Update Online News

  • Home
  • Update Online News

Update Online News Media

သာကေတမှာ ပေါက်ကွဲသံကြားရပြီးနောက် သာကတေ ၇ ဈေး မီးလောင်မှုဖြစ်ဘီဘီစီမြန်မာပိုင်းဓါတ်ပုံ-မောင်ဘိုဘို/ မီးသတ်ဦးစီးဌာန
19/02/2022

သာကေတမှာ ပေါက်ကွဲသံကြားရပြီးနောက် သာကတေ ၇ ဈေး မီးလောင်မှုဖြစ်

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ-မောင်ဘိုဘို/ မီးသတ်ဦးစီးဌာန

ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဒီကနေ့ဖေဖော်ဝါရီ ၁၉ရက်နေ့မနက်ပိုင်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားမျ...
19/02/2022

ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဒီကနေ့ဖေဖော်ဝါရီ ၁၉ရက်နေ့မနက်ပိုင်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်နဲ့တက်ကြွလှုပ်ရှားသူလူငယ်တွေပူးပေါင်းပြီး '' နံရံကို ခေါင်းနဲ့မတိုက်နဲ့တဲ့ ၊ ငါတို့ကားနိုင်လိုစိတ်ဖြင့်တိုက်၏။ အာဏာရှင်တံတိုင်း ဗုန်းဗုန်းလဲစေ။ '' ဆိုတဲ့စာတမ်းနဲ့ဆန္ဒပြနေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ-လူငယ့်ခေတ်

ရန်ကုန်မှာဖမ်းဆီးပြီး လုပ်အားပေးစေခိုင်းတာတွေရှိနေ~~~~~ရန်ကုန်မြို့တွင်းမှာ ပြည်သူတွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးပြီး...
17/03/2021

ရန်ကုန်မှာဖမ်းဆီးပြီး လုပ်အားပေးစေခိုင်းတာတွေရှိနေ
~~~~~

ရန်ကုန်မြို့တွင်းမှာ ပြည်သူတွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လုပ်အားပေးစေခိုင်းနေတာတွေရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ရပ်ကွက်တွေထဲမှာ စစ်သားနဲ့ ရဲတွေ မဝင်နိုင်အောင် ပိတ်ဆို့ထားတဲ့ အကာအရံတွေ သဲအိ်တ်တွေကို ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးပြီး အတင်းအဓမ္မ ပြန်သန့်ရှင်းခိုင်းနေတာ ဖြစ်ပါတယ်။

လက်ရှိရန်ကုန်မှာ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတာကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ ဒေသခံတွေကပြောကြပါတယ်။

တွံတေးဆေးရုံကို တပ်ကဝင်စီး၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ယူသွား...................Update Online News...................
13/03/2021

တွံတေးဆေးရုံကို တပ်ကဝင်စီး၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ယူသွား
...................Update Online News.....................

တွံတေးမြို့နယ်မှာ ရဲနဲ့တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူ ၃ဦးထက်မနည်းရှိနေပြီး လက်ရှိမှာ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို တပ်ကယူဆောင်သွားတယ်လို့ ဒဏ်ရာရသေဆုံးသူတွေကို ကူညီပေးနေတဲ့ ပရဟိတအသင်းက ဘီဘီစီကိုပြောပါတယ်။

"အခုထိစစ်ကား ၁၄စီးလောက်နဲ့ပတ်နေတုံးပဲ။ ဆရာဝန်တွေနဲ့အတူ ကျည်ထိမှန်တဲ့သူအချို့ကိုတော့ ကုသပေးနေတယ်။ သေတဲ့သူက ပထမ ၃ဦးရှိတယ်။ တယောက်ထပ်တိုးတယ်လို့တော့ကြားရတယ်။ ဆေးရုံမှာရှိနေတဲ့ အလောင်းတွေကို တပ်က တွံတေးမှာရှိတဲ့ ပရဟိတ အသင်းကားတချို့နဲ့စစ်ဆေးရုံကို ယူသွားပြီ။ "လို့ သူက ည၉နာရီကျော်ဝန်းကျင်က ပြောပြပါတယ်။

တွံတေးမြို့ပေါ်က အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဖြိုခွင်းမှုတွေရှိတာ ၂ရက်ဆက်တိုက်ရှိသွားပြီဖြစ်ပြီး ဒီကနေ့ မတ်၁၃ရက်နေ့မှာတော့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေရှိလာခဲ့ပါတယ်။

ပုံစာ-ကျည်ထိမှန်သူအချို့ကို ကုသပေး

မြစ်ကြီးနား ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်၍ ၂ ဦးကျဆုံးမတ် ၈၊ ၂၀၂၁ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆန္ဒပြလူထုကို စစ်တပ...
08/03/2021

မြစ်ကြီးနား ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်၍ ၂ ဦးကျဆုံး

မတ် ၈၊ ၂၀၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆန္ဒပြလူထုကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က ပစ်ခတ်သဖြင့် ၄ ဦး ကျည်ထိ ဒဏ်ရာများရရှိကာ ၂ ဦး သေဆုံးသွားကြောင်း ကနဦး သတင်းရရှိသည်။

သေဆုံးသွားသူ ၂ ဦးမှာ အမျိုးသားများဖြစ်ပြီး ဦးခေါင်းများတွင် ကျည်ထိမှန်သွားခြင်းဖြစ်သည်။

ကျန် ဒဏ်ရာရရှိသူ ၄ ဦးမှာ ဝမ်းဗိုက်၊ ကျောကုန်းနှင့် လက်မောင်းတို့တွင် ထိခိုက်ဒဏ်ရာများရထားခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာ ရသူများကို ကယ်ဆယ်ရေး လုပ်ပေးနေသူတဦးက “ခေါင်းကိုပဲ ထိတာ နှစ်ဦးပါ။ နှစ်ယောက်လုံး ခေါင်း တွေပွင့်ထွက်သွားတာပါ” ဟု ပြောသည်။

ဆန္ဒပြလူထုထံမှ သိရှိရသည့် သတင်းအချက်အလက်အရထိခိုက်ဒဏ်ရာ ရရှိထားသူ ၂ဦးထဲတွင် ဝမ်းဗိုက်၊ လက်မောင်းတို့တွင် ထိခိုက် ထားသူတို့မှာ ကျည်အစစ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုသော်လည်း ကျန် ၂ဦးမှာ ကျောကုန်းနှင့် လည်ပင်းတို့တွင် ရာဘာကျည်များ ထိမှန်ထားခြင်း ဖြစ်သည်ဟု သိရသည်။

မြစ်ကြီးနားမြို့တွင် ယနေ့မနက် ၈နာရီခွဲခန့်ကတည်းက ဆန္ဒပြမည့် လူထုကို စုဝေးမရအောင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များက လိုက်လံဖြိုခွင်းနေခြင်း ဖြစ်သည်။
လူထုက ဖြိုခွင်းနေသည့် ကြားမှ ဆိုင်ကယ်များဖြင့် ထွက်လာကာ လမ်းပေါ်တွင် ဆန္ဒပြခဲ့ကြသည်။

စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဖြိုခွင်းရန် ကြိုးစားနေစဉ် ကတ်သလစ်အသင်းတော်မှ စစ်စတာတဦးက ဖြိုခွင်းခြင်းမပြုရန် ဒူးထောက် တောင်းပန်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ၁၂ နာရီခွဲခန့်တွင် စတင် ပစ်ခတ်ဖြိုခွင်း ဖြစ်သည်။

ပုဂံမှာ လူထုသပိတ်စစ်ကြောင်းကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီး၊ ဒဏ်ရာရသူနဲ့ အဖမ်းခံရ သူတွေလည်းရှိ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ရှေးဟော...
07/03/2021

ပုဂံမှာ လူထုသပိတ်စစ်ကြောင်းကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီး၊ ဒဏ်ရာရသူနဲ့ အဖမ်းခံရ သူတွေလည်းရှိ

ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ ပုဂံဒေသမှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က အာဏာရှင်ဆန့်ကျင်ရေးလှည့်လည်လာတဲ့ လူထုသပိတ် စစ်ကြောင်းကို ပုဂံမြို့သစ်ဈေးအနီးဝန်းကျင်အရောက်မှာ ရဲကပစ်ခတ်ဖြိုခွင်းတာ တွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

'' လူငယ်တစ်ယောက်တော့ ပါးကို မှန်သွားတယ်။ ပစ်တာ အချက် ၅၀လောက်ရှိတယ်။ ကျည်အစစ်တွေပါပါတယ်။ ''လို့ ဒေသခံတစ်ဦးကဘီစီကိုပြောပါတယ်။

ရဲရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့် အမျိုးသား ၆ဦးအဖမ်းခံခဲ့ရပြီး တစ်ဦးကတော့ပြန်လွတ် လာခဲ့တယ်လို့ သိရပါတယ်။

မန္တလေး ၈၄ လမ်းပစ်ခတ်မှု အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ကျဆုံး ဧရာဝတီ၊ မတ် ၃၊ ၂၀၂၁မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀...
03/03/2021

မန္တလေး ၈၄ လမ်းပစ်ခတ်မှု အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ကျဆုံး
ဧရာဝတီ၊ မတ် ၃၊ ၂၀၂၁

မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ တွင် ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တပ်ပေါင်း စုသပိတ်ကို ရဲနဲ့ စစ်တပ်က ကျည်အစစ်တွေ အသုံးပြုပစ်ခတ်ခဲ့တဲ့ အတွက် အမျိုးသမီး ၁ ဦး အမျိုးသားတဦး နေရာတင် ပွဲချင်းပြီး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။

ကျဆုံး သွားသူ ၂ ဦးမှာ ကိုမျိုးနိုင်လင်း (ခ) ဖိုးလင်း အသက် ၃၉ နှစ်ဖြစ်ပြီး ၁၅ x ၁၆၊ ၆၅ လမ်း အိုးအိမ်တိုက်တန်းတွင် နေထိုင်သူဖြစ်ပြီး အသက် ၁၉ နှစ် အရွယ် မကြယ်စင် ကတော့ ၇၉ x ၈၀ ၊ ၃၃ လမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။


မြိတ်မြို့ ရွှေပြည်တန်ဘက်မှာ စစ်သား/ရဲ အယောက်(၂၀) ခန့် လမ်းမပေါ်က အိမ်ကိုဝင်စီး ကိုယ်ဝန်သည် အမကြီးကိုရိုက် အမျိုးသားကိုရ...
01/03/2021

မြိတ်မြို့ ရွှေပြည်တန်ဘက်မှာ စစ်သား/ရဲ အယောက်(၂၀) ခန့် လမ်းမပေါ်က အိမ်ကိုဝင်စီး ကိုယ်ဝန်သည် အမကြီးကိုရိုက် အမျိုးသားကိုရိုက်အိမ်ပေါ်တက်ပြီး ပိုက်ဆံ (၄) သိန်းယူသွား

နေ့လည်ခင်း
1.3.2021
Interview Video ဒီမှာကြည့်ပါ
https://www.facebook.com/100006680161364/posts/2955636944668949/
About 20 soldiers / policemen stormed a house on the road in Shwepyitan, Myeik Township
Beat the pregnant woman and man
Go up to the house and take 4 lakhs of MMK.


အရေးတော်ပုံ အောင်ရမည်!ကုလသမ္ဂ္ဂ အထူးအစည်းအဝေးမှာ - သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ CRPH ရဲ့ အသံ ကိုကိုယ်စားပြု...
26/02/2021

အရေးတော်ပုံ အောင်ရမည်!

ကုလသမ္ဂ္ဂ အထူးအစည်းအဝေးမှာ - သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ CRPH ရဲ့ အသံ ကိုကိုယ်စားပြုသွားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း

BREAKING NEWSဂျပန်အလွတ်သတင်းထောက် အဖမ်းခံရ............Update Online News...........ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှု ဆန့်...
26/02/2021

BREAKING NEWS
ဂျပန်အလွတ်သတင်းထောက် အဖမ်းခံရ
............Update Online News...........

ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို သတင်းယူနေသည့် ဂျပန်နိုင်ငံသား အလွတ်သတင်းထောက်တဦး အဖမ်းခံခဲ့ရကြောင်း မိတ်ဆွေများအား ကိုးကားပြီး ဂျပန်သတင်းဌာန Nikkei Asia က ရေးသားဖော်ပြသည်။

အဖမ်းခံရသူသည် ယုကိ ကိတဇုမိ Yuki Kitazumi ဟု ယုံကြည်ရကြောင်း Kyodo သတင်းက ဆိုသည်။

ယခုဖမ်းဆီးမှုသည် အာဏာသိမ်းအပြီး ပထမဆုံး နိုင်ငံခြား သတင်းထောက်ကို ဖမ်းဆီးမှု ဖြစ်သည်။
ဂျပန်သံရုံးက သတင်းအချက်အလက်များကို အတည်ပြုပေးရန် လုပ်ဆောင်နေသည်။
ဖော်ပြပါ ဓာတ်ပုံပါ ဖမ်းဆီးခံရသောသူသည် ဂျပန်သတင်းထောက် ဟုတ် မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တာမွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်နှင့် မအူကုန်းရပ်ကွက်တို့တွင် စစ်တပ်နှင့်ရဲများဝင်ရောက်စီးနင်းတာမွေမြို့နယ် အောင်မင်္ဂလ...
25/02/2021

တာမွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်နှင့် မအူကုန်းရပ်ကွက်တို့တွင် စစ်တပ်နှင့်ရဲများဝင်ရောက်စီးနင်း

တာမွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်နှင့် မအူကုန်းရပ်ကွက်တို့တွင် စစ်တပ်နှင့်ရဲများဝင်ရောက်စီးခြင်းကို ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းမှစတင်ကပြုလုပ်လျှက်ရှိကြောင်းသိရသည်။ ယခုည ၈နာရီ ၂၀ မိနစ်အထိ ရပ်ကွက်များကို ပိတ်ဆို့လျှက်ရှိသည်။

Photo - JPaing / MPA

ပုဂံညောင်ဦးမြို့ ရွှေစည်းခုံဘုရား အနီးတွင် ပြည်သူများ ဆန္ဒထုတ်ဖော်ညောင်ဦးမြို့ ရွှေစည်းခုံဘုရား အနီးတွင် ဖေဖော်ဝါရီ ၂၅ ...
25/02/2021

ပုဂံညောင်ဦးမြို့ ရွှေစည်းခုံဘုရား အနီးတွင် ပြည်သူများ ဆန္ဒထုတ်ဖော်
ညောင်ဦးမြို့ ရွှေစည်းခုံဘုရား အနီးတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပြည်သူများ ဆန္ဒထုတ်ဖော်လျက် ရှိကြောင်း သိရသည်။

■ ဓာတ်ပုံ - MKA

တပ်ထောက်ခံသူတွေ ပြဿနာရှာ..........Update Online News.......■ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူတွေဟာ ဒီနေ့မနက်က သမ္မတရုပ်ရ...
25/02/2021

တပ်ထောက်ခံသူတွေ ပြဿနာရှာ
..........Update Online News.......
■ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူတွေဟာ ဒီနေ့မနက်က သမ္မတရုပ်ရှင်ရုံရှေ့မှာစုပြီး ဆူးလေဘုရားတပတ် ချီတက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းက ပိတ်ထားတဲ့ ဆူးလေနဲ့ မြို့တော်ခန်းမနားက လမ်းတွေကို ရဲက ဖယ်ပေးလိုက်ပါတယ်။ လမ်းတလျှောက်မှာတော့ စစ်အာဏာဆန့်ကျင်ဆန္ဒပြသူတွေက သံပုံတီးကန့်ကွက်ခဲ့ပါတယ်။

ဒီပွဲကိုလိုက်ပါလာသူတွေဟာ ပတ်ဝန်းကျင်ကလူတွေကို ပြဿနာရှာပြီး ဓါးနဲ့ထိုးတာ၊ လေးခွနဲ့ပစ်တာ၊ တုတ်နဲ့ရိုက်နှက်တာတွေလည်းလုပ်ခဲ့ပါတယ်။

စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့်ရပ်ဆိုင်း  စစ်ကောင်စီက ခန့်အပ်ထားတဲ့ စီမံဘဏ္ဍာစက်မှုဝန်ကြီး ဦးဝင်းရှိန်ကို ကမ္ဘာ့...
25/02/2021

စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့်ရပ်ဆိုင်း

စစ်ကောင်စီက ခန့်အပ်ထားတဲ့ စီမံဘဏ္ဍာစက်မှုဝန်ကြီး ဦးဝင်းရှိန်ကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်းလိုက်တဲ့အကြောင်းကြားစာတစ်စောင် လူမှုကွန်ရက်မှာ ပျံံ့နှံ့နေပြီး ဒီစာဟာ အစစ်အမှန်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
ဒီအကြောင်းအပါအ၀င် စစ်အာဏာသိမ်း နောက်ဆက်တွဲ နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တိုက်ရိုက် တင်ဆက်နေတဲ့ လိုက်ဖ်စာမျက်နှာမှာ ၀ငျရောကျ ဖတ်ရှုနိုင်ကြပါတယ်။
https://www.bbc.com/burmese/live/burma-56140135

တပ်မတော်ထောက်ခံသူများက CDM ရထားဝန်ထမ်းများအား တိုက်ခိုက်~~~~~ရန်ကုန်ဘူတာကြီးအနီးတွင် တပ်မတော်ထောက်ခံသူများက အာဏာဖီဆန်လှု...
25/02/2021

တပ်မတော်ထောက်ခံသူများက CDM ရထားဝန်ထမ်းများအား တိုက်ခိုက်
~~~~~
ရန်ကုန်ဘူတာကြီးအနီးတွင် တပ်မတော်ထောက်ခံသူများက အာဏာဖီဆန်လှုပ်ရှားမှု (CDM)မှာ ပါဝင်နေသည့် ရထားဝန်ထမ်းများအား သိမ်ဖြူဈေးအနီးမြန်မာ့မီးရထားဝန်းထဲ ဝင်ရောက်ပြီး ခဲနှင့်ထု၊ လေးခွနဲ့ပစ်၊ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိထားသည်။

#တပ်မတော်ထောက်ခံသူများ

တစ်ခါတစ်လေမှာ နည်းနည်းပဲရှိတဲ့သူတွေက အများကြီး ပိုပြီး ပေးဆပ်နိုင်တယ်ဆိုတဲ့ စကားက ဝမ်းနည်းဖို့ကောင်းပြီး အရမ်းမှန်တယ်။
24/02/2021

တစ်ခါတစ်လေမှာ နည်းနည်းပဲရှိတဲ့သူတွေက အများကြီး ပိုပြီး ပေးဆပ်နိုင်တယ်ဆိုတဲ့ စကားက ဝမ်းနည်းဖို့ကောင်းပြီး အရမ်းမှန်တယ်။

အာဏာသိမ်းစစ်တပ်ရဲ့ကိုယ်စားလှယ်ဟာ ဒီကနေ့ဘန်ကောက်မြို့ကိုရောက်လာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီနဲ...
24/02/2021

အာဏာသိမ်းစစ်တပ်ရဲ့ကိုယ်စားလှယ်ဟာ ဒီကနေ့ဘန်ကောက်မြို့ကိုရောက်လာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံကိုသွားရောက်မယ့် ခရီးစဉ်ကို ဖျက်လိုက်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲအသစ်ကို ထောက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနက တရားဝင်ပြောထားပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုတွေ့ဆုံတဲ့ ဘယ်လုပ်ရပ်ကိုမှ လက်မခံဘဲ ကန့်ကွက်နေကြတာဖြစ်ပါတယ်။

“ရွေးကောက်ပွဲလုပ်ဖို့ပြောနေတာ ပြည်တွင်းရေးစွက်ဖက်နေတာပဲ”..........Update Online News..........မြန်မာနိုင်ငံအနေနဲ့ နောက်ထ...
24/02/2021

“ရွေးကောက်ပွဲလုပ်ဖို့ပြောနေတာ ပြည်တွင်းရေးစွက်ဖက်နေတာပဲ”
..........Update Online News..........

မြန်မာနိုင်ငံအနေနဲ့ နောက်ထပ်ရွေးကောက်ပွဲတစ်ခု မလိုဘူးလို့ စထရိတ်တိုင်းမ်သတင်းစာကို ဒေါက်တာဆာဆာက ဒီကနေ့ပြောလိုက်ပါတယ်။

“ကျနော်တို့မှာ ရွေးကောက်ပွဲကျင်းပပြီးသား။ ဘာလို့နောက်ထပ်ရွေးကောက်ပွဲထပ်လုပ်ရမှာလဲ။ ကျနော်တို့ ပါးစပ်ပိတ်နေမှာမဟုတ်ဘူး။ နောက်တစ်ခါလည်း အလိမ်ခံမှာမဟုတ်ဘူး။ ရွေးကောက်ပွဲတွေကို နောက်စရာပြောင်စရာလို သဘောမထားသင့်ပါဘူး”လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်လုပ်ပေးမယ်ပြောတဲ့ ရွေးကောက်ပွဲကိုဖြစ်အောင် တွန်းအားပေးနေရင်တော့ သမိုင်းကပဲ ဆုံးဖြတ်ပေးသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်တွေနဲ့သွားတွေ့ပြီး ခင်ဗျားတို့ပြောထားသလို ရွေးကောက်ပွဲကို လုပ်ရမယ်လို့ပြောတာဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာပဲလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ တုန့်ပြန်လိုက်ပါတယ်။

“ကျနော်တို့ဟာ ပြည်တွင်းရေးကို ဝင်မစွက်ပါဘူးလို့ သူတို့ပြောတယ်ဆိုရင်တော့ သူတို့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက်ပဲ စေ့စပ်တာမျိုးလုပ်သင့်ပါတယ်။ ဒီလို တွေ့ဆုံတဲ့အခါမှာလည်း အာဆီယံအိမ်နီးချင်းတွေကို စားပွဲဝိုင်းထဲ လေ့လာသူအဖြစ် ထည့်နိုင်ပါတယ်”လို့ စထရိတ်တိုင်းမ် သတင်းစာကို ဒေါက်တာဆာဆာက ပြောလိုက်ပါတယ်။

သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဖြစ်စေချင်တယ်ဆိုရင် စစ်တပ်၊ ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ သပိတ်တိုက်ပွဲဝင်တဲ့သူတွေကြား တွေ့ဆုံရမှာပါလို့ သူကဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုဟာ ဒီကနေ့ ဘန်ကောက်မှာ စစ်ကောင်စီရဲ့ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်နဲ့ တံခါးပိတ်တွေ့ဆုံခဲ့ပါတယ်။

ပုဂံမှာ စစ်အာဏာရှင်ကျဆုံးရေး ကျိန်စာရွတ်ဆို ဆန္ဒပြ...........Update Online News...........ပုဂံမှာ ဒီနေ့ဖေဖော်ဝါရီ ၁၈ ရက်...
18/02/2021

ပုဂံမှာ စစ်အာဏာရှင်ကျဆုံးရေး ကျိန်စာရွတ်ဆို ဆန္ဒပြ
...........Update Online News...........

ပုဂံမှာ ဒီနေ့ဖေဖော်ဝါရီ ၁၈ ရက်မနက်က သပိတ်မှောက်ဘုရားကနေ ထီးလိုမင်းလိုဘုရားထိ ဒေသခံတွေ ချီတက်ပြီး စစ်အာဏာရှင်ကျဆုံးရေး ကျိန်စာရွတ်ဆို ဆန္ဒပြခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်ရေးကိုလည်း ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။

ဓာတ်ပုံ-Win Min Oo
ဒီအကြောင်းအပါအဝင် နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု။
https://bbc.in/3ps18w6

ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၁နာရီမှ ၉နာရီအထိ အင်တာနက်လိုင်းများ ဖြတ်တောက်သွားမည်ဟု သတင်းများရရှိထားပါသည်။ အချို့သော အင်တာန...
14/02/2021

ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၁နာရီမှ ၉နာရီအထိ အင်တာနက်လိုင်းများ ဖြတ်တောက်သွားမည်ဟု သတင်းများရရှိထားပါသည်။ အချို့သော အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများမှ ထိုသို့ ဖြတ်တောက်မည့်ကိစ္စကို စတင်အသိပေးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများ လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ထားဖို့ UON မှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုမင်းကိုနိုင်နှင့် အွန်လိုင်းဆယ်လီအပါအဝင် ၇ ဦးကို စစ်အစိုးရဖမ်းဝရမ်းထုတ်............................Update Online New...
13/02/2021

ကိုမင်းကိုနိုင်နှင့် အွန်လိုင်းဆယ်လီအပါအဝင် ၇ ဦးကို စစ်အစိုးရဖမ်းဝရမ်းထုတ်............................Update Online News............................

စစ်ကောင်စီက ၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ အဆိုတော် လင်းလင်း၊ အင်းစိန် အောင်စိုး၊ မျိုးရန်နောင်သိမ်း၊ အိမ့်ပိုးဥ၊ ပန်ဆယ်လိုနှင့် မောင်မောင်အေး တို့ကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ပြန်သည်။
၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၇ နှင့်အညီ ဥပဒေစိုးမိုးရေးကို စစ်ကောင်စီက ဆောင်ရွက်နေချိန် လူသိများသည်ကို အသုံးပြုပြီး "နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး" ကိုထိခိုက်စေသည့် ရေးသားချက်များကို အွန်လိုင်းပေါ်တွင် ရေးသားသည်ကို တွေ့ရှိရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားရှိကြောင်း၊ ဖမ်းဝရမ်းလည်း ထုတ်ထားကြောင်း ကြေညာသည်။

ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်

နိုင်ငံတဝန်းစစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲ ငါးရက်မြောက်နေ့ မြင်ကွင်းများ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ...
11/02/2021

နိုင်ငံတဝန်းစစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲ ငါးရက်မြောက်နေ့ မြင်ကွင်းများ
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်ပွားနေတာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်ဆို ခြောက်ရက်မြောက်ရှိနေပါပြီ။
...........Update Online News............

ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့ Civil Disobedience Movement လှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အရှိန်ကောင်းလာသလို ဆန္ဒပြပွဲတွေမှာ လူငယ်တွေရဲ့ ထူးခြားဆန်းသစ်တဲ့ ဆန္ဒဖော်ထုတ်မှုပြကွက်တွေကလည်း တစ်နေ့နဲ့တစ်နေ့ ပိုပိုပြီး စုံလင်လာတာကိုတွေ့ရပါတယ်။

မွန်ပြည်နယ်၊ ​​မော်လမြိုင်မြို့က မဖဲဝါ ယနေ့ လမ်းပေါ်ထွက်လာသည်။
11/02/2021

မွန်ပြည်နယ်၊ ​​မော်လမြိုင်မြို့က မဖဲဝါ ယနေ့ လမ်းပေါ်ထွက်လာသည်။

ကျွန်းစုမြို့နယ် ဝဲကျွန်းအနီးတွင် ၂၆ ပေရှည်သည့် ဝေလငါးမန်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ..........Update Online News...........
18/12/2020

ကျွန်းစုမြို့နယ် ဝဲကျွန်းအနီးတွင် ၂၆ ပေရှည်သည့် ဝေလငါးမန်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ
..........Update Online News........

Read More - - - >>> https://news-eleven.com/article/200176

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၇-၁၂-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗Update...
17/12/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၇-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗Update Online News‗‗‗‗‗‗‗‗‗‗‗‗‗‗

(၁၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၃,၁၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၈၂) ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၆-၁၂-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗Update...
16/12/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗Update Online News‗‗‗‗‗‗‗‗‗‗‗‗‗‗

(၁၅-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၃,၁၀၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၃၃) ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃၀-၁၁-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗Updat...
30/11/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃၀-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗‗Update Online News‗‗‗‗‗‗‗‗‗‗‗‗‗

(၂၉-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၉၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၂၇) ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်း စျေးချိုသာစွာနှင့် ဖြန့်ဖြူးမည်ဟု AstraZeneca က ကတိပြု..........Update Onli...
24/11/2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်း စျေးချိုသာစွာနှင့် ဖြန့်ဖြူးမည်ဟု AstraZeneca က ကတိပြု
..........Update Online News..........

Read More >>>>> https://news-eleven.com/article/198424

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၄-၁၁-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗Update...
24/11/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၄-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗Update Online News‗‗‗‗‗‗‗‗‗‗‗‗‗‗

(၂၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁,၅၈၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၇၃၁) ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၂-၁၁-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗Update...
22/11/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗Update Online News‗‗‗‗‗‗‗‗‗‗‗‗‗‗

(၂၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၈၈၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၃၉၈) ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

Address


Website

Alerts

Be the first to know and let us send you an email when Update Online News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share