Zayar htay

Zayar htay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zayar htay, Gaming Video Creator, .

07/03/2021
04/03/2021

ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာ ပြီးခဲ့တဲ့ရက်က စစ်အာဏာရှင်တော်လှန်ရေး သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်.....

04/03/2021

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားတဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ ည...

04/03/2021

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ သတင်းပေးသူကို ပြည်သူတွေက မတ် ၄ ရက်နေ့ နေ့လ....

04/03/2021

မတ်လ ၃ ရက်​နေ့ စစ်တပ်နှင့်ရဲ၏ အကြမ်းဖက်ပစ်ခတ်မှု​ကြောင့် မုံရွာတွင် ၉ ဦးကျဆုံးခဲ့

မုံရွာတွင် စစ်အာဏာရှင်တော်လှန်ရေးတွင် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း (၃/၃/၂၀၂၁) ရက်နေ့အထိ ကျဆုံးခဲ့ကြရ​သော သူ ၉ ဦးမှာ

၁။ မောင်မင်းခန့်ကျော် (ခ) မောင်ဖိုးသဲ (၁၇) နှစ် မုံရွာ
၂။ ကိုဇော်သိန်းအောင် (၂၀) နှစ် မုံရွာမြို့
၃။ မကျော့နန္ဒာအောင် (၂၅) နှစ် မုံရွာမြို့
၄။ ကိုမိုးအောင် (၂၃) နှစ် မုံရွာမြို့
၅။ ကိုဝေယံ (ခ) ကိုကံချွန် (၂၅) နှစ် မုံရွာမြို့
၆။ ဆရာမဒေါ်မြင့်မြင့်ဇင် (၃၆) နှစ် မုံရွာမြို့
၇။ ကိုနိုင်ဝင်း (၄၅) နှစ် မုံရွာမြို့
၈။ ဆရာကေဇဝင်း (၃၉) နှစ် မုံရွာမြို့
၉။ မောင်ဇင်မျိုးမောင် (၁၈) နှစ် ကလေးမြို့ တို့ဖြစ်သည်။

04/03/2021
04/03/2021

CDM မှာပါဝင်တဲ့ ရဲတွေကလည်း CRPH ကို ထောက်ခံ
~~~~~~
■ မန္တ​လေး၊ မုံရွာ၊​ နေပြည်​တော်နဲ့ ရန်ကုန်က ရဲဝန်ထမ်း ၈၀ ​ကျော် CDM ပြုလုပ်ထားပြီး ​နောက်ထပ်ဝင်လာဖို့ရှိတယ်လို့ CDM လုပ်​နေတဲ့ ရဲဝန်ထမ်း​တွေကို ကူညီပေးနေတဲ့အဖွဲ့တစ်ခုဆီက သိရပါတယ်။ လတ်တ​လောမှာ လုံခြုံတဲ့​နေရာ​တွေမှာ ခွဲ​နေကြပါတယ်။ ရဲတပ်ဖွဲ့စစ်ကြောင်းလည်းထွက်ဖို့ရှိပါတယ်။

"တပ်ဖွဲ့ဝင်​တွေအ​နေနဲ့ ​နောက်မကျသေးလို့ ရုန်းထွက်ကြပါ၊ ​သေတာ​တွေ ထပ်ပြီး မကြည့်ချင်​တော့ဘူး" လို့ CDM လုပ်​နေတဲ့ ရဲဝန်ထမ်းတစ်​ယောက်က​ပြောပါတယ်။

ဒီနေ့မှာလည်း မန္တလေး၊ မုံရွာ၊ စစ်ကိုင်းက ရဲတပ်သား နှစ်ယောက်နဲ့ ယာဥ်ထိန်းရဲ တစ်​ယောက် CDM မှာပါဝင်လာပြီး CRPH ကို ထောက်ခံခဲ့ပါတယ်။ ည​နေပိုင်းမှာလည်း ထပ်တိုး​ရောက်လာဖို့ရှိတယ်လို့ သိရပါတယ်။

ဒီရက်​တွေမှာ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အပါအဝင် အခြားအဖွဲ့အစည်း​တွေလည်း ရုံးမတက်ဘဲ စစ်အာဏာဖီဆန်တဲ့လုပ်ငန်း​တွေမှာ ပါဝင်လာတာ​တွေ့ရပါတယ်။
- Unicode
---------------

~~~~~~



- Zawgyi
---------------

(ဓါတ်ပုံ - ဒီနေ့ CDM မှာ ပါဝင်လာတဲ့ ရဲနှစ်ဦးနဲ့ ယာဥ်ထိန်းရဲ တစ်ဦးကို တွေ့ရစဉ်)

04/03/2021
04/03/2021
04/03/2021

အမလေး
ငါ့သူငယ်ချင်း၊ ငါ့ရဲဘော် ကျသွားပြီ။
မနေ့ကလည်း မျက်စိရှေ့မှာ ကျသွားတာတွေ မြင်ခဲ့ရပြီးပြီ။
ဒီနေ့လည်း ငါ့သူငယ်ချင်းကျသွား။
တာကို စစ်ကြောင်းထဲရောက်နေလို့ သူများပြော မှ သိရတယ်။
ငါမငိုနိုင်တော့ဘူး ငိုရလွန်းလို့ မျက်လုံးတွေ လည်း နာနေပြီ။

04/03/2021
04/03/2021

"CRPH ကို ယုံကြည်ပါ"
====================================
ပြည်သူတ​ယောက်ထိခိုက်ကျဆုံးတိုင်း အမှန်တရားဘက်သား ပြည်သူအားလုံးအတူ နာကျင်ထိခိုက်ရတာချည်းပါပဲ။အကျအဆုံးများရင် ပိုထိခိုက်ကြရမြဲပါ။

ဒီအ​ရေး​တော်ပုံရဲ့ အဓိက ​ထောက်တိုင်(၃)ခုဖြစ်တဲ့ CRPH ၊CDMနဲ့ ဆန္ဒပြလူထုလှုပ်ရှားမှု​တွေဟာ ဒီအချိန်မျိုးမှာ ပိုပြီးဟန်ချက်ညီ စည်းလုံးဖို့လိုပါတယ်။

ကဏ္ဍတခုချင်းဆီရဲ့ သက်ဆိုင်ရာ တာဝန်​တွေကို ​ဆောင်ရွက်​နေချိန်မှာအချင်းချင်း သံသယ​တွေမရှိဖို့ အလွန်အ​ရေးကြီးပါတယ်။ဘာဖြစ်လို့​ပြောရတာလဲဆို​တော့ စစ်​ကောင်စီဟာ​ သွေးခွဲမှု​တွေကို အင်တိုက်အားတိုက်လုပ်လာ​နေလို့ပါပဲ။

ဒီ​ထောက်တိုင်(၃)ခုမှာ ပါဝင်လှုပ်ရှားသူတိုင်းဟာ အသက်အန္တရာယ်ထိ ရင်းပြီး လုပ်​ဆောင်​နေရတာဖြစ်တဲ့အတွက် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ယုံကြည်နားလည်မှုဟာ အင်မတန်အ​ရေးကြီးတယ်ဆိုတာကို ​
လေး​လေး​နက်နက် သတိပြု​စေလိုရင်းဖြစ်ပါတယ်။

အခု Social Media​​တွေမှာ CRPH ရဲ့ Acting government ဖွဲ့စည်းခြင်းကို accountအတု​တွေနဲ့ ဆန့်ကျင်တိုက်ခိုက်ပြီး ​သွေးခွဲဖို့ လုပ်​နေတာကို ​တွေ့​နေရတယ်။အဲဒါကို သတိကြီးကြီးထားဖို့လိုပါတယ်။ လူထုများစွာထိခိုက်ကျဆုံးရခြင်းကို ကျူးလွန်သူ​တွေဟာ ဒီအချက်ကိုပဲ ပြန်သုံးပြီး CRPH ရဲ့ စွမ်း​ဆောင်ရည်ညံ့ဖျင်းမှုလို့စွပ်စွဲပြီး ၃ ချောင်း​ထောက်အချင်းချင်းထဲ
​​သွေးခွဲမှု​တွေ လုပ်လာပါပြီ။

အခုဆိုရင် လမ်းမ​​ပေါ်က သပိတ်​တွေကိုရက်ရက်စက်စက်ဖြိုခွင်းလာတာကိုကြည့်ရင်
စစ်​ကောင်စီအကြမ်းဖက်သမား​တွေဟာ
နိုင်ငံတကာမျက်နှာစာမှာ အကြီးကျယ်
ကျရှုံးလာလို့ပါ။ CDM မှာလည်းအလားတူပါပဲ။သူတို့ရှုံးမဲမဲမယ်လို့လည်း ​ပြောပြီးသားပါ။လက်​တွေ့လည်း ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လာပါတယ်။အဲဒါ​ကြောင့် လမ်းမ​ပေါ်မှာ လူထုဆန့်ကျင်​ရေးလှုပ်ရှားသူများအ​နေနဲ့ အထိအခိုက်၊အကျအဆုံးအနည်းဆုံးနည်းဗျုဟာ​တွေကို ​ရွေးချယ်ဖို့အကြံပြုပါရ​စေ။အ​သေးစိတ်ကို ဆရာကြီး​ဒေါက်တာ​​ဇော်​ဝေစိုး(CRPH)ရဲ့ ရေးတဲ့စာ မှာဖတ်ကြည့်ကြပါ။https://m.facebook.com/story.php?story_fbid=1736784639815126&id=100004508198539

တပြိုင်နက်တည်းမှာ ရပ်​ကျေးအဆင့် ပြည်သူ့ အုပ်ချုပ်​ရေးအဖွဲ့​တွေကို ခိုင်မာအား​ကောင်း​အောင်ဖွဲ့စည်းပါ။

ရပ်ကွက်/မြို့နယ်အတွင်းရှိCDM ဝန်ထမ်းများကို ကာကွယ်​စောင့်​ရှောက်ကူညီရန်၊ပြည်သူ​တွေကို ဒုက္ခ​ပေးမဲ့ သစ္စာ​ဖောက်များနှင့် CDM မလုပ်​​သော ဝန်ထမ်းများကိုလည်း​ ​ဖော်ထုတ်ပြီး(လူမှု​ရေး ဒဏ်ခတ်မှု)တွေကို အရှိန်အဟုန်မြင့်လုပ်ဖို့ လိုအပ်ပါတယ်။ဒီအလုပ်​တွေမှာ အား​လျော့မသွား​​စေရပါ။

လမ်းမ​ပေါ်မှာ ပြည်သူတစ်​ယောက်ကျဆုံးတိုင်း အမှန်တရားဘက်သား ပြည်သူအားလုံးနာကျင်​ကြေကွဲရပါတယ်။အကျအရှုံးများချိန်(သို့)​အောင်မြင်မှုရချိန်​တွေမှာ စိတ်ဝမ်းကွဲတတ်ကြသလို၊ရန်သူကလည်း ထိုးနှက်​သွေးခွဲမှု​တွေပိုလုပ်​လေ့ရှိတယ်ဆိုတာကို အထူးမ​မေ့ဖို့လိုအပ်ပါတယ်။

လူထုဆန့်ကျင်​လှုပ်ရှားမှု သပိတ်တိုက်ပွဲ​တွေရယ်၊ဝန်ထမ်းသပိတ် CDM တို့​ကြောင့် CRPH ရဲ့လှုပ်ရှား​ဆောင်ရွက်မှု​တွေကို အင်မတန်မှအကျိုးသက်​ရောက်မှုရှိ​စေပါတယ်။CRPH ဟာကမ္ဘာကြီးရဲ့ အ​ရှေ့ခြမ်း၊
အ​နောက်ခြမ်းနှစ်ခုစလုံးနဲ့ ဆက်သွယ်​ဆောင်ရွက်​နေရတာဖြစ်တဲ့အတွက် (၂၄)နာရီ နီးပါး​ဆောင်ရွက်​နေကြရတာကိုလည်း အထူးပဲ​လေးစားတန်ဖိုးထားပါတယ်။

CRPH ဟာ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းမျိုးစုံ၊
လူပုဂ္ဂိုလ်မျိုးစုံ၊အစိုးရ​ပေါင်းစုံနဲ့​ဆွေး​နွေးရတာမို့ မနားတမ်းလုပ်​နေရတာပါ။အ​​ကြောင်းအရာစုံကိုလည်း ဆုံးဖြတ်တာဝန်ယူ​နေရတာပါ။အထူးသဖြင့် ပြည်သူလူထုကိုအကာအကွယ်​​ပေးနိုင်​ရေးကိစ္စမျိုးပါ။ပွဲသိမ်း​အောင်ပွဲအထိ ​ပေါ်လစီ​ရေးဆွဲ၊တာဝန်ယူရတာမို့ ​နှောင့်​​နှေးမှုလည်းမရှိရ​အောင် မှန်ကန်မှုရှိ​အောင်လည်း
စဥ်းစားဆုံးဖြတ်ရတာပါ။

ဘာပဲဖြစ်ဖြစ် ​စောင့်ရသူဖက်က ကြာတတ်စမြဲပါ။

တာဝန်ထမ်းရသူ​တွေက​တော့ မနားတမ်း
အမြန်ဆုံးအ​ကောင်းဆုံး လုပ်​​နေကြတာပါ။

နိုင်ငံတကာအ​နေနဲ့​တော့ သူတို့စံချိန်စံညွှန်း
​တွေရှိမှာပါပဲ။

အ​ရေး​တော်ပုံအ​နေနဲ့ကလည်း ပြည်တွင်းပြည်ပအင်အား​တွေစုပြီး ​အောင်ပွဲယူရမှာပါပဲ။

ကျ​နော်အခါခါ​ပြောခဲ့ဘူးတဲ့
"ကျ​​နော်တို့​တွေအယူအဆ​တွေကွဲလို့ရတယ်၊စိတ်ဝမ်းကွဲလို့မရဘူးဆိုတဲ့"စကား​ကို ထပ်​ပြောပါရ​စေ။

https://m.facebook.com/story.php?story_fbid=1736784639815126&id=100004508198539
#မင်းကိုနိုင်
၄.၃.၂၀၂၁

04/03/2021
04/03/2021

ကလေးမြို့မှာ စစ်အာဏာရှင် တော်လှန်ရေးသပိတ်ကို ရဲနဲ့ စစ်သားတွေ သတိပေးနေပေမယ့် မတ်လ ၄ ရက်နေ့က ပြည်သူအချို့ဟာ .....

04/03/2021

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျောက်ရေတွင်းတံတား အဆင်းမှာ ကျဆုံးခဲ့ရသူတွေအတ....

04/03/2021

နာကျည်းနေကြပြီမလား ?

ရဲစခန်းတွေကိုမီးရှို့ဖို့တွေးနေပြီလား ?

ရဲနဲ့စစ်သားတွေကို ပြန်သတ်ဖို့တွေးနေပြီလား ?

ဟုတ်ပြီ ငါတို့သတ်နိုင်တယ်ထား ... သူတို့အသက်က တစ်သက်ပဲသေတယ်ကွ

" ၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့ " လို့ ငါတို့ လမ်းပေါ်ထွက် ကြွေးကြော်နေကြပေမယ့် တကယ်တမ်း အပေါ်မှာ ပြောခဲ့သလိုတွေ ငါတို့ လုပ်လိုက်မိရင် ငါတို့ကိုယ်တိုင်ပါ ၈၈ တုန်းက ဓာတ်ပြားဟောင်းကြီးနဲ့ ချနင်းခံရပြီး ကယ်ရာမဲ့ဘဝနဲ့ တိုင်းပြည်ဟာ နှစ်၂၀လောက်ဖင်ဆက်ချခံရမယ်

အဲ့ဒီ့အစား သူတို့ရဲ့စိတ်ကိုသတ်စမ်းပါ

Social Punishment ကို ၂ ဆ ဖြစ်ဖြစ် ၁၀ ဆ လောက်ဖြစ်ဖြစ် ပိုပြီးလုပ်စမ်းပါ ။

တစ်လောကလုံးဆီက အပယ်ခံရပြီး

" ငါဘာလို့ရဲသမီးဖြစ်ရတာလဲ ငါဘာလို့
စစ်သား သားသမီးဖြစ်ရတာလဲ " ဆိုတဲ့ အငုံ့စိတ်ကြီးနဲ့ရှင်သန်အောင်လုပ်စမ်းပါကွာ ။

သူတို့ရဲ့အနာဂါတ်ကိုသတ်ရင် သူတို့တစ်ဆွေလုံး တစ်မျိုးလုံးသေတယ် ။ သူတို့ကိုသတ်ရင် တစ်ကောင်ပဲသေတာကွ !!

သေသေချာချာ တွေးကြည့်စမ်းပါ ငါတို့နိုင်တော့မှာကွ ။

( ကျခဲ့ပြီးတဲ့ သွေးတွေကို ပွဲသိမ်းခါနီးမှ အလဟသ ဖြစ်သွားအောင် မလုပ်ပဲနေကြရအောင်ကွာ )

ာကျည်းနေကြပြီမလား ?

ရဲစခန်းတွေကိုမီးရှို့ဖို့တွေးနေပြီလား ?

ရဲနဲ့စစ်သားတွေကို ပြန်သတ်ဖို့တွေးနေပြီလား ?

ဟုတ်ပြီ ငါတို့သတ်နိုင်တယ်ထား ... သူတို့အသက်က တစ်သက်ပဲသေတယ်ကွ

" ၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့ " လို့ ငါတို့ လမ်းပေါ်ထွက် ကြွေးကြော်နေကြပေမယ့် တကယ်တမ်း အပေါ်မှာ ပြောခဲ့သလိုတွေ ငါတို့ လုပ်လိုက်မိရင် ငါတို့ကိုယ်တိုင်ပါ ၈၈ တုန်းက ဓာတ်ပြားဟောင်းကြီးနဲ့ ချနင်းခံရပြီး ကယ်ရာမဲ့ဘဝနဲ့ တိုင်းပြည်ဟာ နှစ်၂၀လောက်ဖင်ဆက်ချခံရမယ်

အဲ့ဒီ့အစား သူတို့ရဲ့စိတ်ကိုသတ်စမ်းပါ

Social Punishment ကို ၂ ဆ ဖြစ်ဖြစ် ၁၀ ဆ လောက်ဖြစ်ဖြစ် ပိုပြီးလုပ်စမ်းပါ ။

တစ်လောကလုံးဆီက အပယ်ခံရပြီး

" ငါဘာလို့ရဲသမီးဖြစ်ရတာလဲ ငါဘာလို့
စစ်သား သားသမီးဖြစ်ရတာလဲ " ဆိုတဲ့ အငုံ့စိတ်ကြီးနဲ့ရှင်သန်အောင်လုပ်စမ်းပါကွာ ။

သူတို့ရဲ့အနာဂါတ်ကိုသတ်ရင် သူတို့တစ်ဆွေလုံး တစ်မျိုးလုံးသေတယ် ။ သူတို့ကိုသတ်ရင် တစ်ကောင်ပဲသေတာကွ !!

သေသေချာချာ တွေးကြည့်စမ်းပါ ငါတို့နိုင်တော့မှာကွ ။

( ကျခဲ့ပြီးတဲ့ သွေးတွေကို ပွဲသိမ်းခါနီးမှ အလဟသ ဖြစ်သွားအောင် မလုပ်ပဲနေကြရအောင်ကွာ )

04/03/2021
04/03/2021
04/03/2021
04/03/2021

Address


Website

Alerts

Be the first to know and let us send you an email when Zayar htay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share