We love khamaukgyi

  • Home
  • We love khamaukgyi

We love khamaukgyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We love khamaukgyi, News & Media Website, .

16/12/2022
16/12/2022

ပြည်သူသို့အသိပေးချက်

16/12/2022
16/12/2022
16/12/2022
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ ပုံရိပ်များကို ကြည့်ရှုနိုင်မယ့် page...
13/12/2022

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ ပုံရိပ်များကို ကြည့်ရှုနိုင်မယ့် page
👇
https://www.facebook.com/profile.php?id=100088562624398&mibextid=ZbWKwL

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  နံရံကပ်စာစောင်ပြပွဲ၊ဓာတ်ပုံပြပွဲများပြုလုပ်ခမောက်ကြီး ဒီဇင်ဘာလ  ၁၃၊      ...
13/12/2022

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ဓာတ်ပုံပြပွဲများပြုလုပ်
ခမောက်ကြီး ဒီဇင်ဘာလ ၁၃၊
၂၀၂၃ခုနှစ် ၊ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဆိုင်ရာနံရံကပ်စာစောင်ပြပွဲနှင့်မှတ်တမ်းဓာတ်ပုံပြပွဲများကိုခမောက်ကြီးမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‎ရေးဦးစီးဌာနရုံးတွင် ယမန်နေ့
ညနေပိုင်းက ပြသခဲ့ပါသည်။
အဆိုပါ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြဘုတ် တွင် မြန်မာ့လွတ်လပ်ရေးရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောခေါင်းဆောင်ကြီးများ၏လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်၁၉၄၈၊ဇန်နဝါရီလ (၄)ရက်နေ့၌ အလံတော်တင်အခမ်းအနားပြုလုပ်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီးများပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ
၊ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိ ကာတွန်းရုပ်ပုံများစသည်တို့ပါဝင်ပါသည်။
ယင်း နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများကို ကျောင်းသား/သူ၊လူငယ်လူရွယ်များ မိမိတို့နိုင်ငံ၏ အထင်ကရနေ့ထူးနေ့မြတ်များကို အစဉ်အမှတ်ရစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် မျှော်တွေး၍ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ရူပါမြင့် (ခမောက်ကြီး)

07/12/2022
05/12/2022

လေဖိအားနည်းရပ်ဝန်းအခြေအနေ
-------------------------------------------------------
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
====================================================
“ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် (၆.၁၂.၂၀၂၂)ရက်နေ့၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ (၈.၁၂.၂၀၂၂)ရက်နေ့၌ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာ ပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေ)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”

Address


Website

Alerts

Be the first to know and let us send you an email when We love khamaukgyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share