Mr. Potato Movies & Series Channel

  • Home
  • Mr. Potato Movies & Series Channel

Mr. Potato Movies & Series Channel မြန်မာစာတန်းထိုး Movies & Series ဇာတ်လမ်းအစုံတင်ဆက်ပေးနေတဲ့ Telegram Channel Page လေးပါ။

Poor Things (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)အော်စကာ အကောင်းဆုံးရုပ်ရ...
27/02/2024

Poor Things (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေက‌တော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ Jerrod Carmichael တို့ပါပဲ။ Dark Comedy တွေရဲ့ ထုံးစံအတိုင်း ရုပ်တည်ကြီးနဲ့ ရယ်ရခက် ငိုရခက်တဲ့ဟာသတွေကြောင့်၊ ဂိတွေပြောသလို လောကကြီးကို နက်နဲတဲ့ သရုပ်ဖော်ပုံ တင်စားပုံတွေနဲ့ ဘာညာကြောင့် ဘလာဘလာ၊ ပြောင်မြောက်တဲ့ ဇာတ်လမ်း၊ ရိုက်ချက် နဲ့ သရုပ်ဆောင်တွေကြောင့် ကြည့်မှာသာ ကြည့်လိုက်ပါလို့ပဲညွှန်းချင်ပါတယ်။ အရှုံးမရှိပါဘူး။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Miller’s Girl (2024)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)မမ Wednesday ရဲ့ဇာတ်ကာ...
22/02/2024

Miller’s Girl (2024)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
မမ Wednesday ရဲ့ဇာတ်ကားအသစ်လေးထွက်ရှိလာပါပြီ။ Wednesday ထဲက Jenna Ortega,Martin Freeman နဲ့ Gideon Adlon တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပါတယ်
(ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့နဲ့စကားအသုံးအနှုန်းတွေကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ)

ဇာတ်လမ်းအကျဥ်းကတော့.......
မိဘတွေအဝေးရောက်နေတာကြောင့် တစ်ယောက်တည်းအထီးကျန်စွာရှင်သန်နေရတဲ့ဆယ်ကျော်သက်ကောင်မလေး "ကိုင်ရို"ဟာ ပျင်းစရာကောင်းလှတဲ့တန်နစ်ဆီပြည်နယ်မှာပဲ ဘဝကိုရိုးရိုးရှင်းရှင်းကြီးဖြတ်သန်းနေရလို့ မကျေမနပ်ဖြစ်နေပါတယ် ဒါပေမဲ့ တစ်နေ့မှာ သူမရဲ့ဘဝမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုဝင်ရောက်လာပါတယ် အဲ့ဒါကတော့ စာရေးဆရာ"ဂျွန်နသန်မီလာ"ဟာ သူ့ရဲ့စာအုပ်တွေဝေဖန်ခံရပြီးကတည်းက စာဆက်မရေးတော့ဘဲ ကျောင်းဆရာအလုပ်ကိုရွေးချယ်ခဲ့ပါတယ် စာရေးသားရတာဝါသနာပါတဲ့"ကိုင်ရို"တစ်ယောက် "ဂျွန်နသန်"ရဲ့အတန်းကိုလာတက်တဲ့အခါ........

"ဂျွန်နသန်"ကလည်း ထူးချွန်ပြောင်မြောက်လှတဲ့တပည့်မလေးကို မျက်နှာသာပေးဆက်ဆံတယ် ပြီးတော့ နှစ်ဝက်စာမေးပွဲအတွက်ဆိုပြီး "ကိုင်ရို"ကိုသူ့အကြိုက်ဆုံးစာရေးဆရာတစ်ယောက်ရဲ့ရေးသားဟန်ကိုမှီငြမ်းပြီး ဇာတ်လမ်းတိုတစ်ပုဒ်ရေးခိုင်းပါတယ် အဲ့ဒီလိုကနေ သူတို့နှစ်ယောက်ရင်းနှီးကျွမ်းဝင်လာပြီး ဘယ်လိုပက်သက်မှုမျိုးတွေဖြစ်လာမလဲ "ကိုင်ရို"က မှီငြမ်းရေးသားမယ့်စာရေးဆရာကို ကာမရမ္မက်အကြောင်းတွေရေးလေ့ရှိတဲ့ ဟန်နရီဆိုတဲ့စာရေးဆရာကိုရွေးချယ်လိုက်တဲ့အခါ......

"ကိုင်ရို"ရဲ့သူငယ်ချင်း "ဝင်နီ"ရဲ့ မြှောက်ပင့်ပေးတဲ့စကားတွေကြောင့် "ကိုင်ရို"တစ်ယောက် ဆရာ့အပေါ်ကိုအရောင်တွေပြောင်းလဲသွားမလား.....

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Anyone but You (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)ကျန်တာမပြောခင် အရင်ဆု...
10/02/2024

Anyone but You (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ညှို့ဓာတ်ကို ဖန်တီးသွားခဲ့တယ်။ တမင်ကို ဆစ်ဒနီကိုပဲ ရိုက်ပြထားသလားမှတ်ရအောင်လည်း သေသေချာချာကို တစ်နေရာမလွတ်ရအောင် သုံးသွားခဲ့တာပါပဲ။ တခြားမင်းသမီးတွေကိုလည်း ဒီလိုသုံးထားသေးပေမဲ့ သူ့ကိုတော့ အပြည့်အဝသုံးသွားခဲ့တယ်ပြောရပါမယ်။ ဒီတစ်ချက်နဲ့တင် ဒီရုပ်ရှင်က တော်တော်ကြည့်လို့တန်နေတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ကြည့်ကိုကြည့်ရမယ့်ရုပ်ရှင်ဆို ပိုမှန်ပါလိမ့်မယ်။
ရှိတ်စပီးယားရဲ့ Much Ado About Nothing ကို ကျောရိုးယူ ခေတ်သစ်မှာ ရိုက်ထားတဲ့ Rom-Com ဖြစ်ပြီး ဇာတ်ကတော့ ဘယ်လိုမှမတည့်တဲ့ လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အမြဲသတ်နေရတဲ့လူနှစ်ယောက် အမုန်းကနေ အချစ်ဖြစ်သွားတဲ့ဇာတ်ပါပဲ။ ဒီလိုဇာတ်မျိုးတွေ တော်တော်များနေပြီဆိုပေမဲ့ ဒီဇာတ်ကတော့ ဟိုကနည်းနည်းဖြတ်လိုက် ဒီကနည်းနည်းကပ်လိုက် အချစ်နဲ့ပတ်သက်တဲ့ လှတပတတွေအကုန်ထည့်ထားတာမို့ ကောင်းတော့ကောင်းရှာပါတယ်။ When Harry Met Sally... ထဲက အဆုံးဒိုင်နဲ့ခပ်ဆင်ဆင်ဒိုင်တွေကိုတောင် ယူသုံးထားပါသေးတယ်။
ဩစတေးလျရဲ့ လှပတဲ့ဆစ်ဒနီမြို့မှာ တည်ထားတာမို့ ဆစ်ဒနီရဲ့ အလှအပတွေကို... ဆစ်ဒနီရဲ့အလှအပတွေကို မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ မင်းသားကတော့ Top Gun: Maverick ထဲက Glen Powell ပေါ့။ အဲဒါတွေ ထားပါ။ ထပ်ပြောချင်တာကတော့ ဆစ်ဒနီရဲ့ အလှအပတွေကို တဝကြီးရှုစားရမယ်ဆိုတာပါပဲ။ ဆစ်ဒနီမဟုတ်တဲ့ ဆစ်ဒနီဟာသိပ်လှပါတယ်။ ပြီးတော့ ဆစ်ဒနီမဟုတ်တဲ့ ဆစ်ဒနီဟာလည်း သိပ်လှပါတယ်။ Anyone but You ဟာ ဆစ်ဒနီတို့ရဲ့ အလှအပတွေကို တဝကြီးခံစားကြရမယ့်ရုပ်ရှင်ပါပဲ။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Aquaman and the Lost Kingdom (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)အကွာမန်...
23/01/2024

Aquaman and the Lost Kingdom (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
အကွာမန်းရုပ်ရှင်ဒုတိယကားထပ်လာပါပြီ။ ဒီရုပ်ရှင်ဟာ DCEU ရုပ်ရှင်တွဲတွေရဲ့ ၁၅ ကားမြောက်နဲ့ နောက်ဆုံးကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ ဂျိမ်းဝမ်ပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ အာကွာမန်း၊အွမ်း နဲ့ ဒေးဗစ်ကိန်းတို့နေရာမှာ အရင်သရုပ်ဆောင်တွေပဲ ပြန်ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း
ဒေးဗစ်ကိန်းဟာ သူ့အဖေအတွက်လက်စားချေဖို့ အာကွာမန်းကိုသတ်နိုင်ဖို့အတွက် အတ္တလန်းတစ်နည်းပညာတွေကိုလိုက်ရှာရင်း အတ္တလန်းတစ်မြို့တော်ဟောင်းကြီးတစ်ခုကို တွေ့သွားပါတယ်။အဲဒီမှာနည်းပညာတွေအပြင် အနက်ရောင် သုံးခွလှံလည်းရှိနေပြီး အဲဒီကနေ စွမ်းအားတွေရလာပါတယ်။ ဒါပေမဲ့ အဲဒီအနက်ရောင်လှံကို ကိုင်ခဲ့တဲ့ ဘုရင်ဟာ ဆိုးသွမ်းလွန်းလို့ အတ္တလန်းတစ်တိုင်းပြည်ရဲ့သမိုင်းတွေကနေပါ ဖျောက်ထားပြီး ရေခဲပြင်အောက်မှာဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ဒေးဗစ်ကိန်းကြောင့် အတ္တလန်းတစ်ရှေးဟောင်းမြို့တော်ရဲ့မကောင်းဆိုးဝါးတွေ နိုးထလာပြီး ကုန်းမြေရောပင်လယ်ကမ္ဘာတွေပါ ပျက်စီးရမဲ့အခြေအနေဖြစ်လာတာကို အာသာကာရီတားဖို့ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ဒေးဗစ်ကိန်းကို ရှာနိုင်တဲ့သူကလည်း သူကိုယ်တိုင် အနိုင်တိုက်ပြီးဖမ်းထားတဲ့ သူညီ အွမ်းပဲရှိတာကြောင့် အွမ်းကိုပြန်ခေါ်ပြီး မတည့်တဲ့ညီအစ်ကိုနှစ်ယောက် ဘုံရန်သူကိုတိုက်ဖို့ကြိုးစားရပါတော့တယ်။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Wonka (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)အားလုံးမျှော်နေတဲ့ ချစ်စရာ W**...
22/01/2024

Wonka (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
အားလုံးမျှော်နေတဲ့ ချစ်စရာ W***y Wonka ရဲ့ မအောင်မြင်ခင်အရွယ်က Musical ဇာတ်လမ်းလေး လာပါပြီ။ ဒီဇာတ်လမ်းမှာ ဝမ်ကာဟာ ငယ်ငယ်က သူ့အမေနဲ့ ထားခဲ့တဲ့ ကတိတစ်ခု ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့၊ သူ့ရဲ့ ချောကလက်ပညာတွေကို ထုတ်ပြဖို့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ပါတယ်။ အောင်မြင်မှုဆိုတာတော့ လွယ်လွယ်နဲ့ မရနိုင်တာ လူတိုင်းအသိပါ။ အလားတူပဲ ဝမ်ကာဟာလည်း သူ့ရဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခရီးမှာ အခက်အခဲတွေ ပြဿနာတွေ ရန်သူတွေ မိတ်ဆွေတွေ ရခဲ့ပါတယ်။ မိမိဘက်က လက်မလျှော့သ၍ အိပ်မက်တွေဟာ ပျက်စီးမသွားဘူးဆိုတဲ့ Message လေးကို အကအလှတွေ မြိုင်ဆိုင်တဲ့ သီချင်းတွေ သီဆိုရင်း Timothée Chalamet က အဓိကဦးဆောင် တင်ဆက်ထားပြီး ဟောလိဝုဒ်ရဲ့ အ‌ကျော်အမော်တွေဖြစ်တဲ့ အော်စကာဆုရှင် Olivia Colman, မင်းသားကြီး Rowan Atkinson နဲ့ Hugh Grant တို့အပြင် ဟာသမင်းသား Keegan-Michael Key ကလည်း ဇာတ်ရံနေရာကနေ အကောင်းဆုံးပါဝင်အားဖြည့်ပေးထားပါသေးတယ်။ ဂန္ထဝင်မင်းသားကြီး Gene Wilder နဲ့ Johnny Depp တို့ရဲ့ အရင်နှစ်ကားက W***y Wonka အတိတ်ဘဝဇာတ်ကြောင်းအစစ်ရယ်မဟုတ်ဘဲ Standalone ခွဲထွက်ထားတာဖြစ်လို့ ဒါကြည့်ဖို့ အရင်ကားတွေကို ကြည့်စရာမလိုပါဘူး။ အဲဒီတော့ ဒီအတိုင်း Musical ကားတစ်ကားအနေနဲ့ပဲ အကအလှတွေ ခံစားနားဆင်လိုက်ကြပါဦး။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

The Marvels (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)မာဗယ် ရုပ်ရှင် စကြဝဠာရဲ့...
16/01/2024

The Marvels (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
မာဗယ် ရုပ်ရှင် စကြဝဠာရဲ့ ၃၃ ကားမြောက်ဖြစ်တဲ့ The Marvels ကိုတင်ပေးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ အဓိက ပါတဲ့ နောက်ထပ်ကာရိုက်တာနှစ်ယောက်ကိုတော့ Wanda Vision စီးရီး နဲ့ Ms Marvel စီးရီးတွေမှာ မိတ်ဆက်ထားပြီးပါပြီ။ ဒီရုပ်ရှင်ဟာ ရိတ်တင်နည်းနေတာရယ်၊ ဇာတ်လမ်းက ပေါနေတာရယ် ကလွဲရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ မာဗယ်ရဲ့အကြီးဆုံးခြေလှမ်းတွေထဲက တစ်ခုကို ဒီကနေ စတင်ထားလို့ပါ။ ထုံးစံအတိုင်း ဘယ်လောက်ပေါပေါ နောင်လာမဲ့ကားတွေနဲ့ ဆက်စပ်မိအောင် တစ်ခါတော့ ကြည့်ကိုကြည့်ထားရမှာပါပဲ။

ဇာတ်လမ်းအကျဉ်း
ကပ္ပတိန်မာဗယ်ဖြစ်တဲ့ ကယ်ရိုးဒန်ဗာဟာ အာကာသထဲမှာ ရှိနေချိန် စကြဝဠာထဲက ခုန်မှတ်တစ်ခုက အပေါက်ကြီးဖြစ်သွားပါတယ်။ အဲဒီအပေါက်ကို ဖြူရီရဲ့အဖွဲ့က သွားစုံစမ်းနေချိန်မှာ ကပ္ပတိန်မိုနီကာရမ်ဘူးလည်းပါလာပါတယ်။ အဲဒီအပေါက်ထဲက စွမ်းအင်တွေကြောင့် ကယ်ရိုးနဲ့မိုနီကာတို့ ချိတ်ဆက်မိသွားပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပေါက်ကိုဖန်တီးလိုက်တဲ့ ကွမ်တမ်လက်ပတ်တစ်ခုက ခရီး ခေါင်းဆောင် ဒါဘန်းဆီမှာရှိနေပြီး နောက်တစ်ခုက ကာမာလာခန်းဆီမှာရှိနေတာကြောင့် ကာမာလာကလည်း ကယ်ရိုးတို့နှစ်ယောက်နဲ့ စွမ်းအားတွေချိတ်ဆက်မိသွားပါတယ်။ ဒါကြောင့် သူတို့သုံးယောက်ခွဲမရတော့ဘဲ အတူပေါင်းပြီး ခရီးဂြိုလ်သားတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ခရီးဥသျှောင် ဒါဘန်းရဲ့အကြံက စကြဝဠာတစ်ခုလုံးပါ ပျက်စီးသွားနိုင်ကြောင်းသိရတဲ့အခါ မာဗယ် ၃ ယောက် တားဆီးဖို့ ကြိုးစားကြပါတော့တယ်။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

ကြည့်လို့ရမယ့် Series Lists ‌တွေကို update လုပ်ပေးထားပါတယ် ❤️
14/01/2024

ကြည့်လို့ရမယ့် Series Lists ‌တွေကို update လုပ်ပေးထားပါတယ် ❤️

Napoleon (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့...
10/01/2024

Napoleon (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။
ပြင်သစ် စစ်ဘုရင်ကြီး နပိုလီယံဘိုနာပတ်အကြောင်းကို ရိုက်မယ်ဆိုရင် ပြောစရာတွေအရမ်းများလွန်းလို့ အကုန်ပါဖို့မလွယ်ပါဘူး။ သူ့ရဲ့တိုက်ပွဲကြီးတွေအကြောင်းပြောမလား၊ သူ့ရဲ့ စိတ်ဝင်စားစရာ လက်စွဲတော် ဗိုလ်ချုပ်တွေအကြောင်းပြောမလား၊ ဂျိုးဆက်ဖင်းနဲ့သူ့ရဲ့အချစ်ရေးအကြောင်းပြောမလား အများကြီးပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ သူရဲ့ အအောင်မြင်ဆုံးတိုက်ပွဲတွေနဲ့ ကျဆုံးချိန်ရောက်သွားစေတဲ့ တိုက်ပွဲတွေအကြောင်းကို အဓိက ပြသထားပြီး ဂျိုးဆက်ဖင်းနဲ့အချစ်ဇာတ်လမ်းကို ရောယှက်ထားပါတယ်။ သရုပ်ဆောင်၊ ရိုက်ချက်တွေ ပြောစရာမလိုအောင် ကောင်းတာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အမြောက်တပ်ဗိုလ်ကြီးအဖြစ်ကနေ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်ရာထူးတိုးလာပြီး တိုက်ပွဲကြီးတွေ ဆက်တိုက်အောင်မြင်ခဲ့တာတွေ၊ ပြင်သစ်တော်လှန်ရေးမှာ အင်ပါယာဖြစ်လာတာတွေ၊ ရုရှားနဲ့စစ်ပွဲမှာအကြီးအကျယ်ဆုံးရှုံးပြီး နယ်နှင်ခံရတာတွေ၊ နယ်နှင်ခံရတဲ့ဘဝကနေ ပြင်သစ်ကို ပြန်တိုက်ယူဖို့ကြိုးစားတာတွေနဲ့ နောက်ဆုံးအဆုံးသတ် ဝါတာလူးစစ်ပွဲအကြောင်းတွေကို မြင်ရမှာပါ။ ကြည့်လိုက်ကြပါဦး။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Justice League: Crisis on Infinite Earths Part One (2024)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By C...
09/01/2024

Justice League: Crisis on Infinite Earths Part One (2024)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။ အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

1000 ကျပ်တည်းနဲ့ Series Channel Member ဝင်လို့ရမယ့် New Year Promotion လေးက ဒီနေ့ နောက်ဆုံးတစ်ရက် ရပါဦးမယ်နော်🥳 🎉https:/...
01/01/2024

1000 ကျပ်တည်းနဲ့ Series Channel Member ဝင်လို့ရမယ့် New Year Promotion လေးက ဒီနေ့ နောက်ဆုံးတစ်ရက် ရပါဦးမယ်နော်🥳 🎉
https://m.facebook.com/story.php?story_fbid=339972668785452&id=100083181639061&mibextid=Nif5oz

Christmas & New Year Holidays တွေကို အိမ်မှာပဲနေပြီး ရုပ်ရှင်ဇာတ်လမ်းတွဲလေးတွေကြည့်ရင်း အေးအေးဆေးဆေးဖြတ်သန်းကြမယ့်သူတွေအတွက် Mr. Potato Series Channel ရဲ့ Member ကြေး 60% Discount အထိ ရရှိနိုင်မယ့် တန်မှတန် Year End Sale အထူးပရိုမိုးရှင်းလေး ပြန်လာပါပြီ 🤩
ယခင် Series Channel Lifetime Member ကြေး ၂၅၀၀ ကျပ်နဲ့ ရောင်းချပေးနေရာက ဒီနေ့ December 25 ရက်၊ ခရစ္စမတ်နေ့ကနေ နှစ်သစ်ကူး January 1 ရက်နေ့အထိ Series Channel Member ဝင်သူများအားလုံးအတွက် Member ကြေးကို 60% အထိ Discount ချပေးထားပြီး ၁၀၀၀ ကျပ်တည်းနဲ့ Member ဝင်ခွင့်ရမှာဖြစ်ပါတယ် 🙀 မြန်မာစာတန်းထိုး Series ပေါင်း ၃၀၀ နီးပါးပါဝင်တဲ့ Telegram Channel ကို ၁၀၀၀ ကျပ်တည်းနဲ့ ဝင်ခွင့်ရမှာဆိုတော့ အရမ်းကိုတန်နေပါပြီနော် 🤑
January 1 ရက်နေ့အထိပဲ ဒီဈေးနှုန်းနဲ့ ရရှိမှာဖြစ်ပြီး Promotion ကာလပြီးဆုံးသွားတဲ့နေ့ရောက်ရင်တော့ မူလဈေးနှုန်း ၂၅၀၀ ကျပ်နဲ့ပဲ Member ဝင်ခွင့်ရတော့မှာပါ 🥹
ဒါကြောင့် ဒီလိုအရမ်းတန်တဲ့ဈေးနှုန်းနဲ့ ရထားတုန်းလေး Page Messenger or Telegram Account t.me/kevinkhs23 မှာ အမြန်ဆုံးလာပြီး Member ဝင်ထားလိုက်ကြတော့နော် 😉

Channel မှာပါဝင်တဲ့ Series List ကို ဒီ link ကနေတစ်ဆင့် ကြည့်လို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Christmas & New Year Holidays တွေကို အိမ်မှာပဲနေပြီး ရုပ်ရှင်ဇာတ်လမ်းတွဲလေးတွေကြည့်ရင်း အေးအေးဆေးဆေးဖြတ်သန်းကြမယ့်သူတွေအ...
25/12/2023

Christmas & New Year Holidays တွေကို အိမ်မှာပဲနေပြီး ရုပ်ရှင်ဇာတ်လမ်းတွဲလေးတွေကြည့်ရင်း အေးအေးဆေးဆေးဖြတ်သန်းကြမယ့်သူတွေအတွက် Mr. Potato Series Channel ရဲ့ Member ကြေး 60% Discount အထိ ရရှိနိုင်မယ့် တန်မှတန် Year End Sale အထူးပရိုမိုးရှင်းလေး ပြန်လာပါပြီ 🤩
ယခင် Series Channel Lifetime Member ကြေး ၂၅၀၀ ကျပ်နဲ့ ရောင်းချပေးနေရာက ဒီနေ့ December 25 ရက်၊ ခရစ္စမတ်နေ့ကနေ နှစ်သစ်ကူး January 1 ရက်နေ့အထိ Series Channel Member ဝင်သူများအားလုံးအတွက် Member ကြေးကို 60% အထိ Discount ချပေးထားပြီး ၁၀၀၀ ကျပ်တည်းနဲ့ Member ဝင်ခွင့်ရမှာဖြစ်ပါတယ် 🙀 မြန်မာစာတန်းထိုး Series ပေါင်း ၃၀၀ နီးပါးပါဝင်တဲ့ Telegram Channel ကို ၁၀၀၀ ကျပ်တည်းနဲ့ ဝင်ခွင့်ရမှာဆိုတော့ အရမ်းကိုတန်နေပါပြီနော် 🤑
January 1 ရက်နေ့အထိပဲ ဒီဈေးနှုန်းနဲ့ ရရှိမှာဖြစ်ပြီး Promotion ကာလပြီးဆုံးသွားတဲ့နေ့ရောက်ရင်တော့ မူလဈေးနှုန်း ၂၅၀၀ ကျပ်နဲ့ပဲ Member ဝင်ခွင့်ရတော့မှာပါ 🥹
ဒါကြောင့် ဒီလိုအရမ်းတန်တဲ့ဈေးနှုန်းနဲ့ ရထားတုန်းလေး Page Messenger or Telegram Account t.me/kevinkhs23 မှာ အမြန်ဆုံးလာပြီး Member ဝင်ထားလိုက်ကြတော့နော် 😉

Channel မှာပါဝင်တဲ့ Series List ကို ဒီ link ကနေတစ်ဆင့် ကြည့်လို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Rebel Moon - Part One: A Child of Fire (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanm...
22/12/2023

Rebel Moon - Part One: A Child of Fire (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။
ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူတိုင်းကြည့်လို့အဆင်ပြေပါတယ်။

ဇာတ်လမ်းအကျဉ်း
ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက်လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခုခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံမရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ်သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည်တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲဆိုတာ တွေ့ရမှာပါ။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Killers of the Flower Moon (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)အိုဆေ့လူသ...
17/12/2023

Killers of the Flower Moon (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ်ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

သမိုင်းအကျဉ်း
——————
1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ
အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီအခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက်အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ၄၀၀ လောက်ရှိပါတယ်။ ချမ်းသာလာတာနဲ့အညီ အကောင်းဆုံးတွေကိုသုံးစွဲပြီး လက်ဖွာတဲ့နေရာမှာ အရမ်းကို နာမည်ကြီးလာတဲ့အတွက် အမေရိကန်အစိုးရက ဥပဒေတစ်ခုနဲ့ ထိန်းသိမ်းတာခံခဲ့ရပါတယ်။ ဒါကတော့ ငွေကြေးကို ထင်တိုင်းသုံးစွဲလို့မရဘဲ “ငွေကြေးမစီမံနိုင်သူ” အဖြစ် သတ်မှတ်ခံရရင် လူဖြူအုပ်ထိန်းသူတစ်ယောက်ဆီကနေပဲ ကိုယ်ငွေကြေးကို သတ်မှတ်ထားသလောက်ပဲ ပြန်ထုတ်သုံးခွင့် ရတော့တာပါ။ အဲဒီကာလမှာပဲ အိုဆေ့အင်ဒီယန်းပေါင်းများစွာ အသတ်ခံခဲ့ရပြီး အမှုတွေကိုလည်း တရားခံ ရေရရာရာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ အဓိကအကြောင်းရင်းကတော့ အိုဆေ့တွေပိုင်ဆိုင်တဲ့ မြေတွေနဲ့ ရေနံခံစားခွင့်တွေကို နည်းမျိုးစုံနဲ့လုယူဖို့ ကြိုးစားခဲ့တဲ့လူဖြူတွေလက်ချက်ပါပဲ။ ဒီအမှုဟာ အက်ဖ်ဘီအိုင်ရဲ့ ပထမဆုံး ကိုင်တွယ်ရတဲ့အမှုဖြစ်လာပြီးမှ အမှုမှန်ပေါ်ပေါက်လာပုံကို ပြသထားတာပါ။

ဇာတ်လမ်းအကျဉ်း
——————
အားနက် ဘာ့ဟက်ဆိုတဲ့ စစ်ပြန်တစ်ယောက်ဟာ သူ့ဦးလေးရှိရာ အိုဆေ့ပြည်နယ်မှာ အလုပ်လာရှာရင်း အငှားကားမောင်းဖြစ်သွားပါတယ်။ အငှားကားမောင်းရင်းကနေ အိုဆေ့မျိုးနွယ်စုဝင် မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိရင်းလက်ထပ်ဖြစ်သွားပါတယ်။ အဲဒီမိသားစုရဲ့ ရေနံခံစားခွင့်နဲ့မြေတွေက အရမ်းကိုမက်မောစရာကောင်းနေတဲ့အတွက် အားနက်ရဲ့ဦးလေးက သူ့တူကို စည်းရုံးပြီး အိုဆေ့မိသားစုတစ်ခုလုံးကို နည်းလမ်းမျိုးစုံနဲ့လုပ်ကြံပြီး အပိုင်စီးဖို့ ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမှာပါ။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

The Marvels (2023) [SD CAM Version]🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Gold Channel)Captian Ma...
13/12/2023

The Marvels (2023)
[SD CAM Version]

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Gold Channel)
Captian Marvel ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ဒီတစ်ခါမှာတော့ Carol တစ်ယောက်တည်းမဟုတ်တော့ဘဲ Miss Marvel နဲ့ Captain Rambeau တိုပါ အားဖြည့်ပါဝင်လာကြပါပြီ။ ဇာတ်လမ်းထဲမှာတော့ သူတို ၃ယောက်ရဲ့ စွမ်းအားတွေ ချိတ်ဆက်သွားပြီး သူတို၃ယောက်ဖြစ်ဖြစ် ၂ယောက်ဖြစ်ဖြစ် အစွမ်းကိုတစ်ပြိုင်တည်းသုံးမိတာနဲ့ နေရာချင်းလဲသွားကြတဲ့ ပြဿနာဖြစ်နေပါတယ်။ ဇာတ်လမ်းရဲ့ပြဿနာအစကတော့ Miss Marvel မှာ ရှိနေတဲ့လက်ကောက်လို ဆင်တူနောက်တစ်ဖက်ထပ်ရှိနေပြီး Dar-Benn ကရှာတွေ့သွားပြီး jump point တစ်ခုဖွင့်လိုက်ပါတော့တယ်။ အဲဒီ junp point ဟာပြန်မပိတ်တော့တဲ့အတွက် Captain Marvel နဲ့ Captain Rambeau တို၂ယောက် သွားရောက်စစ်ဆေးတဲ့အခါမှာတော့.... ဒီဇာတ်ကားထဲမှာတော့ ပရိသတ်အချစ်တော် ကိုရီးယားမင်းသားချော Park Seo-Joon ကလည်း အထူးသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါသေးတယ်။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Taylor Swift: The Eras Tour (2023) 🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)The Era...
13/12/2023

Taylor Swift: The Eras Tour (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
The Eras Tour ဆိုတာ Taylor Swift ရဲ့ Album တွေ အားလုံးကို တစ်ခေတ်ချင်းစီ ပြန်ခံစားနိုင်ဖို့ နေရာကောင်းတစ်ခုဆို မမှားပါဘူး။ Pandemic မှာ Album တွေ အများကြီး ထုတ်ခဲ့တာကတစ်ကြောင်း တခြားသော အရှုပ်အရှင်းတွေကတစ်ကြောင်း Taylor ဟာ Tour တွေ လှည့်ဖို့ အကြောင်းမလှခဲ့လို့လည်း ကျွန်တော်တို့ ဒီလို ခံ့ညားလွန်းလှတဲ့ Iconic Tour ကြီးကို ရခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ Taylor Swift ဆိုတာ ဘာလဲ။ The Eras Tour ဆိုတဲ့ စင်မြင့်ထက်ပေါ်မှာ ပရိသတ်နဲ့ အပေးအယူမျှမျှ သူဘယ်လိုတွေ တောက်ပသွားလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါ။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

The Hunger Games: The Ballad of Songbirds & Snakes (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By C...
12/12/2023

The Hunger Games: The Ballad of Songbirds & Snakes (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ "တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း" တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။
ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း
ဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games 2012 မှာ ကျင်းပတဲ့ပွဲက ၇၄ ကြိမ်မြောက်ဖြစ်လို့ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ဒီဇာတ်လမ်းမှာတော့ ဟမ်းဂါးဂိမ်းတွေကိုလူတွေစိတ်မဝင်စားတော့လို့ ၁၀ ကြိမ်မြောက်အပြီးမှာ ပိတ်ရမလိုဖြစ်လာပါပြီ။ ဒါကိုမှ ကော်ရီရိုက လူတွေစိတ်ဝင်စားလာအောင် အလောင်းအစားတွေ၊ စပွန်ဆာတွေ ထည့်ဖို့ကြိုးစားပြီး သူ့အတွက်လည်းတက်လမ်းရဖို့ ကြိုးစားပုံတွေနဲ့အတူ တိုင်း ၁၂ တိုင်းက အခွန်ဘဏ္ဍာအဖြစ် အကောက်ခံရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အသက်လုပွဲ ကြည့်ရမှာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဇာတ်လမ်းရော ရိုက်ချက်တွေရော ကောင်းတာမို့ ဟန်းဂါးဂိမ်းဖန်တွေအတွက်တော့ နောက်ထပ်ကြည့်စရာ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

🎬 နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် Netflix, HBO Max, Amazon Prime, Hulu, Apple TV+ စတဲ...
11/12/2023

🎬 နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် Netflix, HBO Max, Amazon Prime, Hulu, Apple TV+ စတဲ့ Streaming Platform တွေရဲ့ original series တွေ ...
🧟 Supernatural, Vampire Diaries, Prison Break, Walking Dead, Game of Thrones တို့လို အမိုက်စားဇာတ်လမ်းတွဲတွေ ...
🦸 Superheroes Fan တွေအတွက် Marvel, DC Series တွေ ...
စတဲ့စတဲ့ ဇာတ်ကားအစုံအလင်ကို တစ်နေရာထဲမှာကြည့်ရှုလို့ရမယ့် နေရာတစ်ခုကိုရှာနေပါသလား ⁉️
ဒီလိုဆိုရင်တော့ Mr. Potato Series Premium Channel က သင့်အတွက်ပါပဲ 🤩

Series ပေါင်း ၃၀၀ ကျော်ကို တစ်သက်တာ Member ကြေး ၂၅၀၀ ကျပ်တည်းပေးပြီး Member ဝင်ထားရုံနဲ့ Mr. Potato Telegram Channel မှာ တင်ပေးထားသမျှ Series တွေအားလုံးကို တစ်ဝကြီးဝင်ပြီးကြည့်ရှုလို့ရမှာပါ 🙀
အသစ်ထွက်ရှိသမျှ Ongoing Series တွေကိုလည်း Up to date ဆက်ပြီးတင်ပေးနေတာမို့ အရမ်းကိုအဆင်ပြေသွားပြီပေါ့ 😍

🎬 Premium မှာပါဝင်တဲ့ Series Lists ကို ပုံတစ်ပုံချင်းစီမှာ ဝင်ကြည့်လို့ရပါတယ်။

🗨️ Member ဝင်ချင်တယ်ဆိုရင်တော့ Page Messenger, or Telegram account https://t.me/kevinkhs23 မှာ အခုပဲ လာပြီးဆက်သွယ်လိုက်တော့နော် 😉

Leave the World Behind (2023)🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)ကမ္ဘာပျက်နေချ...
11/12/2023

Leave the World Behind (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
ကမ္ဘာပျက်နေချိန်မှာ အသက်ရှင်ဖို့ကြိုးစားရတဲ့ ရုပ်ရှင်အမျိုးအစား နောက်တစ်ကားပါပဲ။ ဒီကားကတော့ အက်ရှင်မဟုတ်ဘဲ ဆိုက်ကို သည်းထိပ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာတောင် အဖြေကို ရှာတွေ့သလို မတွေ့သလိုနဲ့ ပဟေဠိဆန်ဆန်ရိုက်ထားတဲ့ကားမျိုးပါ။ Mr. Robot စီးရီးရဲ့ ဖန်တီးရှင် Sam Esmail က ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Julia Roberts, Mahershala Ali, Ethan Hawke တို့လို ဆရာကြီးတွေ ပါဝင်ထားပါတယ်။ Kevin Bacon ကတောင် ဝင်ပြီးအားဖြည့်ပေးထားပါသေးတယ်။

~ ဇာတ်လမ်းအကျဉ်း ~
လင်မယားနှစ်ယောက် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ဟာ ကျေးလက်အိမ်တစ်လုံးငှားပြီး အပန်းဖြေဖို့ထွက်လာကြပါတယ်။ အငယ်ဆုံးသမီးလေးက Friends တီဗီစီးရီးကို အသည်းအသန်စွဲလမ်းနေတဲ့သူဖြစ်ပြီး ဇာတ်သိမ်းပိုင်းကို အားလပ်ရက်မှာ ကြည့်ဖို့ အားခဲ့ထားတာပါ။ ဒါပေမဲ့ အပန်းဖြေအိမ်ကိုရောက်ရောက်ချင်းမှာပဲ ဖုန်းလိုင်းတွေ အင်တာနက်တွေအကုန်ပြတ်တောက်သွားပြီး ညအချိန်မတော်ကြီးမှာ အိမ်ရှင်သားအဖကပါ မြို့ပေါ်ကနေ သူတို့အိမ်ကို ပြေးလာခဲ့ပါတယ်။ အိမ်ငှားတွေနဲ့ အိမ်ရှင်တွေ တစ်ယောက်ကိုတစ်ယောက် သံသယတွေနဲ့ မီးပျက်တာတွေ လိုင်းပျက်တာတွေကို အဖြေရှာဖို့ ကြိုးစားရင်း အသက်ရှင်ဖို့ ကြိုးစားကြရပါတော့တယ်။ အငယ်ဆုံး သမီးလေးကတော့ Friends ဇာတ်သိမ်းပိုင်းကို ကြည့်ဖို့ပဲ တလျှောက်လုံး ကြိုးစားနေပါတော့တယ်။ ကျန်တာကတော့ ဇာတ်လမ်းအဆုံးမှာ အဖြေတွေပေါ်လာသလို ကိုယ့်အတွေးနဲ့ကိုယ်လည်း ဆက်ပြီးစဉ်းစားလို့ရတဲ့အကြောင်းပဲ ပြောချင်ပါတယ်။ ကြည့်လိုက်ကြပါဦး။

(Series ပေါင်း 300 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger, or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://m.facebook.com/story.php?story_fbid=331846606264725&id=100083181639061&mibextid=Nif5oz

Oppenheimer (2023) 🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။ဇာတ်လမ်းအညွှန်း(By Channel Myanmar)ဒါရိုက်တာ ခရစ္စတိုဖာနို...
09/11/2023

Oppenheimer (2023)

🔗 ကြည့်ရမယ့်လင့်ကို ကွန်မန့်မှာပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
(By Channel Myanmar)
ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို တင်ပေးထားပါတယ်။ အကြည်ထွက်ဖို့က အတော်ကိုကြာဦးမှာမို့ အကြည်ဆုံး cam ဗားရှင်းကို ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ ဘာသာပြန်ဖို့ စာဖိုင်အမှန်လည်းမရသေးတာကြောင့် ကွက်လပ်အချို့တော့ပါပေမဲ့ အားလုံးနီးပါး နားလည်အောင်တော့ ပြန်ပေးထားပါတယ်။ Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malek တို့ အစုံပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။ အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။ အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။ ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။ အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။

(Series ပေါင်း 250 ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုချင်တယ်ဆိုရင် Lifetime Member ကြေး 2500 ကျပ်တည်းနဲ့ member လာဝင်လို့ရပါတယ်။ Member ဝင်ချင်တယ်ဆိုရင် Page Messenger , or Telegram https://t.me/kevinkhs23 account မှာ အခုပဲ အမြန်လာပြီးဆက်သွယ်လိုက်တော့နော်😉)
Series Lists ကြည့်ရန်
https://www.facebook.com/100083181639061/posts/169094252539962/

Address


Website

Alerts

Be the first to know and let us send you an email when Mr. Potato Movies & Series Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share