AYD Entertainment

  • Home
  • AYD Entertainment

AYD Entertainment funny video

08/10/2022

ချစ်ခြင်းမေတ္တာမှာ ငြင်းပယ်ခံရတဲ့အခါ

ကိုယ်သဘောကျမိတဲ့ လူတစ်ယောက်က ကိုယ့်ကို လက်မခံပေးနိုင်တဲ့ အခါမျိုးမှာ ကျွန်တော်တို့က ကျေနပ်ပေးနိုင်ရပါလိမ့်မယ်။

ကျွန်တော်တို့ဟာ ကိုယ့်အပေါ် မကောင်းတဲ့သူကို ချစ်ချင်ကြတယ် ၊ ချစ်ဖူးကြပါတယ် ။ ကိုယ့်ကို သဘောမကျတဲ့သူဆီက မှ အလေးထားခံချင် ကြပါတယ်။

ဘာကြောင့်ဆိုလျှင် ၊ တစ်ချို့အရာတွေက ကျွန်တော်တို့ကိုရွေးချယ်ခွင့် မပေးထားပါဘူး။
ကံကြမ္မာက သူ့သဘောတိုင်း စီစဉ်တာပါ ။

အထူးသဖြင့် ချစ်ခြင်းမေတ္တာမှာပေါ့ ။
သူက သိပ်ဆန်းကြယ်ပါတယ် ။ မတွေ့ ချင်ဘူးရှောင်နေရင်တောင် တည့်တိုးတာမျိုး ၊ မချစ်ချင်တော့ဘူးလို့ ဆုံးဖြတ်ထားခါမှ ရင်ဘတ်ထဲ ရောက်နေတာမျိုးပါ ။

အကြည့်တစ်ချက် ၊ အပြုံးတစ်ပွင့် ၊ စကားတစ်ခွန်းနဲ့တင်လဲ ကျနော်တို့ကို ချစ်မိသွားစေနိုင်တယ်။
မိုင်တွေ အများကြီးဆီက လူကိုလဲ ချစ်ချင် ချစ်သွားနိုင်တယ် ။
အနီးနားမှာ နှစ်တွေ အကြာကြီး ရှိနေပေမဲ့လဲ သတိမထားမိနိုင်တာမျိုးရှိမယ် ။

ချစ်ခြင်းမေတ္တာကိုက လူရွေးခွင့်မပေးထားတာမျိုးပါ ။

ကိုယ်ဟာ ဘယ်လောက်ဘဲပြည့်စုံနေပါစေ။ဘယ်လောက်ပဲကြိုးစားပါစေ ၊ တစ်ဖက်လူဟာကိုယ့်ကို လက်ခံမပေးနိုင်တာမျိုးလဲ ရှိပါလိမ့်မယ် ။ ကြုံဖူးကြပါလိမ့်မယ် ။

ဒီလိုသာ မဟုတ်ရင် " အသဲကွဲတယ် " ဆိုတဲ့ စကားလုံးဟာ လောကကြီးမှာ ရှိမလာနိုင်ဘူးလေ ၊၊
လူတိုင်းဟာ ကိုယ်ချစ်မိတဲ့လူက ကိုယ့်ကိုပြန်ချစ်စေချင်ကြတာပဲမလား ။

ဒါပေမဲ့ အချစ်နဲ့ပတ်သက်ရင် အလုံးစုံ ကံကောင်းမနေနိုင်ပါဘူး ။ ငြင်းပယ်ခံရတာတွေ ရှိပါတယ် ။

တကယ်တော့ သူက ကိုယ်ဖြစ်နေလို့ကို မချစ်တာမျိုးပါ ။ Type မတူဘူးဆိုတဲ့ စကားတစ်ခုတည်းနဲ့တင် နောက်ဆုတ်လိုက်ဖို့ လုံလောက်ပါပြီ ။
ကျွန်တော်တို့မှာ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး ၊၊
သူချစ်ချင်တဲ့သူကျ ဘယ်လောက်ဘဲ ချို့ယွင်းချက်တွေ ရှိနေပါစေချစ်လိမ့်မယ်။ တန်ဖိုးထားပါလိမ့်မယ်။

ဒီလိုပါဘဲ လူသား အားလုံးက ကိုယ့်ကိုမချစ်နိုင်တဲ့သူကိုမှ ချစ်ချင် ကြတယ် ၊ ကိုယ့်ကို ဂရုမစိုက်တဲ့သူဆီကမှ အလေးထားခံချင်ကြတယ် ၊ သံသရာ ကဒီအတိုင်းလည်နေမှာပါပဲ။

ဒါဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။
လူတိုင်းက ကိုယ့်အပေါ် မကောင်းတဲ့သူကိုချစ်ဖူးကြတယ်။အသည်းကွဲဖူးကြတယ်။

ကံကြမ္မာက လည်ပတ်နေတာပါ။
တစ်ချိန်မှာတော့ အချစ်ချင်း ထပ်တူ ကျတဲ့ သူတစ်ယောက်တော့ ကျွန်တော်တို့ရှာတွေ့ သွားနိုင်ကောင်းပါတယ် ။
အဲ့အချိန်ကြရင်တော့ အချစ်က ပျော်ရွှင်ရလိမ့်မယ် ။ တန်ဖိုးထား ခံရပါလိမ့်မယ် ။

အခုချိန်ထိ အဲဒီလိုလူမျိုးနဲ့မဆုံတွေ့သေးဘူးဆိုရင်
ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာမှာ သံသရာလည်နေတုန်းလို့သာဆိုရပါလိမ့်မယ်။

ကိုယ်သဘောကျမိတဲ့ လူတစ်ယောက်က ကိုယ့်ကို မလိုချင်တာ ၊ မချစ်ချင်တာဟာ ကိုယ့်အားနည်းချက်တွေကြောင့်မဟုတ်ပါဘူး ၊ ကိုယ့်အပြစ်တွေကြောင့်လဲ မဟုတ်ပါဘူး ။
ဒီ့အပေါ် ကိုယ့်ကိုကိုယ် အပြစ်မတင်မိပါစေနဲ့ ။

သူက ကိုယ်မှ မဟုတ်ပဲ ။ လူတိုင်းက သူတို့စိတ်နဲ့သူတို့ ၊
ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်ပါစေလို့ ဘယ်ဘုရားဆီမှာမှ တောင်းဆိုလို့မရပါဘူး ။

ဒါကြောင့် ကိုယ်သဘောကျမိတဲ့ လူတစ်ယောက်က
ကိုယ့်ကို မရွေးချယ်တဲ့အခါ ကျွန်တော်တို့ဟာ
လက်ခံကျေနပ် ပေးနိုင်ရပါလိမ့်မယ်။

Just accept yourself, the fact that we cant force people to choose us .

Thar Htwe -

From Live Life Satisfied
crd

28/06/2022
http://yt1.piee.pw/4a7ydr
28/06/2022

http://yt1.piee.pw/4a7ydr

youtube,facebook ကVDoကို downloadဘယ့်လိုဆွဲကြမလဲ့အလွယ်တကူ download ဆွဲနည်း

ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်တဲ့မှတ်သားဖွယ်ရာများ ...🙏(ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ )🙏၁။ ကကုသန်မြတ်စွာဘုရား၂။ က...
26/06/2022

ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်တဲ့
မှတ်သားဖွယ်ရာများ ...🙏

(ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ )
🙏
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၄။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား
(နောင်ပွင့်တော်မူမည်)
🙏🙏🙏
(သာသနာတော်သုံးရပ်)

၁။ ပရိယတ်တိ သာသနာ =
ပိဋကပ်စာပေသင်ကြားခြင်း

၂။ ပဋိပတ်တိ သာသနာ =
တရားတော်နှင့်အညီကျင့်ခြင်း

၃။ ပဋိဝေဒ သာသနာ =
ထိုးထွင်းသိမြင်ခြင်း
🙏🙏🙏
(ရတနာသုံးပါး)

၁။ ဘုရား
၂။ တရား
၃။ သံဃာ
🙏
(ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ)

မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည်=မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတေ= ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊ ရွှေအိုးကြီးလေးလုံး၊
ညီနော်အာနန္ဒာ၊
ယသော်ဓရာ၊
ဗောဓိညောင်ပင်
🙏
(သံဝေဇနိယ လေးဌာန)

၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုမ္ဗိနီဥယျာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ
🙏
(သတ္တဌာန ခုနှစ်ပါး)

၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန

၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်

၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြ ံ

၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်

၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်

၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်၀ယ် နဂါးပါးပြင်းအောက်ဌာန

၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
🙏
(ဘုရားဂုဏ်တော်ကိုးပါး)

၁။ အရဟံ =
ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။

၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။

၃။ ဝိဇၨာစရဏသမၸႏၷော =
ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့် ပြည့်စုံတော်မူသောဂုဏ်။

၄။ သုဂေတာ =
ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။

၅။ လောကဝိဒူ=
လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။

၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ=
မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။

ရ။ သတ္ထာဒေ၀မနုဿာနံ=
နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။

၈။ ဗုဒ္ဓေါ =
သစ္စာလေးပါးကို သိတော်မူသောဂုဏ်။

၉။ ဘဂဝါ =
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရားဂုဏ်တော် ခြောက်ပါး

၁။ သွာက္ခာတော=
တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။

၂။ သန္ဒိဋ္ဌိကာ=
ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သောဂုဏ်။

၃။ အကာလိကော=
အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။

၄။ ဧဟိပဿိကော =
လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။

၅။ သြပနေယျိကော=
စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။

၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ=
ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။
🙏
(သံဃာ့ဂုဏ်တော် ကိုးပါး)

၁။ သုပၸဋိပႏၷော =
သိက္ခာကျင့်၀တ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။

၂။ ဥဇုပၸဋိပႏၷော =
သိက္ခာကျင့်၀တ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။

၃။ ဥာယပ္ပဋိပန္နော =
နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။

၄။ သာမိစိပၸဋိပႏၷော =
အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။

၅။ အာဟုနေယျော =
အဝေးမှဆောင်၍ သီလဝန္တတို့အား လှူအပ်သော ပစ္စည်းကို ခံယူတော်မူထိုက်သောဂုဏ်။

၆။ ပါဟုနေယျော =
ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။

ရ။ ဒက္ခိနေယျော =
တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။

၈။ အဉ္ဇလီကရဏီယျော =
ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောဂုဏ်။

၉။ အနုတ်တရံပုညခတ်ေတံ =
ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။
🙏
(အနှစ်သုံးပါး)
၁။ ဒါန
၂။ သီလ
၃။ ဘာ၀နာ
🙏
(ပစ္စည်းလေးပါး)
၁။ ဆွမ်း
၂။ ဆေး
၃။ သင်္ကန်း
၄။ ကျောင်း
🙏
(ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး)
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း
🙏
(ဆွမ်းအကျိုး ငါးပါး)
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၄။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း
🙏
(ပန်းလှူရသည့် အကျိုးသုံးပါး)
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။
🙏
(သီလရှိသူ ရနိုင်သောအကျိုး ငါးပါး)
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၄။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘဝရောက်နိုင်သည်။
🙏
(တရားနာခြင်း၏ အကျိုး ငါးပါး)
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။
🙏
(မေတ္တာအကျိုး ၁၁ ပါး)
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၄။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။
🙏
(သည်းခံခြင်းအကျိုး ငါးမျိုး)
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၄။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။
🙏
(အပါယ်လေးပါး)
၁။ ငရဲ
၂။ တိရိစ်ဆာန်
၃။ ပြိတ္တာ
၄။ အသူရကာယ်
🙏
(ကပ်သုံးပါး)
၁။ ဒုဗိ်္ဘက္ခန္တရကပ်
ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်

၂။သတ်ထန်တရကပျ
လက်နက်ဘေးကြောင့် ပျက်စီးသောကပ်

၃။ ရောဂန ္တရကပ် =
ရောဂါဘေးကြောင့် ပျက်စီးသောကပ်
🙏
(ရပ်ပြစ်ရှစ်ပါး)
၁။ ငရဲ =
ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ်ဆာန် =
နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တဝါ
၃။ ပြိတ္တာ =
ကိုယ်လက်အင်္ဂါ မမျှတသောသတ္တဝါ
၄။ အသညဇော =
ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန ္တရော =
ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစဆှာဒိဌိ =
မှားသောအယူရှိသော လူမျိုးစု
၇။ ဝိကလျိန္ဒိယ =
သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော =
အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။
🙏
( ရန်သူမျိုး ငါးပါး)
၁။ ရေ
၂။ မီး
၃။ မင်းဆိုး
၄။ သူခိုး
၅။ မချစ်မနှစ်သက်သောသူ
🙏
(ဝိပတ္တိတရား လေးပါး)
၁။ သီလဝိပတ်တိ=
သီလပျက်ခြင်း

၂။ ဒိဌိဝိပတ်တိ=
အယူပျက်ခြင်း

၃။ အာစာရဝိပတ်တိ =
အကျင့်ပျက်ခြင်း

၄။ အာဇီ၀၀ိပတ်တိ =
အသက်မွေးမှုပျက်ခြင်း

ဗျသနတရား ငါးပါး
၁။ ဥာတိဗျသန =
ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း

၂။ ဘောဂဗျသန =
ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း

၃။ ရောဂဗျသန =
အနာရောဂါ နှိပ်စက်ပျက်စီးခြင်း

၄။ သီလဗ္သန =
အကျင့်သီလပျက်စီးခြင်း

၅။ ဒိဋ္ဌိဗျသန=
အယူဝါဒ လွဲမှားပျက်စီးခြင်း
🙏
(ကိလေသာ သုံးပါး)
၁။ လဘေ
၂။ ဒေါသ
၃။ မောဟ
🙏
(ကာလ သုံးပါး)
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ
🙏
(အဂတိတရား လေးပါး)
၁။ ဆန္ဒ
၂။ ဒေါသ
၃။ ဘယာ
၄။ မောဟ
🙏
(မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး)
၁။ ဣတ္ထိဓုတ္တ= မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ= သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ= လောင်းကစားခြင်း
🙏
(သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး)
၁။ မိစ်ဆာဒိဋ္ဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း
🙏
(ကံသုံးပါး)
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း
🙏
(အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ)
၁။ ရူပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၄။ ရသာရုံ = အရသာအာရုံ
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ
🙏
(ပိဋကတ် သုံးပုံ)
၁။ သုတ္တန်
၂။ ဝိနည်း
၃။ အဘိဓမ်မာ
🙏
(စေတနာ သုံးတန်)
၁။ ပုဗ္ဗ =ကြိုတင်စေတနာ
၂။ မုဉ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ
🙏
(လောကပါလတရား သုံးပါး)
၁။ လွတ်လပ်ခြင်း
၂။ ညီမျှခြင်း
၃။ တရားမျှတခြင်း
🙏
(လောက သုံးပါး)
၁။ သတ္တလောက = လူသတ္တဝါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက =
ရှိရှိသမျှလူသတ္တဝါအားလုံးရှိသောလောက
🙏
(ဗြဟ္မစိုရ်တရား လေးပါး)
၁။ မတျတောတရား
၂။ ကရုဏာတရား
၃။ မုဒိတာတရား
၄။ ဥပေက္ခာတရား
🙏
(သမ္ပတ္တိတရား လေးပါး)
၁။ ကာလသမ်ပတ်တိ =
ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။

၂။ ဂတိသမ်ပတ =
လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။

၃။ ဥပဓိသမ္ပတ =
ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။

၄။ ပယောဂသမ္ပတ =
ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။
🙏
(သမ္ပဒါတရား လေးပါး )(မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
၁။ ဥဋ္ဌာနသမ္ပဒါ = ထကြွလုံ့လဝီရိယနှင့် ပြည့်စုံမှု

၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု

၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု

၄။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု
🙏
(ခန်ဓာ ငါးပါး)
၁။ ရူပက္ခန္ဓာ
၂။ ဝဒေနက်ခန်ဓာ
၃။ သင်္ခါရက္ခန္ဓာ
၄။ သညာက်ခန်ဓာ
၅။ ဝိဉာဏက္ခန္ဓာ
🙏
(သစ္စာ လေးပါး)
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ်စာ
၃။ နိရောဓသစ္စာ
၄။ မဂ္ဂသစ္စာ
🙏
(စေတီ လေးမျိုး)
၁။ ဓမ္မစေတီ
၂။ ဓါတုစတေီ
၃။ ဥဒ္ဒိဿစေတီ
၄။ ပရိဘောဂစေတီ
🙏
(ဥပါယ်တံမျဉ် လေးမျိုး)
၁။ ဘေဒဥပါယ် =
သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။

၂။ ဒဏ္ခုဥပါယ် =
ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။

၃။ သာမဥပါယ် =
ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ ပြောဆိုစည်းရုံးခြင်းနည်းလမ်း။

၄။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

_____________________________
သတ်ပုံသတ်ညွှန်းစစ်ဆေးလျက်
လေးစားစွာ ပြန်မျှဝေပါသည်။
#ရက္ခိတမဟာနွယ်
20,9,2021

;

https://t.me/pwargyi69movieBhool Bhulaiyaa [2007]IMDB: 7.3/10 ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်...Bollywood မ...
23/06/2022

https://t.me/pwargyi69movie

Bhool Bhulaiyaa [2007]

IMDB: 7.3/10

ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်...
Bollywood မှာလိုင်းစုံရတဲ့မင်းသားAshay Kumar ကဟာသမင်းသားပေါ့
မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသားခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲကမင်းသမီးချောလေး Ameesha Petal လေးပေါ့…

သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး..ချစ်ဖို့စွန်းကောင်းတယ်

ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်…အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး…
ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့…
ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ…

သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင်သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ

သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ…
အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ…ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ…

Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာဘယ်လောက်ကောင်းလဲတွေ့ရမှာပါ.
သီချင်းကောင်းလေးတွေကိုလည်း ဘာသာပြန်ပေးထားပါတယ်…

လုံးဝဂန္တဝင်ပါပဲ..
ဟာသကြိုက်တဲ့သူ အသည်းနုတဲ့သူ(ကြည့်နေရင်းသရဲကိုသနားလို့ငိုပါငိုစေရမယ်)
စိတ်ပညာကိုအထင်သေးတဲ့သူတွေအတွက်ကတော့ Must See ပါ..
ဒီလောက်ပါပဲ…ကျန်တာကိုတော့ဇာတ်လမ်းထဲမှာခံစားပါ

(ဘာသာပြန်သူကတော့ Khant Shwe Thaik ပါ)


https://t.me/zinmin69ဒီchannel မှာmovieတွေကြည့်လို့ရပြီနော်
20/06/2022

https://t.me/zinmin69
ဒီchannel မှာmovieတွေကြည့်လို့ရပြီနော်

You can view and join right away.

https://yt6.pics.ee/499a7k
13/06/2022

https://yt6.pics.ee/499a7k

MI phone တွေအတွက်ဘာ Appမှ မလိုဘဲ auto call recording လုပ်နည်းflash on/off လုပ်နည်း

https://yt6.pics.ee/46llem
05/05/2022

https://yt6.pics.ee/46llem

ကိုယ်လက်ရှိသုံးနေတဲ့ Facebook Version ကိုပြန်ကြည့်နည်းFacebook မှာကိုယ် Version ဘယ်လောက်သုံးနေလည်းဆိုတာကိုကြည့်နည်းလေးဖြစ်ပါ...

https://yt6.pics.ee/43s8qp
24/03/2022

https://yt6.pics.ee/43s8qp

ကိုယ် လိုင်းသုံးနေတာကို မသိစေခြင်းရင် မီးစိမ်းနေတာကိုပိတ်တဲ့နည်း

20/03/2022

သင့်ကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်က Sexyကျနေဖို့ဆိုရင် ကနေ့မှစပြီး ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ

1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2021 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီ၀က်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။

(အရူးလို့တော့ မထင်လောက်ပါဘူးနော်... :P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစု၀င်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။

35. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

36. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

37. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ

https://yt6.pics.ee/3vbyhp
19/03/2022

https://yt6.pics.ee/3vbyhp

ကိုယ့်ရဲ့ ဖုန်းမှာ internet connection speedပေါ် အောင်ဘယ်လို့ လုပ်မလဲ့

30/12/2021
26/12/2021

to original post
ဆောင်းရာသီမှာ ပိုဂရုစိုက်သင့်တဲ့ နှလုံးကျန်းမာရေးအကြောင်း

လေ့လာမှုများအရ ဆောင်းရာသီတွင် နှလုံးရောဂါဝေဒနာရှင်တွေဟာ ဆေးရုံတက်ခြင်းနဲ့ သေဆုံးမှုနှုန်းမြင့်မားကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အပူချိန်လျင်မြန်စွာ ကျဆင်းခြင်းကြောင့် ဇီဝကမ္မဆိုင်ရာပြောင်းလဲမှုတွေကို ဖြစ်စေပြီး ရောဂါပိုဆိုးလာစေတာကြောင့် ဖြစ်ပါတယ်။

နှလုံးရောဂါဖြစ်နိုင်ခြေ အစောပိုင်းအဆင့်တွင် အချိန်မှီကုသမှုခံယူခြင်း၊ ကုမှုတွေကို လိုက်နာခြင်း၊ လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ နှလုံးအထူးကုဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှုလုပ်ဆောင်ခြင်းတွေက နှလုံးပြသနာကို ထိရောက်စွာကိုင်တွယ်နိုင်ပါတယ်။

Dr. Vishal ရဲ့ပြောကြားချက်အရ “ဆောင်းရာသီတွင် ရင်ဘတ်ပိုးဝင်ခြင်း၊ နှလုံးခုန်နှုန်းတိုးလာခြင်းနဲ့ သွေးပေါင်ချိန်တိုးလာခြင်းလိုမျိုး အခြေအနေတွေ ပိုမြှင့်မားပါတယ် အပူချိန်နိမ့်ခြင်းက သွေးကြောတွေကိုကျဉ်းစေပြီး နှလုံးကိုတင်းမာစေကာ သွေးစီးဆင်းမှုကို ကန့်သတ်စေပါတယ် လေ့လာချက်တွေအရ ဆောင်းရာသီမှာ နှလုံးရောဂါဝေဒနာရှင်တွေရဲ့ 20%-30% ခန့်ဟာ ဆေးရုံတက်ရတာကို တွေ့ရပါတယ် ဒါကြောင့် နှလုံးရောဂါဝေဒနာရှင်တွေအတွက် အထူးသဖြင့် ဆောင်းရာသီမှာ သူတို့ရဲ့အခြေအနေကို ထိရောက်စွာစီမံခန့်ခွဲနိုင်စေဖို့ အချိန်မှီကုသမှုတွေက အရေးကြီးပါတယ် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့နေထိုင်မှုပုံစံနဲ့ အစားအသောက်ထိန်းချုပ်မှုတွေနဲ့အတူ သူတို့ရဲ့သတ်မှတ်ထားတဲ့ ကုသမှုတွေကို လိုက်နာသင့်ပါတယ်” လို့ ပြောကြားထားပါတယ်။

နှလုံးရောဂါဝေဒနာရှင်တွေဟာ ပုံမှန်အားဖြင့် အသက်ရှုကျပ်ခြင်းခံစားရပြီး လေထုညစ်ညမ်းမှုတွေက သူတို့ရဲ့ရောဂါလက္ခဏာတွေကို ပိုမိုဆိုးရွားပြင်းထန်စေပြီး ဆေးရုံတက်ရတဲ့အခြေအနေတွေ ဖြစ်လာစေပါတယ်။ အပူချိန်နိမ့်ခြင်းက ချွေးထွက်ခြင်းကို နည်းစေပြီး ရလဒ်အနေနဲ့ ခန္ဓာကိုယ်ကနေ ပိုနေတဲ့ရေတွေကို မဖယ်ရှားနိုင်တော့ပဲ အဆုတ်ထဲမှာ အရည်တွေစုပုံလာကာ နှလုံးရောဂါဝေဒနာရှင်တွေအတွက် နှလုံးလုပ်ဆောင်ချက်ကို ဆိုးရွားလာစေပါတယ်။

Vitamin D ဟာ နှလုံးအတွင်းရှိ အမာရွတ်တစ်သျှူးတွေ တိုးပွါးလာခြင်းကို ကာကွယ်ပေးပြီး နှလုံးဖောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဆောင်းရာသီတွင် နေရောင်ခြည်နဲ့ ပုံမှန်ထိတွေ့ခြင်းမရှိခြင်းက vitamin D နည်းပါးခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးမြှင့်လာစေပါတယ်

Address


Alerts

Be the first to know and let us send you an email when AYD Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share