Myanmar Werewolf Killer - MWK

  • Home
  • Myanmar Werewolf Killer - MWK

Myanmar Werewolf Killer - MWK Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Werewolf Killer - MWK, Gaming Video Creator, .

မော်ကွန်းသစ်တခု ကမ္ဘာပေါ်မှာ မြန်မာတွေ စိုက်ထူနိုင်ကြဖို့ အစားပုံမှန်စားပြီး အားမွေးကြမယ်။ ငါတို့တွေရဲ့ အနာဂတ်သစ်အတွက် စ...
27/06/2021

မော်ကွန်းသစ်တခု ကမ္ဘာပေါ်မှာ မြန်မာတွေ စိုက်ထူနိုင်ကြဖို့ အစားပုံမှန်စားပြီး အားမွေးကြမယ်။ ငါတို့တွေရဲ့ အနာဂတ်သစ်အတွက် စိတ်ဓါတ်ကြံ့ခိုင်ရမယ်။ အားတင်းထားပါ သူရဲကောင်းတို့
#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်

ယနေ့ဟာ မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခံလိုက်ရသည့် (၄)လပြည့်ခဲ့တဲ့နေ့လေးဖြစ်ပါတယ်။
11/06/2021

ယနေ့ဟာ မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခံလိုက်ရသည့် (၄)လပြည့်ခဲ့တဲ့နေ့လေးဖြစ်ပါတယ်။

မှောင်မိုက်တဲ့ညတွေပြီးရင် အာရုံဦးရဲ့ ရောင်နီအလင်းတန်းတွေရောက်လာမှာပါ။ အားမလျော့ပါနဲ့။ တို့တွေရောင်နီလာလို့တွေ့တဲ့အခါ စက...
11/06/2021

မှောင်မိုက်တဲ့ညတွေပြီးရင် အာရုံဦးရဲ့ ရောင်နီအလင်းတန်းတွေရောက်လာမှာပါ။ အားမလျော့ပါနဲ့။ တို့တွေရောင်နီလာလို့တွေ့တဲ့အခါ စကားတွေအများကြီးပြောကြမယ်။
#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်

အစားကိုပုံမှန်စားပြီး အိပ်ရေးဝဝအိပ်ပါနော်။ အားတင်းထားကြပါ။ ရင်ဖွင့်ချင်တာရှိရင် ရင်ဖွင့်ပေးပါ။ တနေ့ အေးချမ်းတဲ့ ပန်းတိုင...
10/06/2021

အစားကိုပုံမှန်စားပြီး အိပ်ရေးဝဝအိပ်ပါနော်။ အားတင်းထားကြပါ။ ရင်ဖွင့်ချင်တာရှိရင် ရင်ဖွင့်ပေးပါ။ တနေ့ အေးချမ်းတဲ့ ပန်းတိုင်ရောက်တဲ့အခါ တို့တွေဆုံပြီးစကားတွေအများကြီးပြောကြမယ်။
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
#အရေးတော်ပုံအောင်ရမည်

02/06/2021

Meeting with the leaders of Democracy Youth Council
Yesterday, the 1st of June 2021, H.E. Dr. Sasa, Union Minister of the Ministry of International Cooperation and Spokesperson of the National Unity Government of Myanmar, met with the leaders from the Democracy Youth Council of Myanmar and discussed the strategies of cooperation between the brave youths of Myanmar and the Youth from International institutions and bodies.

တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် မျှဝေလက်ကမ်းလက်ကူခဲ့ပါသည်။ (အိမ်ထောင်စု၉စုစာ) #အရေးတော်ပုံအောင်ရမည်  #စစ်အာဏာရှင်စနစ်မု...
16/05/2021

တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် မျှဝေလက်ကမ်းလက်ကူခဲ့ပါသည်။ (အိမ်ထောင်စု၉စုစာ)
#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်

26/04/2021

မင်းအောင်လှိုင်ကို ဘာလို့ မလှန်ရဲကြတာလဲ ။

အဓိကက သက်တော်စောင့် တပ်ဖွဲ့ကြောင့်ပါ။

အသက် 65 နှစ်အရွယ်ဗျာ ၊ လူလတ်ပိုင်းတစ်ယောက်ကို ဘယ်လိုလုပ် နိုင်မှာလဲ ။ ဒီတော့ သက်တော်စောင့်တပ်ဖွဲ့ထားရတယ် ။ ရှေ့ခြောက်စီး နောက်ခြောက်စီး ။ အများစုက ပညာသိပ်မတတ်တဲ့ အရာရှိမဟုတ်တဲ့ အခြားအဆင့်တွေ။

ဦးနေဝင်းရဲ့မြေးတွေ အာဏာသိမ်းဖို့ ကြိုးစားတုန်းက အမှားကြီးကျူးလွန်ခဲ့တာက လူအများကြီးလိုမယ်လို့ တွေးလိုက်တာဘဲ ။လူအများကြီး စည်းရုံးလိုက်တော့ သတင်းကပေါက်ကြားသွားတယ် ။ကာကွယ်ရေးဦးစီးချုပ်တွေ ဘယ်သွားသွား အယောက် 70 ကျော်လောက်ဘဲ ပါတာ ။

တခြားဗိုလ်ချုပ်ကြီးတွေ ယဉ်တန်းက အစောင့်တွေထည့်ပေါင်းမှ လူတစ်ရာလောက်ပေါ့ ။ တပ်မ တစ်မရဲ့ အင်အားက လူထောင်ချီတယ် ။ လက်နက်ကြီးတွေရှိတယ် ။

တကယ်က ဦးနေဝင်းမြေးတွေက တပ်မတစ်မရဲ့ တပ်မမှူးတစ်ယောက်နဲ့တင် အလုပ်ဖြစ်ပြီ။ ကိုယ့်နယ်မြေကို အပိုင်လုပ်ထားရင် ကာချုပ်ရဲ့ အစောင့်တွေမှာ ကျည်ပိုပါလဲ နည်းနည်းဘဲ ။ လက်နက်ကြီးတောင် ပါတာ မဟုတ်ဘူး။ အလွန်ဆုံးခံပစ်နိုင်ရင် နာရီဝက်ပေါ့ ။

တစ်ကယ်လို့ ခြေလွန်လက်လွန် ပစ်လိုက်လို့ အကုန်သေသွားတယ်ထားအုန်း ။ တခြားတပ်တွေကို အကုန်စည်းရုံးလို့ရတယ် ။ ဘာလို့လဲဆိုရင် ဒုတိယဗိုလ်ချုပ်ကြီးတွေမှာလက်ကိုင်တပ် မရှိလို့ဘဲ ။

အခုလိုအချိန်မှာဆို ပိုတောင်ကောင်းသေးတယ် ။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာလွှဲပေးလိုက် ပြည်သူ့သူရဲကောင်းတောင် ဖြစ်သေးတယ် ။

တကယ်တန်း လူရာချီ ထောင်ချီ တွေကို အုပ်ချုပ်နေတာက တပ်ရင်းမှူးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ဗိုလ်မှူးကြီး အဆင့်တွေပါ ၊ သူတို့အချင်းချင်းက အပြန်အလှန်အဆက်အသွယ်ရှိကြတယ် ။

တပ်ရင်းမှူးတွေ စုပြီးတောင် တပ်မမှူးတွေ၊တိုင်းမှူးတွေမက ကာချုပ်တွေကို အသာလေး ဖြုတ်ချလို့ရတယ် ။ တိုင်းတစ်တိုင်းမှာ ရှိတဲ့ အင်အားက တချို့တိုင်းတွေဆိုရင် အင်အားတော်တော်များတယ် ။

ကာချုပ်တွေက ဒါကိုသိလို့ သူတို့သွားပြီဆိုရင် တပ်မမှူးတွေကို အမြဲဘေးနားခေါ်ထားတာ ။ လက်နက်တွေလဲ ရှေ့တန်းက ပြန်လာတာနဲ့ လက်နက်တိုက်ကို တန်းပြန်အပ်ကြရတာ ။

အာဏာရှင်ဆိုတာ တကယ်တော့ သေနတ်သမားဘဲ ။ တစ်ကယ်က သူနဲ့သွားလေရာပါတဲ့ အစောင့်အဖွဲ့က သေးသေးလေး တော်တော်များများက မလုပ်ကြံရဲဘူး။ ဒါကြောင့်မလို့လဲ စစ်တိုင်းတွေအများကြီး ခွဲထားတာ ။

စစ်တိုင်းတစ်တိုင်းလောက်က ပုန်ကန်ရင် ကျန်တိုင်းတွေက ဝိုင်းတိုက်တာ ခံရနိုင်တယ်ဆိုတဲ့ ကြောက်စိတ်ကို သွင်းပေးထားတာ ။

တပ်ထဲမှာရောတရားမျှတမူရှိလားဆိုတော့ မရှိဘူး ။ လူကြီးက ရာထူးတိုးကို မှင်နီတားထားရင် ဘယ်တော့မှ ရာထူးမတိုးတော့ဘူး ။

နောက် စစ်အင်ဂျင်နီယာတွေ၊စစ်ဆရာဝန်တွေ ဘယ်တော့မှ အုပ်ချုပ်ရေးထဲ မထည့်ဘူး။ရာထူးကြီးကြီးမပေးဘူး ။

စစ်အင်ဂျင်နီယာတွေ၊စစ်ဆရာဝန်တွေသာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သွားရင် သူတို့နောင်ရေးစိတ်မအေးရတော့ဘူး ။ သူတို့အငြိမ်းစားယူသွားရင် ခိုင်းလို့မရတော့ဘူး ။

အခုက ဦးသန်းရွှေတို့ မိသားစုက မြန်မာနိုင်ငံကို ခြယ်လှယ်ထားတယ်လို့ပြောလို့ရတယ် ။

မင်းအောင်လှိုင်မရှိလဲ နောက်တစ်ယောက်တင်မှာဘဲ တင်လို့ရအောင် ဒုတိယဗိုလ်ချုပ်ကြီးတွေ အများကြီးခန့်ထားတယ်။

တိုင်းမှူးတွေကို လုပ်ချင်တိုင်း လုပ်လို့မရအောင် ။ ဒုတိယဗိုလ်ချုပ်ကြီးတွေများလေ အချင်းချင်း ပြိုင်ကြလေဘဲ ။ ဗိုလ်ချုပ်ကြီးရာထူးက ကောင်းတယ် ဒါပေမယ့် မျက်ခုံးလှုပ်ပြီး ရတဲ့ ရာထူးဖြစ်သွားတယ်။

ဘာလို့လဲဆိုရင် ကာချုပ်က အချိန်မရွေး ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက်ကို ခန့်နိုင်လို့ ။ ဒုတိယဗိုလ်ချုပ်ကြီးတွေအောက်မှာက တိုင်းမှူးတွေရှိတယ် ။ ဗိုလ်ချုပ်ကြီးအောက်မှာ တိုင်းမှူးမရှိတော့ တပ်မရှိဘူး ။ ရာထူးတော့ရှိတယ်တပ်မရှိတော့ ကာချုပ်ကို လှန်လို့မရဘူး။

တကယ်အာဏာအရှိဆုံးက တိုင်းမှူးဘဲ ။ ဒါပေမယ့် ဗိုလ်ချုပ်တွေ၊ဒုတိယဗိုလ်ချုပ်ကြီးတွေ အများကြီးခန့်ထားတော့ တိုင်းမှူးက သူ့ကိုယ်သူ အာဏာအရှိဆုံးဆိုတာ မစဉ်းစားတတ်တော့ဘူး ။

ဒါကြောင့်မလို့လဲ DSA သာမာန်ပညာလောက်ကိုဘဲ တိုင်းမှူး၊ဗိုလ်ချုပ်ကြီးလို တကယ့်ရာထူးတွေပေးတာ ။ စစ်အင်ဂျင်နီယာတို့ စစ်ဆရာဝန်တို့ကို တိုင်းမှူးရာထူးပေးလိုက်ရင် ကာချုပ်လဲ မဟုတ်တာလုပ်ရင် ပြာဖြစ်သွားလိမ့်မယ်။

အထင်ရှားဆုံးပြပါဆိုရင် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေးတပ် ။ ဗိုလ်ချုပ်ခင်ညွှန့်က ပညာတတ်တော့ တိုင်းမှူးတော်တော်များများအပေါ် ဩဇာညောင်းတယ်။ ထောက်လှမ်းရေးတပ်ဆိုတော့ ဦးသန်းရွှေ သူ့ကို မဟုတ်တာလုပ်မယ်ဆိုရင်လဲ ရိပ်မိသွားရင် ဦးသန်းရွှေ ဇာတ်သိမ်းမလှဘူးဖြစ်သွားမယ် ။

ဒီတော့ အချိန်အများကြီးယူပြီး ဖယ်ရှားရတယ် ။ အဓိကက ဦးခင်ညွှန့်ခေတ်က တိုင်းမှူးက ပါဝါအရမ်းကြီးနေတယ် ။ တိုင်းမှူးတွေက ဦးခင်ညွှန့်ပြောရင် သူပြောတာထက်ပိုနားထောင်မယ်ဆိုတာသိတယ် ။ ဒီတော့ ရန်တိုက်၊သွေးခွဲနဲ့ အချိန်တွေ အများကြီးယူလိုက်ရတယ်။

ဦးခင်ညွှန့်လဲ ပြုတ်ရော ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးတွေ စစ်ဆင်ရေးကွပ်ကဲရေးမှူး(စကထ) အစရှိသဖြင့် တိုင်းမှူးကို ပါဝါရော့စေမယ့်ရာထူးအသစ်တွေ ပေါ်လာတော့တာဘဲ ။

တကယ်က တိုင်းမှူးက မိဘနေရာကဘဲ အဘိုးအဘွားဘယ်လို ပြောပြော ကိုယ့်သားသမီးက မိဘပြောစကားဘဲ နားထောင်မှာ ။

မင်းကောင်းမင်းမြတ်မဟုတ်တော့ ရာထူးတွေအများကြီး ထားရတယ် လုပ်ကြံခံရမှာစိုးလို့ ။ အဓိကက လုပ်ရဲရင် ကာချုပ်နဲ့တွေ့တဲ့အချိန် တိုင်းမှူးတစ်ယောက်နဲ့တင် ကာချုပ်ကို သေနတ်နဲ့ချိန်ပြီး အာဏာလွှဲခိုင်းလို့ရတယ်။

ဒါမလို့ ခုဘယ်သွားသွား မင်းအောင်လှိုင် ပစ္စတိုခါးကြားချိတ်နေရတာ။

အခုလို စစ်ကားတွေ အများကြီးရှိချိန်မှာ ကာချုပ်အပြင်မထွက်ရဲတာ လုပ်ကြံခံရမှာ စိုးလို့ဘဲ။ 10 စီးလောက် စုမိရင်အယောက် 200 ကျော်သွားပြီ သူ့သက်တော်စောင့်တပ်ထက် အင်အားပိုများတယ်။

ခုချိန်သူ့ကို လုပ်ကြံရင် တိုင်းပြည်ကလဲ အရမ်းကျေးဇူးတင်မှာ တခြားစစ်တိုင်းမှူးတွေကလဲ အလိုလိုဝမ်းသာကြမှာဘဲ ။ ဒီတော့ အပြင်ကို သိပ်မထွက်ရဲတော့တာဘဲ။ထွက်လဲ တစ်နေရာမှာ ခဏဘဲနေတယ် မြန်မြန် မြန်မြန် နေရာပြောင်းတယ်။

သူ့မိန်းမနဲ့ ဘုရားသွားတာ အမြန်ဖိနပ်ချွတ်ခိုင်းနေတာသက်သေဘဲ။

ခုရာထူးကြီးတာတွေကလဲ ပိုက်ဆံပေးလို့ ရာထူးပေးထားတာရယ်။ဦးသန်းရွှေ ခန့်ခိုင်းလို့ ခန့်ထားရတာရယ်က များနေတော့အရမ်းကို ကြောက်နေရတာ။ဒီလောက်ဆို စစ်တပ်ရဲ့အကြောက်တရားစိတ်ဟာ ဘယ်လောက်ကြီးလဲဆိုတာ နားလည်လောက်ပြီ ထင်ပါတယ်။

ဦးသန်းရွှေလက်ထက်ကတည်း မအောင်မနေပညာရေးစနစ်ကြောင့် တပ်ထဲကို ရဲဘော် အဝင်မရှိသလောက် ဖြစ်သွားတယ်။ဗိုလ်လောင်းတွေကတော့ တစ်နှစ်ကို အများကြီးထွက်တယ် ။

ရဲဘော်မရှိလို့ လက်နက်ကိုင်တော်တော်များများနဲ့ ငြိမ်းချမ်းရေးယူလာရတယ် ။

အခုအချိန်မှာ KIA တိုက်သမျှကို ပြန်မသိမ်းနိုင်တဲ့ အင်အားရှားပါးမူ ကြုံနေရပါပြီ။ ဒီအချိန်ထက် တပ်မတော်ကို အမြစ်ဖြတ်ဖို့ ပိုကောင်းတဲ့ အချိန် မရှိတော့ပါဘူး ။

တပ်အင်အား ၄သိန်းကျော်မှာ စစ်လုံးဝ မတိုက်တဲ့ ကပစ(ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ)တပ်အင်အားက ၂သိန်းကျော်ရှိပါတယ် ။ ကပစ က တစ်ခါမှလဲ စစ်မတိုက်ဖူးပါဘူး။ စစ်မတိုက်ချင်လို့ ကပစထဲ ဝင်တာပါ ။

ခု အချိန်မှာ တိုက်ခိုက်ရေးအင်အားစုဟာ ဗိုလ်တွေပါ ထည့်ပေါင်းမှ ၁သိန်း၈သောင်းလောက်ဘဲ ရှိပါတယ် ။

ဖြန့်ခွဲထားတာတွေရော ဗိုက်ပူနံကားဖြစ်နေကြတဲ့ အရေအတွက်ကို နုတ်လိုက်ရင် ၁သိန်း၂သောင်းလောက်ဘဲ ကျန်ပါမယ်။ လူကြီးတွေ ယူသုံးထားတဲ့ လုံခြုံရေးအင်အားပါနုတ်ရင် ၁သိန်းလောက်နဲ့ Run နေရတဲ့ အနေအထားပါ။

ဟန်ပြလောက်ဘဲ ရှိတဲ့ တပ်တွေကို လက်နက်အင်အားနဲ့ ဟန်ဖို့ထားတာပါ ။ လောက်ကိုင်စစ်ပွဲလိုမျိုးမှာ ချက်ချင်းပြန်မသိမ်းနိုင်တာ သက်သေပါဘဲ။ လက်နက်အင်အားကလဲ ကပစ က ထုတ်သမျှသာ သုံးရတာမလို့ အလျှံအပယ်မရှိပါဘူး ။

လောက်ကိုင်လို စစ်ပွဲမှာ ကပစ တပ်တွေ နေ့မနားညမအား အချိန်ပိုတွေဆင်းပြီး လက်နက်ထုတ်ရတာ သက်သေပါဘဲ။

အခု အာဆီယံ အစည်းအဝေးလုပ်တာ ဒါကြောင့်ပါ ။ မအလ ကို ကယ်ဖို့ပါ ။ မအလက အာဆီယံက ပြောတာ နားထောင်သလိုနဲ့ အလျော့ပေးသလိုနဲ့ တိုင်းရင်းသားတပ်တွေကို ပြန်ညှိဖို့ပါ။ တိုက်ရင် မနိုင်တော့ပါဘူး ။ ကပစ ၂ မလွန် မကွေးတိုင်းဒေသကြီးက မော်တာ ဗုံးသီးထုတ်ပါတယ် ။ မင်းလှမြို့နယ် မလွန်ရွာကို မေးမြန်းကြည့်ရင် လက်နက်တွေ မလောက်တော့လို့ အချိန်ပိုဆင်းပြီး ထုတ်နေရတာ သိနိုင်ပါတယ် ။

ပဲခူးတိုင်း ညောင်ခြေထောက်က ကပစ ၆ လေယာဉ်ဗုံးတွေ ထုတ်တာပါ ။ စုံစမ်းကြည့်နိုင်ပါတယ် ။ ပဲခူးတိုင်း ကပစ ၃ ဆင်တဲကတော့ ကျည်ဆံထုတ်ရတာပါ အချိန်ပိုဆင်းရလွန်းလို့ ညီးနေကြပါပြီ။ ပြန်တိုက်ဖို့ ကျည်ဆံတောင် မရှိတော့ပါဘူး ။

ဒါကလဲ မအလ တတ်ခါစမှာ လက်နက်ခဲယမ်း ဖောသီစွာ သုံးခဲ့လို့ပါ ။ ဦးသန်းရွှေခေတ်က တောင် မသုံးနိုင်ပါဘူး ။ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ စုမိခဲ့သမျှ မအလ က အာဏပြချင်စောနဲ့ သုံးခဲ့လို့ အခုလို ရှားပါးတာပါ ။

တခြားနိုင်ငံတွေဆီက ကုန်ကြမ်းကလဲ ခုအချိန်မှာ မရတော့ တိုင်ပတ်နေလို့ ထွက်ပေါက်ရှာတာပါ။

ခုစာရေးသူက ကျွမ်းကျင်သူတစ်ဦးပါ ။ နော်ဝေးမှာ နိုင်ငံရေး ခိုလှုံနေတဲ့ ကပစ ၃ ထွက် ဗိုလ်မှူး စိုင်းသိန်းဝင်း ကို မယုံရင်မေးကြည့်ပါ ။

သူတပ်ထဲမှာ ရှိတုန်းကတောင် နေ့မအားညမအား ရှေ့တန်းတပ်တွေ လက်နက် အချိန်မှီရဖို့ ထုတ်နေရတာပါ ။

ဒါပေမယ့်သူ နိုင်ငံရေး ခိုလှုံပြီးမှ သူ့ရဲ့ဦးလေးအရင်း ဦးသိန်းဌေးဟာ ကပစ သမိုင်းမှာ ဘယ်အင်ဂျင်နီယာကိုမှ မပေးတဲ့ ဒုတိယဗိုလ်ချုပ်ကြီး (ထုတ်ချုပ်)ရာထူးတတ်သွားတာမလို့ သတိတော့ထားပါ။

မြန်မာနိုင်ငံအတွက် အရေးကြီးလွန်းလှတဲ့ သတင်းမလို့ copy and paste ပြန်လုပ်ကြပါ ။

တိုင်းရင်းသားတပ်တွေနဲ့တင် နိုင်ပါတယ် ။

လက်နက်တွေ ရှိပြီး ကျည်မရှိတော့တဲ့ မအလ တပ်တွေ အမြန်ကြဆုံးမဲ့ အရေးမို့ တိုင်းရင်းသားလက်နက်ကိုင်တွေသိအောင် အမြန်ဖြန့်ဝေပေးကြပါ ။

Crd...

အာဆီယံအ​ထွေ​​ထွေ အတွင်း​ရေးမှူးကြေငြာချက်တရားဝင်ထွက်လာပါလိမ့်မယ် လက်ရှိမှာ အင်ဒိုနီးရှားသမ္မတဝီဒိုဒို​ပြောစကားအရ အကြမ်းဖ...
24/04/2021

အာဆီယံအ​ထွေ​​ထွေ အတွင်း​ရေးမှူးကြေငြာချက်တရားဝင်ထွက်လာပါလိမ့်မယ် လက်ရှိမှာ အင်ဒိုနီးရှားသမ္မတဝီဒိုဒို​ပြောစကားအရ အကြမ်းဖက်မှု​တွေချက်ချင်းရပ်တန့်ဖို့ , နိုင်ငံ​ရေးအကျဥ်းသားအားလုံး လွှတ်​ပေးဖို့ , အာဆီယံအထူးကိုယ်စားလှယ်ကို အကူအညီများနှင့်အတူ​စေလွှတ်ဖို့ အာဆီယံအထူးအစည်းအ​ဝေးမှ အားလုံးသ​ဘောတူဆုံးဖြတ်​ကြောင်း ​​သိရှိရပါတယ်

16/04/2021
CRPH ကိုကြိုဆိုပါ၏
16/04/2021

CRPH ကိုကြိုဆိုပါ၏

Welcome CRPH
16/04/2021

Welcome CRPH

11/04/2021
10/04/2021

Zoom Spring Revolution(April 10)
တက်ရောက်လိုသောပုဂ္ဂိုလ်များ
Joinနိုင်ပါသည်
https://zoom.us/j/94373068985...
Linkဖြင့်ဝင်၍အဆင်မပြေသူများအတွက်
IDနှင့်password
ID - 94373068985
Pw - 5tMKZb

Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution used around the world in board, confer...

KIO/KIA မှ ဗိုလ်လောင်းသင်တန်းများခေါ်ယူ************ဧပြီ- ၉ ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA မှ ဗိုလ်လောင်းသင်တန်း‌များ...
09/04/2021

KIO/KIA မှ ဗိုလ်လောင်းသင်တန်းများခေါ်ယူ
************
ဧပြီ- ၉

ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA မှ ဗိုလ်လောင်းသင်တန်း‌များ ဆက်လက်သင်ကြားနိုင်ရန် ခေါ်ယူနေကြောင်းသိရသည်။

ဗိုလ်လောင်းသင်တန်း တက်ရောက်လိုများသည် အမှတ်စဉ် (၃) ခုအနက် မိမိတက်ရောက်လိုသည့် အမှတ်စဉ်တွင် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး ထိုအမှတ်စဉ်များသည် အမှတ်စဉ် (၁၁)၊ အမှတ်စဉ် (၆)နှင့် အမှတ်စဉ် (၅) တို့ဖြစ်ကြောင်း KIO ဗဟိုဌာနချုပ်၏ ဧပြီလ( ၆ )ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

အမှတ်စဉ် (၁၁)တွင် ဗိုလ်လောင်းသင်တန်း၊ အမှတ်စဉ် (၆) တွင် ဗိုလ်သင်တန်း၊ အမှတ်စဉ် (၅) တွင်အမျိုးသမီးဗိုလ်သင်တန်းများဖြစ်သည်။

ဗိုလ်သင်တန်းတက်ရောက်သူများရှိရမည့် အချင်းအရည်များသည် (၁၀) တန်းအောင်လက်မှတ်၊ လူပျိုဖြစ်ရမည်၊ အရပ် (၅) ပေ (၂) လက်မအနည်းဆုံးရှိရမည်၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊ မျက်မှန်တပ်ဆင်သူမဖြစ်ရ၊ တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်နိုင်သူဖြစ်ရမည်၊ မူးယစ်‌ ဆေးဝါးကင်းသူဖြစ်ရမည် စသည်တို့ ဖြစ်ကြောင်းလည်း သိရသည်။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး တပ်မဟာ၊ တပ်ရင်းများက အရာရှိများက လူငယ်များနှင့် ပူးပေါင်း ချိတ်ဆက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Source : Myitkyina News Journal

https://www.facebook.com/130813733951556/posts/1360642807635303/

မနက်ဖန် အတွက်  "ခြေလှမ်းတိုင်း ပန်းများပွင့်မည့် ကမ်ပိန်"_______________________(Heroes for Myanmar)အကြွေ စောခဲ့ကြတဲ့ သူ...
07/04/2021

မနက်ဖန် အတွက် "ခြေလှမ်းတိုင်း ပန်းများပွင့်မည့် ကမ်ပိန်"
_______________________
(Heroes for Myanmar)

အကြွေ စောခဲ့ကြတဲ့ သူရဲကောင်းတွေကို ပန်းပွင့်တွေနဲ့ ဂုဏ်ပြုရင်း စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ဖို့ ဆက်လက်ချီတက်ကြမယ့် "Marching Shoes Strike Campaign"
အကြောင်း ပြောပြချင်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေဟာ သူတို့ရဲ့ နောက်ဆုံး ခြေလှမ်းအထိ ခြေလှမ်းတိုင်း...ခြေလှမ်းတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တက်ကြွ လှုပ်ရှားစွာ ပါဝင်ခဲ့ကြပါတယ်။

လာမယ့် April 8 (Thursday) မှာ အကြွေစောခဲ့ကြတဲ့ ဒို့သူရဲကောင်းတွေကို ပန်းပွင့်တွေနဲ့ ဂုဏ်ပြုရင်း စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ဖို့ ဆက်လက်ချီတက်ကြမယ့်ပုံစံနဲ့ Marching Shoes Strike မှာပါဝင်ပြီး သက်သေပြလိုက်ရအောင်ပါ။

ဘယ်လိုပါ၀င်ရမလဲကို ဆက်ပြီး ပြောပြပါ့မယ်။ ဖိနပ်တစ်ရံရံ မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ပန်းပွင့်တွေကိုထည့်ပြီး ကိုယ့်အိမ်ထဲ၊ အိမ်ရှေ့ (ဒါမှမဟုတ်) ရပ်ကွက်ထဲက လမ်းထိပ်၊ လမ်းမတွေနဲ့ လမ်းသွယ်တွေမှာ ချထားကြမယ်။

ဒီသပိတ်ကို အပြင်ထွက်ရတဲ့ သူတွေရော၊ အိမ်မှာနေတဲ့သူတွေရော ပါဝင်နိုင်ပါတယ်။ တစ်ယောက်တည်း ဖြစ်ဖြစ်၊ အများနဲ့ပဲဖြစ်ဖြစ် အဆင်ပြေတဲ့အချိန်မှာ လုပ်လို့ရပါတယ်။ ပြီးရင် ဓာတ်ပုံ ရိုက်ပြီး Social Media ပေါ်မှာတင်ဖို့လည်း မမေ့ပါနဲ့။ ဒါမှ Media Awareness ရမှာပါ။ Marching Shoes Strike Campaign ကပုံတွေကို ဒီ Hashtags တွေအသုံးပြုပြီး တင်ပါမယ်။ Daily Hashtag & Tagline ကြေညာတဲ့ အခါမှာလဲ
ဒီ Hashtag ကိုထည့်ပေးမှာပါ။




Source - Credited

Today's Silent Strike at Insein Road, Hlaing Budaryone Road, Hlaing Myint Road, Hledan Road, Ywarma Kyoung Road Parami R...
24/03/2021

Today's Silent Strike at Insein Road, Hlaing Budaryone Road, Hlaing Myint Road, Hledan Road, Ywarma Kyoung Road Parami Road

လှိုင်ဘူတာရုံလမ်းတွင် ကျဆုံးသွားသော သူရဲကောင်း ကိုမိုက်ကယ် အားဝမ်းနည်းစွာဖြင့် လေးစားဂုဏ်ပြု ဦးညွှတ်ပါသည်။ လှိုင်မြို့နယ...
24/03/2021

လှိုင်ဘူတာရုံလမ်းတွင် ကျဆုံးသွားသော သူရဲကောင်း ကိုမိုက်ကယ် အားဝမ်းနည်းစွာဖြင့် လေးစားဂုဏ်ပြု ဦးညွှတ်ပါသည်။

လှိုင်မြို့နယ်မိသားစု၊ ငါတို့Group၊ ၈ရက်သားသမီးများ အဖွဲ့နှင့်အတူပေးအပ်ခဲ့ပါသည်။ အစ်ကိုကောင်းရာသုဂတိရောက်ပါစေ။

23/03/2021

လှိုင်မြို့နယ်မှာ အေးဆေးသွားလာနေတဲ့ ဒလန် သုံးကောင်ပါတဲ့
အမည်မဖော်လိုသူတစ်ဦး ပေးပို့လာတာပါ

22/03/2021
21/03/2021
20/03/2021

ဘာတွေဖြစ်ကုန်ကြပြီလဲ (၃) | ဆရာမင်းလူ

ကဗျာတစ်ပုဒ်နဲ့ ထောင် ၇ နှစ်အကျခံခဲ့တဲ့ အနုပညာရှင်တွေ ငါတို့တိုင်းပြည်မှာတကယ်ရှိခဲ့တယ်။

ဒီလိုရေးရင် ထောင်ကျမယ်ဆိုတာ မသိလို့မဟုတ်ဘူး။
သိလျက်နဲ့ရေးတာ။
သိသိကြီးနဲ့ကိုရေးတာ။
ရေးချင်လို့ကိုရေးတာ။
ဒီကဗျာကိုရေးရတဲ့အကြောင်းပြချက်က သိပ်ကိုရှင်းလင်းလွန်းတယ်။

ကျနော့်ရည်ရွယ်ချက်က ဒီလိုမဟုတ်ပါဘူးလို့ မရှော်ဘူး။
စေတနာအမှားပါလို့ မငြင်းဘူး။
ကျနော်မှားမိပါတယ်လို့ မတောင်းပန်ဘူး။
နောက်တခါမဖြစ်စေရဘူးလို့
မျက်ရည်ခံမထိုးခဲ့ဘူး။
ဒဲ့ပဲ။

ငါယုံကြည်လို့ ရေးတယ်။
ငါ့ယုံကြည်လို့ ထောင်ထဲဝင်တယ်။
ခပ်ပြတ်ပြတ်ပဲ။

သူ့ကိုလာဖမ်းမယ်ဆိုတာသိလို့ အထုပ်ပြင်ပြီးဧည့်ခန်းမှာထိုင်စောင့်နေတယ်။
ထောက်လှမ်းရေးကလက်ထိပ်ခတ်ပြီး ခေါင်းစွပ်နဲ့အုပ်တော့ သူကတောင်းပန်တယ်။
မင်းတို့ဟာကြီးက သွေးနံ့တွေ၊ ချွေးနံ့တွေနဲ့ ငါရွံတယ်တဲ့။
ဟော့ဒီမှာ ငါ့ဟာလေးပဲငါစွပ်ပါရစေတဲ့။
အဆင်သင့်ချုပ်ထားတဲ့ ခေါင်းစွပ်အသစ်လေးကိုထုတ်စွပ်တယ်။

သိပ်ရဲရင့်လွန်းတယ်။.....

ဆရာမင်းလူ ထောင်ကျခံ ရေးခဲ့တဲ့ သမိုင်းဝင်ကဗျာတစ်ပုဒ်

ဘာတွေဖြစ်ကုန်ကြပြီလဲ (၃)

ရွတ်ဆိုသူ - Razi

တည်းဖြတ်- ဇော်လင်းနိုင်(မြန်မာ Youtuber)

ဆရာမင်းလူ ထောင်ကျခံ ရေးခဲ့တဲ့ သမိုင်းဝင်ကဗျာ
ဘာတွေဖြစ်ကုန်ကြပြီလဲ(၁)
https://youtu.be/KHAXnWAiQO0

ဘာတွေဖြစ်ကုန်ကြပြီလဲ (၂)
https://youtu.be/Ij6C2JQ6XyY

ဘာတွေဖြစ်ကုန်ကြပြီလဲ (၃) | ဆရာမင်းလူ
https://youtu.be/CHkm5gnlDGA

20/03/2021

ကဗျာတစ်ပုဒ်နဲ့ ထောင် ၇ နှစ်အကျခံခဲ့တဲ့ အနုပညာရှင်တွေ ငါတို့တိုင်းပြည်မှာတကယ်ရှိခဲ့တယ်။

ဒီလိုရေးရင် ထောင်ကျမယ်ဆိုတာ မသိလို့မဟုတ်ဘူး။
သိလျက်နဲ့ရေးတာ။
သိသိကြီးနဲ့ကိုရေးတာ။
ရေးချင်လို့ကိုရေးတာ။
ဒီကဗျာကိုရေးရတဲ့အကြောင်းပြချက်က သိပ်ကိုရှင်းလင်းလွန်းတယ်။

ကျနော့်ရည်ရွယ်ချက်က ဒီလိုမဟုတ်ပါဘူးလို့ မရှော်ဘူး။
စေတနာအမှားပါလို့ မငြင်းဘူး။
ကျနော်မှားမိပါတယ်လို့ မတောင်းပန်ဘူး။
နောက်တခါမဖြစ်စေရဘူးလို့
မျက်ရည်ခံမထိုးခဲ့ဘူး။
ဒဲ့ပဲ။

ငါယုံကြည်လို့ ရေးတယ်။
ငါ့ယုံကြည်လို့ ထောင်ထဲဝင်တယ်။
ခပ်ပြတ်ပြတ်ပဲ။

သူ့ကိုလာဖမ်းမယ်ဆိုတာသိလို့ အထုပ်ပြင်ပြီးဧည့်ခန်းမှာထိုင်စောင့်နေတယ်။
ထောက်လှမ်းရေးကလက်ထိပ်ခတ်ပြီး ခေါင်းစွပ်နဲ့အုပ်တော့ သူကတောင်းပန်တယ်။
မင်းတို့ဟာကြီးက သွေးနံ့တွေ၊ ချွေးနံ့တွေနဲ့ ငါရွံတယ်တဲ့။
ဟော့ဒီမှာ ငါ့ဟာလေးပဲငါစွပ်ပါရစေတဲ့။
အဆင်သင့်ချုပ်ထားတဲ့ ခေါင်းစွပ်အသစ်လေးကိုထုတ်စွပ်တယ်။

သိပ်ရဲရင့်လွန်းတယ်။.....

ဆရာမင်းလူ ထောင်ကျခံ ရေးခဲ့တဲ့ သမိုင်းဝင်ကဗျာတစ်ပုဒ်

ဘာတွေဖြစ်ကုန်ကြပြီလဲ (၂)

ရွတ်ဆိုသူ - Razi

တည်းဖြတ်- ဇော်လင်းနိုင်(မြန်မာ Youtuber)

ဆရာမင်းလူ ထောင်ကျခံ ရေးခဲ့တဲ့ သမိုင်းဝင်ကဗျာ
ဘာတွေဖြစ်ကုန်ကြပြီလဲ(၁)
https://youtu.be/KHAXnWAiQO0

ဘာတွေဖြစ်ကုန်ကြပြီလဲ (၂)
https://youtu.be/Ij6C2JQ6XyY

ဘာတွေဖြစ်ကုန်ကြပြီလဲ (၃) | ဆရာမင်းလူ
https://youtu.be/CHkm5gnlDGA

20/03/2021

ကဗျာတစ်ပုဒ်နဲ့ ထောင် ၇ နှစ်အကျခံခဲ့တဲ့ အနုပညာရှင်တွေ ငါတို့တိုင်းပြည်မှာတကယ်ရှိခဲ့တယ်။

ဒီလိုရေးရင် ထောင်ကျမယ်ဆိုတာ မသိလို့မဟုတ်ဘူး။
သိလျက်နဲ့ရေးတာ။
သိသိကြီးနဲ့ကိုရေးတာ။
ရေးချင်လို့ကိုရေးတာ။
ဒီကဗျာကိုရေးရတဲ့အကြောင်းပြချက်က သိပ်ကိုရှင်းလင်းလွန်းတယ်။

ကျနော့်ရည်ရွယ်ချက်က ဒီလိုမဟုတ်ပါဘူးလို့ မရှော်ဘူး။
စေတနာအမှားပါလို့ မငြင်းဘူး။
ကျနော်မှားမိပါတယ်လို့ မတောင်းပန်ဘူး။
နောက်တခါမဖြစ်စေရဘူးလို့
မျက်ရည်ခံမထိုးခဲ့ဘူး။
ဒဲ့ပဲ။

ငါယုံကြည်လို့ ရေးတယ်။
ငါ့ယုံကြည်လို့ ထောင်ထဲဝင်တယ်။
ခပ်ပြတ်ပြတ်ပဲ။

သူ့ကိုလာဖမ်းမယ်ဆိုတာသိလို့ အထုပ်ပြင်ပြီးဧည့်ခန်းမှာထိုင်စောင့်နေတယ်။
ထောက်လှမ်းရေးကလက်ထိပ်ခတ်ပြီး ခေါင်းစွပ်နဲ့အုပ်တော့ သူကတောင်းပန်တယ်။
မင်းတို့ဟာကြီးက သွေးနံ့တွေ၊ ချွေးနံ့တွေနဲ့ ငါရွံတယ်တဲ့။
ဟော့ဒီမှာ ငါ့ဟာလေးပဲငါစွပ်ပါရစေတဲ့။
အဆင်သင့်ချုပ်ထားတဲ့ ခေါင်းစွပ်အသစ်လေးကိုထုတ်စွပ်တယ်။

သိပ်ရဲရင့်လွန်းတယ်။.....

ဆရာမင်းလူ ထောင်ကျခံ ရေးခဲ့တဲ့ သမိုင်းဝင်ကဗျာတစ်ပုဒ်

ဘာတွေဖြစ်ကုန်ကြပြီလဲ ( ၁ )

ရွတ်ဆိုသူ - လဝန်းဖြူဖြူ

တည်းဖြတ်- ဇော်လင်းနိုင်(မြန်မာ Youtuber)

19/03/2021

အရေးအခင်းကိစ္စတွေကြည့်ပြီး စိတ်ညစ်ပြီးသွားတော့ Google adsense စာအိတ်လေးတွေဖွင့်ဖောက်ပြီး ASMR နားထောင်ရင်း relax လုပ်


(Atrocity Alert )  #အကြမ်းဖက်မှုတွေလူတွေအစုလိုက်အပြုံလိုက်ကြုံတွေ့ခဲ့ရတဲ့ဒုက္ခ_အန္တရာယ်ရှိတဲ့အခြေအနေမှာ မြန်မာနိုင်ငံကထိ...
18/03/2021

(Atrocity Alert ) #အကြမ်းဖက်မှုတွေလူတွေအစုလိုက်အပြုံလိုက်ကြုံတွေ့ခဲ့ရတဲ့ဒုက္ခ_အန္တရာယ်ရှိတဲ့အခြေအနေမှာ မြန်မာနိုင်ငံကထိပ်ဆုံးနေရာမှာရှိနေ

Atrocity Alert အကြမ်းဖက်မှုဖြစ်ပေါ်နေတဲ့နိုင်ငံတွေရဲ့ GCR2P ကနေအရေးပေါ်စိုးရိမ်ရတဲ့အခြေအနေထုတ်ပြန်ချက် အမှတ် ၂၃၈၊ ၂၄၀၊ ၂၄၁၊ ၂၄၂ ၊၂၄၃၊ ၂၄၄ တွေမှာ မြန်မာနိုင်ငံ ကထိပ်ဆုံးမှာပါဝင်နေပါပြီ ။

Global Centre for the Responsibility to Protect (GCR2P) အဖွဲ့က မြန်မာနိုင်ငံပေါ် R2P အဖွဲ့ ဝင်သင့်မဝင်သင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ အစုလိုက်အပြုံလိုက်မတရားငြင်းပန်းနှိပ်စက်ခံရမှုတွေ ၊လူမျိုးတုန်းသတ်ဖြတ်မှုတွေ ၊ ရာဇဝတ်မှုတွေပေါ်မူတည်ပြီးတော့ အဆင့်သတ်မှတ်မှုမှာ မြန်မာနိုင်ငံက အ မြဲတမ်းလိုလိုအနီ​ရောင်အဆင့်မှာရှိနေတာကို နှစ်လတစ်ကြိမ် ထုတ်ပြန်တဲ့ R2P Monitor ပေါ်မှာတွေ့နေရပါတယ်။

15 Jan 2021 မှာထုတ်ပြန်တဲ့ R2P monitor အရတော့ အဝါရောင်အဆင့်မှာပြန်ရှိနေပြီး 15March2021မှာထုတ်ပြန်ချက်မှာတော့အနီရောင်အဆင့်ကိုပြန်ရောက်လာတာဖြစ်ပါတယ်။

၂၀၂၀တစ်နှစ်ပတ်လုံးမှာ နှစ်လတစ်ကြိမ်ထုတ်ပြန်ခဲ့တဲ့ R2P monitor မှာတော့ မြန်မာနိုငိငံဟာ ရခိုင် AA စစ်တပ်နဲ့ လက်ရှိအာဏာသိမ်း စစ်ကောင်စီနဲ့ ဖြစ်ပေါ်ခဲ့တဲ့ စစ်ပွဲတွေ၊ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ အစရှိခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် အနီရောင်အဆင့်မှာရှိနေခဲ့ပါတယ်။

Zaw Linn Naing(MMYoutuber)
18Mar2021

Reference : www.globalr2p.org

အကုန်စုတင်ပေးလိုက်တယ်ဟင်းချက်နည်းမျိုးစုံဒံပေါက်ချက်နည်းhttps://www.facebook.com/100009432788450/posts/2959290901061974/...
14/03/2021

အကုန်စုတင်ပေးလိုက်တယ်
ဟင်းချက်နည်းမျိုးစုံ

ဒံပေါက်ချက်နည်း
https://www.facebook.com/100009432788450/posts/2959290901061974/

ကြက်ဆီထမင်းချက်နည်း
https://m.facebook.com/story.php?story_fbid=117394233736629&id=100063981595273

ထောပတ်ထမင်းချက်နည်း
https://m.facebook.com/story.php?story_fbid=1340796492955549&id=100010756323366

အုန်းနို့ခေါက်ဆွဲချက်နည်း
https://www.facebook.com/648724165564317/posts/1171196739983721/

ဆီချက်ခေါက်ဆွဲလုပ်နည်း
https://www.facebook.com/648724165564317/posts/1171320663304662/

မာလာရှမ်းကောချက်နည်း

https://youtu.be/8vLESJmkLg0

Crd

တော်လှန်ရေးညီကိုတွေအတွက် အဘက်ဘက်က ကူညီပေးနိုင်တာလေးတွေပါ။ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ပေးတဲ့တော်လှန်ရေးညီကိုမောင်နှမ တွေကော အဘ...
14/03/2021

တော်လှန်ရေးညီကိုတွေအတွက် အဘက်ဘက်က ကူညီပေးနိုင်တာလေးတွေပါ။
ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ပေးတဲ့တော်လှန်ရေးညီကိုမောင်နှမ တွေကော အဘက်ဘက်က ကူညီလှူပေးကြတဲ့သူတွေကျေးဇူးတင်ပါတယ်။
#အရေးတော်ပုံအောင်ရမည်

မနေ့ကတေ့ာ အကာအကွယ်အပိုင်းအတွက် shields တချို့ကို လှူဖြစ်တယ်။  #အရေးတော်ပုံအောင်ရမယ်
12/03/2021

မနေ့ကတေ့ာ အကာအကွယ်အပိုင်းအတွက် shields တချို့ကို လှူဖြစ်တယ်။

#အရေးတော်ပုံအောင်ရမယ်

10/03/2021

#လူတိုင်းမှာမိမိကိုယ်ကိုခုခံပိုင်ခွင့်ရှိတယ်

ကိုယ့်ကိုအနိုင်ကျင့်စော်ကားသတ်ဖြတ်နေတာ ခေါင်းငုံခံစရာ လုံးဝမလိုတော့ဘူး

ခုခံတာနဲ့ပြန်ချတာပြဒါးတစ်လမ်းသံတစ်လမ်းပါ

ပြန်ချတယ်ဆိုတာ ကိုကခွေးတစ်ကောင်တွေ့လို့ ကိုယ့်ကိုကိုက်မယ်ထင်လို့ အသားလွတ် ခဲနဲ့ထုတာ ဒုတ်နဲ့လိုက်ရိုက်တာဖြစ်ပြီးတော့

ခုခံတယ်ဆိုတာ ကိုယ့်ကိုလိုက်ကိုက်တဲ့ခွေးကိုမကိုက်အောင် ပြန်ရိုက်တာမျိုးဖြစ်ပါတယ်။

ဒလန်လားဆိုတဲ့စိတ်တွေဖျောက်ပြီး အားလုံးစည်းလုံးသင့်ပြီ
Yတွေက Zတွေကို အမြင်စောင်းတာတွေ
Zတွေက Yတွေကို ကြောက်နေကြတာလားဆိုတဲ့အမြင်တွေ
မရှိသင့်တော့ဘူး
ဒါသူတို့လိုချင်တဲ့ ဖြစ်စေချင်တဲ့ စိတ်ဝမ်းကွဲမှုတွေပါ

ခွေးဆွဲတာထိုင်ကြည့်နေရတဲ့ လူအုပ်ကြီးမဖြစ်သင့်တော့ဘူး။

ငြင်းပန်းနှိပ်စက်ခံရတာတွေ ငွေထွက်သံယိုသေနေတဲ့ တော်လှန်ရေးညီကိုမောင်နှမပုံတွေ
မကြည့်ချင်တော့ဘူး
မျက်ရေမကျချင်တော့ဘူး

#အရေးတော်ပုံအောင်ရမည်

10/03/2021

သံပုံးမတီးတော့ဘူး။
Profile လေး မသိမသာ ပြောင်းလိုက်ပြီ။
Acc name လေးပြောင်းပြီ။
အရင်ကလောက် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပို့စ်တွေ မတင်ရဲတော့ဘူး။
Public post တွေကနေ fri only post တွေပြောင်းလိုက်ပြီ။
စသဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ကိစ္စရပ်တိုင်း လက်နှေး/လက်ရှောင်လာပြီဆိုရင်

သေချာပါတယ်...
သင်ကိုယ်တိုင် စစ်အာဏာရှင်ဖန်တီးပေးတဲ့ "အကြောက်တရား"ဆိုတဲ့ အကွက်ကြီးထဲ လှလှကြီးဝင်မိပါပြီ။

အေးးးး ဒါမှ တကယ့်အကွက်ဝင်တယ်ဆိုတာပဲ❗

Crd

08/03/2021

ဒေါက်တာ ဆာဆာ UN ထံ တင်သွင်းသည့် ( R2P )အစီအစဥ်ကိုထောက်ခံပါသည်။

မြန်မာလူမျိုးတွေချစ်ဖို့ကောင်းတယ်သဓ္ဒါတရားကြီးမားတယ်အရေးကြုံလာရင် စည်းလုံးညီညွတ်ကြတယ်အရေးတော်ပုံအောင်မြင်ဖိုကျရာတာဝန်ထမ်...
08/03/2021

မြန်မာလူမျိုးတွေချစ်ဖို့ကောင်းတယ်
သဓ္ဒါတရားကြီးမားတယ်
အရေးကြုံလာရင် စည်းလုံးညီညွတ်ကြတယ်
အရေးတော်ပုံအောင်မြင်ဖိုကျရာတာဝန်ထမ်းကြတယ်
အရေးတော်ပုံမပြီးမချင်း တောင်ခံပြီး လုံးဝနောက်မဆုတ် ဆက်လက်ကြိုးပမ်းသွားကြမယ်
အလှူရှင်တွေကော တိုက်ပွဲဝင်ပေးတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်

#အရေးတော်ပုံအောင်ရမည်

Come back home safe Genz #အရေးတော်ပုံအောင်ရမည်
06/03/2021

Come back home safe Genz
#အရေးတော်ပုံအောင်ရမည်

မြေပြင်မှာ ဆန္ဒပြပေးတဲ့ သူရဲခေါင်းတွေ အတွက်လှူဒါန်းလိုက်တာပါ အာလုံးကတိတစ်ခုတော့ပေးရပါမယ်အန္တာရာယ်ကင်းစွာနဲ့ ပြန်လာကြပါမယ...
05/03/2021

မြေပြင်မှာ ဆန္ဒပြပေးတဲ့ သူရဲခေါင်းတွေ အတွက်လှူဒါန်းလိုက်တာပါ
အာလုံးကတိတစ်ခုတော့ပေးရပါမယ်
အန္တာရာယ်ကင်းစွာနဲ့ ပြန်လာကြပါမယ်လို့

#အရေးတော်ပုံအောင်ရမည်

We donated these items to a few townships in Yangon. Hope yangon will safe 24/7 soon. We thank you to those who do not h...
02/03/2021

We donated these items to a few townships in Yangon. Hope yangon will safe 24/7 soon. We thank you to those who do not hesitated to provide fundings and we also thanks to frontiers. We hope everyone are safe and sound 24/7 soon.

01/03/2021

Burmese language version

Illegitimate military regime of Myanmar is being declared as terrorist group for the acts terrorism they have committed against the peaceful unarmed civilians of Myanmar.

28/02/2021

Milk Tea Alliance Strategy

ဒီနေ့ ရဲတွေရယ့် လှုပ်ရှားမှု ပုံစံတွေကို မြင်ရသလောက်

- သူတို့က အုပ်စုနဲ့ပဲ သွားရဲ လာရဲ ဆွဲရဲတယ်
- အုပ်စုထဲကနေ ချွန်မထွက်သွားဘူး။
- အစောထဲက အင်အားကနည်းနေသည့်တိုင်အောင် တစ်မြို့လုံးကို ဖိနိုပ်ချင်သေးတာမို့
- Double Cab လို Mobility ကောင်းတဲ့ ကားလေးတွေနဲ့ ဟိုသွားဒီသွားလုပ်နေ၊
- ဆန္ဒပြသူကို ၂ဖက်ညှက် ဖမ်းချင်လို့ လမ်းကြားထဲလာတောင် သူတို့မှာ အင်းအားက မရှိပါဘူး။
- သူတို့မှာ Gear အင်အားလဲ မစုံတာမို့ ပုံမှန် Tear Gas ကျဲဝင်ဆွဲတာ တောင်သူတို့မှာ မလုပ်နိုင်ပါဘူး၊ လုပ်ဖို့ Mask တွေ မရှိပါ။
- ငတ်ကလဲ ငတ်နေပါပြီ။
- သူတို့ အထိုင်ချတဲ့ နေရာမှာ မရှိနေနိုင်ပါ။

မနေ့ကနဲ့ ယှဉ်ရင် ဒီနေ့ သူတို့ ပိုတပ်ပျက်တာ မြင်သာပါတယ်။

အကြောက်တရားက ကျနော်တို့ထက် သူတို့မှာ ပိုများတော့ သူတို့က အုပ်စုနဲ့ ပဲ နေရဲတာကို ကြည့်ရင်သိသာမှာပါ။

ပြည်သူတွေ ဘာလုပ်လို့ရမလဲ။

အရေးအကြီးဆုံးက

- သူတို့ရယ့် ရိက္ခာကို တတ်နိုင်သမျှ ဖြတ်ကပါမယ်။
- သူတို့ရယ် Mobility ကိုလဲ တတ်နိုင်သမျှ လျော့ရပါမယ်။
- သူတို့ အင်အားက အစောထဲက နဲနေတာကို နည်းတာထက် နည်းအောင် ကြိုးစားရပါမယ်။

ပြီးတော့ ဒီကနေ့ သူတို့ ခွေးရူးဆွဲ ဆွဲနေတာ ရန်ကုန်မြို့ထဲ တိုက်ကြားတွေမှာပါ။

(တိုက်တွေပေါ်က လူတွေ အတွက် အလုပ်)
- တိုက်ပေါ်ကလူတွေ ရေနွေးအိုး၊ တည်ထားပါ။ ကြွတ်ကြွတ်အိတ်တွေအသင့်ပြင်ပါ။ သူတို့လူအုပ်လိုက်လာနေပြီဆို တိုက်တွေပေါ်က အခန်းတိုင်း ရေနွေးကြွတ်ကြွတ်အိတ်တွေ သူတို့အပေါ်ပစ်ချပါ။
- ဒီ့ထက် ပြင်ဆင်နိုင်မယ်ဆို (ဦးထုတ်တွေ ဒိုင်းကာတွေ မမြင်ရစေရန် ရေနွေးထဲ မှင်ဆေးရည်ထည့်နိုင်ရင်ထည့်ပေးပါ။
- တိုက်တိုင်းက အခန်းတိုင်းကို သူတို့မလာနိုင်ပါဘူး။ အခန်းတိုင်းညီရင် အဆင်ပြေမှာပါ။
- Video ရိုက်ပါ။ Live မလွင့်ပါနဲ့။
- နေ့၊ အချိန်၊ ဘယ်နေရာမှာ၊ ဘာဖြစ်တယ်ဆိုတာ အေးအေးဆေးဆေးနဲ့ပြောပြပါ
- စစ်တပ်ကို ပြည်သူတွေက အလိုမရှိကြောင်း အိမ်တိုင်း ဆန့်ကျင်ကြောင်းပြောပြပါ။

(ရှေ့တန်းက Vanguard ညီကိုတွေ အတွက်)

- ကျည်အစစ်သုံးတဲ့ ရဲရှိတာမို့ သတိထားပါ။
- Tear Gas တွေ ရောက်လာလို့ အခွင့်သာရင်၊ သူတို့ဘက် ပြန်ပစ်ပါ။ ကိုယ်တွေမှာ Mask ရှိပြီး သူတို့မှာ မရှိပါဘူး။
- မနေ့ကနဲ့ ဒီနေ့ ပုံတွေအရ Vanguard တာဝန်ယူတဲ့ ညီကိုတွေ အကုန် Salute ပါ လေးစားပါတယ်။ Keep Going

(ဖမ်းဆီးခံ ပြည်သူတွေအတွက်)

- အခု Online မှာ ပြန့်နေသလိုပဲ အချုပ်ကားထဲရောက်နေရင် ခုန်တာ ခုန်ပါ။
- နောက်နေ့တွေ ကားသုံးမရအောင် လုပ်ပါ။
- သတင်းမပြတ်စေပါနဲ့၊
- ခွေးရူးနဲ့ ပြိုင်မကိုက်ပါနဲ့

(ကားအပျက်ခံနိုင်သော ပြည်သူများ)

- လမ်းပိတ်ပေးပါ။
- အခြေအနေပေးပါက သူတို့ကားတွေကို ဘီးဖောက်တာ၊ ကားအင်ဂျင်ကို ရေလောင်းတာ၊ ဓာတ်ဆီ ကန်ထဲ ရေထည့်တာ ပြုလုပ်ပေးပါ၊ (ဂရုတော့စိုက် သူတို့ လူအုပ်ပါရင်မလုပ်နဲ့) အချုပ်ကားသီးသန့်ဆို ကြုံးသာကြုံး။

(ဆန္ဒ ပြသူများ)

- ကြုံရင် ကြုံသလို၊ တွေ့ရင် တွေ့သလို Traffic CCTV (ထပ်ပြောပါမယ်) ကားလမ်းကြည့်ဖို့ သီးသန့် CCTV တွေကို ဆေးမှုတ်၊ ဖျက်စီး၊ Control Box ထဲက ဝါယာတွေဖျက်ခဲ့ပါ။
- ပြည်သူပိုင် ပစ္စည်း ဖျက်စီးတာ ဆိုပင်မယ့် CCTV က သူတို့ Control ရနေပြီး အင်အားဖြန့်နေတာနောက်ပြီး အရေးတော်ပုံ အောင်ရင် ကျနော်တို့ သုညက ပြန်စမှာ။ စိတ်မပူပါနဲ့ ကူညီပေးပါ
- ယာဥ်ထိန်းရဲ အဆောက်အဦးတွေလဲ ဝင်ကြည့်ပါ၊ Walkie Talkie လောက်တွေ့ရင် သိမ်းပါ၊ သပိတ်ခေါင်းဆောင်တွေကို အပ်ပေးပါ။

(Medic Team)
- အထွေအထူး ပြောစရာမလို၊ သတ္တိနဲ့ လုပ်နိုင်စွမ်းကို အရမ်းလေးစာပါတယ်။
- ဆက်လက် ကူညီပေးပါ။

(အလှူရှင်များ)
- အလှူပစ္စည်းများ ခွေးဆွဲမခံရ အရေးက နံပါတ်တစ်ပါ။
- အလှူပစ္စည်းတွေကို အမြန် ရွေ့လျားနိုင်တဲ့ ကားနဲ့ကိုပဲ လိုသလောက်သာ ထားထားပါ။

(နောက်ဆုံး အားကိုးလိုတဲ့ လူကတော့ "လူမိုက်" အုပ်စုပါ)

- အမြင်တူမတူတော့ မသိပင်မယ့် အကြံပေးချင်တာရှိပါတယ်။
- နေ့ဖက် ခွေးတွေ လမ်းမပေါ်မှာ၊ လမ်းကြားထဲထိ ရဟန်းရှင်လူ ပြည်သူကျောင်းသားများကို လိုက်ဆွဲတဲ့ အချိန်ကို
- ကျနော်တို့ရှိနေတဲ့ လမ်းမပေါ်မလာပဲနဲ့ ဒီခွေးတွေ အခြေဆိုက်တဲ့ နေရာ၊ ညအိပ်တဲ့ နေရာ၊ ရိက္ခာတွေ ထားတဲ့ နေရာကို ရအောင်ရှာပြီး၊
- ရိက္ခာဖျက်ဆီးတာ၊ အထဲထိ မကျူးကျော် ဝင်လိုလဲ Molotov Cocktail လေးပစ်ပေးတာ ဖြစ်ဖြစ် လုပ်ဆောင်ပေးပါ။
- စစ်တပ်အင်အားက နဂိုထဲက မရှိတာ၊ မြို့ပေါ်က သူတို့ နောက်ကျောလုံစရာ ဘာအကြောင်းမှ မရှိတဲ့ နေရာဆိုတာ သူတို့သိစေ မြင်ပါစေ၊ သူတို့ စစ်တန်းလျားကို ပြန်သွားပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်။
လူတိုင်း သိအောင် Share ပါ Credit မလို၊ လူတိုင်းသိရန်သာလိုသည်။
အရေးတော်ပုံ အောင်ရမည်။
Crd

28/02/2021

?

ဒါလေး ပြိုင်တူတင်ရအောင်

28/02/2021

[9:30AM]
“ဂျူတီကုတ်များကို ချွတ်ခိုင်းပြီး ဖမ်းဆီး”

ရန်ကင်း၊ ကျောက်ကုန်းမှာ “ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များ သပိတ်” ကို ဖြိုခွင်းပြီးနောက် ဂျူတီကုတ်များကို ချွတ်ခိုင်းပြီး အချုပ်ကားပေါ် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။




credit MKT

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Werewolf Killer - MWK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share