Public Voice TV

  • Home
  • Public Voice TV

Public Voice TV Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Public Voice TV, TV Channel, .

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်အား (၄၈)နာရီအတွင်း လွတ်မည်ဆိုတဲ့ သတင်းမှား ဖြန့်...
31/08/2022

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်အား (၄၈)နာရီအတွင်း လွတ်မည်ဆိုတဲ့ သတင်းမှား ဖြန့်ဝေနေ

သြဂုတ်လ ၃၁

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်အား ၄၈နာရီ အတွင်းလွတ်မည်ဆိုတဲ့ သတင်းအမှားတွေကို အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံ (စခ)စစ်လော်ဘီတွေက Facebook/Telegram တို့မှတဆင့် ဖြန့်ဖြူးနေတာ သြဂုတ်လ ၃၀ရက်က တွေ့ရပါတယ်။
အဆိုပါသတင်းအား PVTV Media အဖွဲ့မှ စစ်ဆေးရာ Website (yt6.pic.ee) အတုမှ တဆင့် ရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။

အဆိုပါသတင်းသည် အတု(FAKE NEWS) ဖြစ်ပါကြောင်း အသိပေးပါရစေ ။

ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးဖြစ်သူကို ခရီးသွားစဉ် ကြိုတင်သတင...
30/08/2022

ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးဖြစ်သူကို ခရီးသွားစဉ် ကြိုတင်သတင်းပေးချက်များအရ PDF က ဖမ်းဆီးရမိခဲ့သော်လည်း ကောင်းမွန်စွာပင် ပြန်လွှတ်ပေး

ဩဂုတ် ၃၀

ရန်ကုန်ကြည့်မြင်တိုင်တွင် ၂၀၂၁ ခုနှစ် ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ခလရ ၈၂ မှ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးဖြစ်သူကို လမ်းခရီးတစ်ခုတွင် ဖမ်းမိခဲ့သော်လည်း PDF က ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

ခလရ ၈၂ မှ ဗိုလ်မှူးနိုင်ဘိုဘိုသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းတွင် စစ်အာ ဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် အရှိန်ပြင်းပြင်းတိုက်၍ ဖမ်းဆီးခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန် နဝါရီ ၄ ရက်နေ့တွင် မင်းအောင်လှိုင်၏ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရသူလည်းဖြစ်ပါတယ်။

မူလက ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးဖြစ်သူ က မည်သည့်အရာမှ ဝန်မခံဘဲ ငြင်းဆန်ခဲ့သော် လည်း PDF အမျိုးသမီးများက စစ်မေးသောအခါ ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးဖြစ် သည်ဟု ဝန်ခံကြောင်း၊ မှတ်ပုံတင်အတုများလည်း ပါလာကြောင်း၊ ဗိုလ်မှူး နိုင်ဘိုဘို၏ အမျိုးသမီးဖြစ်သူ ခရီး သွားမည် ကို ကြိုတင် သတင်းရရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးလိုက် ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင်တွေနဲ့ NUG အစိုးရတွေ့ဆုံဆွေးနွေးသြဂုတ် ၃၀၀စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဘင်...
30/08/2022

ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင်တွေနဲ့ NUG အစိုးရတွေ့ဆုံဆွေးနွေး

သြဂုတ် ၃၀၀

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေး တိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဥပဒေအရတန်းတူညီမျှခွင့်ပေးဖို့ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောလိုက် ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင်တွေနဲ့ NUG အစိုးရအဖွဲ့ဝင်တွေ မနေ့ညပိုင်းက အွန်လိုင်းကနေ တွေ့ဆုံချိန်မှာပြောခဲ့တာ ဖြစ်တယ်လို့ NUG အစိုးရက ဩဂုတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေဟာ မိမိသဘောဆန္ဒ နဲ့ ဂုဏ်သိက္ခာရှိရှိ လုံခြုံမှုရှိရှိဖြင့် နေရပ်ပြန်နိုင် ရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ နဲ့ ကုလသမဂ္ဂ အတူ ကြိုးစားနေသလို လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဒီမိုကရေစီစနစ်ဖေါ်ဆောင်နိုင်မှုနဲ့ စစ်ကောင်စီကို အနိုင်ယူနိုင်တာတွေအပေါ်မှာမူတည်နေတယ်လို့လည်း NUG အစိုးရရဲ့ သတင်းထုတ်ပြန် ချက်ထဲမှာရေးသားထားပါတယ်။

လက်ရှိစစ်အာဏာရှင်အဖွဲ့အစည်းအာဏာတည်မြဲနေသရွေ့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် မြန်မာနိုင်ငံအတွင်း နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လည်း အမေရိကန်သံရုံး က “မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ငါးနှစ်ပြည့်” ကြေညာချက်ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ပြောကြားထားတာဖြစ်ပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တသန်းဟာ နေရပ်ပြန်ဖို့ အလားအလာမရှိဘဲ ခိုလှုံနေရဆဲဖြစ်ပြီး ရိုဟင်ဂျာ တသိန်းခွဲကျော်ဟာလည်း ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ထိန်းချုပ်ခံထားရတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရုံးရဲ့ ပြောရေးဆိုခွင့် ရှိသူကလည်း ပြောကြားထားတာရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းမြန်မာစစ်တပ်၏ အကြမ်း ဖက် လုပ်ရပ်များအား အရေးယူအပြစ်ပေးရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်း...
30/08/2022

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းမြန်မာစစ်တပ်၏ အကြမ်း ဖက် လုပ်ရပ်များအား အရေးယူအပြစ်ပေးရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ရက္ခိုင်ပြည်ကျောင်းသမဂ္ဂမှ တောင်းဆို

ဩဂုတ် ၃၀

လတ်တလော ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းမြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များအား အရေးယူအပြစ်ပေးရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ရက္ခိုင်ပြည်ကျောင်းသမဂ္ဂမှ တောင်းဆိုသည့် ထုတ်ပြန်ချက် တစ်စောင် ယမန့်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး၊ မြန်မာစစ်တပ်၏ လက်အောက်ခံ အဖွဲ့ဝင်များအဖြစ် ရှိနေကြသည့် ရခိုင်ပြည်ဖွားများအားလည်း သမိုင်းတရားခံအဖြစ် ရှုံ့ချကြောင်း ကြေညာ ချက်တွင် ထည့်သွင်း ထုတ်ပြန်ထားပါတယ်။

Public Voice TV(Support Media) Citizens Journalist (CJ)များ ဖိတ်ခေါ်ခြင်း ⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺🔶 လက်ရှိကာလ မြန်မာနိုင်ငံတွင် စစ်တပ...
29/08/2022

Public Voice TV(Support Media) Citizens Journalist (CJ)များ ဖိတ်ခေါ်ခြင်း

⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺

🔶 လက်ရှိကာလ မြန်မာနိုင်ငံတွင် စစ်တပ်မှ ဥပဒေမဲ့ အကြမ်းဖက်အာဏာသိမ်းယူပြီးနောက် မတရားမှုများစွာ ပြုလုပ်‌နေသည်ကို စာဖတ်သူတိုင်း သိရှိကြပြီးဖြစ်ပါတယ်။ အဆိုပါ အကြမ်းဖက်မှုများကို ဖော်ထုတ်ရေးသားနေသည့် သတင်းဌာနများကို ဖျက်သိမ်းခြင်း၊ သတင်းထောက်များကို ဖမ်းဆီးထောင်ချခြင်းတို့ကို ပြုလုပ်နေသဖြင့် သတင်းထောက်များစွာ ပြည်ပနှင့် စစ်ကောင်စီလက်တံမှ ကင်းလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သတင်းရေးသားမှုများပြုလုပ်နေကြသလို ပြည်တွင်း၌ သတင်းထောက် အနည်းငယ်သာ ကျန်ရှိပြီး ပြည်သူများအတွက် လိုအပ်သည့် သတင်းများနှင့် အာဏာသိမ်းစစ်တပ်၏မတရားမှုများကို ဖော်ထုတ်ရေးသားခြင်း ပြုလုပ်နေရပါတယ်။

🔶 ယခင်ကကဲ့သို့ သတင်းထောက်များ မြေပြင်ကွင်းဆင်းသတင်းရယူရန် ခက်ခဲနေသဖြင့် အချက်အလက်များမှားယွင်းခြင်း၊ မတရားမှုများ လူမသိဘဲ ပျောက်ကွယ်သွားခြင်းများ ဖြစ်ပေါ်နေသဖြင့် ဒေသအသီးသီးရှိ ပြည်သူများ အနေဖြင့် မိမိဒေသ၏ ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ဒေသအသံများကို PVTV (Support Media) သတင်းဌာနမှတဆင့် ဖော်ထုတ်နိုင်ပြီဖြစ်ပါသည်။

🔶 မိမိတို့နေထိုင်ရာဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေများကို မြန်မာတပြည်လုံးရှိ ပြည်သူများ သိရှိလာနိုင်ရန် သတင်း၊ ဓာတ်ပုံနှင့် ရုပ်သံသတင်းများကို လွတ်လပ်စွာပေးပို့နိုင်ပြီး PVTV(Support Media)၏ မူဝါဒနှင့် ကိုက်ညီသည့် သတင်းများကို အယ်ဒီတာအဖွဲ့၏ တည်းဖြတ်၊ ဆုံးဖြတ်မှု၊ PVTV(Support Media) သတင်းဌာနမှ သတင်းထောက်များ၏ပူးပေါင်းမှုများဖြင့် သတင်းထုတ်လုပ်ပေးသွားမည်ဖြစ်ပါတယ်။

🔶 သို့ဖြစ်ပါသဖြင့် PVTV(Support Media) သတင်းဌာန၏ Telegram acc ဖြစ်သည့် @ နှင့် PVTV(Support Media) သတင်းဌာန၏ Facebook messenger ဖြစ်သည့် https://m.me/PVTV(SupportMedia) သို့ သတင်း၊ ရုပ်သံ၊ ဓာတ်ပုံများနှင့် အချက်အလက်များ ပေးပို့နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ တောင်မြို့ကျေးရွားကို ဝင်ရောက်စီးနင်းကာ အိမ်ခြေ ၃၀ကေျာ်အား မီးရှို့ဖျက်ဆီး ပြီး PDF ရ...
29/08/2022

အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ တောင်မြို့ကျေးရွားကို ဝင်ရောက်စီးနင်းကာ အိမ်ခြေ ၃၀ကေျာ်အား မီးရှို့ဖျက်ဆီး ပြီး PDF ရဲဘော်တစ်ဦး ပစ်သက်ခံရ

ဩဂုတ်လ ၂၉

🔶 ယနေ့ (သြဂုတ်လ ၂၉ရက်) နံနက် ၄ နာရီ ၃၀မိနစ်အချိန်မှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာ ကို စစ်ကောင်စီတပ်များနှင့်ပျူစောထီး အင်အား ၅၀ က ဝင်ရောက်စီးနင်းပြီး အိမ်ခြေ ၃၀ ကျော်ကို မီးရှို့ကာ PDF ရဲဘော်တစ်ဦးကို ပစ်သတ်သွား ကြောင်းသိရပါတယ်။
စစ်ကောင်စီတပ်နှင့် ကြွယ်ပုံကျေးရွာမှ ပျူစောထီး အင်အား ၅၀ ကျော်က လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ အိမ်ခြေ ၃၀ ကျော် ခန့်ဆုံးရှုံးပြီး ပြည်သူများကို ကယ်ဆယ်နေသော PDF ရဲဘော်တစ်ဦး ပစ်သတ်ခံရကြောင်း သိရပါတယ်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးလိုက်ရတဲ့ အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်းကို ယနေ့ သဂြိုလ်ကာ မိခင်မှာ စစ...
29/08/2022

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးလိုက်ရတဲ့ အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်းကို ယနေ့ သဂြိုလ်ကာ မိခင်မှာ စစ်တပ်၏ လက်နက် ကြီးကျည်ထိမှန်ဒဏ်ရာရရှိထားပြီး ဖခင်မှာ မလေးရှားရောက်ရှိနေ၍ မိဘနှစ်ပါးစလုံး သားဖြစ်သူ နာရေး မတက်ရပေ

ဩဂုတ်လ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်း အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရကြောင်း သိရပါတယ်။

အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်းသည် စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဆေးရုံမရောက်မီ လမ်းတွင်သေဆုံးသွားခဲ့ပါတယ်။

မောင်မြတ်သူလင်း၏ ဖခင်မှာ မိသားစုအတွက် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေရပြီး မိခင်ဖြစ်သူမှာလည်း စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာအပြင်းအထန် ရရှိထားကာ ယနေ့(သြဂုတ်လ ၂၉ရက်)မှာ သဂြိုလ်မည့် အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်း၏ နာရေးတွင် မိဘနှစ်ပါးစလုံး တက်ရောက်တော့မည်မဟုတ်ပေ။

ဖခင်ဖြစ်တဲ့ ဦးနေသူလင်းကတော့ "ဘာဘာသားသျှေ ဘာဘာ ဇာပိုင်ဖြေးရဖိုလဲ သားကြီး ဘာဘာ အသူအပြစ်တင်ရဖိုလဲ ဘာဘာရင်ထဲမှာ သားကြီးမဟိ ဘာဘာတခုလေးမမြင်လိုက်ယာ သားကြီး ဘာဘာလေး သားကြီးကို ရှင်ပြုရဖိုလဲ သားကြီးကို အဂုက အသူကို ရှင်ပြုရဖိုလဲ သားကြီး ဘာဘာမခံစားနိုင် သားကြီး" ဟု သားအတွက် ကြေကွဲဝမ်းနည်းစွာဖြင့် ၎င်းရဲ့လူမှုကွန်ရက်တွင် ရေးသားထားတာကို စိတ်မကောင်းစွာဖြင့် တွေ့လိုက်ရပါတယ်။

မောင်မြတ်သူလင်း အပါအဝင် ပြည်သူ ၃ ဦးထိခိုက်သေဆုံးစေသော မြောက်ဦးမြို့ ကင်းဆိပ်ကျေးရွာသို့ကျရောက်သည့် လက်နက်ကြီးမှာ မြောက်ဦး ၃၇၇ တပ်ရင်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများဖြစ်ပါတယ်။

Address


Alerts

Be the first to know and let us send you an email when Public Voice TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share