Kyawthu

Kyawthu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyawthu, Gaming Video Creator, .

ပုသိမ်ပုစွန်ငပိ ငံ‌ေြခာက်ရပါပီ
21/02/2022

ပုသိမ်ပုစွန်ငပိ ငံ‌ေြခာက်ရပါပီ

🙏🙏🙏
14/07/2021

🙏🙏🙏

ကြက်မ လောက်မှ အသိ'မရှိတဲ့
လူတွေ မဖြစ်ပါစေနဲ့
=============

ဘဲမ တွေက ဥပဲဥကြတာ
အကောင်ပေါက်အောင်တော့
မဝပ်ကြဘူး။

ဓာတ်နဲ့ဖောက်တဲ့ စက်တွေ
မပေါ်ခင် ကာလတုန်းက
ဘဲအကောင်ပေါက်လေးတွေရဖို့ ဆိုရင်
ကြက်မ ဥဝပ်တဲ့အချိန်
အဲ့ဒီ ဘဲဥလေးတွေ
ထည့်ထားပေးရတာ။

ကြက်မက
သူ့ဥတွေနဲ့အတူ ဝပ်ပေးရင်း
ကြက်သားပေါက်လေးတွေ
အကောင်ပေါက်ချိန်ရောက်တဲ့အခါ
ဘဲလေးတွေပါ
အကောင်ပေါက်လာကြတာပေါ့...

ဒါပေမယ့် ထူးဆန်းတာက
မြွေဥကို ထည့်ပေးတဲ့အခါကျ
ကြက်မက ဖယ်ထုတ်ပစ်တော့တာပဲ။

ကြက်မတွေက မြွေဥကို
ဘယ်တော့မှ ဝပ်မပေးတတ်ကြဘူး။

အဟိတ်တိရစ္ဆာန်တောင်မှ
မြွေဥကို မြွေဥမှန်း
ခွဲခြားသိတယ်..
ဒီမြွေဥကို ဝပ်ပေးဖို့ငြင်းဆန်
ကန်ထုတ်ခြင်းအမှုကိုလည်း ပြုတယ်။

ထမင်စားကြီးပြီး
အသိဥာဏ်ရှိပါတယ်ဆိုတဲ့
လူတွေက
"အဓမ္မ" ကို "အဓမ္မ" မှန်း
ခွဲခြား မသိတာလား
သိလျက်နဲ့လား မဆိုနိုင်။
ဒီအဓမ္မတရားကို မငြင်းဆန်ဘဲ
မြွေဥဝပ်ပေးသလို
ဝပ်ပေးနေကြတာ။

သင်ထားသမျှ ပညာ၊
သိထားတဲ့အသိတွေ အကုန်
အလကား ဖြစ်တော့တာပဲ။

ဒီအဓမ္မတရားက
အကောင်ပေါက်ပြီး
ရှင်သန်ကြီးပြင်းခွင့်သာ ရလာရင်
မြွေထက် အဆထောင်ချီ
အဆိပ်လည်း ပိုပြင်းမှာ၊
တိုင်းပြည်နဲ့ အနာဂတ်
လူ့အဖွဲ့အစည်းအတွက်
အန္တရာယ်လည်း ပိုပြီး
ကျရောက်စေနိုင်မှာ မလွဲဘူး။

ဒါ့ကြောင့်
"အဓမၼ တရား" ဆိုတဲ့
မြွေဥကို အနွေးဓာတ်ရစေဖို့
ဝပ်ပေးတဲ့ အထဲ
ဘယ်တော့မှ ကိုယ်မပါစေနဲ့ ။
မပါအောင်နေကြ !! ။

@မောင်နန်းဝေ (ဗန်းမော်)
.
, Htinlinn Kyaw.
by Nature Gallery.

14/07/2021

အောင်မြင်ကျော်ကြားတယ်ဆိုတာအကျိုးတရားပါ အကြောင်းတရားကသူတစ်ပါးထက်အပင်ပန်းအ
ဆင်းရဲခံပြီးကြိုးစားခဲ့လို့ပါ။လူတစ်ရာမှာအောင်မြင်ကျော်
ကြားသူကတစ်ယောက်လောက်ပဲရှိပါတယ်။ကျန်99ယောက်
ကကျရှုံးသူတွေပါ
ဘာ့ကြောင့်လဲဆိုရင်လူတစ်ရာမှာတစ်ယောက်လောက်ပဲ
အောင်မြင်သူရဲ့အကြောင်းတရားကိုမြင်အောင်ကြည့်ပြီး
နှစ်အကြာကြီးကြိုးစားခြင်း
အစွမ်းကုန်ကြိုးစားခြင်း
မပြတ်ကြိုးစားခြင်း
ကိုပြုလုပ်ကြလို့ပါ
ကျန်99ယောက်ကတော့အောင်မြင်တဲ့အကျိုးတရား
လောက်ကိုသာမြင်တတ်ကြလို့ပါ။လူငယ်များအတုယူဖို့
အတွက်ရွာစားစိန်ဒူးဝါးရဲ့အကြောင်းတရားလေးကိုစိတ်ဝင်
စားဖွယ်ရာကောင်းလို့တင်ပြပေးလိုက်ပါတယ်

(ကျွန်တော်နဲ့ထန်းရွက်ပုတီး)

၁၉၇၄ ခု ပန်တျာကျောင်းကဆင်းတဲ့
နှစ် ဗလာဆိုင်းမထောင်နိုင်သေးတော့
အငြိမ့်ထဲ စလိုက်ရတာပေါ့ အငြိမ့်
နာမည်ကအောင်မြေအေးအငြိမ့်
လူရွှင်တော်က ကျော်စွာ။အောင်မိုး။
ရွှေတိုး။ကောင်းမွန်။ချိုတူး။

ချိုတူးက အခုနာမည်ကြီးနေတဲ့ ဒို့ညီ
ကို ချိုတူးအငြိမ့်က သွားခေါ ချိုတူး
သူ့အဖေက ဦးကျော်စွာ

သူလူရွှင်တော် စလုပ်တဲ့နှစ်ကျွန်တော်
ကျောင်းကထွက်အငြိမ့်ပေါ်စတီးတဲ့
နှစ် သူနဲ့ကျွန်တော် ငယ်သူငယ်ချင်း
ဆိုလည်းမလွဲဘူး ပြောချင်တာက
အဲဒီ သွားခေါအကြောင်းပြောချင်တာ
မဟုတ်ပါဘူး ထန်းရွက်ပုတီး
အကြောင်းပြောချင်တာ ဒါပေမယ့်
ပြောပါရစေအုံး သူအခု သက်ကြီး
လူရွှင်တော်တွေ ပူဇော်ကန်တော့ပွဲ
အကြီးအကျယ် လုပ်တော့မှာမို့ သာဓု
သာဓု သာဓုလို့တစ်ခါထဲ ခေါ်ဆို
လိုက်ပါတယ် သူငယ်ချင်း သွားခေါ
ရေ

ခေါင်းဆောင်မင်းသ္မီးက အငြိမ့်
ထောင် အမေအေးရဲ့မွေးစားသမီး
နန်းကလျာ ဗမာမဟုတ်ဖူး ကရင်
အမျိုးသမီးလေး သူကိုသင်ပြပေးရင်း
နဲ့အငြိမ့်ထဲ လိုအပ်တာတွေဆောင်ရွက်
ပေးဖို့ သဘာရင့်မင်းသမီးကြီး တစ်
လက် ခေါ်ဆောင်ထားတယ် အဲဒီ
မင်းသမီးကြီးနာမည်က ဒေါ်ညိုညိုဆန်း

အဲဒီခေတ်တုံးကပညာရှင် မင်းသမီး
ကြီးတွေဟာသူတို့ကိုယ်ပိုင်သီချင်း
လေးတွေသီဆိုဖို့ စာရေးဆရာ
နာမည်ကြီးတွေကို ရေးခိုင်းပြီး သီဆို
ကြတယ်

ဒေါ်ညိုညိုဆန်းကလည်း သူသီဆိုဖို့
သီချင်းအပ်လိုက်တယ် စာရေးဆရာ
က ဆိုင်းဆရာကြီး ဘဒွေး စိန်တင်
ဟန်ပဲဖြစ်တယ်

စိန်တင်ဟန် သီချင်းလာချမှာတဲ့ဟေ့
လို့ ကြေငြာလိုက်တာနဲ့ အဲဒီနေ့
တီးလုံးတိုက်တဲ့အဖွဲ့တွေ အကုန်လုံး
ငြိမ်လို့ အတော်ရှိန်းပီးတဲ့ ဆရာကြီး
တွေ ဒါတောင်ကျွန်တော်တို့အငြိမ့်ထဲ
မှာမန္တလေးမြို့ရဲ့ အကောင်းဆုံးအငြိမ့်
ပတ္တလားတီး တစ်ဦးဖြစ်တဲ့ နှုတ်ခမ်း
မွေး ဦးကျော်ကြီးဆိုတာပါရဲ့

ရောက်လာပါပြီ သီချင်းချပေးမယ့်
ဘဒွေးစိန်တင်ဟန်မြင်လိုက်တာနဲ့
ကျွန်တော် ကြောက်လိုက်တာ
ကြောက်တာပေါ့ ဘဒွေးစိန်တင်ဟန်
က ကျွန်တော်တို့ဆရာ ဦးစိန်မောင်
လွင်ရဲ့ညီအရင်း ဘဒွေးစိန်တင်ဟန်
ကို ဒါပါနဲ့မှ မြင်ဖူးတာ နှစ်ခါပဲရှိသေး
တယ် သီချင်းချပေးတာ မရလွယ်ရင်
တော့ငါ့တော့ တွယ်ခံရတော့မှာပဲနဲ့
စဉ်းစားနေတုံး

ဟေ့ ထွန်းဝင်း သီချင်းချမယ်
ဆိုင်းဝိုင်းထဲဝင် ပတ်စာကပ်

ဘဒွေးကလှမ်းပြောလိုက်တဲ့အသံ

ကျွန်တော် တုန်သွားတာပဲ

ကျွန်တော်တို့တုန်းက ဆရာကြီးတွေ
ကို အဲဒီလောက်လေးစားပြီးအဲဒီ
လောက် ကြောက်ခဲ့ရတာ

(ခုခေတ်နဲ့တော့ကွာပါ့)

ကြောက်ကြောက်လန့်လန့်နဲ့ ဟုတ်ကဲ့
ဘဒွေးဆိုပြီး ဆိုင်းဝိုင်းထဲဝင်ပတ်စာ
ကပ်လိုက်တာ ပတ်စာကမဝိုင်းပဲ
ပတ်လုံးတွေပေါ်မှာ စမူစာပုံလေးတွေ
ဖြစ်လို့

နှုတ်ခမ်းမွေး ဦးကျော်ကြီးက
ပတ္တလား ကျွန်တော်ကဆိုင်းဝိုင်း
ကျန်တဲ့သူတွေ အကုန်လုံးလည်း
သူ့နေရာနဲ့သူ ဘယ် ကီးဘုတ်
ဘယ်ဂစ်တာမှ မပါသေးဖူး မြန်မာ့
ဟန် မြန်မာ့မာန် တွေကို ပေါ်လွင်
အောင် သီဆိုတီးမှုတ်ကြရတဲ့ခေတ်

သီချင်းစချပါပြီ သီချင်းစင်းလုံးချော
တီးရဆိုရတဲ့ သီချင်းမဟုတ်ဖူးဗျ ဟန်
တွေ ဌာန်တွေနဲ့ ဆိုရတီးရတဲ့သီချင်း
သဘာနုသေးတဲ့ ကျွန်တော် သီချင်း
တစ်ပုဒ်ပေါ်မှာ မဖွဲ့တတ်မနွဲ့တတ်
တော့ ဒုက္ခလှလှပေါ့ ဒါပေမယ့် ဘ
ဒွေးက စိတ်ရှည်ရှည်နဲ့ ကျွန်တော်ကို
သင်ပြပေးပါတယ် ဘယ်လောက်သင်
သင်သီချင်းကြီး အရနည်းသေးတဲ့
ကျွန်တော် ဘယ်ဖွဲ့တတ်နွဲ့တတ် မှာ
လည်း အခုမှ ကျွန်တော် (မဟာ
ဂီတသီချင်းကြီး) တစ်ပုဒ်ရဲ့ တန်ဘိုး
ကောင်းကောင်းနားလည်တော့တယ်

ဟေဝန်စုံမြိုင်••တောဂနိုင်ဆန်း
ကျယ်••မမောနိုင်လှမ်းတယ်
မောင်ရယ်လိုက်ခဲ့ပါလားကွယ်•••လို့
ညိုညိုဆန်းက ခေါ်ခေါ်ပါမယ်•••
မန္တလေးရွှေမြို့ရဲ့ အရှေ့ဆီမျှော်မှန်း
ရွယ်••••

ကျန်တဲ့သူတွေအကုန်ရပီ ကျွန်တော်
တစ်ယောက်ထဲမရသေးတော့ သီချင်း
ကရှေ့မဆက်နိုင်ဘဲဖြစ်နေတယ်
ဒါနဲ့ဘဒွေးက မင်းဖယ် ငါတီးပြမယ်
ဆိုပီး ဘဒွေးကိုယ်တိုင်ဆိုင်းဝိုင်းထဲ
ဝင် ဒီလိုဖွဲ့ ဒီလိုတီးနဲ့ သင်ပြပေးရှာ
တယ်

ဒါကို ဒီလိုကောင်းအောင်တီး ကြိုးစား
လေ့ကျင့်မကြိုးစား မလေ့ကျင့်ပဲ
ဘယ်တော့မှကောင်းလာမှ မဟုတ်ဘူး
နားလည်လား သဘောပေါက်လား

အားးးးးး ဘဒွေးက ကျွန်တော်
နားရွက်ဆွဲလိမ်ပြီး သတိပေးသွားတာ
နာတော့ ကျွန်တော်အော်တာပေါ့

တီးလုံးစတိုက်တိုက်ချင်းလည်းဒီ
သီချင်းကိုကောင်းအောင် မတီးတတ်
ကောင်းအောင်မတီးတတ်တော့
ပတ္တလားတီးတဲ့ ဦးကျော်ကြီးကဆိုင်း
တစ်ဖွဲ့လုံးပေးထားတဲ့ မရှိမယ့် ရှိမယ့်
မိုက်လေးတစ်လုံးကို ဆိုင်းဝိုင်းထဲ
ထည့်မပေးဘူး မိုက်မပါပဲအသကုန်
တီးရတော့ လက်တွေလည်း ဖုရောင်
ကွဲပြဲလို့ဒါပေမယ့် သူတို့ကိုအပြစ်မ
မြင်ပါဘူး ကိုယ့်မှကောင်းအောင်မတီး
နိုင်တာ ကြိုးစားရင်း ကြိုးစားရင်းနဲ့
နှစ်ဝက်လောက်အရောက် ဆိုင်းဝိုင်း
ထဲကို မိုက်လေးရောက်ခဲ့ပြီ မရောက်
လို့လည်းမဖြစ်ဖူးလေကျွန်တော်ကောင်း
အောင်တီးနိုင်ခဲ့ပီလေ

ကျွန်တော်စတီးခဲ့ရတဲ့ ဆိုင်းဆရာ
စာရေးဆရာကြီးဘဒွေးစိန်တင်ဟန်ရဲ့
ထန်းရွက်ပုတီး သီချင်းဟာ ဂန္တဝင်
သီချင်းတစ်ပုဒ်ဖြစ်ယုံမက ဒီသီချင်း
တစ်ပုဒ်ကို မြို့တော်ဆရာမောင်ယဉ်
အောင်က ဇာတ်အိမ်ဖွဲ့လိုက်တော့
(ကိုးဆယ်ဆသာလိမ့်မယ်) ပြဇာတ်
ကြီးဖြစ်ပြဇာတ်ကနေရုပ်ရှင်ပိတ်ကား
ပေါ်ရောက် ရုပ်ရှင်ပိတ်ကားပေါ့
ရောက်သွားပြန်တော့လည်း
အကယ်ဒမီဆုတွေ အများကြီးရ
တန်ဘိုးကြီးမားလှပါလား
(ထန်းရွက်ပုတီးရယ်)

ဂန္တဝင်သီချင်း ထန်းရွက်ပုတီး ဟာ
နာမည်ကြီးပြဇာတ် နာမည်ကြီး
ရုပ်ရှင်အကယ်ဒမီတွေ အများကြီး
ရအောင် ယူပေးခဲ့တာကိုပရိသတ်
တွေ အသိအမှတ်ပြုခဲ့ပေမယ့်

အဲဒီသီချင်းကြောင့် အတီးကောင်းခဲ့
ရတဲ့ ဆိုင်းဆရာလေးတစ်ယောက်ကို
တော့ ပရိသတ်က မသိလိုက်ပါဘူး
အဲဒီဆိုင်းဆရာလေးကတော့

ဒီဓာတ်ပုံလေးက ကျွန်တော် ရင်ကို
လှုပ်ခတ်သွားစေတယ် ကျွန်တော့်
အလှူမှာ လာရောက်ချီးမြှင့်တဲ့
ဘဒွေး စိန်တင်ဟန် မမတက္ကသိုလ်
ခင်မြလွင်တို့နဲ့ အမှတ်တရပါ

ဘဒွေးစိန်တင်ဟန်ကို ကျွန်တော်
မရေးတတ်ရေးတတ် ဒီစာလေးနဲ့
ကန်တော့ပါ၏

လက်သံထူးခြား စိန်ဒူးဝါး
ရွာစားကြီးစိန်တင်ဟန်
တက္ကသိုလ်ခင်မြလွင်
စိန်ဒူးဝါး
13•7•2016

10/07/2021

COVID-19ရောဂါဘေးမှအကင်းဝေးကြပါစေ🙏🙏🙏

19/06/2021

Happy birthday I wish you good health

Address


Website

Alerts

Be the first to know and let us send you an email when Kyawthu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share