Voice of Pindaya

  • Home
  • Voice of Pindaya

Voice of Pindaya You are powerful and your voice matter. Make sure your voice be heard!
(21)

ရပ်စောက်မြို့နယ်မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားဗွီအိုပီ၊ ဩဂုတ်လ (၈)ရက် ။ဒီနေ့ ဩဂု...
08/08/2024

ရပ်စောက်မြို့နယ်မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွား

ဗွီအိုပီ၊ ဩဂုတ်လ (၈)ရက် ။

ဒီနေ့ ဩဂုတ်လ ၈ရက်နေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်အချိန် ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ရှိရာကို စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း DPLA ကသတင်းထုတ်ပြန်ထားပါတယ် ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉သေဆုံးကာ ၈ဦးသုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၁၉လက်သိမ်းဆည်းရမိတယ်လို့လည်းသိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်ညနေပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLAဟာ 1027စစ်ဆင်ရေး အပိုင်း၂ မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လျှက်ရှိပါတယ်။

ရပ်စောက်မြို့နယ်မှာ ပျောက်ဆုံးနေတဲ့ လူငယ်တဦးကို ကြိုးဆွဲချသေဆုံးလျှက် ပြန်လည်တွေ့ရှိဗွီအိုပီ၊ ဇွန်လ(၂၀)ရက်နေ့။ရှမ်းပြည်တ...
20/06/2024

ရပ်စောက်မြို့နယ်မှာ ပျောက်ဆုံးနေတဲ့ လူငယ်တဦးကို ကြိုးဆွဲချသေဆုံးလျှက် ပြန်လည်တွေ့ရှိ

ဗွီအိုပီ၊ ဇွန်လ(၂၀)ရက်နေ့။

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အလယ်ချောင်ရွာက ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ရွာသားလူငယ်တဦးကို ကြိုးဆွဲချသေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူဟာ ဇွန်လ ၁၀ရက်နေ့လောက်ကတည်းက ရွာကနေပျောက်နေတာဖြစ်ပြီးတော့ ၈ခန့်အကြာမှာ သူ့ပိုင်တဲ့လယ်ကွင်းအနီးက သစ်ပင်တပင်မှာ ကြိုးဆွဲချသေဆုံးနေတာကို မှိုရှာသွားတဲ့ ဒေသခံတွေက တွေ့ရှိခဲ့ရတာပါ။

အလောင်းကိုတွေ့ရှိချိန်မှာ ခြေတွေလက်တွေက ခွေးတွေစားထားတာကြောင့် မရှိတော့ဘဲ အလောင်းကလည်း ပုံပျက်နေပြီဖြစ်တယ် လို့ဆိုပါတယ်။

အလောင်းကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ဆရာဝန်တွေက လာရောက်စစ်ဆေးခဲ့ပြီးတော့ ဇွန်လ ၁၇ရက်နေ့မှာ မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ကြိုးဆွဲချသေဆုံးရတဲ့အကြောင်းအရင်းကို အတိအကျမသိရပေမယ့် သေဆုံးသူဟာ ခေတ်ရဲ့အခြေအနေကြောင့် စိတ်ညစ်စရာတွေများပြီးတော့မှ အခုလိုလုပ်တာဖြစ်မယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုပါတယ်။

ရွာသူ/သားတွေက ၎င်းပျောက်နေလို့ လိုက်လံရှာဖွေတာ၊ ဗေဒင်တွေမေး နတ်တင်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနှင့် စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ မိမိကိုယ်ကိုယ်သတ်သေမှုဖြစ်စဉ်တွေ ယခင်ကထက် ပိုမိုများပြားလာနေပါတယ်။

ရွာငံမြို့နယ်မှာ စကစလက်အောက်ခံပျူစောထီးတွေက PDFအယောင်ဆောင်ပြီး ပုဂ္ဂလိကချေးငွေရုံးဝန်ထမ်းဆီက ငွေကြေးသိမ်းဆည်း ဗွီအိုပီ၊ ...
15/05/2024

ရွာငံမြို့နယ်မှာ စကစလက်အောက်ခံပျူစောထီးတွေက PDFအယောင်ဆောင်ပြီး ပုဂ္ဂလိကချေးငွေရုံးဝန်ထမ်းဆီက ငွေကြေးသိမ်းဆည်း

ဗွီအိုပီ၊ မေလ (၁၅) ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေက PDFအယောင်ဆောင်ပြီး ပုဂ္ဂလိကချေးငွေရုံးဝန်ထမ်း၂ဦးဆီက ငွေကြေး၊ မှတ်ပုံတင်နဲ့ ဖုန်းတို့ကို သိမ်းဆည်းခဲ့တယ်လို့ သတင်းရင်းမြစ်က သတင်းပေးပို့လာပါတယ်။

ဖြစ်စဉ်ကတော့ မေလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်လောက်မှာ ပင်းတယမြို့ ပုဂ္ဂလိကချေးငွေရုံးက ဝန်ထမ်းနှစ်ဦးဟာ ရွာငံမြို့နယ်အလယ်ချောင်ရွာဘက်ကို ငွေကြေးဝန်ဆောင်မှုပေးဖို့ ဆိုင်ကယ်နဲ့အသွား အလယ်ချောင်ရွာ ရောက်ခါနီးမှာ ဓနုစကားပြောတဲ့ အရပ်ဝတ်လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသူတွေရဲ့ တားဆီးစစ်ဆေးခံခဲ့ရတယ်လို့သိရပါတယ်။

တားဆီးစစ်ဆေးစဉ်မှာ အစိုးရနဲ့ပတ်သက်ခြင်းရှိမရှိသာ သာမန်ကာလျှံကာ မေးမြန်းပြီး ငွေကြေး၊ မှတ်ပုံတင်၊ ဖုန်း ၂လုံးတို့ကိုသိမ်းဆည်းကာ ဆိုင်ကယ်နဲ့လူကိုချက်ခြင်း ပြန်လွတ်ပေးခဲ့တယ်လို့ပြောပါတယ်။

ကနဦးသတင်းအရ ဓနုစကားသံနဲ့ပြောဆိုနေတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ(PDF) ကျူးလွန်တာဖြစ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် VoPအနေနဲ့ ရွာငံမြို့နယ်မှာ လှုပ်ရှားနေတဲ့ ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ပျူတွေက PDFအသွင်ယူပြီးတော့လုပ်သွားတာဗျ၊ ဘာကြောင့်အဲလိုပြောနိုင်ရလဲဆိုတော့ အဲဒီရွာအနီးအနားက ဘုန်းကြီကျောင်းမှာ တပ်စွဲထားတဲ့ပျူတွေရှိတယ်၊ ကင်းပုန်းဝပ်တာတွေရှိတယ်၊ လတ်တလော ကျွန်တော်တို့တပ်ဖွဲ့တွေက အဲဒီနေရာမှာ လုံးဝလှုပ်ရှားမှုမရှိပါဘူး၊” လို့ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကအခုလိုအတည်ပြုပြောဆိုပါတယ်။

ပင်းတယ၊ ရွာငံ၂မြို့နယ်မှာလှုပ်ရှားနေတဲ့ပျူစောထီးတွေအများစုဟာ ဒေသခံဓနုတွေပဲ ဖြစ်တာကြောင့် အားလုံး ဓနုစကားပြောဆိုသူတွေသာဖြစ်ကြပါတယ်။

အခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အလယ်ချောင်ရွာရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ လေးရွာဘုန်းကြီးကျောင်းမှာ မနေ့ကညနေပိုင်းအထိ ဒေသခံပျူစောထီး ၇၀ ဝန်းကျင်လောက်တပ်စွဲထားခဲ့ကြပြီး တပ်စွဲထားတဲ့နေရာနဲ့ ၃အိမ်ကျော်လောက်ကအိမ်ကို သူတို့ကိုယ်တိုင်ပဲဖောက်ထွင်းခိုးယူခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

“မနေ့ညနေကပဲ လေးရွာဘုန်းကြီးကျောင်းမှာတပ်စွဲထားရာကနေထွက်သွားကြပြီ၊ အလှူခံပုံးထဲက ပိုက်ဆံတွေပါ ယူသွားကြတာ ဒီကောင်တွေက ”လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလတုန်းက မြင်းကျဒိုးကျေးရွာရဲကင်းစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ အလယ်ချောင်ရွာနှင့် လေးရွာတဝိုက်မှာပျူစောထီးတွေက တပ်စခန်းချပြီးတော့ စစ်ဆေးမေးမြန်းတာတွေ ကင်းပုန်းဝပ်တာတွေကို တောက်လျှောက်ပြုလုပ်နေခဲ့ပါတယ်။

Breaking News !!!မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ရွာငံက မိန်းလမ်းမကြီးအချို့နေရာတွေမှာ သစ်ပင်ကျို...
02/05/2024

Breaking News !!!
မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ရွာငံက မိန်းလမ်းမကြီးအချို့နေရာတွေမှာ သစ်ပင်ကျိုးကျပျက်စီးမှုများရှိနေ
==============================

မေလ(၂)ရက်နေ့ ယနေ့ညနေပိုင်း ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ရွာငံမြို့နယ်ရဲ့မိန်းလမ်းမကြီး အချို့နေရာတွေမှာ သစ်ပင်ကျိုးကျပျက်စီးတာတွေရှိနေပြီးတော့ လမ်းပိတ်ဆို့မှုတွေလည်းရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ရွာငံမြို့နယ်ပဲရင်း​တောင်ကျေးရွာအနီး နောင်ရိုးစက်သုံးဆီဆိုင်မြောက်ဘက်ခြမ်းမှာ သစ်ပင်းကျိုးကျပြီးကားလမ်းပိတ်ဆို့တာတွေရှိနေတယ်လို့လည်းဆိုပါတယ်။

သစ်ပင်ကျိုးကျနေတဲ့ ဓာတ်ပုံတွေကိုလည်း ရွာငံကဒေသခံတွေက သူတို့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာ မှာကိုယ်စီမျှဝေ​​နေ ကြတာကိုလည်းတွေရပါတယ်။

ဓါတ်ပုံ-ဓနုမြေမှအရှင်အာလောက၊ စိုင်းခြူးခ

ရပ်စောက်မြို့နယ်မှာ RCSS/SSAရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှု ပိုမိုဆိုးရွားလာဗွီအိုပီ၊ ဧပြီလ(၂၆) ။ရှမ်းပြည်တောင်ပိုင်...
26/04/2024

ရပ်စောက်မြို့နယ်မှာ RCSS/SSAရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှု ပိုမိုဆိုးရွားလာ

ဗွီအိုပီ၊ ဧပြီလ(၂၆) ။

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှု ပိုမိုဆိုးရွာလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလအစပိုင်းကစလို့ ရပ်စောက်မြို့နယ်က ရွာတွေမှာ RCSS/SSA ကတပ်သားသစ်စုဆောင်းတာတွေကိုခပ်စိပ်စိပ် ပြုလုပ်လာလို့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

“တောက်လျှောက်ကို တပ်သားသစ်ကောက်နေတာ RCSSက ၊ လူငယ်မရှိရင် မိဘတွေခေါ်မယ်၊ ထွက်ပြေးကြလို့လူမရှိရင် ပိုင်ဆိုင်မှုတွေအကုန်သိမ်းမယ်လို့ ခြိမ်းခြောက်ပြီးမှကို ကောက်နေတာ၊ တော်တော်ကိုပရမ်းပတာပဲ” လို့ ရပ်စောက်မြို့နယ်၊ အင်တောမြို့က ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင် အင်တောမြို့နယ် မှာ RCSSက အတင်းအဓမ္မတပ်သားသစ်စုဆောင်းတာ ရာဂဏန်းအထိ ရှိသွားပြီလို့လည်း ထိုသူကဆိုပါတယ်။

“သူတို့က စကားသိပ်မပေါက်ဘူး၊ အိမ်ထောင်စုစာရင်းတွေကိုကြည့်ပြီးတော့မှ အသက်ပြည့်မပြည့် ကြည့်တာ၊ ပြီးရင်တန်းဆွဲတာပဲ ၊ ကျွန်တော်တို့ရွာက ၁၃နှစ်သားတစ်ယောက်လည်းပါသွားတယ်၊ အသက်မပြည့်သေးဘူးလို့ ရှင်းပြပေမယ့်မရဘူး” လို့ တပ်သားစုဆောင်းခံရတဲ့ရွာက ရွာသားတစ်ဦးကအခုလိုပြောပါတယ်။

RCSSကတပ်သားစုဆောင်းမှုမှာ ရှမ်းလူမျိုးတစ်ခုထဲ တပ်သားစုဆောင်းတာမဟုတ်ဘဲ ၁၈နှစ်ကနေ ၄၅နှစ်ကြား တစ်အိမ်တစ်ယောက်မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး အတင်းအဓမ္မလိုက်လံစုဆောင်းနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရပ်စောက်မြို့နယ်မှာ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဓနု ၊တောင်ရိုး၊ အင်းသား၊ ဂေါ်ရခါး စတဲ့လူမျိုးစုတွေ ပျံ့နှံ့နေထိုင်နေကြတာပါ။

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ဖြစ်ခဲ့တဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာပတ်ဝန်းကျင်က SSPP/SSAနဲ့ RCSS/SSA ရှမ်းတပ်၂တပ်တိုက်ပွဲတွေအပြီးမှာ RCSS/SSA ကတောင်ကြီးကားလမ်းမ တဘက်ခြမ်းထိ ဆုတ်ခွာခဲ့ရပါတယ်။

အဲဒီအချိန်ကစလို့ ရပ်စောက်မြို့နယ်မှာ RCSSဟာပြန်လည်ခြေကုပ်ရယူဖို့ကြိုးစားရင်း အခုချိန်မှာတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေနဲ့ ဗိုလ်သင်တန်းကျောင်းတွေတည်ရှိတဲ့ ဗထူးတပ်မြို့အနီးက ရွာတွေအထိကို ဆက်ကြေးကောက်တာတွေ တပ်သားစုဆောင်းတာတွေကို ပေါ်ပေါ်တင်တင် ပြုလုပ်လို့ရနေတာဟာ စစ်ကောင်စီနဲ့ RCSSအကြား ပတ်သက်မှုတစုံတရာရှိမယ်လို့လည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

“ ဒီမှာစကစတပ် အခိုင်အမာရှိနေတာတောင် RCSSက ပေါ်တင်ပဲလှုပ်ရှားနေတာပဲလေ၊ စကစနဲ့ညှိနှိုင်းထားတာမျိုးမရှိရင် ဒီလိုအခြေအနေမျိုးဘယ်ရမလဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အခုချိန် ဒီနယ်မှာက RCSSပဲ ကြောက်နေရတာပဲ” လို့ရပ်စောက်မြို့နယ်က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်ဦးက အခုလိုပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဒုက္ခအမျိုးမျိုးတွေ့ကြုံခံစားနေကြရတဲ့အချိန်မှာ အခုလိုမျိုး ပြည်သူလူထုဘက်ကို မငဲ့ကွက်တဲ့လုပ်ရပ်မျိုးကို RCSS/SSAကတာဝန်ရှိသူတွေအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့လည်း ထိုသူကဆိုပါတယ်။

ရှမ်းပြည်တွင်းနေထိုင်သူတွေ စစ်မှုထမ်းရမယ်ဆိုတဲ့ ကြေညာချက်တစ်စောင်ကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ RCSS/SSA ကထုတ်ပြန်ခဲ့ဖူးပါတယ်။ ရှမ်းဘာသာနဲ့ရေးသားထားတဲ့အဲဒီထုတ်ပြန်ချက်မှာ ရှမ်းပြည်နယ်အတွင်းမှီတင်းနေထိုင်တဲ့ အသက် ၁၈နှစ်ကနေ ၄၅နှစ်အထိ လူမျိုး၊ ကျား၊မ မရွေး အမျိုးသားရေးအတွက် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် RCSS/SSAထံစစ်မှုထမ်းရမယ်လို့ပါရှိပါတယ်။

လောင်းကစားဝိုင်းကပြန်လာတဲ့ ရွာငံမြို့ခံတစ်ဦးကို ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး ဗွီအိုပီ၊ ဧပြီလ (၂၅) ။ဓနုကိုယ်ပိုင်အု...
25/04/2024

လောင်းကစားဝိုင်းကပြန်လာတဲ့ ရွာငံမြို့ခံတစ်ဦးကို ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး

ဗွီအိုပီ၊ ဧပြီလ (၂၅) ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ လောင်းကစားဝိုင်းက ပြန်လာတဲ့ ရွာငံမြို့ခံတစ်ဦးကို ချိုးဖြူတော်လှန်ရေး တပ်ဖွဲ့ က လမ်းမှာ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဧပြီ (၂၄)ရက်နေ့ မနေ့က နေ့လည် ၁နာရီခွဲဝန်းကျင်မှာ လောင်းကစားဝိုင်းကအပြန် ကျောက်တောင်ရွာအနီးမှာ လောင်းကစားပြုလုပ်တဲ့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခြင်းခံရတာပါ။ ဖမ်းဆီးခံရသူဟာ ရွာငံမြို့ ရွာမရပ်ကွက်မှာနေထိုင်တဲ့အမျိုးသားတစ်ဦးဖြစ်ပါတယ်။

ဖမ်ဆီးခံရသူကို ရိုက်နှက်တာတွေမလုပ်ဘဲ လောင်းကစားဝိုင်းထပ်မလုပ်ဖို့ ခံဝန်ကတိလက်မှတ် ထိုးခိုင်းပြီးတော့ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ချိူးဖြူအဖွဲ့ကပြောပါတယ်။


၂၀၂၁ခုနှစ်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ၊ ရွာငံ ၂မြို့နယ်မှာ အလောင်းကစားဝိုင်းတွေပိုမိုများပြားလာနေပါတယ်။

21/04/2024

တောင်ကြီး-မန္တလေးကားလမ်းမကြီးပေါ်မှာရှိတဲ့ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာရဲစခန်းကို Ywangan PDF (JPRF)မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် ရုပ်/သံ
==================================

ဒီနေ့ ဧပြီလ ၂၁ရက်နေ့ မနက် ၁၀နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနှင့် ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာရဲစခန်းကို Ywangan PDF (JPRF)မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၃)ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ ဒုတပ်ကြပ်တစ်ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကာ၊ AK-47 တစ်လက်၊ ရိုင်ဖယ်တစ်လက် ပေါင်း ၂လက်နှင့် ကျည်ဆံအတောင့် ၃၀၀ သိမ်းဆည်းရမိခဲ့တယ်လို့ Ywangan PDF(JPRF) ကသတင်းထုတ်ပြန်ပါတယ်။ Ywangan PDF(JPRF)ရဲ့ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။

မြင်းကျဒိုးကျေးရွာဟာ တောင်ကြီး-မန္တလေးကားလမ်းမကြီးပေါ်မှာတည်ရှိပြီးတော့ စစ်ကောင်စီတပ် ထောက်ခံသူ ပျူစောထီးတွေကြီးစိုးတဲ့ ရွာတစ်ရွာလည်းဖြစ်ပါတယ်။

ရွာငံမြို့နယ် မြင်းကျဒိုးရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်ပစ်ခတ်တိုက်ခိုက်ဗွီအိုပီ၊ ဧပြီလ (၂၁)ရက်။ဓနုကိုယ်ပိုင်အု...
21/04/2024

ရွာငံမြို့နယ် မြင်းကျဒိုးရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်ပစ်ခတ်တိုက်ခိုက်

ဗွီအိုပီ၊ ဧပြီလ (၂၁)ရက်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၊ မြင်းကျဒိုးကျေးရွာ ရဲစခန်းကို ဒီနေ့ ဧပြီလ ၂၁ရက်နေ့ မနက်ပိုင်းမှာ ရွာငံအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဒီနေ့မနက်၁၀နာရီဝန်းကျင်လောက်မှာ အပြန်အလှန်ပစ်ခတ်သံတွေကြားနေရတယ်၊ မိနစ် ၂၀ ဝန်းကျင် လောက်တော့ ကြာမယ်ထင်တယ် ၊ ချိူးဖြူအဖွဲ့က ဝင်ပစ်တာလို့လည်းပြောတယ်” လို့ဒေသခံတဦးက VoP ကိုပြောပါတယ်။

ထိခိုက်မှုအခြေအနေတွေနဲ့ ဘယ်အဖွဲ့ကဝင်ရောက် ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာကိုတော့ VoP အနေနဲ့သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြင်းကျဒိုးရဲ့ တောင်ဘက်ခပ်လှမ်းလှမ်းမှာရှိတဲ့ ကျူံးစစ်ဆေးရေးဂိတ်မှာ အစစ်အဆေးတွေ ကြမ်းနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“ကျုံးဂိတ်မှာတအားအစစ်အဆေးကြပ်တယ်၊ ကားပေါ်ကနေအကုန်ဆင်းခိုင်းတယ်၊ ဖုန်းတွေလည်းစစ်တယ်
၊ မြင်းကျဒိုးမှာဖြစ်လို့ထင်တယ်”လို့ ကျူံးဂိတ်ကိုဖြတ်ခဲ့တဲ့ ဒေသခံတဦးကVop ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့မှာလည်း YwanganPDF-JPRF(ချိူးဖြူ)အဖွဲ့က ရွာငံမြို့နယ် သစ်စေးကုန်းကျေးရွာ အနီးမှာ စစ်ကောင်စီဒုတပ်ကြပ်နှင့် ပျူစောထီး၁ဦး တို့မောင်းနှင်လာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပင်းတယမြို့မှာ စကစနဲ့ PNOပူးပေါင်းအဖွဲ့က ဖဲဝိုင်းကိုဝင်ရောက် ပစ်ခတ်ဖမ်းဆီးရာ ဒေသခံ ၂ဦးသေဆုံးဗွီအိုပီ၊ ဧပြီလ (၁) ရက် ။ဒီန...
01/04/2024

ပင်းတယမြို့မှာ စကစနဲ့ PNOပူးပေါင်းအဖွဲ့က ဖဲဝိုင်းကိုဝင်ရောက် ပစ်ခတ်ဖမ်းဆီးရာ ဒေသခံ ၂ဦးသေဆုံး

ဗွီအိုပီ၊ ဧပြီလ (၁) ရက် ။

ဒီနေ့မနက် အစောပိုင်း ၂ နာရီဝန်းကျင်အချိန်မှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပန်းစစ်ကျေးရွာက နေအိမ်တအိမ်မှာပြုလုပ်နေတဲ့ ဖဲဝိုင်းကို ဒေသတွင်းစစ်ကောင်စီတပ်ဖွဲ့နဲ့ ပအိုဝ့်ပြည်သူ့စစ်(PNO) ပူးပေါင်းအဖွဲ့က ဝင်ရောက် ပစ်ခတ်ဖမ်းဆီးရာမှာ ဒေသခံပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသူတွေကတော့ ဖဲဝိုင်းမှာရှိနေတဲ့ မဲနယ်တောင်ကျေးရွာဥက္ကဌဟောင်းဖြစ်သူ ဦးကြီးဖေနဲ့ ပန်းစစ်ရွာသား ကိုကြယ်နီတို့ ၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ပန်းစစ်ရွာကဖဲဝိုင်းကို ဘာကြောင့် အခုလို ပစ်ခတ်ဖမ်းဆီးရတယ်ဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

ပင်းတယမြို့နယ်မှာ ဖဲဝိုင်း၊ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးကို စစ်ကောင်စီအာဏာပိုင်တွေက ပေါ်ပေါ်တင်တင်ခွင့်ပြုထားပေမယ့် ယခုလိုပစ်ခတ်ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဒေသတွင်းလောင်းကစားသမားတွေက ထိတ်လန့်နေကြပါတယ်။

၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီနဲ့ ဒေသခံပျူစောထီးတွေပူးပေါင်းပြီး လောင်းကစားနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေကြတာဖြစ်ပါတယ်။

ရွာငံမှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားဗွီအိုပီ၊ မတ်လ (၂၈)ရက်နေ့ ။ဒီနေ့ မတ်လ ၂၈ရက်နေ့မှာ ဓနုကိုယ်ပိ...
28/03/2024

ရွာငံမှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား

ဗွီအိုပီ၊ မတ်လ (၂၈)ရက်နေ့ ။

ဒီနေ့ မတ်လ ၂၈ရက်နေ့မှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၊ သိမ်ကုန်းကျေးရွာက အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓါးကိုအသုံးပြုပြီးတော့ အဆုံးစီရင်တာဖြစ်ပြီး လည်ပင်းနဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၃၁နှစ်အရွယ် အိမ်ထောင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး သားသမီးလည်းရှိတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အရက်အလွန်အကျွံသောက်သုံးပြီး စိတ်ပုံမှန်မဟုတ်တဲ့အခြေအနေမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဆုံးစီရင်ရတဲ့အကြောင်းအရင်း နဲ့ပတ်သက်ပြီးတော့ VoP အနေနဲ့ သီးခြားအတည်မပြုနိုင်ခြင်းမရှိပါဘူး။

အလောင်းကို ရွာငံမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းလိုက်တဲ့အချိန်ကစလို့ မြန်မာနိုင်ငံမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်မှုဖြစ်စဉ်တွေကို ခပ်စိတ်စိတ်တွေ့လာနေရပါတယ်။


: မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်

ပင်းတယက ထွေအုပ်ဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က စစ်မှုထမ်းဥပဒေအောင်မြင်ရေး အတွက် ဘောင်ကျော်စည်းရုံးလုပ်ဆောင်...
19/03/2024

ပင်းတယက ထွေအုပ်ဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က စစ်မှုထမ်းဥပဒေအောင်မြင်ရေး အတွက် ဘောင်ကျော်စည်းရုံးလုပ်ဆောင်နေ

ဗွီအိုပီ၊ မတ်လ (၁၉)ရက်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့နဲ့ ထွေအုပ်အပါအဝင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက စစ်မှုထမ်းဥပဒေအောင်မြင်ရေးနဲ့ သတ်မှတ်ဦးရေ ပြည့်မှီရေးအတွက် စစ်မှုထမ်းကြဖို့ပြောဆိုစည်းရုံးတဲ့အထိ ဘောင်ကျော်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သုံးလပဲ သင်တန်းတက်ရမှာ၊ ရှေ့တန်းကို လုံးဝမပို့ဘူး၊ ၂နှစ်ဆိုတာကလည်း ခွင့်ရက် ပိတ်ရက်တွေနဲ့ ခဏလေးနဲ့ပြည့်မှာ၊ ထွက်မပြေးနဲ့ မဲပေါက်ရင် ဝင်ပေးကြနော “ လို့ ထွေအုပ် ရပ်/ကျေးစာရေး တွေနဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သိမ်းသွင်းနေတယ်လို မဲနှိုက်ခဲ့ရတဲ့ဒေသခံ တစ်ဦးက VOP ကို ပြောပါတယ်။

မဲနှိုက်ရာမှာလည်း လူဦးရေ အနည်းအများကို မကြည့်ဘဲ လူဦးရေနည်းတဲ့ ရပ်ကွက်တွေမှာ လူဦးရေအချိုးနဲ့ မမျှတတဲ့အရေအတွက်တွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူနည်းတဲ့ရပ်ကွက်တွေ ရွာတွေကနစ်နာတာပေါ့၊ ပြီးတော့ မဲပေါက်လို့ထွက်ပြေးရင်လည်း အစည်းအဝေး လာတက်ပေးသူကို ထောင်၅နှစ်ချမယ်လို့လည်း ခြိမ်းခြောက်တယ် “ လို့ ပင်းတယမြို့နယ်မှာရှိတဲ့ ရွာတစ်ရွာက ဒေသခံတစ်ဦးက VOP ကို ပြောပါတယ်။

ပင်းတယမြို့မှာ လူဦးရေ အနည်းဆုံးရပ်ကွက်ဖြစ်တဲ့ ပြည်တော်သာရပ်ကွက်မှာ စစ်မှုထမ်းဖို့ လူ(၆)ဦးအထိ ခေါ်ယူပြီး မဲနှိုက်ရမယ့်သူအရေအတွက်က (၁၆) ဦးပဲရှိတယ်လို့ အမည်မဖော်လိုသူ ထွေအုပ်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

မဲနှိုက်ရတဲ့လုပ်ငန်းစဉ်မှာ မသမာမှုတွေရှိနေတယ်လို့လည်း ဒေသခံတွေကဝေဖန်ပြောဆိုနေကြပါတယ်။
“ သူကြီး အမျိုးတွေကျ မဲမပေါက်ဘူး၊ မဲမသမာမှု ရှိကိုရှိတယ်” လို့ မဲနှိုက်ရာ နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံတစ်ဦးကအခုလိုပြောပါတယ်။

စစ်မှူထမ်းဥပဒေကြောင့် အခုလက်ရှိဒေသတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီသွားရောက်ပူးပေါင်းတာ၊ နိုင်ငံခြားထွက်တာတွေ များလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

“လူပျို အပျိုတွေကတော့ ရွာမှာ ကုန်သလောက်ဖြစ်နေပြီ၊ နိုင်ငံခြားသွား၊ အလုပ်သွား၊ တော်လှန်ရေးအဖွဲ့ ဆီတချို့သွားနဲ့၊ အိမ်ထောင်သည်တွေကတော့ ပြေးလို့မရသေးဖြစ်နေတယ်၊ အခုမဲမပေါက်လည်း နောက်ထပ် နောက်ထပ်တွေက ခေါ်နေမှာ၊ ဒီတစ်ခေါက်မပါလည်း နောက်တစ်ခေါက်ကျ ပါမှာလေ၊ စိတ်ဆင်းရဲတယ်” လို့လည်း ဒေသခံ အိမ်ထောင်သည် တစ်ဦးက ဆိုပါတယ်။

နိုင်ငံအနှံ့က တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်မှုထမ်းဥပဒေဖော်ဆောင်ရေးမှာ ကူညီသူတွေကို ထိရောက်စွာ အရေးယူမယ်လို့ ကြေငြာချက်တွေ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်တဲ့အချိန်ကစလို့ မြန်မာနိုင်ငံအနှံ့က လူငယ် လူရွယ်တွေဟာ နီးစပ်ရာ တော်လှန်ရေး အဖွဲ့တွေဆီမှာ သွားရောက်ပူးပေါင်းမှု ပိုမိုများပြားလာပါတယ် ။

ပင်းတယက ရွာတွေမှာ တစ်ရွာကိုတစ်ယောက်အလှည့်ကျ မဲနှိုက်ပြီး မဖြစ်မနေစစ်မှူထမ်းရမယ်လို့ဆိုဗွီအိုပီ၊ မတ်လ (၁၆)ရက်ပင်းတယမြို့န...
16/03/2024

ပင်းတယက ရွာတွေမှာ တစ်ရွာကိုတစ်ယောက်အလှည့်ကျ မဲနှိုက်ပြီး မဖြစ်မနေစစ်မှူထမ်းရမယ်လို့ဆို

ဗွီအိုပီ၊ မတ်လ (၁၆)ရက်

ပင်းတယမြို့နယ်က ရွာတွေမှာ တစ်ရွာကိုတစ်ယောက် အလှည့်ကျမဲနှိုက်ပြီး မဖြစ်မနေ စစ်မှုထမ်းရမှာဖြစ်တယ် လို့ပြောပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ မတ်လ(၁၅)ရက်နေ့မှာ အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အုပ်ချုပ်ရေးမှူးတွေက ပြောဆိုခဲ့တာပါ။

“ အစည်းအဝေးတွေ အတင်းအကြပ် လုပ်ခိုင်းလို့လုပ်ရတာ၊ ဘယ်လုပ်ချင်ပါ့မလဲဗျ ၊ စကစကိုကြိုက်လို့ အုပ်ချုပ်ရေးမှူး လုပ်နေတာလည်း မဟုတ်ဘူး၊ လူငယ်တွေဆုံးဖြတ်ကြပါ၊ ဒီကောင်တွေကတော့ အဆုံးထိယုတ်မာမှာပဲ ” လို့ အုပ်ချုပ်ရေးမှူးတစ်ဦးက VoPကိုပြောပါတယ်။

ကနဦးအနေနဲ့ အသက်၂၄နှစ်ကနေ၃၀အတွင်း အလှည့်ကျမဲနှိုက်ပြီးတော့ စစ်မှူထမ်းရမှာဖြစ်ပြီး စစ်မှူထမ်းဖို့မဲပေါက်တဲ့သူတွေကို စစ်ကောင်စီက လစာအနေနဲ့ ၁သိန်း၈သောင်းပေးသွားမယ်လို့လည်း ဆိုပါတယ်။

ကျောင်းသား၊ အိမ်ထောင်သည်တွေကိုလည်း ချွင်းချက်မရှိဘဲ မဲနှိပ်ရမယ်လို့ဆိုပါတယ်။ အိမ်ထောင်စုစာရင်း အတိုင်းသွားမှာဖြစ်လို့လိမ်လည်တိမ်းရှောင်လို့မရဘဲ မဲပေါက်တဲ့သူက စစ်မှူထမ်းကို ထမ်းရမယ်လို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အတည်ပြုကြေညာလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေး ထိတ်လန့်စိုးရိမ်မှုတွေမြင့်တက်လာနေတယ်လို့လည်း ထိုသူကဆိုပါတယ်။

ဗိုလ်ချုပ်မင်းအောင်လှိုင် ဦးဆောင်တဲ့အာဏာသိမ်းစစ်တပ်ဟာ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဘော်ဆိုင်းမှာ အုပ်ချုပ်ရေးမှူး၊ စကစနှင့် ရဲတွေပူးပေါင်းပြီး လောင်းကစားဝိုင်းကို အကြီးအကျယ်ပြုလုပ်နေဗွီအိုပီ၊ ဖေဖော်ဝါရီလ...
22/02/2024

ဘော်ဆိုင်းမှာ အုပ်ချုပ်ရေးမှူး၊ စကစနှင့် ရဲတွေပူးပေါင်းပြီး လောင်းကစားဝိုင်းကို အကြီးအကျယ်ပြုလုပ်နေ

ဗွီအိုပီ၊ ဖေဖော်ဝါရီလ (၂၂)ရက် ။

ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စု ပြည်သာရပ်ထဲမှာ ဘော်ဆိုင်းကအုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့ လောင်းကစားဝိုင်းကို အကြီးအကျယ်ပြုလုပ်နေတယ် လို့ဒေသခံတွေကပြောပါတယ်။

လောင်းကစားဝိုင်းပြုလုပ်တဲ့နေရာက ဘော်ဆိုင်း ပြည်သာရပ်ထဲက ခြံဝင်းတစ်ခုထဲမှာ တဲထိုးပြီးတော့ ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လေးကောင်ဂျင်၊ ပိုက်ကျူးစတဲ့လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာပါ။

“ရွာသားတွေကတော့ ရှိသမျှကုန်တာပဲ ၊ တချို့ဆို ဆိုင်ကယ်ပေါင် ၊ ဖုန်းရှိ ဖုန်းပေါင်၊ ရှိတာပေါင်းရောင်းပြီးတော့ကို လုပ်နေတာ” လို့ ရွာသားတစ်ဦးက VoPကိုပြောပါတယ်။

လောင်းကစားဝိုင်းလုပ်နေတာဟာ ၆လခန့်လောက်ရှိပြီဖြစ်ပြီး ရွာကအပေါင်ခံသူရဲ့ နေအိမ်အောက်ထပ်မှာ အပေါင်ဆုံးထားတဲ့ ဆိုင်ကယ်တွေနဲ့ အပြည့်ဖြစ်နေပြီ လို့လည်း ထိုသူကဆိုပါတယ်။ သတင်းဌာနတချို့မှာ အဲဒီလောင်းကစားဝိုင်းနဲ့ပတ်သက်ပြီးတော့ ဖော်ပြခဲ့ပေမဲ့လည်း အာဏာပိုင်တွေက အရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့သိရပါတယ်။

လောင်းကစားဝိုင်းကြောင့် ဒေသခံတွေ အကျင့်စာရိတ္တပျက်ပြားမှုတွေရှိနေပြီး သူခိုးတွေလည်း သောင်းကျန်းနေတာကြောင့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကလောမြို့နယ်မှာ စစ်ကောင်စီက မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ လောင်းကစားဝိုင်းစတဲ့ အရာတွေကို မနှိမ်နင်းပဲ ပေါ်ပေါ်တင်တင် ခွင့်ပြုထားပါတယ်။

ပင်းတယမြို့ပေါ်မှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ ဝါဒဖြန့်လက်ကမ်းစာစောင်တွေဖြန့်ဝေနေဗွီအိုပီ၊ ဖေဖော်ဝါရီလ(၂၁)ရက်ဓနုကိုယ်ပိုင...
21/02/2024

ပင်းတယမြို့ပေါ်မှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ ဝါဒဖြန့်လက်ကမ်းစာစောင်တွေဖြန့်ဝေနေ

ဗွီအိုပီ၊ ဖေဖော်ဝါရီလ(၂၁)ရက်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက ဗိုလ်ချုပ်မင်းအောင်လှိုင်အတည်ပြုကြေညာလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေဖြန့်ဝေနေတယ်လို့ မြို့ခံတစ်ဦးက VoPကိုပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့မနက်ပိုင်းမှာ ပင်းတယမြို့အဝင်ဂိတ်၊ မြို့တွင်းလမ်းဆုံနဲ့ ပင်းတယမြို့မဈေးထဲမှာ ဒေသခံပြည်သူလူထုတွေဆီကို လိုက်လံဖြန့်ဝေနေတာပါ။

“ သူတို့အဖေထုတ်တဲ့ အမိန့်ကို အကောင်အထည်ဖော်နေကြတာပါ၊ ပြည်သူတွေကတော့ ရွေးချယ်စရာမရှိရင်တောင် ဒီကောင်တွေထဲဝင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ အားလုံးစိတ်ညစ်နေရတာတော့အမှန်ပဲဗျာ၊ ဒီကောင်တွေက တော်တော်ယုတ်တဲ့ကောင်တွေ” လို့ ပင်းတယမြို့ခံတစ်ဦးက အခုလိုပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အတည်ပြုကြေညာလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေး ထိတ်လန့်စိုးရိမ်မှုတွေမြင့်တက်လာနေတယ်လို့လည်း ထိုသူကဆိုပါတယ်။

ဗိုလ်ချုပ်မင်းအောင်လှိုင် ဦးဆောင်တဲ့အာဏာသိမ်းစစ်တပ်ဟာ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

photo-sayarkyi

ဓနုဒေသမှာ စကစအာဏာပိုင်တွေကအကြီးအကျယ်ခွင့်ပြုထားတဲ့လောင်းကစားဝိုင်းတွေကြောင့် ဒေသခံတွေ အကျင့်စာရိတ္တပျက်ပြားလာနေဗွီအိုပီ၊...
18/02/2024

ဓနုဒေသမှာ စကစအာဏာပိုင်တွေကအကြီးအကျယ်ခွင့်ပြုထားတဲ့လောင်းကစားဝိုင်းတွေကြောင့် ဒေသခံတွေ အကျင့်စာရိတ္တပျက်ပြားလာနေ

ဗွီအိုပီ၊ ဖေဖော်ဝါရီလ( ၁၈)ရက် ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျုံးစံပြကျေးရွာအုပ်စုအတွင်း မှာ ဒေသတွင်းစစ်ကောင်စီအာဏာပိုင်တွေက အခကြေးငွေယူပြီး လောင်းကစားဝိုင်းကို အကြီးအကျယ် လုပ်ခွင့်ပြုထားလို့ ဒေသခံရွာသားတွေအကျင့်စာရိတ္တပျက်ပြားပြီး သားကွဲမယားကွဲနဲ့ ဘဝပျက်တာတွေ ဖြစ်လာနေတယ်လို့ ဒေသခံတစ်ဦးက VoPကိုပြောပါတယ်။

ကျူံးစံပြကျေးရွာက ကိုမျိုးကျော်ဆိုသူက ဦးစီးပြီးတော့ ပင်းတယမြို့နယ်ထွေအုပ်၊ ရဲ ၊ ဒေသဦးစီးရုံး၊ စရဖတို့က အခကြေးငွေရယူပြီး လောင်းကစားဝိုင်းကို အကြီးအကျယ်ပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါလောင်းကစားဝိုင်းကို ကျုံးစံပြကျေးရွာအုပ်စု ပေါစံသီးကျေးရွာအဝင် သစ်တော တောင်ကုန်းတစ်ခုမှာ ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

လောင်းကစားဝိုင်းကိုကာလကြာရှည်ပြုလုပ်နေတာဖြစ်ပြီး တားဆီးနှိမ်နင်းမယ့်သူမရှိတာကြောင့် လောင်းကစားဝိုင်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံရွာသားတွေ လောင်းကစားပြုလုပ်ရင်း အကျင့်စာရိတ္တပျက်ပြား လာနေတယ်လို့ဆိုပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ၊ ရွာငံ ၂မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ လောင်းကစားဝိုင်းစတဲ့ အရာတွေကို မနှိမ်နင်းပဲ ပေါ်ပေါ်တင်တင်ခွင့်ပြုထားပါတယ်။

ကျဆုံးရဲဘော်၂ဦးအမည်နဲ့ Drone ၂စင်း တည်ဆောက်ဖို့အတွက် ဒရုန်းညီနောင်ကမ်ပိန်းကို DPLFပြုလုပ် ဗွီအိုပီ၊ ဖေဖော်ဝါရီ(၁၆)ရက် ။ ...
16/02/2024

ကျဆုံးရဲဘော်၂ဦးအမည်နဲ့ Drone ၂စင်း တည်ဆောက်ဖို့အတွက် ဒရုန်းညီနောင်ကမ်ပိန်းကို DPLFပြုလုပ်

ဗွီအိုပီ၊ ဖေဖော်ဝါရီ(၁၆)ရက် ။

ပြီးခဲ့ ၂၀၂၃ခုနှစ် သပြေညိုစစ်ဆင်ရေးမှာ MDY-PDFနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ DPLFရဲဘော် ၂ဦးကို ဂုဏ်ပြုမှတ်တမ်းတင်အထိမ်းအမှတ်အဖြစ် ကျဆုံးရဲဘော်၂ဦးရဲ့အမည်နဲ့ Drone ၂စင်း တည်ဆောက်ဖို့အတွက် Spirit Brother ဒရုန်းညီနောင်ကမ်းပိန်းကို DPLFကဦးဆောင်ပြုလုပ်မှာ ဖြစ်တယ်လို့ DPLFရဲ့ ဒရုန်းတပ်ဖွဲ့ (Team Visage) ထံကသိရပါတယ်။

ဓနု​ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)ရဲ့ ကျဆုံးရဲဘော်၂ဦးဖြစ်တဲ့ ရဲဘော်ဝင်းထူးနဲ့ ရဲဘော်ဘထွန်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်မယ့် ဒရုန်း၂စင်းရဲ့နာမည်ကို Htoo 21 နဲ့ Htun 19လို့ကိုယ်စားပြုအမည်ပေးသွားမယ်လို့လည်းသိရပါတယ်။

ကမ်ပိန်းကာလကတော့ ၁၆၊ဖေဖော်ဝါရီ၊၂၀၂၄ ကနေ ၁၆၊ ဧပြီ၊၂၀၂၄ ထိ ၂လကြာ ပြုလုပ်မှာဖြစ်ပါတယ်။ Spirit Brother Drone ပရောဂျက်ကမ်ပိန်းမှာ ၁ ပွိုင့်ကို ၅ ထောင်ကျပ်ကျသင့်မှာဖြစ်ပြီး ဒရုန်းတစ်စင်းအတွက်ကုန်ကျငွေက ကျပ်သိန်း၂၅၀ (၅၀၀၀ ပွိုင့်)ဖြစ်ပါတယ်။

ဒရုန်း ၂စင်း အတွက်ကုန်ကျငွေ သိန်း ၅၀၀ကျပ် (၁၀၀၀၀ ပွိုင့်)ဖြစ်တဲ့အတွက် ကမ်ပိန်းပြည့်မှီဖို့အတွက် ပါဝင်အားဖြည့် ကူညီပေးကြဖို့ကိုလည်း DPLFရဲ့ ဒရုန်းတပ်ဖွဲ့ (Team Visage)က တိုက်တွန်းနိူးဆော်ထားပါတယ်။

ဒရုန်းပရောဂျက်ကမ်ပိန်းမှာပါဝင်သူတွေအတွက် Points 5 ပြည့်တဲ့ဘယ်သူမဆို team visage ရဲ့ ရင်ထိုး badge နဲ့ Points 50 ပြည့်တဲ့သူတွေအတွက် Team Visage logo T-shirtကို ဂုဏ်ပြုလက်ဆောင်ပေးအပ်သွားမယ်လို့လည်းဆိုပါတယ် ။

https://www.facebook.com/share/p/VSGUuXwTdWwBt1SK/?mibextid=WaXdOe

10/02/2024

အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ စစ်ကောင်စီအသက်သွင်း၊
စစ်ထဲဝင်ရန် ငြင်းဆိုပါက ထောင် ၅ နှစ်အထိချနိုင်

ဗွီအိုပီ၊ ဖေဖော်ဝါရီလ( ၁၀)ရက် ။

အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပြီး ပြည်သူတိုင်းကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခွင့်ရှိတဲ့အာဏာကိုစတင်ကျင့်သုံးကြောင်း အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ ဖေဖော်ဝါရီလ( ၁၀)ရက်နေ့ ညမှာ ကြေညာလိုက်ပါတယ်။

အရေးပေါ်အခြေအနေ သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်တယ် လို့လည်းကြေညာချက်မှာ ပြဌာန်းထားပါတယ်။ စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိချနိုင်တယ်လို့လည်း အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားပါတယ် ။

“ နိုင်ငံရေးဆိုတာက အားလုံးနဲ့သက်ဆိုင်တာပါပဲ အခုတော့ရှောင်လွှဲလို့မရအောင်ကို သက်ဆိုင်လာခဲ့ပြီ၊ ငါတို့နဲ့မဆိုင်ဘူး နေသာတယ်ဆိုတဲ့သူတွေအတွက်လည်း တည့်တည့်ကြီးကိုဆိုင်လာတာပဲဗျ၊ နိုင်ငံရေးဆိုတာဒီလိုပါပဲ အဆက်အစပ်ရှိပါတယ် ” လို့ ဒေသတွင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလိုပြောပါတယ်။

အရင် စစ်အာဏာရှင် နအဖအစိုးရလက်ထက် က ဥပဒေအမှတ် ၂၇၊ ၂၀၂၀ နဲ့ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ဒီနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာစတင် အာဏာတည်စေရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ် မင်းအောင်လှိုင်က ထုတ်ပြန်ကြေညာပါတယ်။

အဲဒီဥပဒေအရ သာမန်အရပ်သား အမျိုးသားတွေက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ၊ သာမန်အရပ်သား အမျိုးသမီးတွေက အသက်၁၈ နှစ်မှ ၂၇ နှစ်အတွင်း ၊ ၂နှစ်အထိစစ်မှုထမ်းဖို့ စစ်ကောင်စီတပ်ကဆင့်ခေါ်နိုင်ပါတယ်။

စစ်ကောင်စီတပ်အတွင်း ထိခိုက်သေဆုံးမှုများပြီး စစ်သားရှားပါးလာတာကြောင့် နောက်ဆုံးမှာ စစ်မှုမထမ်းမနေရ ဥပဒေကို အာဏာသိမ်းစစ်ကောင်စီတပ်က ပြဋ္ဌာန်းလာတာဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ စစ်သင်တန်းတက်နေတဲ့ ပင်းတယမြို့နယ်စိုက်ပျိုးရေးရုံးက ဝန်ထမ်းတစ်ဦးအမောဖောက်သေဆုံးဗွီအို...
01/02/2024

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ စစ်သင်တန်းတက်နေတဲ့ ပင်းတယမြို့နယ်စိုက်ပျိုးရေးရုံးက ဝန်ထမ်းတစ်ဦးအမောဖောက်သေဆုံး

ဗွီအိုပီ၊ ဖေဖော်ဝါရီလ (၁)ရက် ။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ စစ်ရေးပြသင်တန်းတက်နေတဲ့ ပင်းတယမြို့နယ်စိုက်ပျိုးရေးရုံးက ဝန်ထမ်းတစ်ဦး အမောဖောက်ပြီးတော့ သေဆုံးခဲ့တယ်လို့သိရပါတယ် ။

ဇန်နဝါရီလ ၂၉ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ဆည်မြောင်းရုံးက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့လည်းဆိုပါတယ်။

အဆိုပါအမျိုးသမီးဟာ ပင်းတယမြို့နယ် ပေါက်တောရပ်ကွက်မှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ် ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနဲ့ရွာငံ ၂မြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုCDMပြုလုပ်သူအရေအတွက် အလွန်နည်းပါးတဲ့ နေရာဒေသတစ်ခု ဖြစ်ပါတယ်။


ဓာတ်ပုံ-Khit thit

သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ၊  တပ်မမှူး အပါအဝင် ၅ ဦးခန့် သေဆုံးဗွီအိုပီ၊ ဇန်နဝါရီလ (၂၉)ရက် ။က...
29/01/2024

သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ၊ တပ်မမှူး အပါအဝင် ၅ ဦးခန့် သေဆုံး

ဗွီအိုပီ၊ ဇန်နဝါရီလ (၂၉)ရက် ။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း ခမရ ၃၅၅မှာ စစ်ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချလိုက်တယ် လို့သိရပါတယ်။

ယနေ့နေခင်း ၂နာရီခွဲဝန်းကျင်မှာ တပ်ချိန်းဖို့အတွက်ရောက်လာတဲ့ ရဟတ်ယာဉ်၂စီးကို တော်လှန်ရေးတပ်ဖွဲ့က စနိုက်ပါလက်ဖြောင့်သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး လေယာဉ်မှူးကို ထိမှန်ကာ တစ်စီးပျက်ကျပြီး တပ်မဟာ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးခဲ့တယ် လို့စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဆိုပါစစ်တပ် ရဟတ်ယာဉ်က ခမရ-၃၅၅/၃၅၆ တပ်ရင်း ၂ ခု နေရာ အကြား တောအုပ်အတွင်း ပျက်ကျခဲ့တယ်လို့လည်း ကရင်သတင်းဌာန KIC ကဖော်ပြထားပါတယ် ။

ဓာတ်ပုံ- Karen Information Center-KIC

24/01/2024

ရွာငံ-မန္တလေးလမ်းမကြီး လမ်းပိုင်းတနေရာမှာ ရွာငံPDFနဲ့ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးရေးဆောင်ရွက်

ဗွီအိုပီ ၊ ဇန်နဝါရီလ ( ၂၄ )ရက် ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ ရွာငံ-မန္တလေးလမ်းမကြီးလမ်းပိုင်းတနေရာမှာ ရွာငံPDF-JPRF နဲ့မော်ဘုရင်စစ်ကြောင်း ပူးပေါင်းအဖွဲ့တို့က လမ်းပိုင်းလုံခြုံရေးဆောင်ရွက်ရင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ သုံးစွဲမှုတွေကို တားဆီးစစ်ဆေးခဲ့တယ်လို့ ရွာငံPDF-JPRFက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်း ဇန်နဝါရီလ၂၂ရက်နေ့ညပိုင်းမှာ လမ်းပိုင်းစစ်ဆေးရေးဆောင်ရွက်ခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြားကို စစ်ဆေးတွေ့ရှိခဲ့ရပေမဲ့ သတိပေးပြီးပြန်လွတ်ခဲ့တယ်လို့ဆိုပါတယ် ။

“ဒေသတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာတွေများလာတယ် ၊ ဒါကြောင့်လမ်းပိုင်းလုံခြုံရေး ယူရင်းနဲ့ အခုလိုစစ်ဆေးရေးလုပ်ရတာပါ ၊ ကျွန်တော်တို့တပ်ဖွဲ့တွေ လမ်းမပေါ် မြို့တွေပေါ်တက်လာရင် ပြည်သူတွေ အနေနဲ့ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ် “လို့ ရွာငံPDFကတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ် ။

ပင်းတယ ရွာငံနှစ်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးနဲ့ ပြည်သူစစ်အဖွဲ့တွေက တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားနေလို့ ဒေသအတွင်မူးယစ်ဆေးသုံးစွဲသူတွေများလာတယ်လို့ လည်းဒေသခံတွေကပြောပါတယ် ။

ရွာငံမြို့နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရွာငံPDF နဲ့ပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ဗွီအိုပီ ၊ ဇန်နဝါရီလ ( ၁၁)ရက် ...
11/01/2024

ရွာငံမြို့နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရွာငံPDF နဲ့ပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့

ဗွီအိုပီ ၊ ဇန်နဝါရီလ ( ၁၁)ရက် ။

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရွာငံ PDF(JPRF)နဲ့ မှော်ဘုရင်စစ်ကြောင်း တပ်ခွဲ (၃) ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွာငံ PDF(JPRF)က တာဝန်ရှိသူတစ်ဦးကပြောပါတယ် ။

တောင်ကြားကျေးရွာမှာနေထိုင်တဲ့စစ်ကောင်စီလက်အောက်ခံပျူစောထီးခေါင်းဆောင်ဖြစ်သူ ဦးကျော်မဲကို ဇန်နဝါရီလ ၁၀ရက်နေ့ မနေ့က ညနေ ၇နာရီဝန်းကျင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး စစ်ယူနီဖောင်း၊ AKကျည်(၁၀)တောင့်၊ လက်ပစ်ဗုံး (၂)လုံးတို့ကိုသိမ်းဆည်းရမိတယ်လို့လည်း ရွာငံPDF(JPRF)က သတင်းထုတ်ပြန်ထားပါတယ် ။

“ဦးကျော်မဲက တပ်မ၅၅ဘတ်တံဆိပ်နဲ့ စစ်ကောင်စီစစ်ကြောင်းမှာလိုက်ပါနေတာပါ ၊ အခုသူ့စစ်ကြောင်းကနေအိမ်ပြန်လာပြီးနားနေတဲ့အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ”လို့ ရွာငံ PDF(JPRF)က တာဝန်ရှိသူတစ်ဦးကပြောပါတယ် ။

ဦးကျော်မဲဟာ ရပ်စောက်မြို့ဗထူးတပ်အမှတ် (၅၀၉)ခြေမြန်တပ်ရင်းကနေ သင်တန်းဆင်းလာသူဖြစ်ပြီး ရွာငံနဲ့ပင်းတယ ၂မြို့နယ်မှာရှိတဲ့ ပျူစောထီးတွေကိုအင်အားစုဆောင်းတာတွေ ထပ်ဆင့်သင်တန်းပေးတာတွေကို လုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ် ။

“ကျွန်တော်တို့ဘက်မှာစစ်ကြောင်းထိုးရင် သူကအမြဲတမ်းပါတယ် ၊ ရွာတွေက PDFအိမ်တွေကိုလိုက်ပြတယ် အိမ်တွေမီးရှို့တာတွေမှာလည်းပါတယ် သူကအဲလိုမျိုး” လို့ ရွာငံဒေသခံတစ်ဦးက အခုလိုပြောပါတယ် ။

လတ်တလော ပင်းတယရွာငံ၂မြို့နယ်မှာ ရှိတဲ့တပ်အင်အားတချို့ကိုရှမ်းမြောက်နဲ့ ကရင်နီဘက်ကို စစ်ကူပို့နေရတဲ့အတွက် စစ်ကောင်စီက ၎င်းတို့လက်အောက်ခံ ပျူစောထီးတွေကိုသာ အဓိကထားအသုံးပြုနေရပြီး ဓနုဒေသမှာ စစ်ကောင်စီလှုပ်ရှားမှုက အရင်ကထက် သိသိသာသာ လျော့နည်းသွားတယ်လို့လည်း သတင်းရင်းမြစ်တွေကပြောပါတယ်။

သိန္နီအခြေစိုက် “စကခ (၁၆)နောက်တန်းဌာနချုပ်” နဲ့ ကွတ်ခိုင်ဗျူဟာကုန်း ကို TNLAနဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်  ဗွီအိုပီ ၊ ဇန်...
08/01/2024

သိန္နီအခြေစိုက် “စကခ (၁၆)နောက်တန်းဌာနချုပ်” နဲ့ ကွတ်ခိုင်ဗျူဟာကုန်း ကို TNLAနဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်

ဗွီအိုပီ ၊ ဇန်နဝါရီလ (၈)ရက် ။

ရှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီရဲ့ သိန္နီအခြေစိုက် “စကခ (၁၆) နောက်တန်းဌာနချုပ်” နဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၇ရက်နေ့ မှာ သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့က ဒီနေ့ဇန်နဝါရီ ၈ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ် ။

သိန္နီမြို့ကို မဟာမိတ်ပူးပေါင်းတပ်က ၁၀၂၇ စစ်ဆင်ရေး အစပိုင်း အောက်တိုဘာလ ကတည်းက ထိန်းချုပ်ထားတာဖြစ်ပြီး “စကခ ၁၆ နောက်တန်း ဌာနချုပ်” ကိုတော့ ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကွတ်ခိုင်ဗျူဟာကုန်း” ကိုတော့ ဇန်နဝါရီလ ၇ ရက်ည ၁၁ နာရီဝန်းကျင် လောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မှာ ဗျူဟာကုန်းစခန်းတစ်ခုသာကျန်တာကြောင့် TNLAက ကွတ်ခိုင်ကိုအလုံးစုံ ထိန်းချုပ်သိမ်းပိုက် လိုက်တဲ့ အခြေအနေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကွပ်ကဲမှုအောက်မှာရှိတဲ့ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အပါအဝင် လောက်ကိုင်မှာကျန်တဲ့စစ်ကောင်စီတပ်ရင်းတွေအားလုံး လက်နက်ချအညံ့ခံခဲ့ပြီး ကိုးကန့်ဒေသဟာ စစ်ကောင်စီကင်းစင်တဲ့နယ်မြေဖြစ်သွားပြီလို့ ညီနောင်မဟာမိတ်၃ဖွဲ့က ထုတ်ပြန်ထားပါတယ်။

JPRFရဲ့ တိုက်ပွဲသတင်းနဲ့ထုတ်ပြန်ချက်တွေကို Ywangan PDF-JPRF အ​မည်နဲ့ဖေ့စ်ဘုတ်ပေ့ချ်ကနေ ဆက်လက်ထုတ်ပြန်မယ် ဗွီအိုပီ၊ ဒီဇင်...
28/12/2023

JPRFရဲ့ တိုက်ပွဲသတင်းနဲ့ထုတ်ပြန်ချက်တွေကို Ywangan PDF-JPRF အ​မည်နဲ့ဖေ့စ်ဘုတ်ပေ့ချ်ကနေ ဆက်လက်ထုတ်ပြန်မယ်

ဗွီအိုပီ၊ ဒီဇင်ဘာလ (၂၈)ရက် ။

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့( JOE PHYU REVOLUTION FORCE) ရဲ့ တိုက်ပွဲသတင်းတွေနဲ့ထုတ်ပြန်ချက်တွေကို Ywangan PDF-JPRF pageကနေဆက်လက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ် ။

အရင်ကရှိခဲ့တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်က ERRORတက်ပြီး အသုံးပြုလို့မရတော့
တာကြောင့် Ywangan PDF-JPRF ပေ့ချ်ကိုအသစ်ဖွင့်လှစ်အသုံးပြုသွားမှာဖြစ်တယ်လို့ပြောပါတယ်။

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ YPDFရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်၊ JPGFချိုးဖြူမြို့ပြပြောက်ကျားတပ်ဖွဲ့အမည်တွေနဲ့ ရွာငံမြို့နယ်မှာအခြေစိုက်လှုပ်ရှားခဲ့ပါတယ်။ ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ရွာငံမြို့နယ်ကတော်လှန်ရေးအင်အားစုတွေကို စကစကအင်အားသုံး ဖြိုခွဲခဲ့တာကြောင့် ကရင်နီပြည်နယ်မှာပြောင်းရွေ့အခြေစိုက်ခဲ့ပြီး အခုလက်ရှိကရင်နီဒေသမှာ တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတာပါ။

Ywangan PDF-JPRF ဖေ့စ်ဘုတ်link- https://www.facebook.com/VOSS1221?mibextid=zLoPMf

ကောလင်းမြို့မှာ NUGရဲ့နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံးမြေပြင်ဘဏ်ခွဲ ဖွင့်လှစ်မယ်ဗွီအိုပီ၊ ဒီဇင်ဘာ (၂၆) ရက် ။ပြည်သူ့ကာကွယ်ရေး...
26/12/2023

ကောလင်းမြို့မှာ NUGရဲ့နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံးမြေပြင်ဘဏ်ခွဲ ဖွင့်လှစ်မယ်

ဗွီအိုပီ၊ ဒီဇင်ဘာ (၂၆) ရက် ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့နွေဦးဖွံ့ဖြိုးရေးဘဏ်၊ ပထမဦးဆုံး မြေပြင်ဘဏ်ခွဲကို စတင်ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ အဆိုပါဘဏ်က ဒီနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ ဒစ်ဂျစ်တယ်ဘဏ်အဖြစ် စတင်ခဲ့ပေမယ့် အခုလက်ရှိကောလင်းမြို့မှာ မြေပြင်ဘဏ်ခွဲဖွင့်လှစ်သွားပြီး ဘဏ်ဝန်ဆောင်မှုတွေစတင်ပေးတော့မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ကောလင်းမြို့မှာတင်မကဘဲ တခြားနေရာတွေမှာပါ ထပ်မံဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Voice of Pindaya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Voice of Pindaya:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share