Political Post - Online News

  • Home
  • Political Post - Online News

Political Post - Online News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Political Post - Online News, Media/News Company, .

17/04/2022
Breaking Newsစစ်တပ်နှင့် AA တို့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရဧပြီ ၁၃ ရက်၊...
13/04/2022

Breaking News

စစ်တပ်နှင့် AA တို့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရ

ဧပြီ ၁၃ ရက်၊ ၂၀၂၂

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝက်ခေါင်းကျေးအနီးတွင် စစ်တပ်နှင့် AAတို့ နှစ်ဖက် ထိတွေ့တိုက်ပွဲများဖြစ်ပွါးနေကြောင်း ဒေသခံများက ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် မြေပုံမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသည့် မြေပုံ- မင်းပြားကားလမ်းမပေါ်ရှိ ဝက်ခေါင်းကျေးရွာအနီး-တောင်ဖက်အစ၏ ဆေးခန်းတစ်ခုအနီးတွင် စစ်တပ်နှင့် AAတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မြန်မာ စစ်တပ်ဖက်က မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်ကတည်းက အင်အား ၃၀ ခန့်က တပ်စွဲအထိုင်ချထားသည့်နေရာကို ယခု AA ဖက်က ဝင်ရောက်လာရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းမြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက Western News ကိုပြောသည်။

အဆိုပါ နှစ်ဖက်ပစ်ခတ်မှုသည် ပစ်ခတ်မှုတာရှည်ဖြစ်ပွါးခြင်းမဟုတ်ဘဲ ပစ်ခတ်မှုနှင့် လက်နက်ကြီးအသံတစ်ချို့ ကြားရပြီး လက်ရှိအချိန်တွင် ပစ်ခတ်မှုများ ရပ်စဲသွားကြောင်း ဦးဖေသန်းက ဆက်လက်ပြောသည်။

ယင်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မကြားရသေးကြောင်း တိုက်ပွဲဖြစ်ပွါးခဲ့သည့်နေရာများတွင် ဒေသခံများ အပြင်မထွက်ရဲဘဲ နှစ်ဖက် လက်နက်ကိုင်အဖွဲ့များက အဆိုပါ နေရာများတွင် နေရာယူထားကြောင်း ဒေသခံများက ပြောဆိုသည်။

Western News-WN

ဧပြီလ ၁၂၊ ၂၀၂၂မြန်မာပြည်သူများအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုကိုယ်စား မြန်မာနှစ်သစ်ကူးမှာ ဆုတော...
11/04/2022

ဧပြီလ ၁၂၊ ၂၀၂၂

မြန်မာပြည်သူများအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုကိုယ်စား မြန်မာနှစ်သစ်ကူးမှာ ဆုတောင်းပေးစာ ထုတ်ပြန်ထားသည်ကို တွေ့ရပါတယ်။

Political Post Admin ကဆီလှျော်အောင် ဘာသာပြန်တင်ပြပေးလိုက်ပါတယ်။
______________________________

"မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလမှာ မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ကျနော်က ဆုတောင်းပေးလိုက်ပါတယ်။

သင်္ကြန်ပွဲဆိုတာ နှစ်ဟောင်းက အဖြစ်သနစ်ဆိုးတွေကို ဆေးကြောသုဒ်သင်ကြတဲ့ အခါသမယတခုလည်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းကတည်းက မြန်မာပြည်သူများဟာ စိတ်တောင်မကူးရဲတဲ့ ဆင်းရဲဒုက္ခတွေကို တောင့်ခံရင်း အံ့ဩလောက်တဲ့သတ္တိတွေကိုပြလျှက် စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ ဆန့်ကျင်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာဆိုရင် မြန်မာပြည်သူများနှင့်အတူဆက်လက်ရပ်တည်ပေးမှာဖြစ်ပြီး စစ်အာဏာသိမ်းမှုအပြင် စစ်အာဏာရှင်ကျူးလွန်ထားသော ပြစ်မှုများနဲ့ ပတ်သက်ဆက်နွယ်မှုများကိုလည်း ဆက်လက်ပြီးတိုးမြှင့်အရေးယူဆောင်ရွက်နေဦးမှာဖြစ်ပါတယ်။ ၎င်းအပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒီမိုကရေစီအပြည့်အဝရရှိရေးနှင့် ငြိမ်းချမ်းရေးကို ခိုငိခိုင်မာမာရရှိနိုင်ရေးတို့အတွက် လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရန် မြန်မာနိုင်ငံအား ပေးထားသောကတိအတိုင်း မယိမ်းမယိုင် ကူညီပေးသွားမှာလည်းဖြစ်ပါတယ်။

ခက်ခဲကျပ်တည်းတဲ့လက်ရှိကာလမှာ ကျနော်တို့(အမေရိကန်ပြည်ထောင်စု)ရဲ့ နွေးထွေးသော နှုတ်ခွမ်းဆက်သပ်ခြင်းကိုလည်း လက်ခံပေးစေလိုပါတယ်။

အန်တိုနီ ဂျေ ဘလင့်ကင်
နိုင်ငံခြားရေးဝန်ကြီး "
_________________________________

ရက္ခိုင့်တပ်တော်(၁၃)နှစ်ပြည့်အခန်းအနားသို့ သဝဏ်လွှာပေးပို့ကြသည့် လက်နက်ကိုင်အဖွဲ့များအား ULA/AA က ကျေးဇူးတင်ကြောင်း ထုတ်...
10/04/2022

ရက္ခိုင့်တပ်တော်(၁၃)နှစ်ပြည့်အခန်းအနားသို့ သဝဏ်လွှာပေးပို့ကြသည့် လက်နက်ကိုင်အဖွဲ့များအား ULA/AA က ကျေးဇူးတင်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်တွင် သဝဏ်လွှာပေးပို့ကြသည့်တချို့အဖွဲ့များမှာ အမည်ဖော်ပြရန် စောနေသေးကြောင်းလည်း သတိပေးသည့်အနေဖြင့် ဖော်ပြထားတာတွေ့ရပါတယ်။ ULA/AA ၏ကျေးဇူးတင်လွှာမှာ__________

ရက္ခိုင်အမျိုးသားအဖွဲချုပ်

၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း (၁၀) ရက်
၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်

ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၃) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားသို ညီနောင်မဟာမိတ်အဖွဲဝင်များဖြစ်ကြသည့် PSLF/TNLA ၊ MNTJP/MNDAA တိုအပြင် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးမှ မွေးဖွားလာသော တော်လှန်ရေးအဖွဲအစည်းအချိုနှင့် အမည်ဖော်ပြရန်စောနေသေးသော အဖွဲအစည်းအချိုမှ ပေးပိုလာကြသည့် သဝဏ်လွှာများကို လက်ခံရရှိပါသည်။

သဝဏ်လွှာများပေးပိုကြသော အဖွဲအစည်းများအားလုံးကို မိမိတို ULA/AA မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။

ရက္ခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော်

Source: Khaing Thu Kha, Photo from Wiki

Photo: Laymro Media Group
10/04/2022

Photo: Laymro Media Group

(၁၃) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားသို့  ပေးပို့လာသော သဝဏ်လွှာများကို တစ်စုတစည်းတည်း တင်ပြခြင်း။ Sourcs: Wester...
10/04/2022

(၁၃) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကို တစ်စုတစည်းတည်း တင်ပြခြင်း။

Sourcs: Western News

ရက္ခိုင့်တပ်တော် (၁၃)နှစ်ပြည့် အခန်းအနားသို့ လူထုတော်လှန်ရေးမဟာမိတ်၊ မကွေးက ကျေးဇူးတင်ကြောင်း သဝဏ်လွှာပို့
10/04/2022

ရက္ခိုင့်တပ်တော် (၁၃)နှစ်ပြည့် အခန်းအနားသို့ လူထုတော်လှန်ရေးမဟာမိတ်၊ မကွေးက ကျေးဇူးတင်ကြောင်း သဝဏ်လွှာပို့

10/04/2022

ကျဆုံးရုရှားစစ်သားများကို မိသားစု မြေမြှုပ်၊ စစ်သားအများအပြားကျဆုံးဟု ရုရှားဝန်ခံ

World News

ယူကရိန်းမှာ ကျဆုံးခဲ့တဲ့ ရုရှားတပ်သားတချို့ရဲ့ အလောင်းတွေကို မိသားစုဝင်တွေက ဧပြီ ၁၈ မှာ မြေမြှုပ်ခဲ့ပြီး ရုရှားစစ်တပ်က သေနတ်ပစ်ဖောက် ဂုဏ်ပြုခဲ့ပါတယ်။
ရုရှားအစိုးရက ယူကရိန်းစစ်ပွဲမှာ တပ်သားအများအပြား ကျဆုံးခဲ့တယ်လို့ ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။
http://burmese.dvb.no/archives/526694

Source: DVB

ရက္ခိုင့်တပ်တော်(၁၃)နှစ်ပြည့် အခန်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရက္ခိုင့်တပ်တော်နှင့်ရခိုင်လူထုအတွက် ဆုတောင်းသ...
10/04/2022

ရက္ခိုင့်တပ်တော်(၁၃)နှစ်ပြည့် အခန်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရက္ခိုင့်တပ်တော်နှင့်ရခိုင်လူထုအတွက် ဆုတောင်းသဝဏ်လွှာပို့။

Source: DMG

AAကိုအတုယူပြီး AAလျှောက်ခဲ့တဲ့လမ်းနဲ့ PDFသွားနေတဲ့ လမ်းက ရထားတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်လို့ ကရင်အမျိုးသားအစည်းရုံး KNUအဖ...
10/04/2022

AAကိုအတုယူပြီး AAလျှောက်ခဲ့တဲ့လမ်းနဲ့ PDFသွားနေတဲ့ လမ်းက ရထားတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်လို့ ကရင်အမျိုးသားအစည်းရုံး KNUအဖွဲ့ဝင်ဟောင်း ပဒိုမန်းငြိမ်းမောင်ပြော။

Local News

လက်ရှိ အာဏာသိမ်းပြီးနောက် ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံး KNUအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ရဲ့ အမြင်ကို ဆက်သွယ်မေးမြန်းရာမှာတော့။
”AAကိုအတုယူပြီး AAလျှောက်ခဲ့တဲ့လမ်းနဲ့ PDFသွားနေတဲ့ လမ်းက ရထားတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်လို့ ကရင်အမျိုးသားအစည်းရုံး KNUအဖွဲ့ဝင်ဟောင်း ပဒိုမန်းငြိမ်းမောင်က ပြောဆိုလိုက်ပါတယ်။

”AAလျှောက်ခဲ့တဲ့နိုင်ငံရေး လမ်းကြောင်းက နိုင်ငံတကာ ဥပဒေနဲ့လည်းညီမျှတယ် အမြင်မတူတဲ့သူတွေကို AAကပစ်ခတ်တာမျိုး လုပ်ကြံတာမျိုးမရှိဘူး သူတို့တော်လှန်ရေးကို ထိခိုက်စေတဲ့လူအနည်းစုကိုသာ သူတို့ကထိန်းသိမ်းခဲ့တာ သတိပေးခဲ့တာပဲရှိတယ် အဲဒါလည်း ၁၀ ယောက်မပြည့်ဘူးလို့ ဆိုပါတယ်။

”AAအပေါ် နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်မတော်က ကမ္ဘာ့ခုန်ရုံးထိသွားပြီး AAအဖွဲ့ကို အကြမ်းဖက်အဖွဲ့ပုံစံသွင်းခဲ့တယ် ဒါပေမယ့် ဘယ်နိုင်ငံကမှတော့ ဒါကိုထောက်ခံတာမျိုးမရှိဘူး ဘာကြောင့်လဲဆို AAခေါင်းဆောင်ပိုင်းတွေက ကမ္ဘာ့ ဥပဒေတွေကို ကောင်းကောင်းနားလည်တယ် ကမ္ဘာကသတ်မှတ်ထားတဲ့ စစ်ဥပဒေကိုလည်း AAက အတတ်နိုင်ဆုံးလိုက်နာခဲ့တယ် ဒါကြောင့် AAက နိုင်ငံတကာမှာကော မျက်နှာပန်းလှခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ကပြောပါတယ်။

”လက်ရှိ AAကို အတုယူပြီး PDFသွားနေတဲ့လမ်းက AAသွားခဲ့တဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ လုံးလုံးမတူဘူး ဘာကြောင့်လဲဆိုရင် လက်ရှိPDFအဖွဲ့က သူနဲ့အမြင်မတူတဲ့သူ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေကိုပါ လုပ်ကြံပစ်ခတ်တာမျိုးရှိတယ် ဒါတွေက ဘယ်သူမှ လက်မခံဘူး စစ်ဘက်အချင်းချင်း တိုက်ခိုက်တာက အကြောင်းမဟုတ်ပေမယ့်”

စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေကို အမျိုးမျိုးစွပ်စွဲပီး လုပ်ကြံနေတာတွေဟာ ကမ္ဘာ့ဘယ်နိုင်ငံကမှ လက်မခံသလို ကမ္ဘာဥပဒေမှာလည်း ဒီလိုလုပ်ရမယ်လို့မရှိဘူး” အစပိုင်းမှာ ဒါတွေကို ကမ္ဘာကမသိလို့သာ နေလိမ့်မယ်” နောက်ပိုင်းဒါတွေကျူးလွန်တာ သိလာရင်တော့ PDFအတွက် အခြေနေမကောင်းဘူးလို့ ဆိုပါတယ်။
စစ်တပ်က ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ခဲ့ရင် ဒါက စစ်တပ်ကျူးလွန်တဲ့ကိစ္စမို့ စစ်တပ်က တာဝန်ရှိတဲ့သူတွေကို အချိန်တန်ရင် ကမ္ဘာက အရေးယူမယ့်သူကပေါ်လာမှာပဲ။

”ဒါကို PDFက စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေ၊ ပညာရေးဝန်တမ်းတွေကို လုပ်ကြံတဲ့အပြင်၊ ကျောင်းနေကလေးတွေ စာမေးပွဲဖြေတဲ့ ကလေးတွေကိုပါ ခြိမ်းခြောက်လာတယ်”
”ဒါကမလုပ်သင့်သလို ဘယ်ကမ္ဘာ့ဥပဒေမှလည်း လက်အခံဘူး ကျုပ်ဒီလိုပြောလို့ အနီတွေ ကျုပ်ကိုဝေဖန်လိမ့်မယ် ကျုပ်ပြောတာမှားတယ်ထင်ရင် NUGခေါင်းဆောင်ကို ကမ္ဘာ့ဥပဒေချုပ်ရုံးကိုသွားခိုင်းပြီး PDFအခုလိုလုပ်နေတာတွေဟာ အမှန်တရားလားလို့မေးခိုင်းလိုက် ကမ္ဘာကဒါကို လက်ခံမလား လက်မခံဘူးလားဆိုတာ အဖြေပေါ်လိမ့်မယ်လို့ ပဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။
”ကျနော်ထင်တယ် PDFကိုဦးဆောင်နေတဲ့ NUGခေါင်းဆောင်တွေ ကမ္ဘာ့ဥပဒေကို အနည်းအကျင်းတောင်လေ့လာထားတဲ့သူတွေ မပါလောက်ဘူးထင်တယ်”
ကျုပ်ပေးချင်တဲ့ အကြံက NUGအနေနဲ့ ကမ္ဘာကသတ်မှတ်ထားတဲ့ ဥပဒေတွေကို လေ့လာဖို့ပြောချင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံး ကျောင်းနေကလေးတွေရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာတာက မဖြစ်သင့်ဆုံးပဲ ဒီပညာရေးဝန်တမ်းတွေ ဒီကျောင်းသားတွေဆိုတာက ဒေါ်စုလက်ထက်ကတည်းက ပြည်သူတွေပါ စစ်တပ်အာဏာသိမ်းမှ ပေါ်ပေါက်လာတဲ့သူတွေမဟုတ်ဘူးလို့ဆိုပါတယ်။

နောက်ဆုံး”PDFအဖွဲ့ရဲ့ ဗရမ်းဗတာ လုပ်ကြံမှုမှာ ဘာမဆိုင်တဲ့ နိုင်ငံရေးဆိုတာ ဘာမှန်းမသိတဲ့ ရန်ကုန်ရောက်နေတဲ့ ရခိုင်လူမျိုးတွေအချို့ပစ်ခတ်ခံရတဲ့အထဲမှာ ပါဝင်နေတယ် ကျနော်တို့ တွေ့ရတဲ့အချက်အလက်အရ PDFအဖွဲ့ရဲ့ ပစ်ခတ်မှုမှာ ရခိုင်လူမျိုး ၅ယောက်လောက်ဖြစ်သွားပြီလို့ သိရှိရကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ဒါတွေ ကျူးလွန်တဲ့သူတွေကို အရေးယူသင့်တယ် စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေ ဘယ်သူ့ကိုမဆို မလုပ်သင့်ဘူး ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဒီလိုလုပ်တာကိုတော့ ကျနော်တို့ ကန့်ကွက်ကြောင်း၊ ကရင်အမျိုးသားအစည်းရုံး KNUအဖွဲ့ဝင်ဟောင်း ပဒိုမန်းငြိမ်းမောင်က ပြောဆိုလိုက်ပါတယ်။

Source: Hein Min Khaing

ရက္ခိုင့်တပ်တော် (၁၃)နှစ်ပြည့် တပ်တော်နေ့အခန်းအနားသို့ မဟာမိတ်များနှင့် ပြည်တွင်းလက်နက်ကိုင်တပ်များမှ ပေးပို့လာသော ဂုဏ်ပ...
10/04/2022

ရက္ခိုင့်တပ်တော် (၁၃)နှစ်ပြည့် တပ်တော်နေ့အခန်းအနားသို့ မဟာမိတ်များနှင့် ပြည်တွင်းလက်နက်ကိုင်တပ်များမှ ပေးပို့လာသော ဂုဏ်ပြုသဝဏ်လွှာများ

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲဘော်များ ရကခိုင့်တပ်တော် AA ထံမှ အခြေခံစစ်သင်တန်း သင်ယူခဲံပြီး ကျောင်းသားလက်ရုံတပ်က...
10/04/2022

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲဘော်များ ရကခိုင့်တပ်တော် AA ထံမှ အခြေခံစစ်သင်တန်း သင်ယူခဲံပြီး ကျောင်းသားလက်ရုံတပ်ကို ၂၀၂၁ ခုနှစိတွင်ဖွဲ့စည်းခဲ့ဟု ဆို။

သထုံထွေအုပ်ရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအတွက် ဆန်တစ်အိတ်နှင့်ဆီတစ်ပုံး ဂါ၀ရပြုသည်ဟုဆိုကာ လာထားသွားပြီး ယင်းလက်ဆောင်မ...
10/04/2022

သထုံထွေအုပ်ရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအတွက် ဆန်တစ်အိတ်နှင့်ဆီတစ်ပုံး ဂါ၀ရပြုသည်ဟုဆိုကာ လာထားသွားပြီး ယင်းလက်ဆောင်များအတွင်းမှ ဗုံးပေါက်ကွဲ၊ ရဲ ၂ ဦးထိခိုက်ပြီး ရုံးပြိုကျ

ရန်ကုန်၊ ဧပြီ ၁၀

မွန်ပြည်နယ်၊ သထုံခရိုင်ထွေအုပ်ရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ နယ်အုပ်ချုပ်‌ရေးမှူးအတွက် ဆန်အိတ်တစ်အိတ်နှင့် ဆီတစ်ပုံလာထားသွားပြီး ယင်းလက်ဆောင်များအတွင်းမှ ဗုံးပေါက်ကွဲကာ ရဲ ၂ ဦး အပြင်းအထန်ထိခိုက်ပြီး ရုံးပြိုကျသွားကြောင်း သိရှိရသည်။

သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန် ဗုံးပေါက်ကွဲပြီး ရဲ ၂ ဦးထိခိုက်သွားကာ ရုံးပါပြိုကျသွားခြင်းဖြစ်သည်ဟု သိရှိရသည်။

"သထုံခရိုင် ထွေအုပ်ရုံး ဗုံးကွဲတာက ရဲ ၂ ဦးထိခိုက်သွားတယ်။ ဖြစ်ပုံက လူ ၁ ဦးက ရုံးဝင်းအတွင်းကို ဆန်အိတ် ၁ နှင့် ဆီ ၁ ပုံး လက်ဆွဲလာပြီး မြို့နယ်အုပ် ချုပ်ရေးမှူး ကို လာရောက်ဂါရဝပြုတာ၊ သူက ဒီမှာထားခဲ့ပါလို့ ပြောလို့ လာထားခြင်းဖြစ်တယ်ပြောပြီး ပြန်ထွက်သွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို လာရောက်ဂါရဝပြုလက်ဆောင်ဆိုတော့ ဘယ်သူကမှ မတားရဲကြဘူး။ အဲဒီလက်ဆောင်ထဲကနေ ဗုံးကွဲတာ။ ရဲ ၂ ဦးထိတာ ဒဏ်ရာပြင်းတယ်။ ရုံးကတော့ ပြိုကျသွားပြီ" ဟု သထုံမြိုု့နယ်ရဲသတင်းရင်းမြစ်က ပြောသည်။

ULA/ AA က လာမည့် ဧပြီလ ၅ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု ကြားသိရ။ Sources: Western News-WN
01/04/2022

ULA/ AA က လာမည့် ဧပြီလ ၅ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု ကြားသိရ။

Sources: Western News-WN

13/03/2022

နိုင်ငံတကာ
ယူကရိန်းနဲ့ ရုရှား ဆွေးနွေးပွဲ တိုးတက်မှုမရ
၁၀ မတ်၊ ၂၀၂၂
ဗွီအိုအေ (မြန်မာဌာန)
[[Zawgyi/Unicode]]

ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် တူရကီနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးမှုဟာ တိုးတက်မှုတစုံတရာမရဘဲ ပြီးဆုံးသွားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“အပစ်အခတ်ရပ်စဲရေးကိစ္စအတွက် ဆွေးနွေးခဲ့ကြပေမယ့် တိုးတက်မှုမရခဲ့ပါဘူး။” လို့ တူရကီနိုင်ငံ၊ Antalya မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံဆွေးနွေးအပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ဆွေးနွေးပွဲဟာ ခက်ခဲကြောင်းနဲ့ ရုရှားဘက်က ဆွေးနွေးတဲ့အကြောင်းအရာတွေဟာ အရင်ကထက် ထူးခြားပြောင်းလဲမှု မရှိဘူးလို့လည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က စွပ်စွဲ ပြောဆိုပါတယ်။

ယူကရိန်းဘက်က လက်မြှောက် အရှုံးပေးခဲ့ခြင်းမရှိသလို နောင်မှာလည်း အရှုံးပေး မှာမဟုတ်ဘူးလို့ ဝန်ကြီး Dmytro Kuleba က ပြောပါတယ်။

ယူကရိန်းအရေးနဲ့ဆက်နွယ်ပြီး အနောက်အုပ်စုနိ်ုင်ငံတွေနဲ့ နျူကလီယားစစ်ပွဲဖြစ်နိုင်သလားလို့ သတင်းထောက်တွေက မေးတာမှာတော့ နျူကလီယားစစ်ဖြစ်မယ်လို့ သူမထင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တာ သီတင်း နှစ်ပတ်ကျော်ကြာလာပြီး အသက်ဆုံးရှုံးမှုတွေ တနေ့တခြား များပြားလာနေသလို ယူကရိန်းက ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက် ၂ သန်းကျော်လာနေချိန်မှာ နှစ်ဘက် ပြေလည်မှုတွေ ရရှိရေး အတွက် တူရကီနိုင်ငံက ကြားဝင်ပြီး တွေ့ဆုံ ဆွေးနွေးမှုကို စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
#ယူကရိန်း #ရုရှား #တူရကီ #တွေ့ဆုံဆွေးနွေးမှု #ဗွီအိုအေ
==============

[[Unicode]]

10 မတ်၊ 2022
ဗွီအိုအေ (မြန်မာဌာန)
မျှဝေပါ

Print

https://burmese.voanews.com/a/ukraine-russiainvasion-voaburmese-ယူကရိန်း-ရုရှား-တူရကီ-တွေ့ဆုံဆွေးနွေးမှု-ဗွီအိုအေ-/6478321.html

နရိဉ္ဇရာရခိုင်တွင် ချဲ (ခေါ်)နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်တစ်ခုလိုဦးမ...
06/03/2022

နရိဉ္ဇရာ

ရခိုင်တွင် ချဲ (ခေါ်)နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်တစ်ခုလိုဦးမည်ဟု ULA/ AA ပြော

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မတ် ၆ / ၂ဝ၂၂

ရခိုင်တွင် ချဲ (ခေါ်)နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်တစ်ခုလိုဦးမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/ AA)၏ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

“အခု စပ်ကူးမတ်ကူးကာလမှာ ကျနော်တို့က ပြည်သူ့လုံခြုံရေးကိစ္စကိုပဲ အဓိက ဦးစားပေးပြီးတော့ လုပ်နေရတယ်ဆိုတော့ လောလောဆယ် ဒီကိစ္စတွေကို ကိုင်တွယ်ဖို့၊ နောက်ပြီးတော့ မူးယစ်ဆေးဝါးကိစ္စတွေကိုကိုင်တွယ်ဖို့အတွက်ကတော့ ကျနော်တို့ အချိန်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ပြီးတော့ ကျနော်တို့ ဖြေရှင်းဖို့လိုပါမယ်လို့ ကျနော်ကတော့ ဖြေကြားလိုပါတယ်”ဟု ပြောသည်။

ယမန်နေ့ မတ်လ ၅ ရက် နံနက်ပိုင်းက အွန်လိုင်းမှပြုလုပ်သည့် ULA/AA ၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏မေးမြန်းမှုကို ဦးခိုင်သုခက ယခုကဲ့သို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ယခုလိုကြားကာလအတွင်း ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာကိစ္စများကို ဦးစားပေးဆောင်ရွက်နေရသော်လည်း ယခုကဲ့သို့ နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါးပြဿနာများကို ULA/AA က ဖြေရှင်းရမည့်ဇယားထဲတွင် ထည့်ထားပြီးသား၊ ရှိပြီးသားဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။

အဆိုပါကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ULA/ AA အနေဖြင့် အချိန်တစ်ခုယူရဦးမည်ဟုဆိုသော်လည်း မည်သည့်နှစ်နှစ်အတွင်း ပပျောက်အောင်လုပ်မည်ဆိုသည့် Plan တစ်ခုချထားရန်လိုအပ်သည်ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“အချိန်ယူမယ်ဆိုတိုင်း အချိန်ယူတာဟာ ဘယ်နှစ်နှစ်ယူမလဲ။ ဘယ်နှစ်ရက်ယူမလဲ။ ဘယ်နှစ်နှစ်အတွင်းမှာ ပပျောက်အောင်လုပ်မလဲ။ သို့တည်းမဟုတ် ဘယ်လိုမျိုး ဖြေရှင်းမလဲဆိုတာတော့ Plan တစ်ခုချထားဖို့လိုမယ်ပေါ့။ ရှိနေဖို့လိုမယ်လို့ ပြောချင်တယ်”ဟု ပြောသည်။

ယခုကိစ္စများကို ဖြေရှင်းရန်မှာ အစိုးရသော်လည်းကောင်း၊ ULA/ AA သော်လည်းကောင်း ဒိုင်ကြီးများထံမှ အခွန်အတုတ်များကို နိုင်ငံ့ဝင်ငွေတစ်ခုအဖြစ် ကြီးကြီးမားမားကောက်ခံသင့်သည်ဟုလည်း ဦးခိုင်ကောင်းစံက အကြံပြုသည်။

ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် ကျေးလက်တောရွာများတွင် တရားဥပဒေစိုးမိုးမှုအားနည်းချက်ကို အခွင့်ကောင်းယူကာ ယခုနောက်ပိုင်း ချဲ(ခေါ်) နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများသည် တစ်နေ့တခြားတွင်ကျယ်လျက်ရှိနေသည့်အတွက် စာရိတ္တများပျက်ယွင်းကာ လူမှုစီးပွားဘဝများ ပျက်စီးလျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

တစ်ဘက်တွင်လည်း ULA/AA ၏ နယ်မြေမှူးများက လိုင်းကြေးများကောက်ခံကာ အဆိုပါလောင်းကစားနှင့် မူးယစ်ဆေးဝါးများကို ရောင်းချအသုံးပြုခွင့်ပေးထားသလားဟုလည်း ဒေသခံများက မေးခွန်းထုတ်နေကြသည်။

ယင်းကဲ့သို့မေးခွန်းထုတ်နေကြမှုအပေါ် ULA/ AA ပြောခွင့်ရသူ ဦးခိုင်သုခက လိုင်းကြေးများကောက်ခံမှုများလည်းမရှိသလို ကောက်ခံခွင့်လည်း ပေးမထားဟု သတင်းထောက်များကိုပြောခဲ့သည်။
--------------------------
Zawgyi -

ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး ရုရှားရဲ့ ထိုးစစ်ကို ခုခံနိုင်တဲ့ ယူကရိန်းလျှို့ ဝှက် ချက် (သို့မဟုတ်) ခိုင်မာအားကောင်းသော အ...
06/03/2022

ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး ရုရှားရဲ့ ထိုးစစ်ကို ခုခံနိုင်တဲ့ ယူကရိန်းလျှို့ ဝှက် ချက် (သို့မဟုတ်) ခိုင်မာအားကောင်းသော အရပ်ဘက်အဖွဲ့အစည်း

By Orysia Hrudka

စစ်အင်အားအဆင့်သတ်မှတ်ချက်အရ ရုရှားနိုင်ငံက ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံးစစ်တပ်ကို ပိုင်ဆိုင်ထားပါတယ်။ စာရွက်ပေါ်က ယူကရိန်းရဲ့ စစ်ရေးအသုံးစရိတ်က စင်္ကာပူထက်ပင် နည်းပါးနေတယ်လို့The Economist ကခန့်မှန်းရေးသားပါတယ်။

အခုလို အကန့်အသတ်တွေရှိပေမဲ့ ရုရှားကျူးကျော်မှုစတင်လိုက်တဲ့အချိန်မှာပဲ ယူကရိန်းစစ်တပ်က ရုရှားတွေ မူလစီစဥ်ထားတဲ့အတိုင်း စစ်အင်အား အလုံးအရင်းသုံးပြီး အချိန်တိုအတွင်း သိမ်းပိုက်နိုင်မယ့်အစီအစဥ် Blitzkrieg Plan ကို အထမမြောက်အောင် ပြန်လည်ခုခံလို့နေပါတယ်။ အခုလိုမျိုး တောင့်ခံနိုင်နေတာ ဘာကြောင့်ပါလဲ။

အဖြေရဲ့တစ်စိတ်တစ်ပိုင်းကတော့ ယူကရိန်းလူမျိုးတွေရဲ့ အင်မတန် အားကောင်းတဲ့ ကိုယ်ပိုင်စုဖွဲ့မှု၊ စုစည်းနိုင်မှုတို့ကြောင့်ပါပဲ။ ရုရှားက စစ်ပွဲစတင်လိုက်ပြီး ချက်ချင်းဆိုသလို ယူကရိန်းနိုင်ငံသား အများအပြားက ယူကရိန်းကာကွယ်ရေးအတွက် မိမိနဲ့သင့်တော်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေလာကြပါတယ်။

ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်ပြီးနှစ်ရက်အတွင်း ယူကရိန်းစစ်တပ်နဲ့ ပူးပေါင်းသူ နိုင်ငံသားတစ်သိန်းကျော်ရှိလာပြီး အများစုကတော့ နယ်မြေကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပါဝင် လာကြတာဖြစ်ပါတယ်။

အလားတူ အရပ်သားတွေကလည်း ၎င်းတို့ရဲ့နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်တိုက်ရာမှာ အသုံးပြုတဲ့ ပိုက်ကွန်တွေယက်ပေးတာ၊ ဓာတ်ဆီပုလင်းဗုံးတွေကို ပြုလုပ်ပေးတာမျိုးတွေနဲ့ ကူညီပေးကြပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က Kharkiv Oblast မြို့မှာ အမျိုးသမီးတစ်ဦးက သံချပ်ကာယာဉ်တစ်စီးကို ဓာတ်ဆီပုလင်းဗုံးနဲ့ ပစ်ပေါက်ပြီး မီးရှို့ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာလည်း လူထုက ဓာတ်ဆီပုလင်းဗုံးတွေ ၊ထောင်ချောက်တွေပြုလုပ်ပြီး ရုရှားတင့်ကားတွေကို ရှေ့မဆက်နိုင်အောင် တားဆီးခဲ့ကြပါတယ်။

ချက်ချင်းဆိုသလိုပဲ သွေးလှူဖို့အစီအစဥ်တွေ စတင်လုပ်ဆောင်သူတွေရှိလာပြီး ယူကရိန်းထဲက ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ရုရှားနိုင်ငံသားတွေသိအောင် လူမှုကွန်ရက်စာမျက်မှာတွေနဲ့ ဝက်ဆိုဒ်တွေကနေ သတင်းစကားပါးနိုင်ဖို့ လုပ်ဆောင်ကြသူတွေလည်း ရှိပါတယ်။ အချို့ကလည်း တယ်လီဂရမ်နဲ့ ဗိုက်ဗာတို့ကတစ်ဆင့်ပြုလုပ်လာတဲ့ ဝါဒဖြန့်မှုတွေကို ပိတ်ဆို့တားဆီးတာမျိုးတွေ လုပ်ဆောင်လာကြပါတယ်။

တိုက်ပွဲတွေနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာဆိုရင် လူထုက ဒုက္ခသည်တွေအတွက် နေအိမ်တွေရှာဖွေပေးတာမျိုးတွေ ၊ ကျောင်းတွေနဲ့ အခြားအဆောက်အအုံတွေကို လူနေထိုင်နိုင်ဖို့ ပြန်လည်ဖွဲ့စည်းပြီး ကူညီပေးတာမျိုးတွေလည်းရှိပါတယ်။ ဥပမာအားဖြင့်၊ Lviv မြို့မှာရှိတဲ့ Les Kurbas ပြဇာတ်ရုံကို စစ်မြေပြင်နဲ့နီးတဲ့နေရာက ဒုက္ခသည်တွေကို နေရာချထားနိုင်ဖို့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းတာမျိုးတွေ ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ယူကရိန်းနိုင်ငံသားတွေက ယူကရိန်းတပ်မတော်ရဲ့ စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ပန်ကြားချက်တွေကိုလည်း တုံ့ပြန်ဆောင်ရွက်မျိုးတွေ ပြုလုပ်ပါတယ်။ ပန်ကြားချက်ဆိုတာက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေမျှဖို့၊ ရုရှားတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စစ်တပ်ထံ သတင်းပေးရတာမျိုးတွေလည်းရှိသလို အဲ့ဒါတွေနဲ့ ဆန့်ကျင်ဘက်အဖြစ် ယူကရိန်းစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို မည်သည့်နေရာကမျှ သတင်းမပေးဖို့ ပန်ကြားတာမျိုးတွေလည်းရှိပါတယ်။

ကျူးကျော်တဲ့အစောပိုင်းရက်တွေမှာ ယူကရိန်းအရပ်သားတွေက ရုရှားလေကြောင်း တိုက်ခိုက်မှုတွေကို ခြေရာခံဖို့ အဆောက်အအုံတွေနဲ့ လမ်းတွေကို အမှတ်အသားလုပ်ပြီး အဲ့ဒီနေရာတွေကို အာဏာပိုင်တွေ တိုက်ခိုက်နိုင်ဖို့ သတင်းပေးပို့ကြပါတယ်။

UkrAvtoDor လို့ခေါ်တဲ့ ယူကရိန်းအစိုးရလမ်းဌာနကလည်း ရုရှားကျူးကျော်သူတွေ အကျွမ်းတဝင်မရှိတဲ့နယ်မြေမှာ အခက်တွေ့စေဖို့ အနီးအနားမှာရှိတဲ့လမ်းညွှန်တွေကို ဖျက်သိမ်းဖို့ လမ်းအဖွဲ့အစည်းတွေ၊ ဒေသခံတွေ၊ ဒေသန္တရအစိုးရတွေနဲ့ ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဝန်ကြီး ဖွဲ့စည်းထားတဲ့ အိုင်တီစစ်တပ်ရဲ့ နည်းပညာကျွမ်းကျင်သူတွေဟာ ဖေဖော်ဝါရီ ၂၆-၂၈ ရက်နေ့တွေမှာ ရုရှား၏ အကြီးဆုံးဘဏ်နှစ်ခု၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ မော်စကိုစတော့အိတ်ချိန်း၊ ရုရှားဒီဂျစ်တယ်ငွေကြေးလဲလှယ်မှု၊ FSB ဝက်ဘ်ဆိုဒ်နဲ့ အခြားဆိုဒ်များကို ဖြုတ်ချခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာ ယူကရိန်းတွေ တားဆီးပိတ်ပင်ခဲ့တဲ့ ရုရှားဝါဒဖြန့်သမားတွေရဲ့ဖုန်းနံပါတ်တွေလည်း ပေါက်ကြားခဲ့ပါတယ်။

ဘာသာပြန်တွေကလည်း စကားပြန်တွေအဖြစ် စေတနာ့ဝန်ထမ်း ဝင်လုပ်ကြပါတယ်။ ကျူးကျော်မှုမစတင်ခင် ယူကရိန်းကို ပြောင်းရွေ့လာတဲ့ ရုရှားအမျိုးသားတွေနဲ့ အဖျက်အမှောင့်အုပ်စုတွေအဖြစ် လက်ရှိလုပ်ကိုင်နေသူတွေနဲ့ ပတ်သတ်ပြီး သတင်းပို့ဖို့ အိမ်ခြံမြေအကျိုးဆောင်တွေကို သတိပေးထားပါတယ်။

တော်လှန်ရေး အခင်းအကျင်းကြီးတစ်ခုလုံးကို ကြည့်ရင် လူတစ်ဦးချင်းစီရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက် တစ်ခုချင်းစီတိုင်းက သေးငယ်ပြီး အနည်းငယ်သာ ထင်သာမြင်သာ ရှိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း လူအများက သူတို့ကိုယ်သူတို့ အပြည့်အဝ မကူနိုင်သေးပါလားလို့ မှတ်ယူကြပြီး သေးငယ်တဲ့လုပ်ရပ်တွေတစ်ဆင့် သိသာမြင်သာတဲ့ လုပ်ငန်းတွေကို ပိုပိုပြီးလုပ်ဆောင်လာကြပါတယ်။

ပျားတွေလိုမျိုးစုဖွဲ့ထားတဲ့ ယူကရိန်းနိုင်ငံသားတွေဟာ မတူညီတဲ့ လမ်းကြောင်းတွေပေါ်မှာ ရွေ့လျားရင်း ဘုံရည်မှန်းချက်ကို ရောက်အောင် ဦးတည်လှုပ်ရှားနေကြပါတယ်။

သေချာတာကတော့ ရှင်းလင်းတဲ့ပန်းတိုင်မရှိဘဲ ယူကရိန်းနယ်မြေနဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာကိုဆန့်ကျင်ရမယ်၊ ဘာ့အတွက် ဆန့်ကျင်ရမယ်ဆိုတာနဲ့ပတ်သတ်ပြီး ယူကရိန်းနိုင်ငံသားတွေဟာ သမိုင်းကနေ သင်ယူခဲ့ပြီးဖြစ်ပါတယ်။ (ရုရှား)ကျူးကျော်တဲ့ ပထမနေ့မှာ ပြသခဲ့တဲ့ PEN Ukaine ရဲ့ ဗီဒီယိုမှာ စာရေးဆရာနှင့် ဂျာနယ်လစ် Tetiana Teren က အခုလိုပြောဆိုခဲ့ပါတယ်။

“ကျွန်တော့်အရင် ဒီနိုင်ငံမှာရှိသူတွေအကြောင်း မကြာခဏတွေးမိတယ်။ ကံမကောင်းလှတဲ့ ကျွန်တော်တို့ရဲ့ အတိတ်ကာလ၊ ဆိုဗီယက်အာဏာရှင်ခေတ်မှာ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက် ထောင်ပေါင်းများစွာဟာ ဆင်ဆာဖြတ်တောက်ခြင်း၊ ဖိနှိပ်ခြင်းနှင့် ကွပ်မျက်ခြင်းတွေကို ခံခဲ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရှေ့က လူတွေအကြောင်း၊ မလုပ်နိုင်ခဲ့တဲ့သူတွေ အကြောင်းစဥ်းစားပြီး အခုကျွန်တော်တို့အလုပ် လုပ်တဲ့အခါ အရင်ကထက် နှစ်ဆ၊ သုံးဆလောက် ကြိုးကြိုးစားစားလုပ်တယ်”

လွတ်လပ်တဲ့ယူကရိန်းနိုင်ငံမှာ သက်တမ်းနှစ် ၃၀ ရှိပြီဖြစ်တဲ့ ဒီမိုကရေစီအစိုးရက ဆိုဗီယက်ခေတ်မှာ ဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ပြုပြီး အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောင်းဆင်ခြင် သုံးသပ်စေပါတယ်။ ယူကရိန်းအနုပညာရှင်၊ စာရေးဆရာ၊ ပြဇာတ်ဆရာ၊ သမိုင်းဆရာတွေ ၊ အထူးသဖြင့် ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ ထူးခြားတဲ့ တင်ဆက်မှုတွေက တော်တော်လေး အာရုံဖမ်းစားနိုင်ခဲ့ပါတယ်။

စတာလင်ရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုလူတွေအားလုံးကို သတ်ဖြတ်ခံလိုက်တဲ့အချိန်မှာတော့ ယဉ်ကျေးမှုလှုပ်ရှားမှုရဲ့ လမ်းကြောင်းက ပြတ်တောက်သွားခဲ့ပါတော့တယ်။

သို့တိုင် ယူကရိန်းတက်ကြွလှုပ်ရှားသူနဲ့ပညာရှင်အများအပြားက ပြည်သူတွေဟာ တည်ငြိမ်အေးချမ်းနေတဲ့ ကာလတွေနဲ့မတူဘဲ အရေးကြီးတဲ့အခြေအနေတွေမှာ တမူထူးခြားတဲ့ နည်းလမ်းတွေနဲ့ ကိုယ်ပိုင်စုစည်းနိုင်တယ်ဆိုတာကို သတိပြုမိကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က Belarus အတိုက်အခံရုပ်သံလိုင်း Belsat Military ရဲ့အင်တာဗျူးတစ်ခုမှာ ယူကရိန်းသမ္မတ Olexiy Arestovych ရဲ့ ကျွမ်းကျင်သူနှင့် အကြံပေးပုဂ္ဂိုလ်ကို စစ်ရေးအတွေ့အကြုံမရှိတဲ့ နယ်မြေကာကွယ်ရေးတပ်တွေနဲ့ ယူကရိန်းနိုင်ငံမှာ ပြဿနာတွေရှိသလားလို့ မေးခွန်းထုတ်ခံရပါတယ်။

Arestovysh က အဲ့ဒီလိုပြဿနာတွေက ရှားပါးပြီး အရေးမပါသလောက် ဖြစ်နေတယ်လို့ တုံ့ပြန်ပါတယ်။ "ငြိမ်းချမ်းနေတဲ့အချိန်မှာ ယူကရိန်းနိုင်ငံသားတွေ စကားများ ရန်ဖြစ်နေကြပါတယ်။ ဒါပေမဲ့အခုချိန်မှာတော့ အပြန်အလှန် နားလည်မှုအပြည့်နဲ့ အားလုံး ပြန်လည်သင့်မြတ်လာပါပြီ” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“ယူကရိန်းနိုင်ငံသားနှစ်ဦးအတွက် တပ်မှူးသုံးဦးရှိသည်”ဆိုတဲ့ ယူကရိန်းစကားပုံတစ်ခုရှိပါတယ်။ ယူကရိန်းနိုင်ငံသားတွေဟာ အေးချမ်းသောအချိန်တွေမှာ ကိုယ်ပိုင်ဘဝနဲ့ သီးသန့်နေထိုင်ရတာမျိုးကို နှစ်သက်ကြပါတယ်။ အကောင်းဘက်ကကြည့်မယ်ဆိုရင် ဒီလိုအမူအကျင့်ရှိတဲ့သူတွေအတွက် ဗဟိုချုပ်ကိုင်မှုလျော့ချထားတဲ့ အစိုးရစနစ်သာလျှင် အကိုက်ညီဆုံးဖြစ်မှာပါ။ ဒါပေမဲ့ ပိုပြီးတည်ငြိမ်တဲ့အချိန်ကာလမှာ ဒီယူဆချက်အပေါ် လေ့လာဆန်းစစ်ဖို့ လိုအပ်နေပါသေးတယ်။

(Euromaidan Press သတင်းစာတွင်ဖော်ထားသော “A strong civil society: the secret to Ukraine’s resistance” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်)။

Copied

ညွန်ကြားချက်အရ ICJ ကိုယ်စားလှယ်အဖွဲ့အားထောက်ခံသည့် ဆိုင်းဘိုးများကို ရခိုင်က မြို့အချို့ရှိ ကြံ့ခိုင်ရေးပါတီရုံးရှေ့များ...
05/03/2022

ညွန်ကြားချက်အရ ICJ ကိုယ်စားလှယ်အဖွဲ့အားထောက်ခံသည့် ဆိုင်းဘိုးများကို ရခိုင်က မြို့အချို့ရှိ ကြံ့ခိုင်ရေးပါတီရုံးရှေ့များတွင် ထောင်

မတ် ၅ ၊ ၂၀၂၂

ICJ တရားရုံးတွင် မြန်မာနစကကောင်စီက သွားရောက်လျှောက်လဲခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံသော ဆိုင်းဘိုးများကို လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှ မြို့ ၆ မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့များတွင် ထောင်ထားပြီး ထိုသို့ထောင်ရခြင်းမှာ အထက်ညွှန်ကြားချက်အရဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

၎င်းဆိုင်းဘိုးများကို လက်ရှိ ထောင်ထားသော မြို့များမှာ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ မြောက်ဦး၊ ရမ်းဗြဲနှင့် ပုဏ္ဏားကျွန်းတို့ဖြစ်ကြပြီး မတ်လ ၂ ရက်နေ့ စတင်ပြီး တစ်မြို့ပြီး တစ်မြို့ထောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက "ပါတီဌာနချုပ်ကနေပြီးတော့ မြို့နယ်၊ ခရိုင်၊ ပြည်နယ်ရုံးတိုင်းမှာ ထောင်ကြပါဆိုပြီး ညွှန်ကြားထားလို့ ထောင်ထားပါ။ ဆိုင်းဘုတ်ထောင်ဖို့ စာသားတွေ ပုံတွေ ပို့ပေးတယ်။ ပြီးတော့ ဗီနိုင်းထုတ်ပြီး ကျနော်တို့ ထောင်လိုက်တာ" ဟု နိရဥ္စရာကိုပြောသည်။

အဆိုပါဆိုင်းဘိုးများတွင် “ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးဖြစ်သည့် ICJ တွင် တရားစွဲဆိုပိုင်ခွင့်မရှိ၊ အပြည်ပြည်ဆိုင်ရာတရားရုံးဖြစ်သည့်အတွက် တည့်မတ်မှု၊ တရားမျှတမှု၊ ဥပဒေကိုစံပြအလေးထားမှု အလိုရှိသည်”ဟု ရေးသားထားသည်။

အလားတူ အဆိုပါဆိုင်းဘိုးများတွင် “အပြည်ပြည်ဆိုင်ရာတရားရုံး ICJသည် ဂမ်ဘီယာနိုင်ငံ၏စွဲဆိုမှုကို စီရင်ဆုံံးဖြတ်ပိုင်ခွင့်မရှိ၊ နေရပ်စွန့်ခွာသူများ၏ သမိုင်းကြောင်းအမှန်နှင့်ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာက ကြားသိနိုင်ခဲ့ပြီဖြစ်သည် အစရှိသည့် လျှေက်လဲချက်များဖြင့် တရားမျှတမှု အတွက်ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာအတွက် ကြိုးပမ်း ဆောင်ရွက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံချစ်သူအားလုံးက အပြည့်အဝ ထောက်ခံပါသည်”ဟုလည်း ရေးသားပါရှိသည်ဟု သိရသည်။

ICJ ကိုယ်စားလှယ်အဖွဲ့အားထောက်ခံသည့် ဆိုင်းဘိုးများကို ရခိုင်တွင် ထောင်ထားလျှင်လည်း ရခိုင်ပြည်သူတို့၏ ထောက်ခံမှုကို အပြည့်အဝမရနိုင်ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးဖြစ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟာင်း ဦးဖေသန်းက နိရဥ္စရာကိုပြောသည်။

“ရခိုင်မှာ ဒီလိုမျိုး ဆိုင်းဘိုးထောင်ရုံလောက်နဲ့ ရခိုင်သားတွေရဲ့ထောက်ခံမှုကိုအပြည့်အဝ မရနိုင်ပါဘူး။ ရခိုင်တွေရဲ့သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းတွေက သီးသန့်နိုင်ငံရေးဖြစ်နေတဲ့အခါကျတော့ ရခိုင်သားတွေကို မဲဆွယ်နေစရာလည်းမလိုဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စစ်တပ်ကနယ်မြေရှင်းလင်းရေး လုပ်စဉ် မူဆလင်များကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဟုဆိုကာ မြန်မာစစ်တပ်ကို နယ်သာနိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံံက တရားလိုလုပ်ကာ ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။

ယင်းနောက် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် ICJ တရားရုံး၌ ပထမအကြိမ်ကြားနာခြင်းသို့ မြန်မာနိုင်ငံကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က သွားရောက် အမှုရင်ဆိုင်ခဲ့ကြသည်။

ယခု ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သဟိဂ်မြို့ရှိ ICJ တရားရုံတွင် ဒုတိယအကြိမ် ကြားနာရာသို့လည်း မြန်မာနိုင်ငံဘက်မှ နစကကောင်စီလက်အောက်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က သွားရောက်လျှောက်လဲခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာစဉ် ယခုကဲ့သို့ အားပေးထောက်ခံသည့်ဆိုင်းဘိုးများကို နိုင်ငံအနှံ့တွင် ထောင်လာကြခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်သည်ဟုဆိုကာ အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်တရားရုံးတွင်လည်း တရားစွဲထားသည်ဟု သိရသည်။

----------------------
Zawgyi -

ICJ ကိုယ်စားလှယ်အဖွဲ့အားထောက်ခံသည့် ဆိုင်းဘိုးများကို ရခိုင်က မြို့အချို့ရှိ ကြံ့ခိုင်ရေးပါတီရုံးရှေ့များတွင် ထောင်ရခြင်းမှာ အထက်ညွှန်ကြားချက်အရဟုဆို

မတ် ၅ ၊ ၂၀၂၂

ICJ တရားရုံးတွင် မြန်မာနစကကောင်စီက သွားရောက်လျှောက်လဲခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံသော ဆိုင်းဘိုးများကို လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှ မြို့ ၆ မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့များတွင် ထောင်ထားပြီး ထိုသို့ထောင်ရခြင်းမှာ အထက်ညွှန်ကြားချက်အရဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

၎င်းဆိုင်းဘိုးများကို လက်ရှိ ထောင်ထားသော မြို့များမှာ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ မြောက်ဦး၊ ရမ်းဗြဲနှင့် ပုဏ္ဏားကျွန်းတို့ဖြစ်ကြပြီး မတ်လ ၂ ရက်နေ့ စတင်ပြီး တစ်မြို့ပြီး တစ်မြို့ထောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက "ပါတီဌာနချုပ်ကနေပြီးတော့ မြို့နယ်၊ ခရိုင်၊ ပြည်နယ်ရုံးတိုင်းမှာ ထောင်ကြပါဆိုပြီး ညွှန်ကြားထားလို့ ထောင်ထားပါ။ ဆိုင်းဘုတ်ထောင်ဖို့ စာသားတွေ ပုံတွေ ပို့ပေးတယ်။ ပြီးတော့ ဗီနိုင်းထုတ်ပြီး ကျနော်တို့ ထောင်လိုက်တာ" ဟု နိရဉ္စရာကိုပြောသည်။

အဆိုပါဆိုင်းဘိုးများတွင် “ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးဖြစ်သည့် ICJ တွင် တရားစွဲဆိုပိုင်ခွင့်မရှိ၊ အပြည်ပြည်ဆိုင်ရာတရားရုံးဖြစ်သည့်အတွက် တည့်မတ်မှု၊ တရားမျှတမှု၊ ဥပဒေကိုစံပြအလေးထားမှု အလိုရှိသည်”ဟု ရေးသားထားသည်။

အလားတူ အဆိုပါဆိုင်းဘိုးများတွင် “အပြည်ပြည်ဆိုင်ရာတရားရုံး ICJသည် ဂမ်ဘီယာနိုင်ငံ၏စွဲဆိုမှုကို စီရင်ဆုံံးဖြတ်ပိုင်ခွင့်မရှိ၊ နေရပ်စွန့်ခွာသူများ၏ သမိုင်းကြောင်းအမှန်နှင့်ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာက ကြားသိနိုင်ခဲ့ပြီဖြစ်သည် အစရှိသည့် လျှေက်လဲချက်များဖြင့် တရားမျှတမှု အတွက်ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာအတွက် ကြိုးပမ်း ဆောင်ရွက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံချစ်သူအားလုံးက အပြည့်အဝ ထောက်ခံပါသည်”ဟုလည်း ရေးသားပါရှိသည်ဟု သိရသည်။

ICJ ကိုယ်စားလှယ်အဖွဲ့အားထောက်ခံသည့် ဆိုင်းဘိုးများကို ရခိုင်တွင် ထောင်ထားလျှင်လည်း ရခိုင်ပြည်သူတို့၏ ထောက်ခံမှုကို အပြည့်အဝမရနိုင်ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးဖြစ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟာင်း ဦးဖေသန်းက နိရဉ္စရာကိုပြောသည်။

“ရခိုင်မှာ ဒီလိုမျိုး ဆိုင်းဘိုးထောင်ရုံလောက်နဲ့ ရခိုင်သားတွေရဲ့ထောက်ခံမှုကိုအပြည့်အဝ မရနိုင်ပါဘူး။ ရခိုင်တွေရဲ့သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းတွေက သီးသန့်နိုင်ငံရေးဖြစ်နေတဲ့အခါကျတော့ ရခိုင်သားတွေကို မဲဆွယ်နေစရာလည်းမလိုဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စစ်တပ်ကနယ်မြေရှင်းလင်းရေး လုပ်စဉ် မူဆလင်များကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဟုဆိုကာ မြန်မာစစ်တပ်ကို နယ်သာနိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံံက တရားလိုလုပ်ကာ ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။

ယင်းနောက် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် ICJ တရားရုံး၌ ပထမအကြိမ်ကြားနာခြင်းသို့ မြန်မာနိုင်ငံကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က သွားရောက် အမှုရင်ဆိုင်ခဲ့ကြသည်။

ယခု ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သဟိဂ်မြို့ရှိ ICJ တရားရုံတွင် ဒုတိယအကြိမ် ကြားနာရာသို့လည်း မြန်မာနိုင်ငံဘက်မှ နစကကောင်စီလက်အောက်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က သွားရောက်လျှောက်လဲခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာစဉ် ယခုကဲ့သို့ အားပေးထောက်ခံသည့်ဆိုင်းဘိုးများကို နိုင်ငံအနှံ့တွင် ထောင်လာကြခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်သည်ဟုဆိုကာ အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်တရားရုံးတွင်လည်း တရားစွဲထားသည်ဟု သိရသည်။

Source: Narinajara News

Address

Website

Alerts

Be the first to know and let us send you an email when Political Post - Online News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share