Matupi Voice Media

  • Home
  • Matupi Voice Media

Matupi Voice Media The voice for Matupi People

ဒူဘိုင်းမှာ ပိတ်မိနေတဲ့မြန်မာအမျိုးသမီး ၈ ဦး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေပြီလို့ ရီရတ်ဒ်မြို့ မြန်မာသံရုံးပြောအာရပ်စော်...
29/08/2022

ဒူဘိုင်းမှာ ပိတ်မိနေတဲ့မြန်မာအမျိုးသမီး ၈ ဦး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေပြီလို့ ရီရတ်ဒ်မြို့ မြန်မာသံရုံးပြော
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ပိတ်မိနေတဲ့မြန်မာအမျိုးသမီး ၈ ဦးအရေး သွားရောက်ကူညီဆောင်ရွက်ပေးနေပြီဆိုပြီး ဆော်ဒီအာရေးဗျနိုင်ငံ၊ ရီရတ်ဒ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်လာပါတယ်။
အဲဒီအမျိုးသမီးတွေထဲက တစ်ဦးက သူတို့ဒုက္ခရောက်တာကြောင့် အကူအညီပေးဖို့လူမှုကွန်ရက်ဖေ့ဘွတ်ခ်ကနေ ရုပ်သံ တိုက်ရိုက်ထုတ်လွှင့် တောင်းဆိုခဲ့တာကြောင့် သွားရောက်ခဲ့တာလို့ သံရုံးဘက်က ပြောပါတယ်။
ဒူဘိုင်းမြို့မှာ ပိတ်မိနေသူတွေဆီသွားရောက်ပြီး ပွဲစားဆိုသူနဲ့ ကာယကံရှင်တွေကြား ညှိနှိုင်းတာတွေပြုလုပ်ခဲ့အပြီးမှာ အခုတော့ ယူအေအီး အာဏာပိုင်တွေက လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
သံရုံးဘက်ကတော့ ယူအေအီး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေသလို ပြန်လည်လွတ်မြောက်လာသူတွေ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေး ဒူဘိုင်းမှာရှိတဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ ဒူဘိုင်းအေးဂျင့်ရဲ့ပိတ်လှောင်ခံထားရပြီး အီရတ်နိုင်ငံကိုပို့ဖို့ စီစဉ်နေတဲ့အတွက် အခန်းဖျက်ပြီးထွက်ပေးလာကြတဲ့ မြန်မာအမျိုးသမီး ၈ ယောက်ဖြစ်ပါတယ်။
သူတို့ဟာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးခံနေရတဲ့ စစ်ကိုင်းတိုင်း ခင်ဦး၊ ကရင်နီပြည်နယ် ဖယ်ခုံမြို့က အမျိုးသမီးတွေအပါဝင် ပဲခူး၊ တောင်ကြီး၊ ရန်ကုန်၊ ဇလွန် စတဲ့ မြို့နယ်တွေက အမျိုးသမီးတွေပါဝင်ပါတယ်။
သံရုံးက အခုလို အကူအညီပေးတဲ့သူတွေဟာ ဒူဘိုင်းနဲ့အိုမန်နိုင်ငံတွေမှာ အိမ်အကူအဖြစ် အလုပ်သွားလုပ်ဖို့ ကြိုးစားရင်း ပွဲစားရဲ့ ပိတ်လှောင်ခံရပြီး ထွက်ပြေးလွတ်မြောက်ကာ ဒူဘိုင်းမှာ သောင်တင်နေကြသူတွေထဲက အချို့ဖြစ်ပါတယ်။
ဘီဘီစီကို ဆက်သွယ်လာတဲ့ ဒူဘိုင်းနဲ့ အိုမန်နိုင်ငံရောက် မြန်မာအမျိုးသမီး အယောက် ၃၀ နီးပါးရှိနေပါတယ်။

Credit - BBC Myanmar

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်Noeleen Heyzer ဆိုင်း မဆင့် ဘုံမဆင့်ဘဲ မြန်မာနိုင်ငံ သွားရောက်ရန်ကုန်၊ ဩဂုတ်...
16/08/2022

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်Noeleen Heyzer ဆိုင်း မဆင့် ဘုံမဆင့်ဘဲ မြန်မာနိုင်ငံ သွားရောက်

ရန်ကုန်၊ ဩဂုတ် ၁၆
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Noeleen Heyzer ဆိုင်းမဆင့် ဘုံမဆင့်ဘဲ ယနေ့ မြန်မာနိုင်ငံသွားရောက်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အကြမ်းဖက်မှုများအားလုံး ချက်ချင်းရပ်ဆိုင်းရန်နှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများ လိုအပ်နေသူများ ထံ ပေးနိုင်ရေး တောင်းဆိုချက်၏ နောက်ဆက်တွဲ ခရီးစဉ် စတင်ခြင်းဖြစ် ကြောင်း၊ ခရီးစဉ်အတွင်း လက်ရှိ ပဋိပက္ခနှင့်ပတ်သက်၍ နယ်ပယ်အားလုံးမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃၇ ဦးသေဆုံးကြောင်း AA ထုတ်ပြန်၊ ရသေ့တောင် မောင်တော စသည့်နေရာများတွင် တိုက်ပွဲများပြင်းထန်Western N...
16/08/2022

စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃၇ ဦးသေဆုံးကြောင်း AA ထုတ်ပြန်၊ ရသေ့တောင် မောင်တော စသည့်နေရာများတွင် တိုက်ပွဲများပြင်းထန်

Western News-ဩဂုတ်၊ ၁၅ ရက်

သြဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့သည် ရခိုင်ဒေသအတွင်း ၃ နေရာနှင့် ပလက်ဝဒေသအတွင်း ၁ နေရာ စသည်ဖြင့် စုစုပေါင်း ၄ နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံးကြောင်း AA က ယနေ့ ဩဂုတ် ၁၅ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

ဩဂုတ် ၁၃ ရက်နေ့ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ၏ မြောက်ဖက်တွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားသော စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ ဖြစ်ပွါးခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဖက်က သေဆုံးသူ ၃၁ ဦးအထိ ရှိခဲ့ပြီး အထိအခိုက်အကျအဆုံးများခဲ့ကြောင်းထုတ်ပြန်သည်။ ယင်းတိုက်အတွင်း ရက္ခိုင့်တပ်တော် AAက သေဆုံးသူ တပ်ဖွဲ့ဝင် အနည်းငယ်ရှိကြောင်းထုတ်ပြန်သည်။

စစ်ကောင်ထံမှ ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သြဂုတ်လ ၁၃ရက်၊ နေ့လယ် ၁၂ နာရီခန့်အချိန်တွင် မြန်မာစစ်တပ်၏ ခလရ (၂၇၀) နှင့် ရက္ခိုင့်တပ်တော်တို့ ၏ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာနားတွင် စစ်ကောင်စီဖက် (၆) ဦးကျဆုံးပြီး ဒဏ်ရာရသူ အများအပြားလည်းရှိခဲ့သည်ဟု AA က ထုတ်ပြန်သည်။

သြဂုတ်လ (၁၃) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ သဌေးကုန်းကျေးရွာမြောက်ဖက်တွင် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ထိုနေရာတွင် နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီဖြစ်ကြောင်း၊ သြဂုတ်လ ၁၄ ရက်နေ့၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်း စစ်တပ်က ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသောနေရာများသို့ပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရှိရသည်။

ယနေ့တွင် စစ်ကောင်စီတပ်က လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းခြင်းများကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးများဖြင့် ရက္ခိုင်ဒေသအနှံ့ ရွှေ့ပြောင်းလျက်ရှိနေသောကြောင့် တိုက်ပွဲများ ယခုထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် AAတပ်စခန်းရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone ဒရုန်းများပေါ်မှ ဗုံးချတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် တိုက်ပွဲဧရိယာမှာ ပိုမိုများပြားလျက် ရှိပြီး တကျော့ပြန်တိုက်ပွဲများမှတဆင့် ရက္ခိုင်ပြည်အနှံ့၊ မြန်မာတစ်နိုင်ငံလုံးအနှံ့ ပိုမို များပြားလာဖွယ်ရှိကြောင်း AA က ဆိုသည်။

AA အနေဖြင့် စကောင်စီတပ်၏ စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့ အစည်းများ၊ ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီပူးပေါင်းကာ ပြန် လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ် ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

Credit - Western News-WN

Project-Mizoram ကလှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၄၂၀၀၀၀ တန်း ဆေးရုံသုံးပစ္စည်းကိရိယာတွေကို ယနေ့ သြဂုတ် ၁၀ ရက်တွင် မီဇိုရမ်ပြည...
11/08/2022

Project-Mizoram ကလှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၄၂၀၀၀၀ တန်း ဆေးရုံသုံးပစ္စည်းကိရိယာတွေကို ယနေ့ သြဂုတ် ၁၀ ရက်တွင် မီဇိုရမ်ပြည်နယ်တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်အခမ်းအနားကျင်းပကြပါတယ်။

Credit - Zalem

ရိဒ်မြို့တွင် စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးတပ် ပူးပေါင်းတိုက်ခိုက်မှု တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင်  ဒ...
11/08/2022

ရိဒ်မြို့တွင် စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးတပ် ပူးပေါင်းတိုက်ခိုက်မှု တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် ဒရုန်း ဗုံးသီး ထိမှန်သေဆုံးမှု အပါ အဝင် စစ်သား ၅ ဦးသေဆုံး၊ ဖလမ်းရှိ စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၀

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် ဒရုန်းဖြင့် ဗုံးကျဲ ခံရသဖြင့် ထိမှန်သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရ သည်။

"တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ဒီမနက် ဒရုန်းနဲ့ ဗုံးသီးချခံရပြီး သေပါတယ်။ သူ့တပ်က ရိဒ်မှာ စခန်း ချနေတာ။ ခုသေတာက ဒရုန်း ဗုံးသီး ချခံရပြီး ဒီမနက်မှာသေတာပါ။ ဝေမျိုးပိုင်က အရင်က ဒုတပ်ရင်းမှူးအဖြစ် ဗိုလ်မှူးရာထူးနဲ့ ခလရ ၁၈ (ဟင်္သာ တ) မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ အဲဒီကနေ သူက ရိဒ်ကို ပြောင်းသွားတာ" ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲ အတွင်းရှိ ချောင်း (Cheu) စစ်ကောင်စီစခန်းကို ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၂ နာရီတွင် ချင်းပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း ချင်းတပ်ဖွဲ့ CDM-Siyin က သတင်းထုတ်ပြန်သည်။

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် ဒရုန်းဖြင့် ဗုံးကျဲခံရပြီး သေဆုံးမှု သည် ယနေ့ နံနက် ချင်းကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်သော ချောင်း စစ်တပ်စခန်း တိုက်ပွဲတွင် သေဆုံးခြင်းဖြစ်ကြောင်း CNDF က သတင်းထုတ်ပြန်သည်။

အိန္ဒိယ-မြန်မာနယ်စပ်၊ ချောင်း စစ်ကောင်စီစခန်းကို CDF CDM-Siyin၊ PDF Zoland၊ CNDF နှင့် MEDF တို့က ယနေ့နံနက်အစောပိုင်းတွင် ဝင်ရောက် တိုက် ခိုက်ရာ နံနက် ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အဆိုပါ စခန်းမှ စစ်သား ၄ ဦးမှာ ချင်းတပ်ဖွဲ့များထံ အလင်းဝင်လာခဲ့ပြီး လက်နက် ခဲယမ်းများ ယူဆောင်လာခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ရာဝန်းကျင်တွင် ဂျက် တိုက်လေယာဉ် ၂ စီး ခေါက်တုန့်ခေါက်ပြန် ပျံဝဲခဲ့ကြောင်း တိုက်ပွဲအတွင်း CDM-Siyin ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ခေါ်မောရွာ အဝင်တောင်ထိပ်ရှိ စစ်ကောင်စီစခန်းကို Mountain Eagle Defense Force MEDF က ဩဂုတ်လ ၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်များတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း MEDF က သတင်းထုတ်ပြန်ထားသည်။

MEDF က ဗုံးသီး ၄၅ လုံးကျော် ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစခန်းရှိ တဲများနှင့် ကတုတ်ကျင်းများ ပျက်စီးခဲ့ကြောင်း စစ်တပ်က ပြန်လည် ပစ်ခတ်သော်လည်း MEDF ဘက်က အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ ခမရ ၄၁၆ တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ပြည့်ဟိန်း( စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ) ကွတ်ခိုင်တိုက်ပွဲတွင် သေဆုံးခဲ့ပြီးနောက် မသာချအခမ်းအနားဖြင့် သဂြိုလ် သည့် မြင်ကွင်း ။ (ပုံအဟောင်း ကို အသုံးပြု ထားပါသည်။)

Credit - Khit Thit Media

short story of batupui(matupi)
18/06/2022

short story of batupui(matupi)

The term "Matupi" is derived from "Batupui"

CDF-Supporting Committee Mizoramနှင့် CDF-Matupiတို့ အလှူငွေကိစ္စရပ်နှင့်ပတ်သက်၍ကြေလည်စွာ​စာရင်းရှင်ပြီးကြောင်းထုတ်ပြန်=...
07/06/2022

CDF-Supporting Committee Mizoramနှင့် CDF-Matupiတို့ အလှူငွေကိစ္စရပ်နှင့်ပတ်သက်၍ကြေလည်စွာ​စာရင်းရှင်ပြီးကြောင်းထုတ်ပြန်
============================

၂၀၂၂ ဇွန်လ ၇ ရက်
CDF-Supporting Committee Mizoram အား ၂၀၂၂ခုနှစ် မေလ ၃၁ ရက်နေ့တွင် CDF-Matupiမှ ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း အမည်ပျက်စာရင်းထုတ်ပြန်ကြေငြာခဲ့ပြီး ယနေ့ ၂၀၂၂ခုနှစ် ဇွန်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ CDF-Matupi Advisor တို့၏ဦး ဆောင်မှုဖြင့် နှစ်ဖက်အဖွဲ့အစည်းတာ၀န်ရှိသူ များတွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အ လှူငွေကိစ္စရပ်နှင့်ပတ်သက်၍ကြေလည်စွာ​စာရင်းရှင်နိုင်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ နှစ်ဖက်အဖွဲ့အ စည်းကြားမည်သည့်ပြဿနာမှမရှိတော့ကြောင်းနှင့် CDF- Matupi အတွက်လှူ ဒါန်းကြသည့်အလှူငွေများကို CDF- Matupiတာ၀န်ရှိသူများထံအချိန်နှင့်တပြေးညီအကြောင်းကြားရန်သဘော တူညီခဲ့ကြကြောင်း CDF-Matupi မှသတင်းထုတ်ပြန်သည်။


၁၃၈၄ ခုနှစ်၊ နယုန်လဆန်း - ၉ ရက်(၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်)အမိန့်ကြေညာစာအမှတ်- ၁၂ /၂၀၂၂ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းအမျို...
07/06/2022

၁၃၈၄ ခုနှစ်၊ နယုန်လဆန်း - ၉ ရက်
(၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်)

အမိန့်ကြေညာစာအမှတ်- ၁၂ /၂၀၂၂

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက် မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန်၊ ကြားကာလ တရားဥပဒေစိုးမိုး‌ရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့် ပူးပေါင်း၍ တားဆီးရန်၊ ပြည်သူတစ်ရပ်လုံး ယုံကြည် လက်ခံသော ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်၍ ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ”နှင့်အညီ “ပြည်သူ့ရဲတပ်ဖွဲ့” အား ဖွဲ့စည်းလိုက်သည်။

ဒူဝါလရှီးလ
နိုင်ငံတော်ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ

ငြိမ်းချမ်းရေး  ကြင်စိုး အနားတောင်းပွဲ"ကာတွန်း-နာနတ်သီး
10/05/2022

ငြိမ်းချမ်းရေး ကြင်စိုး အနားတောင်းပွဲ"
ကာတွန်း-နာနတ်သီး

မတူပီမြို့ဘဏ်ရုံးလုံခြုံရေးအစောင့် (၂)ဦး လက်နက်အပြည့်စုံဖြင့်ထွက် ပြေး=============================၂၀၂၂ခုနှစ်၊ဧပြီလ ၂၂ရက...
22/04/2022

မတူပီမြို့ဘဏ်ရုံးလုံခြုံရေးအစောင့် (၂)ဦး လက်နက်အပြည့်စုံဖြင့်ထွက် ပြေး
=============================
၂၀၂၂ခုနှစ်၊ဧပြီလ ၂၂ရက်

ချင်းပြည်နယ်၊မတူပီမြို့အရှေ့ခိုဘွေရပ် ကွက်ရှိဘဏ် ရုံးတွင်အ​ေစာင့်တာ၀န်ပေးအပ်ခံရ သောစ ကစတပ်ဖွဲ့မှစစ်သား (၂)ဦးသည် ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ရက်နေ့ ညပိုင်းတာ၀န်ထမ်းဆောင်နေချိန်တွင် လက် နက်အပြည့်အ စုံဖြင့် တာ၀န်ကျနေရာမှထွက် ပြေးသွားကြကြောင်းကနဦးသ တင်းရရှိသည်။
Crd - MTP

တိုက်ပွဲ သတင်းထုတ်ပြန်ချက်
20/04/2022

တိုက်ပွဲ သတင်းထုတ်ပြန်ချက်

ထီးလင်းမြို့နယ်က ရဲစခန်းတစ်ခုကို PDF ထီးလင်းက သိမ်းယူပြီးလက်နက်အများအပြားသိမ်းဆည်း======မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျ...
19/04/2022

ထီးလင်းမြို့နယ်က ရဲစခန်းတစ်ခုကို PDF ထီးလင်းက သိမ်းယူပြီးလက်နက်အများအပြားသိမ်းဆည်း
======
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာ နယ်မြေခံရဲစခန်းကို P.D.F-Htilin တပ်ဖွဲ့ဝင်များက ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၁နာရီကျော်တွင်
အင်အားအလုံးအရင်းဖြင့် အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်များမှလက်နက်ချ အလင်းဝင်ရန်တိုက်တွန်းအော်ဟစ်၍ အခွင့်ရေးပေးခဲ့ရာ လက်မခံပဲ ခုခံခဲ့သောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁ နာရီအတွင်း ရဲစခန်း တစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့တယ်လို့ P.D.F-Htilin က ဒီနေ့ထုတ်ပြန်ထားပါတယ်။

ကျင်းနယ်မြေရဲစခန်းမှုး (၂ )ပွင့်ဗိုလ်တစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၂)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တိုက်ခိုက်ရေးသုံး ရဟတ်ယာဥ်ဖြင့် ကျင်း​ကျေးရွာအတွင်းရမ်းသမ်းပစ်ခတ်ပြီး လူနေအိမ် ၃ လုံးပျက်စီးသွားခဲ့ရပါတယ်။

မတူပီမြို့တွင် ဗျူဟာမှူးအမိန့်ကို အာခံသော ဗိုလ်ကြီးတစ်ဦးအချုပ်ထဲ ချခံရ=========မတူပီ- မင်းတပ်ဂိတ်တွင် တာဝန်ကျနေသော ဗျူဟာ...
19/04/2022

မတူပီမြို့တွင် ဗျူဟာမှူးအမိန့်ကို အာခံသော ဗိုလ်ကြီးတစ်ဦးအချုပ်ထဲ ချခံရ
=========
မတူပီ- မင်းတပ်ဂိတ်တွင် တာဝန်ကျနေသော ဗျူဟာတပ်က ဗိုလ်ကြီး ရင်ကိုဦးဟာ ဗျူဟာမှူးက မတူပီ-မင်းတပ် ဂိတ်ကို ဖြတ်သန်းလာသူ မှန်သမျှကို ပစ်ရန် အမိန့်ပေးထားသော်လည်း အပြစ်မဲ့ ပြည်သူများကို မပစ်ချင်သောကြောင့် အမိန့်ကို အာခံခဲ့ရာ ဗျူဟာမှူးက ခေါ်ယူ စစ်ဆေးမှူများ ပြုလုပ်ပြီးနောက် အချူပ်ထဲ ထည့်လိုက်ကြောင်း သိရပါတယ်။

လမ်းပေါ်ဖြတ်သန်းသွားလာနေသူများကို ဗျူဟာမှူးက ပစ်မိန့်ပေးထားသော်လည်း ဂိတ်တွင် တာဝန်ကျနေသော ဗိုလ်ကြီး ရင်ကိုဦးဟာ နားလည်မှုဖြင့် ပြည်သူများကို ဆက်လက်သွားလာခွင့်ပေးခဲ့ကြောင်း တပ်သားတစ်ဦးက သတင်းပေးထားတာဖြစ်ပါတယ်။

စစ်ဆေးခံချိန်တွင် ဗိုလ်ကြီး ရင်ကိုဦးက အပြစ်မဲ့ ပြည်သူများကို မပစ်နိုင်ကြောင်း၊ အကယ်၍ ဗျူဟာမှူးကို ပစ်လျှင် လက်ခံမလားဟု ဗျူဟာမှူးကို ပြန်မေးခွန်းထုတ်ခဲ့ကြောင်းလည်း သတင်းပေးလာသူက ဆိုပါတယ်။

ဗိုလ်ကြီးရင်ကိုဦးဟာ အချုပ်ထဲချခံရသည့် ရက်အတိအကျ မသိသော်လည်း လွန်းခဲ့တဲ့ ၂ ရက် ၊ ၃ ရက်အတွင်း ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

Source - Credit

မြန်မာစုံတွဲ ၁၃ တွဲ တပြိုင်တည်း လက်ထပ်မင်္ဂလာပွဲပြုလုပ် =====မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ St.John Cathedral ဘုရားကျေ...
19/04/2022

မြန်မာစုံတွဲ ၁၃ တွဲ တပြိုင်တည်း လက်ထပ်မင်္ဂလာပွဲပြုလုပ်
=====
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ St.John Cathedral ဘုရားကျောင်းမှာ မြန်မာစုံတွဲ ၁၃ တွဲကို ယနေ့ ဧပြီ ၁၈ ရက်တွင် ဖသာရ်ရောဘတ်က လက်ထပ်ပေးတယ်လို့သိရတယ်။

၀မ်းနည်းကြေကွဲခြင်း
18/04/2022

၀မ်းနည်းကြေကွဲခြင်း

သတင်းထုတ်ပြန်ချက်
17/04/2022

သတင်းထုတ်ပြန်ချက်

ZRO/ZRA (Eastern Command) ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ကြောင်း Chinland Joint Defense Committee(CJDC) ကထုတ်ပြန်
12/04/2022

ZRO/ZRA (Eastern Command) ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ကြောင်း Chinland Joint Defense Committee(CJDC) ကထုတ်ပြန်

09/04/2022

သတင်းထုတ်ပြန်ချက်
၂၀၂၂ ဧပြီလ (၉) ရက်

ယနေ့ နံနက် ၈:၁၅ ခန့်တွင် ကျောက်ထုမှမတူပီမြို့သို့ ရောက်ရှိလာသည့် စစ်ကြောင်းသည် မတူပီ - ပလက်ဝ လမ်းမပေါ်ရှိ ထယ်ဘွေးတပ်စခန်းသို့ စစ်အင်အား ဖြည့်တင်းရန် ပြန်လည်ထွက်ခွါလာကြောင်း သတင်းရရှိပါသည်။

ယနေ့ ညနေ ၃:၀၀ နာရီတွင် မတူပီမြို့ အခြေစိုက် စကစတပ်စခန်းများမှ မတူပီမြို့ မြောက်ဘက်ရှိ လုံတုမ်းရွာဘက်သို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည်။ ၎င်းစစ်ကြောင်းမှ လုံတုမ်းကျေးရွာနေ ဒေသခံ ပြည်သူ (၃) ဦးကို စစ်ကြောင်းနှင့်အတူ လမ်းပြအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည်။

နောက်ဆက်တွဲ စစ်ကြောင်း သတင်းများကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပြီး ဆုတောင်းခြင်းဖြင့် ကူညီပေးကြပါရန် အထူးတိုက်တွန်းလိုပါသည်။

သတင်းနှင့်ပြန်ကြားရေး
CDF - Matupi

CDF Matupi ၏ထုတ်ပြန်ချက်
02/04/2022

CDF Matupi ၏ထုတ်ပြန်ချက်

တိုက်ပွဲသတင်းထုတ်ပြန်ချက်
31/03/2022

တိုက်ပွဲသတင်းထုတ်ပြန်ချက်

မင်းတပ်မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို လာကြိုသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီ ပိတ်ဆို့တိုက်ခိုက်၊ စစ်သား ၁၄ ဦး သေဆုံး...
31/03/2022

မင်းတပ်မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို လာကြိုသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီ ပိတ်ဆို့တိုက်ခိုက်၊ စစ်သား ၁၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်၊ မတ် ၃၁

ချင်းပြည်နယ်၊ မင်းတပ်မှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မတူပီမြို့မှ လာရောက်ကြိုဆိုသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီက ယနေ့ မတ်လ ၃၁ ရက် နံနက်တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။

"အင်အား ၈၀ လောက်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထွက်လာတာ၊ CDF မတူပီနဲ့ ထိတွေ့မှုဖြစ်တယ်။ ကျနော်တို့ ထောင်ထားတဲ့မိုင်းတွေ နင်းမိပြီး ၁၁ ဦးလောက် သေတယ်၊ အများအပြားဒဏ်ရာရတယ်။ ၇ နာရီ ၄၀ မိနစ်လောက်မှ သူတို့ ပြန်ဆုတ်သွားတယ်၊ ၉ နာရီ ၁၀ မိနစ်လောက်မှာ နောက်တခေါက် အင်အားဖြည့်ပြီး ထိုးစစ်ဆင်လာတယ်၊ အဲဒီမှာ ကျနော်တို့ ပစ်ခတ်ခုခံတော့ သူတို့ဘက်က ၃ယောက်လောက်သေတယ်။ ၉ နာရီ ၅၀ လောက်မှာ ချန်ပြန်းရွာသစ်ဘက်ကို ပြန်ဆုတ်သွားတယ်။ မြို့ပေါ်က ပြည်သူပိုင် ကျောက်သယ်ကားတွေကို သုံးပြီး အင်အားဖြည့်တင်းနေတယ်" ဟု CDF မတူပီ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် အင်အား ၁၅၀ ခန့်ရှိနိုင်ပြီး ချန်ပြန်းရွာသစ်တွင် ရှိနေကြောင်း အဆိုပါအဖွဲ့ကို ယမန်နေ့တွင်လည်း CDF မတူပီက တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ၈၄ စီးပါ စစ်ယာဉ်တန်းသည် ကျောက်ထုမှတဆင့် မင်းတပ်တွင် တထောက်နားပြီး မတူပီရှိ စစ်ကောင်စီဗျူဟာသို့ စစ်လက်နက်ရိက္ခာပို့ဆောင်ရန် မင်းတပ်မြို့မှ မတ်လ ၂၄ ရက်တွင် ထွက်ခွာလာခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CDF - မင်းတပ်ကလည်း ကြားဖြတ်တိုက်ခိုက်နေပြီး မတ်လ ၂၉ ရက် တိုက်ပွဲတွင် စစ်သား ၂၉ ဦး သေဆုံးကြောင်း CDF - မင်းတပ်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

31/03/2022

တိုက်ပွဲသတင်း ထုတ်ပြန်ချက်
မတ်လ (၃၁)ရက်နေ့၊ 9:20AM
ယနေ့ မနက် ၇:၁၅ ခန့်မှစပြီး ကျောက်ထုမှ မတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော ယာဉ်တန်းကို ဆင်းကြိုသော မတူပီအခြေစိုက် ခလရ(၃၀၄)မှ စကစ တပ်ဖွဲ့ဝင်များနှင့် CDF- Matupi တို့ကြား တိုက်ပွဲပြင်းထန်နေပါသည်။
မင်းတပ်- မတူပီ လမ်းမတစ်လျှောက်ရှိ ဒေသခံပြည်သူများလည်း လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။
နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ပြီး ဆုတောင်းခြင်းဖြင့် ကူညီပေးကြပါရန်အထူးတိုက်တွန်းလိုပါသည်။
သတင်းနှင့်ပြန်ကြားရေး
CDF- Matupi

29/03/2022

29.3.2022 (12:30pm)
စကစ နှင့် CDF mindatတို့ယခုအချိန်အထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး C.D.F mindat မှ မိုင်းဆွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများကြောင့်စကစဖက် မှ 15ယောက် သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာ ရကြောင်းသတင်းရရှိသည်။
C.D.F mindat (သတင်းနှင့်ပြန်ကြားရေးဌာန)

ဟားခါးမြို့တွင် စကစ ရဟက်ယာဉ်တစ်စီး ပျက်ကျ==================================မတ်လ(၂၉)ရက်၊ ၂၀၂၂။ ယနေ့ မတ်လ၂၉၊ နံနက်ပိုင်း ၉...
29/03/2022

ဟားခါးမြို့တွင် စကစ ရဟက်ယာဉ်တစ်စီး ပျက်ကျ
==================================
မတ်လ(၂၉)ရက်၊ ၂၀၂၂။

ယနေ့ မတ်လ၂၉၊ နံနက်ပိုင်း ၉နာရီခွဲခန့်က ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နဲ့ ၂၆၆ တပ်စခန်းရှိရာ ရုန်းတောင်အကြား ထင်းရှုးတောထဲတွင် စကစ ရဟက်ယာဉ်တစ် ပျက်ကျသွားကြောင်း သိရပါတယ်။

"ဘာကြောင့်ပျက်ကျလဲတော့မသိဘူး။ မီးခိုးတွေထွက်ပြီး ပျက်ကျသွားတာ၊ စကစတပ်သားတွေ ရဟက်ယာဉ်ပျက်ကျတဲ့နေရာဖက်ကို သွားကြတယ်" လို့ မျက်မြင်တစ်ဦးက The Chin Journal သို့ပြောပါတယ်။

Crd_CJ

သံချပ်ကာ (၂)စီးနှင့် စစ်ကောင်စီယာဥ်တန်း (၈၀) ကျော် မင်းတပ်-မတူပီ မိုင်တိုင်အမှတ် (၂၃)တွင်ရောက်ရှိနေ=====================...
27/03/2022

သံချပ်ကာ (၂)စီးနှင့် စစ်ကောင်စီယာဥ်တန်း (၈၀) ကျော် မင်းတပ်-မတူပီ မိုင်တိုင်အမှတ် (၂၃)တွင်ရောက်ရှိနေ
==================================
မတ်လ ၂၇၊ ၂၀၂၂။

မတ်လ (၂၆)ရက် ယမန်နေ့က မင်းတပ်မြို့ကနေ စတင်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း ကားအစီးရေ (၈၀)ကျော်သည် မတ်လ (၂၇)ရက် ယနေ့ ညနေပိုင်း၌ မင်းတပ်-မတူပီ မိုင်တိုင်အမှတ် (၂၃)ကျော်တွင် ရောက်ရှိနေပြီဟု CDF-MINDAT တပ်မဟာမှူးမှ The Mindat Post သတင်းဌာနသို့ အတည်ပြုသည်။

" သူတို့ဒီနေ့ညနေပိုင်းလောက်က မင်းတပ်-မတူပီ မိုင်တိုင်အမှတ် (၂၃) လောက်မှာရောက်ပါတယ်။ ဒီကနေ့ ည​နေပိုင်းထိ နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိသေးဘူး။ သူတို့ဖက်က မိုင်းနင်းမိတယ်လို့ယူဆရပါတယ်။ တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်အခြေနေက ခန့်မှန်းရခက်တယ်။ ဖုန်းလိုင်းတွေပါ အကုန်ဖြတ်ထားပါတယ်။ အဓိကတော့ ပြည်သူတွေ မင်းတပ်-မတူပီ ကားလမ်းပိုင်းကို မသွားပါနဲ့။ လမ်းမကြီးနဲ့ဝေးတဲ့နေရာမှာနေကြဖို့ပါဘဲ " ဟု CDF-MINDAT တပ်မဟာမှူးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မင်းတပ်-မတူပီ ကားလမ်းပိုင်းကို မတူပီ၊ ပလက်ဝ စသည်တို့တွင် လူအင်အားဖြည့်တင်းရန်၊ လက်နက်ရိက္ခာများသယ်ဆောင်ရန် အဓိကအသုံးပြုနေတာဖြစ်ပြီး အဆိုပါလမ်းပိုင်းတွင် CDF-MINDAT နှင့် တိုက်ပွဲပြင်းထန်လေ့ရှိသည်။

Source _ The Mindat Post

မြန်မာစစ်သားဟောင်း MDF (Mara) စစ်ဦးစီးချုပ်က CDF-Mara တပ်ဖွဲ့၀င် CDM ရဲသားအား ပစ်သတ်-------------မနေ့ မတ် ၂၅ရက်နေ့ ည ၉နာ...
26/03/2022

မြန်မာစစ်သားဟောင်း MDF (Mara) စစ်ဦးစီးချုပ်က CDF-Mara တပ်ဖွဲ့၀င် CDM ရဲသားအား ပစ်သတ်
-------------
မနေ့ မတ် ၂၅ရက်နေ့ ည ၉နာရီအချိန်တွင် Maraland Defense Force (MDF) ရဲ့ စစ်ဦးစီးချုပ် ဦးချီပါး Chozah က CDM ရဲသား CDF-Mara တပ်ဖွဲ့၀င် ဆလိုင်မာ‌နှေး (Salai Ma Hnei) အား ထန်တလန်မြို့နယ် ငါဖိုင်သေးရွာတွင် ပစ်သတ်ခဲ့ကြောင်း ကျေးရွာနေ လူကြီးတစ်ဦးထံမှ သိရပါတယ်။

"ပစ်သတ်တဲ့သူက မြန်မာစစ်သားဟောင်း MDF ရဲ့ စစ်ဦးစီချုပ် ဦးချီပါးလို့ခေါ်တယ်။ မြန်မာစစ်တပ်မှာနေတုန်းက ဒဏ်ရာရလို့ ပင်စင်နဲ့အနားယူတဲ့သူပါ" လို့ ‌ရွာလူကြီးတစ်ဦးက ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့တွင် MDF စစ်ဦးစီးချုပ်အပါအ၀င် တပ်ဖွဲ့၀င် ၉ဦးသည် CDF-Mara နယ်မြေငဖိုင်သေးရွာတွင် ကားတစ်စီးနဲ့ ရောက်ရှိလာကြရာမှာ ကြိုတင်အကြောင်းကြားပြီးမှ လာရောက်ကြရန် CDF-Mara ဖက်က ပြောဆိုခဲ့သည်။

ထို့နောက် ရွာဥက္ကဌနေအိမ်သို့ MDF တပ်ဖွဲ့၀င်များသွားရောက်ပြီး ‌အကြောင်းမဲ့ သေနက်ပစ်ဖောက်ခဲ့ကြသည်ဟု အထက်ပါရွာသားက ပြောသည်။

"မရာလူမျိုးအချင်းချင်းပြသနာဖြစ်လို့ မကောင်းဘူးလို့ CDF-Mara ဖက်ကဆိုပြီး ညမှာရွာ‌ေကျာင်းမှာ တွေဆုံဆွေးနွေးကြတယ်။ CDF-Mara ဖက်က လက်နက်မပါပဲသွားကြတယ်။ ‌ဆွေးနွေးမှုအပြီးမှာပြသနာဆက်ဖြစ်လာတယ်။ MDF စစ်ဦးစီချုပ် ဦးချီပါးက CDF-Mara စစ်ဦးစီးချုပ်ကို သေနက်နဲ့ပစ်ခတ်လို့ ပေါင်မှာဒဏ်ရာရတယ်။ CDM ရဲသား CDF-Mara တပ်ဖွဲ့၀င် ဆလိုင်းမာနှေး က MDF စစ်ဦးစီချုပ်ရဲ့ သေနက်ကိုလုယူဖို့ ကြိုးစားနေချိန်မှာ ပစ်သတ်ခံရတယ်" လို့ ဖြစ်စဉ်ကို ၎င်းကဆက်ပြောပါတယ်။

ဆလိုင်းမာ‌နှေး ပစ်သတ်ခံရပြီးနောက် MDF တပ်ဖွဲ့၀င်များက သေနက် အကြီမ် ၆၀ ခန့် ဆက်ဖောက်ပြီး ရွာကနေထွက်သွားကြပါတယ်။

MDF စစ်ဦးစီးချုပ် ဦးချီပါး ပစ်သတ်လို့ ကျဆုံးသွားတဲ့ ဆလိုင်းမာနှေးကို ယနေ့ မတ်လ ၂၆ ညနေပိုင်း ၄နာရီတွင် သဂြိုဟ်ခဲ့ပါတယ်။

ဤကိစ္စနဲ့ ပတ်သက်လို့ CDF-Mara က CNF ကို ကြောင်းကြားထားပြီး စုံးစမ်းစစ်ဆေးမှု သေသေချာချာပြုလုပ်မယ်လို့ CNF ဖက်က ကြောင်းပြန်ပါတယ်။

MDF သည် စကစက နိုင်ငံတော်အာဏာသိမ်းဆည်းပြီးနောက်ပိုင်း ထွက်ပေါ်လာသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အင်းအား ၆၀ခန့်ရှိမည်ဟုခန့်မှန်းကာ ရက္ခိုင့်တပ်မတော် AA သို့ စစ်သင်တန်းတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

"MDF ကတော့ စစ်အာဏာရှင်ကို တိုက်ခိုက်ဖို့ထက် မာရာနယ်မြေအရေးအတွက် လှုပ်ရှားဖို့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်ဖြစ်တယ်။ မိုဇိုရမ်၊ စိုင်ဟားမြို့မှာ အခြေပြုထားသည့် Mara Administrative Territorial Council ရဲ့ ကွက်ကဲမှုအောက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တာပါ" လို့ မရာမျိုးနွယ်စုလူကြီးတစ်ဦးက The Chin Journal သို့ပြောပါတယ်။

The Chin Journal
ပုံ - MDF တပ်ဖွဲ့၀င်များ

CDF-Mindat မှတဆင့် ပြည်သူ့ရင်ခွင်ထဲ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသော ခလရ (၂၇၄) မှ ရဲဘော်တစ်ဦးအား CDF-Mindat ၏ တပ်မဟာမှ...
26/03/2022

CDF-Mindat မှတဆင့် ပြည်သူ့ရင်ခွင်ထဲ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသော ခလရ (၂၇၄) မှ ရဲဘော်တစ်ဦးအား CDF-Mindat ၏ တပ်မဟာမှူးမှ သိန်း ၅၀ ဖြင့် နွေးထွေးစွာကြိုဆိုခဲ့သည်။ ထိုရဲဲဘော်လေးမှ ပြည်သူ့တော်လှန်ရေးအတွက် CDF-Mindat အား ၁၅ သိန်းပြန်လည်လှူတမ်းသည်ဟု သိရပါသည်။

CDF-Mindat

မင်းတပ်နှင့် ကန်ပက်လက်တွင် တိုက်ပွဲများ ပြင်းထန်​​နေ ၊ တယ်လီဖုန်းလိုင်းများ ပြတ်​တောက်လျက်ရှိ~~~~~~~~~~~The Mindat Postမ...
26/03/2022

မင်းတပ်နှင့် ကန်ပက်လက်တွင် တိုက်ပွဲများ ပြင်းထန်​​နေ ၊ တယ်လီဖုန်းလိုင်းများ ပြတ်​တောက်လျက်ရှိ
~~~~~~~~~~~
The Mindat Post
မင်းတပ်၊ ၂၆ ၊ မတ်လ ၊ ၂၀၂၂

ယ​နေ့ နံနက် ပိုင်းမှ စတင်၍ CDF - Mindat နှင့် စစ်​ကောင်စီ တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိ​ကြောင်း သိရသည်။

တယ်လီဖုန်းလိုင်းများလည်း ဖြတ်​တောက်လျက်ရှိပြီး ၊
သတင်းအချက်အလက်များ ပြတ်​တောက်​နေ​ကြောင်း သိရသည်။

ပခုက္ကူမှ ထွက်ခွာလာသည့် သံချပ်ကာ ၂ စီးနှင့် စစ်​ကောင်စီ တပ်ကား အစီး ၈၀ ​ကျော်ကို မင်းတပ်-မတူပီ လမ်း တွင် CDF မင်းတပ်က ကြားဖြတ်တိုက်ခိုက်​နေခြင်း ဖြစ်​ပြီး မင်းတပ်မြို့နှင့် မိုင် ၃၀ သာကွာ​ဝေးသည့် ကန်ပက်လက်မြို့နယ်တွင်လည်း CDF ကန်ပက်လက်နှင့် စစ်​ကောင်စီ တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွား​နေ​ကြောင်း သိရသည်။

Credit - Mindat Post

မြန်မာလူငယ် ဆယ်တန်းအောင်မြင်ပြီးသူများ India နိုင်ငံ Mizoram University တွင် တက္ကသိုလ် တက်ရောက်နိုင်ပြီ-----------------...
24/03/2022

မြန်မာလူငယ် ဆယ်တန်းအောင်မြင်ပြီးသူများ India နိုင်ငံ Mizoram University တွင် တက္ကသိုလ် တက်ရောက်နိုင်ပြီ
----------------------
၂၄ ရက်နေ့ ၊ မတ်လ ၊ ၂၀၂၂

အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ထူးချွန်ဆုရ မရာအမျိုးသမီး Rev.Maiki နှင့် ပါမောက္ခ K.robin တို့နှစ်ဦးသည် India နိုင်ငံရှိ Mizoram University ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ မြန်မာကျောင်းသားလူငယ်များ အတွက် အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရေး ဆွေးနွေးကြရာ အောင်မြင်မှုရရှိခဲ့ပါသည်။

မြန်မာကျောင်းသားများသည် ငှင်းတက္ကသိုလ်တွင် MA,Msc,Ph.d, Engineering နှင့် အခြားသော အဆင့်မြင့်ပညာများ သင်ယူနိုင်တောမည် ဖြစ်သည်။

ဆယ်တန်းအောင်မြင်ပြီးသူများသည် Plus 2 (XI & XII) အစား (၆) အကြိုသင်တန်း တက်ရမည်ဖြစ်ပြီး
‌(၆)လ ပြီးမြောက်ပါက မိမိ လိုရာ ပညာရပ်ကို သင်ယူနိုင်‌တော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Credit

CDF Matupi ၏ နာမည်အလွဲသုံးစားမှုနှင့် ပတ်သတ်၍ ထုတ်ပြန်ချက်။
24/03/2022

CDF Matupi ၏ နာမည်အလွဲသုံးစားမှုနှင့် ပတ်သတ်၍ ထုတ်ပြန်ချက်။

Address


Website

Alerts

Be the first to know and let us send you an email when Matupi Voice Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share