News & Media website

  • Home
  • News & Media website

News & Media website ၂၀၂၂ခုနစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စတင်တည်ထောင်သော သတင်းဌာန ဖြစ်ပါသည်။

အများကြီးမပြောတော့ပါတစ်ကယ်ဆော့မယ်ဆိုရင် 1000 ကျပ်ကနေအကောင့်ဖွင့်ပေးတယ်နေ် Viber 09 883 142 805 ကိုဆက်သွယ်လိုက်ပါ
26/06/2022

အများကြီးမပြောတော့ပါတစ်ကယ်ဆော့မယ်ဆိုရင် 1000 ကျပ်ကနေအကောင့်ဖွင့်ပေးတယ်နေ်
Viber 09 883 142 805 ကိုဆက်သွယ်လိုက်ပါ

ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်တယ်လို့ ကြေညာ-News & Media website
25/01/2022

ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်တယ်လို့ ကြေညာ-
News & Media website

ထားဝယ် ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင် ပရဟိတ လုပ်ဆောင်နေသော လူငယ် ၇ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ရန်ကုန်၊ ဇန်နဝါရီ ၂၅  ...
25/01/2022

ထားဝယ် ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင် ပရဟိတ လုပ်ဆောင်နေသော လူငယ် ၇ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရေသိမ်လမ်းသွယ်တွင် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းအရေးပေါ်ကားတစ်စီးနှင့် ပရဟိတ လုပ်ဆောင်နေသော လူငယ် ၇ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီ ၂၄ ရက်နေ့ ည ၈ နာရီ ၃ဝမိနစ်ခန့်တွင် အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ပရဟိတ လုပ်ဆောင်နေသော ကိုသန့်ဇင်ထူး၊ မဆုယဉ်လဲ့၊ မခင်ချိုသက် အပါဝင် စုစုပေါင်း လူငယ် ၇ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီးနောက် ပြည်သူများ လှူဒါန်းထားသည့် အရေးပေါ်ကားတစ်စီးနှင့် ဆေးဝါးပစ္စည်းများကိုပါ လုယက် ခိုးယူသွားကြောင်း သိရသည်။

" သူတို့်က ထားဝယ်ခရိုင်အတွင်းမှာ ပရဟိတအကျိုးပြု လုပ်ကိုင်နေတဲ့ လူငယ်လေးတွေ ဘာကြောင့် လာဖမ်းလဲတော့မသိဘူး။ ရှိတာ အကုန်စစ်သားတွေ သိမ်းသွားတယ်" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
Crd
News & Media website

ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့က တနေကုန် တိုက်ပွဲပြင်းထန်ပြီး လေကြောင်းမှတဆင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ရန်ကုန်၊ ဇန်နဝါရီ ...
25/01/2022

ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့က တနေကုန် တိုက်ပွဲပြင်းထန်ပြီး လေကြောင်းမှတဆင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်၊ ဟိုဖိတ်နှင့် ၅ မြောင်း စိုက်ကွင်းများဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော်၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၆ နာရီခွဲမှ စတင်ကာ တိုက်ပွဲ တနေကုန်ဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ ၄၅ မိနစ်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၃ ကြိမ် လာရောက်ပစ်ခတ်ကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပူးပေါင်းအဖွဲ့မှ ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲများဖြစ်ပွားနေသော ဒေသများတွင် ၎င်းတို့၏ သတင်းပေးဒလန် ၃ ဦးကို ပြန်လည်သတ်ဖြတ်ခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် သတင်းတုများဖြင့် ဝါဒဖြန့်နေကြောင်း၊ အရပ်သားပြည်သူများကို စစ်တပ်ယူနီဖောင်းများ ဝတ်ပေးခြင်းဖြင့် လမ်းပြအဖြစ်သော်လည်းကောင်း လူသားဒိုင်းအဖြစ်သော်လည်းကောင်း အသုံးပြုလျက်ရှိနေကြောင်း၊ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ဖောက်ထွင်းခိုးယူခြင်း၊ ၄င်းတို့၏ လက်ပါးစေ သူခိုးအုပ်စု များအား အကာအကွယ်ပေးပြီး ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ခိုးယူစေခြင်းများ ပြုလုပ်လျက် ရှိကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓါတ်ပုံ - KNDF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)
Crd
News & Media website

ပြည်သူများ ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးရန်ကုန်၊ ဇန်နဝါရီ ၂၄ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများ ...
25/01/2022

ပြည်သူများ ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများ ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ယူရရှိသည်။

News & Media website

ခမရ ၅၇၉ မှ တပ်သား စိုင်းလင်းထွန်း အောက်ချင်းတွင်းဒေသ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရန်ကုန်၊ ဇန်နဝါရီ ၂၅အကြမ်းဖ...
25/01/2022

ခမရ ၅၇၉ မှ တပ်သား စိုင်းလင်းထွန်း အောက်ချင်းတွင်းဒေသ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

အကြမ်းဖက်စစ်ကောင်စီ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ ခမရ ၅၇၉ မှ တပ်သား စိုင်းလင်းထွန်းသည် စစ်ကိုင်းတိုင်း၊ အောက်ချင်းတွင်းဒေသရှိ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ထံ CDM ပြုလုပ်ကာ အလင်းဝင်ကြောင်း DGF က သတင်းထုတ်ပြန်သည်။

"သူက ဇာတိမြေကို ပြန်လာရင်းနဲ့ ကျနော်တို့ လာပူးပေါင်းတယ်၊ လက်နက်တော့ မပါဘူး။ သူက အာဏာရူးတွေရဲ့လုပ်ရပ်ကို လက်မခံနိုင်တော့လို့ ပြည်သူ့တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး အာဏာရှင်တွေကို တိုက်ထုတ်သွားမယ်လို့ ပြောတယ်" ဟု DGF အဖွဲ့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ကိုယ်ပိုင်အမှတ် တ ၅၅၀၃၃၅ တပ်သားစိုင်းလင်းထွန်းသည် မိုင်းခုတ်အခြေစိုက် ခမရ ၅၇၉ တပ်ရင်းမှဖြစ်ကြောင်း Democratic Guerrilla Force (Lower Chindwin) တပ်ဖွဲ့မှ နွေးထွေးစွာကြိုဆိုထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် တည်ရှိပြီး ခမရ ၅၇၉ တပ်ရင်းသည် မိုင်းခုတ်မြို့တွင် အခြေစိုက်သည်။

ဓါတ်ပုံ - CDM ပြုလုပ်လာသည့် တပ်သားစိုင်းလင်းထွန်း
News & Media website

စစ်တပ်က မြန်မာပြည်သူများအပေါ် လူသားမျိုးနွယ်စုဆိုင်ရာ ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေ၍ နည်းလမ်းစုံကို အသုံးပြု ...
25/01/2022

စစ်တပ်က မြန်မာပြည်သူများအပေါ် လူသားမျိုးနွယ်စုဆိုင်ရာ ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေ၍ နည်းလမ်းစုံကို အသုံးပြု လူထုကို ကာကွယ်ပေးရန် နိုင်ငံတကာတွင် တာဝန်ရှိဟု ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်တပ်က မြန်မာပြည်သူများအပေါ် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကျူး လွန်နေ၍ နိုင်ငံတကာအနေဖြင့် နည်းလမ်းစုံကို အသုံးပြု၍ မြန်မာပြည်သူများကို ကာကွယ်ပေးရန် တာဝန်ရှိဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆိုလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဇန်နဝါရီလ ၂၄ ရက်နေ့ ကျင်းပပြုလုပ်သော (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၆) ကြိမ်မြောက် မျက် နှာ စုံညီအစည်းအဝေး၌ “ကုလသမဂ္ဂအဖွဲ့အစည်း၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ” ဘာသာရပ်ဆိုင် ရာဆွေးနွေးမှုတွင် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ စစ်တပ်၏ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှု တို့၏ သားကောင်များမဖြစ်စေရေး နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် မြန်မာပြည်သူများကို ကာကွယ်ရန် တာဝန်ရှိသည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ် တင်းတင်းပင် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူ (၁၄၄၇) ဦး ကျော် သေဆုံးခဲ့ပြီး အခြား ထောင်ပေါင်းများစွာသော ပြည်သူများမှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ညှင်းပန်းနှိပ်စက် ခံရကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့စစ်တပ်အား ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း ၎င်းတို့သည် ပြည်သူများ အပေါ် မည်သို့မျှ စဉ်းစားပေးခြင်းမရှိဘဲ၊ ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုဆန့်ကျင်ကာ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်၍ ပြစ်မှုမြောက်များစွာကိုသာ ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီးကပြောသည်။

မြန်မာ့စစ်တပ်၏ အင်အားအလွန်အကျွံအသုံးပြုမှုနှင့် လူသားမဆန်သော ရက်စက်ကြမ်းကြုတ် မှုတို့ကြောင့် ပြည်သူများနှင့် ပြည်သူများ၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ကျန်းမာရေး အဆောက်အဦများ၊ စာသင်ကျောင်းများနှင့် လယ်ယာပျိုးခင်းများ ပျက်စီးခဲ့ရကြောင်း၊ ထိုမျှမကဘဲ အသက်သေးဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းအပြင်၊ ရာနှင့်ချီသော ပြည်သူများအနေဖြင့်လည်း နီးစပ်ရာ နယ်မြေဒေသများသို့ ထွက်ပြေးရှောင်တိမ်းနေရပြီး ဒုက္ခသည်များအဖြစ် ရပ်တည်နေရကြောင်း၊ ထိုသို့ ဒုက္ခ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသူများတွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မိန်းမရွယ်လေးများနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း၊ အဆိုပါ ခက်ခဲသည့်အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ မလုံလောက်မှုတို့က ၎င်းတို့အား ပိုမိုထိခိုက်လွယ်၍ စိုးရိမ်ရ သော အန္တရာယ်များသို့ရောက်စေရန် တွန်းပို့နေကြောင်း၊ မြန်မာစစ်တပ်မှ ဖော်ပြပါ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဥပဒေများကို ချိုး‌ဖောက်နေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်နေသည်မှာ သိသာ ထင်ရှားကြောင်း ၎င်းက ထောက်ပြသည်။

မြန်မာ့စစ်တပ်က ပိုမိုဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်မည့် ရန်စွယ် အန္တရာယ်မှ ကာကွယ်နိုင်ရန် မြန်မာပြည်သူပြည်သားများအနေဖြင့် နိုင်ငံတကာ၏ အကူအညီနှင့် အကာအကွယ်ပေးမှုတို့ကို လိုအပ်နေသည်မှာ ရှင်းလင်းမြင်သာပါကြောင်း၊ မြန်မာ့စစ်တပ်၏ ပြစ်မှုများကျူးလွန်မှုကြောင့် ထိခိုက်ခံစားရသူများ ပိုမိုမတိုးပွား လာစေရန် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် မြန်မာပြည်သူပြည်သားများအပေါ် စစ်တပ်မှ ကျူးလွန်နေသည့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုအန္တရာယ်တို့မှ အကာအကွယ်ပေးနိုင်ရန် ကုလသမဂ္ဂပဋိဉာဏ်စာတမ်းနှင့်အညီ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကုလသမဂ္ဂမှတစ်ဆင့် ဖြစ်နိုင်သည့်နည်းလမ်းစုံကို အသုံးပြု၍ အချိန်မီပြတ်သားစွာ ကာကွယ်ပေးရန် တာဝန်ရှိပါကြောင်း ၎င်းက ပြောသည်။

အဓိကအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကတိကဝတ်ပြုမှုနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ခိုင်မာပြီး မမှိတ်မသုန် ထောက်ခံမှုတို့ဖြင့် မြန်မာ့စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင်အဆုံးသတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် လိုအပ်နေသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဖော်ဆောင်နိုင်ကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကိုလည်း ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု ပြန်လည်ပေါ်ထွန်းလာစေရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထိရောက် မြန်ဆန်၍ ညီညွတ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရန် မိမိအနေဖြင့် ထပ်လောင်း တောင်းဆိုလိုပါကြောင်း သံအမတ်ကြီးက ပြောသည်။

News & Media website

ယောဒေသ ပုံတောင်ပုံညာ၌ ယော-YDF ၏ တပ်ဦးအလံကို လွှင့်ထူနိုင်ခဲ့ဇန်နဝါရီ ၂၄၊ ၂၀၂၂။Photo credit Yaw Defense Force - YDFNews &...
25/01/2022

ယောဒေသ ပုံတောင်ပုံညာ၌ ယော-YDF ၏ တပ်ဦးအလံကို လွှင့်ထူနိုင်ခဲ့

ဇန်နဝါရီ ၂၄၊ ၂၀၂၂။
Photo credit Yaw Defense Force - YDF
News & Media website

ရန်ကုန်တာ​မွေတွင် စစ်အာဏာရှင် ဆန့်ကျင်​ရေး ပိုစတာချိတ်ဆွဲရန်ကုန်၊ ဇန်နဝါရီ ၂၅ ရန်ကုန်တာ​မွေတွင် စစ်အာဏာရှင် ဆန့်ကျင်​ရေး...
25/01/2022

ရန်ကုန်တာ​မွေတွင် စစ်အာဏာရှင် ဆန့်ကျင်​ရေး ပိုစတာချိတ်ဆွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရန်ကုန်တာ​မွေတွင် စစ်အာဏာရှင် ဆန့်ကျင်​ရေး ပိုစတာယ​နေ့ချိတ်ဆွဲသည်။

အ.ထ.က (၃)တာမွေကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ကျောင်းသားလူငယ်များပူးပေါင်းကာ တာမွေမြို့နယ်အတွင်း "ဘာတိုက်ပွဲလဲ လူထုတိုက်ပွဲ" စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ကြသည်။

Photo-ဗကသများအဖွဲ့ချုပ်

KNDF B-03 အတွက် ၂ လက်၊ KGY အတွက် ၁ လက် သေနတ်အသစ်များကို အလှူရှင်များက ဝယ်ပေးခဲ့ဇန်နဝါရီ ၂၅၊ ၂၀၂၂။Photo credit Kayan Gene...
25/01/2022

KNDF B-03 အတွက် ၂ လက်၊ KGY အတွက် ၁ လက် သေနတ်အသစ်များကို အလှူရှင်များက ဝယ်ပေးခဲ့

ဇန်နဝါရီ ၂၅၊ ၂၀၂၂။
Photo credit Kayan Generation Youth
B-03

ပေါက်မြို့နယ် သစ်ညီနောင်ရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ဝင်ရောက် ဖျက်ဆီးပြီး ရွှေ၊ ငွေ၊ စားသောက်ကုန် ပစ္စည်းမျာ...
25/01/2022

ပေါက်မြို့နယ် သစ်ညီနောင်ရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ဝင်ရောက် ဖျက်ဆီးပြီး ရွှေ၊ ငွေ၊ စားသောက်ကုန် ပစ္စည်းများပါ လုယက် ယူဆောင်

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မကွေးတိုင်း ပေါက်မြို့နယ် သစ်ညီနောင်ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၂၂ရက်နေ့တွင် ဝင်ရောက် ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ ပြည်သူများ ပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ စားသောက်ကုန် ပစ္စည်းများကိုပါ လုယက်ယူဆောင်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တပ်ကုန်း၊ ရွာသစ်၊ ပျဉ်ထောင်၊ ကျောက်ကာ၊ ဒီးဒုတ်ကွင်းရွာမှ ပျူစောထီးများသည် သစ်ညီနောင်ရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ပျူစောထီးနဲ့ စစ်သား အင်အား ၁၅၀ကျော်လောက်ရှိမယ်။ အိမ်တွေကိုလည်း ဖျက်ဆီးတယ်။ အိမ်တိုင်ခြေတွေကို လွှနဲ့ဖျက် အိုးခွက်၊ ပန်းကန် ဗီဒိုတွေကို ဖျက်ဆီးပြီး ရွာထဲမှာ တစ်ညအိပ်တယ်။ ရွာထဲမှာရှိတဲ့ ကြက်၊ ဝက်တွေကိုလည်း သတ်စားသွားတယ်။ ရွှေ၊ ငွေ၊ ဆန်၊ ဆီတွေလည်း ယူဆောင်သွားတယ်။ ဒီနေ့ နံနက်၇နာရီ ၃ဝမိနစ်လောက်မှာ ရွာထဲက ပြန်ထွက်သွားတယ်လို့ သိရတယ်"ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

AZSCO အမည်ရှိရုရှားသင်္ဘောက တင့်ကားအပါအဝင် လက်နက်ကြီးအမြောက် များ၊ လက်နက်ခဲယမ်းကို သီလဝါဆိပ်ကမ်းတွင် လာချပေး၊ ညတွင်း ချင...
25/01/2022

AZSCO အမည်ရှိရုရှားသင်္ဘောက တင့်ကားအပါအဝင် လက်နက်ကြီးအမြောက် များ၊ လက်နက်ခဲယမ်းကို သီလဝါဆိပ်ကမ်းတွင် လာချပေး၊ ညတွင်း ချင်း ဆိပ်ကမ်းမှ သယ်ယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ၊ သီလဝါ MITT ဆိပ်ကမ်းတွင် AZSCO အမ ည်ရှိ ရုရှားသင်္ဘောက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တင့်ကားများ၊ လက်နက် ကြီး အမြောက်များ၊ လက်နက်ခဲယမ်းများကို လာချပေးခဲ့ပြီး ယင်းတင့်ကားနှင့် လက်နက်ကြီးအမြောက်များကို ယမန်နေ့ညပိုင်းတွင် စစ်တပ်က သယ်ဆောင်သွားကြောင်း ရန်ကုန် ခေတ်သစ်က စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် AZSCO အမည်ရှိ ရုရှားသင်္ဘောသည် သီလဝါ MITT ဆိပ်ကမ်းသို့ ဆိုက်ရောက်လာပြီး တင့်ကား၊ လက်နက်ကြီးအမြောက်များနှင့် လက်နက်ခဲယမ်းများကို ချထားပေးကြောင်း၊ ပစ္စည်းများ ချထားပေးပြီးနောက် ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် AZSCO သင်္ဘော ချက်ချင်း ပြန်လည် ထွက်ခွာသွားကြောင်း ရန်ကုန်တိုင်းစစ်တပ်သတင်းရပ်ကွက်က အတည်ပြုသည်။

သင်္ဘောက ချထားပေးသည့် တင့်ကားများ၊ လ က်နက်ကြီးအမြောက်များ၊ လက် နက်ခဲယမ်းများကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် သယ်ယူကြောင်း သိရှိရသည်။

"သယ်တာက ဒဂုံ သီလဝါလမ်းအတိုင်း သီလဝါ Gate 1 ကနေ သယ်တာပါ။ တင့်ကားတင်တာက တွဲကား ၂၆ စီး၊ လက်နက်နဲ့ အမြှောက်တွေ တင်တာက ၆ စီးပါ။ ကာဖျူးအချိန်မှာ သယ်တာပါ" ဟု ရန်ကုန်တိုင်းစစ်သတင်းရပ်ကွက်က အတည်ပြုသည်။
News & Media website

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီထုတ်ကုန်များ သယ်‌ဆောင်ခြင်းရှိမရှိ ဒေသပြောက်ကျားအဖွဲ့ စစ်ဆေးရန်ကုန်၊ ဇန်နဝါရီ ၂၄စစ်ကိုင်းတ...
24/01/2022

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီထုတ်ကုန်များ သယ်‌ဆောင်ခြင်းရှိမရှိ ဒေသပြောက်ကျားအဖွဲ့ စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ် ထုတ်ကုန်များ သယ်ဆောင်ရောင်းဝယ်ခြင်းရှိ၊ မရှိ ဒေသခံ ခင်ဦးမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်မှန်သမျှနှင့် ထောက်တိုင်များ၏ ဆက်စပ်ပစ္စည်းများအားလုံးကို ဖျက်ဆီးမည်ဟု ခင်ဦးမြို့ပြပြောက်ကျား KULG အဖွဲ့က ထုတ်ပြန်ထားသည်။

ခရီးသွားပြည်သူများအနေဖြင့် စစ်ဆေးမှုပြုလုပ်ခြင်းများကို ကြည်ဖြူစွာလက်ခံရန် ခင်ဦးမြို့ပြ ပြောက်ကျားအဖွဲ့က မေတ္တာရပ်ခံတောင်းဆိုထားသည်။
News & Media website

ရွှေဘိုတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးပြီးနောက် ရွာစိုးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့၊ မသန်စွမ်းသူ အပါအဝင်...
24/01/2022

ရွှေဘိုတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးပြီးနောက် ရွာစိုးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့၊ မသန်စွမ်းသူ အပါအဝင် ရွာသားနှစ်ဦးကို ပစ်သတ်

ရန်ကုန် ၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်တွင် ယနေ့ စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးပြီးနောက် ရွာစိုးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့နေကာ မသန်စွမ်းသူ အပါအဝင် ရွာသားနှစ်ဦးကိုလည်း စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ရွာစိုးရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီး စုစုပေါင်း အင်အား ၂၀၀ ခန့် လက်နက်ကြီးဖြင့် ၅ ချက် ပစ်ခတ်ပြီး ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ၊ နံနက် ၈ နာရီအချိန်ခန့်တွင် ဝင်ရောက်လာကာ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးကာ မသန်စွမ်းသူ အပါအဝင် ပြည်သူ ၂ ဦးကို ပစ်သတ်ကြောင်း၊ လက်ရှိအချိန်တွင် ရွာစိုးရွာကို ရွာလုံးကျွတ်မီးရှို့နေကြောင်း ထွက်ပြေးနေရသည့် ရွာသားများက ပြောဆိုသည်။

“တွေ့သမျှ လူ အကုန်ဖမ်းတွင် ၇၀ လောက်မိတယ်။ ရွာကို ဝင်မွှေပြီး ရွာသား ၂ ဦးကို သတ်ပြီး တစ်ရွာလုံးကို မီးရှို့နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

အသတ်ခံရသူ နှစ်ဦးမှာ ကိုမောင်ညိုနှင့် ကိုငနွားတို့ ဖြစ်ကြပြီး ကိုငနွားမှာ မသန်စွမ်းသူ တစ်ဦးဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် ဖမ်ဆီးခံရတချို့ကို တစ်ရွာလုံးကို မီးရှို့မှာ ဟု ပြောဆိုကာ ပြန်လွှတ်ပေးကြောင်း ဒေသခံများက ပြောဆိုသည်။

“ဖမ်းထားတဲ့ လူတွေကို ခင်ဗျားတို့ ရွာကို မီးရှို့မှာ ၊ တစ်နာရီအတွင်း လိုချင်တာ ယူပြီး ပြေးခိုင်းတယ်။ ဘာမှ သေချာမယူနိုင်ဘူး ။ တချို့ကလည်း ဘာမှ မယူတော့ဘဲ လူလွတ်ပြေးကြတာ” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်များသည် ရွာစိုးရွာနှင့် ဇီးဖြူကုန်းရွာကြားတွင် တပ်စွဲထားပြီး ရွာစိုးရွာကို တစ် နေကုန် မီးရှို့နေခြင်းဖြစ်သည်။

ရွာစိုးရွာမှာ လက်ရှိအချိန်ထိ မီးငြိမ်းသွားခြင်းမရှိဘဲ မီးလောင်ကျွမ်းနေခြင်းဖြစ်သည်။

ယနေ့ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ စစ် အင်အား ၁၅၀ ကျော်ဖြင့်
ရွှေ ဘို မြို့နယ် သီလုံး-ဇီးဖြူကုန်းရွာဖက်မှထွက်ခွာလာပြီး ရွာဆိုး-ပေါက်ချိုင်-သပြေကန် -ထူးကြီး-တည်ပင် ဘက်ကို စစ်ကြောင်းထိုးလာ၍ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ယနေ့နံနက်တိုက်ပွဲတွင် စစ်သား ၁၀ ဦး သေဆုံး၍ ရွာစိုးရွာကို မီးဝင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Khit Thit

"အရာတော်၊ ကျွဲခြံကျေးရွာသို့ စစ်တပ်အင်အား(၄၀)ခန့် လာချထား"24.1.2022(MON) | 8:30 PMယနေ့ ဇန်နဝါရီ(၂၄)ရက်၊ ညနေပိုင်းက အရာတေ...
24/01/2022

"အရာတော်၊ ကျွဲခြံကျေးရွာသို့ စစ်တပ်အင်အား(၄၀)ခန့် လာချထား"
24.1.2022(MON) | 8:30 PM

ယနေ့ ဇန်နဝါရီ(၂၄)ရက်၊ ညနေပိုင်းက အရာတော်အနောက်မြောက်နယ်၊ ကျွဲခြံကျေးရွာသို့ (၆)ဘီးကားတစ်စီးဖြင့် စစ်ကောင်စီအင်အား(၄၀)ခန့် လာရောက်ချထားခဲ့ကြောင်း သိရှိရသည်။
ယခု အဆိုပါ စစ်ကောင်စီတပ်များသည် ကျွဲခြံဘုန်းကြီးကျောင်းတွင်း၌ စခန်းချလျက်ရှိကြောင်းသိရှိရသည်။ ယူနီဖောင်းအသစ်ဖြင့် သင်တန်းဆင်းစ ပျူစောထီးအသွင်ပြောင်း စစ်သားသစ်ပုံစံများ ပါဝင်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

Subscribe Us :
https://t.me/ayadawrevolutionnews

သတင်းများပေးပို့ရန် အရာတော်ကင်းထောက်
https://t.me/ayadawscouts

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ်များ တိုက်ခိုက်ခံရပြီး သုံးပွင့် ဗိုလ် ၁ ဦး အပါအဝင် စစ်သား ...
24/01/2022

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ်များ တိုက်ခိုက်ခံရပြီး သုံးပွင့် ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာမှ ဆန်တက်လာသော အကြမ်းဖက် စစ် ကောင် စီ၏ ထောက်ပို့ရေယာဉ်များကို ဒေသကာကွယ်ရေးမဟာမိတ် အဖွဲ့များက ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် ကနီမြို့နယ် မုဌောရွာနှင့် ညောင်ပင်ဝန်းရွာကြား၌ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးပွင့်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၅ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

"တိုက်ပွဲက ရေကြောင်းမှာ ဖြစ်တာပါဗျ၊ အားလုံးပေါင်း ရေယာဉ် ၉ စီးပါ၊ တိုက်ပွဲက ၂၂ ရက်နေ့ခင်းလောက်ကတည်းက ပစ်နေကြတာ၊ ညဖက်လည် းပစ်တယ်။ ညဖက်ဆိုတော့ အထိအခိုက်မသိရဘူး။ ၂၃ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ပစ်တဲ့ပွဲမှာ စစ်ခွေးဘက်က ၃ ပွင့်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေတယ်ဆိုတာ ကျနော်တို့ သတင်းရင်းမြစ်ကနေ အတည်ပြု လို့ရပါတယ်" ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်လုံးကြီး) ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ်များကို ကနီ PDF (ကျောက်လုံးကြီး)၊ MPDF, Golden Triangle Forces, M&K The Boys မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ - ဒီဇင်ဘာလအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံရပြီး ကမ်းကပ်ရပ်နားထားသော စစ်ကောင်စီ ရေယာဉ်များ

News & Media website

မန္တလေးတွင် စစ်တပ်နှင့် ရဲများ ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းနှင့် စစ်ကောင်စီထုတ် ဘီယာများ ရောင်းချနေမှုအတ...
24/01/2022

မန္တလေးတွင် စစ်တပ်နှင့် ရဲများ ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းနှင့် စစ်ကောင်စီထုတ် ဘီယာများ ရောင်းချနေမှုအတွက် JMPDFက နောက် ဆုံးအကြိမ်သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မန္တလေးမြို့ရှိ KTV နှင့် ဘီယာဆိုင်များတွင် အကြမ်းဖက် စစ်ကောင်စီထုတ် ဘီယာများ ရောင်းချခြင်းမပြုရန်၊ ဆက်လုပ်နေပါက ကိုယ်ဖြစ် ကိုယ်ခံ ဟု Justice Mandalay People Defense Force က ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

မန္တလေးမြို့တွင်း ဆောင်းဘောက်များ ဖွင့်၍ မူးယစ်သောက်စားနေမှုများကိုလည်း ည ၉ နာရီ နောက်ဆုံးထား ပိတ်သိမ်းရန် သတိပေးချက်တွင် ပါရှိပြီး ည ၉ ကျော်သည့်တိုင် ဆူညံစွာ သောက်စးမူးယစ်အော်ဟစ်နေမှုများကို ထပ်မံ သတိပေးမှု ပြုလုပ်တော့မည် မဟုတ်ကြောင်း၊ ပြည်သူများ ထိခိုက်မည် စိုး၍ အကြိမ်ကြိမ်သတိပေးထားပြီး ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင် ဘီယာဆိုင်များ ဗုံးပေါက်ကွဲပါက ကိုယ်ဖြစ် ကိုယ်ခံ ဟု သတိပေးစာတွင် ပါရှိသည်။

“နောက်ဆုံးသတိပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပြီး အကြမ်းဖက်စစ်ကောင်စီ ထုတ်ကုန်ရောင်းချနေသည့် ဘီယာဆိုင်များ သတိထားနေရန်၊ PDFများနှင့် မြို့ပေါ်ရှိ UG များကို အားနာပေးရန်၊ သတိပေးချက်ကို မလိုက်နာပါက မည်သူကိုမျှ ငဲ့ညှာနေမည် မဟုတ်တော့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် မန္တလေးမြို့တွင် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ရဲများ ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ကို JMDPF က သတင်းအတိအကျရရှိထားသည် သတိပေးစာတွင် ဖော်ပြထားသည်။

News & Media website

ကယားအတွက်ရှယ်ပေးပါအုံး❗❗စစ်ကားအစီး ၆၀ လောက် နေပြည်တော် လိပ်သိုဖက်ကနေ ကယားဖက်တက်လာနေပြီ ။😑 ကူညီသတင်းပေးပို့ကြပါ Please Sh...
24/01/2022

ကယားအတွက်ရှယ်ပေးပါအုံး❗❗
စစ်ကားအစီး ၆၀ လောက်
နေပြည်တော် လိပ်သိုဖက်ကနေ ကယားဖက်တက်လာနေပြီ ။😑
ကူညီသတင်းပေးပို့ကြပါ Please Share
ပေးကြပါ🙏🙏🙏

ရွှေတုတ်ကန်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အဓမ္မကောက်ယူထားသော လျှပ်စစ်မီတာခ ၈ သိန်းကို မြို့နယ်သို့ သွားရောက်ပေးဆောင်စဉ် ဒေသ...
24/01/2022

ရွှေတုတ်ကန်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အဓမ္မကောက်ယူထားသော လျှပ်စစ်မီတာခ ၈ သိန်းကို မြို့နယ်သို့ သွားရောက်ပေးဆောင်စဉ် ဒေသကာကွယ်ရေးအဖွဲ့များက တားဆီး သိမ်းယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာမှ အဓမ္မကောက်ခံထားသော လျှပ်စစ်မီတာခများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မြို့နယ်မီတာရုံးသို့ သွားရောက်ပေးဆောင်စဉ် ရေနံချောင်း PDFနှင့် Rangers of Tropical Land (ROTL) အဖွဲ့များက တားဆီးပြီး မီတာခ ကောက်ခံရရှိငွေ ကျပ် ၈ သိန်းကို သိမ်းယူလိုက်ကြောင်း သတင်းရရှိသည်။

ပြည်သူများထံမှ အဓမ္မ ကောက်ယူရရှိထားသော လျှပ်စစ်မီတာခ ၈ သိန်းကျပ်ကို မြို့နယ်သို့ သွားရောက်ပေးဆောင်သည့် ရွှေတုတ်ကန် ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီး သိမ်းဆည်းလိုက်သော ငွေများကို တော်လှန်ရေးအတွက် အသုံးချသွားမည်ဟု ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

News & Media website

စိတ်ဓာတ်နဲ့လုပ်ရပ်လေးတွေကို🤝👍တကယ်ကိုဝမ်းသာဂုဏ်ယူလို့မဆုံးပါဘူးဗျာ👍💪 News & Media website
24/01/2022

စိတ်ဓာတ်နဲ့လုပ်ရပ်လေးတွေကို🤝👍
တကယ်ကိုဝမ်းသာဂုဏ်ယူလို့မဆုံးပါဘူးဗျာ👍💪

News & Media website

"မနေ့က ‌အောင်သာကုန်းကျေးရွာမှ အပြန် မိုင်းထိသွားသော စစ်ကောင်စီတပ်ဖွဲ့များ၏ ကားနှစ်စီး"24.1.2022(MON) | 1:20 PMမနေ့ ဇန်နဝ...
24/01/2022

"မနေ့က ‌အောင်သာကုန်းကျေးရွာမှ အပြန် မိုင်းထိသွားသော စစ်ကောင်စီတပ်ဖွဲ့များ၏ ကားနှစ်စီး"
24.1.2022(MON) | 1:20 PM

မနေ့ ဇန်နဝါရီ(၂၃)ရက်၊ မနက်ပိုင်းက အရာတော်အနောက်နယ်၊ အောင်သာကုန်းကျေးရွာမှ ဖောကား(၂)စီးဖြင့် ပြန်လာသော စစ်တပ်/ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ညီနောင်မဟာမိတ်(၈)ဖွဲ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဝါးရောင်းကျေးရွာအနောက်ဘက်နားတွင် တစ်ကြိမ်၊ မိုင်းထိပြီး ကျောက်စရစ်ကန်ကျေးရွာဘက်သို့ ပြန်လာစဉ်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့သည်ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်သားများ ထိခိုက်ကျဆုံးမှုကိုတော့ အသေးစိတ်မသိရှိရသေးပါဟု ‌ညီနောင်(၈)ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းတို့ ပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။

Subscribe Us :
https://t.me/ayadawrevolutionnews

သတင်းများပေးပို့ရန် အရာတော်ကင်းထောက်
https://t.me/ayadawscouts

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

တော်လှန်ရေးမှာ ကြွားစရာဆိုလို့အသားတွေမြင်မကောင်းအောင်မဲတာရယ်လူတွေကြည့်မကောင်းအောင်ပိန်တာရယ်သောက်ရမ်းပုံမကျတဲ့ဆံပင်တွေရယ်...
24/01/2022

တော်လှန်ရေးမှာ ကြွားစရာဆိုလို့
အသားတွေမြင်မကောင်းအောင်မဲတာရယ်
လူတွေကြည့်မကောင်းအောင်ပိန်တာရယ်
သောက်ရမ်းပုံမကျတဲ့ဆံပင်တွေရယ်ဘဲရှိတယ်
ကျန်သေးတယ်သူများအဝတ်အစားတွေဝတ်တက်နေပြီ

တိုင်းကျော် ( ဟား၅ကောင် )

မန်းရွှေစက်တော်ရာဘုရားလည်း မင်းအောင်လှိုင်ကို ချီတက် အလေးပြုရမည့်အထဲပါဝင်ရန်ကုန်၊ ဇန်နဝါရီ ၂၄ အကြမ်းဖက်စစ်ခေါင်းဆောင် မင...
24/01/2022

မန်းရွှေစက်တော်ရာဘုရားလည်း မင်းအောင်လှိုင်ကို ချီတက် အလေးပြုရမည့်အထဲပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကို အလေးပြုမည့် ကားများ အလှဆင်ရာတွင် မန်းရွှေစက်တော်ရာဘုရားကိုလည်း ထည့်သွင်းတည် ဆောက်ခိုင်းထားကြောင်း သိရှိရသည်။

နေပြည်တော်တွင် မင်းအောင်လှိုင်ကို ချီတက် အလေးပြုမည့် ကား ၅၀ နီးပါး အလှဆင်လျက်ရှိပြီး မန်းရွှေစက်တော်ရာဘုရား အမည်ဖြင့် ကားတစ်စီးကိုလည်း ပြင်ဆင်ထားပြီး ယင်းကားသည် မင်းအောင်လှိုင်ကို ချီတက် အလေးပြုမည့် ကားများထဲတွင် တစ်စီး အပါအဝင်ဖြစ်ကြောင်း၊ အလားတူ ဗိဿနိုးနယ်မြေအမည်ဖြင့် ကားအလှဆင်နေမှုလည်း ပါဝင်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားတွင် အလေး ပြုခံမည့် ဗိုလ်ရှုခံအဆောက်အအုံကို တည်ဆောက်နေကြောင်း သိရှိရသည်။
ဗိုလ်ရှုခံအဆောက်အအုံ တည်ဆောက်သည့်နေရာသည် သမ္မတအိမ်တော်၊ ပြည်ထောင်စုလွှတ်တော်ဝင်း အနီး တွင်ဖြစ်ပြီး လမ်း ၂၀ လမ်းမကြီးဘေးတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ ဗိုလ်ရှုခံ အဆောက်အအုံ တည် ဆောက်နေသော နေရာကို လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရူးသည့် စရိုက်လက္ခဏာ အပြည့်ရှိနေပြီး ကိုဗစ်ကြောင့် တိုင်းပြည် စီးပွားရေးအထိနာခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် စီးပွားရေး ထိုးကျနေချိန်တွင် ငွေကျပ်ဘီလီယံချီ အသုံးပြု၍ ဗိုလ်ရှုခံ အဆောက်အအုံ နှင့် အလေးပြုခံရန် စီစဉ်နေခြင်းဖြစ်သည်ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်ကို ချီတက် အလေးပြုရမည့် မန်းရွှေစက်တော်ဘုရားနှင့် ဗိဿနိုးနယ်မြေကားများ။

News & Media website

အမကြီး အမိရာဆိုတဲ့စကားအတိုင်း အငယ်လေးကို ကျစ်ကျစ်ပါအောင်ထွေးပွေ့ထားတဲ့ စစ်ဘေးရှောင်သမီးငယ်လေးရဲ့ ကြီးမားတဲ့ မေတ္တာတရား😢😢...
24/01/2022

အမကြီး အမိရာဆိုတဲ့စကားအတိုင်း အငယ်လေးကို ကျစ်ကျစ်ပါအောင်ထွေးပွေ့ထားတဲ့ စစ်ဘေးရှောင်
သမီးငယ်လေးရဲ့ ကြီးမားတဲ့ မေတ္တာတရား
😢😢😢

အိမ်အမြန်ဆုံးပြန်နိုင်ပြီး၊ နွေးထွေးတဲ့အမိုးအကာအောက်မှာ ခိုလှုံနိုင်ပါစေ သမီးလေးရေ😢


News & Media website

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလေးပြုခံမည့် ဗိုလ်ရှုခံအဆောက်အအုံ စဆောက်နေရန်ကုန်၊ ဇန်နဝါရီ ၂၄ အကြမ်းဖက် စစ်ခေ...
24/01/2022

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလေးပြုခံမည့် ဗိုလ်ရှုခံအဆောက်အအုံ စဆောက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားတွင် အလေး ပြုခံမည့် ဗိုလ်ရှုခံအဆောက်အအုံကို တည်ဆောက်နေကြောင်း သိရှိရသည်။

ဗိုလ်ရှုခံအဆောက်အအုံ တည်ဆောက်သည့်နေရာသည် သမ္မတအိမ်တော်၊ ပြည်ထောင်စုလွှတ်တော်ဝင်း အနီး တွင်ဖြစ်ပြီး လမ်း ၂၀ လမ်းမကြီးဘေးတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ ဗိုလ်ရှုခံ အဆောက်အအုံ တည်ဆောက်နေသော နေရာကို လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရူးသည့် စရိုက်လက္ခဏာ အပြည့်ရှိနေပြီး ကိုဗစ်ကြောင့် တိုင်းပြည် စီးပွားရေးအထိနာခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် စီးပွားရေး ထိုးကျနေချိန်တွင် ငွေကျပ်ဘီလီယံချီ အသုံးပြု၍ ဗိုလ်ရှုခံ အဆောက်အအုံ နှင့် အလေးပြုခံရန် စီစဉ်နေခြင်းဖြစ်သည်ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- ဗိုလ်ရှုခံ အဆောက်အအုံ တည်ဆောက်နေသည့်မြေပုံနှင့် မင်းအောင်လှိုင် အလေးပြုခံချိန် လှည့်လည်ကြမည့် အလှပြကားများ တည်ဆောက်နေသည့်မြင်ကွင်း။

ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့်စစ်စခန်းကို PDF ပူးပေါင်းတပ်များ ဝင်တိုက်မှု စစ်အရာရှိ ၂ ဦးအပါ အဝင် ၂၀ ထက်မနည်းသေဆုံး၊ PD...
24/01/2022

ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့်စစ်စခန်းကို PDF ပူးပေါင်းတပ်များ ဝင်တိုက်မှု စစ်အရာရှိ ၂ ဦးအပါ အဝင် ၂၀ ထက်မနည်းသေဆုံး၊ PDF ၂ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့်စစ်ကောင်စီစခန်းကို PDF ပူး ပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်အရာရှိ ၂ ဦးအပါအဝင် ၂၀ ထက်မနည်းသေဆုံးကြောင်း ပင်လည်ဘူးPR က သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်း ၃ နာရီ ၄၅ မိနစ်အချိန် ပင်လည်ဘူးမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲများ တပ်စွဲထားသော မြို့ပေါ် ရဲစခန်းကို ဝင်တိုက်ခိုက်ရာ စစ်အရာရှိ ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်းသေဆုံးကြောင်း ၊ PDF တပ်များဘက်မှလည်း ၂ ဦးကျဆုံးကြောင်း PR က သတင်းထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်မူ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ ကာ ကွယ်ရေးဖွဲ့က PDF ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဝင်တိုက်ခဲ့ပြီး စစ်သား ၆ ဦး အရှင်ဖမ်းမိကာ လက် နက်ခဲယမ်းများ သိမ်းဆည်းမိကြောင်း၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံးကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန် ပင်လည်ဘူးမြို့ပေါ် ရဲ စခန်းနှင့် စစ်ကောင်စီတပ်စခန်း ရိပ်သာကုန်းတို့ကို PDF က ဝင်တိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကော်ငစီတပ်သားအများအပြားကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စစ်သား ၆ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ PDF ဘက်မှ ၁ ဦးကျဆုံးကာ ၈ ဦးဒဏ်ရာရရှိကြောင်း NUG ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြချက်အရ သိရှိရသည်။

နိုင်ငံရေးအပြောင်းအလဲ၊ အလုပ်အကိုင်ရှားပါးမှုနှင့် ရွှေ့ပြောင်းလုပ်သားအရေးကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္...
24/01/2022

နိုင်ငံရေးအပြောင်းအလဲ၊ အလုပ်အကိုင်ရှားပါးမှုနှင့် ရွှေ့ပြောင်းလုပ်သားအရေး

ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ အလုပ်အကိုင်ဆုံးရှုံးခြင်းနဲ့ စားသောက်ကုန်စျေးနှုန်းတွေ တက်လာမှုက မြို့ပြဒေသတွေကို အဆိုးရွားဆုံး ရိုက်ခတ်နေပြီး လာမယ့်သုံးလနဲ့ ခြောက်လအတွင်း လူ ၃ ဒသမ ၄ သန်းကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲကြုံနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ သုံးသပ်ချက်တွေက ဆိုထားပါတယ်။

ရင်နာစရာကောင်းတာက ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ လူပွဲစားတွေဆီ တစ်ဦးကို ဘတ် ၁၈၀၀၀ နဲ့ ၂၀၀၀၀ ကြား ပေးပြီးလာကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူပွဲစားတွေကြောင့် သူတို့မှာ ပိုက်ဆံကုန်တဲ့အပြင် အဖမ်းခံရပါသေးတယ်။

ဒီလို အဖမ်းခံရတဲ့အခါ တချို့က ပြန်ပို့ခံရတာရှိပေမဲ့ တချို့ကတော့ လဝကအချုပ်ထောင်မှာ အနည်းဆုံး ခြောက်လအထိ ပြစ်ဒဏ်ကျခံရတဲ့သူတွေလည်း ရှိတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။

Read More - - - >>> https://news-eleven.com/article/224422

■ (Zawgyi ဖြင့် ဖတ်ရန်)

နိုင်ငံရေးအပြောင်းအလဲ၊ အလုပ်အကိုင်ရှားပါးမှုနှင့် ရွှေ့ပြောင်းလုပ်သားအရေး

ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ အလုပ်အကိုင်ဆုံးရှုံးခြင်းနဲ့ စားသောက်ကုန်စျေးနှုန်းတွေ တက်လာမှုက မြို့ပြဒေသတွေကို အဆိုးရွားဆုံး ရိုက်ခတ်နေပြီး လာမယ့်သုံးလနဲ့ ခြောက်လအတွင်း လူ ၃ ဒသမ ၄ သန်းကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲကြုံနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ သုံးသပ်ချက်တွေက ဆိုထားပါတယ်။

ရင်နာစရာကောင်းတာက ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ လူပွဲစားတွေဆီ တစ်ဦးကို ဘတ် ၁၈၀၀၀ နဲ့ ၂၀၀၀၀ ကြား ပေးပြီးလာကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူပွဲစားတွေကြောင့် သူတို့မှာ ပိုက်ဆံကုန်တဲ့အပြင် အဖမ်းခံရပါသေးတယ်။

ဒီလို အဖမ်းခံရတဲ့အခါ တချို့က ပြန်ပို့ခံရတာရှိပေမဲ့ တချို့ကတော့ လဝကအချုပ်ထောင်မှာ အနည်းဆုံး ခြောက်လအထိ ပြစ်ဒဏ်ကျခံရတဲ့သူတွေလည်း ရှိတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ရန်ကုန်ဒဂုံဆိပ်ကမ်းတွင် စစ်မှုထမ်းဟောင်း ၁ ဦး ပစ်သတ်ခံရ၊ သီရိမင်္ဂလာစျေးတွင် ဦးကျော်ဝင်းဆိုသူ အပစ်ခံရပြီး ဗုံးပေါက်ရန်ကု...
24/01/2022

ရန်ကုန်ဒဂုံဆိပ်ကမ်းတွင် စစ်မှုထမ်းဟောင်း ၁ ဦး ပစ်သတ်ခံရ၊ သီရိမင်္ဂလာစျေးတွင် ဦးကျော်ဝင်းဆိုသူ အပစ်ခံရပြီး ဗုံးပေါက်

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ ဦးညွှန့်လှိုင် ဇန်နဝါရီလ ၂၂ ရက်နေ့က ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေသန်လျှင် ဘိုးဘွားရိပ်သာအနီးတွင် အသံတိတ် သေနတ်ဖြင့် နားထင်ကို ပစ်သတ်ခံရကြောင်း၊ ၎င်း၏ ကားဒရိုင်ဘာပါ အပစ်ခံရကြောင်း ဒဂုံ ဆိပ် ကမ်းရွှေသန်လျှင်ဘိုးဘွားရိပ်သာအနီး အသံတိတ်သေနတ်ဖြင့်နားထင်ကို ပစ်သတ်ခံရပြီး သူ့ကားဒရိုင်ဘာ ပါအပစ်ခံရ၍ ဆေးရုံတင်ထားကြောင်း၊ ဦးညွှန့်လှိုင်သည် စစ်မှုထမ်း ဟောင်း၊ စည်ပင်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

"သူက လမ်းထဲမှာ ကြံ့ခိုင်ရေး သီချင်းကို လူတွေ နားမခံသာအောင် ဖွင့်တယ်။ တပ်ထောက်ခံပွဲအတွက် လူစုပေးတယ်။ ရပ်ကွက်ထဲမှာ ဆန္ဒပြတဲ့သူတွေကို ခြိမ်းခြောက်တယ်။ သူနဲ့ အဆင်မပြေသူတွေကို ရယက ဆီ စာရင်းပေးပြီး ဒုက္ခပေးတယ်။ စစ်မှုထမ်းဟောင်း ဒလန်ပေါ့ဗျာ" ဟုဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ညနေ ၆ နာရီခွဲအချိန် လှိုင်မြို့နယ်၊ သီရိမင်္ဂလာစျေးတွင် ဦးကျော်ဝင်းဆိုသူ အပစ်ခတ်ခံရပြီး ဗုံးပေါက်ကွဲကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စျေးသည်များထံမှ သိရှိရသည်။

ကသာမြို့နယ်၊ နောင်ချိုဒေသတွင် KIA နှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားရန်ကုန်၊ ဇန်နဝါရီ ၂၃ကချင်လွတ်လပ်ရေးတပ်မတော် KIA တ...
24/01/2022

ကသာမြို့နယ်၊ နောင်ချိုဒေသတွင် KIA နှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လှုပ်ရှားနယ်မြေ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ယနေ့ နံနက်တွင် စစ်ကောင်စီတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကသာမြို့နယ်၊ နောင်ချိုဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့များ နေရာသို့ အကြမ်းဖက်စစ်ကောင်စီ တပ်မ ၉၉ မှ အင်အား ၁၀၀ ခန့်ရှိသော စစ်ကြောင်း ထိုးလာသည့်အတွက် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုစာရင်းနှင့် ပတ်သက်၍ ကနဦး မသိရှိရသေးပေ။

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နံနက်တွင်လည်း ကသာမြို့နယ်၊ နတ်လှိုင်ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ABSDF၊ ကသာ PDF ပူးပေါင်းတပ်ဖွဲ့ကြား ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦး ကျဆုံးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA၊ PDF၊ ABSDF တပ်ဖွဲ့များကြား ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများ၏ ခုခံတော်လှန်စစ်ကြောင့် အကြမ်းဖက် စစ်သား ၅၄ ဦးသေဆုံးရန်ကုန်၊ ဇန်နဝါရီ ၂၃ မြန်မာနိုင်ငံတစ...
23/01/2022

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများ၏ ခုခံတော်လှန်စစ်ကြောင့် အကြမ်းဖက် စစ်သား ၅၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများ၏ ခုခံတော်လှန်စစ်ကြောင့် အကြမ်းဖက် စစ်သား ၅၄ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က ယနေ့ စာရင်းကောက်ခံ ရရှိသည်။

Address


Website

Alerts

Be the first to know and let us send you an email when News & Media website posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share