K I L L E R

K I L L E R Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K I L L E R, .
(5)

25/11/2021

မကြာမီရောက်လာတော့မည့်
မြို့သိမ်းတိုက်ပွဲတွေအတွက် မြို့နယ်တိုင်းရှိ
လူငယ်လူကြီးတွေက PDF အဖွဲ၀င်များကိုကူညီပေးကြရန်တောင်းဆို
😍😍😍

25/11/2021

ရှေ့တန်းထွက်ဖို့အတွက် တစ်အိမ်တစ်ယောက်နှုန်း စာရင်းပေးဖို့ စစ်အုပ်စုထောက်ခံသူတွေကို စစ်ကောင်စီ ဖိအားပေး

25/11/2021

𝗕𝗿𝗲𝗮𝗸𝗶𝗻𝗴 𝗡𝗲𝘄‼
ဒီးမော့ဆို တိုက်ပွဲတွင်
KNDF ရဲဘော် ၄ ဦး ကျဆုံးသွားဟုသိရ။💔
𝗥𝗲𝘀𝘁 𝗜𝗻 𝗣𝗼𝘄𝗲𝗿 𝗢𝘂𝗿 𝗛𝗲𝗿𝗼

25/11/2021

ပန်ဆယ်လို

တော်လှန်ရေးမှာ လေ့ကျင့်သား ပြည့်ဝလာတာကတော့ သည်းခံခြင်းတရားပဲ။ ဟိုဘက်ခြမ်းကို ဆတ်ဆတ်ထိမခံသလောက် ကိုယ့်ဘက်အခြမ်းမှာ ဘယ်လိုပဲ တိုက်ခိုက်လာပါစေ၊ နှောက်ယှက်နေပါစေ၊ ဘက်တူသူချင်း ရန်မဖြစ်နဲ့ဆိုပြီး ချိုးနှိမ်သည်းခံလာနိုင်ခဲ့တာ အတော်ကြာပြီ။

ဘယ်အချိန် ပွင့်ထွက်လာမလဲ မသိဘူးပေါ့။ အောင့်လုံးတွေ ပေါက်ကွဲထွက်လာတဲ့အချိန်ကျရင်တော့ ပြင်းထန်မယ်။ အဲ့အချိန်ကျရင် နားလည်နိုင်ကြလိမ့်မယ်လည်း မျှော်လင့်မထားဘူး။ ကိုယ်သည်းခံထားရတာ ကိုယ်ပဲ သိတယ်။

လမ်းချင်းတူတော့ လူချင်းဆုံတယ်။ လူချင်းဆုံရင် နွေးထွေးကြရမှာမလား။ ဒီကာလမှာ ဘယ်သူကမှ ပျော်ရွှင်သာယာမနေဘူး။ စိတ်အနာ ကိုယ်စီနဲ့ပဲ။ လမ်းချင်းတူလို့ လူချင်းဆုံတော့ ခြေထိုးခံတဲ့ စောက်ကျင့်လေးတွေကိုလည်း ပြုံးကြည့်နေရုံပဲ တတ်နိုင်တယ်။

အရင်စိတ်နဲ့ဆို ထမိန်အလံထူပြီးပြီပေါ့။ ကိုယ်ဆိုတာက လုံးကြီးတင်ရင် ဆံခတ်ပစ်မှဆိုတဲ့ကောင်မျိုး။ အခုတော့ သတင်းတွေ သိတယ်၊ သိတယ်၊ တိုက်ခိုက်မှုတွေ အပုတ်ချမှုတွေကို SSတွေပါ ရထားတယ်။ နယ်လှည့်စောက်တင်းတုတ်နေတာလည်း သိတယ်။ ချပြလိုက်ရင် စောက်ရှက်တွေပါ ဒေါင်လိုက် အလျားလိုက် ကွဲကုန်မယ်။

မင်းလည်း လူသိများသူ၊ ကိုယ်လည်း လူသိများသူ၊ မင်းဘာကောင်လဲ ငါဘာကောင်လဲ အပြိုင်ရိုက်ခွဲကြရင် ကိုယ်နိုင်မယ်ဆိုတာလည်း သိနေပြီးသား။ ကိုယ့်ဘက်က ဘာဖောင်းမှ ရှိမထားခဲ့တာကိုး။ ဒါပေမယ့် လျှော်ပေးထားတယ်။ ယောက်ျားတန်မဲ့ စောက်တင်းလည်တုတ်တဲ့ အဆင့်ပဲရှိတယ်၊ ကိုယ် ထဗျင်းရင် မျက်ရည်နဲ့မျက်ခွက်ဖြစ်မယ့် ဇဆိုတာလည်း သိတယ်။ ကိုယ်ရိုက်ခွဲလိုက်လို့ ကွဲမယ့်သူက ကိုယ်တွေဘက်ခြမ်းကလူဖြစ်နေရင် ဝမ်းမသာနိုင်ဘူး။

ထူးထွေမြင့်မြတ်နေတာ မဟုတ်ဘူး။ ဒီကာလမှာ လမ်းတူသူချင်းပေါ် ထားပေးထားတဲ့ ခဏတာ တော်လှန်ရေးမေတ္တာပဲ။

ဒီကာလကျော်လွန်ရင်၊ ဒါမှမဟုတ် သည်းခံနိုင်စွမ်း ကျော်လွန်လာရင်တော့ တစ်ပွဲလောက် တွေ့ကြတာပေါ့။

သတ္တိဆိုတာ ကွယ်ရာမှာ စောက်တင်းတုတ်ရဲတာမျိုး မဟုတ်ဘူး။ စောက်ခွက်ကို ကြည့်ပြီး ဒဲ့ပြောရဲတာမျိုး။ ဘယ်သူ သတ္တိရှိလဲ တွေ့ကြသေးတာပေါ့။

ကလေးတွေ လူကြီးဆန်တာ ချစ်စရာကောင်းတယ်။ လူကြီးတွေ ကလေးဆန်တာကျ ရွံစရာကောင်းတယ်။ လူကြီးတွေ အူစနူထနေတာကို စောက်ရူးကြီးပါကွာဆိုပြီး ပြုံးကြည့်နေရတာမျိုး။

KP သီချင်းလိုပေါ့။
🎵သည်းခံ… သည်းခံ
ဒီနေရာမှာ လူဖြစ်လာတဲ့ ကိုယ့်ရဲ့ကံ🎶

25/11/2021

PDF တွေကို တိုက်ဖို့ ရှေ့တန်းထွက်ရန် ခေါင်းစဉ်နဲ့ ပျူတွေ၊ ပြည်သူ့စစ်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ထောက်ခံသူတွေကို စာရင်းလာပေးခိုင်းတယ်တဲ့။

ဘောမတွေက အားကိုးရသလေ။ စာရင်းလာပေးတာ ဆယ်ယောက်မပြည့်လို့ တစ်အိမ်တစ်ယောက် စာရင်းပေးရမယ်ဆိုပြီး ဖိအားပေးနေပြီတဲ့။

စစ်တပ်ကို ဆန့်ကျင်နေတဲ့ ပြည်သူတွေဘက်က တကယ်တိုက်ဖို့ ရှေ့ထွက်သွားတာ PDF သောင်း၊ သိန်းချီ။

မအလဘက်က Online မှာသာ ငိုသံပါကြီးနဲ့ အဘနိုင်မှာ လိုက်အော်နေတာ။ တကယ်စာရင်းပေးတော့ ဆယ်ယောက်မပြည့်ဘူးတဲ့။ ယူတို့က စိတ်ဓါတ်ပဲ။

သွားကြပါဟဲ့
အဘခေါ်နေပြီလေ။

ပန်ဆယ်လို

25/11/2021

သတင်းကောင်းကြားရပါစေ‼️
ကုလမှာ မြန်မာနိုင်ငံကိုယ်စားပြုဘယ်သူဖြစ်မလဲဆိုတာ Dec 1 ရက်နေ့တွင် ဆွေးနွေးဆုံးဖြတ်မည်ဟုသိရ❤

25/11/2021

ရောက်လာတော့မဲ့ D-Day

အခင်းအကျင်းကြီးအတွက်ပြည်သူတွေကြိုပြင်ဆင်ထားကြပါလို့dr.zaw wai soeပြော ✊❤

ဒီးမော့ဆို၊ ဟိုဖိတ်ရွာအနီး စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ကရင်နီတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်၊ KNDF ရဲဘော် ၄ ဦး ကျ...
25/11/2021

ဒီးမော့ဆို၊ ဟိုဖိတ်ရွာအနီး စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ကရင်နီတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်၊ KNDF ရဲဘော် ၄ ဦး ကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ရွာအနီး ယနေ့နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ကရင်နီတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲပြင်းထန်ကာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF က ၄ ဦးကျဆုံးကြောင်း ကနဦး သတင်းရရှိသည်။

"ဟုတ်တယ်၊ တိုက်ပွဲကပြင်းတော့ နှစ်ဖက်စလုံး အကျအဆုံးရှိတယ်။ ကျနော်တို့ဘက်ကလည်း ကျတာတွေ ထိခိုက်တာတွေ ရှိပါတယ်၊ တိုက်ပွဲက ဆက်ဖြစ်နေတုန်းဆိုတော့ အရေအတွက် အတိအကျ မပြောနိုင်သေးဘူး" ဟု KNDF ပြောခွင့်ရက ရန်ကုန်ခေတ်သစ်သို့ ဆိုသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အကျအဆုံးများကြောင်း ရှေ့တန်းရောက် KNDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မြေပြင်မှ အင်အား ရာချီသုံးကာ ထိုးစစ်ဆင်လာသလို လွိုင်ကော် လွယ်တမူကုန်း အမြှောက်တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း KNDF ပြောခွင့်ရက ဆက်ပြောသည်။

"လွိုင်ကော် အမြှောက်တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ပစ်နေတယ်၊ ဟိုဖိတ်ရွာက ဒေသခံအချို့ကတော့ ထွက်ပြေးကုန်ကြပြီ၊ ရွာသားတချို့ကိုတော့ ကျနော်တို့ ရွှေ့ကူနေတယ်" ဟု KNDF ပြောခွင့်ရက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် လွိုင်ကော်နှင့် ဒီးမော့ဆိုကြား ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်နေပြီး မကြာခဏ စစ်ကြောင်းထိုးနေသောကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်လည်း နေ့စဉ်နှင့်အမျှ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

23/11/2021

စလုံးက ရွှေမြန်မာတွေNUGကို အားပေးကြမ်းချက်‼️
စလုံးက Mobile Banking တွေ ယာယီရပ်တန့်နေရဆိုပဲ၊
ဒို့ပြည်သူတွေ ညီချက်ကွာ💪💪

23/11/2021

တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ မဲဝိုင်တပ်စခန်းကို KNU က တိုက် ခိုက် သိမ်းပိုက်😍❤

23/11/2021

ယမန်နေ့ည၁၂နာရီအထိပင်ငွေတိုက်စာချုပ်ဒေါ်လာ၆.၃သန်းအထိရောင်းခဲ့ရဟုသိရ ဘယ်လိုဝယ်ရမလဲဆိုတဲ့ပြည်သူတွေအများကြီးရှိနေဆဲဟုသိရ

22/11/2021

PDF တပ်သား ၂ ဦးရေးဆွဲထားသည့် End Game Union ဂိမ်း
=================

PDF တပ်သားတစ်ဦးအနေဖြင့် ဆော့ကစားနိုင်မည့် End Game Union ဂိမ်းကို Shoot and Support ပေ့ချ်မှ နိုဝင်ဘာလ ၁၂ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။

ယင်းဂိမ်းကို PDF တပ်သားနှစ်ဦးက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဂိမ်းမှ ရရှိသည့် အကျိုးအမြတ်ငွေများကို လက်နက်ခဲယမ်းများဝယ်ယူနိုင်ရေး အလှူငွေလိုအပ်နေသည့် တော်လှန်ရေးရဲဘော်များကို လှူဒါန်းရန် အသုံးပြုသွားမည်ဟု End Game Union ဂိမ်းရေးဆွဲခဲ့သူ PDF တပ်သားက ပြောသည်။

20/11/2021

ပြည်သူကို ကာကွယ်တဲ့ ပြည်သူ့စစ်သားတွေကို
သပြေခက်နဲ့ ကြိုကြတယ်။

မင်းအောင်လှိုင်ကို ကာကွယ်နေတဲ့ MALစစ်သားတွေကျ နာနတ်သီးကျွေးလိုက်၊ နှုတ်ခမ်းနီဆိုးလိုက်ပဲ။

ကိုယ့်စောက်ဆင့် ကိုယ်သိကြပေါ့ ဂေါင်းကြီးတို့ရာ။

20/11/2021

တစ်နိုင်ငံလုံးအတိုင်းအတာ
နဲ့လျှပ်စစ်မီးပျက်တောက်
သွားကြောင်းသိရ
ဘယ်တွေပျက်နေလဲပြောခဲ့😊😊

20/11/2021

KA/KNDF တပ်ဖွဲ့မှ Mytel ဆင်းကဒ် နှင့် ငွေဖြည့်ကဒ် ရောင်ချသူများကို ဖမ်းဆီးပြီး ဆင်းကဒ်များကို မီးရှို့ဖျက်ဆီး(ရုပ်/သံ)

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

ကရင်နီပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ စစ်တပ်ပိုင် Mytel ဆင်းကဒ် ၊ ငွေဖြည့်ကဒ် ရောင်းချသူ ကိုယ်စားလှယ်များကို ဖမ်းဆီးပြီး ဆင်းကဒ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း KA/KNDFတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးခဲ့ပြီး Mytel ဆင်းကဒ်များကိုသာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KA/KNDF က ထုတ်ပြန်ထားသည်။

20/11/2021

လှိုင်သာယာမှာ ရဲစခန်းကို လောင်ချာနဲ့ ထုတယ်။
CDF က ဘာနဲ့ပစ်လိုက်လေလဲတော့ မသိ
ရဟပ်ယာဉ်ပါ မီးခိုးတအူအူနဲ့ ဆင်းသွားလေရဲ့။

မနေ့ကတင် စာရင်းပေါက် ၁၃၀
Unverifie သတင်းအရ ၂၀၀ ကျော်ဆိုလား။

ပြောစမ်းပါဦး
တော်လှန်ရေးက အားလျော့နေတယ် ဘာညာ။
🙂

20/11/2021

ကြည့်မြင်တိုင်❗
ထီးတန်းဈေးမှာMaskတပ်ရင်
ဒဏ်ငွေကောက်မည်ဟု လိုက်အော်နေ‼🙄🙄

20/11/2021

နို၀င်ဘာ ၁၉ ရက် တွင် စစ်ကောင်စီဘက်မှ ၁၃၃ ယောက် သေဆုံးပြီး PDF ဘက်မှ ၇ ဦးကျဆုံး၊၄ ဦး ဖမ်းဆီးခံရကာ ၈ ဦး ပျောက်ဆုံးနေ😔

20/11/2021

Breaking News‼️
ခုခံစစ် Level 2 ထပ်မြင့်လိုက်ပြီး နောက် ယနေ့မနက် လှိုင်သာယာရှိ သောင်ကြီးရဲစခန်းကို လောင်ချာဗုံးသီးနဲ့ကစ်တာ ရဲ၄ဦး ကျခဲ့ ဟုသိရ

19/11/2021

ထီးလင်းမြို့နယ်အတွင်း တိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့PDFမှ ၁၄ ဦး ကျဆုံး💔 ၃ ဦး ဒဏ်ရာရ၊ စစ်ကောင်စီတပ်မှ ၁၀ ဦးခန့်သေဆုံး အများအပြား ဒဏ်ရာရ

19/11/2021

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း၀န်ကြီးချုပ်ယာဉ်တန်းမိုင်းဆွဲခံရ၊ထိခိုက်သေဆုံးမှု အရေအတွက်
မသိရသေး 💓💓

19/11/2021

ကျောက်ထုတိုက်ပွဲ
စကစ (၅)ကောင်ကျ
PDFအထိအခိုက်မရှိ
ဆုတ်ခွာနိူင်ခဲ့💓💓

ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃လုံးအား စစ်ကောင်စီတပ်များက မီးရှို့ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၁၈ ရက်ကယားပြည်...
19/11/2021

ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃လုံးအား စစ်ကောင်စီတပ်များက မီးရှို့

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃လုံးအား စစ်ကောင်စီတပ်များက မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့ခင်းပိုင်းတွင် ဒီးမော့ဆို ၆မိုင်ကျေးရွာလမ်းမတွင် စစ်ကောင်စီ ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းတွင်ဒေါခလိုက်လင်းကျေးရွာက ဒေသခံနေအိမ် ၃လုံး မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဒေါခလိုက်လင်း ကျေးရွာအနီးတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး မကြာခဏဆိုသလို ဒေသခံရွာသားများ၏ နေအိမ်များအတွင်း ဝင်ရောက် ချက်ပြုတ်စားသောက်လေ့ရှိကြောင်းနိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ကျေးရွာထဲ စစ့ကောင်စီတပ်များ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ခဲ့သေးကြောင်း ဒေသခံများထံမှသိရသည်။

ဓာတ်ပုံ - CJ

19/11/2021

Breaking News‼️
ယနေ့နံနက် မကွေးတိုင်း ယောနယ်တွင် ဆောPDF နှင့်စကစအဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်းသိရ၊ ပြည်သူ(PDF)များ ဘေးကင်းကြပါစေ..🙏🙏

19/11/2021

Yangon UG လုံးဝမပြတ်ပါဘူးတဲ့
UG list လည်းလုံးဝမပေါက်ပါဘူး
ဆက်တော်လှန်ကြမှာပါ✊✊💓

28/10/2021
22/09/2021

ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်အုပ်ချုပ်မှုးရုံးတွင် ချိန်ကိုက်ဗုံးကွဲ
22.9.2021
သတင်းအပြည့်အစုံ - Cmt

22/09/2021

ဒီနေ့မနက် တိုက်ကြီး ဗောဓိကုန်း
ရာအိမ်မှူး သိန်းဝင်းဇော်
မွှင်းခါးတပွဲစား

21/09/2021

Address


Website

Alerts

Be the first to know and let us send you an email when K I L L E R posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share