Lashio Media

Lashio Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lashio Media, Media/News Company, .

28/12/2023
12/11/2023

အတည်ပြုသတင်း***

12 November 2023 (8:45 PM)

သီပေါမြို့နယ် ကျင်သီတံတား မိုင်းခွဲခံရပြီး ပျက်စီးနေသောကြောင့် ကျောက်မဲ-သီပေါ ကားလမ်း သွားလို့မရသေးပါ (တံတားကျိုးကျခြင်းမဟုတ်ပါ)။ ကျင်သီတံတား အနီး မြောက်ပိုင်းမဟာမိတ်များ နေရာယူထားမှုကြောင့် အသွားအလာမပြုကြရန် တိုက်တွန်းအပ်ပါသည်။

30/10/2023

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀

ရှမ်း​မြောက်က လက်ရှိချိန်မှာတော့ သီပေါ ကျောက်မဲ နောင်ချိုတစ်ခွင်သွားလာလို့ မကောင်းသေးပါဘူး။လမ်းကြောတွေ ပိတ်တယ်ဆိုပြီး ဟိုလမ်းဒီလမ်းကပတ်သွားတာတွေ ဒီကြားထဲမလုပ်ကြပါနဲ့။ အရမ်းအန္တရာယ်များပါတယ်။

လားရှိုး မန်းလေးပြည်ထောင်စုလမ်းမကြီးတော့ ပိတ်ထားပါသေးတယ်။ သွားလာလို့မရသေးပဲ ကြိုတင်ဝယ်ယူထားမိတဲ့ ယာဥ်လိုင်းလက်မှတ်တွေကိုတော့ ပြန်အမ်းပေးခဲ့တယ်လို့ လားရှိုး မန်းလေးပြေးဆွဲနေတဲ့ ခရီးသည်ယာဥ်လိုင်းတွေကပြောပါတယ်။

ကွတ်ခိုင် သိန္နီ လားရှိုး သီပေါ ကျောက်မဲ နောင်ချိုမြို့နယ်တွေမှာတော့ ခုရက်ပိုင်းအတွင်း လက်နက်ကြီးသံတွေကြားနေရဆဲပါ။

လမ်းကြောပြန်လည်ဖွင့်တာနဲ့ပြန်တင်ပေးပါမယ်။ရှမ်းမြောက်က မိဘပြည်သူများအားလုံး ဘေးကင်းကြပါစေ။

NRN

30/10/2023

သိန်းနီမြို့လက်ရှိအခြေအနေ
30:10:2023

Credit Video
ရွှေခေါင်းလောင်း ဆရာတော် ရွှေ့အလင်းပေးသူ

27/10/2023

လားရှိုးတွင် ယခုညပိုင်း အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်နေပြီး ဒုံးကျည်များ အပြန်အလှန် ပစ်ခတ်နေ (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယခုညပိုင်း အပြန်အလှန် ပစ်ခတ်မှုများဖြင့် တိုက်ပွဲများဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"အပြန်အလှန်တွေ ပစ်နေကြပြီ။ ဒုံးကျည်တွေလည်းပါတယ်။ ဒုံးက ရှော့တိုက်ဒုံးတွေ ထင်တယ်။ တောက်လျှောက်ပဲ။ အခု ကျနော်တို့ အိမ်ထဲမှာ ဝပ်နေရတယ်။ တစ်ညလုံး ပစ်မယ့် ပုံရှိတယ်။ စစ်တပ်ဘက်ကလည်း လက်နက်ကြီး ပစ်သံတွေ တောက်လျှောက်ပဲ" ဟု လားရှိုးမြို့ခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်များက လားရှိုးမြို့တွင်းရှိ အထိုင်တပ်များအတွင်းမှ ပစ်ခတ်မှုများသာ လုပ်ဆောင်နေပြီး တပ်ပြင်သို့ မထွက်ရဲကြောင်း၊ လားရှိုးမြို့ပြင်ဘက်သို့ အဓိက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများ အသုံးပြုနေပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ရှော့တိုက်ဒုံးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ရှိနေကြောင်း သိရှိရသည်။

KTM

လားရှိူးမြို့သားများကောင်းကင်မှာ ဘာတွေသွားနေတာလဲ မသိဘူး ၅မိနစ်ကြာတော့ ပျောက်သွားရောCredit Lashio True News
30/05/2023

လားရှိူးမြို့သားများကောင်းကင်မှာ ဘာတွေသွားနေတာလဲ မသိဘူး ၅မိနစ်ကြာတော့ ပျောက်သွားရော
Credit Lashio True News

🟢လောက်ကိုင်က ပစ်ခတ်မှုဟာ စီးပွားရေးသမားအချင်းချင်းက နည်းပညာကျွမ်းကျင်သူကောင်မလေးတစ်ဦးကို လုကြရာကနေ စတင်ခဲ့တယ်လို့ဆို၊ အဆ...
28/05/2023

🟢လောက်ကိုင်က ပစ်ခတ်မှုဟာ စီးပွားရေးသမားအချင်းချင်းက နည်းပညာကျွမ်းကျင်သူကောင်မလေးတစ်ဦးကို လုကြရာကနေ စတင်ခဲ့တယ်လို့ဆို၊ အဆိုပါ ကောင်မလေး ပစ်ခတ်မှုအတွင်း သေဆုံးသွား

Hlar Nyiem၊ မေလ ၂၈ ရက်၊ လောက်ကိုင်

မနေ့ မေလ ၂၇ရက် နေ့လည်ပိုင်းမှာ ကိုးကန့်ဒေသ လောက်ကိုင်မြို့ထဲမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ စီးပွားရေးသမားတွေ အချင်းချင်းက နည်းပညာကျွမ်းကျင်သူတွေကို အပြန်အလှန်လုကြရာကနေ စကားများကြပြီး အချင်းချင်းအပြန်အလှန်ပစ်ခတ်တဲ့အထိ ဖြစ်ပွားခဲ့တာဖြစ်တယ်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လောက်ကိုင်မှာ နေထိုင်သူအမျိုးသားတစ်ဦးက “သူဌေးတွေက လူတွေလုနေကြတာ။ အဲကောင်မလေးက ပိုက်ဆံရှာတာ တအားတော်လို့လေ။ အဲကောင်မလေးကို ဟိုဘက်သူဌေးလည်း ရချင်တယ်၊၊ ဒီဘက်သူဌေးလည်းရချင်တယ်။ အဲနဲ့ အချင်းများကြ ပစ်ခတ်ကြတော့ အဲကောင်မလေးလည်း ခေါင်းထိပြီး‌တော့ သေသွားတယ်”လို့ ပြောပါတယ်။

အဲဒီစီးပွါးရေးသမားတွေရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်သူ့စစ်နဲ့ ရဲတွေ ၁ နာရီခွဲကျော်ကြာတဲ့အထိ အပြန်အလှန်ပစ်ခတ်ကြပြီး အဲဒီပစ်ခတ်မှုအတွင်းမှာပဲ ရဲနှစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၃ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့ထဲမှာ ပြည်သူ့စစ်အဖွဲ့ (၅)ဖွဲ့ထက်မနည်းရှိနေပြီး ပြည်သူ့စစ်တပ်ဖွဲ့ အများအပြားရှိနေတာကလည်း စီးပွားရေးလုပ်ငန်းအတွက်သာ ဖွဲ့စည်းကြတာဖြစ်တယ်လို့ ကိုးကန့်တပ်မတော် (MNDAA)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရန်နိုင်က ပြောပါတယ်။

“ပြောရမယ်ဆိုရင် အဲမှာရှိတဲ့ ပြည်သူ့စစ်တွေက အဲဒီ(ကျားဖျန့် ခေါ် ငွေလိမ်လုပ်ငန်း)တွေကို အနောက်ကနေပံ့ပိုးပေးထားတာပေါ့နော်။ ကျားဖျန့်တွေကို သူတို့ကိုယ်တိုင် လုပ်တာရှိမယ်။ မလုပ်ရင်တောင်မှ ကျားဖြန့်ကနေရတဲ့ ပိုက်ဆံတွေ တစ်ဝက်ဖြစ်ဖြစ် သူတို့ခွဲကြတယ်။ အဲချိန်ကျတော့ အဲကျားဖျန့်က နည်းပညာရှင်တွေ တအားလိုအပ်တယ်။ ပြီးတော့ ဒီကိစ္စကို တရုတ်က အရမ်းဖိတယ်။ အရမ်းဖိအားပေးတော့ ဒီနည်းပညာရှင်တွေက တော်တော်လေးရှားနေတာ။ ရှားတော့ တစ်ဖက်နဲ့ တစ်ဖက်လုနေကြတာ အဲလိုတွေပေါ့”လို့ ရွှေဖီမြေကို ပြောပါတယ်။

လောက်ကိုင်မြို့ထဲမှာ လောင်းကစားရုံတွေ ဂိမ်းဆိုင်တွေနဲ့ စီးပွားရေးအပြိုင်အဆိုင်လုပ်နေသလို စီးပွားရေးအလွန်အားကောင်းတဲ့ ဒေသတစ်ခုလည်းဖြစ်ပြီး အခုလို ပြည်သူ့စစ်တပ်ဖွဲ့တွေ အချင်းချင်းအပြန်အလှန်ပစ်ခတ်သတ်ဖြတ်တာတွေလည်း မကြာခဏဖြစ်ပွားနေတာပါ။

ဓါတ်ပုံ -Local
#ပစ်ခတ်မှု #ပညာရှင် #ပြည့်သူ့စစ် #လောက်ကိုင် #ရွှေဖီမြေ

လားရှိုးမှာ ညက ရှော့တိုက်ဒုံးနဲ့ပစ်လို့ အစိုးရ နည်းပညာ အထက်တန်းကျောင်း သုံးထပ်ဆောင် အဆောက်အဦး အပေါ်ထပ် အမိုး၊ မျက်နှာကျက...
22/05/2023

လားရှိုးမှာ ညက ရှော့တိုက်ဒုံးနဲ့ပစ်လို့ အစိုးရ နည်းပညာ အထက်တန်းကျောင်း သုံးထပ်ဆောင် အဆောက်အဦး အပေါ်ထပ် အမိုး၊ မျက်နှာကျက်၊ မှန်တံခါးတွေ ထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။

ဆုံကွယ်ရွာ၊ စစ်မှုထမ်းဟောင်းရပ်ထဲ လူနေအိမ်တချို့လဲ ထိမှန်ပျက်စီးခဲ့ပေမဲ့ လူထိခိုက် သေဆုံးမှုတော့ မရှိပါ။

(၂၂-၅-၂၀၂၃) NM

(၂၃,၄,၂၀၂၃)ရက်နေ့၊(၁၉၅၀)အချိန်ခန့်တွင် လားရှိုးမြို့၊ လေယာဉ်ကွင်းလမ်းမကြီး၊လေယာဉ်ကွင်းကွေ့တွင် ယာဉ် တိုက်မှု ဖြစ်ပွားသဖြ...
23/04/2023

(၂၃,၄,၂၀၂၃)ရက်နေ့၊(၁၉၅၀)အချိန်ခန့်တွင် လားရှိုးမြို့၊ လေယာဉ်ကွင်းလမ်းမကြီး၊လေယာဉ်ကွင်းကွေ့တွင် ယာဉ် တိုက်မှု ဖြစ်ပွားသဖြင့် ထိခိုက်ဒဏ်ရာရရှိသူအား ကူညီပေး နိုင်ပါရန် တပ်ကြပ်ကျော်စွာဝင်း(လားရှိုးယာဉ်ထိန်းတပ်ဖွဲ့) မှ ဆက်သွယ်အကြောင်းကြားလာပါသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် အမှတ်- (၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊တာဝန်မှူး-ရဲအုပ်အောင်ကျော်ဝေ ဦးစီးသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းကာ ထိခိုက်ဒဏ်ရာရရှိသူ-အမျိုးသမီး(၂)ဦးအား သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီ ပေးခဲ့ပါသည်။
လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့၊ လားရှိုးမြို့

17.4.2023 မြန်မာနှစ်ဆန်း ၁ ရက်မှာ မိုင်းဖုန်းဆရာတော်နှင့် တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်း ရဟတ်ယာဉ်ဖြင့် ဖုန်ကန်ရာဇီ ရ...
17/04/2023

17.4.2023 မြန်မာနှစ်ဆန်း ၁ ရက်မှာ မိုင်းဖုန်းဆရာတော်နှင့် တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်း ရဟတ်ယာဉ်ဖြင့် ဖုန်ကန်ရာဇီ ရေခဲတောင်ပတ်ပြီး မေတ္တာပို့ခဲ့ပါတယ်။

ပြီးတော့ ပူတာအိုကို ဒီမနက် 10:49 AM ပြန်ရောက်ပါပြီ။ ရာသီဥတုအခြေအနေ မကောင်းတာကြောင့် ဆရာတော်အား ရဟတ်ယာဉ်ဖြင့် ပြန်ပင့်ခဲ့ခြင်းပါ။

16/04/2023

💥ရှမ်းရိုးမကအိုးစည်သံ

16/4/20236&

ညနေ 8း 45 နာရီ မူဆယ် အကြီးကြီးနှစ်လုံး

အသေးလေးဆယ်လုံးခန့်

ကြားရ💥💥

၁၆.၄.၂၀၂၃ ရက်နေ့၊ ၁၁ ၃၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆ...
16/04/2023

၁၆.၄.၂၀၂၃ ရက်နေ့၊ ၁၁ ၃၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော ၂၂ ဘီး(တွဲကား)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော Nissan ယာဉ်ပေါ်သို့ ပိမိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မူဆယ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် Nissan ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း(၆)ဦး(သေဆုံး)တို့အား မြင့်မြတ်ပါရမီပရဟိတအသင်း၊ ပါရမီပရဟိတအသင်း၊ မောက်ကွမ်တိုင်းပရဟိတအသင်းနှင့် လက်ဘက်ညွန်ပရဟိတအသင်းတို့မှ သူနာတင်ယာဉ်များဖြင့်
မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

လားရှိုး ရန်တိုင်းအောင် ဘုရားဝင်းအနီး မဏ္ဍပ်တွင် ဗုံး ပေါက် ကွဲမှု  လူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ ရန်ကုန်၊ ဧပြီ ၁၃ ရှမ်းပ...
13/04/2023

လားရှိုး ရန်တိုင်းအောင် ဘုရားဝင်းအနီး မဏ္ဍပ်တွင် ဗုံး ပေါက် ကွဲမှု လူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၃

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဘုရားဝင်းအနီး မဏ္ဍပ်တွင် ယနေ့ နံနက်ပိုင်း ဗုံး ၃ လုံးပေါက်ကွဲပြီး လူ ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိကြောင်း လားရှိုးရဲတပ်ဖွဲ့က ပြောသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရန်တိုင်း အောင် ဘုရား ဝင်းအနီးရှိ မုခ်ဦး မဏ္ဍပ်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး မီးလောင် ကျွမ်း သွားကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း၊ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

"စုစုပေါင်း သေဆုံးက ၆ ဦးပါ။ ဒဏ်ရာရရှိ ၈ ဦးမှာ ၂ ဦးက ဒဏ်ရာပြင်း ထန်ပါတယ်။ ကျန်တဲ့သူတွေက မစိုးရိမ်ရ ဒဏ်ရာရရှိပါတယ်။ အခင်းဖြစ်စဉ်နဲ့ ပတ် သက်ပြီး အသေစိတ် စုံစမ်းနေတုန်းပါပဲ။ ကားထဲမှာ ဗုံးထောင်ထား တယ် လို့ ယူဆရပါတယ်။ တိတိကျကျတော့ မသိရသေးပါဘူး" ဟု လားရှိုးရဲသတင်း ရင်းမြစ်က ပြောဆိုသည်။

အားလုံး နှစ်သစ်မှစ၍ စီးပွားရေး လူမှုရေး အရေးခပ်သိမ်းတို့၌ လက်မထောင်နိုင်ကြပါစေ
09/04/2023

အားလုံး နှစ်သစ်မှစ၍ စီးပွားရေး လူမှုရေး အရေးခပ်သိမ်းတို့၌ လက်မထောင်နိုင်ကြပါစေ

 #ဟိုခိုနောင်ချိုမြို့နယ်၊ ဟိုခို ကျေးရွာအနီးတွင်လွန်ခဲ့သော ၂ ရက်ခန့်က တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျေးရွာတွင်းရှိ လူ...
09/04/2023

#ဟိုခို

နောင်ချိုမြို့နယ်၊ ဟိုခို ကျေးရွာအနီးတွင်လွန်ခဲ့သော ၂ ရက်ခန့်က တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျေးရွာတွင်းရှိ လူနေအိမ်များလက်နက်ကြီး/လက်နက်ငယ်များ ထိမှန်ထားသည့် မြင်ကွင်း။

၂၀၂၃ ခုနှစ် ၉ ရက်

မူဆယ်ကိုတက်တဲ့ ဖရဲကားတစ်စီး နမ့်ဖက်ကာမှာမှောက်မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာသွားနေတဲ့ ဖရဲသီးတင်ကားတစ်စီးဟာ နမ...
06/04/2023

မူဆယ်ကိုတက်တဲ့ ဖရဲကားတစ်စီး နမ့်ဖက်ကာမှာမှောက်

မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာသွားနေတဲ့ ဖရဲသီးတင်ကားတစ်စီးဟာ နမ့်ဖက်ကာ ပါင်ဂျရောပ်နဲ့ ခိုမုန်းကြား ရေပူစမ်းကွေ့အနီးမှာ ဧပြီ(၆)ရက်နေ့က တိမ်းမှောက်ခဲ့ကာ ယာဥ်မောင်းဖြစ်သူ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ကားနံပါတ် ( Mdy-12/ 3L-5148 )ကို မောင်းနှင်လာသည့် ဦးအိုက်ကျော်သည် ၎င်းမိသားစုနှင့် အဆက်သွယ်မရသေးဘူးလို့ ပရဟိတများ ထံကသိရပြီး ယာဥ်ပိုင်ရှင်နဲ့ အရေးတကြီးဆက်သွယ်ဖို့လိုနေတယ်လို့ မူဆယ် ဆေးရုံက ဆရာမများကပြောသည်။

အခင်းဖြစ်ပွားရာ နေရာကို နမ့်ဖက်ကာ လူမှုကူညီးရေးအသင်း၊ နှလုံးလှ လူမှုကူညီရေးအသင်းနဲ့ မီးတပ်ဖွဲ့ဝင်တို့ သွားရောက်ကူညီခဲ့တာပဖြစ်ပါတယ်။

ဓာတ်ပုံ - CJ

မိုင်းဖုန်းဆရာတော်​၏ သာသနာပြုခရီးစဉ် (တချို့ခရီးစဉ် အပြောင်းအလဲရှိခဲ့လျင် ပြန်တင်ပေးပါမည်)5.4.2023 နေပြည်တော် - ရန်ကုန် ...
05/04/2023

မိုင်းဖုန်းဆရာတော်​၏ သာသနာပြုခရီးစဉ်
(တချို့ခရီးစဉ် အပြောင်းအလဲရှိခဲ့လျင် ပြန်တင်ပေးပါမည်)
5.4.2023 နေပြည်တော် - ရန်ကုန် (ထောက်ကြံ့ သာသနာလင်္ကာရမိုင်းဖုန်းကျောင်း၊ ကိုးမိုင်ရှမ်းကျောင်း၊ ရွှေတိဂုံစေတီတော်)
7.4.2023 ရန်ကုန် - မော်လမြိုင် (ကျိုက္ခမီ၊ တောင်ပေါက်နှီးဘုရားကျောင်း)
8.4.2023 မော်လမြိုင် - ပုဂံ (ရွှေနန်းဘုံဟော်တယ်)
9.4.2013 ပုဂံ - မန္တလေး
10.4.2023 မန္တလေး - ပြင်ဦးလွင်

ပြင်ဦးလွင်- မိုင်းလုံ - မိုးကုတ်- မိုးမိတ် - မြစ်ကြီးနား
မြစ်ကြီးနား - ပူတာအို စသည်တို့ဖြစ်ပါမည်။
ဖူးထိုက်သူများ ဖူးနိုင်ကြပါစေ။

(ခရီးဆိုက်ရောက်ချိန် မပြောနိုင်ပါ)
တောင်တန်းသာသနာပြုဆရာတော်
ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)
လွယ်တိန်ခမ်းကျောင်း မူဆယ်မြို့

Cret :photo Thein Tun zaw

လားရှိုး-သိန္နီကြားတွင် ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦး ဒဏ်ရာရ # # # # # # # # # # # # # # # # # # # # # # # # #သိန္နီ ဧပြီလ ၄...
04/04/2023

လားရှိုး-သိန္နီကြားတွင် ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦး ဒဏ်ရာရ
# # # # # # # # # # # # # # # # # # # # # # # # #

သိန္နီ ဧပြီလ ၄

၂၀၂၃ ခု ဧပြီလ(၄)ရက်နေ့ မနက်(၁၀)နာရီကျော်ခန့်က လားရှိုး-သိန္နီ​ကြား ၊ (၉)မိုင်လမ်းခွဲရှိ အန္တရာယ်ကုန်းဆင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ(၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ကျား(၂)/ မ(၁)တို့အား လားရှိုး ဆေးရုံကြီးသို့ ပို့ဆောင်​းေခဲ့သည်။

ဓာတ်ပုံ လားရှိုးလူငယ် လူမှုကူညီရေးအသင်း

နမ့်လန် - သီပေါကားလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်...
02/04/2023

နမ့်လန် - သီပေါကားလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် ၂ ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နမ့်လန် - သီပေါကားလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးမှု ယနေ့ (ဧပြီ ၂ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

နမ့်လန် - သီပေါကားလမ်းမကြီး၊ကောင်းဟတ်ကျေးရွာအ၀င်၊ မိုင်တိုင်အမှတ်(၁၃၀/၄) တွင် ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က လမ်းဘေးချောက်အတွင်းသို့မှန်လုံကားတစ်စီးထိုးကျတိမ်းမှောက်မှုကြောင့် နမ့်လန်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ.ဝင်များနှင့် ဖြူစင်မေတ္တာပရဟိတအသင်းတို့မှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှင့် ခရီးသည် (၂)ဦး ၊ စုစုပေါင်း(၄)ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည့်အတွက် နမ့်လန်ပြည်သူ့ဆေးရုံ ၊ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း (နမ့်လန်)

မိုင်းဖုန်းဆရာတော်ဘုရား🙏🏻🙏🏻🙏🏻🙏🏻🙏🏻လင်းခေးမြို့ မဟာဝိဟာရကျောင်းတိုက်
01/04/2023

မိုင်းဖုန်းဆရာတော်ဘုရား
🙏🏻🙏🏻🙏🏻🙏🏻🙏🏻
လင်းခေးမြို့ မဟာဝိဟာရကျောင်းတိုက်

ဗလီမှာ ဝတ်ပြုနေစဥ် ရှေ့မှာရပ်ထားသော ကားခိုးခံရကွတ်ခိုင် မတ် ၃၀မတ်လ ၂၉ ရက်နေ့က ရှမ်းမြောက် ကွတ်ခိုင်မြို့တွင် ဗလီရှေ့ရပ်ထ...
31/03/2023

ဗလီမှာ ဝတ်ပြုနေစဥ် ရှေ့မှာရပ်ထားသော ကားခိုးခံရ

ကွတ်ခိုင် မတ် ၃၀

မတ်လ ၂၉ ရက်နေ့က ရှမ်းမြောက် ကွတ်ခိုင်မြို့တွင် ဗလီရှေ့ရပ်ထားသော ကားတစ်စီးခိုးခံခဲ့ရပါတယ်။

ကားကို ညပိုင်း ဗလီမှာ ဝတ်ပြုနေချိန် ခိုးယူခံခဲ့ရပြီး ဥပုဥ်လလည်းဖြစ်တာကြောင့် ကားသွားလာများနေခဲ့ပြီး ပျောက်ဆုံးသွားခဲ့တဲ့ကားဟာ သော့တွေလည်းခတ်ထားခဲ့တယ်လို့ ဒေသခံတချို့ကပြောသည်။

ပျောက်ဆုံး ကားတန်ဖိုးဟာ သိန်း ၁ဝဝ ဝန်းကျင်ခဲ့ရှိကာ ၎င်းရဲ့အစ်ကိုဖြစ်သူကားလည်း လွန်ခဲ့တဲ့တပတ်ကပဲ ခိုးယူခံလိုက်ရပါသေးတယ်။

ဓာတ်ပုံ CJ

ပန်ဆိုင်း-ဝမ်တိန် ဂိတ်ကတော့ ဖွင့်ပါပြီသစ်သီးကားများ ကျင်ဆန်ကျော့လမ်းက မြန်ဆန်လွယ်ကူအဆင်ပြေစွာသွားနေဆဲပါ။ကုန်သွယ်မှုများ ...
30/03/2023

ပန်ဆိုင်း-ဝမ်တိန် ဂိတ်ကတော့ ဖွင့်ပါပြီ

သစ်သီးကားများ ကျင်ဆန်ကျော့လမ်းက မြန်ဆန်လွယ်ကူအဆင်ပြေစွာသွားနေဆဲပါ။

ကုန်သွယ်မှုများ ဥဒဟို ဝင်ထွက်လို့ရနေပေမဲ့လူဝင်လူထွက်က မူဆယ် ဒေသခံများကိုသာ ခွင့်ပြုပါတယ်။

28-3-2023 အမြင့်ဆုံးဈေးများ
အကြား စီးပြတ် 85000¥
ထဲန်ဝမ် 5.8 ¥AAA
ရွှေ 8.2 ¥
တုံးဂျီသီး စီးပြတ် 40000¥

အရည်အသွေး တန်ချိန်အရ နည်းရင် နည်းသလိုဈေးအရ နည်းတာရှိပါတယ်။

ခွာညို

ကားဘရိတ်ပေါက်ပြီး ဂုတ်တွင်းမှာ ယာဥ် ၃ စီး မတော်တဆဖြစ်ပွားခဲ့ပြီးကားလမ်းတွေပိတ်နေယနေ့ 30-3-2023 နံနက်(၉)နာရီတွင် ဂုတ်တွင်...
30/03/2023

ကားဘရိတ်ပေါက်ပြီး ဂုတ်တွင်းမှာ ယာဥ် ၃ စီး မတော်တဆဖြစ်ပွားခဲ့ပြီးကားလမ်းတွေပိတ်နေ

ယနေ့ 30-3-2023 နံနက်(၉)နာရီတွင် ဂုတ်တွင်းအဆင်း၊ ကျောက်မဲ ရေကန် အောက်ကွေ့၌ ကုန်ကားတစ်စီး ဘရိတ်ပေါက်၍ ကားကြီး(၃)စီးတိုက်မိမှုဖြစ်ပွားရာ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း လူနာတင်ယာဥ်ထွက်ခွာကူညီပေးနေ
ပါသည်။

ယခု ဂုတ်တွင်း အဆင်းလမ်းမကြီးမှာ ပိတ်နေပြီး၊ဆိုင်ကယ်တောင်သွားမရပါ။သို့ပါ၍ ယာဥ်မောင်းများ ရောက်ရှိသောနေရာတွင် ခတ္တအနားယူပြီးလမ်းပွင့်မှ ဆင်းခဲ့ကြပါခင်ဗျာ။
#လမ်းပွင့်ရန် ခန့်မှန်းကြာချိန်(၂)နာရီ လောက်ပါ။

ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်

Address


Website

Alerts

Be the first to know and let us send you an email when Lashio Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share