06/02/2021
ကျနော်သည် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရောက်ရှိနေသော ပြည်ပရောက် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင် စစ်တပ်မှ မတရားအာဏာသိမ်းခြင်းနှင့်ပက်သက်ပြီး ရှုတ်ချသည့်အနေအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထြုတ်ဖော်ခြင်း ဖြစ်ပါသည်။ ကျနော်သည် ကမ္ဘာနိုင်ငံအသီးသီးတွင် ရှိနေကြသော မြန်မာစစ်တပ်ကိုဆန့်ကျင်သည့် အမိမြန်မာနိုင်ငံကြီးကိုချစ်သော မြန်မာနိုင်ငံသားအားလုံးနှင့်အတူ တစ်သွေးတစ်သားတည်းရှိပါသည်။
ပြည်ပရောက် မြန်မာများအနေဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြည်တွင်းကမြန်မာပြည်သားများနဲ့ တသားတည်းရှိကြောင်း နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ဖော်ပြသကြပါလို့နိုးဆော်အပ်ပါတယ်။
" အကြမ်းမဖက်ပဲ လူထုအားနဲ့ အာဏာရှင်စနစ်ကို အမြစ်လှန်ကြမယ် "
#စစ်အာဏာရှင်စနစ်ကျဆုံးရမည်
ကျနော်သည် ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်အာဏာရှင်၏ အတင်းအဓမ္မ အာဏာသိမ်းယူခြင်းနှင့် လက်ရှိ တည်ဆဲအစိုးရကို ထိန်းချုပ်ပြီး ဥပဒေနည်းလမ်းမကျ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနေခြင်းကို ကန့်ကွက်ပါသည်။
ယနေ့မှစ၍ Civil Disobedience Movement တွင် ပြည်သူ့ဝန်ထမ်းများနှင့် အတူ ရပ်တည်သွားပါမည်။
We condemn against the military dictators who forcibly seized control of the national power, the civil government and unlawfully forming the State Adminstrative Council.
As of today, we shall stand firmly with the civil servants who are carrying out the Civil Disobedience Movement.
LETS SPEAK OUT THE TRUTH