Focus Notes

Focus Notes Focus Notes - Tech,Weried News,Knowlege,Travel,lifestyle,Entertainment

27/10/2021
အမျိုးသမီးလစဉ်သုံးပါလား မပါရင်ဝယ်ပေးပါလား မဝယ်ရဲလို့ prank
08/01/2021

အမျိုးသမီးလစဉ်သုံးပါလား မပါရင်ဝယ်ပေးပါလား မဝယ်ရဲလို့ prank

03/01/2021

သင်ရော 2021 နှစ်ကူးကို ဘယ်လိုကြိုဆိုခဲ့လဲ

လေယာဉ်တွေမှာ ဘာကြောင့် လေထီးမထားပေးလဲ သိကြလား???
07/11/2020

လေယာဉ်တွေမှာ ဘာကြောင့် လေထီးမထားပေးလဲ သိကြလား???

to get knowledge

😲😲
19/10/2020

😲😲

သင်ရောဘယ်လိုဟာမျိုးစီးချင်လဲ Subscribe လေး လုပ်ထားရုံနဲ့ Firstpost Media ကနေ တင်ဆက်ပေးသွားမယ့် အနုပညာရှင်တွေရဲ့သတင်းအစုံ.....

12/10/2020

ကမာ္ဘပေါ်ကကြောက်စရာကောင်းတဲ့ ရေကူးကန်တွေ Subscribe လေး လုပ်ထားရုံနဲ့ Firstpost Media ကနေ တင်ဆက်ပေးသွားမယ့် အနုပညာရှင်တွေရ....

02/10/2020

အိမ်မှာဒီလိုမျိုးလုပ်ခြင်းဖြင့် သင့်မျက်စိကျန်းမာရေးကိုကာကွယ်နိုင်တယ်နော် Subscribe လေး လုပ်ထားရုံနဲ့ Firstpost Media ကန...

28/09/2020

ဒါကိုကြည့်ပြီးရင် တစ်ညလုံးဖုန်းအားသွင်းတာကို ရှောင်ကြဖို့တိုက်တွန်းလိုက်ပါတယ်. ခုလို Video တွေကိုကြည့်ရှုဖိ....

လူသားအမြင်နဲ့ တိရိစ္ဆာန်အမြင် ဘယ်လိုကွာခြားမလဲ
28/08/2020

လူသားအမြင်နဲ့ တိရိစ္ဆာန်အမြင် ဘယ်လိုကွာခြားမလဲ

လူသားတွေအမြင်နဲ့ တိရိစ္ဆာန်အမြင်ဟာ ဘယ်လိုမျိုးကွာခြားလဲဆိုတာ သိကြလား

20/08/2020

ဘရာဇီးနိုင်ငံရှိ ယေရှုခရစ်တော်ရုပ်ထုဖြစ်ပေါ်လာပုံ

အမှားကို အမှန်ပြင်နိုင်ဖို့ မင်ဖျက်ဆေးကို တီထွင်သူ__________________________________________မင်ဖျက်ဆေးဆိုတာက မှားသွားတဲ့...
16/08/2020

အမှားကို အမှန်ပြင်နိုင်ဖို့ မင်ဖျက်ဆေးကို တီထွင်သူ
__________________________________________

မင်ဖျက်ဆေးဆိုတာက မှားသွားတဲ့စားသားကိုဖျက်ကာ အသစ်ထပ်ရေးနိုင်အောင် လုပ်ပေးတဲ့အရာဆိုတာ သိကြပြီးဖြစ်မှာပါ။ ဒီဘက် ကွန်ပျူတာခေတ်မှာတော့ မှားသွားတဲ့နေရာကို ပြန်ပြင်ကာ အလွယ်တကူ ပရင့်ပြန်ထုတ်နိုင်သော်လည်း ဟိုးတချိန်ကတော့ လက်နှိပ်စက်ခေတ်ဖြစ်ရာ ပြန်ပြင်ဖို့မလွယ်ကူခဲ့ပါ။ လက်နှိပ်စက် ကာဘွန်ကြိုးကြောင့် ရှုပ်ပွပေကျံတတ်သလို အမှားဖျက်ရာတွေမှာလည်း မင်အကွက်တွေ စွန်းထင်း ကျန်နေခဲ့လေ့ ရှိပါတယ်။ မင်ဖျက်ဆေးတွေ ပေါ်လာပြီးနောက်မှာတော့ ဒီပြသနာဟာ အတော်လေး သက်သာသွားခဲ့ပါတယ်။

အင်္ဂလိပ်လို Correction fluid လို့ခေါ်တဲ့ မင်ဖျက်ဆေးကို ၁၉၅၆ ခုနှစ်တုန်းက အမေရိကန်သူ လက်နှိပ်စက်စာရေးမ တယောက်ဖြစ်တဲ့ ဂရေဟန် (Bette Nesmith Graham) က တီထွင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ၂၀၀၀ ဝန်းကျင်လောက်မှ မင်ဖျက်ဆေး အသုံးပြုမှု တွင်ကျယ်ခဲ့တာပါ။ ပေါ်စက ဈေးကြီးတော့ တတ်နိုင်သူတွေလွဲလို့ အများစုက မသုံးနိုင်ကြပါဘူး။ မင်ဖျက်ဆေးကြောင့် အမှားကိုဖျက်ကာ အလွယ်တကူ အမှန်ပြန်ရေးနိုင်လို့ ကောင်းတယ်လို့ ဆိုရပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ဒါနဲ့ပတ်သက်လို့ မကောင်းတဲ့ အလေ့အကျင့်တခုရှိပါတယ်။ အဲဒါကတော့ သမိုင်းဝင် အထိမ်းအမှတ်အဆောက်အဦး နေရာတွေပါမကျန် မြင်မြင်သမျှ မင်ဖျက်ဆေးနဲ့ ရေးတတ်ကြခြင်းပါ။

ဂရေဟန်ကို ၁၉၂၄ ခုနှစ်က အမေရိကန် တက်ဆက်ပြည်နယ် ဒဲလတ်စ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်ငယ်ကတော့ သူမဖြစ်ချင်ခဲ့တာ ပန်းချီဆရာပါ။ Alamo Heights ကျောင်းကနေ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ယောင်္ကျားရ ၊ ကလေးတယောက်ရ ၊ ၄နှစ်အကြာမှာ ယောင်္ကျားနဲ့ကွဲ ၊ မကြာခင်မှာပဲ ဖခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။ သားတယောက်မိခင်ဖြစ်လာတဲ့အတွက် ပန်းချီကိုပဲ ရူးသွပ်နေလို့ မရတော့တာကြောင့် အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ဘဏ်တခုမှာ လက်နှိပ်စက် စာရေးမ တယောက်အနေနဲ့ အလုပ်ရခဲ့ပါတယ်။

အဲဒီအချိန်က အမေရိကန်ဘဏ်တွေမှာ အီလက်ထရောနစ် လက်နှိပ်စက်တွေ နေရာယူလာခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့် စက်မှာတပ်ထားတဲ့ ကာဘွန်မင်ခံကြိုးကြောင့် စာရွက်မှာ ရှုပ်ပွပေကျံပြီး အမှားတခုတလေပါမိလို့ ဖျက်တဲ့အခါ မင်အကွက်တွေနဲ့ စွန်းကျန်နေတတ်ပါတယ်။ ဒီကိစ္စက သူမကို ဒုက္ခတော်တော်ပေးပါတယ်။ ဒါကိုဖြေရှင်းဖို့ အမျိုးမျိုး စဉ်းစားခဲ့ပေမယ့် အဖြေမရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဘဏ်အဆောက်အဦးကို ဆေးသုတ်သမားတယောက် ဆေးသုတ်နေတာကို ကြည့်ရင်းနဲ့ အိုင်ဒီယာတခုရခဲ့ပါတယ်။

ဆေးသုတ်သမားဟာ တနေရာရာမှာ မှားသုတ်မိတဲ့အခါ အရင်ဆုံး အဖြူဆေးကို သုတ်တယ် ။ ပြီးတော့မှ သူသုတ်လိုတဲ့ အရောင်ကို သုတ်ပါတယ်။ ဒါကိုကြည့်ပြီးတော့ စက္ကူပေါ်က မင်တွေကိုလည်း အဖြူရောင်ဆေးနဲ့ သုတ်ပြီး ပြန်ထပ်ရေးလို့ မရနိုင်ဘူးလား ဆိုတဲ့ အတွေး သူမတွေးမိခဲ့ပါတယ်။ သူမက ပန်းချီပညာနဲ့လည်း နီးစပ်သူဖြစ်တာကြောင့် အရောင်တွေရဲ့ သဘောကို နားလည်ပါတယ်။ ဒီတော့ အောက်ခံစက္ကူနဲ့ တူညီမယ့် အနီးစပ်ဆုံးဆေးအရောင်ကို စပ်ယူလာပြီး စုတ်တံအသေးနဲ့ အမှားတွေကို ဖျက်ပြီး ပြန်ရေးခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ သူမဆီကထွက်လာတဲ့ စာတွေမှာ အမှားအယွင်းတွေ မရှိတော့ပါဘူး။ သူမရဲ့ အရောင်စပ်မှု ကျွမ်းကျင်လွန်းတာကြောင့် မှားပြီးပြန်ပြင်ထားတဲ့နေရာကိုတောင် အထက်အရာရှိတွေ သတိမထားမိတော့ပါဘူး။ သူမစပ်ထားတဲ့ ဆေးကို သူမကိုယ်တိုင်ပဲ အမှားတွေကို ဖယ်ထုတ်တဲ့အရာ Mistake Out ဆိုပြီး အမည်ပေးခဲ့ပါတယ်။ သူမရဲ့ အလုပ်ကြိုးစားမှုကြောင့် ဘဏ်ဥက္ကဌရဲ့ အတွင်းရေးမှူးရာထူးအထိ ရရှိခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အထိ သူမရဲ့ စပ်ဆေးအကြောင်းကို လှို့ဝှက်ထားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ စာတွေမှာ အမှားအယွင်းတွေကို ဆေးနဲ့ဖျက်ကာ ပြန်လည်ပြင်ဆင်ထားခဲ့တယ်ဆိုတာကို မိတ်ဆွေတချို့သိရှိသွားခဲ့ပြီးနောက်မှာတော့ သူတို့ကိုလည်း ဒီဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုနဲ့ သူမရဲ့ ပထမဆုံးအနေနဲ့ မင်ဖျက်ဆေးဘူးကို ရောင်းပေးခဲ့ပါတယ်။ သူမရဲ့ မင်ဖျက်ဆေးမှာ လိုအပ်ချက်တခုရှိနေပါတယ်။ အဲဒါကတော့ မင်ခြောက်ဖို့ အချိန်ယူရတာပါ။ ဒါကို ဓာတုဗေပညာရှင် နဲ့ ဆေးဝါးကျွမ်းကျင်သူတွေ တော့ဖြေရှင်းနိုင်မှာပဲလို့ တွေးမိတယ်။

ဒါပေမယ့် ပညာရှင်တွေဆီအလုပ်အပ်ဖို့ကျတော့ ငွေကြေးမတတ်နိုင်။ နောက်ဆုံး မိတ်ဆွေ ဓာတုဗေဒ ဆရာတယောက် နဲ့ ဆေးဝါးကုမ္ပဏီက သူငယ်ချင်းတယောက်တို့ဆီကနေ သူသိချင်တာတွေ မေးမြန်း အကြိမ်ကြိမ်စမ်းသပ်ပြီးတဲ့နောက်မှာတော့ သူမရဲ့ မင်ဖျက်ဆေးဟာ တစတစ အရည်အသွေးပိုကောင်းလာပါတော့တယ်။ ၁၉၅၈ ခုနှစ်မှာတော့ သူမအိမ်က ကားဂိုဒေါင်ကို အလုပ်ရုံအဖြစ်ပြောင်းကာ Liquid Paper အမည်နဲ့ မင်ဖျက်ဆေးတွေထုတ်ပါတော့တယ်။ အိမ်တွင်းအသေးစား လုပ်ငန်းဖြစ်တာကြောင့် အနည်းငယ်ပဲ ရောင်းရပါတယ်။

တဖက်ကလည်း ရုံးအလုပ်ရှိနေသေးတဲ့အတွက် အလုပ်နှစ်ခုကြားမှာ ပျာယာခတ်ရင်း သူမ မှာ အားလပ်ချိန်ဆိုတာ မရှိခဲ့ပါဘူး။ ကံကောင်းချင်တော့ ရုံးစာတခုကို သူမရဲ့မင်ဖျက်ဆေးအရောင်းအဝယ်လုပ်ရာမှာ အမှတ်တမဲ့ ယူသုံးလိုက်ရာကနေ ရုံးအလုပ်ပြုတ်သွားခဲ့ပါတယ်။ ဒီတော့ တခုတည်းကျန်တော့တဲ့ မင်ဖျက်ဆေးရောင်းတဲ့အလုပ်အပေါ်မှာပဲ အားစိုက်ပြီးလုပ်ရပါတော့တယ်။ ကျောင်းသုံး ရုံးသုံး ပစ္စည်း တင်သွင်းဖြန့်ဝေသူတွေကို ဆက်သွယ်ပြီး သူမရဲ့ မင်ဖျက်ဆေးဘူးတွေကို ရောင်းချစေခဲ့ရာနေ အလွန်လူကြိုက်များခဲ့ပြီး ရောင်းအား တရိပ်ရိပ်တက်လာခဲ့ပါတယ်။

ဝယ်လိုအားတွေများလာတဲ့အတွက် ပစ္စည်းတွေပိုထုတ်လုပ်နိုင်ဖို့ အဆောက်အအုံသစ်ဆောက်လုပ်ခဲ့ရသလို ဝန်ထမ်းတွေလည်း ထပ်မံငှားခဲ့ရရပါတယ်။ ၁နှစ်အတွင်း ဒေါ်လာ ၁သန်းကျော်ဖိုးရောင်းရခဲ့ပြီးတဲ့နောက်မှာတော့ စက်ရုံကြီး တစ်ရုံတည်ဆောက်နိုင်ခဲ့ပါတယ်။ တဖက်ကလည်း မင်ဖျက်ဆေးအရည်အသွေးကို ပိုမိုကောင်းသထက်ကောင်းအောင် သုတေသနပြုမှုတွေ လုပ်ခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက် စာကြည့်တိုက်တွေ ကလေးထိန်းကျောင်းတွေက အစ ဖွင့်ပေးတဲ့အထိ ဂရုစိုက်ခဲ့ပါတယ်။ ၁၅နှစ်အကြာမှာတော့ သူမရဲ့ကုမ္ပဏီဟာ ဒေါ်လာ ၅သန်းကျော်ဝင်ငွေရရှိလာတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

အောင်မြင်နေတဲ့အချိန်မှာပဲ သူမရဲ့စိတ်ပြောင်းသွားတယ်လို့ ဆိုရပါမယ်။ ကုမ္ပဏီလုပ်ငန်းကို အခြားယုံကြည်စိတ်ချသူတွေနဲ့ လွှဲခဲ့ပြီး ကိုယ်တိုင်ကတော့ ပရဟိတ နဲ့ ပန်းချီအနုပညာ လုပ်ငန်းတွေပဲ လုပ်ကိုင်ပါတော့တယ်။ ၁၉၇၉ ခုနှစ်မှာတော့ အမေရိကန်ရဲ့ နာမည်ကျော် က္ပုဏီကြီးတခုဖြစ်တဲ့ Gillette ထံ သူမရဲ့ကုမ္ပဏီကို ဒေါ်လာ ၄၇.၅သန်း နဲ့ ရောင်းချခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမရဲ့ကုမ္ပဏီကို Newell Brands က ပိုင်ဆိုင်ထားပါတယ်။ မင်ဖျက်ဆေး ကုမ္ပဏီတွေအများအပြားပေါ်လာပြီဖြစ်ပေမယ့် Liquid Paper ကတော့ နာမည်အကြီးဆုံးဖြစ်နေဆဲပါ။

၁၉၈၀ ခုနှစ်မှာတော့ ဂရေဟန်ကွယ်လွန်သွားခဲပါတယ်။ သူမရဲ့ပိုင်ဆိုင်မှုအားလုံးကို သားဖြစ်သူအားပေးခဲ့ပြီး သူမချစ်တဲ့ ပရဟိတ လုပ်ငန်းများအတွက်လည်း လှူဒါန်းသွားခဲ့ပါတယ်။ ဆေးသုတ်သမားတယောက် ဆေးသုတ်တာကိုတွေ့ရာကနေ ကမ္ဘာကျော်ထုတ်ကုန် တခုကို ထုတ်လုပ်ပေးခဲ့တဲ့ သူ့ကို အမျိုးသမီးတီထွင်သူ တဦးအဖြစ် အားလုံးက အမှတ်ရနေကြဦးမှာ ဖြစ်ပါတယ်။

Credit သုတဇုန်

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

14/08/2020

ရေအောက်မှာရှာဖွေတွေ့ခဲ့ရတဲ့ အံ့ဩမှင်သက်စရာများ

12/08/2020

🏡 အိမ်ထဲကနေပဲ မိမိသွားလိုရာ ခရီးများအတွက်
ကားလက်မှတ်များ ကို Online က တဆင့် ဝယ်ယူ
နိုင်ပါပြီနော် 💯

ဝယ်ယူဖို့အတွက်

၁။ Messenger မှာ မိမိ သွားလိုသော ခရီးစဉ်နဲ့
နေ့ရက်ကို ပြောပေးပါ။

၂။ လက်မှတ်ဖိုးပေးချေဖို့ CB / KBZ / AYA Mobile Banking များနဲ့ ပေးချေနိုင်ပါသည်။

၃။ခရီးစဉ်အတွက် လက်မှတ်ကို Messenger / Viber / Gmail များမှ ပေးပို့ပေးပါမည်။

၎။မိမိစီးမည့်ကားမှာ ဖုန်းထဲရှိပေးပို့ထားသော
လက်မှတ်ပုံကို ပြပြီးစီး နိုင်ပါသည်။

ကဲ ဒါဆို သင် သွားချင်တဲ့ ခရီးစဉ်အတွက် မြန်မာပြည်အနှံ့  ကားလက်မှတ်များကို လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်
ပါပြီနော် 😉

☎️တယ်လီဖုန်းဆက်ပြီးတော့ ဝယ်ယူချင် သူများ အတွက် 👇👇

ဖုန်း ☎️ - 09 5018433/ 09 95 5018433 / 09 69 8650955 / 09 78 4340717
viber no - 09 50 18433
gmail - [email protected]

ကား ဂိတ်ပေါင်း များစွာ နဲ့ ချိတ်ဆက်ထားလို့ တစ်နေရာ
တည်းတွင် လွယ်ကူစွာ ၀ယ်ယူနိုင်ပြီး ဂိတ်ရင်းဈေးအတိုင်း
ဖြစ်တာကြောင့်လည်း ယုံကြည်စိတ်ချစွာ ၀ယ်ယူနိုင်ပြီပေါ့

ကဲ ဘာလိုသေးလဲနော် 🥰🥰

Photo Credit

လူငယ်များအတွက် ဦးသန့်ရဲ့တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း______________________________၁။ ရည်ရွယ်ချက် ရှိပါလောက၌ ရည်ရွ...
19/07/2020

လူငယ်များအတွက် ဦးသန့်ရဲ့
တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း
______________________________

၁။ ရည်ရွယ်ချက် ရှိပါ

လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။
ကြီးပွားလိုသော လူတိုင်း ၌
ရည်ရွယ်ချက် ရှိရမည်။
သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။
မည်သူမဆို ငယ်စဉ်ကပင်
မှန်းခြေတစ်ခု ရှိရမည်။
မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

၂။ သူများနှင့် မတူအောင် လုပ်ပါ

ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။
သို့ရာတွင်
စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။
သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် မဟုတ်ချေ။
မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

၃။ အများ သဘောကို မလိုက်နှင့်

အများသဘောသည် အမှားပေါ၏။
လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင်
ပညာ ရှိသူက မနှိုင်းယှဉ်
လောက်အောင် နည်းလှ၏။
အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။
မည်သည့် ကိစ္စ၌မဆို
ို‘ဟာ .. အများ သဘောပါ’ဟု ပြောလေ့ရှိသောသူကို
အသုံးမကျသူ ဟူ၍ မှတ်အပ်၏။
အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။
ဆန့်ကျင်ရဲရမည်။
ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

၎။ ပြုပြင်ရန် မကြောက်နှင့်

လောက၌ ဘာသာရေးမှ လွဲလျှင်
အားလုံးသော ကိစ္စဟူသမျှသည်
်အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။
အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ
အမြဲ ပြောင်းလဲလျက် ရှိ၏။
ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား
အပြေးလာ
အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။
ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။

၅။ မယုံလွယ်နှင့်

မစဉ်းစားပဲ ယုံလွယ်သူ ပေါများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။
အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။
ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။

Credit

လက်ဆေးတဲ့စက်ကို တီထွင်ခဲ့လို့ ကင်ညာနိုင်ငံ သမ္မတပေးအပ်တဲ့ဆုကို ရရှိသွားခဲ့တဲ့ ကောင်လေး___________________________________...
18/07/2020

လက်ဆေးတဲ့စက်ကို တီထွင်ခဲ့လို့ ကင်ညာနိုင်ငံ သမ္မတပေးအပ်တဲ့ဆုကို ရရှိသွားခဲ့တဲ့ ကောင်လေး
________________________________________

COVID-19 ဖြစ်ပွားနေတဲ့ ကာလတွေမှာ ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့သူတွေရှိသလို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်တဲ့အားနဲ့ ကူညီပေးနိုင်တဲ့သူတွေလည်းရှိပါတယ်။ တချို့ဆို ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းဖို့အတွက် face shield တွေကိုလည်း ဖန်တီးပေး ခဲ့ကြပါသေးတယ်။ ကင်ညာနိုင်ငံနောက်ပိုင်းက အသက် (၉) နှစ်အရွယ် စတီဖင် ဝါမူကိုတာဆိုသူ ကောင်လေးက ကပ်ရောဂါတွေမှာ သူ့အသိုင်းအဝိုင်းက လူတွေ ဘေးကင်းဖို့အတွက် လက်ဆေးတဲ့စက်ကို တီထွင်ခဲ့တာပါ။ သူဟာ လက်ဆေးစက်ကို တီထွင်ခဲ့တာကြောင့် ကင်ညာသမ္မတပေးအပ်တဲ့ဆုကို ရရှိသွားတဲ့သူတွေထဲမှာ အငယ်ဆုံးဖြစ်လာခဲ့ပါတယ်။

စတီဖင်ရဲ့လက်ဆေးစက်က ရိုးရှင်းပြီး ဖန်စီဆန်တဲ့ရွေ့လျားဆင်ဆာမပါပေမယ့် နည်းပညာမြင့်တဲ့ လက်ဆေးစက်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူ့လက်ဆေးစက်က လူတွေ လက်နဲ့ထိတွေ့စရာမလိုဘဲ ခြေနင်းခလုတ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ခြေနင်းခလုတ်တစ်ခုက ဆပ်ပြာထုတ်ပေးပြီး နောက်တစ်ခုက ရေလောင်းချပေးတာပါ။ စတီဖင်တီထွင်ထားတဲ့ လက်ဆေးစက်ကို သူ့အဖေက ဖေ့စ်ဘွတ်ခ်ပေါ်မျှဝေပေးခဲ့ပြီးနောက်မှာ လူမှုကွန်ယက် အသုံးပြုသူတွေကြား ပျံ့နှံ့သွားခဲ့ပြီး ကညာအစိုးရဆီ အဲဒီသတင်းက ရောက်ရှိသွားခဲ့ပါတယ်။

ဇွန်လ (၁) ရက်နေ့တုန်းက စတီဖင်ဟာ ကင်ညာသမ္မတဟူရူ ကန်ရက်တာဆီကနေ Uzalendo Award ကို အခြားသူ (၆၇) ဦးနဲ့အတူ လက်ခံရရှိခဲ့ပြီး ဆုရရှိခဲ့သူစာရင်းထဲမှာ သူဟာ အငယ်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီဆုကို လက်ရှိကပ်ရောဂါအတွင်းမှာ ကင်ညာပြည်သူတွေကို ကူညီပေးတဲ့နေရာမှာ တာဝန်သိစိတ်ရှိခြင်း၊ သူရသတ္တိရှိခြင်း၊ မျိုးချစ်စိတ်ရှိခြင်း၊ အနစ်နာခံစိတ်ရှိခြင်းကြောင့် အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တာဖြစ်ပါတယ်။ အစိုးရက စတီဖင်ဖြစ်ချင်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာဖို့အတွက် ပညာသင်ဆုပေးဖို့ စီစဉ်နေပါတယ်။ လက်ရှိ ကင်ညာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၃၀၀၀) နီးပါးရှိပါတယ်။

လူတိုင်းဟာ ကပ်ရောဂါပြီးဆုံးသွားပြီး အရင်လို ပြန်ရပ်တည်နိုင်ဖို့ အချိန်တော့ယူရဦးမှာပါ။ အဲဒီအချိန်ထိ တိုင်အောင် သင် တတ်နိုင်သလောက် အချင်းချင်းကူညီပေးသင့်ပါတယ်။ ကလေးတစ်ယောက်ကတောင်လုပ်နိုင်ရင် ဘယ်သူမဆို လုပ်နိုင်ကြမှာပါ။ ခက်ခဲ ဖြစ်နေတဲ့အချိန်မှာ လူအချင်းချင်း ရိုင်းပင်းကူညီတတ်စိတ်ရှိကြပါစေ။

Ref: 9-Year-Old Boy In Kenya Builds Hand-Washing Machine, Becomes Youngest Recipient Of Presidential Award

Credit_WL (ရိုးရာလေး)

၁နှစ်ကို ဒေါ်လာ ၁သန်းခွဲနီးပါး ရှာပေးနေတဲ့ ရေပန်း___________________________________________ဒီရေပန်းကတော့ အီတလီရောမမြို့ရ...
18/07/2020

၁နှစ်ကို ဒေါ်လာ ၁သန်းခွဲနီးပါး ရှာပေးနေတဲ့ ရေပန်း
___________________________________________

ဒီရေပန်းကတော့ အီတလီရောမမြို့ရဲ့ အထင်ကရ Trevi Fountain ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၅၀ ကျော်သက်တမ်းရှိပြီး ရောမကို အလည်အပတ်လာတဲ့ ခရီးသွားတိုင်းလိုလို မသွားမဖြစ် သွားလေ့ရှိတဲ့နေရာ တခုဖြစ်ပါတယ်။ ဒီရေပန်းဟာ ရောမမြို့က ပရဟိတအဖွဲ့အစည်းတွေအတွက် ၁နှစ်ကို အမေရိကန်ဒေါ်လာ ၁သန်းခွဲခန့် ရှာပေးနေပါတယ်။

ဘယ်လိုရှာပေးသလဲ ဆိုတော့ ဒီလိုပါ။ ဒီရေပန်းနဲ့ ပတ်သက်လို့ အစဉ်အဆက်ယုံကြည်မှုတခုရှိပါတယ်။ အဲဒါကတော့ ဒီရေပန်းကို ရောက်လာသူဟာ ရေပန်းဘက်ကိုကျောပေးပြီး အကြွေစေ့ကိုညာဘက်လက်မှာကိုင်ကာ ဘယ်ဘက်ပုခုံးပေါ်မှကျော်ပြီး ရေပန်းရှိရာကို နောက်ပြန်ပစ်လို့ ရေကန်ထဲကို အကြွေစေ့ကျသွားခဲ့ရင် အဲဒီသူဟာ ရောမကို နောက်တခေါက် ပြန်လာရပါသတဲ့။

ဒီယုံကြည်မှုကြောင့်ပဲ လာရောက်သူတိုင်းလိုလိုဟာ အကြွေစေ့ကို ရေကန်ထဲပစ်လေ့ရှိပါတယ်။ လာရောက်သူဘယ်လောက်များပြားသလဲဆိုရင် တရက်ကိုကန်ထဲက ရတဲ့ အကြွေစေ့ဟာ ဒေါ်လာ ၄၀၀၀ လောက်ရှိပါသတဲ့။ တနှစ်ကို ဒီနည်းနဲ့ ဒေါ်လာ ၁သန်းခွဲ( မြန်မာငွေနဲ့တွက်ရင် ကျပ်သိန်းပေါင်း ၂၁၀၀၀ခန့် ) လောက်ရရှိပြီး ဒီကနေ ရရှိတာတွေကို ရောမမြို့မှာ လိုအပ်တဲ့ ပရဟိတအဖွဲ့အစည်းတွေအတွက် အသုံးပြုပါတယ်။

Peace&Rasta

၁နှစ်ကို ဒေါ်လာ ၁သန်းခွဲနီးပါး ရှာပေးနေတဲ့ ရေပန်း
__________________________________________

ဒီရေပန်းကတော့ အီတလီရောမမြို့ရဲ့ အထင်ကရ Trevi Fountain ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၅၀ ကျော်သက်တမ်းရှိပြီး ရောမကို အလည်အပတ်လာတဲ့ ခရီးသွားတိုင်းလိုလို မသွားမဖြစ် သွားလေ့ရှိတဲ့နေရာ တခုဖြစ်ပါတယ်။ ဒီရေပန်းဟာ ရောမမြို့က ပရဟိတအဖွဲ့အစည်းတွေအတွက် ၁နှစ်ကို အမေရိကန်ဒေါ်လာ ၁သန်းခွဲခန့် ရှာပေးနေပါတယ်။

ဘယ်လိုရှာပေးသလဲ ဆိုတော့ ဒီလိုပါ။ ဒီရေပန်းနဲ့ ပတ်သက်လို့ အစဉ်အဆက်ယုံကြည်မှုတခုရှိပါတယ်။ အဲဒါကတော့ ဒီရေပန်းကို ရောက်လာသူဟာ ရေပန်းဘက်ကိုကျောပေးပြီး အကြွေစေ့ကိုညာဘက်လက်မှာကိုင်ကာ ဘယ်ဘက်ပုခုံးပေါ်မှကျော်ပြီး ရေပန်းရှိရာကို နောက်ပြန်ပစ်လို့ ရေကန်ထဲကို အကြွေစေ့ကျသွားခဲ့ရင် အဲဒီသူဟာ ရောမကို နောက်တခေါက် ပြန်လာရပါသတဲ့။

ဒီယုံကြည်မှုကြောင့်ပဲ လာရောက်သူတိုင်းလိုလိုဟာ အကြွေစေ့ကို ရေကန်ထဲပစ်လေ့ရှိပါတယ်။ လာရောက်သူဘယ်လောက်များပြားသလဲဆိုရင် တရက်ကိုကန်ထဲက ရတဲ့ အကြွေစေ့ဟာ ဒေါ်လာ ၄၀၀၀ လောက်ရှိပါသတဲ့။ တနှစ်ကို ဒီနည်းနဲ့ ဒေါ်လာ ၁သန်းခွဲ( မြန်မာငွေနဲ့တွက်ရင် ကျပ်သိန်းပေါင်း ၂၁၀၀၀ခန့် ) လောက်ရရှိပြီး ဒီကနေ ရရှိတာတွေကို ရောမမြို့မှာ လိုအပ်တဲ့ ပရဟိတအဖွဲ့အစည်းတွေအတွက် အသုံးပြုပါတယ်။

Credit - Thutazone

အီဂျစ်ပိရမစ်တွေထက် ပိုရှေးကျတဲ့ အဆောက်အအုံတွေ_____________________________________________အီဂျစ်ပြည်က ပိရမစ်တွေကို လွန်ခ...
17/07/2020

အီဂျစ်ပိရမစ်တွေထက် ပိုရှေးကျတဲ့ အဆောက်အအုံတွေ
_____________________________________________

အီဂျစ်ပြည်က ပိရမစ်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅၀၀ ဝန်းကျင်က တည်ဆောက်ခဲ့ကြပါတယ်။ အခု အဆောက်အအုံတွေကတော့ အီဂျစ်ပိရမစ်တွေထက်တောင် ပိုရှေးကျပါသေးတယ်။ ဒီကျောက်ပြားတွေနဲ့ တည်ဆောက်ထားတဲ့ လူနေအဆောက်အအုံတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၂၀၀ ခန့် (ဘီစီ ၃၁၈၀ နဲ့ ဘီစီ ၂၅၀၀) ကြား တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဒီနေရာကိုတော့ Skara Brae လို့ခေါ်ပြီး Scottish Pompeii လို့ လူသိများပါတယ်။ စကော့တလန်နိုင်ငံက Orkney ကျွန်းစုထဲက အကြီးဆုံးကျွန်းရဲ့ အနောက်ဘက်ကမ်းရိုးတန်း Bay of Skaill လို့ခေါ်တဲ့ နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။ ၁၈၅၀ ခုနှစ် ဆောင်းရာသီမှာ အဲဒီဒေသတဝိုက်မှာ ကြီးမားပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်ခံရပြီးနောက် လူပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ပါတယ်။ မုန်တိုင်းပြီးတဲ့နောက်မှာတော့ Skara Brae နေရာမှာ အမိုးမပါတဲ့ ကျောက်ပြားတွေဆင့်ကာဆောက်ထားတဲ့ အိမ်တွေကို ရွာသားတွေဟာ ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

၁၉၂၇ ခုနှစ်မှာမှ အီဒင်ဘတ်တက္ကသိုလ်က သုတေသနပညာရှင် ပါမောက္ခ V. Gordon Childe က ဒီနေရာကို ပထမဆုံး စတင်လေ့လာခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျောက်ပြားအိမ်ပေါင်း ၈ ခုရှိနေပြီး အဆောက်အအုံအသီးသီးကို ဥမင်လမ်းကြောင်းတွေ နဲ့ ဆက်စပ်တည်ဆောက်ထားပါတယ်။ ကျောက်ခေတ်သစ်ကာလက ဒီနေရာဟာ လူဦးရေ ၅၀ နဲ့ ၁၀၀ ကြား နေထိုင်ခဲ့တဲ့ ရွာတရွာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ Skara Brae ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတခုအဖြစ် သတ်မှတ်ထိန်းသိမ်းခဲ့ပါတယ်။

Credit - Thutazone

ဒီပုံလေးက အိုင်စတိုင်း ရဲ့ ပုံတွေများစွာထဲမှာ မထင်မှတ်ပဲ  ကမ္ဘာကျော်သွားတဲ့ ပုံလေး ဖြစ်ပါတယ်။____________________________...
17/07/2020

ဒီပုံလေးက အိုင်စတိုင်း ရဲ့ ပုံတွေများစွာထဲမှာ မထင်မှတ်ပဲ ကမ္ဘာကျော်သွားတဲ့ ပုံလေး ဖြစ်ပါတယ်။
________________________________________________

အခုဖော်ပြထားတဲ့ အိုင်စတိုင်း လျှာထုတ်နေတဲ့ ဓာတ်ပုံ ဟာ ၁၉၅၁ ခု ၊ မတ်လ ( ၁၄ ) ရက်နေ့ အိုင်စတိုင်း ရဲ
( ၇၂ ) နှစ်မြောက် မွေးနေ့မှာ United Press International newswire photographer Art Sasse ဆိုတဲ့ မီဒီယာ က ရိုက်ကူး ထားခဲ့တဲ့ နောင်အခါ ကမ္ဘာကျော် သွားမဲ့ အိုင်စတိုင်း ရဲ့ ရှားပါးပုံရိပ် ဖြစ်ပါတယ်။ ဘာကြောင့် လျှာထုတ်ပြနေတဲ့ ပုံ ဖြစ်နေတာလယ်း ဆိုတဲ့ အကြောင်းအရာ ကတော့ မွေးနေ့ပွဲကျင်းပနေတဲ့တစ်လျှောက်လုံး ကြိုးစားပြီးပြုံးနေခဲ့ရတဲ့ အိုင်စတိုင်း ဟာ မွေးနေ့ပွဲပြီးလို့ ပရင်စတန် ( Princeton) မှာ ရှိတဲ့ ၎င်းရဲ့အိမ်ကိုပြန်မယ်အလုပ် သူငယ်ချင်း ရဲ့ကားပေါ်ကို ရောက်တဲ့အထိ အုံနဲ့ကျင်းနဲ့ အနောက်ကနေ ဝိုင်းလိုက်နေတဲ့ မီဒီယာတွေ နဲ့ ဓာတ်ပုံဆရာ တွေကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး လျှာထုတ်ပြလိုက်ခြင်းဖြစ်ပါတယ်။

တစ်ကယ်တော့ အဲဒီဓာတ်ပုံကို အရိုက်ခံခဲ့တဲ့အချိန်က အိုင်စတိုင်း ဟာ လူ ( ၂ ) ဦးကြားထဲမှာ ထိုင်နေတာပဲဖြစ်ပါတယ်။ နောက်တစ်နေ့ သတင်းစာတွေထဲမှာ ၎င်းးရဲ့လျှာထုတ်ပြနေတဲ့ပုံပါလာတာကိုမြင်တဲ့ အိုင်စတိုင်း ဟာ သူ့ပုံရိပ်ကို အလွန်သဘောကျသွားခဲ့ပြီး ၎င်းးပုံကိုရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာအား မူရင်းပုံမှာပါသော လူနှစ်ဦးရဲ့ ဓာတ်ပုံကို Crop လုပ်ပြီး သူ့ပုံတစ်ပုံထဲသီးသန့် ၉ ပုံတိတိ Edit လုပ်ကာ ပေးပို့စေခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းတွေဆီကိုအမှတ်တရ ပေးပို့ခဲ့ပါတယ်။ နောင်အခါမှာ ၎င်းပေးပို့ခဲ့သော ဓာတ်ပုံ ၉ ပုံကို ရရှိသူများထဲမှ တစ်ဦးက သူရရှိခဲ့သော အိုင်စတိုင်းရဲ့ လျှာထုတ်ပြနေတဲ့ပုံကို ၂၀၁၅ ခုနှစ်က လေလံတင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၁၂၅ , ၀၀၀ ဒေါ်လာ ရရှိခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ် အများစုရဲ့ဘ၀ဟာ အပြင်တစ်ခါထွက်တာနဲ့ မီဒီယာတွေ အစုလိုက်အပြုံလိုက် ဝိုင်းအလိုက်ခံရကာ ဓာတ်ပုံအလုအယက် အရိုက်ခံရခြင်း ၊ မေးခွန်းများ မေးမြန်းခံရခြင်း တို့ဖြင့် အလွန်စိတ်ပျက်စရာ ကောင်းလှပါတယ်။ အဲဒီလို စိတ်ပျက်သူတွေထဲမှာ အိုင်စတိုင်းတစ်ယောက်လယ်း အပါအ၀င်ဖြစ်ပါတယ်။ ၎င်းရဲ့တစ်သက်တာကာလမှာ ထင်ရှား ကျော်ကြားခြင်းကြောင့် ရရှိလာတဲ့ အထက်ပါ ဆိုးကျိုးတွေကို အိုင်စတိုင်း ဟာ ငြီးငွေ့လာခဲ့ပုံရပြီး မီဒီယာတွေကို အမှတ်မထင် လျှာထုတ်ပြလိုက်တဲ့ ပုံလေးတစ်ပုံဟာ အထင်ကရဓာတ်ပုံတစ်ပုံဖြစ်လာခဲ့ပြီး နောင်အခါမှာ တန်ဖိုးရှိ ဓာတ်ပုံတစ်ပုံအဖြစ်
ပြောင်းလဲသွားခဲ့တယ်ဆိုတာကို မသိသူများအတွက် ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါတယ်ခင်ဗျ။

Credit_မင်းရဲကျော်စွာ
pictures from google

Princess Qajar အကြောင်းမသိပဲ ပြောနေကြတဲ့သူတွေကို သိစေချင်လို့ပါ ။ ပထမဆုံး ဓာတ်ပုံကြည့်ပြီး မေးမှာက..."ဟင်း လှလည်းမလှဘဲ ဘ...
16/07/2020

Princess Qajar အကြောင်းမသိပဲ ပြောနေကြတဲ့သူတွေကို သိစေချင်လို့ပါ ။

ပထမဆုံး ဓာတ်ပုံကြည့်ပြီး မေးမှာက..."ဟင်း လှလည်းမလှဘဲ ဘာလို့ ယောကျာ်း ၁၃ ယောက်က ကိုယ့်ကိုကိုယ်သက်သေသည်အထိ့ဖြစ်ရတာလဲ " ; "မိန်းမကြီးရော ဟုတ်ရဲ့လား လျှောက်ရေးထားတာလား "?.....

Google မှာရှာကြည့်လို့ရသလို သူ့အကြောင်းရေးထားတာတွေလည်း ဖတ်လို့ရပါတယ်

-------------------------------------

သက္ကရာဇ် ၁၉၀၀ ဝန်းကျင်က ပါရှားပြည်မှာ ထင်ရှားခဲ့တဲ့ တော်ဝင်မင်းသမီး Zahra Khanom
သူမရဲ့နာမည်အရင်းက Taj Saltaneh
Qajar မင်းဆက် Naser Al Din ရဲ့ သမီးတော် Princess Qajar လို့လည်းခေါ်ကြတယ်

သူမရဲ့ ငြင်းဆိုမှုကြောင့် အမျိုးကောင်းသား တော်ဝင်လူငယ် ၁၃ ယောက် အသည်းကွဲပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင် ခဲ့ပါတယ်။

Princess Qajar
(သို့မဟုတ်)
အလှတရားရဲ့နိယာမကိုတော်လှန်ခဲ့သူ

သူဟာအီရန်နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူဖြစ်သလို ပန်းချီ စာပေစတဲ့နေရာမှာလည်းထူးချွန်ပါတယ်
ခေတ်ပညာတတ်အမျိုးသမီးတယောက်ဖြစ်ပီး သူမရဲ့အိမ်မှာတပတ်ကိုတခါစာပေဆွေးနွေးပွဲလုပ်ပီး နိုင်ငံရေးနဲ့အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးစတာတွေကို နှီးနှောဖလှယ်တယ်
ပြောရရင် သူ့ခေတ်သူ့အခါက အတိုင်းထက်လွန်တော်တဲ့
ပညာတတ်အမျိုးသမီးတယောက်ပေါ့

ဘာသာရေးရိုးရာအစဉ်အလာအရဝတ်ဆင်ရတဲ့
Hijabကိုစွန့်ပီး အနောက်တိုင်းဝတ်စုံကိုရဲရဲကြီးစတင်ဝတ်ဆင်ခဲ့တဲ့ပထမဆုံးအာရပ်အမျိုးသမီး
သူ့ရဲ့အကြောင်းကို လက်ရှိမှာ အီရန်ရဲ့တီဟီရန်တက္ကသိုလ်ကနေ ဟားဗတ်အထိသင်ရိုးထဲမှာသင်ရပါတယ်

ဓာတ်ပုံရိုက်တာဝါသနာပါတယ် ကဗျာတွေကောင်းကောင်းဖွဲ့တတ်သလို စာအုပ်တွေလည်းထုတ်တယ်
ထိုခေတ်ကအီရန်ပြည်ရဲ့ မြေအောက်အမျိုးသမီးအခွင့်အရေးတောင်းဆိုတဲ့အဖွဲ့ကိုစတင်တည်ထောင်တာလည်းသူပဲ

အရည်အချင်းရှိတဲ့သူမဟာ ထိုခေတ်ကအီရန်(ပါရှား)ပြည်ရဲ့အလှဆုံးအမျိုးသမီးအဖြစ်သတ်မှတ်ခံရသလို ယောက်ျားတွေရဲ့ပေါ်ပြူလာဖြစ်ခံရဆုံးအမျိုးသမီးလည်းဖြစ်ပီး
သူမရဲ့အလှအပအကြောင်းကို ယောက်ျားတွေဟာ ကဗျာတွေသီ သီချင်းတွေပါဖွဲ့ဆိုကြပါတယ်

Qajarမင်းသမီးဟာ အမျိုးသားပေါင်း၁၀၀ကျော်ရဲ့ လက်ထပ်ခွင့်တောင်းခံခြင်းကိုခံခဲ့ရပီး သူငြင်းပယ်ခဲ့တဲ့အထဲက ၁၃ယောက်ဟာ သူ့အချစ်ကိုမရလို့ ကိုယ့်ကိုယ်ကိုတောင်သေကြောင်းကြံခဲ့ပါတယ်

တကယ်တော့မင်းသမီးQajarဟာ ပုံမှန်အမြင်ရဆို အရပ်ပုပုနဲ့ဝဝဖိုင့်ဖိုင့်အမျိုးသမီးတယောက်ပါ ဒါ့အပြင်မျက်နှာကလည်းအမျိုးသမီးမဆန်ပဲနှုတ်ခမ်းမွေးရေးရေးနဲ့ ပုံမှန်လူတွေရဲ့ အလှတရားဆိုတဲ့ "စံ"နဲ့ယှဉ်ရင် ဘာမှမဆိုင်ပါဘူး

ထိုခေတ်ကပါရှားပြည်က လူတွေရဲ့စဉ်းစားတွေးခေါ်မှုဟာအရမ်းကောင်းတယ် ပညာတတ်တွေလည်းပေါတယ်
Qajarမင်းသမီးရဲ့အဖေ ဘုရင်ကြီး Naser Al Dinဟာ မိန်းမချောလေးများကို အလွန်နှစ်သက်ပါတယ်
တနေ့မှာသူမေးခွန်းတခုကိုစဉ်းစားမိခဲ့တယ်
"မိန်းကလေးတယောက်ရဲ့
စစ်မှန်တဲ့အလှတရားဆိုတာဘာလဲ"တဲ့

တကယ်ချောမောပီးဆွဲဆောင်မှုရှိတဲ့မိန်းကလေးဆိုတာ
ပိန်ရမယ် မဝရဘူး အသားအရေလေးကကြည်ပီးဖွေးဖွေးလေးနဲ့ရှိရမယ်ဆိုတဲ့ လူတွေရဲ့အမြင်ကိုဘုရင်ကြီးအနေနဲ့လက်မခံချင်တော့ဘူး သူဟာနေ့တိုင်းမိန်းမချောလေးတွေနဲ့ ထိတွေ့မြင်နေရတာပဲ သူ့အတွက်ဘာမှမဆန်းဘူး
တဖြည်းဖြည်းသူနားလည်လာတယ်

လူတွေနားလည်ထားတဲ့ မိန်းမတယောက်ရဲ့စစ်မှန်တဲ့အလှတရားဆိုတာ ရုပ်ရည်ပေါ်မူတည်တယ်ဆိုတဲ့ခေတ်ဟောင်းကအယူတွေကိုသူမြေလှန်ဖို့ကြိုးစားတယ်
ဘုရင်ဖြစ်တဲ့သူ့ရဲ့အယူအဆကို ပါရှားပြည်ရဲ့ပညာတတ်အသိုင်းအဝိုင်းကလက်ခံတယ် ဒီလိုနဲ့ပဲ တိုင်းပြည်တခုလုံးလက်ခံလာတယ်ဆိုပါတော့
၁၉၀၀ခုနစ်ကျော်ဦးပိုင်းကာလ ပါရှားပြည်ကမိန်းမတယောက်ရဲ့အလှတရားအပေါ်ခံယူတဲ့သဘောထားဟာ အဲ့လိုကိုပြောင်းသွားတာ

ဒီလိုအချိန်မှာ Qajarမင်းသမီးလို အမျိုးသမီးတွေအတွက် တန်းတူအခွင့်အရေးကိုတောင်းဆိုရဲတဲ့ ပညာတတ်အမျိုးသမီးထွက်လာတယ် ခေါင်းဆောင်စိတ်ရှိပီး အရည်အချင်းပြည့်ဝတဲ့သူမကို လိုချင်တဲ့ယောက်ျားတွေဝိုင်းဝိုင်းလည်လာတာ ဆန်းတော့မဆန်းဘူး

ဤသို့ဖြင့် Qajarမင်းသမီးဟာ ယောက်ျားတိုင်းရဲ့ လိုချင်ရတဲ့မိန်းမသားတယောက်ဖြစ်လာတာပေါ့

သင့်အနေနဲ့ သူများလှတယ်ဆိုတိုင်းလိုက်ကြိုက်ဖို့မလိုဘူး
သူများလှတိုင်းသူ့လိုလိုက်လှဖို့လည်းမလိုဘူး
သင့်မှာလည်း ကိုယ်ပိုင်အလှတရားဆိုတာရှိတယ်
ကိုယ့်ရဲ့ရုပ်ရည်ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့
အခြားလူတယောက်ရဲ့ဆုံးဖြတ်ခွင့်ကို
သင်ခံယူနေစရာမလိုဘူး

အလှတရားဆိုတာ ပြင်ပရုပ်ရည်ပေါ်မှာပဲရှိနေတာမှမဟုတ်တာ
သင့်ရဲ့အကျင့်သိက္ခာ စိတ်ဓာတ် အရည်အချင်း
ဒါတွေက ရုပ်ရည်အသွင်အပြင်ထက်ပိုတဲ့
တကယ့်အလှတရားဖြစ်တယ်

သင်ဘယ်လိုဝတ်တယ်စားတယ် ဒါတွေကအဓိကမကျပါဘူး အဓိကက ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေဖို့ပါပဲ

အလှတရားဟာ စစ်မှန်တဲ့အရည်အချင်းမဟုတ်ပါဘူး
အရည်အချင်းကတော့ စစ်မှန်တဲ့အလှတရားတစ်ခုဖြစ်နိုင်ပါလိမ့်မယ်

Qajarမင်းသမီးဟာ ဒီ့အတွက် အကောင်းဆုံးသက်သေပြခဲ့ပီးပါပီ

သူလှသလိုလိုက်လှနိုင်ဖို့ သင့်မှာအရည်အချင်းတွေအများကြီးလိုပါလိမ့်မယ်

မိန်းမတစ်ယောက်ရဲ့ အလှဆိုတာ .. အဆင်းမဟုတ်ပဲ အချင်းဆိုတာ သက်သေပြသွားတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူး

Crd -may

လူတွေ သွားသေတဲ့သစ်တော ဂျပန်ပြည်က ကမ္ဘာကျော် Aokigahara (() ဆိုတဲ့ သစ်တောကို တချို့က ဂျုခါအိ (Jukai ) လို့လည်းခေါ်ကြတယ်..။ ...
15/07/2020

လူတွေ သွားသေတဲ့သစ်တော

ဂျပန်ပြည်က ကမ္ဘာကျော် Aokigahara (() ဆိုတဲ့ သစ်တောကို တချို့က ဂျုခါအိ (Jukai ) လို့လည်းခေါ်ကြတယ်..။ သစ်ပင်တို့ရဲ့ပင်လယ်လို့ အဓိပ္ပါယ်ရတယ်..။

အဲဒီ ဂျုခါအိ သစ်တောဟာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့သူ အများဆုံးနေရာလို့ နာမည်ကြီးတယ် ..။

ဟုတ်တယ်..။ လူတွေ အဲဒီသစ်တောထဲဝင်ပြီး သေသွားကြတယ်...။

အဲဒီ ဂျုခါအိ သစ်တောဟာ ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ ၃,၇၇၆ မီတာမြင့်တဲ့ ဖူဂျီတောင်ရဲ့ အနောက်မြောက်ဘက်ခြမ်းမှာ ရှိနေတယ်..။

ဂျုခါအိ သစ်တောထဲကို နေ့ခင်းပိုင်းလမ်းလျှောက်ဝင်သွားရင်တောင် အလင်းရောင်တွေ လျင်လျင်မြန်မြန် ပျောက်သွားပြီး မှောင်မည်းလာတယ်..။ အပင်တွေက စာဖွဲ့လို့ရလောက်အောင် အရမ်းများတယ်...။

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ကတည်းက ဖူဂျီမီးတောင်ကြီး ဆက်တိုက် ပေါက်ကွဲခဲ့တာမို့ ဂျုခါအိ သစ်တောရဲ့ ကြမ်းပြင်ဟာ များသောအားဖြင့် မီးတောင်ကျောက်တွေနဲ့ ခင်းထားတယ်..။

တောင်ခြေမှာရှိတဲ့ သစ်တောရဲ့မြေအနေအထားဟာ ကုန်းတက်ကုန်းဆင်းတွေ အများကြီးနဲ့ အလွန်ပဲ လျှို့ဝှက်လှတယ်..။

ကျောက်ဆောင်တွေ၊ ရာနှင့်ချီတဲ့ ဂူတွေက သစ်တောထဲမှာ ပြည့်နေတာက လှည့်ကွက်တွေနဲ့ စိတ်ရှုပ်စရာကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်လို..။

သစ်တောကြီးရဲ့ တိတ်ဆိတ်ငြိမ်သက်မှုဟာ လူတွေကို အထီးကျန်စေတယ်..။ ကိုယ့် အသက်ရှူသံက ကိုယ့်ကိုပြန်ပြီး ထိတ်လန့်စေတယ်..။

မကြာခဏ လူတွေသွေးထွက်သံယိုဖြစ်လို့ အော်ဟစ်နေတဲ့ အသံတွေလိုလို ကြားရတတ်တယ်...။

ဒါဟာ တကယ်ပဲ အော်သံတွေလား...။သစ်ပင်တွေကများလွန်းလို့ လေတိုက်ရင် အချင်းချင်း ပွတ်ရိုက်ကြတဲ့ အသံမ်ားလား..။

လူတွေဟာ အဲဒီအော်သံတွေရဲ့ အရင်းအမြစ်က ဘာလဲဆိုတာ ဒီနေ့အထိ တွေးတော အဖြေထုတ်နေကြဆဲ..။

ပိုဆိုးတာက သစ်ပင်တွေအောက်မှာ လူသေအလောင်းတွေ၊ အရိုးစုတွေ ဟိုနေရာ ဒီနေရာ ရှိနေတတ်တာပဲ..။

တောပတ်ပတ်လည်မှာ ပျံ့နှံ့နေတဲ့ အရာတွေက မရေမတွက်နိုင်တဲ့ ပိုင်ရှင်မဲ့ စာရွက်စာတမ်းတွေ၊ လက်ဆွဲအိတ်တွေ၊ ဖိနပ်တွေ၊သိုးမွေးခြေအိတ်တွေ၊ရှပ်အင်္ကျီတွေ၊ ဂျာကင်အင်္ကျီတွေ၊ ပြီးတော့ ဆေးပြားတွေ၊ ဘီယာဘူးသောက်လက်စတွေနဲ့ အရက်ပုလင်းတွေ...။

ဟိုးရှေးရှေးတုန်းက ဂျပန်မှာ Ubasute () ဆိုတဲ့ မိဘေတြကို စွန့်ပစ်တဲ့ ဓလေ့တစ်ခုလည်း ရှိခဲ့တယ်တဲ့..။

အရင်က Ubasute တွေအတွက် ရေပန်းစားတဲ့နေရာတစ်ခုလို့ယူဆရတဲ့နေရာတွေက ဖူဂျီတောင်တစ်ဝိုက်နဲ့ ဖူဂျီရဲ့ အနောက်မြောက်ဘက်က Aukigahara ဆိုတဲ့ ဂျုခါအိ သစ်တော။

( သူတို့မိဘေတြရဲ့ နောက်ဆုံးအချိန် https://www.facebook.com/1596809120363511/posts/3344711912239881/ )

ဒီနေ့ခေတ်မှာလည်း သားသမီးတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတဲ့ မိဘေတြဟာ ဂျုခါအိ သစ်တောကြီးထဲဝင်ပြီး ကိုယ့်ကိုယ်ကို သတ်သေကြပြန်တယ်..။

ဂျုခါအိ သစ်တောထဲမှာရှိတဲ့ ခန္ဓာကိုယ် အရိုးစုတွေဟာ တုန်လှုပ်ချောက်ချားဖို့ကောင်းပေမဲ့ ဒါဟာ အံ့ဩစရာမဟုတ်တော့ပါဘူးလို့ အနီးအနားက ဒေသခံတွေကပြောကြတယ်..။

ဂျပန်လူမျိုးတွေဟာ အဲဒီတောထဲဝင်ပြီး မိမိကိုယ္ကို သတ်သေလေ့ ရှိကြတယ်တဲ့...။

သတ်သေတဲ့လူတွေများတော့ သစ်တောထဲမှာ သရဲတွေရှိနေတာ... သူတို့က လူတွေထပ်သေအောင် ခေါ်နေတာ..

တောရိုင်းတိရစ္ဆာန်တွေက အလောင်းတွေ ကို ကိုက်ဖြတ် သယ်ဆောင်သွားကြတယ်..။

အလောင်းတွေ တစ်စစီဖြစ်ပြီး ရုပ်ပျက်သွားမှာစိုးလို့ ဒေသခံ ရဲတွေနဲ့ စေတနာ့ဝန်ထမ်း မီးသတ်သမားတွေဟာ တောရိုင်းတိရစ္ဆာန်တွေထက်ဦးအောင် အလောင်းကောက်နေခဲ့ကြရတယ်..။

ဟိုးအရင်ကတည်းက လူတွေ ဂျုခါအိ သစ်တောထဲဝင်ပြီး သတ်သေကြတာတဲ့ ..။

ဂျပန်ဟာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုအမြင့်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တယ်..။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂျပန်နိုင်ငံရဲ့ မိမိကိုယ်ကိုသတ်သေမှုနှုန်းဟာ လူ တစ်သိန်းမှာ ၂၅.၈ ယောက် နှုန်းတဲ့...။ အမေရိကန် ပြည်ထောင်စုထက်စာရင် နှစ်ဆကျော်ပေါ့...။

ဒါဟာ ဓလေ့နဲ့လည်း ဆိုင်တယ်လို့ ဆိုကြပြန်တယ်..။ ဂျပန်မှာ ကိုယ့်ကိုယ်ကိုသတ်သေတာကို တာဝန်ယူမှုတစ်ခုလို ယူဆခဲ့ကြတဲ့ seppuku ယဉ်ကျေးမှုလည်း ရှိခဲ့တယ်...။

ဂျပန် ဆာမူရိုင်းတွေဟာ ဂုဏ်သိက္ခာအတွက် မိမိကိုယ်မိမိသတ်သေတာကို ဂျပန် ပဒေသရာဇ်ခေတ်ကတည်းက စခဲ့တာပေါ့..။

၁၉၆၀ ပြည့်နှစ်ရောက်တော့ Seich Matsumoto ရေးခဲ့တဲ့ Nami no T (လှိုင်းမျှော်စင်) ဆိုတဲ့ ဝတ္ထုစာအုပ်တစ်အုပ် ထွက်လာတယ်..။

အဲဒီ ဝတ္ထုစာအုပ်မှာ သိပ်ချစ်ကြတဲ့ ခ်စ်သူ ၂ ယောက်ဟာ ဂျုခါအိ သစ်တောထဲဝင်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြတယ်..။ ဝမ်းနည်းကြေကွဲဖွယ် ဝတ္ထုတစ်ပုဒ်ပေါ့..။

စာရေးသူက ပင်လယ်ကိုကျော်ဖြတ်၊ အရာအားလုံးကို ကျောခိုင်း၊ဂျုခါအိတောအုပ်ဟာ ချစ်သူတွေအတွက် အတူတူသေဖို့အကောင်းဆုံးနေရာလို့ ရေးထားတယ်..။

ဂျုခါအိသစ်တောကို ဘယ္လိုသြား၊ ဘယ်လိုသေရမယ်ဆိုတာလည်း ရှင်းပြထားသေးတယ်..။

အဲဒီ စာအုပ်ဟာ ဂျပန်နိုင်ငံမှာ အရောင်းရဆုံးစာအုပ် ဖြစ်သွားတယ်..။

ပြီးတော့ ချစ်သူတွေ တစ်တွဲပြီးတစ်တွဲ ဂျုခါအိ သစ်တောထဲမှာ ဝင်သေကြပြန်တယ်...။

အကြောင်းအမျိုးမျိုးရှိကြပေမဲ့ ဂျပန်နိုင်ငံမှာဖြစ်တဲ့ ပြင်းထန်တဲ့ငလျင်တွေ၊ ဆူနာမီတွေကြောင့် စားဝတ်နေရေးကျပ်တည်းပြီး ကိုယ့်ကိုယ်ကို သတ်သေကြသူတွေလည်း ရှိတယ်..။ စိတ္ပညာ ပါမောက္ခ Yoshinori Cho ကပြောတယ်..။

ဘေးဒဏ်သင့်သူတွေရဲ့ မိဘ၊ မောင်နှမနဲ့ဆွေမျိုးတွေဟာ မိမိကိုယ်ကိုသတ်သေကြတာပဲ..။ စိတ်ကျရောဂါကြောင့်ပေါ့...

"ဒါဟာ ပုံမှန်စိတ်ကျရောဂါ သက်သက် မဟုတ္ဘူး..။ သူတို့ အမှန်တကယ် မြင်ခဲ့ရတဲ့ အဖြစ်မှန်တွေကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါပဲ"

ရဲမှတ်တမ်းတွေအရ ၂၀၀၂ ခုနှစ်မှာ ၇၈ လောင်း၊၂၀၀၃ ခုနှစ်မှာ ၁၀၅ လောင်း၊ ၂၀၀၄ ခုနှစ်မှာ ပိုမ်ား...ဒီလိုနဲ့ နှစ်တိုင်းနှစ်တိုင်း..။

၂၀၁၀ ခုနှစ် မှာတော့ အဲဒီတောထဲဝင်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားတဲ့သူ စုစုပေါင်း၂၄၇ ယောက်ရှိခဲ့ပြီး... ဒါကို စောင့်ကြည့် တားမြစ်ကြတဲ့ လုပ်အားပေးတွေကြောင့် ၅၄ ယောက်ပဲသေခဲ့တယ်...။

အရင်က ကြိုးဆွဲချသေတဲ့သူ များပေမဲ့ ၂၀၁၁ ခုနှစ်ကျော်လာတော့ အိပ်ဆေးတွေ သောက်ပြီး သေကြပြန်တယ်..။

လုပ်အားပေးသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေလိုသူတွေကို ညင်ညင်သာသာ အားပေးစကားပြောကြပြီး သစ်တောက ထြက်သြားဖို့ တောင်းပန်ကြတယ်။

တစ်နှစ်ကို လူတွေဘယ်နှစ်ယောက် သေနေသလဲဆိုတာ ဒေသခံအာဏာပိုင်တွေက နှစ်တိုင်းမကြေညာဘူး..။ အဲဒီ လူသေတဲ့သတင်းကို ကြေညာရင် လူတွေ ထပ်သေကြလို့ဖြစ်တယ်။

သေချာတာက နှစ်တိုင်းနှစ်တိုင်းမှာအရေအတွက် တိုးလာနေတယ်ဆိုတာ ပါပဲ လို့ Fujigoko မီးသတ်ဌာနအကြီးအကဲ Masamichi Watanabe ကပြောခဲ့တယ်..။

တချို့ ကမ္ဘာလှည့်ခရီးသွားတွေက ဂျုခါအိ သစ်တောဘက်ကနေ ခြေကျင် ခရီးသွားချင်ကြတယ်..။

ခရီးသည်တွေ လမ်းပျောက်ပြီး သေဆုံးမှာ စိုးတာကြောင့် ဂျုခါအိ သစ်တောမှာ အမှတ်အသားတွေ ပြုလုပ်ပေးထားရတယ်..။ အဲဒီလမ်းကလွဲပြီး အခြားနေရာတွေ မသြားဖို့ သတိပေးထားတယ်..။

အဲဒီသစ်တောက အဝင်ပဲရှိပြီး အထွက်မရှိဘူးလို့ နာမည်ကြီးတာကိုး...။

ဂျုခါအိ သစ်တောထဲဝင်လိုက်ရင် စမတ်ဖုန်း ၊GPS၊သံလိုက်အိမ်မြှောင်တွေ ဘာတစ္ခုမွ အလုပ်မလုပ်တော့ဘူး..။

ဒါဟာ အပင်တွေ အလွန်ပဲ များပြားသိပ်သည်းတာကြောင့်ပဲလား....။

တာဝန်ရှိသူတွေက ဂျုခါအိ သစ်တော ဝင်ပေါက်မှာ လုံခြုံရေးတွေ အထပ္ထပ္ခ်..၊ သစ်တောအထဲမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားပြီးကင်းလှည့်...နဲ့ လူတွေ ထပ်မသေအောင် အျမဲ စောင့်ကြည့်တားဆီး နေကြရတယ်..။

သင်၏ကလေးများနှင့် သင့်မိသားစုကို ချစ်ပါ၊ဂရုစိုက်ပါ

သင်၏ဘဝသည် သင့်မိဘများထံမှရသော အဖိုးတန်လက်ဆောင်ဖြစ်သည်

သစ်တောလမ်းကြောင်း တစ်လျှောက်မှာ ဆိုင်းဘုတ်တွေ ရေးစိုက်ထားကြတယ်..။

လူတွေဟာ နှစ်စဉ်နှစ်တိုင်း ရာနှင့်ချီပြီး ဂျုခါအိ သစ်တောမှာ လာရောက်သေဆုံးဖို့ ရွေးချယ်ကြတယ်..။

လူတွေဟာ ဘာလို့ ဂျုခါအိ သစ်တောမှာမှ လာသေကြတာလဲ...။

အဲဒီအဖြေကို ဒီနေ့အထိ ဘယ်သူမွ အတိအက် မဖြေနိုင်ပါ..။

ဂျုခါအိ သစ်တောရဲ့ လျှို့ဝှက်ချက်ကို ဒီနေ့အထိ ဘယ်သူမွ အတိအက်မသိပါ။

ဒေသခံတွေပြောသလို အဲဒီသစ်တောဟာ ဂျပန်ဒဏ္ဍာရီရဲ့ နတ်ဆိုးတွေနဲ့ ဆက်နွယ်နေလေသလား...။

ဂျုခါအိ သစ်တောရဲ့ မှောင်မိုက်နေတဲ့ အပိုင်းကို ကျော်လာနိုင်ရင်တော့ သိပ်ပြီးလှပတဲ့ ဖူဂျီတောင်ရဲ့ ရှုခင်းတွေ၊ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ဂူကြီးတွေ၊ ချော်ရည်ကုန်းပြင်မြင့်တွေ ၊ အနှစ် ၃၀၀ ကြာပြီဖြစ်တဲ့ အသက်သိပ်ရှည်တဲ့ သစ်ပင်ကြီးတွေကို တွေ့နိုင်ပြီပေါ့...။

ဘဝဆိုတာလည်း...။

ဘာသာပြန်သူ မရွှေမိုး ( ကိုရီးယား )အားလေးစားလျက်

Inside Japan's 'Su***de Forest'
BY ROB GILHOOLY
SPECIAL TO THE JAPAN TIMES
JUN 26, 2011

ARTICLE HISTORY

Aokigahara-Wikipedia

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် အမိန့်ညွှန်ကြားချက်များကို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ကြောင်း ထုတ်ပြန်C...
13/07/2020

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် အမိန့်ညွှန်ကြားချက်များကို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် အမိန့်ညွှန်ကြားချက်များကို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ကြောင်း COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင် ၁၃ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်တွင် Coronavirus Disease 2019 (COVID-19) ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျော့တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များမပါ) အား ဇူလိုင်လ ၃၁ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်ထားသည်ကို အသိပေးကြာင်း ဖော်ပြထားသည်။

ဦးဇင်းကိတ္တိသာရ သက်တော် ၇၃ နှစ်တွင် ပျံလွန်တော်မူ ၊ ဒွေးကွယ်လွန်တဲ့ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နဲ့ တိုက်ဆိုင်ဦးဇင်း ကိတ္တိသာရ...
11/07/2020

ဦးဇင်းကိတ္တိသာရ သက်တော် ၇၃ နှစ်တွင် ပျံလွန်တော်မူ ၊ ဒွေးကွယ်လွန်တဲ့ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နဲ့ တိုက်ဆိုင်
ဦးဇင်း ကိတ္တိသာရ(ခ) ဦးကျော်ဟိန်းဟာ ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ပျံလွန်တော်မူသွားကြောင်း ဦးဇင်းရဲ့ တူတော်စပ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ သားညီက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ဒါ့အပြင် နာရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်သူကလည်း ဦးဇင်းပျံလွန်တော်မူသွားကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
ဦးဇင်း ကိတ္တိသာရဟာ ၂၀၁၀ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီးတဲ့နောက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံက ထွက်ခွာပြီး သမီးဖြစ်သူရှိတဲ့ ကင်မ်ဘာရာမြို့ကို ကြွရောက်သီတင်းသုံးခဲ့တာ ဖြစ်ပါတယ်။
ဦးဇင်း ကိတ္တိသာရ ကွယ်လွန်တဲ့ ဒီနေ့ ဇူလိုင် ၁၁ ရက်မှာ ဆရာတော်ရဲ့ တူတော်စပ်တဲ့ ရုပ်ရှင်မင်းသားသရုပ်ဆောင် အကယ်ဒမီ ဒွေး ကွယ်လွန်တဲ့ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

crd - BBC

Address


Website

Alerts

Be the first to know and let us send you an email when Focus Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share