FNA

FNA Federal News Agency

04/08/2024

“ပြည်သူ့ရှေ့မှောက်ဒူးထောက် အာဏာရှင်ကိုသပိတ်မှောက် ဘဝခရီးသစ်ကိုလှမ်းလျှောက်"
၈၈၈၈ လူထုအရေးတော်ပုံအား ဂုဏ်ပြုအစီအစဉ်

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် --> Webinar:
https://us06web.zoom.us/j/82086273799
Webinar ID: 820 8627 3799

နိုင်ငံတစ်နိုင်ငံရယ်လို့ဖြစ်လာရင် နယ်နိမိတ်ဧရိယာ၊ ပြည်သူလူထု၊ အုပ်ချုပ်သူအစိုးရနှင့် အချုပ်အခြာအာဏာလို့ ရှိရတာဖြစ်ပါတယ်။ နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့တွေဟာဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးစစ်ရာများကို စီမံထိန်းကျောင်းရန် လိုအပ်ပါတယ်။ ထို့အပြင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ မဏ္ဍိုင်ကြီး ၃ ခုကလည်း လွတ်လပ်ပြီး အပြန်အလှန်ထိန်းကျောင်းမှသာ ဒီမိုကရေစီနိုင်ငံရယ်လို့ ခေါ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် လက်နက်ကိုင်စစ်တပ်အနေနဲ့လည်း အရပ်ဖက်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမှာဖြစ်ပြီး မိမိပင်မ နိုင်ငံကာကွယ်ရေးတာဝန်ကိုသာ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ နိုင်ငံရေး၊ စီပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍများကို စစ်တပ်က ဝင်ရောက်စွက်ဖက်လာတဲ့အခါ မလိုလားအပ်သော နိုင်ငံရေးပြသနာများပေါ်ပေါက်ပြီး တိုင်းပြည်မတည်ငြိမ်ခြင်းကို ဖြစ်စေပါတယ်။

စစ်တပ်ရဲ့ လုပ်ဆောင်မှုအမှားများကို မြင်တွေ့ ကြုံတွေ့နေရတဲ့ ပြည်သူလူထုက အာဏာဖီဆန်လူထုလှုပ်ရှားမှုများဆောင်ရွက်သလို စစ်တပ်၊ ရဲတပ်ဖွဲ့ ၊ အစိုးရဝန်ထမ်းများက သက်ဆိုင်ရာ ဌာနအသီးသီးကို စွန့်ခွာကာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး အာဏာရှင်ကို ဆန့်ကျင်ကာ သပိတ်မှောက်ခဲ့သည်မှာ ၂၀၂၁ စစ်အာဏာသိမ်းမှုတွင် တွေ့ရသည်သာမက လွန်ခဲ့တဲ့ ၃၆ နှစ် ၁၉၈၈ လူထုအရေးတော်ပုံလှုပ်ရှားတွင်လည်း တွေ့နိုင်ပါတယ်။

၈၈ လူထုလှုပ်ရှားမှုအချိန်ကာလ အခြေအနေနဲ့ ၂၀၂၁ အခြေအနေ ဘာတွေတူညီပြီး ဘာတွေကွာခြားသလဲ။ ၈၈ လူထုအရေးတော်ပုံလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူရဲ့ ပြောစကားတွေနဲ့ ၂၀၂၁ မှာ ပါဝင်နေသူတွေရဲ့ ပြောစကားများ၊ အတွေးအခေါ်များ၊ တွေ့ကြုံရတဲ့အခြေအနေ အကြောင်းအရာများကို
၈၈ လူထုအရေးတော်ပုံလှုပ်ရှားမှု (၃၆) နှစ်‌ အကြိုဆွေးနွေးပွဲအဖြစ် “ပြည်သူ့ရှေ့မှောက်ဒူးထောက် အာဏာရှင်ကိုသပိတ်မှောက် ဘဝခရီးသစ်ကိုလှမ်းလျှောက်” ဆိုတဲ့ ခေါင်းစဉ်ဖြင့် ယခုအပတ် သြဂုတ်လ (၄) ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည (၇) နာရီမှာ ပြုလုပ်မယ့် ပြည်သူ့ပန်းတိုင်၊ အတွေးအခေါ်လမ်း အစီအစဉ် အပိုင်း (၁၀၄) မှာ ဆွေးနွေးဖလှယ်သွားကြပါမယ်။

ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားသူတွေကတော့

✳️ ဦးမြင့်ဝေ (၈၈ လေတပ်စစ်သည်ဟောင်း)

✳️ လင်းလက်ဆူး (Generation Wave)

✳️ ကောင်းသူဝင်း (CDM ဗိုလ်ကြီး) တို့ဖြစ်ပါတယ်။

ဒီအပတ်အစီအစဉ်မှာ Moderator အဖြစ် သတင်းတင်ဆက်သူ ဂျာမုန်း က ဆောင်ရွက်ပေးသွားပါမယ်။

မိဘပြည်သူများကိုယ်တိုင်လည်း Webinar မှာ ပါဝင်ဆွေးနွေးဖလှယ်ပြီး မေးခွန်းများမေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်။ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ဆိုပေးမယ့် အစီအစဉ်လည်း ပါရှိပါတယ်။

[ပြည်သူ့ပန်းတိုင် ချန်နယ်ကို တယ်လီဂရမ်မှာလည်း Join ထားလို့ရပါတယ် —> https://t.me/PeoplesGoal
ပြည်သူ့ပန်းတိုင်ကို ဆက်သွယ်လိုပါက တယ်လီဂရမ် https://t.me/PeopleGoal သို့မဟုတ် ဗိုက်ဘာ +66 94 652 9985 ကို ဆက်သွယ်နိုင်ပါတယ်။]

21/07/2024

“ယုံကြည်ရာလမ်းရဲ့ ခံယူချက်: အာဏာဖီဆန် CDM လှုပ်ရှားမှု၏ သူရဲကောင်းများ”

ပါဝင်ဆွေးနွေးနိုင်ပါတယ် --> Webinar:
https://us06web.zoom.us/j/89775799806
Webinar ID: 897 7579 9806

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဟာ ယခုချိန်ဆိုရင် (၃) နှစ် နဲ့ (၆) လ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ၊ ရာထူးအဆင့်အတန်း မျိုးစုံ၊ ပြည်တွင်း/ပြည်ပ နေရာဒေသ အမျိုးမျိုး၊ အမျိုးသား၊ အမျိုးသမီး၊ LGBTQ စတဲ့ အလွှာဒေသအစုံ အားကောင်းစွာ ပါဝင်ခဲ့ကြပါတယ်။

သို့ပေမဲ့ CDM မှာ ပါဝင်ခဲ့ကြသူအများစုဟာ မိမိတို့ နေရပ်ဒေသ အိုးအိမ်ခြံယာများကို စွန့်ခွာ၍ စစ်ကောင်စီအန္တရာယ်နဲ့ ဝေးရာ တောရွာများမှာသော်လည်းကောင်း၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ လွတ်မြောက်ရာဒေသများတွင်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ထိုကဲ့သို့ စစ်ကောင်စီရန်ကို တိမ်းရှောင်ရင်း CDM သူရဲကောင်းများဟာ အခက်အခဲများ၊ ဒုက္ခများစွာကို ယုံကြည်စိတ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ကာ ဘဝသစ်တွေ ပြန်လည်တည်ဆောက်ရပ်တည်ခဲ့ကြပါတယ်။ စစ်ကောင်စီက CDM များကို မူလနေရာများမှာ တာဝန်ပြန်ထမ်းဆောင်ဖို့ ချော့တခါ၊ ခြောက်တလှည့်၊ မြှောက်တလှည့်ဖြင့် ခေါ်ခဲ့သော်လည်း ယနေ့တိုင် ပြန်လည်မပူးပေါင်းဘဲ ကြံ့ကြံ့ခိုင် ရပ်တည်ခဲ့တာကို တွေ့နိုင်ပါတယ်။

ဒီလို CDM သူရဲကောင်းတွေရဲ့ တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ရင်ဆိုင်ဖြတ်ကျော်ခဲ့တဲ့ ခံယူချက် စိတ်ဓာတ်တွေ၊ လက်ရှိ တော်လှန်ရေးအရွေ့အောင်ပွဲတွေအပေါ် အမြင်၊ အကြံပြုချက်တွေနဲ့ အိမ်အပြန်ခရီးလမ်း အားမာန်တွေ၊ မျှော်မှန်းထားတဲ့ ဘဝအနာဂတ်သစ် ယုံကြည်ချက် စကားသံတွေ
စတဲ့ အကြောင်းအရာတွေကို မျှဝေပေးနိုင်ဖို့အတွက် “ယုံကြည်ရာလမ်းရဲ့ ခံယူချက်: အာဏာဖီဆန် CDM လှုပ်ရှားမှု၏ သူရဲကောင်းများ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် ယခုအပတ် ဇူလိုင်လ (၂၁) ရက်၊ တနင်္ဂနွေနေ့ ည (၇) နာရီမှာ ပြုလုပ်မယ့် ပြည်သူ့ပန်းတိုင်၊ အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၁၀၃) မှာ ဆွေးနွေးဖလှယ်သွားကြပါမယ်။

ပါဝင်မျှဝေဆွေးနွေးပေးဖို့အတွက်

✳️ ကိုအေး (CDM ရဲတပ်သား)

✳️ နုနုရီ (CDM သူနာပြု) နှင့်

✳️ မဒီချို (CDM ဆရာမ) တို့ကို ဖိတ်ခေါ်ထားပါတယ်။

စကားဝိုင်းတင်ဆက်သူအဖြစ် ပြည်သူ့ပန်းတိုင်မှ ဖျူရီ က ဆောင်ရွက်ပေးသွားပါမယ်။

ပြည်တွင်း/ပြည်ပ အသီးသီးက မိဘပြည်သူတွေအနေနဲ့လည်း CDM အမျိုးသမီးသူရဲကောင်းတွေရဲ့ ခံယူချက်အားမာန်တွေကို အတူမျှဝေနားဆင်ရင်း တော်လှန်ရေးအပေါ် မိမိတို့ အမြင်၊ ယုံကြည်ချက်၊ အကြံပြုချက်တွေကို ပါဝင်ဆွေးနွေးပေးကြဖို့ ကြိုတင်ဖိတ်ခေါ်အပ်ပါတယ်။

ပြည်သူ့ပန်းတိုင် Telegram နဲ့ YouTube ကိုလည်း Subscribe ထားကြပါဖို့ ဖိတ်ခေါ်ပါတယ်။
Telegram —> https://t.me/PeoplesGoal
YouTube —> https://www.youtube.com/

07/07/2024

"စစ်ပွဲဇုန်အတွင်းမှာ အရပ်သားပြည်သူတွေ ဘေးကင်းဖို့”

ဝင်​ရောက်နားထောင်ဆွေးနွေးရန် zoom link --> https://us06web.zoom.us/j/86856787652

၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ဦးဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံအနှံ့ အားကောင်းနေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးအသာရမှုနဲ့အတူ အပြင်းအထန် ခုခံတုန့်ပြန်နေပါတယ်။

ထိုသို့ လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်လာသည်နှင့်အမျှ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ရှိလာနေပါတယ်။

လက်တလော တကျော့ပြန် ပြန်လည်စတင်လာတဲ့ "၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း" တိုက်ပွဲများအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုဟာ သိသိသာသာ မြင့်တက်လာနေပါတယ်။

မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထုကလည်း အဆမတန်များပြားလာကာ အရပ်သားကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေလည်း တိုးမြင့်လာပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) ရဲ့ ၂၀၂၄ ဇူလိုင် ၁ ရက်နေ့က ထုတ်ပြန်ချက်အရ ပဋိပက္ခတွေကြောင့် တနိုင်ငံလုံးမှာ ပြည်တွင်းနေရပ်စွန့်ခွာနေရသူဦးရေဟာ ခန့်မှန်းခြေ ၃ သန်းခန့် ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။

ထိုသို့ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ရှေ့ဆက်အလားအလာတွေက ဘယ်လိုရှိနေသလဲ။

စစ်ပွဲများအတွင်း အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မည်သို့ သတိပြုဆင်ခြင်၊ လေးစားလိုက်နာဖို့ လိုအပ်မလဲ။

ဒါ့အပြင် စစ်ပွဲတွေကြားမှာ ပြည်သူလူထု တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေတွေက ဘယ်လိုရှိနေသလဲ။

အလားတူ စစ်ပွဲဇုန်အတွင်းက အရပ်သားပြည်သူတွေအနေနဲ့လည်း ဘေးကင်းစေဖို့ ဘာတွေကို ကြိုတင်ပြင်ဆင်၊ သတိပြုလိုက်နာဖို့ လိုအပ်ပါသလဲ။

တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့လည်း မည်သို့သော အသိပညာပေးမှုတွေ၊ ကူညီကယ်ဆယ်ရေးတွေ ပြင်ဆင်လုပ်ဆောင်ပေးနေသလဲ။

စတဲ့ အကြောင်းအရာများကို ယခုအပတ် ဇူလိုင်လ ၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ ပြုလုပ်မယ့် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၁၀၂) မှာ ဆွေးနွေးဖလှယ်သွားကြပါမယ်။
ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့သူတွေကတော့

✳️ ဒေါက်တာငိုင်းတမ်မောင်း (ဒုတိယဝန်ကြီး၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

✳️ ဒေါက်တာစုယဉ်ထွန်း (CDM ဥပဒေ ပါမေက္ခ)

✳️ ကောင်းကျော်ဇံ (ရခိုင်အရေးတက်ကြွလှုပ်ရှားသူ) နှင့်

✳️ ညီသုတ (CDM ဗိုလ်ကြီး) တို့ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Moderator အဖြစ် နှင်းသက်မှူးခင် (တက်ကြွလှုပ်ရှားသူ) က ဆောင်ရွက်ပေးသွားပါမယ်။

မိဘပြည်သူတွေကိုယ်တိုင်လည်း zoom link မှ ဝင်ရောက်နားထောင်ပြီး ပါဝင်ဆွေးနွေးဖလှယ်နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။

ပြည်သူ့ပန်းတိုင် Telegram နဲ့ YouTube ကိုလည်း Subscribe ထားကြပါဖို့ ဖိတ်ခေါ်ပါတယ်။

Telegram —> https://t.me/PeoplesGoal
YouTube —> https://www.youtube.com/

23/06/2024

"အမျိုးသမီးများ အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသောအခါ"

ပါဝင်ဆွေးနွေးနိုင်ပါတယ် --> https://us06web.zoom.us/j/86017456241
Webinar ID: 860 1745 6241

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး အမျိုးသားများကို စစ်သားစုဆောင်းသင်တန်းပေးနေတာ အခုဆိုရင် အပတ်စဉ် (၃) အထိ ရောက်ရှိလာနေပါပြီ။ ဒါ့အပြင် ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့ပြ ကျေးရွာ ဒေသများမှာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းအဖြစ်ခေါ်ယူဖို့ စာရင်းသွင်းကောက်ခံတာတွေကို ယခု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေပါတယ်။

နိုင်ငံအနှံ့ စစ်ပွဲတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အင်အားလိုအပ်ချက်ကို ကုစားဖို့အတွက် အမျိုးသမီးတွေကိုပါ စစ်မှုထမ်းအဖြစ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်လာနေတာပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ဆောင်ဖို့ စစ်ကောင်စီက ဘယ်လိုပြင်ဆင်လုပ်ဆောင်လာနေသလဲ။

စစ်ကောင်စီအနေနဲ့ အမျိုးသမီးစစ်မှုထမ်းတွေကို ဘယ်လိုမျိုး လေ့ကျင့်၊ အသုံးချလာနိုင်သလဲ။

အမျိုးသမီးတွေအနေနဲ့လည်း ဘယ်လိုတွေ သတိပြု ပြင်ဆင်ထားဖို့ လိုအပ်မလဲ။

အလားတူ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ကာကွယ်တုန့်ပြန်နိုင်ဖို့ ‌ဘယ်လိုတွေ လုပ်ဆောင်ကြမလဲ။

စတဲ့ အကြောင်းအရာ၊ သုံးသပ်ချက်များအား "အမျိုးသမီးများ အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသောအခါ" ဆိုတဲ့ ခေါင်းစဉ်ဖြင့် ယနေ့ ဇွန်လ ၂၃ ရက်၊ တနင်္ဂနွေနေ့ ည (၇) နာရီမှာ ပြုလုပ်မယ့် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၁၀၁) မှာ ဆွေးနွေးဖလှယ်သွားမှာ ဖြစ်ပါတယ်။

ပါဝင် ဆွေးနွေးပေးဖို့အတွက်

💠 မိသုတဇဝ် (ကောင်စီဝင်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ)

💠 ခရစ္စတင်း (တကသများ-ရန်ကုန်) နှင့်

💠 ယဉ်လဲ့လဲ့ထွန်း (CDM တပ်ကြပ်ကြီး) တို့ကို ဖိတ်ခေါ်ထားပါတယ်။

စကားဝိုင်းတင်ဆက်သူအဖြစ် ကောင်းသန့် (ပြည်သူ့ပန်းတိုင်) က ဆောင်ရွက်သွားပါမယ်။

တော်လှန်မိဘပြည်သူများ အနေနဲ့လည်း မိမိတို့ တွေ့ကြုံနေရတဲ့ အခြေအနေ၊ သိလိုတဲ့ အကြောင်းအရာများအား ပါဝင်ဆွေးနွေး မေးမြန်းပေးကြဖို့ ကြိုတင်အသိပေး ဖိတ်ခေါ်အပ်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုပေးမယ့် အစီအစဉ်လည်း ပါရှိပါတယ်။

“အတွေးအခေါ်လမ်းအစီအစဉ်အတွက် စစ်တမ်းကောက်ယူခြင်း”
အောက်ဖော်ပြပါ စစ်တမ်း link ကို နှိပ်၍ မိဘပြည်သူများအနေဖြင့် မိမိတို့သိမြင်ခံစားရသည့်အတိုင်း အကြံပြုဖြေဆိုပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://forms.gle/egz3ZHuZk6dPPmTX8

09/06/2024

“ဆယ်စုနှစ်ကြာ စစ်ပွဲမှ သင်ခန်းစာများ လုံလောက်ပြီ”

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် --> Webinar:https://us06web.zoom.us/j/81195267589Webinar
ID: 811 9526 7589

ပြည်သူ့ပန်းတိုင်နှင့် ကချင်လူငယ်များအဖွဲ့ ကွန်ယက် ပူးပေါင်းစီစဉ်သော (၁၃ )နှစ်ပြည့် ကချင်ဒေသ တကျော့ပြန်စစ် စကားဝိုင်း

အချိန်။ ။ ဇွန်လ (၉) ရက် တနင်္ဂနွေနေ့ ည ၇ နာရီ (မြန်မာစံတော်ချိန်)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကြား တကျော့ပြန်ဖြစ်ပွါးခဲ့သော လက်နက်ကိုင်တိုက်ပွဲ ပဋိပက္ခသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ ယနေ့တိုင် ဆယ့်သုံးနှစ်တိုင် ကြာခဲ့ပြီဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်း၊ တိုင်းပြည်ဖျက်ဆီးခဲ့သည်မှာလည်း (၃) နှစ်တိုင်ရှိခဲ့ပြီးဖြစ်ပြီး ကချင်ဒေသအား ထိန်းချုပ်ရန်နှင့် အာဏာသိမ်းဖြစ်ရပ်အောင်မြင်ရန်အတွက် ပြင်းထန်သော ထိုးစစ်များကို ကချင်ပြည်နယ်တွင် စစ်ကောင်စီက ကျူးလွန်ခဲ့ရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ လူဦးရေ (၁.၇) သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး စီးပွါးရေး၊ ပညာရေး၊ ကျန်းမားရေး၊ စားဝတ်နေရေး စသည့် အခန်းကဏ္ဍများ၌ ဆင်းရဲဒုက္ခကြီးစွာ ခံနေရကာ ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးများ ရရှိရန်ပင် ပိတ်ပင်တားဆီးခံနေရပါတယ်။

တကျော့ပြန်စစ်ပွဲကာလရှည်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူများသည် လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်သည့် အခြေအနေများကို မမြင်တွေ့ရသေးပါ။ ယနေ့ကာလ စစ်ရေးတိုးတက်မှုများနှင့်အတူ နိုင်ငံရေး၊ လူမူရေးဆိုင်ရာ ပြည်သူများ၏ ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ပြီး ပြီးခဲ့တဲ့ ကာလများအတွင်း သင်ခန်းစာများကိုလည်း ပြန်ပြောင်းသုံးသပ်ရမည်ဖြစ်ပါတယ်။

(၁၃) နှစ်ကြာ ဆင်နွဲခဲ့သော စစ်ပွဲများအတွင်း ကချင်ပြည်သူများသည် နိုင်ငံရေး၊ စစ်ရေး၊ လူမူရေး ဆိုင်ရာ အသိပညာများနှင့် သတိမူစရာ သင်ခန်းစာများစွာ ရရှိခဲ့ပါတယ်။

• သွေးစည်းညီညွတ်မှု အခြေခံသည့် တန်းတူညီမျှရေး၊ လွတ်လပ်ရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ အတွက် ပြည်သူများ၏ တောင်းဆိုချက်တွေက ဘာတွေလဲ။
• ပြီးခဲ့သည့် ငြိမ်းချမ်းရေးနှင့်၊ နိုင်ငံရေးဆွေးနွေးပွဲများဆီက လေ့လာစရာ သင်ခန်းစာတွေက ဘာလဲ။
• ပြည်သူအချင်းချင်း သွေးစည်းညီညွတ်မှုဆိုတာကရော ဘာလဲ စတဲ့ အကြောင်းအရာတွေကို ဒီအပတ် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်း အစီအစဉ် အပိုင်း (၁၀၀) မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဖိတ်ခေါ်ထားတဲ့ Speaker တွေကတော့

- ဇက်နန်ရော် (အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ/NUCC ကောင်စီဝင်)

- သဉ္ဇာရွှန်းလဲ့ရည် (ပြည်သူ့ပန်းတိုင်) နှင့်

- စစ်ရှောင်အမျိုးသမီးတစ်ဦး တို့ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Moderator အနေနဲ့ ဆွတ်ဆိုင်းထွယ် (Kachin State Civilian Movement) က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

စကားဝိုင်းကို မည်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးမည့်အစီအစဉ်လည်း ပါရှိပါတယ်။

“အတွေးအခေါ်လမ်းအစီအစဉ်အတွက် စစ်တမ်းကောက်ယူခြင်း”
အောက်ဖော်ပြပါ စစ်တမ်း link ကို နှိပ်၍ မိဘပြည်သူများအနေဖြင့် မိမိတို့သိမြင်ခံစားရသည့်အတိုင်း အကြံပြုဖြေဆိုပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://forms.gle/egz3ZHuZk6dPPmTX8

26/05/2024

“၂၄ နာရီလုံး အများပြည်သူ+သား မီးလင်းပါစေ”

ပါဝင်ဆွေးနွေးရန် --> webinar:
https://us06web.zoom.us/j/89036720326
Webinar ID: 890 3672 0326

“၂၄ နာရီလုံး အများပြည်သူ+သား မီးလင်းပါစေ၊ ၂၀၀၁+၂၀၀၂ ပြန်မသွား” ဆိုတဲ့ စာရွက်အစုတ်လေးကို ကိုင်ပြီး ကျောက်ပန်းတောင်းမြို့မှ ကိုအောင်အောင် ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ကိုယ့်ကိုကိုယ်မီးရှိ့ပြီး ဆန္ဒပြခဲ့ပါတယ်။

ကိုအောင်အောင်ရဲ့ ဒေါသနဲ့ စိတ်ပျက် သောကရောက်ရမှုဟာ ပြည်သူအများအပြားနဲ့ ထပ်တူညီကျနေပါတယ်။ ပူပြင်းလှတဲ့ နွေရာသီအလယ် လျှပ်စစ်မီးဆိုတဲ့ အခြေခံ လူထုအတွက် ၀န်ဆောင်မှုနဲ့ အခွင့်အရေးဟာ ဆိုရင် အာဏာသိမ်းဖြစ်ရပ်အပြီးမှာ မြန်မာပြည်ရဲ့ လူမှုအကျပ်အတည်းအဖုံဖုံအကြား ချိုးဖောက်ခံနေရပါတယ်။

ပြည်သူကို အုပ်ချုပ်ဖို့ ကြိုးစားနေချိန်မှာ စစ်ကောင်စီရဲ့ အရည်အချင်းပျက်ယွင်းမှုနဲ့ တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်ကြောင်း သက်သေအခါခါ ပြနေတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ လုပ်ရပ်တွေနဲ့ အတွေးအခေါ်တွေဟာ ပြည်သူ့အကြားမှာ စိမ့်၀င်နေပြီလား? နေ့စဥ်လူမှုဘ၀ ကို စစ်ကောင်စီက ထိန်းချုပ်နိုင်နေပြီလား၊ ဘယ်လို ကာကွယ်ကြမလဲ၊ နေ့စဥ်လူမှုဘ၀နဲ့ နိုင်ငံရေးစနစ်တွေ ဆက်စပ်မှုအကြောင်းများကို ဒီအပတ်ရဲ့ အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၉၉) မှာ ဆွေးနွေးဖလှယ် သုံးသပ်သွားကြပါမယ်။

ယနေ့ မေလ ၂၆ ရက်နေ့ ညနေ (၇) နာရီအချိန်မှာ ပြုလုပ်မယ့် ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးဖို့အတွက် မစိုးစိုး (CDM လက်ထောက်အင်ဂျင်နီယာ)၊ ကိုဗျတ္တ (စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAY) တို့နှင့်အတူ ဧည့်သည် Speaker အဖြစ် လဖိုင်မော်ထွန်းအောင် (ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ) တို့ကို ဖိတ်ခေါ်ထားပါတယ်။
ကိုဖျူရီ (ပြည်သူ့ပန်းတိုင်) က Moderator အဖြစ် ပါဝင်ပေးသွားပါမယ်။

မိဘပြည်သူများကိုလည်း Zoom link မှာတဆင့် ပါဝင်ဆွေးနွေးဖလှယ်ဖို့ ဖိတ်ခေါ်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးမည့် အစီအစဉ်လည်း ပါရှိပါတယ်။

“အတွေးအခေါ်လမ်းအစီအစဉ်အတွက် စစ်တမ်းကောက်ယူခြင်း”
အောက်ဖော်ပြပါ စစ်တမ်း link ကို နှိပ်၍ မိဘပြည်သူများအနေဖြင့် မိမိတို့သိမြင်ခံစားရသည့်အတိုင်း အကြံပြုဖြေဆိုပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://forms.gle/egz3ZHuZk6dPPmTX8

19/05/2024

“တော်လှန်ရေးအရွေ့သစ် ဘာတွေပြုပြင် ရှေ့ဆက်ရမလဲ”

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် --> Webinar:
https://us06web.zoom.us/j/82432513136
Meeting ID: 824 3251 3136

ရဲ့ နောက်ဆက်တွဲ ရလာဒ်အနေနဲ့ မြို့နယ်ပေါင်း (၅၅) မြို့နယ်ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါပြီ။ တချိန်တည်းမှာလဲ စစ်ကောင်စီ တပ်သား (၆၀၀၀) ကျော်က လက်နက်ချ အလင်း၀င်ခဲ့ကြပါတယ်။

ဒီစစ်ရေးအောင်မြင်မှုတွေ ကြားထဲမှာ လက်နက်ချ အလင်း၀င်တဲ့ စစ်သည်တွေကို မဟာမိတ်တပ်ဖွဲ့ တွေက ဘေးမသီရန်မခ နေရပ်ပြန်လွှတ်ပေးတာ၊ ဆေးကုပေးတာနဲ့ သုံ့ပန်းတွေကို လူ့ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံပြုမူတဲ့ လုပ်ရပ်တွေက ကမ္ဘာတ၀ှမ်း မြန်မာပြည်ကို စောင့်ကြည့်နေတဲ့ အစိုးရတွေ အတွက် သူတို့ရဲ့ ချဥ်းကပ်မှုကို ပြောင်းလဲဖို့ ဖြစ်လာခဲ့ရပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း နယ်ပယ်အသီးသီးမှာ သိသာမြင်သာတဲ့ တိုးတက်အောင်မြင်မှုတွေ ရရှိလာနေသလို လိုအပ်ချက် အားနည်းချက်တွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ရှိနေတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဝေ‌ဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။

စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးဖယ်ရှားနိုင်ဖို့ အင်အားစုအားလုံး စုစည်းချီတက်နေတဲ့ တော်လှန်ရေးခရီးကြမ်းမှာ လိုအပ်ချက် အားနည်းချက်တွေက ဘယ်လိုရှိနေသလဲ။

ပြည်သူတရပ်လုံး လိုလားမျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး မယိမ်းမယိုင် အရောက်ချီတက်နိုင်ဖို့ တော်လှန်ရေးရှေ့ဆက်ခရီးမှာ ဘာတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်မလဲ။

နယ်ပယ်အသီးသီးက တော်လှန်ရေးရဲဘော်တွေရဲ့ သုံးသပ်ချက်၊ အကြံပြုချက်တွေကို "တော်လှန်ရေးအရွေ့သစ် ဘာတွေပြုပြင် ရှေ့ဆက်ရမလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၉၈) မှာ ဆွေးနွေးဖလှယ်သွားကြပါမယ်။

ဒီအစီအစဉ်ကို ယခုအပတ် မေလ ၁၉ ရက်၊ တနင်္ဂနွေနေ့ ည ၇ နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးဖို့အတွက်
၁) ဇူးပဒုမ္မာ (IEC)
၂) ရဲဘော်ဖူး (96 Soldiers)
၃) ဘကြီး (ဖက်ဒရယ်ရေးရာလေ့လာသူ)
တို့ကို ဖိတ်ခေါ်ထားပါတယ်။

စကားဝိုင်းအစီအစဉ် တင်ဆက်သူအဖြစ် ပြည်သူ့ပန်းတိုင်မှ CDM ဒုအရာခံဗိုလ် ကောင်းသန့် က ဆောင်ရွက်သွားပါမယ်။

တော်လှန်မိဘပြည်သူများအနေနဲ့လည်း မိမိတို့ အတွေ့အကြုံ၊ အမြင်သုံးသပ်ချက်များ နှင့် သိရှိလိုတဲ့အကြောင်းအရာများကိုလည်း ပါဝင်ဆွေးနွေးမေးမြန်းပေးကြဖို့ ကြိုတင်သတင်းစကားပါး တိုက်တွန်းအပ်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးမယ့် အစီအစဉ်လည်း ပါရှိပါတယ်။

“အတွေးအခေါ်လမ်းအစီအစဉ်အတွက် စစ်တမ်းကောက်ယူခြင်း”

အောက်ဖော်ပြပါ စစ်တမ်း link ကို နှိပ်၍ မိဘပြည်သူများအနေဖြင့် မိမိတို့သိမြင်ခံစားရသည့်အတိုင်း အကြံပြုဖြေဆိုပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

https://forms.gle/egz3ZHuZk6dPPmTX8

24/04/2024

“စစ်ကောင်စီလေတပ် ဘယ်လိုလည်ပတ်နေသလဲ”

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် --> Webinar:
https://us06web.zoom.us/j/84583021997
Webinar ID: 845 8302 1997

စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ အထိနာရှုံးနိမ့်လာနေတဲ့ စစ်ကောင်စီဟာ လေတပ်ကို အသုံးပြုပြီး နိုင်ငံအနှံ့ အပြင်းအထန် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နိုင်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီ မြေပြင်ကြည်းတပ်ဟာ ချိနဲ့အားနည်းလာနေပေမယ့် အားကောင်းနေဆဲဖြစ်တဲ့ လေတပ်က ဘယ်လိုမျိုး ရပ်တည်လည်ပတ်နေသလဲ။

လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လို အသုံးပြု ခြိမ်းခြောက်နေသလဲ။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ဘယ်လိုကာကွယ်သင့်သလဲ။

စစ်ကောင်စီလေတပ်ကို ဘယ်လိုတန်ပြန်လုပ်ဆောင်နိုင်မလဲ။

အရပ်သားပြည်သူကို ဦးတည်ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဘယ်သူတွေမှာ အဓိကတာဝန်ရှိသလဲ။

စတဲ့ လေတပ်ဆိုင်ရာ အကြောင်းအရာများအား "စစ်ကောင်စီလေတပ် ဘယ်လိုလည်ပတ်နေသလဲ" ဆိုတဲ့ ခေါင်းစဉ်ဖြင့် ယခုအပတ် ဧပြီလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့ ည ၇ နာရီမှာ ပြုလုပ်မယ့် "ပြည်သူ့စစ်သားစကားဝိုင်း" မှာ အဓိကဦးတည် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးပေးဖို့ အတွက် လေတပ်ကနေ CDM ပြုလုပ်လာတဲ့
❇️ CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင်
❇️ CDM ဒုအရာခံဗိုလ် လူသာ နှင့်
❇️ CDM ဗိုလ်ကြီး ကိုမိုက် တို့ကို ဖိတ်ခေါ်ထားပါတယ်။
စကားဝိုင်းအစီအစဉ် တင်ဆက်သူအဖြစ် ပြည်သူ့ပန်းတိုင်မှ CDM ဗိုလ်ကြီး ကိုငြိမ်း က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
တော်လှန်မိဘပြည်သူများအနေဖြင့် စစ်ကောင်စီလေတပ်နဲ့ ပက်သက်၍ သိလိုသည့် အကြောင်းအရာများ၊ လေကြောင်းတိုက်ခိုက်ခံရမှု အတွေ့အကြုံများအား ပါဝင်ဆွေးနွေးမေးမြန်းဖလှယ်နိုင်ဖို့ ကြိုတင်အသိပေးဖိတ်ခေါ်အပ်ပါတယ်။

မှတ်ချက်။ ။ ယနေ့ စကားဝိုင်းတွင် အမျိုးသမီး စပီကာ ပါ၀င်ရန် မဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြည်သူ့စစ်သားစကားဝိုင်းက မိဘပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။

ယနေ့ ဆွေးနွေးသည့်အကြောင်းအရာနှင့် အမျိုးသမီးများသည် စပ်ဆိုင်ခြင်းမရှိဟု မှတ်ယူခြင်းမပြုကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူ့စစ်သား စကားဝိုင်းသည် အကြမ်းဖက်စစ်တပ်အား စွန့်ခွာခဲ့ကြသည့် ပြည်သူ့စစ်သားများ၏ အသံနှင့် ၄င်းတို့၏ အတွေ့အကြုံများကို ဖော်ထုတ်လျက်ရှိသည့် စကားဝိုင်းဖြစ်သည်။ ပြည်သူ့စစ်သားများထဲမှ အမျိုးသမီး စစ်သည်များနှင့် ပြည်သူ့စစ်သားများ၏ ဇနီးများကို စဥ်ဆက်မပြတ်ဖိတ်ခေါ်၍ ဆွေးနွေးဝိုင်းများကို ကြိုးစားစီစဥ်လျက်ရှိပါသည်။

[ပြည်သူ့ပန်းတိုင် ချန်နယ်ကို တယ်လီဂရမ်မှာလည်း Join ထားလို့ရပါတယ် —> https://t.me/PeoplesGoal
ပြည်သူ့ပန်းတိုင်ကို ဆက်သွယ်လိုပါက တယ်လီဂရမ် https://t.me/PeopleGoal သို့မဟုတ် ဗိုက်ဘာ +66 94 652 9985 ကို ဆက်သွယ်နိုင်ပါတယ်။]

24/03/2024

“သိလိုရာမေး စစ်တပ်အတွင်းရေး”
(လူငယ်များသီးသန့် အမေး/အဖြေ ကဏ္ဍ)

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် --> Webinar: https://us06web.zoom.us/j/82523685754
Webinar ID: 825 2368 5754

မြန်မာစစ်အုပ်စုရဲ့ အတင်းအဓမ္မစစ်မှုထမ်းစေမယ့် ဘေးဒုက္ခကို ကြုံနေရတဲ့ လူငယ်တွေ (အမျိုးသား/အမျိုးသမီး/ LGBT) နဲ့ မိသားစု၀င်တွေ လေ့လာစရာ စကားဝိုင်းတစ်ခုကို ပြည်သူ့ပန်းတိုင်က ဒီအပတ်မှာ စီစဥ်ထားပါတယ်။

လူငယ်တွေ မကြံတတ်တော့လို့၊ မတတ်နိုင်တော့လို့ စစ်သားစုဆောင်ရေးနဲ့ တပ်ထဲ၀င်ရပြီဆို ဘာတွေ မျှော်လင့်ထားရမလဲ၊ ဘာတွေ ကြုံတွေ့နိုင်လဲ၊ နှစ်ပေါင်းများစွာ ခြစား ပျက်စီးနေတဲ့ စစ်တပ်ရဲ့ အားနည်းချက်က ဘာလဲ၊ အားသာချက်က ဘာတွေလဲ။

အတင်းအဓမ္မ စုဆောင်းခံရရင်တောင် ကိုယ်ယုံကြည်ရာ ဆက်လက်ရဲရင့်ဖို့ တပ်ထဲမှာ ဖြစ်နိုင်ပါဦးမလား၊ ပြည်သူဘက် ရပ်တည်တဲ့ စစ်သားတွေ ဖြစ်လာအောင် အတွင်းကနေ ဘာတွေ လုပ်လို့ရနိုင်ဦးမလဲ။

တပ်ထဲမှာ နှစ်ပေါင်းများစွာ တာ၀န်ထမ်းဆောင်ခဲ့သူတွေ ဘယ်လို လွတ်မြောက်လာကြသလဲ၊ ဘယ်လိုအတွေးအခေါ်တွေကို ခါး၀တ်ပုဆိုးလို မြဲအောင်၀တ်ပြီး တပ်ထဲကို သယ်သွားကြမလဲ။

ဒီ အပိုင်း (၃) ခုကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးကနေ ပြည်သူ့ဘက် ရပ်တည်လို့ ပြည်သူ့စစ်သားတွေအဖြစ် နွေဦးတော်လှန်ရေးမှာ ပါ၀င်နေကြသူတွေက မတ်လ ၂၄ ရက်၊ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည (၇) နာရီ အချိန်မှာ ပြုလုပ်မယ့် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၉၈) မှာ ပါ၀င်ဆွေးနွေး ဖလှယ်ပေးကြမှာပါ။

ဆွေးနွေးဖို့ ဖိတ်ခေါ်ထားသူတွေကတော့

✳️ ကိုသူရိယ (CDM ဗိုလ်ကြီး)

✳️ မဂျူလိုင် (CDM ဗိုလ်ကြီး) နှင့်

✳️ ကိုအောင်နိုင်လတ် (CDM တပ်ကြပ်) တို့ဖြစ်ပါတယ်။

ကိုငြိမ်း (CDM ဗိုလ်ကြီး၊ ပြည်သူ့ပန်းတိုင်) က Moderator အဖြစ် စကားဝိုင်းမှာ ပါဝင်ဆောင်ရွက်ပေးသွားပါမယ်။

စကားဝိုင်းကို မည်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ပါတယ်။ ကိုယ်သိလိုရာ/ မရှင်းလင်းတာတွေ ကို ပွင့်ပွင့်လင်းလင်းမေးမြန်းဆွေးနွေးနိုင်ပါတယ်။ Webinar မို့ လုံခြုံရေး စိုးရိမ်စရာမရှိဘဲ လွတ်လပ်စွာ ဖလှယ်ဆွေးနွေးနိုင်ပါမယ်။

[ပြည်သူ့ပန်းတိုင် ချန်နယ်ကို တယ်လီဂရမ်မှာလည်း Join ထားလို့ရပါတယ် —> https://t.me/PeoplesGoal
ပြည်သူ့ပန်းတိုင်ကို ဆက်သွယ်လိုပါက တယ်လီဂရမ် https://t.me/PeopleGoal သို့မဟုတ် ဗိုက်ဘာ +66 94 652 9985 ကို ဆက်သွယ်နိုင်ပါတယ်။]

17/03/2024

"ဘက်ပြောင်းခိုလှုံမှုနှင့် တရားမျှတမှုကို ဘယ်လိုချိန်ထိုးစဉ်းစားကြမလဲ"

**ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော ယခု စကားဝိုင်းကို မနက်ဖြန် မတ်လ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၇ နာရီအချိန်တွင် ပြည်သူ့ပန်းတိုင်နှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများ၊ မီဒီယာများ၏ page များတွင် Live ပြန်လည်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ယခုစကားဝိုင်းဆွေးနွေးပဲတွင်

💡ဘက်ပြောင်းခိုလှုံခြင်းဆိုတာ ဘာလဲ ။

💡ဘယ်လိုလူတွေကို ဘက်ပြောင်းခိုလှုံသူလို့ သတ်မှတ်ပါသလဲ။

💡ဘက်ပြောင်းခိုလှုံခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေကို ကျေအေးပေးသင့်ပါသလား။

💡ဘယ်လိုပုံစံစဉ်းစားချဉ်းကပ် အကောင်ထည်ဖော်ရင် တရားမျှတမှုကို ရှေးရှုရာရောက်မလဲ တို့ကို အဓိက ထားဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးပေးမည့် ပုဂ္ဂိုလ်များကတော့ -

📍ဖဒိုထူးစော (Karen National Union)

📍သဉ္ဇာရွှန်းလဲ့ရည် (ပြည်သူ့ပန်းတိုင်)

📍ရဲထက် (Freedom Fighter)

📍ရိုစလင်းဇာဟောင် (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဥပဒေပညာရှင်)

တို့မှ ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပြီး ဥပဒေပေါင်းကူးအဖွဲ့ဝင် 📌“မမေမှ Moderator” အဖြစ် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

#ဥပဒေပေါင်းကူး #ဘက်ပြောင်းခိုလှုံမှု

03/03/2024

“တော်လှန်ရေးခရောင်းလမ်း ရင်ဆိုင်ဖြတ်သန်းခဲ့သူတို့ စကားသံ"

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် --> Webinar: https://us06web.zoom.us/j/87166534973
Webinar ID: 871 6653 4973

နွေဦးတော်လှန်ရေးနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့၊ ပြည်သူအပေါ် ဖမ်းဆီးသတ်ဖြတ် ပစ်ခတ်မှုတွေကို လက်မခံတဲ့ ပြည်သူ့စစ်သား မိသားစု ထောင်ပေါင်းများစွာဟာ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ယုံကြည်ရာလမ်းကို လျှောက်ခဲ့ကြပါတယ်။

ယုံကြည်ရာခရီးကြမ်းတလျှောက် အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ရင်း ဂုဏ်သိက္ခာရှိတဲ့ ဘဝသစ်ကို ကြိုးစား တည်ဆောက်ခဲ့ကြတယ်။

ဒီလို ပြည်သူ့စစ်သား မိသားစုတွေရဲ့ CDM ဖြတ်သန်းမှုတွေက ဘယ်လိုရှိနေသလဲ။

နွေဦးတော်လှန်ရေးတလျှောက် CDM ပြည်သူ့စစ်သားတွေက ဘယ်လိုပါဝင်နေကြသလဲ။

တော်လှန်ရေး နဲ့ ပြည်သူလူထုတွေအတွက် ပြည်သူ့စစ်သားတွေရဲ့ အတွေ့အကြုံ မျှဝေချက်၊ အကြုံပြုတိုက်တွန်းချက်တွေ ဘာတွေဖြစ်မလဲ။

စတဲ့ အကြောင်းအရာ ဆွေးနွေးချက်များအား "တော်လှန်ရေးခရောင်းလမ်း ရင်ဆိုင်ဖြတ်သန်းခဲ့သူတို့ စကားသံ" ဆိုတဲ့ ခေါင်းစဉ်ဖြင့် ယခုအပါတ် ဖေဖော်ဝါရီလ (၃) ရက်၊ မြန်မာစံတော်ချိန် ည (၇) နာရီမှာ ပြုလုပ်မယ့် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၉၇) မှာ ဆွေးနွေးဖလှယ်သွားကြပါမယ်။

ပါဝင်ဆွေးနွေးပေးဖို့အတွက်

❇️ မပီးပီး (CDM စစ်သူနာပြု)

❇️ ကိုဇော်ထူး (CDM တပ်ခွဲတပ်ကြပ်ကြီး)

❇️ ကိုနေဦး (CDM ဗိုလ်ကြီး) တို့ကို ဖိတ်ခေါ်ထားပါတယ်။

စကားဝိုင်းတင်ဆက်သူအဖြစ် ကိုဖျူရီ (ပြည်သူ့ပန်းတိုင်) က ဆောင်ရွက်သွားပါမယ်။

တော်လှန်မိဘပြည်သူတွေအနေနဲ့ မိမိတို့ အမြင်၊ သုံးသပ်အကြံပြုချက်များ နှင့် သိလိုသည်များအား ပါဝင်ဆွေးနွေးမေးမြန်းပေးနိုင်ပါရန် ကြိုတင်အသိပေး ဖိတ်ခေါ်အပ်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးမယ့် အစီအစဉ်လည်း ပါရှိပါတယ်။

[ပြည်သူ့ပန်းတိုင် ချန်နယ်ကို တယ်လီဂရမ်မှာလည်း Join ထားလို့ရပါတယ် —> https://t.me/PeoplesGoal
ပြည်သူ့ပန်းတိုင်ကို ဆက်သွယ်လိုပါက တယ်လီဂရမ် https://t.me/PeopleGoal သို့မဟုတ် ဗိုက်ဘာ +66 94 652 9985 ကို ဆက်သွယ်နိုင်ပါတယ်။]

11/02/2024

“ချင်းလူငယ်ထု မျှော်မှန်းတဲ့ ချင်းပြည်အနာဂတ်”

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် --> Webinar:
https://us06web.zoom.us/j/82630177200
Webinar ID: 826 3017 7200

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းတော်လှန်ရေးအင်အားစုများဟာ စစ်အာဏာရှင်စနစ်ကို ခိုင်မာအားကောင်းစွာ နိုင်ငံရေးအားဖြင့်၊ လက်နက်ကိုင်နည်းလမ်းအားဖြင့် ဘက်ပေါင်းစုံက ခုခံတော်လှန် တိုက်ခိုက်လျက် ရှိပါတယ်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်ဖယ်ရှားနိုင်ရေး နှင့် Chinland နိုင်ငံရေး ရည်မှန်းချက်များအား အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ချင်းတော်လှန်ရေးအင်အားစုများက စုပေါင်း၍ နိုင်ငံရေး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်လျက်ရှိကြရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအနေဖြင့် ချင်းလဲန်းကောင်စီ ကို ဖွဲ့စည်းခဲ့ကြပြီး ထိုမှတဆင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါတယ်။

ချင်းလဲန်းကောင်စီ နှင့်ဆက်စပ်သည့် စကားဝိုင်းကိုလည်း ပြည်သူ့ပန်းတိုင်က “ချင်းပြည် (Chinland) သစ် ဘယ်လိုထုဆစ်ပုံဖော်ကြမလဲ" ခေါင်းစဥ်ဖြင့် အောက်တိုဘာလ (၁) ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်။

ချင်းလဲန်းအစိုးရဖွဲ့စည်းမှုနှင့်ပက်သက်၍ ရှေ့ဆက်ရမည့် နိုင်ငံရေးလမ်းကြောင်းများ၊ ချင်းလဲန်း အနာဂတ်အတွက် ပြုပြင်ရမည့်အတွေးအခေါ်များ၊ စုံလင်ကွဲပြားသည့် ချင်းလူငယ်များ၏ တော်လှန်ရေး အတွေးအမြင်များအား သုံးသပ်ဖလှယ်ဖို့အတွက် ချင်းလူငယ်တော်လှန်ရေးသမားအချို့ကို ဒီအပတ် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၉၆) မှာ ဖိတ်ခေါ်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်၊ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည (၇) နာရီမှာ ပြုလုပ်မယ့် အတွေးအခေါ်လမ်း အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြမယ့်သူတွေကတော့

✳️Thang Chawm Phe (CDF မင်းတပ်-စစ်ဦးစီးချုပ်)

✳️Salai Dokhar (India for Myanmar) နှင့်

✳️Amelia (ဇိုမီးဖက်ဒရယ် အစည်းအရုံး) တို့ဖြစ်ပါတယ်။

ဒီအပတ် အစီအစဉ်မှာ Moderator အဖြစ် သတင်းတင်ဆက်သူ Ja Mone က ပြုလုပ်ပေးသွားပါမယ်။

ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ်ဟာ လူမှုအဖွဲ့အစည်းအသီးသီးမှ မတူညီတဲ့ အမြင်တွေကို လွတ်လပ်စွာ ဖလှယ်ခွင့်ရစေသောနေရာတစ်ခုဖြစ်တာနှင့်အညီ တော်လှန်မိဘပြည်သူတွေအနေနဲ့ မိမိတို့ အမြင်၊ သုံးသပ်အကြံပြုချက်များ နှင့် သိလိုသည်များအား Zoom Webinar မှတဆင့် ပါဝင်ဆွေးနွေး မေးမြန်းနိုင်ကြောင်း ကြိုတင်အသိပေး ဖိတ်ခေါ်အပ်ပါတယ်။

အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးမယ့် အစီအစဉ်လည်း ပါရှိပါတယ်။

[ပြည်သူ့ပန်းတိုင် ချန်နယ်ကို တယ်လီဂရမ်မှာလည်း Join ထားလို့ရပါတယ် —> https://t.me/PeoplesGoal
ပြည်သူ့ပန်းတိုင်ကို ဆက်သွယ်လိုပါက တယ်လီဂရမ် https://t.me/PeopleGoal သို့မဟုတ် ဗိုက်ဘာ +66 94 652 9985 ကို ဆက်သွယ်နိုင်ပါတယ်။]

28/01/2024

“အသွင်သစ်ပြည်သူ့စစ်စုဆောင်းမှုအရေး ဘယ်လို ကာကွယ်ဖြေရှင်းကြမလဲ"

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် --> Webinar: https://us06web.zoom.us/j/87503704736
Webinar ID: 875 0370 4736

နိုင်ငံအနှံ့မှာ စစ်ရေးအထိနာရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ ရပ်ရွာကာကွယ်ရေးခေါင်းစဉ်နဲ့ ပြည်သူ့စစ်အဖွဲ့များ စုဆောင်းဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်လာနေပါတယ်။

အထူးသဖြင့် ပဲခူးတိုင်းအတွင်း မြို့နယ်အများစုမှာ ပြည်သူ့စစ်အမည်စာရင်း တောင်းခံတာ၊ ကုန်ကျစရိတ် ငွေကြေးကောက်ခံတာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း နိုင်ငံရေးပါတီတွေနှင့် တွေ့ဆုံပြီးနောက် ပြည်သူ့စစ်တပ်ပေါင်းစု ဖွဲ့စည်းဖို့နဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

ထိုသို့ စစ်ကောင်စီ ပြင်ဆင်လုပ်ဆောင်နေတဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ ခြေလှမ်းတွေက ဘယ်လိုဖြစ်လာနိုင်မလဲ။

အတင်းအကြပ် စုဆောင်းခံရတဲ့ ပြည်သူ့စစ်တွေကို တော်လှန်ရေးအင်အားစုများအကြား ပြဿနာတွေ ရှောင်ရှားနိုင်ဖို့ နဲ့ တော်လှန်ရေး အထောက်အကူအင်အား ဖြစ်လာစေဖို့ ဘယ်လိုမျိုး ပြင်ဆင်လုပ်ဆောင်နိုင်မလဲ။

အလားတူ စစ်ကောင်စီ ကြိုးပမ်းလုပ်ဆောင်နေမှုတွေကို ဘယ်လို ကာကွယ်ဖြေဖျက်နိုင်မလဲ။

စတဲ့ အကြောင်းအရာ သုံးသပ်ချက်တွေကို "အသွင်သစ်ပြည်သူ့စစ်စုဆောင်းမှုအရေး ဘယ်လိုကာကွယ် ဖြေရှင်းကြမလဲ" ဆိုတဲ့ ခေါင်းစဉ်ဖြင့် ယခုအပါတ် ဇန်နဝါရီလ (၂၈) ရက်၊ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည (၇) နာရီမှာ ပြုလုပ်မယ့် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၉၅) မှာ ဆွေးနွေးဖလှယ်သွားကြပါမယ်။

ပါဝင်ဆွေးနွေးပေးဖို့အတွက်
❇️ မမေသဲ (ဗဟိုဦးဆောင်ကော်မတီဝင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်သပိတ်ကော်မတီ)

❇️ ကိုဝေယံ (ပဲခူးတိုင်း ပကဖ၊ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ)

❇️ ကိုဝင်းနိုင်စိုး (CDM ဗိုလ်ကြီး) တို့ကို ဖိတ်ခေါ်ထားပါတယ်။

စကားဝိုင်းတင်ဆက်သူအဖြစ် ကိုကောင်းသန့် (ပြည်သူ့ပန်းတိုင်) က ဆောင်ရွက်သွားပါမယ်။

တော်လှန်မိဘပြည်သူတွေအနေနဲ့ မိမိတို့ အမြင်၊ သုံးသပ်အကြံပြုချက်များ နှင့် သိလိုသည်များအား ပါဝင်ဆွေးနွေး မေးမြန်းပေးနိုင်ပါရန် ကြိုတင်အသိပေး ဖိတ်ခေါ်အပ်ပါတယ်။
အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးမယ့် အစီအစဉ်လည်း ပါရှိပါတယ်။

[ပြည်သူ့ပန်းတိုင် ချန်နယ်ကို တယ်လီဂရမ်မှာလည်း Join ထားလို့ရပါတယ် —> https://t.me/PeoplesGoal
ပြည်သူ့ပန်းတိုင်ကို ဆက်သွယ်လိုပါက တယ်လီဂရမ် https://t.me/PeopleGoal သို့မဟုတ် ဗိုက်ဘာ +66 94 652 9985 ကို ဆက်သွယ်နိုင်ပါတယ်။]

31/12/2023

"နွေဦးတော်လှန်ရေး၌ ကိုလိုနီပယ်သတ်ခြင်း"

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် --> Webinar: https://us06web.zoom.us/j/82516925498
Webinar ID: 825 1692 5498

ဗြိတိသျှကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ်ကနေ လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း (၇၆) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့အတွေးအခေါ်တွေ၊ ကိုလိုနီလက်သစ်ပြုမှုများကနေ မြန်မာပြည်ဟာ တကယ်ကော လွတ်မြောက်ခဲ့ပြီလား။

"နွေဦးတော်လှန်ရေး၌ ကိုလိုနီပယ်သတ်ခြင်း" စကားဝိုင်းဟာ နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်တော့မယ့် အခိုက်အတန့်မှာ မြန်မာ့အသိုင်းအဝန်းအသီးသီးရဲ့ အမွေအနှစ်၊ အရင်းမြစ်တွေနဲ့ ခေတ်ပြိုင်လှုပ်ရှားမှုများအပေါ် ကိုလိုနီလက်သစ်ပြုမှုများ၏ အကျိုးသက်ရောက်မှုတွေကို ထုတ်နုတ်ဖလှယ် တင်ပြသွားကြမှာဖြစ်ပါတယ်။

ကိုလိုနီပြုခံထားရတဲ့ နိုင်ငံရေး စီးပွားရေးဘဝတွေကနေ ရုန်းထွက်တော်လှန်ဖို့ လွတ်လပ်ရေး၊ အမျိုးသားတန်းတူရေး၊ လူ့အခွင့်အရေး၊ အုပ်စုလိုက်အခွင့်အရေး၊ တရားမျှတမှု၊ အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဌာန်းခွင့် အစရှိသည်တို့ကို အပြည့်အဝ ပြန်လည်ရရှိလာရေးအတွက် လှုပ်ရှားဆောင်ရွက်ရမယ့် တော်လှန်ရေးရဲ့ အခင်းအကျင်းတွေက ဘာတွေလဲ၊ ဘယ်လို အတွေးအမြင်အသစ်တွေကို မွေးမြူရန်လိုအပ်နေသလဲ ဆိုတဲ့ မေးခွန်းတွေကို ပြည်သူတွေနဲ့အတူ ယခုအပတ် အတွေးအခေါ်လမ်း စကားဝိုင်းက ဆွေးနွေးသွားမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မြန်မာစံတော်ချိန် ည (၇) နာရီမှာ ပြုလုပ်မယ့် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၉၃) မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့သူတွေကတော့

❇️ မခြင်္သေ့ (စာရေးသူနှင့် မနုဿဗေဒသုတေသီ)

❇️ စောအဲလ်ဘတ်ချို (ကရင်လူငယ်တက်ကြွလှုပ်ရှားသူ) နှင့်

❇️ ညဏ်ပြည်သစ် (သုတေသန နှင့် သုတေသနအဖွဲ့အစည်းဦးဆောင်သူ) တို့ဖြစ်ကြပါတယ်။

ဒီအစီအစဉ်မှာ Moderator အဖြစ် ဆွတ်ဆိုင်းထွယ် (Kachin State Civilian Movement) က ဆောင်ရွက်ပေးသွားပါမယ်။

မိဘပြည်သူများအနေနှင့်လည်း webinar မှတဆင့် သိရှိလိုသည်များကို ပါဝင်ဆွေးနွေးမေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုမေးမယ့် အစီအစဉ်လည်း ပါရှိပါတယ်။

[ပြည်သူ့ပန်းတိုင် ချန်နယ်ကို တယ်လီဂရမ်မှာလည်း Join ထားလို့ရပါတယ် —> https://t.me/PeoplesGoal
ပြည်သူ့ပန်းတိုင်ကို ဆက်သွယ်လိုပါက တယ်လီဂရမ် https://t.me/PeopleGoal သို့မဟုတ် ဗိုက်ဘာ +66 94 652 9985 ကို ဆက်သွယ်နိုင်ပါတယ်။]

Address


Website

Alerts

Be the first to know and let us send you an email when FNA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FNA:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share