Independent Revolution Media Network

  • Home
  • Independent Revolution Media Network

Independent Revolution Media Network Group of revolution media

26/07/2024

“ဘူး” သပိတ် ဆင်နွှဲ ဖက်ဆစ် ဖြိုလှဲ

▬▬▬▬▬▬▬▬▬▬

ပြည်သူ့တော်လှန်ရေးကြီးအတွက် အရေးကြီးတဲ့အချိန် ရောက်နေတာမို့ တော်လှန်ပြည်သူအပေါင်းကို အလေးအနက် သတင်းစကားများ တင်ပြလိုတာ ရှိလာပါသည်။

သို့ပါ၍ ကျွန်ုပ်တို့ တင်ပြချက်များ လူထုထံကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိဖို့အတွက် သတင်းမီဒီယာများမှတဆင့် ထုတ်လွှင့်တင်ပြနိုင်ရန် မေတ္တာရပ်ခံ၊ အကူအညီ တောင်းအပ်ပါသည်။

ယခုဆွေးနွေးမှုတွင် အဓိက တင်ပြမည့် အကြောင်းအရာများမှာ လက်ရှိ ပြည်သူ့တော်လှန်ရေးကြီး၏ အခြေအနေ၊ စစ်ရေးတိုက်ပွဲနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှုများကို ဟန်ချက်ညီညီ အရှိန်မြှင့်တင်ကြရေး၊ အထွေထွေ အာဏာဖီဆန်ရေး “ဘူး” သပိတ်တိုက်ပွဲကို အရှိန်တင် ဆင်နွှဲကြရေး၊ တပ်မတော်မှ မြေပြင်တပ်မှူးတပ်သားများအနေဖြင့် ပြည်သူ့ဘက်သို့ အမြန်ဆုံး ကူးပြောင်းလာရေး စသည့်တို့ ဖြစ်ပါသည်။

ယခု ဆွေးနွေးမှုတွင် ပါဝင်ကြမည့်သူများမှာ -

၁။ ရန်ကုန်က လူထုသပိတ်တိုက်ပွဲဝင် ရဲဘော်တဦးဖြစ်တဲ့ ကိုနန်းလင်း

၂။ CDM ဦးဆောင်သူ၊ လူထုသပိတ်ခေါင်းဆောင်မှသည် ယခု PDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်

၃။ လူထုသပိတ်တိုက်ပွဲဝင် ရဲဘော် မအေးမြင့်အောင်အောင် နဲ့

၄။ အရေးတော်ပုံ တပ်သားဖြစ်တဲ့ ကိုတေဇာစန်း တို့ဖြစ်ကြပါသည်။

ဆွေးနွေးပွဲအချိန်မှာ -

နေ့ရက် - ၂၆ ရက် ဇူလိုင်လ ၂၀၂၄ ခု။

အချိန် - ည ၈ နာရီ။

သို့ဖြစ်ပါ၍ လူကြီးမင်းတို့ မီဒီယာမှတဆင့် ပြည်သူလူထုထံသို့ ဤဆွေးနွေးမှုသတင်းစကား တင်ပြနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

#ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ

#တက်စုံဖွင့်ရွက်ကုန်လွှင့်

#ငုံ့မခံနဲ့တုံ့ပြန်

#လူထုတိုက်ပွဲ

အရေးတော်ပုံ အောင်ရမည်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု

GSCB

17/02/2024

❐ “တို့အတူ” စကားဝိုင်း

မကြာခင် ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ “မတရားစစ်မှုထမ်းဥပဒေ” ထွက်ရှိပြီးနောက်မှာ ပြည်တွင်းပြည်ပရှိ လူငယ်ထုသာမက မိသားစုတွေပါ စိုးရိမ်မှုတွေ မြင့်တက်နေရပါတယ်။ ဒီဥပဒေ မထွက်ခင်ကပင် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားသဖြင့် အကြောင်းမဲ့ဖမ်းဆီးမှုများနှင့် အတင်းအဓမ္မ အင်အားစုဆောင်းမှုများကို ပြုလုပ်နေခဲ့ပါတယ်။ ဒီမတရားဥပဒေဟာ အဓမ္မအင်အားစုဆောင်းမှုများကို ပိုမိုပြောင်ပြောင်တင်းတင်း ဆောင်ရွက်လာမှာ ဖြစ်တာကြောင့် မိသားစုတိုင်းက စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။

ငွေကြေးတတ်နိုင်သူတွေများက ငွေကြေးတတ်နိုင်တဲ့အလျောက် ကြိးစားမှုများ၊ ပြည်ပ ရှောင်တိမ်းကြဖို့များလည်း ပြင်ဆင်နေပြီး လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားများက ပြည်ပကို အလုပ်အကိုင်နဲ့ ထွက်ခွာတာတမျိုး၊ လွတ်မြောက်နယ်မြေကို သွားရောက်ဖို့တဖုံ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ဝင်ရောက်အမှုထမ်းဖို့ တနည်း အမျိုးမျိုး အဖုံဖုံ လှုပ်ရှားနေကြရပါပြီ။ သို့ပေမယ့် ယခု ဖြစ်စဥ်သည် တစုတဖွဲ့၊ တစ်အိမ်နှစ်အိမ်နှင့်သာ ဆိုင်သည့် ကိစ္စရပ် မဟုတ်ဘဲ အိမ်တိုင်းအိမ်တိုင်း၏ တံခါးကို ဖိနှိပ်အနိုင်ကျင့်မှု ကျရောက်လာခြင်းဖြစ်ပါတယ်။

ဒါကြောင့် တကိုယ်စာလွတ်မြောက်မှုနဲ့ ယာယီလွတ်မြောက်မှု နည်းလမ်းများဟာ အဆိုးသံသရာထဲလည်နေပြီး အခုလို အကျပ်အတည်းများကို အကြိမ်ကြိမ်ကြုံနေရမှာ ဖြစ်ပါတယ်။ အခုမတရားမှုများကို အဆုံးသတ်ဖို့နဲ့ တတိုင်းပြည်လုံး လွတ်မြောက်ဖို့ နည်းလမ်းတွေကို အတူတကွ စဥ်းစား ပြင်ဆင်ရမှာပါ။ ဒီအခုအခြေအနေကြီးကို အတူတကွ ကျော်လွှားကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု - GSCB က သပိတ်မောင်နှမတွေက “တို့အတူ” ဆိုတဲ့ စကားဝိုင်းကနေ ဝိုင်းဝန်းအဖြေရှာသွားကြပါမယ်။

ဒီဆွေးနွေးစကားဝိုင်းမှာ လူငယ်နိုင်ငံရေးခေါင်းဆောင်များနဲ့ လက်နက်ကိုင်တပ်‌ဖွဲ့ခေါင်းဆောင်များက ဒီဥပဒေကို ဆန့်ကျင်ဖီဆန်လို့ရတဲ့ နည်းနာ တစ်ခုစီတိုင်းရဲ့ အကျိုးအပြစ်တွေကို သုံးသပ်ပြသွားမှာ ဖြစ်သလို သိလိုသမျှတွေကို ပြန်လည်ဖြေကြားပေးမယ့် အမေးအဖြေ အစီအစဥ် တစ်ရပ်လည်းပါဝင်တာမို့ ဝင်ရောက် နားဆင်သင့်ကြောင်း အသိပေးပါရစေ။

“တို့အတူ” စကားဝိုင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီမှာ ကျင်းပ သွားမှာဖြစ်ပြီး GSCB ရဲ့ လူမှုကွန်ရက်စာမျက်နာနဲ့ မိတ်ဖက်မီဒီယာအဖွဲ့အစည်းများရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ Live လွှင့် ကာ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်သွားမှာဖြစ်လို့ ဝင်ရောက်ကာ ဆွေးနွေး ဖို့ ဖိတ်ခေါ်ပါရစေ။

“မတရားတဲ့ အမိန့်ဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ”
“မတရားတဲ့ စစ်မှုထမ်းဥပဒေ၊ အားလုံး ဝိုင်းဝန်း ဆန့်ကျင်ကြ”

#တို့အတူ
#ငါတို့မှာငါတို့ပဲရှိတယ်

01/02/2024

၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့

နွေဦးတော်လှန်ရေး ၃နှစ်ပြည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေဖြင့် “နွေဦးတော်လှန်ရေး (၃)နှစ်ပြည့် Town Hall Meeting/ လူထုအစည်းအဝေး”ကို “အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ဆောင်ရွက်ချက်များ ပြည်သူလူထုထံသို့အစီရင်ခံတင်ပြခြင်း”

တော်လှန်ရဲဘော်ပြည်သူများ အနေဖြင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC page မှတဆင့် လည်းကောင်း၊ GSCB စာမျက်နှာမှတဆင့် လည်းကောင်း၊ ပူးတွဲဖော်ပြပါ သတင်းမီဒီယာ စာမျက်နှာများမှ လည်းကောင်း တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုကို ကြည့်ရှုနားဆင်၍ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၏ ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြချက်များကို လက်ခံကြားနာခြင်းဖြင့် ပါဝင် တက်ရောက်ပေးကြပါရန် လေးစားချစ်ကြည်စွာ ဖိတ်ခေါ်နှိုးဆော်အပ်ပါသည်။

“လူထုအစည်းအဝေး” ကို NUCC ၏ စာမျက်နှာများ၊ သတင်းမီဒီယာများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ စာမျက်နှာများ၌ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ တိုက်ရိုက်ထုတ်လွှင့်နေစဥ်အတွင်း စာမျက်နှာများတွင် ထောက်ခံ/ ဝေဖန်/ အကြံပြု မှတ်ချက်များ ရေးသားခြင်းများ ပြုလုပ်ရန်လည်း တိုက်တွန်းဖိတ်ခေါ်ပါသည်။ NUCC ၏ စာမျက်နှာရှိ မှတ်ချက်များကို ဦးစားပေး ရယူ၍ ဖြေကြားပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဖြေဆိုရန် အသင့်တော်ဆုံး မေးခွန်း/မှတ်ချက် (၃) ခုမှ (၆) ခု အထိကိုလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဝင်များက ပြည်သူလူထုထံသို့ ပြန်လည် ဖြေကြား အစီရင်ခံသွားမည် ဖြစ်ပါသည်။

23/09/2023

“ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ”

ကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ နိုင်ငံတော်အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများအနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင် ပြဿနာရပ်များကို တွေ့ကြုံခံစားရလျက်ရှိပါသည်။

ပြည်သူများအပေါ် အာဏာသိမ်းစစ်အုပ်စု၏ အကန့်အသတ်မဲ့ ရက်စက်ကြမ်းကြုတ်မှုများနှင့် ဖိနှိပ်မှုများကြောင့် မြောက်များစွာသော ပြည်သူများသည် ပြည်တွင်းနှင့် နယ်စပ်ဒေသများသို့ နေရပ်စွန့်ခွာ တိမ်းရှောင်ရလျက်ရှိပါသည်။ တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်မှု အရှိန်အဟုန် တိုးမြင့်လာသည်နှင့်အမျှ စစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်အပေါ်တွင် ကျူးလွန်သော ရာဇဝတ်မှုများစွာကို ပိုမိုလုပ်ဆောင်လာပါသည်။ ယနေ့အချိန်အထိ အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေအိမ်ပေါင်း (၇၅,၀၀၀) ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့အနက် စစ်ကိုင်းတိုင်းသည် စစ်တပ်၏မီးရှို့ဖျက်ဆီးမှုဒဏ်ကို အဆိုးရွားဆုံး တွေ့ကြုံခံစားခဲ့ရသည့် ဒေသလည်း ဖြစ်ပါသည်။

ထို့အတူ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များစွာရှိသော် လည်း မြေပြင်တွင် စိန်ခေါ်မှုများနှင့် ကွာဟချက်များစွာ ရှိနေဆဲဖြစ်ပြီး အကူအညီအလိုအပ်ဆုံး ပြည်သူများထံသို့ အကူအညီများနည်းပါးစွာရောက်ရှိနေသည်။ ထို့ကြောင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားနေရသော ပြည်သူများအား လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ထိရောက်ပြီး အားလုံးပါဝင်ပြီးဆွေးနွေးအဖြေရှာနိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-HA)၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်း ရေးအင်အားစု (GSCB) နှင့် အခြားသောအင်အားစုများမှ ပူးပေါင်း၍ အားလုံးပါဝင်သောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Inclusive Humanitaraina Conference Myanmar 2023) ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

(က) နှီးနှောဖလှယ်ပွဲကျင်းပခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရာတွင် ဆက်စပ်နှီးနွယ်သည့် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးမှု များမှတဆင့် အများသဘောတူ လက်ခံနိုင်သည့် Position Paper တစ်ခုပေါ်ထွက် လာစေရန်၊
( ခ) နှီးနှောဖလှယ်ပွဲမှတဆင့် ဆက်စပ်နှီးနွယ်သည့် အဖွဲ့အစည်းများအကြား ကွန်ယက် ချိတ်ဆက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်
( ဂ) နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးသည့် အဖွဲ့အစည်းများနှင့် မြေပြင်တွင် လုပ်ငန်းများ အကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများ အကြား အပြန်အလှန် နားလည်မှုနှင့်ယုံကြည်မှုများ တည်ဆောက်နိုင်ပြီး ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်နိုင်စေရန်၊
(ဃ) မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းကို လက်တွေ့ကျကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ် ဆွေးနွေးနိုင်ရန်
တို့ဖြစ်ပါသည်။

Inlusive Humanitarian conference Myanmar 2023 ကို “ပြာပုံကြားကမြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ” ဟူသော ခေါင်းစဉ်ဖြင့် (၂၃-၉-၂၀၂၃) ရက်နေ့မှ (၂၆-၉-၂၀၂၃) ရက်နေ့အထိ မြန်မာစံတော်ချိန်၊ နေ့လယ် (၁၂း၀၀) နာရီမှ ညနေ (၄း၀၀)နာရီအထိ Zoom video conferencing system ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆွေးနွေးနှီးနှောဖလှယ်ပွဲကို နိုင်ငံရေးအကျဉ်းသားများ၊ စစ်ဘေးရှောင်ပြည်သူများ၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူများ နှင့် တော်လှန်ရေးကာလအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်/ကျဆုံး သူရဲကောင်းများ ဟူ၍ ခေါင်းစဥ်(၄) ခုဖြင့် သက်ဆိုင်သည့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမှာဖြစ်ပါသည်။ ဒီနှီးနှောဖလှယ်ပွဲတွင် လက်တွေ့လုပ်ဆောင်မှုတွေကိုအခြေခံတဲ့ တင်ပြချက်မှုများနှင့် တက်ရောက်လာသူများ၏ ကိုယ်တွေ့အတွေ့အကြုံများ၊ အတွေးအမြင်များကို ဖလှယ်ရန်အတွက် ပြည်တွင်း ပြည်ပက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်အသီးသီးမှာ ပါဝင်နေကြသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ထားပါသည်။ ဒီကနေထွက်ပေါ်လာတဲ့ မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေကိုလည်း နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက်ချသူတွေနဲ့ အလှူရှင်တွေဆီကနေ အာရုံစိုက်မှု၊ ထောက်ပံ့မှုတွေရရှိအောင်ဆောင်ရွက်ရာမှာ ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါသည်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းက ထိခိုက်ခံစားရဆုံး၊ အကူအညီအလိုအပ်ဆုံးသူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိရောက်စွာရောက်ရှိစေဖို့အတွက် နည်းလမ်းကောင်းတွေကို ဒီနှီးနှောဖလှယ်ပွဲကတဆင့် ဝိုင်းဝန်း ဆွေးနွေး အဖြေရှာသွားကြမှာဖြစ်ပါသည်။


20/09/2023

မြန်မာဝမ်ပေါင်-ယန်စီ ကုမ္ပဏီ၏ ပူးပေါင်းပါဝင်မှုနှင့် စစ်ကောင်စီ၏ လှုပ်ရှားနေမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ

ဒေသခံများသည် ပြည်ပမှလာရောက်လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းမျာကို တာဝန်ယူမှုရှိရှိ၊ တာဝန်ခံမှုရှိရှိ အလုပ် လုပ်ကိုင်စေလိုသော်လည်း လက်ပတောင်းတောင်ဒေသတွင် အခြေစိုက်သော မြန်မာဝမ်ပေါင်-ယန်စီ ကုမ္ပဏီသည် တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိနေပဲ ကုမ္ပဏီအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းများအား အခြေစိုက်ခွင့်ပြုခြင်း၊ စစ်စခန်းများပြင်ဆင်ထားနိုင်ရန် အပြည့်အဝပူးပေါင်းပံ့ပိုးထားသည်ကို တွေ့မြင်ရသည်။ ထို့အပြင် မြန်မာဝမ်ပေါင်-ယန်စီ ကုမ္ပဏီများအတွင်း အခြေချနေထိုင်နေသော စစ်ကြောင်းများသည် အနီးအနားရှိ ကျေးရွာ ၂၆ ရွာလုံးကို လှည့်ပတ်၍ မီးရှို့ခြင်း၊ မြေယာများသိမ်းဆည်းခြင်း၊ ဒေသခံများကို ပြန်ပေးဆွဲခြင်း နှင့် တရားလက်လွတ် ဥပဒေမဲ့လူသတ်မှုများ ကို တိုး၍ ကျုးလွန်လာနေသည်။ ထိုအခြင်းအရာများကို နောက်ကွယ်မှနေ၍ ကုမ္ပဏီ၏ စက်ရုံများပြန်လည်လည်ပတ်နိုင်ရန် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေသည်ကို တွေ့မြင်ရပြီး ထိုအချက်အလက်များကို သက်သေများနှင့်တကွ ရှင်းလင်းတင်ပြသွားမည်ဖြစ်သည်။

ရှင်းလင်းမည့် အကြောင်းအရာများ
(၁) ရည်ရွယ်ချက်
(၂) မြန်မာဝမ်ပေါင်+ယန်စီ ကုမ္ပဏီ၏ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ
(၃) စစ်ကောင်စီ၏ အခြေစိုက်စစ်စခန်းတစ်ခုအဖြစ်ပြင်ဆင်ထားခြင်းနှင့် ကုမ္ပဏီမှ ပံ့ပိုးထားရှိမှုများ
(၄) စစ်ရာဇဝတ်မှုများ နှင့် အကြမ်းဖက်မှုများ
(၅) ဒေသခံများ၏ အသံများ (ရုပ်သံဖိုင်)
(၆) သတင်းမီဒီများသို့ ပြောကြားလိုသော သတင်းစကား

ဤသတင်းစာရှင်းလင်းပွဲကို ဒေသခံသပိတ်ခေါင်းဆောင်များ၊ ဒေသခံပြည်သူများ နှင့်အတူ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုမှ ပူးပေါင်း၍ အောက်ပါရည်ရွယ်ချက်များဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

၁။ ဆက်တိုက်ကျုးလွန်နေသောလယ်ယာသိမ်းမှုများ၊ ရွာများကိုမီးရှို့မှုများ၊ ရာဇဝတ်များ၊ သတ်ဖြတ်မှုများ၏ နောက်ကွယ်မှ အမှန်တရားကိုဖော်ထုတ်ရန် နှင့် ဤကြေကွဲဖွယ်ဖြစ်ရပ်များအတွက် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ထုတ် တင်ပြလိုခြင်း။

၂။ ထိခိုက်ခံစားမှုများကြုံတွေ့နေရတဲ့ ဒေသခံလူထုများ၏ အသံ၊ ဒေသခံများ၏ ဆင်းရဲဒုက္ခ၊ အခက်အခဲများ နှင့် မြန်မာဝမ်ပေါင်-ယန်စီ ကုမ္ပဏီနှင့် စစ်ကောင်စီ၏ ပူးပေါင်း အကြမ်းဖက်မှုများကို ပြည်တွင်းမှာရော နိုင်ငံတကာတွင်ပါ သိရှိစေရန်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ကူညီဖြေရှင်းပေးရန်။

၄။ လူ့အခွင့်အရေးချိုးဖောက်ခံရသော၊ ထိတ်လန့်စွာနေထိုင်နေကြရသော၊ ထိခိုက်နစ်နာ ခံစားနေရသော ဒေသခံပြည်သူများအတွက် တရားမျှတမှု၊ ရရှိစေရန်။


#လက်ပတောင်းတောင်
#ကြေးနီစီမံကိန်း

16/04/2023

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်လှန်သင်္ကြန် အတက်နေ့ (တော်လှန်သံချပ်များတိုက်ရိုက်ထုတ်လွှင့်မှု - စတုတ္ထနေ့)
▪️ ထောင်ရိုးနံရံ ပုတ်နှိးသံ
▪️ အားမာန်သစ်
▪️ အညာသားရဲ့ ဝါးရင်းတုတ်
▪️ ကနီမြိုနယ် သပိတ်ဦးဆောင်ကော်မတီ တော်လှန်သင်္ကြန် သံချပ်
▪️ သော်ကဟစ်တိုင်သင်္ကြန်သံချပ်
▪️ ဒေါင်းတိုမျိုးဆက်

#အတကနေ့
#တော်လှန်သံချပ်များတိုက်ရိုက်ထုတ်လွှင့်မှု
#ထောင်ရိုးနံရံပုတ်နှိးသံ
#အားမာန်သစ်
#အညာသားရဲ့ဝါးရင်းတုတ်
#ကနမြိုနယ်သပိတ်ဦးဆောင်ကော်မတီ
#သော်ကဟစ်တိုင်သင်္ကြန်သံချပ်
#ဒေါင်းတိုမျိုးဆက်
#တော်လှန်သင်္ကြန်_ပြည်သူ့အသံ

15/04/2023

“တော်လှန်သင်္ကြန်၊ ပြည်သူ့အသံ”
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်လှန်သင်္ကြန် အကြတ်နေ့ (တော်လှန်သံချပ်များတိုက်ရိုက်ထုတ်လွှင့်မှု - တတိယနေ့)

▪️ တမာမိုး
▪️ Women Alliance Burma - WAB (အမျိုးသမီးမဟာမိတ်အင်အားစု)
▪️ Yangon Revolution Force (Y.R.F)
▪️ ဒေါင်းမျိုးဆက်

#အကြတ်နေ့ #တော်လှန်သံချပ်များတိုက်ရိုက်ထုတ်လွှင့်မှု_တတိယနေ့
#တမာမိုး
#အမျိုးသမီးမဟာမိတ်အင်အားစု

# ဒေါင်းမျိုးဆက်
#တော်လှန်သင်္ကြန်_ပြည်သူ့အသံ

14/04/2023

“တော်လှန်သင်္ကြန်၊ ပြည်သူ့အသံ”
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်လှန်သင်္ကြန် အကျနေ့ (တော်လှန်သံချပ်များတိုက်ရိုက်ထုတ်လွှင့်မှု - ဒုတိယနေ့)

▪️ ကယ်တင်ရှင်မရှာ တို့ကျေးရွာ
▪️ ရွှေရေကြည်
▪️ မြောင်လူငယ်သံချပ်အဖွဲ့
▪️ ဒေါင်းမျိုးဆက်

#အကျနေ့ #တော်လှန်သံချပ်များတိုက်ရိုက်ထုတ်လွှင့်မှု_ဒုတိယနေ့
# ကယ်တင်မရှာတို့ကျေးရွာ # မြောင်လူငယ်သံချပ်အဖွဲ့
# ရွှေရေကြည် # ဒေါင်းမျိုးဆက်
#တော်လှန်သင်္ကြန်_ပြည်သူ့အသံ

13/04/2023

“တော်လှန်သင်္ကြန်၊ ပြည်သူ့အသံ”
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်လှန်သင်္ကြန် အကြိုနေ့ (တော်လှန်သံချပ်များတိုက်ရိုက်ထုတ်လွှင့်မှု - ပထမနေ့)

▪️ ရွှေနွယ်သွေးသံချပ်အဖွဲ
▪️ ရွာပေါင်းစုံသံချပ်အဖွဲ
▪️ ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစု

#အကြိုနေ့ #တော်လှန်သံချပ်များတိုက်ရိုက်ထုတ်လွှင့်မှု_ပထမနေ့
#ယငးမာပင်မြောက်ခြမ်းသပိတ်အင်အားစု
#ရာပေါင်းစုံသံချပ်အဖွဲ
#ရေနွယ်သွေးသံချပ်အဖွဲ
#ဒလုပ်သားသံချပ်အဖွဲ
#တော်လှန်သင်္ကြန်_ပြည်သူ့အသံ

29/01/2023

ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲ

[အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) က စီစဉ်သည်]

❏ ပါဝင်ဟောပြောမည့် ပုဂ္ဂိုလ်များ

၁။ ဖဒိုစောတာဒိုမူး (အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားအစည်းအရုံး - KNU)

၂။ ဦးအောင်ဆန်းမြင့် (ဥက္ကဋ္ဌ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ - KSCC)

၃။ ဒေါက်တာရွှေခါရ်း (ဒုတိယဥက္ကဋ္ဌ၊ ချင်းအမျိုးသားတပ်ဦး - CNF)

၄။ ဦးအောင်ကြည်ညွှန့် (ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH)

၅။ ဦးရည်မွန် (ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ)

၆။ ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ)

၇။ ဦးမင်းကိုနိုင်

၈။ ကိုတေဇာစန်း

အထူးအစီအစဉ်။ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကြီးအတွက် ပြည်သူ့ဆန္ဒနှင့်အညီ တသားတည်း ရပ်တည်ဆောင်ရွက်နေသော ကချင်လွတ်လပ်ရေးအဖွဲ့ကြီး (KIO) က နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်အဖြစ် တော်လှန်ပြည်သူအပေါင်းသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကိုလည်း ယခု ဟောပြောပွဲတွင် တင်ပြသွားပါမည်။

❏ ဟောပြောပွဲ အစီအစဉ်

ကျင်းပမည့် နေ့ရက်။ ၂၉ ရက် (တနင်္ဂနွေနေ့)၊ ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ်

ကျင်းပမည့် အချိန်။ မြန်မာစံတော်ချိန် ည (၇) နာရီ

ကျင်းပမည့် နေရာ။ အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်ခြင်း (Online Live Streaming)

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) သည် တနိုင်ငံလုံးမှ ဒေသအသီးသီးရှိ လူထုသပိတ်တိုက်ပွဲဝင် အဖွဲ့အစည်းပေါင်း (၄၀) ကျော် ပါဝင်စုပေါင်း၍ ဖွဲ့စည်းထားသော သပိတ်တပ်ပေါင်းစုကြီး ဖြစ်သည်။ GSCB ကို စစ်အာဏာသိမ်းပြီးနောက် မတ်လ၊ ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိချိန်ထိ GSCB သပိတ်တပ်ပေါင်းစုကြီးတွင် ပါဝင်ကြသည့် ကျေးလက် မြို့ပြ နိုင်ငံ့နေရာအနှံ့အပြားမှ အဖွဲ့ဝင် သပိတ်အင်အားစုများသည် လူထုသပိတ်တိုက်ပွဲများကို တနေ့တရက်မပျက် အင်အားကောင်းစွာ ဖော်ဆောင်ဆင်နွှဲလျက်ရှိပါသည်။

မကြာခင် ကျရောက်တော့မည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့သည် အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ပြည်သူ့အာဏာကို အဓမ္မလုယူခဲ့ခြင်း (၂)နှစ်ပြည့်နေ့ ဖြစ်ပါသည်။ ယခုအချိန်တွင် ပြည်သူကို အခြေပြု၊ ပြည်သူ့အားဖြင့် ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတည်းဟူသော ဘုံပန်းတိုင်သို့ အရှိန်အဟုန်ကောင်းစွာ ရှေးရှုချီတက်နေပြီဖြစ်သည်။ ရင်းနှီးပေးဆပ်ရမှုများ၊ နာကျည်းဆုံးရှုံးမှုများနှင့် ပြည့်နှက်နေသော်လည်း ဤနွေဦးတော်လှန်ရေးမှသည် မိမိတို့ အန္တိမရည်မှန်းချက်သို့ မရောက်မချင်း၊ မရမချင်း မဆုတ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားကြရမည်လည်း ဖြစ်သည်။

ယခုအချိန်သည် အာဏာသိမ်းခံရခြင်း (၂) နှစ်ပြည့်ဆိုသည်ထက် ပြည်သူ့တော်လှန်ရေး (၂) နှစ်ပြည့်နေ့၊ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး မျှော်မှန်းနေသည့် "လွတ်လပ်မှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားတန်းတူမှု အပြည့်အဝရှိသည့် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု" ဆီသို့ နီးကပ်လာသည့် (၂) နှစ်ပြည့်ပင်ဖြစ်ပြီး တော်လှန်ရေးအရှိန်ကို အစွမ်းကုန် ဆက်လက်မြှင့်တင်ရမည့်အချိန်လည်း ဖြစ်သည်။

ဤရည်ရွယ်ချက်ဖြင့်ပင် ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့်သည့် ဖေဖော်ဝါရီလ (၁) ရက် ၂၀၂၃ ခုတွင် တနိုင်ငံလုံး လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်သည့် လူထုလှုပ်ရှားမှုနည်းနာဖြစ်သော “အပြင်မထွက် တိတ်ဆိတ်ငြိမ်သတ်သပိတ်” (Silent Strike)ကို နံနက် (၁၀) နာရီ မှ ညနေ (၃) နာရီတွင်း ဖော်ဆောင်ကြမည်ဖြစ်ပါသည်။ ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ကာလတွင် ကျွန်ုပ်တို့ အသုံးပြုကိုင်စွဲသွားမည့် သပိတ်ကြွေးကြော်သံများမှာ “တသံတည်းညီ တချီတည်းရုန်း”၊ “တရားမဝင် ရွေးကောက်ပွဲကို တိုက်ဖျက်ကြ၊ တိတ်ဆိတ်မှုနဲ့ သက်သေပြ” တို့ ဖြစ်ကြသည်။

သို့ဖြစ်ပါ၍ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်ကာလတွင် နိုင်ငံရေးခေါင်းဆောင်အသီးသီးက မိမိတို့ပြည်သူလူထုကို သတင်းစကားများ လိုအပ်သလို တင်ပြပြောကြားနိုင်ရန်အတွက် ယခုလူထုနိုင်ငံရေးဟောပြောပွဲကို စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

ယခု လူထုနိုင်ငံရေးဟောပြောပွဲကို GSCB ၏ page အပြင် အောက်ပါ Online စာမျက်နှာများမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

- Mizzima – News in Burmese
- Khit Thit Media
- Public Voice Television
- DVB TV News
- The Irrawaddy - Burmese
- Than Lwin Times
- သံလွင်ခက် - Than Lwin Khet News
- The Voice of Spring
- Federation of General Workers Myanmar – FGWM
- CJ Platform
- Lu Nge Khit
- Kanbawza Tai Broadcasting
- Kanbawza Tai News
- ဆီသို့ - Towards
- The Burmese Post
- ဖက်ဒရယ် FM – Mandalay
- Independent Revolution Media Network
- မြစ်ကွေ့ - လူထုတော်လှန်ရေးစာစဉ်
- Delta News Agency
- CDM Medical Network
- People’s Spring
- Myanmar Pressphoto Agency
- News Ambassador - သတင်းတမန်
- D-Day Channel
- Red News Agency
- Burma VJ
- သပြေညို သတင်းလွှာ
- Yangon Media Network

06/12/2022
23/11/2022

လေးစားရပါသော မိဘပြည်သူများခင်ဗျာ/ရှင်...

အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ အာဏာသိမ်းရန် ကြိုးစားမှု တစ်နှစ်ကျော် နှစ်နှစ်နီးပါးကာလတွင် နွေဦးတော်လှန်ရေး၏ အရေးကြီးသော အချိန်ကာလသို့ရောက်ရှိလာပြီ ဖြစ်ပါသည်။ မည်သည့်ရှုထောင့်ကမှ တရားဝင်မှုမရှိသည့် ဖက်ဆစ်စစ်တပ်ဟာ တစ်ဖက်မှာ အစွမ်းကုန် ယုတ်မာရိုင်းစိုင်းရက်စက်စွာ ပြုမူနေပြီး အခြားတစ်ဖက်မှာလဲ နိုင်ငံတစ်ကာ မျက်နှာစာမှာ Legitimacy ရနိုင်ရန် ကြိုးပမ်းမှုအဖြစ် ၂၀၂၃ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ရန် ကြိုးစားလျက်လည်းရှိပါသည်။ ထိုသို့သော အချိန်ကာလတွင် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးတိုးတက်မှု ဖြစ်စဥ်များ၊ နိုင်ငံရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ဘုံရန်သူကို တိုက်ထုတ်၍ ဘုံရည်မှန်းချက်ပန်းတိုင်ကို မည်သို့ ချီတက်သွားဖို့ရာ ရည်မှန်းကြိုးစားကြသည်များအပြင်၊ ဖက်ဆစ် စစ်တပ်၏ တရားမဝင်ရွေးကောက်ပွဲ နှင့်ပတ်သက်၍ မည်သို့သဘောထားပြီး မည်သို့ တုံ့ပြန်ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအဖြေရှာသွားနိင်ရန် လိုအပ်ပါသည်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အနေဖြင့် (၁၀၂)နှစ်ပြည့် အမျိုးသားနေ့ (၁၃) ရက်တာလှုပ်ရှားမှုအဖြစ် “နိုင်ငံရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ"အား ဤနွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်လျက်ရှိသော နိုင်ငံရေးအင်အားစုများကို ဖိတ်ခေါ်၍ နွေဦးတော်လှန်ရေးနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းကို လူထုနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အောက်ပါအစီစဥ်အတိုင်း ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုကြီးအနေဖြင့် “ နွေဦးတော်လှန်ရေး နှင့် နိုင်ငံရေးအင်အားစုများ “ လူထုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွးနွေးပေးကြနိုင်ပါရန်နှင့် ကြည့်ရှုနားထောင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

“နိုင်ငံရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ"

ခေါင်းစဉ် - နွေဦးတော်လှန်ရေး နှင့် နိုင်ငံရေးအင်အားစုများ
နေ့ရက် - နိုဝင်ဘာ ၂၃ ရက် (ဗုဒ္ဓဟူးနေ့)
အချိန် - ည ၇ နာရီမှ ၉ နာရီ

ဦးဆောင်ဆွေးနွေးမည့်သူများ

(၁) ဦးအောင်ကြည်ညွန့်
ဥက္ကဌ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ

(၂) ဦးအောင်မိုးဇော်
ဥက္ကဌ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

(၃) ဖဒိုစောတောနီး
ပြောရေးဆိုခွင့်ရှိသူ
ကရင်အမျိုးသားအစည်းအရုံး

(၄) ဆလိုင်းအိုက်ဇက်ခင်
အလှည့်ကျသဘာပတိအဖွဲ့ဝင်
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ

ကူညီဆွေးနွေးမည့်သူ - ဦးနန္ဒစစ်အောင်
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု

(မှတ်ချက် ။ ။ဤလူထုတွေ့ဆုံဆွေးနွေးပွဲကို အချိန်တိုအတွင်း စီစဥ်ရခြင်းဖြစ်ကာ လိုက်လံဖိတ်ကြားသည့် ခေါင်းဆောင်အမျိုးသမီးများအနေဖြင့် အချိန်ပေးရန် ခက်ခဲခြင်း၊ လုံခြုံရေးအရ ရှေ့ထွက်မရခြင်း စသည့်အခက်အခဲများနှင့် အချိန်မီ စီစဥ်ရပါသောကြောင့် (၁၀၂)ပြည့်အမျိုးသားနေ့ (၁၃)ရက်တာ လှုပ်ရှားမှု၏ အချို့ကဏ္ဍများမှ ဦးဆောင်ဆွေးနွေးသူနေရာများတွင် အမျိုးသမီးများ ပါဝင်မှုနည်းခဲ့ခြင်းဖြစ်ပြီး GSCB မှ ပွဲစီစဥ်သူများ၏ လိုအပ်ချက်အဖြစ် နားလည်ခွင့်လွှတ်ပေးကြပါရန် ယခုနွေဦးတော်လှန်ရေး၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် ခိုင်ခိုင်မာမာ ရှိနေသော ခေါင်းဆောင်အမျိုးသမီးများနှင့် မိဘပြည်သူတစ်ရပ်လုံးကို လေးစားစွာအသိပေးတောင်းပန် မေတ္တာရပ်ခံလိုက်ရပါသည်။)

(၂၃၊ ၁၁၊ ၂၀၂၂)ရက်နေ့ည ၇ နာရီတွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်သော "နိုင်ငံရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ"ကို အောက်ဖော်ပြပါ မီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

Mizzima ၊ Burma VJ၊ Khit Thit ၊ Red News Agency၊ PVTV ၊ Myanmar Labour News , Burma VJ, The Irrawaddy, Myanmar labour News, Than lwin khet, Kanbawza Tai News/ Broadcating, The Nation Voice, Myanmar Pressphoto Agency, People's Spring, D Day Channel, IRMN, Federal FM, တူမီးတော်လှန်ရေး စာစဥ်, ဆီသို့ စာစဥ်, မြစ်ကွေ့ စာစဥ်, သပြေညိုသတင်းလွှာ, ဒေါင်းတမန်စာစဥ်, လူငယ့်ခေတ်

21/11/2022

"(၁၀၂)နှစ်ပြည့် အမျိုးသားနေ့ (၁၃) ရက်တာကာလ လှုပ်ရှားမှု" ပဥ္စမမြောက် လူထုတွေ့ဆုံဆွေးနွေးပွဲ : အုပ်ချုပ်ရေးကဏ္ဍ

"လုံးဝအုပ်ချုပ်ခွင့်မရစေရ"

အကြမ်းဖက်စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းခဲ့ချိန်မှစပြီး ယခုနှစ်နှစ်နီးပါးကာလအထိ တိုင်းပြည်အတွင်း မငြိမ်မသက်မှုတွေ၊ ခိုးဆိုးလုနှိုက်မှုနဲ့ မြို့တွေပေါ်မှာ ပေါ်တင် ဓားပြတိုက် လူသတ်ဖြတ်မှုတွေဟာ ဆက်တိုက်ဆိုသလိုဖြစ်နေပြီး ပြည်သူတွေအတွက် လုံခြုံစွာ နေထိုင်နိုင်ရေးဆိုတာ "ဘာလဲ" လို့ မေးခွန်းထုတ်နေရတဲ့ အနေအထားဖြစ်နေပါတယ်။ ပြည်သူလက်မခံတဲ့ ပုလ္လင်ခိုးကောင်တွေရဲ့ သူခိုးလုပ်အုပ်ချုပ်နေတာဟာ ညံ့ဖျင်းတာထက်ကို ပိုနေတာ မိဘပြည်သူတို့ ကိုယ်တိုင်မျက်မြင် ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်နိုင်တာက ကြားကလအစိုးရရဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူကို ကာကွယ်ပေးနိုင်မှု အနေအထားတို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူမှန်သမျှကို ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်နေတဲ့ကြားက မိမိတို့ ပြည်သူတွေနဲ့အတူ ပြည်သူတွေကို ကာကွယ်ပေးဖို့ လုံခြုံရေးယူပေးဖို့ ကြိုးစားနေတဲ့ အခြေအနေတွေ ဘယ်လောက်ရှိနေပြီလဲဆိုတာ သေချာသိထားဖို့၊ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုပါတယ်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အနေဖြင့် အမျိုးသားနေ့ (၁၃) ရက်တာကာလ လှုပ်ရှားမှုအတွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုံဖော်ဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်အောင် ကြားကာလအစိုးရအပါအဝင်တော်လှန်ရေးအင်အားစုတွေရဲ့ လက်ရှိလုပ်ဆောင်နေမှုတွေကို လူထုတွေ့ဆုံ ဆွေးနွေးပွဲအနေနဲ့ အောက်ပါအစီစဥ်အတိုင်း ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုကြီးအနေဖြင့် တော်လှန်ရေး ကာလအတွင်းက လည်ပတ်နေသည့် အုပ်ချုပ်ရေးနှင့်ပတ်သတ်သည့် အကြောင်းအရာများကို သိရှိနားလည်ပြီး ပြည်သူ့ဆီမှ ပြည်သူ့ထံသို့ ပြန်လည်ဖြန့်ကျက်နိုင်ရန်အတွက် “ လုံးဝအုပ်ချုပ်ခွင့် မရစေရ ” ဆွေးနွေးပွဲသို့ ပါဝင်နားထောင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ဦးဆောင်ဆွေးနွေးမည့်သူများ

၁။ ဦးလွင်ကိုလတ်
၂။ ဦးစစ်ငြိမ်း (ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ဆက်သွယ်ရေး တာဝန်ခံ)
၃။ ကိုရဲညီထက် (စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - ပြောရေးဆိုခွင့် ရှိသူတစ်ဦး)
၄။ Salai William Chin (ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ - အထွေထွေ အတွင်းရေးမှူး)

ကူညီဆွေးနွေးမည့်သူ - ကိုချစ်ဝင်းမောင်

ယနေ့ည ၇ နာရီတွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်သော "အုပ်ချုပ်ရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ" ကို " လုံးဝအုပ်ချုပ်ခွင့် မရစေရ " ဆိုတဲ့ခေါင်းစဉ်နဲ့ အောက်ဖော်ပြပါ မီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

Mizzima ၊ Burma VJ၊ Khit Thit ၊ Red News Agency၊ PVTV ၊ Myanmar Labour News , Burma VJ, The Irrawaddy, Myanmar labour News, Than lwin khet, Kanbawza Tai News/ Broadcating, The Nation Voice, Myanmar Pressphoto Agency, People's Spring, D Day Channel, IRMN, Federal FM, တူမီးတော်လှန်ရေး စာစဥ်, ဆီသို့ စာစဥ်, မြစ်ကွေ့ စာစဥ်, သပြေညိုသတင်းလွှာ, ဒေါင်းတမန်စာစဥ်, လူငယ့်ခေတ်

19/11/2022

(၁၀၂)နှစ်ပြည့် အမျိုးသားနေ့ (၁၃)ရက်တာ လှုပ်ရှားမှု: လူထုတွေ့ဆုံဆွေးနွေးပွဲ၏ စတုတ္ထကဏ္ဍ

"စီးပွားရေးစစ်မျက်နှာ တိုက်ပွဲ"

တော်လှန်ရေးအတွင်းက စီးပွားရေးစစ်မျက်နှာရဲ့ အခြေအနေတွေက ဘယ်လိုရှိလဲ၊ ရန်သူဘက်က အထိနာနေတဲ့အပိုင်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အသာစီးရနေမှုတွေက ဘယ်အပိုင်းတွေလဲ၊ လူထုအားနဲ့ မောင်းနှင်နေတဲ့ တော်လှန်ရေးအတွင်းက စီးပွားရေးကဏ္ဍက ဘယ်လောက်ထိဆက်မျှော်လင့်ထားလို့ရအောင် လည်ပတ်နေလဲ၊ ဘာတွေကို ဆက်ပြီးအားဖြည့်မောင်းနှင်ကြမလဲ၊ လူထုကယုံယုံကြည်ကြည်ထောက်ပံ့ ပါဝင်နေတဲ့ ငွေကြေးတွေကိုရော ဦးဆောင်စီမံခန့်ခွဲနေတဲ့ ဝန်ကြီးဌာနတွေ၊ ပိုမိုတိုးပွားအောင် လုပ်နေတဲ့ ဝန်ကြီးဌာနတွေရဲ့ အနေအထားကရော ဘယ်လောက်ထိ အားကောင်းမောင်းသန်နဲ့ သွားနေလဲ၊ အကြမ်းဖက်စစ်တပ်ရဲ့ စစ်တပ်ရဲ့ စီးပွားရေးထောက်တိုင်တွေကို ဖြိုချနေတဲ့အင်အားစုတွေရဲ့ လက်ရှိလုပ်ဆောင်မှုတွေနဲ့ ဒီထက်အားကောင်းအောင် ဘာတွေပါဝင်ဆက်လုပ်ကြရမလဲ... စတဲ့ စီးပွားရေးစစ်မျက်နှာအတွင်းက လူထုသိသင့်ပြီး ပါဝင်ဆွေးနွေးကြရမယ့် အခန်းကဏ္ဍကို ယနေ့ညမှာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

ယနေ့ည ၇ နာရီတွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်သော "စီးပွားရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ" ကို "စီးပွားရေး စစ်မျက်နှာတိုက်ပွဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ အောက်ဖော်ပြပါ မီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

Mizzima ၊ Burma VJ၊ Khit Thit ၊ Red News Agency၊ PVTV ၊ Myanmar Labour News , Burma VJ, The Irrawaddy, Myanmar labour News, Than lwin khet, Kanbawza Tai News/ Broadcating, The Nation Voice, Myanmar Pressphoto Agency D Day Channel, IRMN , Federal FM , တူမီးတော်လှန်ရေး စာစဥ်, ဆီသို့ စာစဥ်, မြစ်ကွေ့ စာစဥ်, သပြေညိုသတင်းလွှာ, ဒေါင်းတမန်စာစဥ်, လူငယ့်ခေတ်

17/11/2022

▪️ "(၁၀၂) ကြိမ်မြောက် အမျိူးသားအောင်ပွဲနေ့ ဒီဂျစ်တယ်စာပေဟောပြောပွဲ(ဒုတိယနေ့)အစီအစဉ်" စတင်ပါပြီ။

ဒီနေ့‌ဟောပြောပေးမှာက‌တော့ ဆရာမ မသီတာ(စမ်းချောင်း)ဖြစ်ပါတယ်။ ဆရာမရဲ့ ဟောပြောမှုတွေကို နားထောင်ကြည့်လိုက်ရအောင်။

ဤဟောပြောပွဲကို " ဆီသို့ - Towards မီဒီယာ " အပြင် တကသကျောင်းသားဟောင်းများအင်အားစု၊ သံပုံးတီး၊ ဒေါင်းတို့မျိုးဆက်၊ Federal FM – Mandalay၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု၊ တူမီးစာစဉ်၊ လူငယ့်ခေတ်၊ Delta News Agency၊ Red news၊ CJ Platform Media၊ KBZ Tai News၊ Monywa University of Economics Students' Union၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ Independent Revolution Media Network၊ DVB TV News၊ Alliance of Students' Unions Yangon – ASU နှင့် ASU ကွန်ရက်အဖွဲ့ဝင် ကျောင်းသားသမဂ္ဂများ စသည်တို့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက်ထုတ်လွှင့်လျက်ရှိပါတယ်။


နိုင်ငံတော်သစ်ဆီသို့ မျှော်ရည်၍

16/11/2022

▪️ "(၁၀၂) ကြိမ်မြောက် အမျိူးသားအောင်ပွဲနေ့ ဒီဂျစ်တယ်စာပေဟောပြောပွဲ(ပထမနေ့)အစီအစဉ်" စတင်ပါပြီ။

ပထမနေ့အဖြစ် စာရေးဆရာ အောင်ဝေးမှ "ဒေါင်းအဆင်အဆန်းတွေနဲ့ ပဝါအလံထူ" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ သူ့ရဲ့တော်လှန်ရေးအတွေ့အကြုံ၊ စာပေအတွေ့အကြုံတို့ကို ဘယ်လိုဟောပြောသွားမလဲဆိုတာကို နားထောင်ကြည့်လိုက်ရအောင်။

ဤဟောပြောပွဲကို "ဆီသို့မီဒီယာ" အပြင် တကသကျောင်းသားဟောင်းများအင်အားစု၊ သံပုံးတီး၊ ဒေါင်းတို့မျိုးဆက်၊ Federal FM – Mandalay၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု၊ တူမီးစာစဉ်၊ လူငယ့်ခေတ်၊ Delta News Agency၊ Red news၊ CJ Platform Media၊ KBZ Tai News၊ Monywa University of Economics Students' Union၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ Independent Revolution Media Network၊ DVB TV News၊ Alliance of Students' Unions Yangon – ASU နှင့် ASU ကွန်ရက်အဖွဲ့ဝင် ကျောင်းသားသမဂ္ဂများ စသည်တို့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက်ထုတ်လွှင့်လျက်ရှိပါတယ်။


နိုင်ငံတော်သစ်ဆီသို့ မျှော်ရည်၍

16/11/2022

" ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ။ "

ခေါင်းစဉ် - ပညာရေးစနစ်ဆိုးကို အသံထုတ်ကြ အမေးအဖြေ အပိုင်း - ၂
နေ့ရက် - နိုဝင်ဘာ ၁၆ ရက် (အင်္ဂါနေ့)
အချိန် - ည ၈:၀၀ နာရီမှ ၉:၀၀ နာရီ

ပါဝင်ဆွေးနွေးမည့်သူများ
၁။ ဒေါက်တာစိုးသူရဇော် - သွားနှင့်ခံတွင်း ဆရာဝန် (CDM)
၂။ Luna - ဆေးကျောင်းသူတစ်ဦး (CDM)

ဆွေးနွေးပွဲအား အောက်ဖော်ပြပါ သတင်းမီဒီယာများနှင့် တော်လှန်ရေးမီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
Mizzima ၊ Burma VJ၊ Khit Thit ၊ Red News Agency၊ PVTV ၊ Myanmar Labour News , Burma VJ, The Irrawaddy, Myanmar labour News, Than lwin khet, Kanbawza Tai News/ Broadcating, The Nation Voice, Myanmar Pressphoto Agency D Day Channel, IRMN , Federal FM , တူမီးတော်လှန်ရေးစာစဥ်, ဆီသို့ စာစဥ်, မြစ်ကွေ့ စာစဥ်, သပြေညိုသတင်းလွှာ, ဒေါင်းတမန်စာစဥ်, လူငယ့်ခေတ်

15/11/2022

" ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ။ "

ခေါင်းစဉ် - ပညာရေးစနစ်ဆိုးကို အသံထုတ်ကြ အမေးအဖြေ အပိုင်း - ၁

နေ့ရက် - နိုဝင်ဘာ ၁၅ ရက် (အင်္ဂါနေ့)
အချိန် - ည ၇ နာရီမှ ၈ နာရီ

ပါဝင်ဆွေးနွေးမည့်သူများ
၁။ ဦးကျော်ရဲလွင် - အတွင်းရေးမှူး၊ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ
၂။ မဇွန်ဇာနှင်းဆက် -ဥက္ကဋ္ဌ၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ( လှိုင်နယ်မြေ )

ဆွေးနွေးပွဲအား အောက်ဖော်ပြပါ သတင်းမီဒီယာများနှင့် တော်လှန်ရေးမီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
Mizzima ၊ Burma VJ၊ Khit Thit ၊ Red News Agency၊ PVTV ၊ Myanmar Labour News , Burma VJ, The Irrawaddy, Myanmar labour News, Than lwin khet, Kanbawza Tai News/ Broadcating, The Nation Voice, Myanmar Pressphoto Agency D Day Channel, IRMN , Federal FM , တူမီးတော်လှန်ရေးစာစဥ်, ဆီသို့ စာစဥ်, မြစ်ကွေ့ စာစဥ်, သပြေညိုသတင်းလွှာ, ဒေါင်းတမန်စာစဥ်, လူငယ့်ခေတ်

14/11/2022

‘’ ပြည်သူတွေပါဝင်တိုက်နေတဲ့ အဆုံးအဖြတ်ခေါ်မယ့် တွန်းလှန်စစ်ပွဲ ‘’ ဆွေးနွေးပွဲအား နားဆင်ကြည့်ရှုနိုင်ပါပြီ။

"စစ်ရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ"

ခေါင်းစဉ် - ပြည်သူတွေပါဝင်တိုက်နေတဲ့ အဆုံးအဖြတ်ခေါ်မယ့် တွန်းလှန်စစ်ပွဲ
နေ့ရက် - နိုဝင်ဘာ ၁၄ ရက် (တနင်္လာနေ့)
အချိန် - ည ၇ နာရီမှ ၉ နာရီ

ဆွေးနွေးပွဲအဖွင့်မိန့်ခွန်း - အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးရည်မွန်

ပါဝင်ဆွေးနွေးမည့်သူများ
၁။ ကိုနိုင်ထူးအောင် - အမြဲတမ်းအတွင်းဝန်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
၂။ ကိုမင်းလတ်ဥက္ကာ - ဗဟိုကော်မတီဝင်၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)
၃။ ဗိုလ်ကြီးထက်မြက် - CDM ဗိုလ်ကြီး
၄။ ကိုမိုးအေး - စစ်ရေးလေ့လာသူ၊ တော်လှန်ရေးအတွင်း ဦးဆောင်လှုပ်ရှားသူတဦး
ကူညီဆွေးနွေးမည့်သူ - မအေးမြင့်အောင်အောင်

ဆွေးနွေးပွဲအား အောက်ဖော်ပြပါ သတင်းမီဒီယာများနှင့် တော်လှန်ရေးမီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

Mizzima ၊ Burma VJ၊ Khit Thit ၊ Red News Agency၊ PVTV ၊ Myanmar Labour News , Burma VJ, The Irrawaddy, Myanmar labour News, Than lwin khet, Kanbawza Tai News/ Broadcating, The Nation Voice, Myanmar Pressphoto Agency D Day Channel, IRMN , Federal FM , တူမီးတော်လှန်ရေး စာစဥ်, ဆီသို့ စာစဥ်, မြစ်ကွေ့ စာစဥ်, သပြေညိုသတင်းလွှာ, ဒေါင်းတမန်စာစဥ်, လူငယ့်ခေတ်

14/11/2022

‘’ ပြည်သူတွေပါဝင်တိုက်နေတဲ့ အဆုံးအဖြတ်ခေါ်မယ့် တွန်းလှန်စစ်ပွဲ ‘’ ဆွေးနွေးပွဲအား နားဆင်ကြည့်ရှုနိုင်ပါပြီ။

"စစ်ရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ"

ခေါင်းစဉ် - ပြည်သူတွေပါဝင်တိုက်နေတဲ့ အဆုံးအဖြတ်ခေါ်မယ့် တွန်းလှန်စစ်ပွဲ
နေ့ရက် - နိုဝင်ဘာ ၁၄ ရက် (တနင်္လာနေ့)
အချိန် - ည ၇ နာရီမှ ၉ နာရီ

ဆွေးနွေးပွဲအဖွင့်မိန့်ခွန်း - အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးရည်မွန်

ပါဝင်ဆွေးနွေးမည့်သူများ
၁။ ကိုနိုင်ထူးအောင် - အမြဲတမ်းအတွင်းဝန်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
၂။ ကိုမင်းလတ်ဥက္ကာ - ဗဟိုကော်မတီဝင်၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)
၃။ ဗိုလ်ကြီးထက်မြက် - CDM ဗိုလ်ကြီး
၄။ ကိုမိုးအေး - စစ်ရေးလေ့လာသူ၊ တော်လှန်ရေးအတွင်း ဦးဆောင်လှုပ်ရှားသူတဦး
ကူညီဆွေးနွေးမည့်သူ - မအေးမြင့်အောင်အောင်

ဆွေးနွေးပွဲအား အောက်ဖော်ပြပါ သတင်းမီဒီယာများနှင့် တော်လှန်ရေးမီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

Mizzima ၊ Burma VJ၊ Khit Thit ၊ Red News Agency၊ PVTV ၊ Myanmar Labour News , Burma VJ, The Irrawaddy, Myanmar labour News, Than lwin khet, Kanbawza Tai News/ Broadcating, The Nation Voice, Myanmar Pressphoto Agency D Day Channel, IRMN , Federal FM , တူမီးတော်လှန်ရေး စာစဥ်, ဆီသို့ စာစဥ်, မြစ်ကွေ့ စာစဥ်, သပြေညိုသတင်းလွှာ, ဒေါင်းတမန်စာစဥ်, လူငယ့်ခေတ်

Address


Website

Alerts

Be the first to know and let us send you an email when Independent Revolution Media Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Independent Revolution Media Network:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share