30/06/2023
ဘုရားသခင်ဟာ
မင်းကို ချစ်မြတ်နိုးမှု ခံယူစေဖို့ ဖန်ဆင်းပြီး
ငါ့ကိုတော့ အချစ်မှာ ရူးသွပ်ခံစားစေဖို့ ဖန်ဆင်းတယ်
အချစ်မှာ မင်း
အချစ်မှာ ငါ
ထာဝရငရဲဆိုလည်း ငရဲပေါ့
ဘုရားသခင်နဲ့ အဆင်မပြေချင်ဘူး
မင်းနဲ့ပဲ အဆင်ပြေချင်တယ်
အဲ့ဒါ ငါ့ ဘာသာတရားပဲ ။
-ဆစ်ခ်