Kalaw Township Media 2.0

  • Home
  • Kalaw Township Media 2.0

Kalaw Township Media 2.0 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kalaw Township Media 2.0, News & Media Website, .
(2)

15/11/2023

ကလောဘက်မှတောင်ကြီးဘက်သို့ သံဖရိန်များတင်ဆောင်ထားသော ကားကြီးအစီးပေါင်းများစွာတက်သွား ၊ ‌တောင်ကြီးဂိတ်နှင့်အောင်ပန်းဂိတ်တို့မှ လွိုင်ကော်မှလာသောစစ်ရှောင်ပြည်သူများကိုအဝင်မခံ

ကေတီအမ် ၊ နိုဝင်ဘာ ၁၅ ၊ ၂၀၂၃

ကယား(ကရင်နီပြည်)တွင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များအတုံးအရုန်းကျဆုံးနေချိန်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ‌ကလောမြို့ဘက်မှ‌တောင်ကြီးမြို့သို့ဦးတည်နေသော သံဖရိန်များတင်ဆောင်ထားသည့် ကားကြီးအစီးရေပေါင်းများစွာကို တွေ့ရှိခဲ့ရကြောင်း ပြည်သူတစ်ဦးမှသတင်းပေးပို့လာပါသည်။ ယင်းကားကြီးများသည် နိုဝင်ဘာ ၁၄ ရက်နေ့မနက်ပိုင်းမှသာ တောင်ကြီးကိုရောက်ရှိခဲ့ကြောင်းလည်း သိရသည်။ ကားတိုင်းပေါ်တွင် သံဖရိန်များကိုတင်ဆောင်ထားပြီး ယင်းကားတန်း၏အရှေ့၌ စစ်ကောင်စီ၏ရှေ့ပြေးပွိုင့်ကားတစ်စီးလည်းပါဝင်ကြောင်း သိရသည်။

ထို့အပြင် ကယားပြည်နယ်မှစစ်ဘေးရှောင်လာသောပြည်သူများအား တောင်ကြီးအဝင်ဂိတ်နှင့် အောင်ပန်းအဝင်ဂိတ်တို့မှ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားကြောင်းသိရပြီး ညောင်ရွှေမြို့ရှိဘုန်းတော်ကြီးကျောင်းတစ်ခုတွင် စစ်ရှောင်ပြည်သူများအားလက်ခံထားရှိခြင်းမပြုရဟုပင် လာရောက်ပြောဆိုသွားကြောင်းလည်း သိရသည်။ ကယား(ကရင်နီပြည်)တွင် ၁၁၁၁ စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်များက နိုဝင်ဘာ ၁၁ ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်စခန်းအချို့နှင့်လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

Video - CJ

ကျဆုံးခဲ့ရသော ပြောက်ကျားရဲဘော်(၂)ဦးအတွက် တစ်နှစ်ပြည့်လွမ်းဆွတ်ခြင်းသဝဏ်လွှာကို UTF-ABN ထုတ်ပြန် ကေတီအမ် ၊ ဧပြီ ၈ယမန်နှစ်...
08/04/2023

ကျဆုံးခဲ့ရသော ပြောက်ကျားရဲဘော်(၂)ဦးအတွက် တစ်နှစ်ပြည့်လွမ်းဆွတ်ခြင်းသဝဏ်လွှာကို UTF-ABN ထုတ်ပြန်

ကေတီအမ် ၊ ဧပြီ ၈

ယမန်နှစ် ၂၀၂၂ ဧပြီ ၄ ရက်နေ့က ပင်းတယမြို့အနီးရှိ စစ်ကောင်စီဂိတ်တဲစခန်းတစ်ခုအား Underground Revolution (UGR) အဖွဲ့မှ အောင်ပန်းမြို့ပြပြောက်ကျားတပ်စုနှင့် တပ်ရင်းတူသင်တန်းဆင်းရဲဘော်(၂)ဦးသည် ပင်းတယမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ဂိတ်စခန်းတစ်ခုအား သွားရောက်တိုက်ခိုက်စဉ်တွင် လက်နက်အင်အား လူအင်အား မမျှတမှုကြောင့် ကျဆုံးခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း (၂)ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါသည်။
ယမန်နေ့ ဧပြီ ၇ ရက်နေ့က အောင်ပန်းမြို့ပြပြောက်ကျားတပ်စု (UTF-ABN)မှ အဆိုပါကျဆုံးခဲ့ရသည့် ရဲဘော်(၂)ဦးအား လွမ်းဆွတ်အောက်မေ့ကြောင်း သဝဏ်လွှာကို ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှတဆင့်ထုတ်ပြန်ခဲ့ပြီး ရဲဘော်များအတွက် ဆွမ်းကပ်ကုသိုလ်ဒါနပြုလုပ်ကာ အမျှအတန်းဝေခဲ့ကြောင်းလည်း သိရပါသည်။
ယင်း UGR မှ ရဲဘော်(၂)ဦးသည် အောင်ပန်းမြို့ဒေသခံများဖြစ်ကြပြီး အောင်ပန်းမြို့ရှိဒလန်အကြီးစားဆိုသူအားလည်း သုတ်သင်ရှင်းလင်းခဲ့သူများဖြစ်သည်။

အောင်ပန်းတွင် အုပ်စုလိုက်ရိုက်နှက်လုယက်မှုများမကြာခဏဖြစ်ပေါ်နေ ၊ ဒေသခံများအသွားအလာသတိရှိကြစေလို အောင်ပန်း ၊ ဇန်နဝါရီ ၃၁ ...
31/01/2023

အောင်ပန်းတွင် အုပ်စုလိုက်ရိုက်နှက်လုယက်မှုများမကြာခဏဖြစ်ပေါ်နေ ၊ ဒေသခံများအသွားအလာသတိရှိကြစေလို

အောင်ပန်း ၊ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှ ပင်းတယမြို့ဘက်သို့အသွား အာမိုဓါတ်မြေဩဇာစက်ရုံအနီး ဆားပိုက်တောင်အသွားလမ်းဘက်တွင် ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့က ဓါးများကိုင်ဆောင်ထားသောမသမာသူတစ်စုမှ လမ်းသွားလမ်းလာများကိုလုယက်မှုတစ်ခု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးမှ “အဲနားကခဏခဏဖြစ်တယ်ဗျ အုပ်စုလိုက်ပဲ ဓါးတွေလည်းပါတယ်။ ဦးလေးကြီးတစ်ယောက်ကတော့ရိုက်ခံရလို့ခေါင်းကွဲသွားတယ် ဘာမှတော့မပါသွားဘူး။ သူ့ရှေ့ကလူတွေကတော့ ဖုန်းတွေပါသွားကြတယ်။ ဒီကောင်တွေကလည်း လုပြီဆိုမှတော့ ရတာယူမှာပဲ ဖုန်းရရပိုက်ဆံရရ။ အဲဒါကြောင့် အဲနားလေးတဝိုက်သွားလာမယ်ဆိုရင် သတိထားသွားကြစေချင်တယ်ဗျာ ခေတ်ကာလမကောင်းရတဲ့ကြားထဲ ဒီလိုကောင်တွေပေါလာတော့ ကျနော်တို့ပြည်သူတွေ ဒုက္ခပိုရောက်ရတယ်ဗျာ” လို့ ကေတီအမ်ကိုပြောကြားလာပါတယ်။

28/10/2022

ကရင်နီဖက်ခြမ်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကလောမြို့ခံ PDF တစ်ဦး ဒီနေ့တိုက်ပွဲတစ်ခုမှာ ကျဆုံးသွားပါတယ်...

သူတို့တွေ တောထဲရောက်ပြီးတိုက်ပွဲဝင်နေတာကို ကျွန်တော်တောင်မှ အခုလို ကျဆုံးသတင်းကြားပြီဆိုမှ သိရတာပါ...

တိတ်တဆိတ်နဲ့ ပေးဆပ်နေကြသူတွေ မနည်းမနောပါပဲ...

ကလောမြို့ခံ PDF ကျဆုံးမှုဟာ ဒါနဲ့ဆို (၂) ယောက်မြောက်ပါ....

ဒီအချိန်မှာပဲ နောက်ထပ်ကြားရတဲ့သတင်းတစ်ခုက ကလောတန်ဆောင်တိုင် မီးရှော်တိုင်ပွဲကို ကြံ့ဖွတ်ကဦးစီးပြီးကျင်းပဖို့ ကြိတ်ပြင်ဆင်နေသတဲ့....

ကလောမှာစစ်မီးမတောက်လို့ လောင်မြိုက်နေတာတွေကို ကိုယ်ချင်းမစာတတ်ကြတော့တာမျိုးမဖြစ်စေချင်ပါ....

ကြံ့ဖွတ်ဦးစီးတဲ့ပွဲကို ဘောမဖက်တော်သားမဟုတ်ရင် လက်ရှောင်ကြပါ....

စစ်မီးဟာ မိုင် (၁၀၀) လောက်ပဲဝေးတာ သတိပြုပါ...

ဘယ်အရာမှ အာမခံချက်မရှိပါ....

21/10/2022

Telenor ခဲခြစ်ငွေဖြည့်ကဒ်တွေ အလှူခံပါတယ်ဗျ

မနက်ဖြန်ည ၈ နာရီအထိ cb မှာ လာရောက်ပေးပို့နိုင်ပါတယ်...

ကဒ်တွေကို ခဲခြစ်ပြီး ဓါတ်ပုံရိုက်ပို့တာက အဆင်အပြေဆုံးပါ....

ပုံတွေကို select အကုန်မှတ်ပြီး အစုလိုက်ပို့ပေးတာက ကျွန်တော်တို့ save ရတာ ပိုမိုလွယ်ကူစေပါတယ်....

#၃၀၀၀တန်ကဒ်တွေအဆင်ပြေပါတယ်

#ခဲခြစ်ကဒ်နဲ့ပဲနှစ်ဖက်လုံးဘေးကင်းပါမယ်

18/09/2022

အောင်ပန်းမြို့အတွင်း ပစ်ခတ်သံအချို့ကြားရ... လူငယ်တစ်ဦးအား ဖမ်းဆီးသွားသည်ဟု သ်ိရ

ကေတီအမ် ၊ စက်တင်ဘာလ ၁၈ ၊ ၂၀၂၂

ယနေ့ နံနက် ၁၀:၀၀ နာရီချိန်ခန့်တွင် က​လောမြို့နယ် အောင်ပန်းမြို့ အောင်ပန်းစျေးအနီး စျေးဝယ်လာသော Hi-Jet ကား(၁)စီးအား စကစတပ်ဖွဲ့ဝင်များမှ တားဆီးစစ်ဆေးပြီး ယာဥ်ပေါ်ပါလာသူထဲမှ လူငယ် ၁ ဦးဖမ်းဆီးခံရပြီး ၁ ဦးလွတ်မြောက်သွားကြောင်းသိရပါသည်။ မည်သည့်အကြောင်းအရာကြောင့် ဖမ်းဆီးသွားကြောင်း မသိရသေးပါ။ ပစ်ခတ်သံအချို့ကိုလဲ ကြားခဲ့ရကြောင်း ဒေသခံအချို့မှ ကေတီအမ်သို့ သတင်းပေးပို့လာပါသည် ။


#အောင်ပန်း

ကိုယ့်မြို့က အဖွဲ့လေးပါ UG လှုပ်ရှားမှုတွေ မကြားတာ ကြာနေပါတယ်ဆို သူတို့လေးတွေက ရှေ့တန်းရောက်နေတာကို ရှမ်းပြည်သားတွေ သွေး...
20/08/2022

ကိုယ့်မြို့က အဖွဲ့လေးပါ
UG လှုပ်ရှားမှုတွေ မကြားတာ ကြာနေပါတယ်ဆို
သူတို့လေးတွေက ရှေ့တန်းရောက်နေတာကို
ရှမ်းပြည်သားတွေ သွေးမအေးကြေးနော်

မင်္ဂလာပါ mission သတင်းတွေလည်း အရင်လို အားရပါးရ မတင်ပြရတာ ကြာပါပြီ
ကျွန်တော်တို့ UG လှုပ်ရှားမှုတွေ မရှိတော့ပဲ တိုက်ပွဲတွေထဲ ပါဝင်နေတာမို့လို့
မြို့သူမြို့သားတွေနဲ့ နည်းနည်းလောက် အလှမ်းဝေးသလို ဖြစ်နေပါတယ်

အခု လက်ရှိမှာ လနကိုင် တော်လှန်ရေးအတွက်
ပြည်သူ့ကာကွယ်ရေး ဝမ်းစာကို ရှေ့တန်းတစ်နေရာမှာ ဖြည့်စွမ်းနေပါတယ် မကြာခင်မှာတော့ဖြင့် မြို့ပြပြောက်ကျား(UG) အလုပ်ကို
ပြန်လုပ်ကိုင်မယ်လို့ စီစဥ်ထားပါတယ်

ဒါပေမယ့် ကျွန်တော်တို့အဖွဲ့မှာ လက်ရှိ လိုအပ်ချက်တချို့ ရှိနေပါတယ် တိုက်ပွဲခေါ်သံတွေက နေ့စဥ်ရက်ဆက်လို ဖြစ်နေလေတော့
ကျွန်တော်တို့မှာ လနမလောက်ငမှုများ နဲ့
နှုတ်ခမ်းနီ မလောက်ငမှုများ ဖြစ်ပေါ်နေပါတယ် ထိုကဲ့သို့သော အခက်အခဲများကို ဖြေရှင်းဖို့အတွက် မြို့နေပြည်သူများကို လနခဲယမ်းဖိုးလေး ပူဆာချင်ပါတယ်

တောထဲမှာ ဘယ်အပင်ကို မြင်မြင် ရိက္ခာလုပ်လို့ရပေမယ့် တွေ့တဲ့ ဝါးရင်းတုတ်နဲ့တော့ တိုက်ပွဲ တိုက်လို့ မရလို့ပါ ပြည်သူတွေဆီ ဒီတိုင်း အလှူခံရတာ အားနာမျက်နှာပူလို့
ကျွန်တော်တို့ အဖွဲ့ဝင် UG ရဲမေတစ်ဦးဖြစ်တဲ့
ရဲမေ ဗိုလ်လိပ်ပြာရဲ့ တန်ဖိုးထားရတဲ့ ဆွဲကြိုးလေးကို မဲစနစ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်
တန်ဖိုးအားဖြင့်မများပေမယ့် ဘဝမှာ တန်ဖိုးထားရတဲ့ ဆွဲကြိုးလေးဖြစ်ပါတယ်

တစ်မဲကို မြန်မာငွေ ၅၀၀၀ ကျပ် ဖြစ်ပြီးတော့
၀၃.၀၉.၂၀၂၂ ည ၈ နာရီအချိန်မှာ မဲဖောက်ပေးမှာ ဖြစ်ပါတယ် မဲအရေအတွက်ကတော့
ကန့်သတ်မထားပါဘူး

ကျွန်တော်တို့ကို ကူညီ ထောက်ပံ့မယ်ဆိုရင်တော့ m.me/utfabn သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျ

ကျွန်တော်တို့သည် ပြည်သူတွေရဲ့ ချွေးနဲစာများကို တန်ဖိုးထားပြီး ​ပြည်သူ့အားဖြင့်
စစ်ကျွန်သဘောက်များကို ငရဲပြည်သို့ အခမဲ့ဗီဇာဖြင့်ပို့ဆောင်ရန် ကတိပေးပါကြောင်း

အရေးတော်ပုံ မုချ အောင်ရမည်
ဗိုလ်လိပ်ပြာ ( UTF-ABN)
ပြန်ကြားရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ

သာစည်မြို့နယ် ကျောက်ပချုပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ ၊ မိုင်းနင်းမိ၍ ခြေပြတ်လက်ပြတ်ဖြစ်သွားသော စစ်သ...
29/07/2022

သာစည်မြို့နယ် ကျောက်ပချုပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ ၊ မိုင်းနင်းမိ၍ ခြေပြတ်လက်ပြတ်ဖြစ်သွားသော စစ်သားအလောင်းများကို စစ်ကောင်စီက သယ်ယူနေရ

ကေတီအမ် ၊ ဇွန် ၂၉ ၊ ၂၀၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျောက်ပချုပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရွာသူရွာသားအတော်များများ ဘေးလွတ်ရာကိုရှောင်နေရကြောင်း သိရသည်။

ဒေသခံတစ်ဦးမှ " မနက်ကတည်းကချနေကြတာ တရစပ်ပဲပစ်နေကြတာ ဘယ်အဖွဲ့နဲ့လဲဆိုတာကတော့ မသိရဘူး။ ရွာသူရွာသားတွေလည်း ကြောက်လန့်ပြီး ဘေးလွတ်ရာကိုရှောင်နေကြရတယ်။ စစ်သားတွေ မိုင်းမိကုန်လို့ ခြေပြတ်လက်ပြတ်ဖြစ်ကုန်တာ အလောင်းတွေ ဒဏ်ရာရလူနာတွေကို ကျွန်တော်တို့ရွာထဲကနေ သယ်ထုတ်နေတာ တွေခဲ့ရတယ်" ဟု ကေတီအမ်သို့ ပြောကြားခဲ့သည်။


#သာစည်

ပွဲကြိုက်မောင် ပွဲကြိုက်မယ်တို့ရေ ဒီကနေပဲ ပွဲကြည့်ပါ တောင်းဆိုပါတယ် Like & Follow လုပ်ထားလိုက်ကြပါhttps://www.facebook.c...
16/07/2022

ပွဲကြိုက်မောင် ပွဲကြိုက်မယ်တို့ရေ
ဒီကနေပဲ ပွဲကြည့်ပါ တောင်းဆိုပါတယ်
Like & Follow လုပ်ထားလိုက်ကြပါ

https://www.facebook.com/pwalkyi/

ကာလအတန်ကြာ လူထုမြင်ကွင်းမှပျောက်နေခဲ့သည့် အောင်ပန်းမြို့ပြပြောက်ကျားတပ်စု ပထမဆုံးအကြိမ်အဖြစ် ပြည်သူလူထုထံ အစီရင်ခံကေတီအမ...
11/07/2022

ကာလအတန်ကြာ လူထုမြင်ကွင်းမှပျောက်နေခဲ့သည့် အောင်ပန်းမြို့ပြပြောက်ကျားတပ်စု ပထမဆုံးအကြိမ်အဖြစ် ပြည်သူလူထုထံ အစီရင်ခံ

ကေတီအမ် ၊ ဇူလိုင် ၁၁ ၊ ၂၀၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အခြေစိုက် အောင်ပန်းမြို့ပြပြောက်ကျားတပ်စုသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ရာမှ ယနေ့ညပိုင်းတွင် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြည်သူလူထုထံသို့ အစီရင်ခံသောပို့စ်တစ်ခုကို မျှဝေခဲ့ကြောင်း သိရသည်။

အဆိုပါပို့စ်တွင် ၎င်းတို့ ပျောက်နေရခြင်းမှာ ကယားပြည်နယ်ရှိ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တိုက်ပွဲဝင်ရဲဘော်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများအား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရန်အတွက် တပ်ဖွဲ့၏ကိုယ်ရည်ကိုယ်သွေးများကို တိုးတက်မြင့်မားလာအောင် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ပြည်သူလူထုများကလည်း ၎င်းတို့ကို တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီအားဖြည့်ပေးကြစေလိုကြောင်း ပါရှိသည်။

ဓါတ်ပုံ - ကယားပြည်နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင်တွေ့ရသော အောင်ပန်းမြို့ပြပြောက်ကျားတပ်စုမှ ပြည်သူ့ကာကွယ်ရေးတပ်သားများ


Attention Please 🚨🔥အောက်က Accကို Rpထုပေးပါလားခင်ဗျာ PDFအယောင်ဆောင်ထားတဲ့ အကောင့်အတုမလို့​ပါအဲဒီကောင်က စစ်ကိုင်းတိုင်းထဲက...
04/07/2022

Attention Please 🚨🔥
အောက်က Accကို Rpထုပေးပါလားခင်ဗျာ
PDFအယောင်ဆောင်ထားတဲ့ အကောင့်အတုမလို့​ပါ

အဲဒီကောင်က စစ်ကိုင်းတိုင်းထဲက MDFအဖွဲ့ဝင် ဘဏ္ဍာရေးမှူးတစ်ယောက်ရဲ့
ပုံကိုယူသုံးထားပြီးတော့ သူ့ကိုယ်သူ Inle UGကဆိုပြီး ပြောနေပါတယ်။
ပြီးတော့ မြေပြင်မှာတကယ်အလုပ်လုပ်နေသူတွေကို ကောမန့်တွေမှာလိုက်ဖောင်းထု ဆဲဆိုပြီးတော့ အနှောင့်အယှက်ပေးနေတာ များနေပြီမလို့ပါ။ Rpထုပေးတာလောက်တော့ လုပ်ပေးနိုင်မယ်မလားခင်ဗျာ.... ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် Rpထုခိုင်းတာမျိုးမဟုတ်ပါဘူး အဲကောင်ကြောင့် တချို့မသိနားမလည်သူတွေ အလိမ်ခံလိုက်ရမှာစိုးလို့ပါ...

https://www.facebook.com/profile.php?id=100008473249094

28/06/2022

For Your Information💜

ရသေ့စိတ်ဖြေ ရဲရဲတောက်များနှင့် အဓွန့်ရှည်နေရလေသော တော်လှန်ရေးPhoto crd to original owner
22/06/2022

ရသေ့စိတ်ဖြေ ရဲရဲတောက်များနှင့် အဓွန့်ရှည်နေရလေသော တော်လှန်ရေး

Photo crd to original owner

ပင်းတယ ကြံ့ဖွတ်ဒုဥက္ကဌ ကျော်ငြိမ်းအား ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ကျည်ဆံအစစ်ဖြင့်မိတ်ဆက်ပေးနိုင်ခဲ့ကေတီအမ် ၊ ဇွန် ၂၀ ၊ ၂...
20/06/2022

ပင်းတယ ကြံ့ဖွတ်ဒုဥက္ကဌ ကျော်ငြိမ်းအား ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ကျည်ဆံအစစ်ဖြင့်မိတ်ဆက်ပေးနိုင်ခဲ့

ကေတီအမ် ၊ ဇွန် ၂၀ ၊ ၂၀၂၂

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင်နေထိုင်သော ကြံ့ဖွတ်ပါတီ ဒုတိယဥက္ကဌဖြစ်သူ ဒလန်အကြီးစား ကျော်ငြိမ်းအား ပြီးခဲ့သည့် ဇွန်လ(၁၈)ရက် မနက်(၁၀:၀၀)နာရီခန့်က ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ယနေ့တွင် ကြေငြာချက်ထုတ်ပြန်လာခဲ့သည်။


သာစည်မြို့နယ် ငှက်ပျောတောကျေးရွာကို စစ်တပ်က ထပ်မံ၍ စီးနင်းကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ၊ ပြည်သူ(၃) ဦး...
20/06/2022

သာစည်မြို့နယ် ငှက်ပျောတောကျေးရွာကို စစ်တပ်က ထပ်မံ၍ စီးနင်းကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ၊ ပြည်သူ(၃) ဦးဖမ်းဆီးခံရပြီး နေအိမ်(၂)လုံး မီးရှို့ဖျက်ဆီးခံရ

ကေတီအမ် ၊ ဇွန် ၂၀ ၊ ၂၀၂၂

ယနေ့ ဇွန်လ(၂၀)ရက် နံနက်(၁၁:၀၀)နာရီခန့်မှစ၍ သာစည်မြိုန့ယ် ငှက်ပျောတောရွာ၏ အနောက်ဘက်တောင်ပေါ်၌ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားရပြီး စစ်ကားများလည်း ရောက်ရှိလာကြောင်း သိရသည်။ အကြမ်းဖက်စစ်တပ်က တောထဲတွင်တွေ့သော ရွာသူရွာသားများကို အကုန်ခေါ်ကာ စုစုပေါင်းရွာခံ(၃)ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့နောက် ငှက်ပျောတောရွာရှိ ကိုထိန်လင်း၏အိမ်ကိုလည်း အင်အား(၄၀)ကျော်ခန့်ဖြင့်လာရောက်၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့မီးရှို့ဖျက်ဆီးနေစဉ် နောက်ထပ်အင်အား(၃၀)ခန့်ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ(၁၈)ရက်က အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ဦးအောင်ခိုင်၏ နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယခု ဇွန်လ(၂၀)တွင်လည်း ယင်းရွာရှိ ဦးအောင်ခိုင်၏ သားဖြစ်သူနေအိမ်ကို ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်နှင့်အတူ ရွာကိုစီးနင်းမှုတွင် နာမည်ဆိုးဖြင့်ကျော်ကြားပြီး ယခုထိမသေသေးသော ဒလန်အကြီးစား ဝင်းမြင့်ဆိုသူပါဝင်လာပြီး ရွာရှိလမ်းများ အိမ်များအားလုံးကို တပ်အပ်သိနေသောကြောင့် ရွာတွင်းတွင် ဒလန်ရှိနေသည်ဟု ဒေသခံများက ယူဆနေကြသည်။

ရွာအနောက်ဘက်တောင်ပေါ်တွင်ကြားရသော လက်နက်ကြီးသံများ ၊တောထဲသို့မှိုရှာ မျှစ်ရှာ ထင်းခွေသွားကြသော ရွာသူရွာသားများကို ဖမ်းခေါ်ခြင်းများ ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ စသည်တို့ကြောင့် ဒေသခံပြည်သူများမှာ အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေကြသည်ဟု သိရသည်။

#သာစည်
#ငှက်ပျောတော

Breaking News : အောင်ပန်း ရိုးမဘဏ်လမ်းဆုံတွင် Hijetကားတစ်စီးအား စစ်ကောင်စီမှဖမ်းဆီးသွား ကေတီအမ် ၊ ဇွန် ၂၀ ၊ ၂၀၂၂အောင်ပန်...
20/06/2022

Breaking News : အောင်ပန်း ရိုးမဘဏ်လမ်းဆုံတွင် Hijetကားတစ်စီးအား စစ်ကောင်စီမှဖမ်းဆီးသွား

ကေတီအမ် ၊ ဇွန် ၂၀ ၊ ၂၀၂၂

အောင်ပန်းမြို့ ရိုးမဘဏ်လမ်းဆုံတွင် ယနေ့မန်းလွဲပိုင်း(၁၃:၀၀)နာရီကျော်ခန့်က Hijetအမျိုးအစား ကားတစ်စီးအား စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များပါသော အိမ်စီးကား(၃)စီးက ဝိုင်းဝန်းပိတ်ဆို့ကာ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါ Hijetကားသည် ကလောဘက်မှလာသောကားဖြစ်ပြီး ကားနောက်ခန်းတွင်လိုက်ပါစီးနင်းလာသော လူငယ်(၂)‌ဦးအား သေနတ်များဖြင့်ချိန်ရွယ်ကာ အောင်ပန်းနယ်မြေရဲစခန်းသို့ ဖမ်းခေါ်သွားကြောင်း သိရသည်။


ပြည်သူတွေကိုသိပ်ချစ်တဲ့ မိန်းမတစ်ယောက် အမှန်တရားအတွက်ဆို အသက်ကို စတေးဝံ့တဲ့ မိန်းမတစ်ယောက် ပြည်သူ့အတွက်ဆို မိသားစုကိုတော...
19/06/2022

ပြည်သူတွေကိုသိပ်ချစ်တဲ့ မိန်းမတစ်ယောက်

အမှန်တရားအတွက်ဆို အသက်ကို စတေးဝံ့တဲ့ မိန်းမတစ်ယောက်

ပြည်သူ့အတွက်ဆို မိသားစုကိုတောင် စွန့်ပစ်ရဲခဲ့တဲ့ မိန်းမတစ်ယောက်

မိန်းမတစ်ယောက်ဆိုတာထက်ပိုတဲ့ ကျွန်တော်တို့အားလုံးရဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်

Happy Birthday ပါ အမေ အောင်ဆန်းစုကြည် ❤️


"မောင်းပြန်တစ်လက်အမ်း Mission Seventy Seven" ✊✊
18/06/2022

"မောင်းပြန်တစ်လက်အမ်း Mission Seventy Seven" ✊✊

သာစည်မြို့နယ် ငှက်ပျောတောကျေးရွာရှိ ဦးအောင်ခိုင်၏နေအိမ်ကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက မီးရှို့ဖျက်ဆီး ၊ တန...
18/06/2022

သာစည်မြို့နယ် ငှက်ပျောတောကျေးရွာရှိ ဦးအောင်ခိုင်၏နေအိမ်ကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက မီးရှို့ဖျက်ဆီး ၊ တန်ဖိုးရှိပစ္စည်းအသုံးအဆောင်များကိုလည်း ယူဆောင်သွား

ကေတီအမ် ၊ ဇွန် ၁၈ ၊ ၂၀၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ငှက်ပျောတောကျေးရွာ(ယခင် ကျောင်းဆိုးကုန်းရွာ) ရှိ ဦးအောင်ခိုင်၏နေအိမ်ကို ယနေ့နံနက်ပိုင်း (၉:၃၀)နာရီခန့်က အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက မီးရှိ့ဖျက်ဆီးသွားခဲ့ပြီး အိမ်တွင်ရှိသော တန်ဖိုးရှိအသုံးအဆောင်ပစ္စည်းများကိုလည်း ယူဆောင်သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။ ထို့နောက် သေနတ်ပစ်ခတ်သံများကိုလည်း အတန်ကြာ ကြားခဲ့ရသည်ဟုဆိုသည်။
ဦးအောင်ခိုင်၏နေအိမ်သည် ငှက်ပျောတောရွာ၏ အနောက်ဘက် ၄ မိုင်အကွာတွင်တည်ရှိပြီး အကြမ်းဖက်စစ်တပ်က ဦးအောင်ခိုင်အား ၎င်း၏နေအိမ်တွင် PDFများက လမ်းကြုံထမင်းဝင်စားသည်ကို ခေါ်ယူဧည့်ခံကျွေးမွေးသောကြောင့် အိမ်ကိုမီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိတွင် ဦးအောင်ခိုင်၏နေအိမ်သည် အလုံးစုံ ပြာကျပျက်စီးသွားပြီဖြစ်သည်။

#သာစည်
#ငှက်ပျောတော

ကိုကြီးတို့ မကြီးတို့ ဂုဏ်ထူးတွေနဲ့အောင်ကြတာဝမ်းသာပါတယ်ဗျ သားသားတို့လည်း အဲလိုဂုဏ်ထူးတွေနဲ့အောင်ချင်ပါတယ်ဗျာ ဓါတ်ပုံ - က...
17/06/2022

ကိုကြီးတို့ မကြီးတို့ ဂုဏ်ထူးတွေနဲ့အောင်ကြတာဝမ်းသာပါတယ်ဗျ

သားသားတို့လည်း အဲလိုဂုဏ်ထူးတွေနဲ့အောင်ချင်ပါတယ်ဗျာ

ဓါတ်ပုံ - ကယားပြည်နယ် ဖယ်ခုံမြို့ရှိ စစ်ရှောင်‌နေရာတစ်ခု၌ တဲကုပ်သာသာစာသင်ခန်း‌လေးအတွင်း စာသင်နေကြသော ကလေးငယ်များ

အောင်သွားတဲ့ ညီလေး ညီမလေးတွေလည်း Congratulationsပါလို့...မအောင်တဲ့ ညီလေး ညီမလေးတွေကလည်း စိတ်ဓါတ်မကျပါနဲ့။ တပ်မတော်က အမြဲ...
17/06/2022

အောင်သွားတဲ့ ညီလေး ညီမလေးတွေလည်း Congratulationsပါလို့...

မအောင်တဲ့ ညီလေး ညီမလေးတွေကလည်း စိတ်ဓါတ်မကျပါနဲ့။ တပ်မတော်က အမြဲWelcomeပါ။

မင်းတို့ဟာက ဟုတ်မှလည်းလုပ်ပါ PDFတွေက ဆံပင်တွေတောင်ဖြူလို့ 🤔ငါတို့မြင်ဖူးတဲ့ PDFတွေဆိုတာ ငယ်ရွယ်သန်မာပြီး တချို့ဆို မင်းသ...
14/06/2022

မင်းတို့ဟာက ဟုတ်မှလည်းလုပ်ပါ

PDFတွေက ဆံပင်တွေတောင်ဖြူလို့ 🤔

ငါတို့မြင်ဖူးတဲ့ PDFတွေဆိုတာ ငယ်ရွယ်သန်မာပြီး တချို့ဆို မင်းသားနီးနီးချောတဲ့ဟာတွေပါဟ ခုဟာကျ ငါ့လခွမ်း ရယ်ရတာ ဘောနှစ်လုံးကျုံ့သွားပြီ 🤣

07/06/2022

Breaking News 🚨⚠️

အောင်ပန်းမြို့ပေါ်တွင် ယနေ့ည သေနတ်ပစ်ခတ်သံ ၄/၅ ချက်ခန့် ဆက်တိုက်ကြားလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

သေနတ်သံသည် အောင်ပန်းနယ်မြေရဲစခန်းအနီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟုလည်း ပြောဆိုနေကြသည်။

ကိုယ့်နယ် ကိုယ့်ဒေသမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတာ သတိရပေးပါ မိုးစိုငှက်များကို အနွေးဓါတ်မျှပေးပါ
05/06/2022

ကိုယ့်နယ် ကိုယ့်ဒေသမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတာ သတိရပေးပါ

မိုးစိုငှက်များကို အနွေးဓါတ်မျှပေးပါ

အခုဆိုရင် မိုးတွင်းကာလကိုရောက်နေပြီဖြစ်တဲ့အတွက် တောထဲကရဲဘော်လေးတွေအဖို့ နေရထိုင်ရတာ အရမ်းအေးချမ်းလှပါတယ်။ ဒါကြောင့် ရဲဘော်တွေအတွက်လိုအပ်တဲ့ အနွေးထည် ၊ မိုးကာ ၊ ကျောပိုးအိတ် ၊ စစ်သုံးဖိနပ် စတဲ့ အသုံးအဆောင်တွေဟာ အင်မတန်လိုအပ်နေပြီဖြစ်ပါတယ်။ သာမန်ကာလတွေမှာဆိုရင် စွပ်ကျယ်ချိုင်းပြတ် အားကစားဘောင်းဘီ ကြက်ပေါင်ဖိနပ်နဲ့နေလို့ရတယ်ဆိုပေမဲ့ အခုလိုမိုးတွင်းကာလမှာ ရဲဘော်တွေရဲ့ကျန်းမာရေးလိုအပ်ချက်အရ မဖြစ်မနေလိုအပ်လာတာမလို့ လူထုဆီကနေ အထောက်အပံ့ အကူအညီ တောင်းခံချင်ပါတယ်။

လိုအပ်ချက်တွေကတော့ -
(၁) မိုးကာတစ်ထည် - ၅၀၀၀ ကျပ်
(၂) အနွေးထည်တစ်ထည် - ၈၀၀၀ ကျပ်
(၃) စစ်သုံးကျောပိုးအိတ်တစ်လုံး - ၁၀၀၀၀ ကျပ်
(၄) စစ်သုံးဖိနပ်တစ်ရံ - ၁၀၀၀၀ ကျပ် တို့ပဲ ဖြစ်ပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ UTF-ABN ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒါမှမဟုတ် တယ်လီဂရမ်အကောင့်တို့ကနေ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ လှူဒါန်းသူတွေအတွက် ကျွန်တော်တို့က ဂုဏ်ပြုမှတ်တမ်းလွှာလေးတွေ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။

Telegram - https://t.me/KyawSwarKyi

တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)နှင့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG)တို့၏ ပူးပေါင်းအ‌ခြေခံစစ်ရေးလေ့ကျင့်မ...
03/06/2022

တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)နှင့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG)တို့၏ ပူးပေါင်းအ‌ခြေခံစစ်ရေးလေ့ကျင့်မှုသင်တန်း အပတ်စဉ်(၅)ကို ယနေ့ ဇွန်လ(၃)ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


01/06/2022

ဖုန်းဘေ အလှူမခံတာလည်းကြာပြီမလို့ ဖုန်းငွေဖြည့်ကဒ်လေးတွေ ထပ်မံပြီးတော့ အလှူခံပါရစေခင်ဗျ။ စစ်ထပ်ထုတ်ကုန် Mytelကလွဲပြီး ကျန်တဲ့ငွေဖြည့်ကဒ်တွေကို လက်ခံပေးသွားပါမယ်ဗျ။

‌ငွေဖြည့်ကဒ်ကို ခဲခြစ်ပြီး ဓါတ်ပုံရိုက်ပို့၍ဖြစ်စေ လျှို့ဝှက်နံပါတ်ကို စာရိုက်ပြီးဖြစ်စေ ပို့ပေးနိုင်ပါတယ်ခင်ဗျ။ တစ်ယောက်တည်းကနေ ပမာဏအများကြီးလည်းမလှူပါနဲ့ အဲလိုပမာဏအများကြီးလှူမယ်ဆို PDFတွေဆီကိုပဲ ငွေတွေလှူပေးပါ။ ကျွန်တော်တို့က သတင်းသမားမလို့ ဖုန်းဘေပဲလိုပါတယ်။

Telegram - https://t.me/klwtsmedia
Messenger - https://m.me/kalawtownshipmedia

31/05/2022

Breaking News - ပင်းတယ ၊ မေ ၃၁

ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ဟိုကုန်းရပ်ကွက်တွင် ယနေ့ည (၈:၃၅)နာရီခန့်၌ စစ်ကောင်စီမှ တစ်ရပ်ကွက်လုံးကို လျှပ်စစ်မီးဖြတ်ကာ ကုံလုံကျောင်းသွားလမ်းပေါ်ရှိ အိမ်တစ်အိမ်သို့ဧည့်စာရင်းဝင်စစ်ခဲ့ပြီး ယင်းအိမ်မှ လက်ကိုင်ဖုန်းများအားလုံးကို သိမ်းဆည်းသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖယ်ခုံအရှေ့ကမ်းတိုက်ပွဲတွင် ကလောမြို့ရပ်ကွက်(၁)မှ ရဲဘော် အောင်ဇော်ထွန်း(ခ)နောင်ခမ်း မိုင်းမိ၍ကျဆုံးခဲ့ရ ၊ ကလောမြို့ရှိ ရ...
29/05/2022

ဖယ်ခုံအရှေ့ကမ်းတိုက်ပွဲတွင် ကလောမြို့ရပ်ကွက်(၁)မှ ရဲဘော် အောင်ဇော်ထွန်း(ခ)နောင်ခမ်း မိုင်းမိ၍ကျဆုံးခဲ့ရ ၊ ကလောမြို့ရှိ ရဲဘော်နောင်ခမ်း၏ မိသားစုဝင်များကိုလည်း စစ်ကောင်စီကဖမ်းဆီးထား

ကေတီအမ် ၊ ဧပြီ ၂၉ ၊ ၂၀၂၂

ယမန်နေ့ မေလ(၂၈)ရက်တွင် ဖယ်ခုံအရှေ့ကမ်း လွယ်ပေါကျေးရွာအရှေ့တောင်ပေါ် စေတီကုန်းနှင့် လက်ဝါးကပ်တိုင်အနီးတစ်ဝိုက်၌ တပ်စွဲထားသော စကစတပ်တပ်မ(၅၅)အား KNDF၊ URF နှင့် ရှမ်းတောင်(၁၀၀၈)မိခင်တပ်ရင်းတို့ပူးပေါင်း၍ မဟာမိတ်တပ်၏စစ်ကြောင်း (၂)ကြောင်းမှ မွန်းလွဲ (၂:၃၀)နာရီအချိန်တွင် 60mm အပါအဝင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး (၃:၃၀)နာရီအချိန်တွင် အထိခိုက်အကျဆုံးမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့ မေလ(၂၉)ရက် ညနေ(၄:၀၀)နာရီအချိန်ခန့်တွင် ရှမ်းတောင် ၁၀၀၈ တပ်ရင်း( ယခင်SSRY) မှ ရဲဘော် အောင်ဇော်ထွန်း (ခ)နောင်ခမ်း သည် ရှေ့တန်းတစ်နေရာတွင် မိုင်းမိခဲ့ပြီး ကျဆုံးခဲ့ရကြောင်း သိရသည်။ ရဲဘော်နောင်ခမ်းသည် ကလောမြို့ ရပ်ကွက်(၁)တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့်(၂)လခန့်က ရဲဘော်နောင်ခမ်း၏ မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီက ကလောမြို့ရှိ ၎င်းတို့၏နေအိမ်၌ပင် ဝင်ရောက်ဖမ်းဆီးသွားခဲ့‌သေးကြောင်း သိရသည်။ ရဲဘော်နောင်ခမ်းနှင့် ၎င်း၏မိသားစုဝင်များမှာ အဆက်အသွယ်ပင်မရှိကြဟု သိရသည်။

ယခုကဲ့သို့ ရဲဘော်နောင်ခမ်း၏ကျဆုံးမှုအပေါ် ရှမ်းတောင်(၁၀၀၈)မိခင်တပ်ရင်းမှ အလေးနီပြုပါကြောင်း လူမှုကွန်ရက်မှတဆင့် သတင်းထုတ်ပြန်ကြေငြာထားသည်။

သတင်းလင့်ခ် - https://www.facebook.com/114675854567648/posts/125605820141318/

Address


Website

Alerts

Be the first to know and let us send you an email when Kalaw Township Media 2.0 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share