်းမယ် ဆိုရင်တော့ ကံစမ်းမဲ ၁ စောင်မှ ငွေကျပ် ၁၀၀၀ ထဲနဲ့ ကံစမ်းခွင့်ရမယ့်အပြင်
သုံးစောင်ဝယ်ယူတိုင်း ၁ စောင်ဖရီး ပြန်ရမယ့်
💥 Buy 3, Free 1 💥
အထူးအစီအစဉ်လေးလဲ ရှိပါသေးတယ်နော်။

🤎 Ticket လေးတွေ ဝယ်ယူကံစမ်းရင်း အမှန်တကယ် လိုအပ်နေတဲ့ ဒေသတွေဆီ အပြည့်အဝ ကူညီနိုင်မယ့် အခွင့်အရေးမို့ လက်မလွှတ်တမ်း ပါဝင်ကံစမ်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ် 🤎

အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးပါခင်ဗျ။

🌟 DKLN Book Club Page CB ကို ဆက်သွယ်ပြီး ယခုမဲအစီအစဉ်မှာ ပါဝင်ကံစမ်း အားဖြည့်နိုင်ပါတယ် 🌟

ပိုစ့်ကို Reach များများ ရောက်အောင်
Like & Share လေး လုပ်ရင်း ကူညီပေးကြဖို့
အကူညီတောင်းခံအပ်ပါတယ်ခင်ဗျာ 🙏💛

#ကံစမ်းရင်းကူ #ဒို့ခေတ်လူငယ်

ဒီဇင်ဘာမှာ ဘာတွေဖတ်ဖြစ်၊ နားထောင်ဖြစ်၊ ကြည့်ဖြစ်နေကြလဲ ဆိုတာလေး မျှဝေပေးသွားကြပါဦးနော် ☃️❄️မကြာခင်မှာ စာအုပ်မဲ အစီအစဉ်သစ...
09/12/2023

ဒီဇင်ဘာမှာ ဘာတွေဖတ်ဖြစ်၊ နားထောင်ဖြစ်၊ ကြည့်ဖြစ်နေကြလဲ ဆိုတာလေး မျှဝေပေးသွားကြပါဦးနော် ☃️❄️

မကြာခင်မှာ စာအုပ်မဲ အစီအစဉ်သစ်တွေနဲ့အတူ
ဒို့ခေတ်လူငယ် ပြန်လာပါတော့မယ် 🥳🤍

ဒို့ခေတ်လူငယ်ရဲ့ ခရီးရှည် ၂ နှစ်ကျော် ကာလအတွင်းရန်ပုံငွေ သိန်း (၅၀) တိတိကို လိုအပ်နေတဲ့ ဒေသများအတွက် အားဖြည့် ကူညီနိုင်ခ...
08/11/2023

ဒို့ခေတ်လူငယ်ရဲ့ ခရီးရှည်
၂ နှစ်ကျော် ကာလအတွင်း
ရန်ပုံငွေ သိန်း (၅၀) တိတိကို
လိုအပ်နေတဲ့ ဒေသများအတွက်
အားဖြည့် ကူညီနိုင်ခဲ့ကြောင်းပါခင်ဗျာ 💛✨

ငွေကျပ် (၂) သိန်းတိတိ ကိုတော့
စာအုပ်တွေ ဝယ်ယူပြီး
မဲအစီအစဉ်သစ်များ ပြုလုပ်ခြင်း၊
ဒေသတချို့က စာကြည့်တိုက်တွေ အတွက်
ထည့်ဝင်ပေးပို့ခြင်းများ ပြုလုပ်နိုင်ခဲ့ပါတယ်

ဒီနေ့ ဒီအချိန်ထိ
ယုံကြည်စွာ ပါဝင်ပေးခဲ့ကြတဲ့ ပြည်သူအပေါင်းကို
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💪

အစစအရာရာဂရုစိုက်ကြပါ 💌🌟

သူနိုးလာတော့ ဂရီဂေါ်ဆမ်ဆာအဖြစ် အသွင်ပြောင်းလဲသွားပြီဆိုတာ သိလိုက်ရတော့တယ်။ အိပ်ရာပေါ်မှာကျောကို အပြားလိုက်ခင်းပြီး မျက်န...
21/04/2023

သူနိုးလာတော့ ဂရီဂေါ်ဆမ်ဆာအဖြစ် အသွင်ပြောင်းလဲသွားပြီဆိုတာ သိလိုက်ရတော့တယ်။ အိပ်ရာပေါ်မှာကျောကို အပြားလိုက်ခင်းပြီး မျက်နှာကြက်ကို သူကြည့်နေတယ်။ အလင်းရောင်မရှိလို့ မျက်လုံးတွေကို ကျင့်သားရအောင် အချိန်ယူနေရတယ်။ မျက်နှာကြက်ကတော့ သာမန်မျက်နှာကြက်မျိုးပါပဲ။ နေရာတိုင်းမှာ တွေ့နိုင်တဲ့ မျက်နှာကြက်မျိုးပဲ။

#တေဇာ(လရောင်လမ်း)

- Samsa in Love by Haruki Murakami

မေး : ပါပီယွန်ရဲ့ မိတ်ဆွေကြီး နှုတ်ခမ်းမွှေး ဆိုတာ ဘယ်လိုလူမျိုးလဲဗျာဖြေ :
18/04/2023

မေး : ပါပီယွန်ရဲ့ မိတ်ဆွေကြီး နှုတ်ခမ်းမွှေး ဆိုတာ ဘယ်လိုလူမျိုးလဲဗျာ

ဖြေ :

ဒီနေ့ခေတ်မှာ Mindfulness နဲ့ ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ် ပြောလာကြပါတယ်။ Mindfulness နဲ့ဆိုင်တဲ့ သင်တန်းတွေ၊ စာအုပ်တွေ၊ ဟ...
07/04/2023

ဒီနေ့ခေတ်မှာ Mindfulness နဲ့ ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ် ပြောလာကြပါတယ်။ Mindfulness နဲ့ဆိုင်တဲ့ သင်တန်းတွေ၊ စာအုပ်တွေ၊ ဟောပြောချက်တွေကလည်း တနေ့တခြား များပြားလာတာကို‌ တွေ့ရမှာပါ။ Google မှာဆိုရင် “Mindfulness” ဆိုတဲ့ စာလုံးက ရှာဖွေမှု အများဆုံး စာလုံးတွေထဲက တခုဖြစ်လာပါပြီ။ ဒီ‌လို လူပြောများနေတဲ့ Mindfulness ရဲ့ သမိုင်းကြောင်းကိုတော့ သိတဲ့သူ နည်းနေဆဲဖြစ်ပါတယ်။

Mindfulness ရဲ့ အဓိပ္ပာယ်ကို မြန်မာလို တိုက်ရိုက် ဘာသာပြန်မယ်ဆိုရင် “သတိ” လို့ပြန်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သတိဆိုတဲ့ စကားလုံးတလုံးထဲနဲ့တော့ Mindfulness ရဲ့ အဓိပ္ပာယ် အပြည့်အစုံကို ဖော်ပြမပေးနိုင်တာ အမှန်ပါ။ Mindfulness ဆိုတဲ့ အသုံးအနှုန်းကတော့ (၁၉) ရာစု နှောင်းပိုင်းကစပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် (၁၉၀၀) ခုနှစ်မှာ ပါဠိဘာသာပညာရှင် Rhys Davids ရေးခဲ့တဲ့ Buddhist Suttas ဆိုတဲ့ စာအုပ်ထဲမှာ "သတိ"ကို Mindfulness ဆိုပြီး စတင်အသုံးပြုခဲ့ပါတယ်။ (၂၀) ရာစုလောက်မှာတော့ Mindfulness ဆိုတဲ့ စကားလုံးကို ကမ္ဘာတလွှားမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။

Mindfulness ဘာကြောင့် လူသိများလာတာလဲဆိုရင်တော့ (၁၉၇၀) ခုနှစ်မှာ မန်ဆာချူးဆက် ဆေးတက္ကသိုလ် ပါမောက္ခတစ်ယောက်ဖြစ်တဲ့ Professor Jon Kabat-Zinn ဦးဆောင်ပြုလုပ်ခဲ့တဲ့ Mindfulness-Based Stress Reduction (MBSR) ဆိုတဲ့ Program ကြောင့်ပဲဖြစ်ပါတယ်။ MBSR ဆိုတာ Mindfulness ကို အခြေခံပြီး stress တွေ၊ anxiety တွေ၊ pain တွေကို လျှော့ချတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ အဓိကအားဖြင့် ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို အကောင်းအဆိုး မဝေဖန်ဘဲ လက်ခံပြီး စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ အာရုံစူးစိုက်တဲ့ လေ့ကျင့်မှုတွေ ပါဝင်ပါတယ်။

Professor Jon Kabat-Zinn ဟာဆိုရင် Zen ဗုဒ္ဓဘာသာရဲ့ တရားထိုင်နည်း စနစ်တွေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ ဝိပဿနာရှုမှတ်တဲ့ နည်းစနစ်တွေကို MBSR technique တွေထဲမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ အဲဒီထဲက “Body Scan” ဆိုတဲ့ နည်းတခုကတော့ မြန်မာပြည်က ဆရာကြီး ဦးဘခင်ရဲ့ နည်းစနစ်ပဲဖြစ်ပါတယ်။ ဒီနည်းကိုတော့ ဆရာကြီးဦးဘခင်ရဲ့ တပည့်၊ ဆရာကြီးဂိုအင်ကာရဲ့ ဝိပဿနာ သင်တန်းကနေ သင်ကြားခဲ့တာလို့ ဆိုပါတယ်။ MBSR ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်းမှာ Mindfulness ကိုအခြေခံတဲ့ ရောဂါကုသမှုတွေလည်း ဆက်လက် ပေါ်ပေါက်လာပါတယ်။ Mindfulness-based cognitive therapy (MBCT) , Mindfulness-based pain management (MBPM) စတဲ့ အစီအစဉ်တွေကတော့ ထင်ရှားတဲ့ Mindfulness အခြေခံရောဂါကုထုံးတွေပဲ ဖြစ်ပါတယ်။

ဒီလိုကုထုံးတွေက အထူးသဖြင့် စိတ်ကျရောဂါဝေဒနာ ခံစားနေရတဲ့သူတွေကို Mindfulness အခြေခံပြီး ကုသတဲ့ (Psycho Therapy) တွေပဲဖြစ်ပါတယ်။ ဒီလိုမျိုး Mindfulness အခြေခံပြီး စိတ်ကျရောဂါသည်တွေကို ကုသတဲ့အခါမှာ ပုံမှန် သောက်ဆေး သောက်ပြီး ကုသ,သလိုမျိုး တူညီတဲ့ အကျိုးရလဒ်တွေ ရရှိလာတာ တွေ့ခဲ့ရပါတယ်။ နေ့စဉ်ဘဝမှာလည်း စိတ်ဖိစီးမှုတွေကို ကောင်းကောင်း ကိုင်တွယ်တတ်လာပြီး ပိုမို ပျော်ရွှင်လာကြတာကို လက်တွေ့ သိရှိခဲ့ကြပါတယ်။ ဒါကြောင့် Mindfulness နဲ့ ပတ်သတ်လို့ စိတ်ဝင်စားမှု များလာကြပြီး သိပ္ပံပညာနဲ့ပါ ဆက်စပ်လေ့လာခဲ့ကြပါတယ်။

အခုဆိုရင် အနောက်တိုင်း Psychology မှာတင်မကဘဲ ဦးနှောက်ပိုင်းဆိုင်ရာ သိပ္ပံပညာ (Neuroscience) နဲ့ပါ တွဲပြီး Mindfulness ကိုလေ့လာနေကြပြီဖြစ်ပါတယ်။ Harvard University ရဲ့ သုတေသနအရ Mindfulness လေ့ကျင့်ခြင်းက စိတ်ကြည်လင် လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေရုံမျှမက ဦးနှောက်ကိုပါ ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း အခုလို ပြောင်းလဲမှုတွေ လျင်လျင်မြန်မြန် ဖြစ်ပေါ်နေတဲ့ ကာလမှာ လူတွေ Mindfulness ကို စိတ်ဝင်တစားနဲ့ လေ့ကျင့်လာကြတာပဲ ဖြစ်ပါတယ်။ Mindfulness ဟာ ဗုဒ္ဓဘာသာရဲ့ တရားထိုင် နည်းစနစ်တွေကို အခြေခံထားတာဖြစ်ပေမဲ့ ဘာသာရေးအရ လေ့ကျင့်တယ်ဆိုတာထက် စိတ်အေးချမ်းဖို့နဲ့ ကျန်းမာနုပျိုစေဖို့ Lifestyle တစ်ခုအနေနဲ့ လေ့ကျင့်ကြတာများပါတယ်။ များသောအားဖြင့် Mindfulness Meditation နဲ့ ဝင်လေထွက်လေ ရှုမှတ်ပြီး လေ့ကျင့်နိုင်သလို ကိုယ်လုပ်တဲ့ အလုပ်တွေမှာ သတိကပ်ပြီး လုပ်ခြင်းအားဖြင့်လည်း Mindful ဖြစ်‌အောင် လေ့ကျင့်လို့ရပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အတွေးတွေကို ချရေးတဲ့ Journaling လုပ်ခြင်း၊ သတိနဲ့ စားခြင်း (Mindful eating) ၊ သတိနဲ့ လမ်းလျှောက်ခြင်း (Mindful walking) စတဲ့ နည်းအမျိုးမျိုးနဲ့လည်း Mindful ဖြစ်အောင် လေ့ကျင့်ကြပါတယ်။

Mindfulness ရဲ့ အကျိုးကျေးဇူးတွေကတော့ -

• အာရုံစူးစိုက်မှုကောင်းလာခြင်း
• စိတ်ဖိစီးမှု၊ စိတ်မလုံခြုံမှု လျော့နည်းလာခြင်း• စိတ်ကြည်လင် လန်းဆန်းလာခြင်း
• အတွေးလွန်မှု နည်းလာခြင်း
• စိတ်ခံစားချက်တွေကို ကိုင်တွယ်တတ်လာခြင်း
• ကျန်းမာနုပျိုစေခြင်း
• ပစ္စုပ္ပန်တည့်တည့် နေတတ်လာခြင်း

တို့ပဲဖြစ်ပါတယ်။

ဒီလို အကျိုးကျေးဇူးတွေကြောင့်ပဲ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့ ဘီလျံနာ သူဌေးကြီးတွေဟာ သူတို့ကိုယ်တိုင် Mindfulness လေ့ကျင့်ရုံသာမကဘဲ သူတို့ရဲ့ company တွေမှာပါ ဝန်ထမ်းတွေအတွက် Mindfulness program တွေကို ပြုလုပ်ပေးလာကြတာပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ Mindfulness program တစ်ခုကတော့ Google company ရဲ့ “Search Inside Yourself” ဆိုတဲ့ Program ပဲ ဖြစ်ပါတယ်။

နေ့စဉ်စိတ်ဖိစီးမှုတွေနဲ့ မွန်းကြပ်နေရတဲ့ ခက်ခဲတဲ့ ကာလတွေမှာ Mindfulness ဟာ ကိုယ်နဲ့စိတ်ရဲ့ ကျန်းမာရေးအတွက် အင်မတန်အသုံးဝင်တဲ့ ဆေးတခွက်လို့ ပြောရမှာပါပဲ။ ပိုက်ဆံလည်းမကုန်၊ ဘာပစ္စည်းကိရိယာမှ မလိုအပ်ဘဲ ကိုယ့်ရဲ့ ဝင်လေထွက်လေလေးကို သတိကပ်ပြီး စောင့်ကြည့်ရုံနဲ့ လေ့ကျင့်နိုင်တဲ့ Mindfulness ကို ကိုယ်တိုင်လက်တွေ့ လေ့ကျင့်မယ်ဆိုရင် Mindfulness ရဲ့ အကျိုးကျေးဇူးတွေကို လက်တွေ့ခံစားရမှာ အမှန်ပါ။ ဒါကြောင့် Mindfulness နဲ့ ဆိုင်တဲ့ အကြောင်းအရာအချို့ကို မိတ်ဆက်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

#သက်ကျော် ိုတာ

➖

📲🛑 | ဒို့ခေတ်လူငယ်မဂ္ဂဇင်း အမှတ် (၄) ကို အောက်ပါလင့်ခ်မှ အခမဲ့ ဒေါင်းလုတ်ခ်ရယူ ဖတ်ရှုနိုင်ပါပြီ။

➥ Download Here

https://drive.google.com/file/d/1XJ9ogX9Hfkwb2STh1adEdcRW4BrOhlN4/view?usp=drivesdk

➖

#ဒို့ခေတ်လူငယ်မဂ္ဂဇင်း #အမှတ်၄
#ဆောင်းပါး

( သရုပ်ဖော် - Antheni )

🔥 အခြမ်းပျောက်စားသောက်ဆိုင် 🔥➖▪️ Story by Lu Latt▪️ Illustrated by Morris John➖📲📰 | အပြည့်အစုံကို ဒို့ခေတ်လူငယ်မဂ္ဂဇင်း ...
03/04/2023

🔥 အခြမ်းပျောက်စားသောက်ဆိုင် 🔥

➖

▪️ Story by Lu Latt
▪️ Illustrated by Morris John

➖

📲📰 | အပြည့်အစုံကို ဒို့ခေတ်လူငယ်မဂ္ဂဇင်း အမှတ် (၄) တွင် အခမဲ့ ဖတ်ရှုနိုင်ပါပြီ။

Download Link :

https://drive.google.com/file/d/1XJ9ogX9Hfkwb2STh1adEdcRW4BrOhlN4/view?usp=drivesdk

➖

#ဒို့ခေတ်လူငယ်မဂ္ဂဇင်း #အမှတ်၄

| ဝလုံးဝိုင်းဝိုင်းမရေးဖြစ်တဲ့ည |◾ ရှာလွန်ဒီအကြောင်း ပြောဖြစ်ဖို့ဆို ကျွန်တော် အချိန်တော်တော် ကြာကြာ ယူရလိမ့်မယ်။ သိပ်တေ...
28/03/2023

| ဝလုံးဝိုင်းဝိုင်းမရေးဖြစ်တဲ့ည |

◾ ရှာလွန်

ဒီအကြောင်း ပြောဖြစ်ဖို့ဆို ကျွန်တော် အချိန်တော်တော် ကြာကြာ ယူရလိမ့်မယ်။ သိပ်တော့စိတ်မပူပါနဲ့။ အိုင်းစတိုင်း ပြောသလို ကြာချိန်ဆိုတာ တယောက်နဲ့ တယောက် သိပ်တူညီလေ့ မရှိကြဘူးလေ၊ ဟုတ်တယ်မှတ်လား။ အဲ့အဆိုကိုလည်း ခင်ဗျား လက်မခံချင်လည်း ရတယ်နော်။ ကိစ္စ မရှိဘူး။ ဇာတ်ကြောင်းပြောသူရဲ့ လက်တွေ့မဆန်တဲ့ ကမ္ဘာထဲ ခင်ဗျားလိုက်ပါဖို့ တွေးလိုက်ရင်တော့ ခင်ဗျားကို အဆုံးထိ ဆွဲခေါ် သွားနိုင်ရင် ကြာချိန်ဆိုတာ ပျောက်သွားမှာပဲ။

ဘယ်ကစရမလဲလို့ တွေးလိုက်တိုင်း အိမ်နားက မူကြိုကလေးကို ဝလုံးရေးသင်တာကို ပြန်တွေးမိသဗျ။ သူ့စာအုပ်လေးထဲမှာ ဝလုံးလေး တလုံး ဝိုင်းဝိုင်းလေး ရေးပေးထားတာကို မြင်တော့ 'အဲ့ဝလုံး ကဘယ်နေရာက စရေးတာလဲ' တဲ့လေ။ 'ဝလုံးဆို အောက်ကစရေး၊ သုညဆိုအပေါ်ကစရေး ဘာညာတွေကို ရှင်းပြမနေတော့ဘူး ဆိုပြီး ကလေးအတွေးကို ခပ်ပေါ့ပေါ့ သဘောထားလိုက်မိတော့ အဆင်ပြေတဲ့နေရာကစရေး ကိုယ်စတဲ့နေရာကို ပြန်ထိအောင်ရေးရင် ရပြီလို့ ပြောထားလိုက်တယ်။ အတော်ကြာလို့ တမျက်နှာပြည့်တော့ သူယူလာပြတဲ့ ဗလာစာအုပ်မှာ ဝလုံးတွေ အပြည့်နဲ့ပါလာတယ်။ ဒါပေမဲ့ ပြဿနာက ဝလုံးတွေအားလုံးက ဝိုင်းမနေပဲ ရေစက်လိုမျိုး တနေရာရာမှာ ချွန်နေတဲ့ ပုံသဏ္ဌာန်တွေ ရေးလာတယ်။ ချွန်တဲ့အပိုင်းကလည်း ပုံသေမဟုတ်ဘူး။ တချို့နေရာမှာ အပေါ်မှာချွန်၊ တချို့ကျ ဘေးချွန်၊ တလုံးကိုတမျိုးနဲ့ အဲ့လို နေရာမျိုးစုံ ချွန်နေတဲ့ ဝလုံးလေးတွေ မြင်တော့ ကလေးလက်ရေးမို့ ဖြစ်နိုင်တယ်လို့ တွေးမိတာပေါ့။

အဲ့တော့ ဝလုံးလေးတွေကို ဘာလို့ ရေစက်လို ချွန်ချွန်လေး ဖြစ်နေတာလဲ မေးလိုက်တော့ 'ဝလုံးကလုံးနေရင် သူစတဲ့နေရာကို ရှာရခက်မှာဆိုးလို့ စတဲ့နေရာကိုသိအောင် စမှတ်ကိုချွန်ထား လိုက်တာ' တဲ့။

မဆီမဆိုင်တာတွေ ပြောနေတာတော့ မဟုတ်ပေမဲ့ အဲ့ကလေး ပြန်သင်ပေးတဲ့ ဝလုံးရေးနည်းလို ကျွန်တော့်ဘဝရဲ့ ဝလုံးဆန်ဆန် အပြောင်းအရွှေ့က လုံးဝန်းတဲ့အထဲ မပါဝင်တော့ ခပ်ချွန်ချွန်လေး ဖြစ်နေတဲ့ နေရာလေးကပဲ စလိုက်ဖို့ တွေးမိတယ်။

➖

📲🛑 | အပြည့်အစုံကို ဒို့ခေတ်လူငယ်မဂ္ဂဇင်း အမှတ် (၄) တွင် အခမဲ့ ဖတ်ရှုနိုင်ပါပြီ။

Download Link :

https://drive.google.com/file/d/1XJ9ogX9Hfkwb2STh1adEdcRW4BrOhlN4/view?usp=drivesdk

➖

#ဒို့ခေတ်လူငယ်မဂ္ဂဇင်း #အမှတ်၄
#ဝတ္ထုတို

( သရုပ်ဖော် - PTM )

📰 ဒို့ခေတ်လူငယ် မဂ္ဂဇင်း အမှတ် (၄) ကို အခမဲ့ ဒေါင်းလုတ်ခ်ရယူ ဖတ်ရှုနိုင်ပြီ ဖြစ်ပါကြောင်း➖အောက်ပါလင့်ခ်တွင် ဒေါင်းလုတ်ခ်...
27/03/2023

📰 ဒို့ခေတ်လူငယ် မဂ္ဂဇင်း အမှတ် (၄) ကို အခမဲ့ ဒေါင်းလုတ်ခ်ရယူ ဖတ်ရှုနိုင်ပြီ ဖြစ်ပါကြောင်း

➖

အောက်ပါလင့်ခ်တွင် ဒေါင်းလုတ်ခ်ရယူပါ။

➥ Download Here

https://drive.google.com/file/d/1XJ9ogX9Hfkwb2STh1adEdcRW4BrOhlN4/view?usp=drivesdk

➖

🏷️ ဒို့ခေတ်လူငယ် မဂ္ဂဇင်းသည် လက်ရှိအချိန်အထိ အမှတ်စဉ် (၄) ခု ထွက်ရှိထားပါသည်။

🏷️ နောက်ဆုံး အမှတ်စဉ် ဖြစ်လာမည့် ဒို့ခေတ်လူငယ် မဂ္ဂဇင်း အမှတ် (၅) ကို လာမည့် မေလတွင် DKLN Book Club Page ၌ အခမဲ့ ဖြန့်ချိသွားမည် ဖြစ်ပါသည်။

➖

#ဒို့ခေတ်လူငယ် #မဂ္ဂဇင်း
#အမှတ်၄

🚨 ယနေ့ည အရောင်းပိတ်သိမ်းပါပြီ 🚨➖✅ အခြမ်းပျောက် စားသောက်ဆိုင်✅ Graphic Novel✅ eBook Version ✅ စာမျက်နှာ - ၆၆✅ ရောင်းဈေး -...
24/03/2023

🚨 ယနေ့ည အရောင်းပိတ်သိမ်းပါပြီ 🚨

➖

✅ အခြမ်းပျောက် စားသောက်ဆိုင်
✅ Graphic Novel
✅ eBook Version
✅ စာမျက်နှာ - ၆၆
✅ ရောင်းဈေး - ၁၀၀၀ ကျပ်
✅ အရောင်းကာလ - March (3) - (24)

လူလတ်၏ ဝတ္ထုတိုတပုဒ်ကို
Morris John သရုပ်ဖော် ရေးဆွဲသည်။

➖

ယခု Graphic Novel ကို
သီးသန့် အထူးထုတ် ဗားရှင်းအဖြစ်
အမှတ်တရ ဝယ်ယူ
သိမ်းဆည်းလိုသူများ အတွက်
ယနေ့ည နောက်ဆုံးထား၍
DKLN Book Club Page တွင်
လာရောက် ဝယ်ယူ
အားပေးနိုင်ပါပြီ ✨

Details -

https://m.facebook.com/story.php?story_fbid=579263497467091&id=100061503363992&mibextid=Nif5oz

➖


#ဖတ်ရင်းကူပါ

| လိပ်တစ်​ကောင်၏ စွန့်စားခန်း |➖လိပ်ဟာ အိမ်တစ်လုံးကို သူ့​နောက်မှာ သယ်တယ်။ သူဟာ အိမ်လည်းဖြစ်သလို အိမ်မှာ​နေတဲ့သူလည်း ဖြစ...
23/03/2023

| လိပ်တစ်​ကောင်၏ စွန့်စားခန်း |

➖

လိပ်ဟာ အိမ်တစ်လုံးကို သူ့​နောက်မှာ သယ်တယ်။ သူဟာ အိမ်လည်းဖြစ်သလို အိမ်မှာ​နေတဲ့သူလည်း ဖြစ်တယ်။

တကယ်​တော့ အခွံ​အောက်မှာ အခန်း​လေးတစ်ခန်းရှိတယ်။ သူက အခန်းထဲမှာ အတွင်းခံနဲ့ပဲ​​နေပြီး ခုံ​ပေါ်မှာ ထိုင်​လေ့ရှိတယ်။ အခန်းရဲ့ အခြားတစ်ဖက်က ကြမ်းပြင်မှာ ထိန်းချုပ်ဖို့ လီဗာ​ချောင်း​​တွေ ​အတန်းလိုက် ရှိတယ်။ အဲ့မှာ လိပ်က သူ့အိမ်ရဲ့ ​ခြေ​ထောက်​တွေကို ထိန်းချုပ်တယ်။

များ​သောအားဖြင့် လိပ်ဟာ လိပ်ခွံထဲမှာပဲ​နေပြီး ခုံ​​ပေါ်မှာ ဖ​ယောင်းတိုင် မီး​လေးနဲ့ ကတ်သ​လောက်​တွေ ဖတ်​နေ​လေ့ရှိတယ်။ ​မေးကို ဘယ်ဘက်နဲ့​ထောက်လိုက် ညာဘက်​ပြောင်းထောက်လိုက်။ ဘယ်ဘက်ကို တမင်​ခွေထိုင်လိုက် ညာဘက်​ပြောင်းလိုက်။ ​နောက် သူသန်းတယ်၊ ပြီး လက်နှစ်ဖက်​ပေါ် ​မေးတင် အိပ်တယ်။

သူ့အိမ်ကို က​လေးတစ်​ယောက်က လာကိုင်တာ ခံစားမိရင်၊ သူ ဖ​ယောင်းတိုင်ကို ငြှိမ်းလိုက်ပြီး လီဗာ​တွေနား​ပြေးတယ်။ ​ခြေ​ထောက်တွေကို ထိန်းချုပ်ပြီး လွတ်​မြောက်​အောင် ကြိုးစားတယ်။

မလွတ်နိုင်​တော့ရင် သူ​ ​ခြေ​ထောက်​တွေကို ပြန်သိမ်းလိုက်တယ်။ အရိပ်တကြည့်ကြည့်နဲ့ ​စောင့်တယ်။ က​လေး​တွေက ​ပေါ့ကြတယ်၊ သူ့တို့လွတ်လိုက်တာနဲ့ သူ့အိမ်ကို လုံခြုံတဲ့​နေရာ ပြန်​ရွေ့နိုင်မှာ ​သေချာတယ်။ အဲကျ သူ ဖ​ယောင်းတိုင် ပြန်ထွန်းမယ်။ ကတ်သ​လောက်​တွေ မအိပ်ချင်ခင်အထိ ထပ်ဖတ်မယ်။ ပြီး​တော့ သူ့​ခေါင်းကို လက်နှစ်ဖက်​ပေါ် ချအိပ်မယ်။ သူ့အိမ်ကို​ နောက်ထပ် က​လေးတစ်​ယောက် လာမကိုင်ခင် အထိ​ပေါ့...။

Russell Edson
The Adventures of a Turtle

ဘာသာပြန်သူ - ရိုင်စင်းရာ

➖

#ဒို့ခေတ်လူငယ်မဂ္ဂဇင်း #အမှတ်၄
#ဘာသာပြန်ကဗျာ

💎 Available on DKLN Book Club 💎➖✅ အခြမ်းပျောက် စားသောက်ဆိုင်✅ Graphic Novel✅ eBook Version ✅ စာမျက်နှာ - ၆၆✅ ရောင်းဈေး -...
16/03/2023

💎 Available on DKLN Book Club 💎

➖

✅ အခြမ်းပျောက် စားသောက်ဆိုင်
✅ Graphic Novel
✅ eBook Version
✅ စာမျက်နှာ - ၆၆
✅ ရောင်းဈေး - ၁၀၀၀ ကျပ်
✅ အရောင်းကာလ - March (3) - (24)

လူလတ်၏ ဝတ္ထုတိုတပုဒ်ကို
Morris John သရုပ်ဖော် ရေးဆွဲသည်။

➖

🌟 Limited Collector Item

အခြမ်းပျောက် စားသောက်ဆိုင်
ရုပ်ပြဝတ္ထုကို
သီးသန့် အထူးထုတ် ဗားရှင်းအဖြစ်
အမှတ်တရ ဝယ်ယူ
သိမ်းဆည်းလိုသူများ အတွက်
ရောင်းဈေး ၁၀၀၀ ကျပ် ဖြင့်
ဒို့ခေတ်လူငယ် ‌ေပ့ချ်တွင်
ဝယ်ယူ ဖတ်ရှုနိုင်ပါပြီ။

🌟 အထူးထုတ် မျက်နှာဖုံး နဲ့တကွ
behind the scenes ပုံကြမ်းများ၊
work in progress ပုံများ၊
သက်ဆိုင်သူများရဲ့
အမှတ်တရ စကားများပါ
ပါဝင် ထည့်သွင်းထားပြီး
သတ်မှတ်ကာလ အတွင်း
Limited edition အနေနဲ့သာ
ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

➖


#ဖတ်ရင်းကူပါ

🏷️ ဘားမားခရိုနီကယ် ရုပ်ပြစာအုပ်မှ➖
13/03/2023

🏷️ ဘားမားခရိုနီကယ် ရုပ်ပြစာအုပ်မှ

➖

တိုက်ပွဲမှာချွန်မြစွာတောင်းဆိုနိုင်ဘို့ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်ချီတက်လာတဲ့ အာဇာနည်လေးရေ ...ခွပ်ဒေါင်းရဲ့ တစ်ကြောင...
11/03/2023

တိုက်ပွဲမှာ
ချွန်မြစွာတောင်းဆိုနိုင်ဘို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ ...
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစဉ်ကိုထမ်း
ရာဇဝင်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့ ...
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ။

#တာရာမင်းဝေ

| အခြမ်းပျောက်စားသောက်ဆိုင် |◾ Story by Lu Latt◾ Illustrated by Morris John➖💟 အပြည့်အစုံကို ဒို့ခေတ်လူငယ် မဂ္ဂဇင်း အမှတ်...
08/03/2023

| အခြမ်းပျောက်စားသောက်ဆိုင် |

◾ Story by Lu Latt
◾ Illustrated by Morris John

➖

💟 အပြည့်အစုံကို
ဒို့ခေတ်လူငယ် မဂ္ဂဇင်း အမှတ် (၄) တွင်
ဝယ်ယူ ဖတ်ရှုနိုင်ပါပြီ -

https://m.facebook.com/story.php?story_fbid=578904474169660&id=100061503363992&mibextid=Nif5oz

➖

💟 Graphic Novel သီးသန့်
အထူးထုတ် ဖတ်ရှုလိုသူများ အတွက် -

https://m.facebook.com/story.php?story_fbid=579263497467091&id=100061503363992&mibextid=Nif5oz

➖

#ဒို့ခေတ်လူငယ်မဂ္ဂဇင်း #အမှတ်၄

#အခြမ်းပျောက်စားသောက်ဆိုင်

🛎️ အသိပေးကြေညာခြင်း 🛎️➖ဒို့ခေတ်လူငယ် မဂ္ဂဇင်းဟာစတင် ထွက်ရှိခဲ့တဲ့ ၂၀၂၁ စက်တင်ဘာကစလို့နှစ်လ တကြိမ် ပုံမှန် ထုတ်ဝေနေတာ ဖြစ...
04/03/2023

🛎️ အသိပေးကြေညာခြင်း 🛎️

➖

ဒို့ခေတ်လူငယ် မဂ္ဂဇင်းဟာ
စတင် ထွက်ရှိခဲ့တဲ့
၂၀၂၁ စက်တင်ဘာကစလို့
နှစ်လ တကြိမ် ပုံမှန် ထုတ်ဝေနေတာ ဖြစ်ပြီး
ယခုလမှာ
အမှတ်စဉ် (၄) အထိ
ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

➖

🟨 ကြေညာစရာ တခုကတော့
လာမယ့် မေလမှာ ထွက်ရှိမယ့်
မဂ္ဂဇင်း အမှတ် (၅) ဟာ
ဒို့ခေတ်လူငယ်ရဲ့
နောက်ဆုံး အမှတ်စဉ်
နောက်ဆုံး မဂ္ဂဇင်း ဖြစ်လာတော့မယ့်
အကြောင်းပါပဲ။

🟨 အမှတ်စဉ် (၅) ထွက်ရှိပြီးတဲ့အခါ
ဒို့ခေတ်လူငယ် မဂ္ဂဇင်းကို
အပြီးတိုင် ရပ်နားသွားတော့မှာပါ။

🟨 ဒါကြောင့်
နောက်ဆုံး အကြိမ်ထုတ်
ဒို့ခေတ်လူငယ် မဂ္ဂဇင်းကို
အသပ်ရပ်ဆုံး ကွာလတီနဲ့ တကွ
လူတိုင်း အခမဲ့ ဖတ်ရှုနိုင်ဖို့
အမှတ်တရ အနေနဲ့
ပေ့ခ်ျမှာ ဖရီး (Free) တင်ပေးသွားမှာ
ဖြစ်ပါတယ်။

🟨 မကြာမီမှာလည်း
ဒို့ခေတ်လူငယ် မဂ္ဂဇင်း အတွက်
နောက်ဆုံးအကြိမ် စာမူခေါ်ယူခြင်း
ရောက်ရှိလာပါတော့မယ်။

➖


#အသိပေးကြေညာခြင်း

🚨 Limited Collector Item 🚨➖✅ အခြမ်းပျောက် စားသောက်ဆိုင်✅ Graphic Novel✅ eBook Version ✅ စာမျက်နှာ - ၆၆✅ ရောင်းဈေး - ၁၀၀၀...
03/03/2023

🚨 Limited Collector Item 🚨

➖

✅ အခြမ်းပျောက် စားသောက်ဆိုင်
✅ Graphic Novel
✅ eBook Version
✅ စာမျက်နှာ - ၆၆
✅ ရောင်းဈေး - ၁၀၀၀ ကျပ်
✅ အရောင်းကာလ - မတ်လ (၃) ရက်​နေ့မှ (၂၄) ရက်​နေ့ထိ

လူလတ်၏ ဝတ္ထုတိုတပုဒ်ကို
Morris John သရုပ်ဖော် ရေးဆွဲသည်။

➖

အခြမ်းပျောက် စားသောက်ဆိုင်
ရုပ်ပြဝတ္ထုကို
သီးသန့် အထူးထုတ် ဗားရှင်းအဖြစ်
အမှတ်တရ ဝယ်ယူ
သိမ်းဆည်းလိုသူများ အတွက်
DKLN's Collector Item တခု အနေနဲ့
ရောင်းချပေးသွားတော့မှာ
ဖြစ်ပါတယ် ✨

ရောင်းဈေး ကျပ် ၁၀၀၀ သာ
သတ်မှတ်ထားပြီး
အီးဘွတ်ခ် ဗားရှင်းအဖြစ်
စာမျက်နှာ ၆၆ မျက်နှာတိတိကို
ပါဝင် ဖတ်ရှုခံစားနိုင်မှာပါ 💟

➖

ယခု ရုပ်ပြဝတ္ထုဟာ
ဒို့ခေတ်လူငယ်မဂ္ဂဇင်း အမှတ် (၄) မှာလည်း
စဆုံး ပါဝင်ပြီးသား ဆိုတော့
အထူးထုတ် ဗားရှင်းမှာ
ဘာတွေ ပိုထူးခြားမှာလဲ❓❔

🌟 behind the scenes တွေဖြစ်တဲ့
- ပြုလုပ်ခဲ့စဥ်က ပုံကြမ်းများ
- မပြီး​သေး​သော work in progress ပုံများ

🌟 အထူးထုတ် မျက်နှာဖုံး နဲ့တကွ
သက်ဆိုင်သူများရဲ့ အမှတ်တရ စကားများပါ
ပါဝင် ထည့်သွင်းထားပြီး

🌟 သတ်မှတ်ကာလအတွင်း
Limited edition အနေနဲ့သာ
ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

➖

အရောင်းကာလက
မတ်လ (၃) ရက်နေ့မှ (၂၄) ရက်နေ့ထိသာ
ဖြစ်ပြီး ယခု တကြိမ်တည်းသာ ရောင်းချမှာပါ။

💥 ထပ်မံရောင်းချသွားဖို့ မရှိ‌ပါ 💥

➖

ဝယ်ယူဖတ်ရှု အားပေးချင်တယ် ဆိုရင်တော့
DKLN Book Club Page သို့
တိုက်ရိုက် ဆက်သွယ် ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။

➖


#ဖတ်ရင်းကူပါ

📰 အမှတ်စဉ် (၄) အထိ ရောက်ရှိခဲ့ပြီ ဖြစ်တဲ့ ဒို့ခေတ်လူငယ် မဂ္ဂဇင်း➖စက်တင်ဘာလမှာ အမှတ် (၁) စတင်ထွက်ရှိခဲ့ပြီး(၂) လ တကြိမ် ပ...
02/03/2023

📰 အမှတ်စဉ် (၄) အထိ ရောက်ရှိခဲ့ပြီ ဖြစ်တဲ့ ဒို့ခေတ်လူငယ် မဂ္ဂဇင်း

➖

စက်တင်ဘာလမှာ
အမှတ် (၁) စတင်ထွက်ရှိခဲ့ပြီး
(၂) လ တကြိမ် ပုံမှန် ထုတ်ဝေနေတဲ့
ဒို့ခေတ်လူငယ်မဂ္ဂဇင်းဟာ
ယခုလမှာတော့ အမှတ်စဉ် (၄) အထိ
ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မတ်လထုတ်
ဒို့ခေတ်လူငယ်မဂ္ဂဇင်း အမှတ် (၄) ရဲ့
မာတိကာကို ဖော်ပြလိုက်ရပါတယ်။

➖


#ဖတ်ရင်းကူပါ

📰 ဒို့ခေတ်လူငယ်မဂ္ဂဇင်း အမှတ် (၄) ထွက်ပြီ➖- မတ်လထုတ် - အသစ်စက်စက် - ဒို့ခေတ်လူငယ် မဂ္ဂဇင်း- အီးဘွတ်ခ် ဗားရှင်းကို- ငွေကျ...
01/03/2023

📰 ဒို့ခေတ်လူငယ်မဂ္ဂဇင်း အမှတ် (၄) ထွက်ပြီ

➖

- မတ်လထုတ်
- အသစ်စက်စက်
- ဒို့ခေတ်လူငယ် မဂ္ဂဇင်း
- အီးဘွတ်ခ် ဗားရှင်းကို
- ငွေကျပ် ၁၀၀၀ ဖြင့်
- ဝယ်ယူဖတ်ရှု အားပေးနိုင်ပါပြီ။

➖

ဒီတခေါက် မဂ္ဂဇင်း အမှတ် (၄) မှာတော့

- ဝတ္ထုတို၊
- ဝတ္ထုလတ်၊
- အခန်းဆက် ဝတ္ထုရှည်၊
- သရုပ်​ဖော် ဝတ္ထု ၊
- အင်တာဗျူး၊
- အက်​ဆေး၊
- ဆောင်းပါး၊
- တမျက်နှာ ရုပ်ပြ၊
- ဘာသာပြန် ကဗျာ၊
- ဘာသာပြန် ဝတ္ထု၊
- အင်္ဂလိပ် ကဗျာ၊
- အင်္ဂလိပ် ဝတ္ထု စတဲ့ စာပေကဏ္ဍအစုံအလင်ကို တဝကြီး ဖတ်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

➖

💟 မဂ္ဂဇင်း ဖတ်ရှုရင်း လိုအပ်နေသည့် နေရာများ အတွက်လည်း အားဖြည့် ကူညီနိုင်မှာပါ 💟

➖

- ဝယ်ယူဖတ်ရှုလိုပါက DKLN Book Club Page သို့ တိုက်ရိုက် ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

- ဝယ်ယူအားပေးဖို့ တစုံတရာ အခက်အခဲရှိပါက အခမဲ့ လာရောက် တောင်းယူဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

➖


#ဖတ်ရင်းကူပါ

ကမ္ဘာစောင့်နတ်၏ သက်တမ်းကုန်နေသော တန်ခိုးများ➖သဗ္ဗုဒ္ဓေဂါထာကို ညစဉ် ရွတ်ဖတ်ရန်အမေဖြစ်သူက ဖုန်းဆက်ပြောသောအခါသားဖြစ်သူသည်အန...
25/02/2023

ကမ္ဘာစောင့်နတ်၏ သက်တမ်းကုန်နေသော တန်ခိုးများ

➖

သဗ္ဗုဒ္ဓေဂါထာကို ညစဉ် ရွတ်ဖတ်ရန်
အမေဖြစ်သူက ဖုန်းဆက်ပြောသောအခါ

သားဖြစ်သူသည်
အနီးရှိ အဆင်းနီသော သောကြာကြယ်ကို
ကြည့်ကာ ပြုံးစိစိရှိလေသည်။

#နေနွယ်ဦး
#ဂစ်တာအပေါ်ကဓားမွှန်းရာများ

Address


Website

Alerts

Be the first to know and let us send you an email when Read & Donate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Read & Donate:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share