SHWE GU -PDF news

  • Home
  • SHWE GU -PDF news

SHWE GU -PDF news Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHWE GU -PDF news, News & Media Website, shwegu, .

18-10-2023ဗန်မော် -ရွှေကူ ကားလမ်းတွင် တပ်စွဲထားသောစစ်ကောင်စီ တပ်ကို KIA -PDF ပူးပေါင်းတပ်မှ စခန်းသိမ်းတိုက်ပွဲတွင် ရရှိသ...
19/10/2023

18-10-2023

ဗန်မော် -ရွှေကူ ကားလမ်းတွင်
တပ်စွဲထားသော
စစ်ကောင်စီ တပ်ကို
KIA -PDF ပူးပေါင်းတပ်မှ
စခန်းသိမ်းတိုက်ပွဲတွင် ရရှိသော
လက်နက် ခဲရမ်းများ

#အရေးတော်ပုံအောင်ရမည်

Kachinwaves  မှ ကူးယူဖော်ပြသည် ရွှေကူ - ဗန်းမော်ကားလမ်းရှိ စစ်ကောင်စီတပ်အထိုင်ချထားသည့် ဂိတ်စခန်းကို KIA ပူးပေါင်းအဖွဲ့က...
18/10/2023

Kachinwaves မှ ကူးယူဖော်ပြသည်

ရွှေကူ - ဗန်းမော်ကားလမ်းရှိ စစ်ကောင်စီတပ်အထိုင်ချထားသည့် ဂိတ်စခန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ဖျက်ဆီး

17 October 2023 – Kachinwaves

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးကျေးရွာထိပ်ရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၄ နာရီခွဲဝန်းကျင်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေကူ - ဗန်းမော်ကားလမ်းတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးနာရီကျော်ကြာအောင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဖြစ်တာကကျတော့ ရွေကူမြို့ဦးထိပ်မှာ ငါးဘတ်ကြီးတပ် (တပ်စခန်း) မှာဖြစ်တယ်လို့ ပြောတာပဲ။ ငါးဘတ်ကြီးက ရွှေကူနဲ့ကပ်လျက်ပဲ။ မနက်ကစစ်ကူတွေ သွားတယ်။ အဲ့စစ်ကူတွေက လမ်းမှာဟိုပစ်၊ ဒီပစ် ပစ်သွားသေးတယ်။ တော်တော်တော့ပြင်းတယ်၊ ဒီတစ်ခေါက်ဖြစ်တာ”

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားနေစဉ် ငါးဘတ်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ထိခိုက်သည့်ပြည်သူရှိသည်ဟု စစ်ရှောင်ဒေသခံတစ်ဦးထံမှ ကြားသိရကြောင်း ၎င်းကဆိုသည်။

“ပြေးရင်းလွှားရင်းနဲ့ အိမ်တစ်အိမ်ကို ထိသွားတာကိုမြင်လိုက်တာ။ (လက်နက်ကြီးထိခံရသူ၏) လက်တစ်ဖက် လှုပ်လှုပ်ကလေးပဲ မြင်လိုက်တယ်တဲ့။ ဘယ်သူမှသေချာသွားမကြည့်ရဲဘူး။ ရွာထဲလည်း ဘယ်သူမှ ပြန်မဝင်ရဲဘူး”

ယခုလက်ရှိအချိန်ထိ ရွှေကူရဲစခန်းနှင့် အမှတ် ၂ ရက်ကွက်ရှိစစ်တပ်မှ ငါးဘတ်ကြီးကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်နေသေးကြောင်း သိရှိရပြီး ဒေသခံများမှာ ရွှေကူမြို့အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။
ငါးဘတ်ကြီးစစ်ကောင်စီစခန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကိုမီးရှို့ခဲ့သည်ဟု KIA နီးစပ်သူတစ်ဦးက ဆိုသော်လည်း လက်ရှိအခြေအနေတွင် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲကြောင့် ပျက်စီးထိခိုက်မှုနှင့် တိုက်ပွဲနောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခုလက်ရှိ စစ်ကောင်စီတပ်မှာ ရွှေကူမြို့အတွင်း စစ်ဆေးမှုများပြုလုပ်နေပြီး လမ်းသွားလမ်းလာ လူငယ်များကိုလည်း ရိုက်နှက်နေကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက်နေ့က ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

crd; kachinwaves

28/07/2023

28-7-2023
----------
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊
အင်းဒရန့်-လမ်းဆင်းကျေးရွာမှာ
လွန်ခဲ့တဲ့ ရက်က စစ်ကြောင်းထိုးလာသည့်
စစ်ကောင်စီ အင်အား ၁၅၀ ခန့် နှင့်
PDF ပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်
တိုက်ပွဲကြာမြင့်ချိန် (7) နာရီခန့် ကြာမြင့်တယ်လို့
PDF ခေါင်းဆောင် တစ်ဦးက ပြောပါတယ်
စစ်ကောင်စီဘက် အထိအခိုက်အကျအဆုံးရှိနိုင်တယ်လို့လဲ
ပြောပါတယ်
စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပြီးနောက်
မြစ်ကမ်းနားဘက် ဆင်းသွားတယ်လို့လဲ သိရပါတယ်
သတင်းအရင်းအမြစ်ကို ဆက်လက် စုံစမ်းနေပါတယ်

#အရေးတော်ပုံအောင်ရမည်

25/07/2023

22/7/2023.........

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ငါးအိုးရွာဘက်မှ ထိုးလာသည့်

စစ်ကောင်စီတပ် နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့

တိုင်ပွဲ ဖြစ်ပွားခဲ့ပါတယ်

စစ်ကောင်စီဘက်မှ (၄) ယောက်သေဆုံးပြီး

ထိခိုက်ဒဏ်ရာ ရသူတွေလဲ ရှိတယ်လို့

စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးကပြောပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပြီး

စစ်ကောင်စီဘက်မှ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်

အင်းဒရန့်-လမ်းဆင်းရွာဘက်သို့ လက်နက်ကြီးနှင့်

ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက ကျေးရွာတွေကို

ဝင်ကာ လူနေအိမ်(၂၇) လုံးနှင့်

တဲ (၂) လုံး မီးရှို့ဖျက်စီးခဲ့တယ်လို့

သိရပါတယ်။

#အရေးတော်ပုံအောင်ရမည်

25/07/2023

22/7/2030...............
စစ်ကောင်စီဘက်မှ 60 mm (လက်နက်ကြီး) ဖြင့်

ရမ်းသမ်းပစ်ခတ်မှုကြောင့်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ၊ အင်းဒရန့်ကျေးရွာမှ

လူနေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ကာ

ပျက်စီးဆုံးရှုံး ။
_________________

ရှမ်းပြည်မြောက်ပိုင်း ငါးအိုးရွာတွင်

တပ်ထိုင်၊တပ်စွဲ ထားသော စစ်ကောင်စီလက်အောက်ခံ

စစ်ကြောင်း နှင့် KIA တပ်ရင်း ၁၂ (ခွဲ-၁၂.)

PDF ပူးပေါင်းတပ်ဖွဲ့ တို့ကြား ထိတွေ့မှုဖြစ်နေချိန်

စစ်ကောင်စီဘက်မှ ကျေးရွာဘက် ရမ်းသမ်းပစ်ခတ်မှုကြောင့်

နေအိမ်တစ်လုံး ထိမှန်သွားတယ်လို့

ဒေသခံတွေက ပြောပါတယ်....။

#အရေးတော်ပုံအောင်ရမည်

22/7/2023 စနေနေ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် လမ်းဆင်းကျေးရွာနှင့် သာယာကုန်းကျေးရွာတွေမှာစစ်ကောင်စီတပ်သား အယောက် (...
22/07/2023

22/7/2023 စနေနေ့
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်
လမ်းဆင်းကျေးရွာနှင့် သာယာကုန်းကျေးရွာတွေမှာ
စစ်ကောင်စီတပ်သား အယောက် (၁၀၀) ဝင်ရောက်ပြီး

လမ်းဆင်းနှင့် သာယာကုန်း (၂) ရွာပေါင်း
လူနေအိမ် (၂၇) လုံး မီးရှို့ဖျက်စီးသွားတယ်လို့
ဒေသခံတွေဆီက သတင်းရရှိပါတယ်
သတင်းအချင်အလက် အသေးစိတ်ကို ဆက်လက်
စုံစမ်းလျှက်ရှိပါတယ်...

ပီးခဲ့တဲ့ ၁လလောက်ကလဲ ရွာထဲဝင်လာပြီး
ဆိုင်တွေထဲက ပစ္စည်းတော်တော်များများ
ဖျက်ဆီးသွားပြီး
ငွေကျပ် သိန်းတစ်ရာ့ရှစ်ဆယ်ခန့် (18,000,000)
ယူသွားတယ်လို့ ဆိုင်ရှင်ဒေသခံတစ်ဦးက ပြောပါတယ် ....

ပုံ / စီသောင်ရွာ မီရှို့ခံရသည့် ပုံဟောင်း

#အရေးတော်ပုံအောင်ရမည်

22/07/2023

ယနေ့ 22-7-2023 (Sat)
ရွှေကူခရိုင် အမှတ်(၁၂)တပ်ရင်း နှင့် KPDF တပ်ရင်း အကူအညီဖြင့်
SHWE GU - PDF news page ကို စတင်ဖွင့်လှစ်လိုက်သည်။

မြန်မာတစ်နိုင်ငံလုံးမှာ အကြမ်းဖက်စစ်ကောင်စီကို
တော်လှန်နေတဲ့ PDF တွေနဲ့ တိုင်းရင်သားလက်နက်ကိုင် အဖွဲ့များကို
သီချင်းလေးနဲ့ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

#အရေးတော်ပုံအောင်ရမည်

Address

Shwegu

Website

Alerts

Be the first to know and let us send you an email when SHWE GU -PDF news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share