What happened in Kanbalu

  • Home
  • What happened in Kanbalu

What happened in Kanbalu ကန့်ဘလူမှာဘာဖြစ်နေလဲ

11/04/2023

ပဇီကြီးမှာ mi35 နဲ့ ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ရာကျော်သေသွားပီဗျ ညနေပိုင်းလည်းလာပစ်သေးတယ် အောက်ကလင့်မှာ ပုံတွေသွားကြည့်လိုက်ပါဦး ခုသတ်ခံလိုက်ရတာ ခင်ဗျားလို ကျုပ်လိုပြည်သူတွေနော်

https://t.me/NwayOoDZY/15

#ကန့်ဘလူမှာဘာတွေဖြစ်နေလဲ
#ပဇီကြီး

16/03/2023

ကန့်ဘလူ / ကိုးတောင်ဘို့

ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ
ညပိုင်းအချိန်မှ မနက်အစောပိုင်းအထိ လမ်းအသုံးပြုမှု ပြင်းပြင်းထန်ထန် ပိတ်ဆို့ခြင်း📢

၁။အောက်တဲရွာ မှ သင်တောရွာ

၂။မိဿလင်ကုန်းရွာမှ ယောကုန်းရွာ

၃။ လောင်ချိုင့်ရွာမှ ထဲထီးရှိူရွာ

၄။ သေတ္တာရွာမှ အောက်ကျင်းရွာ

၅။ ဝက်သအင်းရွာ ကံကြီးရွာ

၆။ ပေါက်ဆိန်ကုန်းရွာ အသီးသီးတို့မှ ဆက်သွယ်သွားလာလို့ရတဲ့ လမ်းပိုင်းမှန်သမျှ

ည (၇နာရီမှ မနက်၆နာရီအတွင်း) အရေးပေါ်ကျန်းမာရေးကိစ္စမှလွဲ၍ မိမိတို့အဖွဲ့အစည်းထဲမှဖြစ်စေ၊ပြည်သူဖြစ်စေ လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်သည်။

ထုတ်ပြန်ချက်အား ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ ကျနော်တို့ Pageမှ နောက်ထပ် မကြေညာသေးခင်အချိန်ထိ မိမိတို့ အသက်အား ငဲ့ညှာသောအားဖြင့် အထူးလိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မိဘပြည်သူတို့အား လေးစားတန်ဖိုးထားသောအားဖြင့် ‌ထပ်ပြီး အသိပေးစာထုတ်ရခြင်းဖြစ်ပါသည်။
စည်းကမ်းမလိုက်နာပဲ တစ်စုံတစ်ခုကြုံခဲ့ပါက မိမိတို့တာဝန်သာဖြစ်ပါသည်။
(အရေးပေါ်ကျန်းမာရေးကိစ္စဆိုပါက သက်ဆိုင်ရာအဖွဲ့စည်းထံ အကြောင်းကြားချိတ်ဆက်ပြီးမှ လမ်းညွှန်ချက်အတိုင်း လမ်းကြောဘေးကင်းမှသာ သွားရပါမည်)

🙏🙏🙏
ကန့်ဘလူခရိုင်၊အမှတ်၂တပ်ရင်း (KB2)
Supporters For 5/
SSN
Mar 15 , 9:30PM
📬သတင်းပို့ရန်

04/03/2023

"နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေကို လက်နက်ပေးအပ်ပွဲ ဆိုပြီး ဝါးချွန်တွေထုတ်ပေး"

အဲ့ဒီသတင်းကို ဖတ်ပြီး အားလုံး ဟားတိုက်နေကြရတာ မောနေရောပေါ့....ရော့ Royal -D လေးသောက်လိုက်.....😊
ကျတော်တို့ Darkness PAGE ရဲ့ တာဝန်အတိုင်း ပြသလောက်ပဲမြင်တတ်တာတွေကို ကျော်ပြီး မင်းအောင်လှိုင် စစ်ခတပ်ရဲ့ "လက်နက်ပေးအပ်ပွဲ" သတင်းကို ပြည်သူအားလုံးအတွက် သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။

အထင်သေးတာတွေ ခဏလျှော့ကြပါ...အထင်ကြီးခိုင်းတာလည်း မဟုတ်ဘူးနော်.... မင်းအောင်လှိုင်စစ်ခတပ်ရဲ့ ပြသလောက်ထက်ကို ပိုမြင်နိုင်ဖို့အတွက်ပါ။

နိုင်ငံရေးလုပ်တဲ့သူတွေထဲမှာ ဉာဏ်ပိုကောင်းတဲ့သူတွေကပဲ သူ့နောက်လိုက်တွေကို ဦးစီးနိုင်တာပါ။ ကဲပါ... ကျတော်တို့လည်းရေးရင်းနဲ့ မပြောချင်တဲ့နိုင်ငံရေးတွေပါ ပါကုန်တော့မယ်။ "လက်နက်ပေးအပ်ပွဲ"သတင်းကိုပဲ ဆက်လက်သုံးသပ်ရအောင်......

"လက်နက်ပေးအပ်ပွဲ" ကို အမှန်က မင်းအောင်လှိုင်စစ်ခတပ်က ရူးသလိုလိုနဲ့ အားလုံးကို psywar ရိုက်ထည့်သွားတာပါပဲ။ စစ်ခတပ်လက်အောက်ခံတွေကို လက်နက်ထုတ်ပေးဖို့ ပထမဆုံး စာထုတ်ထားခဲ့တဲ့ထဲမှာ ကိုယ်တိုင်ဝယ်ရမယ်၊ လိုအပ်ရင် စစ်လည်းတိုက်ပေးရမယ်ဆိုတာ ပါထားပြီးသား။

အဲ့ဒီကိစ္စ သတင်းထွက်သွားတော့ မင်းအောင်လှိုင်စစ်ခတပ်က သူ့လက်အောက်ကကောင်တွေကို လက်နက်ပေး၊ လူသ*တ်ခိုင်းပြီး နိုင်ငံအတွင်းအကြမ်းဖက်မှုတွေဖြစ်နေပါတယ်၊ ပြည်သူအချင်းချင်းသ*တ်ဖြတ်မှုတွေဖြစ်နေပါတယ်၊ လက်နက်မရှိတဲ့ပြည်သူတွေကို UG ၊ PDF တွေကလုပ်တာပါဆိုပြီး သူ့လုပ်ကြံလို့ရမယ့် အကွက်တွေ ပျောက်ကုန်တယ်လို့ သုံးသပ်မိပါတယ်။

အဲ့ဒါကြောင့် နောက်လိုက် ကြံ့ဖွတ်နဲ့ အုပ်ကြီးတွေကို နောက်ကွယ်ကနေ "Gun တွေခိုးထုတ်ပေးထားပေမယ့် ဝါးချွန်တွေသာထုတ်ပေးခဲ့တယ်ဆိုတဲ့ သူတို့ပြချင်တဲ့ သတင်းကိုပဲ ပြန့်အောင်ဖြန့်လိုက်တယ်လို့ မြင်ရပါတယ်။ သူတို့ဘာသာ ဘယ်လိုပဲလုပ်လုပ် ဘာအရေးပါလို့လဲဆိုရင် အများကြီးအရေးပါ ပါတယ်။

၁။ ကြံ့ဖွတ်နဲ့ စစ်ခလက်အောက်က သူတွေဆီမှာ လက်နက်မရှိဘူးလို့ ယူဆမိတဲ့ UG တစ်ချို့ဟာ အလစ်ငိုက်ပြန်ခံရနိုင်တယ်။

၂။ မြို့တွင်းတွေမှာ ပြည်သူတွေကို မြေပြင်ဆင်း လုပ်ကြံ သ*တ်ဖြတ်မှုတွေလုပ်ပြီး မင်းအောင်လှိုင်စစ်ခတပ်က ကောင်တွေဟာ ဝါးချွန်လက်နက်ကိုပဲရတာမို့ သူတို့မသိဘူး။ သူတို့နဲ့မဆိုင်ဘူးဆိုပြီး ဘူးခံငြင်းဖို့ အဲ့ဒီသတင်းကို ကိုင်ပြီး သက်သေထူလို့ရသွားနိုင်ပါတယ်။

၃။ အဲ့ဒီလိုကိစ္စတွေကြောင့် သတင်းအမှန်တွေဟာ ဝေဝါးလာကုန်ပြီး နိုင်ငံတကာနဲ့ ပြည်သူတချို့တစ်ဝက်ကို သတင်းအမှန်တွေချပြရတဲ့အခါ အခက်အခဲတွေဖြစ် လာမှာပါ။

အဲ့ဒါတွေက တော်လှန်ရေးဘက်ကို ဘာတွေထိခိုက်နိုင်စေ သလဲဆိုရင် သတင်းဝေဝါးမှုတွေကြောင့် စစ်ရေး အကူအညီတွေ လက်ရှောင်သွားနိုင်ပါတယ်။

ပြည်သူ အားလုံး ဟားတိုက်ရယ်နေတဲ့သတင်းဟာ သူတို့စစ်ခတွေအတွက်မဟုတ်ဘဲ တော်လှန်ရေးကို ထိခိုက်ပျက်ဆီးအောင် လုပ်ဆောင်ဖို့ စီစဥ်ထားတာဖြစ်နိုင်တယ်လို့ သုံးသပ်ရတာမို့ သတိလေးတွေကပ်ကြဖို့ ပြောချင်ပါတယ်။

အဲ့ဒီသတင်းပြန့်ဖို့အတွက်ကို စစ်ခတပ်ဟာ သူတို့ကိုယ်တိုင် အပင်ပန်းခံ၊ ပိုက်ဆံအကုန်ခံပြီးတောင် မကြိုးစားလိုက်ရပါဘူး။ သတင်းမီဒီယာကျေးဇူးနဲ့ ပြသလောက်ပဲမြင်တဲ့သူတွေကြောင့် Twitter မှာပါ သတင်း တက်သွားခဲ့ပါတယ်။ မင်းအောင်လှိုင်စစ်ခတပ်ရဲ့ Propaganda ပိုပြန့်ပွားအောင် ကူညီပေးခဲ့တဲ့ Public Figure တွေကိုလည်း ကျေးဇူးတင်ပါတယ်...🙂🙂

Facebook ⏩ https://www.facebook.com/darknessguns?mibextid=ZbWKwL

Psywar Is Not For Joke 🚫.We Are Revolution Analysts.We Are Not Colour. We Are For Justice And Truth.

28/02/2023

ရဲဘော်တစ်ယောက်ယောက်ကျမှ
အလှူငွေထည့်မယ် စိတ်ကူးမိတဲ့အခါ
အဲ့ဒီငွေကြေးကို ဟော့ပေါ့ဝယ်စားလိုက်ပါ။

ကျွန်တော်တို့ဟာ ခင်ဗျားတို့အတွက်
အသက်မပေးခဲ့ပါဘူး။
ကျွန်တော်တို့ အနာဂါတ်အတွက်
ကျွန်တော်တို့ တော်လှန်လူထုအတွက်ပဲ
အသက်ပေးခဲ့တာပါ။
ခင်ဗျားတို့အတွက် ေ သခဲ့တာမဟုတ်လို့
ဝမ်းနည်းမပေးကြပါနဲ့။

အသက်ပေးပြီး ဇာတ်နာပြမှ
တော်လှန်ရေးကို အမှတ်လာရတဲ့
ခင်ဗျားတို့အတွက်
ကျွန်တော်အသက်မပေးပါဘူး။

မရှက်ကြပါနဲ့...
လုံးဝ လုံးဝ မရှက်ကြပါနဲ့....။
ရဲဘော်တွေ ေ သခဲ့ပြီးပြီ။
ရဲဘော်တွေ ေ သနေကြသည်။
ရဲဘော်တွေ ေ သရအုံးမည်။
ခင်ဗျားတို့ လုံးဝ မရှက်ကြပါနဲ့....။

သာမှ နေချင်တဲ့ ခင်ဗျားတို့က
ရဲဘော်တွေ ေ သမှ နာကြတဲ့အခါ
ကျွန်တော်တို့ တော်လှန်ရေးကို
အကြိမ်ကြိမ်အခါခါ
မေးခွန်းပြန်ထုတ်မိပါတယ်။

ခင်ဗျားတို့
လှူဖို့ မေ့ထားတဲ့ ကျည်တစ်တောင့်ကပဲ
ကျွန်တော်တို့ကို သ-တ်လိုက်တယ်။

ဝမ်းမနည်းပါနဲ့......။😥😥😥

crd
#

21/02/2023

ကန့်ဘလူမြို့နယ် ချောင်းကြားရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် ကန့်ဘလူခရိုင်၊ပင့်သာတိုက်နယ်၊ချောင်းကြားရွာအား စစ်ကောင်စီတပ်နှင့်ပျူစောထီးစုပေါင်းအင်အား ၁၂၀ ခန့်မှ အကြမ်းဖက်ဝင်ရောက်မီးရှို့နေကြောင်း မြေပြင်သတင်းပေးပို့ချက်များအရသိရသည်။

၎င်းစစ်ကောင်စီစစ်ကြောင်းသည် ကျွန်းလှ‌မြို့ပေါ်တွင်အထိုင်ချထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၈၀ ခန့်နှင့် ကျွန်းလှမြို့မြောက်ဘက်ကပ်လျက်ရှိ ‌ကန့်ဘလူမြို့နယ် ပေကုန်း(တောင်)ရွာမှ ပျူအင်အား ၄၀ ခန့်စုပေါင်းပြီး ယနေ့မနက် ၆ နာရီတွင် ပေကုန်းရွာမြောက်ဘက်သို့ စစ်ကြောင်းထိုးထွက်ခွါသွားပြီးနောက် မနက် ၈ နာရီတွင် ချောင်းကြားရွာအား တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ချောင်းကြားရွာသည် စုစုပေါင်းအိမ်ခြေ ၁၁၈ အိမ်ရှိသည့်အနက် ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီတပ်၏ ပထမအကြမ်မီးရှို့ဖျက်ဆီးခြင်းကြောင့် အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၈လုံး၊ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရ၍ နေအိမ် ၂၃ လုံးနှင့် စပါးကျီ ၁၃ ခု မီးလောင်ပျက်ဆီးခဲ့ခြင်းကြောင့် စုစုပေါင်းနေအိမ် ၃၁ လုံးနှင့် စပါးကျီ ၁၃ခုထိ မီးလောင်ပျက်ဆီးဆုံးရှုံးထားပြီး ယခုတတိယအကြိမ် မီးရှို့ဖျက်ဆီးခံရသည့် အပျက်အဆီးစာရင်းအား ဆက်လက်စုံစမ်းလျက်ရှိသည်။
၎င်းစစ်ကောင်စီစစ်ကြောင်းသည် ချောင်းကြားရွာအား မီးရှို့ဖျက်ဆီးပြီးနောက် မနက် ၁၁ နာရီခန့်တွင် ပြန်လည်ထွက်ခွါသွားပြီး ပေကုန်းရွာမှတစ်ဆင့် ကျွန်းလှမြို့ပေါ်သို့ ၆ဘီးကားတစ်စီး၊ခွေးဘီလူးတစ်စီးဖြင့် အင်အားအပြည့် ပြန်လည်ဝင်ရောက်သွားကြောင်းစုံစမ်းသိရှိရသည်။ယင်းစစ်ကောင်စီစစ်ကြောင်းကြောင့် ချောင်းကြားရွာနှင့် အနီးတစ်ဝိုက်ရှိ မန်ကျီးကုန်း၊ဖလားရ၊ပင့်သာ၊ရှမ်းကုန်းနှင့် အင်းမရွာမှ ပြည်သူထောင်နှင့်ချီပြီး အိုးအိမ်စွန့်ခွါကာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၂၁-၂-၂၀၂၃

ဓာတ်ပုံ # #၁ လပိုင်း ၊၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် ချောင်းကြားရွာအား အဝေးမှမြင်တွေ့ရစဉ်

21/02/2023

ကန့်ဘလူ၊မြေမွန်ရွာတိုက်ပွဲစစ်​ကောင်စီတပ်အထိနာ ၊ဒဏ်ရာရစစ်​ကြောင်းမှူတစ်ဦးတည်းကိုရဟတ်ယာဥ်ဖြင့်သယ်ယူ

အိုက်မောင်/People's Spring

ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ၁၅ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းမှူးတစ်ဦးပါ
ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် စစ်တပ်ကရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွား​ကြောင်းပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ကန့်ဘလူအ‌ခြေစိုက်စစ်ကောင်စီတပ် ၃၆၉ တပ်ရင်းစစ်
ကြောင်းကမြေမွန်ကျေးရွာကို ဖေဖော်ဝါရီ ၁၈ရက်ညတွင်စစ်​ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဖေ‌ဖော်ဝါရီ
၁၉ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

"စစ်ကောင်စီတပ်ကစစ်ကြောင်းကို သုံးကြောင်းခွဲပြီးထိုးလာတာ။ ရွာအနောက်ဘက်ကတစ်ကြောင်း၊ အနောက်မြောက်ဘက်ကတစ်ကြောင်း၊အဲ့ဒီနှစ်ခုကြားကတကြောင်းဝင်လာတာ။ကျွန်တော်တို့ မဟာမိတ်ညီအစ်ကိုတွေ ဝိုင်းတိုက်ကြတာပါ " ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြော
သည်။

တိုက်ပွဲသည် ဖေဖော်ဝါရီလ ၁၉ရက် မနက်မှ နေ့လည် ၁နာရီခန့်အထိအပြင်းအထန်ဖြစ်ခဲ့ပြီးPDFများက မိုင်းအားအဓိကထား၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးကြောင်း မြေပြင်သတင်းရရှိသည်ဟု ကန့်ဘလူမြို့၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

"ရဟတ်ယာဉ်လာတော့အင်အားလာဖြည့်တာလို့ထင်တာ။ ဒါမှမဟုတ်ဒဏ်ရာရသူတွေလာ‌ခေါ်မယ်ထင်တာ။ မဟုတ်ဘူးဗျ။ စစ်ကြောင်းမှုးတစ်ယောက်တည်းကို လာတင်သွားတာ"
ဟု ၎င်းကPeople's Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် မြေမွန်ကျေးရွာမှ နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး နေ့လည် ၂နာရီခန့်တွင် ၎င်းတို့တပ်စွဲထားသည့် ကွင်းကိုးကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟုသိရသည်။

မြေမွန်ကျေးရွာသည် အိမ်‌ခြေ ငါးရာခန့်ရှိသော ရွာဖြစ်ပြီး စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွားသောကြောင့် အိမ်ခြေ ၁၅၀ခန့် မီးလောင်သွားသည်ဟုဒေသခံအချို့ကပြောသည်။စစ်ကောင်စီစစ်ကြောင်းမဝင်ခင် ဖေဖော်ဝါရီ ၁၈ရက် မတိုင်မီကတည်းက ဒေသခံများသည် ဘေးလွတ်ရာတို့တိမ်းရှောင်နေခဲ့ကြသောကြောင့် တိုက်ပွဲဖြစ်ပွား​သောအခါ အရပ်သားထိခိုက်သေဆုံးမှုမရှိကြောင်း​ဒေသခံအချို့ကပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ထိစပ်နယ်မြေများဖြစ်သော ကန်ဘလူ၊ကျွန်းလှ၊​ကောလင်း၊ တန့်ဆည်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲများက်တိုက်ဖြစ်ပွား​နေသည်။

အဲ့အချိန်နဲ့ ၆၀၀၆တပ်ရင်းကို ၁၀၇ မမ ၃လုံးနဲ့ အဝေးကလှမ်းထုတယ် တစ်လုံးက ၆၀၀၆ထဲကျတယ် နောက်တစ်လုံးက ဘောလုံးကွင်းထဲကျတယ် နောက်...
11/02/2023

အဲ့အချိန်နဲ့ ၆၀၀၆တပ်ရင်းကို ၁၀၇ မမ ၃လုံးနဲ့ အဝေးကလှမ်းထုတယ် တစ်လုံးက ၆၀၀၆ထဲကျတယ် နောက်တစ်လုံးက ဘောလုံးကွင်းထဲကျတယ် နောက်တစ်လုံးက မြို့ဦးကျောင်းနားက လယ်ကွင်းထဲကျတယ် ။ ၆၀၀၆ထဲကနေ ညောင်ကွေ့ဘက်ကို
ရမ်းသမ်းပီး ၇လုံးပြစ်တယ် ပြီးတော့မှ လက်နက်ကြီးအကြီးစားကြီးနဲ့ မိနစ်၁၂ကေျာ်လောက်မှာ ၃လုံးပစ်တယ် ဘယ်ဆီတေကျလဲတော့မသိ
အဲ့ညမှာ စပယ်နံ့သာ ရဲစခန်းကို pdf တွေဝင်စီးတယ် သိပေမယ့် ကန်ဘလူက ပျူနဲ့ စစ်သားတွေတပ်ကူထွက်မပေးရဲဘူး တပြုင်နက်ထဲမှာပဲ စိန်နား ပျူစခန်းကိုဝင်စီးတယ်
သင်တန်းနည်းပြတစ်ယောက်နဲ့ ပျူနှစ်ယောက်သေတယ် လက်နက်နှစ်လက်လဲရတယ်။ နောက်ရက်မနက်ခင်းက၅နာရီကျော်လောက်ကစပိး pdf ရွာလို့နာမည်ထွက်တဲ့ရွာတေကို လက်နက်ကြီးနဲ့ ၆၀၀၆ထဲကနေ ၇ချက်လှမ်းဆော်တယ် ၈မိုင်နားတစ်လုံးကျတယ် ကိုးတောင်ဖို့ စျေးထဲကျတယ် စိန်နားကိုတစ်လုံးကျတယ် အင်ကြင်းစု ရွာထိပ်ကို နှစ်လုံးကြတယ် ကျန်တာတေတော့မသိဘူး
ခုမှအင်တာနက်နားရောက်လို့တင်လိုက်ပီ။ မင်မင်ကိုလည်း ဆုတောင်းပေးကြဦး။

ကန့်ဘလူတွင် စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ် တစ်ချိန်တည်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးဟုဆို

ကန့်ဘလူ - ဖော်ဖော်ဝါရီ ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကို ယမန်နေ့ နံနက် ငါးနာရီက ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ ရွှေဘို- မြစ်ကြီးနားကားလမ်းမပေါ်တွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ အထိုင်ချထားသည့် စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကိုသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းကိုသိမ်းလို့ရတော့မှာ အဲ့ထဲဝင်ပြီး လက်နက်တွေဘာတွေ ကောက်တော့မယ့်အချိန်ကျတော့ ဂျက်ဖိုက်တာဝဲတာနဲ့ ပြန်ဆုတ်လာခဲ့တာ။ ဂိတ်အထဲထိဝင်နိုင်တယ်။ အနားကိုကပ်ပြီး လက်နက်ကြီးနဲ့ပစ်ပြီး အလစ်ဝင်တိုက်တာကို” ဟုပြောသည်။

အဆိုပါတိုက်ပွဲကို ကန့်ဘလူဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)၊ ကန့်ဘလူတပ်ရင်း (၃) နှင့် တပ်ရင်း (၄) တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တစ်ချိန်တည်းမှာပဲ စံပယ်နံ့သာကျေးရွာနှင့် ၁၀မိုင်အကွာတွင်ရှိသည့် ပေကြီးကျေးရွာအနီးရှိ ကွင်း (၉) ခေါ် စစ်ကောင်စီတပ်အထိုင်ချထားသည့် တပ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကွင်း (၉) ဆိုတာ တပ်မတော်ကြံစိုက်ပျိုးရေးတပ်ကပိုင်တာ။ အဲ့မှာတပ်က အထိုင်ချထားတာ။ ရွှေဘို- မြစ်ကြီးနား ကားလမ်းဘေးမှာ ရှိတာ။ ကွင်း ၉ရယ် စံပယ်နံ့သာရွာရယ် တစ်မနက်တည်းမှာပဲ တိုက်ခိုက်မှုလုပ်ခဲ့ကြတာ။ တစ်ချိန်တည်းမှာ” ဟုပြောသည်။

စစ်တပ်အထိုင်ချထားသည့် ဂိတ်နှင့် တပ်စခန်းများအား သွားရောက်တိုက်ခိုက်ပြီးနောက် သုံးနာရီခန့်အကြာတွင် စစ်ကောင်စီတပ်က စံပယ်နံ့သာကျေးရွာရှိ ဒေသခံအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စံပယ်နံ့သာဂိတ်နှင့် ကွင်း (၉) ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ်ကို The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ညကလည်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် အထိုင်ချသည့် စစ်ကောင်စီစခန်းကို ကန့်ဘလူတပ်ရင်း (၂) နှင့်‌ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)များက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သည့်အတွက်ကြောင့် ကိုးတောင်ဘို့ဈေးမှာ မီးလောင်ပျက်စီးခဲ့ကြောင်း ကန့်ဘလူတော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တော့ ဈေးအလယ်ကို ကျသွားတာလေ။ ပြီးတော့ မီးကျည်တွေနဲ့လည်း ပစ်တော့ ဈေးကမီးလောင်တာ။ ထွက်လည်းမငြိမ်းရဲဘူး။ တစ်ညလုံးပစ်ဖောက်နေတော့ ပြည်သူတွေက မငြိမ်းရဲတော့ တစ်ဈေးလုံး ပြာကျသွားတာ” ဟုပြောသည်။

မီးလောင်ပျက်စီးခဲ့သည့် အဆိုပါဈေးမှာ ကိုးတောင်ဘို့ကျေးရွာဘူတာရုံနှင့် ကပ်လျက်တွင် တည်ရှိပြီး စစ်ကောင်စီတပ်အထိုင်ချထားသည့် ကိုးတောင်ဘို့အထိုင်စခန်းကုန်း၏ မြောက်ဘက်တစ်မိုင်အကွာတွင် ရှိကြောင်းသိရသည်။

၂၀၁၇ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၈၆ စုရှိပြီး လူဦးရေ နှစ်သိန်းခုနှစ်သောင်းကျော် နေထိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာငါးရွာမှ နေအိမ် ၁၀၈လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁၅ဦးကို စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သတင်း - Yu San
ဓါတ်ပုံ - Credit

07/02/2023

ငွေ၁၇သိန်း နဲ့ ဖမ်းခံရသူ သတင်းအစအနရှာမရ

feb 6 ရက်နေ့က
ကန့်ဘလူမြို့ အနောက်ထွက် ကန့်ဘလူ သဖန်းဆိပ်ဆည်လမ်းပေါ်တွင် ပျူစောထီးများက ပုံမှန်ပြေးဆွဲလျှက်ရှိသော သုံးဘီးဆိုင်ကယ်တစ်စီးပေါ်မှ ဆီ၇ပုံးကို သိမ်းယူပီး သုံးဘီးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့သိရ။ ဆိုင်ကယ်နှင့်လာသောရွာသားတစ်ဦးကိုဖမ်းဆီးပီး ငွေ၁၇သိန်းကျပ်နှင်အတူ ဆိုင်ကယ်ပါ ဖမ်းဆီးသွားသော်လည်း သတင်းအစအနမရဘဲရှိနေတယ်လို့သိရပါတယ်။အရင်နှစ်ကလည်း ကျွန်းလှပျူစောထီးများမှ ရွားသားတစ်ဦးထံမှ ငွေသိန်းလေးဆယ်ကို သိမ်းယူ လူသတ်အလောင်းဖြောက်ခဲ့သည့် ရာဇဝင်များရှိခဲ့သဖြင့် အားလုံးကပူပန်နေကြပါတယ်။

ကန့်ဘလူ(ချပ်သင်းထွက် စစ်​ကြောင်း)ချပ်သင်းရွာထွက် စခပျူ များ အင်အား ၄၀ ခန့် ​ပေါက်​တောရွာ အ​နောက်သို့ ​ရောက်လာ​နေ​ကြောင်း...
06/02/2023

ကန့်ဘလူ

(ချပ်သင်းထွက် စစ်​ကြောင်း)
ချပ်သင်းရွာထွက် စခပျူ များ အင်အား ၄၀ ခန့် ​ပေါက်​တောရွာ အ​နောက်သို့ ​ရောက်လာ​နေ​ကြောင်း ။

(ချပ်ကြီးထွက်စစ်​ကြောင်း)
စခ ပခများပိတောက်ပင်ရွာမှ ထွက်၍ ကျောက်မဲတောင် ဘက်သို့ ဦးတည်နေ​ကြောင်း သတင်းရ။

ရွာထဲ လက်ကျန်စခ များ ရှိ/မရှိနှင့်စခ မိုင်းများ သတိပြုရမှာဖြစ်ပါတယ်။

SSN
Feb 6 ,8:58AM

ကန့်ဘလူ🔥

ချပ်သင်း ထွက် စခပခများ ပေါက်တောရွာအား မီးစတင်ရှို့နေ​ကြောင်း သတင်းရ

SSN
Feb 6 , 9:27AM

05/02/2023

ချပ်လည်ရွာ ​ကို စခများ မီးရှို့​ခဲ့သည်
ကန့်ဘလူ

ချပ်လည်ရွာထွက် စခများ ပိ​တောက်ပင်ရွာသို့ ဝင်​ရောက်ကာ မီးထပ်ရှို့ခဲ့

🔴🔥ကန့်ကလူ

ကိုးတောင်ဘို့ ခွေးကုန်အနီးနားတဝှိုက်တွင် လယ်တဲများနှင့်ကိုင်းတောများကိုအရပ်ဝတ် လက်နက်ကိုင်စခများ လေးငါးယောက်နေရာခွဲပြီးမီးရှို့နေ(12:00 PM)

Feb 5 , 1:24 PM
📬သတင်းပို့ရန်

05/02/2023
04/02/2023

ကန့်ဘလူနယ်

ချပ်ကြီးတွင် ၄-ရက်တပ်ချနားနေသော ခမရ-၃၆၈နှင့်ပျူစောထီးများက ယခုမနက်အစောပိုင်းက စစ်ကြောင်းထိုးလာကာ ပင့်သာကြီးရွာမှပြည်သူနှစ်ဦး၊ချပ်လည်ရွာမှ ပြည်သူနှစ်ဦး စုစုပေါင်း၄ဦးကို ဖမ်းဆီးခေါ်ဆောင်ထားပြီး ချပ်လည်ရွာတွင်တပ်စွဲနေ။

ချပ်သင်းမှ စကစအဖွဲ့မှလည်း ယနေ့နံက်၇:၀၀ခန့်က အရှေ့ဖက်သို့ စစ်ကြောင်းထိုးထွက်လာပြီး ပုဏ္ဏားကြီးရွာဖက်သို့ လက်နက်ကြီး၊လက်နက်ငယ်မျာဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ပုဏ္ဏားကြီးရွာမှ အသက်၆၀ခန့်ရှိ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရ။

Kawlininfo
SSN
Feb 4 , 10:40PM
📬သတင်းပို့ရန်

03/02/2023

မီးရှို့စရာ ရွာတေကုန်သွားရင် မြို့တေလာမှာဟ

ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်မှ ကျေးရွာများအား စစ်တပ်က နှစ်ရက်ဆက် မီးရှို့နေဇန်နဝါရီ ၃၀ ၊ ၂၀၂၃ မနက် ၉း၀၀ကန့်ဘလူမြို့နယ်မြ...
31/01/2023

ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်မှ ကျေးရွာများအား စစ်တပ်က နှစ်ရက်ဆက် မီးရှို့နေ

ဇန်နဝါရီ ၃၀ ၊ ၂၀၂၃ မနက် ၉း၀၀

ကန့်ဘလူမြို့နယ်မြောက်ခြမ်း ပင့်သာတိုက်နယ်နှင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အရှေ့ခြမ်း ဒေသအား စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်သည် ယနေ့မနက်အစောပိုင်းတွင် တောင်ယာဆိပ်အုပ်စုရွာအား မီးတင်ရှို့နေကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် မနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မနက်ပိုင်းက ကန့်ဘလူမြို့နယ်မှ အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိ ချောင်းကြားရွာအား ဒုတိယအကြိမ်မီးတင်ရှို့ခဲ့ရာ နေအိမ် ၂၃ လုံး နှင့် စပါးကျီ ၁၃ လုံး ပြာကျသွားသည့်အပြင် ရွာထဲတွင် မပြေးနိုင်ပဲ ကျန်ရစ်သည့် အဖွားအိုတဦးထံမှ နားကပ်တရံပါ ချွတ်ယူသွားကြောင်း သိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ အင်အား ၁၀၀ ကျော်ပါသည့် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၆၈ နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းမှ ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်အစပ်အား စစ်ကြောင်းထိုးဝင်ရောက်နေသည်မှာ ၂၅ ရက်ကြာမြင့်နေပြီဖြစ်သည်။

အဆိုပါရက်များအတွင်း ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်တို့မှ ပင့်သာ၊မကျီးကုန်း၊တောင်ယာဆိပ်၊မြင်သာဦး၊သရက်တော၊ပလူသာ၊ညောင်ကုန်း၊တကုန်း၊ကုက္ကိကုန်း၊သံပရာပင်စု၊ချောင်းကြား ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ(Infinity Group)-ကျွန်းလှမြို့နယ် တောင်ယာဆိပ်အုပ်စုရွာအား စစ်တပ်က မီးရှို့နေစဥ္

31/01/2023

ပျူစောထီထဲဝင်ရင် တို့ရွာကို စစ်တပ်ကမီးမရှို့လောက်ဘူးလို့တွေးနေသူများကြည့်ရန်
၂၉.၁.၂၀၂၃

ကန့်ဘလူစကစနှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသောပျူစောထီးများ၏ ချောင်းကြားရွာမီးရှို့မှုတွင် နေအိမ်(၂၆)အိမ်နှင့် စပါးတိုက်(၁၆)လုံး လောင်ကျွမ်းသွားကြောင်း မြေပြင်သတင်းရရှိ ။
၎င်းစစ်ကြောင်းသည် ယခုအခါ မြင်သာဦးသို့ ရောက်ရှိနေကြောင်းသိရ။

31/01/2023

ကန့်ဘလူနယ်

မြင်သာဦးကို မီးရှို့ထွက်လာသော စကစအင်အား(၁၅၀)ခန့် ချပ်ကြီးဖက်သို့ ဦးတည်နေ ပြောင်ဒိုးနားသို့ရောက်ရှိနေကြောင်း သိရ။

Kawlin info
SSN
Jan 30 , 11:45AM
📬သတင်းပို့ရန်


ကျွန်းလှ

ကျွန်းလှမြို့နယ် တောင်ယာဆိပ်အုပ်စုတွင်စကစတပ်သားများနှင့်ပျုစောထီးများဇန်နဝါရီ30ရက်နေ့မနက်7:30မှစတင်ကာမီးရှို့ဖျက်စီးခဲ့ပြီးအုပ်စုအတွင်းမှ တောင်ယာဆိပ် ရွာ
သရက်တော အောင်ရန်ကင်း မြင်သာဦး ၄ ရွာပေါင်းပြည်သူပိုင်နေအိမ် ၁၂၈ မီးရှို့ဖျက်စီးခဲ့ပြီး
ကားတစ်စီးနှင့်စပါးတိုက်အလုံး၃၀မီးလောင်ပျက်စီးခဲ့သည်။

MP KH
Jan30 1:55 pm
📫သတင်းပို့ရန်

29/01/2023

ကန့်ဘလူ

ကန့်ဘလူ နယ် ​ချောင်းကြားရွာကို စခ ပခ များ မီးရှို့​နေ​ကြောင်း သတင်းရ

SSN
Jan 29 , 9:04AM

ကန့်ဘလူ

ချပ်သင်းမှစခများ စမ်းမြောင်ဖက်သို့ထွက်လာကာ တောထဲ တဲတိုက်နှစ်လုံးကို မီးရှို့ကာ ခွေးခြံရှိရာ ပြန်ဝင်သွား။

SSN
Jan 29 , 10:02

ကန့်ဘလူ

ကျွန်းလှမှပျူခွေးများတောင်ရာစိတ်ဘက်သ်ို့
လက်နက်ကြီးပစ်ခတ်နေကြောင်းသိရ

SSN
Jan29,11:04AM

ကောလင်း

ကောလင်းအရှေ့ခြမ်း⬇️

ကုက္ကိုကုန်းရွာ ဝင်စီးခဲ့တဲ့ သဲချောင်းက စခအဖွဲ့ မဟာဗျူဟာလမ်းအတိုင်း မြောက်ဘက်ကို ယွန်းနေ။7:00AM
Edit-ကောလင်းမြို့နယ်ကထွက်တဲ့ ဝက်ကား ၊စပါးကားတွေကို ကန့်ဘလူနယ် ပေကြီးဂိတ်ကနေဆီးဖမ်းနေဟုသိရ။ရဲစခန်းထောက်ခံစာပါရင်တော့ ဖြတ်သန်းခွင့်ပြုတယ်လို့သိရ။ရဲစခန်းထောက်ခံစာ လုပ်ဖို့ ၁၀၀၀၀ကျပ်ပေးဆောင်ရဟုသိရ။

Update
သဲချောင်းကထွက်တဲ့ စခ အဖွဲ့ဟာမဟာဗျူဟာလမ်းဘေး သစ်ဖုလှတောင်နားရောက်ရှိ။

Kawlininfo
SSN
Jan 29 , 8:00AM

ရွှေဘို

ရွှေဘိုထောင်ကြီးထဲမှထောင်သား50.ခန့်ကို လေ့ကျင့်ရေး8.သေနက်ပစ်ကွင်းတွင်သေနက်ပစ်တွေသင်ပေးနေကြောင်းသိရ

SSN
Jan29,11:23AM
📪သတင်းပို့ရန်

 ုံးပြုသူများအနေဖြင့်  ှင့်_Subscribed_လုပ်ထားသင့်သော  ျားအား_စုစည်းတင်ပြသည် #လူပုဂ္ဂိုလ်များNway Oo Che (@@)https://t.m...
28/01/2023

ုံးပြုသူများအနေဖြင့် ှင့်_Subscribed_လုပ်ထားသင့်သော ျားအား_စုစည်းတင်ပြသည်

#လူပုဂ္ဂိုလ်များ

Nway Oo Che (@@)
https://t.me/nwayooche

Mratt Kyaw Thu (Mratt's Channel)
https://t.me/mrattkyawthu

Pencilo's Channel (ပန်ဆယ်လို)
https://t.me/pencilochannel

အေအန်န်အမ်မ်တီ (အာနိုးမျိုးတင့်)
https://t.me/ANMTarnoldmyotint

Hein Zaw Nyo
https://t.me/hznyo

Shwe Moe (မရွှေမိုး-ကိုရီးယား)
https://t.me/mashwemoe

Nurhad (မုဆိုး)
https://t.me/Nurhad7

ကိုထင် (ခ) လင်းမြတ်
https://t.me/KoKo_HtinHtin

Ye Thar
https://t.me/yethar63

ဟိဏ်းဝေယံ_Hein Wai Yan
https://t.me/heinwaiyan22222
____

#မြေပြင်ထောက်ပို့အဖွဲ့

ANTS - ပုရွက်ဆိတ်များ
https://t.me/ANTSforPeople

To Comrades - ရဲဘော်များသို့
https://t.me/tocomrades

----

#သတင်းမီဒီယာများ

Khit Thit Media
https://t.me/khitthitnews

The Irrawaddy - Burmese
https://t.me/theirrawaddy

PVTV Myanmar
https://t.me/pvtvmyanmar

MeKong News - မဲခေါင်သတင်း
https://t.me/mekongnewsmm

စံတော်ချိန် (The Standard Time Daily)
https://t.me/sdtimedaily

AYEYAWADY Revolution News
https://t.me/ayarevolutionnews

Zalen
https://t.me/zalenmedia

Ayeyarwaddy Times
https://t.me/ayeyarwaddytimes

MSI - MYANMAR SECRET INFORMATION
https://t.me/msi22222

Tachileik News Agency
https://t.me/TachileikNewsAgency

Chindwin Reflexion (ချင်းတွင်းပုံရိပ်)
https://t.me/Chindwinreflexion

Hlaing Info
https://t.me/infohlaing

Voice Of Mandalay(Vomdy)
https://t.me/pyfeh

Hlaing Information
https://t.me/hlainginformation

CJ Platform
https://t.me/cjplatform

FNCCBurma
https://t.me/fnccburma

Blood Money - သွေးစွန်းငွေ
https://t.me/BloodMoneyMM

___

#မြေပြင်သတင်းမီဒီယာ

Z Fighter
https://t.me/zfighternews

Rangoon Scout Network - RSN
https://t.me/rangoonscoutnetwork

MDY Revolution
https://t.me/MDYRevolution1

BAHAN Scout & News Channel
https://t.me/Bahan_SNC

Sanchaung Scout Channel
https://t.me/SanchaungScoutChannel

MGTN Spring News and Scout Channel (မင်္ဂလာတောင်ညွှန့်)
https://t.me/MGTN_Spring_and_Scout_News

PAZUNDAUNG Tsp [Scout & News]
https://t.me/PAZUNDAUNG_Tsp_Scout

Mayangone News
https://t.me/Mayangone_News

Kamayut Scout Channel
https://t.me/kmyygn

LATHA/LANMADAW Scout Channel
https://t.me/LT_LMD_Scout_Channel

North Dagon & East Dagon News
https://t.me/Endgnews

NOK Information & Scout Echo (North Okkala)
https://t.me/NOISEchannel11031

SouthOkkala Area Channel
https://t.me/SouthOkkala_Channel

INsein Scout Channel
https://t.me/insein_scout_channel

Tamwe Nway Oo Channel
https://t.me/tmnogroup

Botahtaung Scout Channel
https://t.me/BTH_SC

YGN - R7 Scout
https://t.me/YGN_R7_Scout

No Name
https://t.me/No_Name_Myanmar

ZeeGwat
https://t.me/ZeeGwatnews

Forward Channel (RANGOON)
https://t.me/Forwardchannelrangoon

Dagon Seikkan News
https://t.me/Dagon_Seikkan_Scout_and_News

South Dagon Scout Channel (SDS)
https://t.me/SouthDagonScout

EAR Box
https://t.me/earchbox

___

#လေကြောင်းသတင်းပေးပို့ရန်

Enemy Air Route Channel (လေကြောင်းသတင်းများကို အချိန်နှင့် တပြေးညီ တင်ပေးနေပါသည်)
https://t.me/enemyairroute

လျို့ဝှက်သတင်းများပို့ရန် -

Mail - [email protected]

___

ျား

Click2donate (CLICK2DONATE v 2.0)
https://t.me/click2donate2

Click4Freedom
https://t.me/clickforfreedom

Click for Revolution
https://t.me/clickforrevolution

Click4Kachin N Donate
https://t.me/Click4kachin

Click 4 Twantay
https://t.me/pdftwantay

Click 4 KawHmu
https://t.me/kawhmupdf

Click 4 Kwan Chan Kone
https://t.me/kwanchankonepdf

ကဗျာဖတ်ရင်းလှူ
https://t.me/K2b4Px

ခဲပန်းချီယူ ရဲဘော်ကူ
https://t.me/Newsinfomation

ထို Telegram Channel များဟာ ကျွန်တော် Join ပြီး နေ့စဥ်ဖတ်ရှုနေသော Channel များဖြစ်၍ ကောင်းခြင်းဆိုးခြင်း၊ သတင်းမှန်ခြင်းမမှန်ခြင်းကတော့ စာဖတ်သူတို့ရဲ့ အတွေးအခေါ်အမြော်အမြင်နဲ့သာ တိုက်ရိုက်သက်ဆိုင်ပါသည်။ ကျွန်တော်ကတော့ မျှဝေပေးရုံသက်သက်သာဖြစ်သည်။

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/4675

©®

You can view and join right away.

27/01/2023

မင်းအောင်လှိုင်က ရေဒီယိုနှင့်ရုပ်သံလိုင်းများအားလုံးတွင် သီတဂူ၏ အပြင် အောင် ခြင်းရှစ်ပါး၊ အတွင်း အောင်ခြင်း ရှစ်ပါး တရားကို ယတြာအဖြစ် ထုတ် လွှင့်ခိုင်း၊ တစ်နိုင်ငံလုံးရှိ ဌာနရုံး များနှင့်တပ်ရင်းတပ်ဖွဲ့များတွင်လည်း အောင် ခြင်း ရှစ်ပါး ဘုရားရှိခိုး နှင့်ဂါထာ ရွတ်ခိုင်း၍ ယနေ့ ရွတ်နေကြရ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

အကြမ်းဖက် မင်းအောင်လှိုင်က ရေဒီယိုနှင့်ရုပ်သံလိုင်းများအားလုံးတွင် သီတဂူ ၏ အပြင်အောင်ခြင်းရှစ်ပါး၊ အတွင်းအောင်ခြင်း ရှစ်ပါး တရားကို ယတြာ အဖြစ် ထုတ်လွှင့်ခိုင်းပြီး ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှစတင်၍ ရုပ်သံလိုင်းအားလုံး၊ ရေဒီယို လိုင်းအားလုံးတွင် တစ်နေ့လျှင် ၃ ကြိမ် စတင် ထုတ်လွှင့်နေကြောင်း စစ်တပ် သတင်းရင်းမြစ်က ပြောသည်။

ပုံမှန်အားဖြင့် စစ်ကောင်စီလက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြ၀တီ ရုပ်သံလိုင်းများနှင့် ရေဒီယိုလိုင်းများတွင် နိုင်ငံတော် သီချင်း ထုတ် လွှင့်ပြီးပါက ပရိတ်ကြိး ၁၁ သုတ် ထုတ်လွှင့်လေ့ရှိကြောင်း၊ သို့ရာတွင် ဇန်နဝါရီ လ ၂၇ ရက်နေ့မှစတင်၍ ပုံမှန် ထုတ်လွှင့်နေကြ ပရိတ်ကြီး ၁၁ သုတ် နေရာ တွင် သီတဂူ ဟောပြောသည့် အပြင်အောင်ခြင်းရှစ် ပါး ၊ အတွင်း အောင်ခြင်း ရှစ်ပါး တရားကို ထုတ်လွှင့်ခိုင်းကြောင်း သိရှိရသည်။

"စစ်တပ်ရဲ့ မြဝတီရုပ်သံဌာနချုပ်ကနေ မြန်မာ့အသံကိုညွှန်ကြားစာပို့ပြီး မြန်မာ့ အသံရဲ့ထုတ်လွှင့်မှုတွေမှာ နိုင်ငံတော်သီချင်းထုတ်လွှင့်ပြီးရင် ပရိတ်ကြီး ၁၁ သုတ် ထုတ်လွှင့်တာကို ပရိတ်ကြီး ၁၁ သုတ် မလွှင့်ခိုင်းတော့ဘဲ သီတဂူ ဟော တဲ့ အောင်ခြင်းရှစ်ပါးကိုထုတ်လွှင့်ရမယ်လို့ အမိန့်လှမ်းပေးတယ်။ အဲဒါ အပြင် မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား ရုံးမှာလည်း အဲဒီ သီတဂူဟောတဲ့ အောင်ခြင်း ရှစ်ပါး တရားကို နေ့တိုင်း နာရမယ်လို့ အမိန့်ထုတ်ပါတယ်" ဟု ပြန်ကြားရေး အရာရှိ တစ်ဦးက ပြောသည်။

လက်ရှိတွင် သီတဂူဟောသည့် အောင်ခြင်းရှစ်ပါး တရားကို စစ်ကောင်စီ၏ ရုပ် သံလိုင်းများတွင် နံနက် ၆ နာရီ ၃၀ မိနစ်တွင်တ စ်ကြိမ်၊ နံနက် ၁၁ နာရီ ၅၀ မိနစ် တွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထုတ်လွှင့်နေ ကြောင်း သိရှိရသည်။

ထို့ပြင် ဝန်ကြီးဌာနရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင်လည်း သီတဂူ ဟောကြား သည့် အောင်ခြင်းရှစ်ပါး တရားအပြင် အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး၊ ဂါထာများ ကိုလည်း ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ရွတ်ဖတ် ပူဖော်ရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

"သီတဂူကပေးတဲ့ ယတြာလို့ပြောတယ်။ ဗုဒ္ဓရဲ့ အပြင် အောင်ခြင်း ရှစ်ပါး၊ အတွင်း အောင်ခြင်းရှစ်ပါး ကို ပူဇော်ရင် ရန်အားလုံးကို အောင်မယ်။ အတွင်း အပြင် ရန်စွယ် အန္တရာယ်အားလုံးကို အောင်မယ်လို့ ယတြာပေးတယ်လို့ သိရ တယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တစ်ခုကလည်း ဇန်နဝါရီလ ၂၇ ရက်နေ့ ဌာန ဆိုင်ရာရုံးများ၊ တိုင်းဒေသကြီးရုံးများ၊ မြို့နယ်ရုံးများတွင် ယနေ့ ဝန်ထမ်း များ စုပေါင်းပြီး အပြင်အောင်ခြင်း ၈ ပါး အတွင်းအောင်ခြင်း ၈ ပါး ဂါထာနှင့် ဘုရား ရှိခိုးများ စုပေါင်း ရွတ်ဖတ် နေရသည်ဟု သိရှိရသည်။

27/01/2023

ကန့်ဘလူ

ချပ်သင်းခွေးခြံမှ ခွေးတွေ ဆူးထောက်ကန်နားမှာ လို့သတင်းရ

SSN
Jan.27,8:28AM

မနေ့ညကချပ်ကုန်းရွာကိုညဝပ်ခဲ့သောစခများချပ်ကုန်းမှယောကုန်းရွာကို 7:50အချိန်တွင်စတင်ဝင်ရောက်နေကြောင်းသိရ။

SSN
Jan 27 , 7:50AM
📪သတင်းပို့ရန်

26/01/2023

ကန့်ဘလူ

ကိုးတောင်ဘို့မှထွက်လာသောစခများ
ယခုချပ်ကုန်းသို့ဝင်နေဟုသိရ အင်အား၇၀ခန့်ရှိဟုသိရ

SSN
Jan 26 , 9:11AM
📪သတင်းပို့ရန်


ကျွန်းလှ

ကျွန်းလှနယ်ကံပေါက်မှထွက်လာသောစခများသရက်တောတွင်ညဝပ်ပြီး ကုက္ကိုကုန်းရွာကိုပစ်ဝင် ဝင်နေဟုသိရ

SSN
Jan 26 , 8:18AM
📬သတင်းပို့ရန်

Mission ရှိလို့ ရွာထဲကနေ ဘယ်နေ့ဘယ်ရက်အတွင်းရွာထဲကနေ ထွက်ပီးတိမ်းရှောင်ကြဖို့ PDF က ထုတ်ပြန်တယ်။ ပြည်သူတွေကို မထိခိုက်စေခ...
25/01/2023

Mission ရှိလို့ ရွာထဲကနေ ဘယ်နေ့ဘယ်ရက်အတွင်းရွာထဲကနေ ထွက်ပီးတိမ်းရှောင်ကြဖို့ PDF က ထုတ်ပြန်တယ်။ ပြည်သူတွေကို မထိခိုက်စေချင်လို့ ထုတ်ပြန်တာကို နားမလည်ကြဘူး။ ဒါကိုစစ်ကောင်စီရဲ့ ခွေးတွေက မထွက်နဲ့ ထွက်ရင် ခင်ဗျားတို့ရွာပျက်လိမ့်မယ်လို့ ပြောလို့ မထွက်ကြဘူးတဲ့။ ခုရွာထဲမှာ ရေနဲ့ထမင်းဖြစ်နေကြပီ။ တကယ့်တကယ်တမ်းပစ်ကြခတ်ကြပြီဆို စခတွေက ပြည်သူသော ဘာသောကြည့်ကြတာမဟုတ်။ ပြည်သူတွေကိုထိခိုက်မှာ မလိုချင်တဲ့ PDFတေအကြောင်းကောင်းကောင်းသိတဲ့ စခတွေဟာ အနုနည်းနဲ့ ရွာသူရွာသားတွေကို အနုနည်းနဲ့ လူသားတံတိုင်းလုပ်လိုက်တာပါပဲ။ ဆင်ခြင်သုံးသပ်တတ်ဖို့လိုပါပြီ ရွာသူရွာသားအပေါင်းတို့။ ရွာနာမည်က ကိုးတောင်ဘို့တဲ့။

23/01/2023

ကန့်ဘလူမြို့နယ် အင်းမရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ်မီးတင်ရှို့ခဲ့ရာ အိမ်​ခြေ ၁၅ လုံးပြာကျ

ဇန်နဝါရီ ၂၂ ၊ ၂၀၂၃ ည​ ၉း၂၀

ကန့်ဘလူမြို့နယ်​​မြောက်ခြမ်း ပင့်သာတိုက်နယ်အတွင်းရှိ အိမ်​ခြေ ၃၀၀ ​ကျော်ရှိ​သော အင်းမရွာကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ နှင့် ၂၂ ရက်​နေ့တို့တွင် ၂ ရက်ဆက် မီးတင်ရှို့ခဲ့ခြင်း​ကြောင့် ​နေအိမ် ၁၅ လုံး ပြာကျသွားကာ အိမ်​မွေးတရိစ္ဆာန်အချို့ ​ ထိခိုက်သေဆုံးခဲ့​ကြောင်း သိရသည်။

အင်းမ​ကျေးရွာသည် အကြမ်းဖက်စစ်​ကောင်စီတပ်၏ ဒုတိယအကြိမ်​မြောက် မီးရှို့ခံရခြင်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်​နေ့ ပထမအကြိမ်မီးရှို့ခံခဲ့ရစဥ်ကလည်း ​နေအိမ် ၈၀ ပြာကျခဲ့​ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်​မြောက်ခြမ်းအား ဇန်နဝါရီလ ၆ ရက်​နေ့မှစတင်ကာ အကြမ်းဖက်စစ်​ကောင်စီ၏ ခမရ ၃၆၈ နှင့် ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းမှ ၁၇ ရက်ကြာ စစ်​ကြောင်းထိုးဝင်​ရောက်​နေစဥ်အတွင်း အင်းမ​ကျေးရွာအား မီးရှို့ခဲ့ခြင်းဖြစ်သည်။

23/01/2023

ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့မှ ကန့်ဘလူမြို့နယ်တွင် အခွန်​ငွေစတင်​ကောက်ခံတော့မှာဖြစ်​ကြောင်း ​ကြေညာချက်ထုတ်ပြန်

ဇန်နဝါရီ ၂၂ ၊ ၂၀၂၃ မနက် ၁၁း၀၀

ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ (ကန့်ဘလူမြို့နယ်)မှ ကန့်ဘလူမြို့နယ်အတွင်းရှိ စီးပွား​ရေးလုပ်ငန်းအရပ်ရပ်တို့အ​ပေါ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်​နေ့မှ စတင်ကာ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) စီမံကိန်း၊ဘဏ္ဍာ​ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုများအတိုင်း အခွန်​ငွေများကို စနစ်တကျ​ကောက်ခံသွားမည်ဖြစ်​ကြောင်း ​ကြေညာချက်ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် ယ​နေ့ရက်စွဲဖြင့် ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့မှ ကြေညာချက်အမှတ်(၂/၂၀၂၃)ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်​နေ့တွင် ပြည်​ထောင်စုလွှတ်​တော် ဥပ​ဒေအမှတ်(၆) ပြည်​ထောင်စု၏ အခွန်​ကောက်ဥပ​ဒေအရ စီးပွား​ရေးလုပ်ငန်းရှင်များထံမှ အခွန်​​ကောက်ခံ​တော့မည်ဖြစ်​ကြောင်း ​အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)မှ ကြေညာခဲ့ပြီးလည်း ဖြစ်​သည်။

ထို့အပြင် ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့အ​နေဖြင့် ရရှိလာ​သော အခွန်ဘဏ္ဍာ​ငွေများအား အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) စီမံကိန်း၊ဘဏ္ဍာ​ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ချမှတ်ထားသည့်မူဝါဒများအတိုင်း မြို့နယ်အတွက်အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်​ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယခုအခါ ပြည်သူ့အုပ်ချုပ်​ရေးယန္တယားလည်ပတ်​နေ​သော စိုးမိုးနယ်​မြေများတွင် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၏ လမ်းညွှန်မှုများနှင့်အညီ မြို့နယ်ပြည်သူ့အုပ်​ချုပ်​ရေးအဖွဲ့ (ပအဖ)များမှ ဦး​ဆောင်ကာ အခွန်​​ငွေများ​ကောက်ခံကာ စနစ်တကျစီမံခန့်ခွဲလျက်ရှိ​ကြောင်း သိရသည်။

23/01/2023

"အမျိုး ဘာသာ သာသနာအတွက် ဆိုပြီး မဲဆွယ်နေသူဆိုလျှင် ဒီသမိုင်းကို သိလား"

သင်သာ အမျိုးဘာသာအတွက် မဲဆွယ်နေသူဆိုရင်တော့ မစိုးရိမ်ကျောင်းတိုက်၊ မြတောင်ကျောင်းတိုက် ၊ မိုး ကောင်းကျောင်းတိုက် တို့မှာသံဃာတော်တွေကို ဖမ်းဆီးခဲ့ကြတဲ့ တချိန်က (မ၊ မြ ၊မိုး)ဆိုတဲ့ စစ်ဆင်ရေးကို သ တိရစေချင်ပါတယ်။

သာမန် ရဟန်းသံဃာ မဆိုထားနဲ့ မန္တ‌လေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ကြီးရဲ့ သမိုင်းမှာ နေ,တဆူ လ,တဆူလို ထင်ရှားကျော်ကြားတဲ့ မစိုးရိမ်တိုက်သစ်ကြီးရဲ့ နာယကဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ၊ မန္တလေး မစိုးရိမ်တိုက်ဟောင်း ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ၊ ပိဋ ကတ် သုံးပုံ ရေးဖြေ၊ အာဂုံဆောင် တိပိဋက ဆရာတော်တပါး ဖြစ်တဲ့ ဦးသုမင်္ဂလာလင်္ကာရ (မဟာဂန္ဓာရုံကျောင်း တိုက် ရန်ကုန်)

စတဲ့ စတဲ့ ဆရာတော်တွေ ဘုရားသားတော် ဘဝကနေ ဇွတ်အတင်း သင်္ကန်းဆွဲချွတ်လူဝတ်လဲခံခဲ့ရပြီး ထောင်နန်းစံခဲ့ရတာကို မမေ့စေချင်သေးပါဘူး။

ပြီးတော့ ဆရာတော် သံဃာတာ် (၄၂) ပါးကို အတင်း အဓမ္မ ရိုက်ပုတ်ကာ လူဝတ်လဲစေပြီး ထောင်ချရုံမက ရဲဘက်မှာအပို့ခံခဲ့ရတာကိုလည်း မှတ်မိနေသူတွေက တော့ မှတ်မိနေဆဲပါ။

အရမ်းအေး အရမ်းချမ်းလွန်းတဲ့ ကချင်ပြည်နယ်ကြိမ်ခရန်ခ ရဲဘက်စခန်းတွေမှာ လူမဆန်စွာ ခိုင်းစေမှု့နဲ့ ညှဉ်းပန်းနှိက်စက်မှု့တွေကြောင့်မန္တလေးက ခင်မကန်တိုက် ဆရာတော် ဦးဓမ္မအပါအဝင် ဆရာတော် သံဃာတော် (၁၂) ပါး ပျံလွန်တော်မူခဲ့ကြတာဟာလည်း စစ်အစိုးရ လက်ထက် လုပ်ရပ်တွေကြောင့်ပါပဲ။

နယ်ချဲ့ အင်္ဂလိပ်ဆိုတဲ့ ဘာသာမတူတဲ့ သူတွေ အုပ်ချုပ်စဉ် ဆရာတော် ဦးဝိစာရတို့ အဖမ်းခံရစဉ်မှာတောင် သက်န်း မချွတ်ခဲ့ရပေမယ့် ဘာသာတူတဲ့ လူမျိုးတူတဲ့ သူတွေ ကြီးစိုးတဲ့ စစ်အစိုးရလက်ထက်မှာ မစိုးရိမ်တိုက်ဟောင်း တိုက်သစ် ဆရာတော်တွေရော၊ တိပိဋကဆရာတော်ပါ အားလုံး သင်္ကန်း ချွတ်ခံခဲ့ရတယ်။

တိပိဋကဆရာတော်တစ်ပါး ပေါ်ထွန်းလာဖို့ ဘယ် လောက် ခက်ခဲတယ် ။ ဘယ်လို တန်ဖိုးထားရမယ် ဆိုတာ သူတို့ မသိခဲ့ကြဘူး။ သိနေလည်း အာဏာ တည်မြဲရေးအတွက် သူတို့ လုပ်ခဲ့တယ်။

အပြစ်ရှိသူတွေလို သတ်မှတ်ပြီး အလုပ်ကြမ်းလုပ်စေဖို့ ရဲဘက်ပို့ခဲ့တယ်။ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော်တွေ ပျံလွန်တော်မူ ခဲ့ရတယ်။

ဒါဟာ.
အမျိုးဘာသာ သာသနာကို
စောင့်ရှောက်မှု့တွေလား...?

အဲလို လုပ်ခဲ့တဲ့ အသွင်ပြောင်းလူတွေကို အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးတဲ့ သူတွေ ဆိုပြီး မဲဆွယ်ပေးရမှာလား..? စစ်အစိုးရရဲ့ အမွေကို ဆက်ခံသူတွေမှန်းအားလုံး သိပြီးသားပါ။

ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့ကို ဒီနေရာမှာ ထားခဲ့မယ်။ငါတို့ကို ကာကွယ်ပေး ဆိုပြီးမှနေရာပေး ထားခဲ့တဲ့သူတွေ။

တကယ်တော့ တရုတ်ကြီး အတွက် လယ်တီသိမ် ကြီး ဖြိုချခဲ့တာတွေ၊ လက်ပန်းတောင်း တောင်မှာ သံဃာတွေကို မီးလောင်ဒဏ်ရာတွေ ရရှိအောင် လုပ်ခဲ့ကြသေးတာပဲ။

ပြီးတော့ရွှေဝါရောင် သံဃာတွေကို သွေးမြေကျအောင် ရိုက်နှက်ခဲ့တာ‌တွေနဲ့ ဖမ်းဆီးထောင်ချ နှိပ်စက်ခဲ့တာတွေကလည်း စစ်အစိုးရရဲ့ အသွင်ပြောင်းတွေဆိုတာ မေ့မထားကြပါနဲ့။

မဂ္ဂင်ကျောင်းတိုက်၊ ငွေကြာယံ ကျောင်းတိုက်ကြီးတွေကို သူပုန်စခန်း ဝင်စီးသလို ဝင်စီးပြီး စာသင်သား သံဃာတွေကို ရိုက်နှက်ခဲ့တာလည်း မကြာသေးပါဘူး။

ခုတော့ ဒီလိုတွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကိုမျက်ကွယ်ပြုပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်သလို တိုးတက်အောင် လုပ်ပေးနိုင်သလို မဲဆွယ်နေကြတော့

ဒီလို မဲဆွယ်နေသူတွေဟာအရှက်မရှိလို့လား...?
စာတွေမဖတ် ဗဟုသုတ မရှိလို့လား..? ဆိုပြီး မေးလိုက်ချင်ပါတယ်။



Credit

ကန့်ဘလူမှာ စစ်ပြေးပြည်သူတစ်ဦး စစ်ကြောင်း ထပ်လာတယ် ကြားပြီးနောက် ကိုယ့်ကိုကိုယ် အဆုံးစီရင်၊သေဆုံးသူ အမျိုးသားဟာ စစ်အုပ်စု...
22/01/2023

ကန့်ဘလူမှာ စစ်ပြေးပြည်သူတစ်ဦး စစ်ကြောင်း ထပ်လာတယ် ကြားပြီးနောက် ကိုယ့်ကိုကိုယ် အဆုံးစီရင်၊
သေဆုံးသူ အမျိုးသားဟာ စစ်အုပ်စုရဲ့ လူသားဒိုင်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာကာ ကျန်းမာရေး ချို့တဲ့နေသူဖြစ်၊

MFP ၊ ဇန်နဝါရီ - ၂၂

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပင့်သာကျေးရွာက စစ်ပြေးနေရတဲ့ အသက်(၄၀)ကျော်အရွယ် အမျိုးသားတစ်ဦး ပြီးခဲ့တဲ့ ရက်ပိုင်းက သူတို့ရွာဘက် စစ်ကြောင်း ထပ်တိုးလာတယ်ဆိုတဲ့ သတင်းကြားပြီးနောက် ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က MFP ကို ပြောပါတယ်။

ဇန်နဝါရီ(၉)ရက်က ကန့်ဘလူမြို့နယ်၊ ပင့်သာကျေးရွာအပြင်ဘက် စစ်ရှောင်တဲအနီးက သစ်ပင်မှာ စစ်ပြေးပြည်သူ အသက်(၄၈)နှစ်အရွယ် ကိုစန်းဦး ကိုယ့်ကိုကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။

“ရွာအပြင်မှာ စစ်ရှောင်တဲမှာ ဆုံးတာဗျ။ စစ်ကြောင်း ထပ်ထိုးလာတယ်လို့ ကြားပြီးတော့ နောက်နေ့မနက်မှာ အဆုံးစီရင်သွားတာ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က MFP ကို ပြောပါတယ်။

ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့ ကိုစန်းဦး ဟာ ယခင်က စစ်အုပ်စုရဲ့ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်တာ ခံခဲ့ရဖူးပြီး ထွက်ပြေးလွတ်မြောက်လာခဲ့သူ ဖြစ်ကြောင်းနှင့် စစ်အုပ်စုလက်က ထွက်ပြေး လွတ်မြောက်လာစဉ် ကလည်း ညှဉ်းပန်း နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ကျန်းမာရေး ချို့တဲ့နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျွန်းလှမြို့နယ်၊ ကြာတကန်နှင့် ထန်းပင်ကုန်းရွာတွေထဲ ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စု ကန့်ဘလူနယ် ပင့်သာတိုက်နယ်ဘက် စစ်ကြောင်းထိုးလာကြောင်း သတင်းကြားပြီးနောက် ဇန်နဝါရီ(၉)ရက် မနက်ပိုင်းမှာ အဆုံးစီရင်သွားတာ ဖြစ်ပြီး ကွယ်လွန်သူမှာ ဇနီးသည် ရှိပေမယ့် သားသမီး ရှိ၊မရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ကန့်ဘလူနယ်ထဲ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်နေပေမယ့် အခုလိုမျိုး ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ ဖြစ်စဉ် ယခင်က မဖြစ်ဖူးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၃၆၈ နှင့် ပျူတွေ ပူးပေါင်းထားတဲ့ အင်အား(၁၅၀)ခန့်ဟာ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်၊ အင်းမရွာကို နှစ်ရက်ဆက် စီးနင်းဝင်မွှေ လုယက်ခိုးယူကာ မီးရှို့ဖျက်ဆီးနေပြီး ပြည်သူတွေ ထွက်ပြေးနေရတာကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

စစ်အုပ်စုဟာ ရွာတွေကို မီးမရှို့ခင် ကျွဲ၊နွားနှင့် တန်ဘိုးကြီးပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ လုယက်ကာ ပျူစခန်းနှင့် စစ်စခန်းတွေထဲ သယ်ယူတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်ထဲ လက်နက်အားကိုးနဲ့ ထင်တိုက်းကျဲ အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ တစ်လတာအတွင်း ကန့်ဘလူမြို့နယ် ကျေးရွာ(၉)ရွာက နေအိမ်(၂၃၃)လုံးကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ကာ ကန့်ဘလူမြို့နယ် ဇီးပင်သာရွာက ဆဋ္ဌမတန်းကျောင်းသား တစ်ဦး အပါအဝင် ဒေသခံပြည်သူ လေးဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။

#မန္တလေး #စစ်ကိုင်း #အညာ #ကန့်ဘလူ #ပင့်သာ

Address

Kanbalu

Website

Alerts

Be the first to know and let us send you an email when What happened in Kanbalu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share