People's Defense Forces Bogale

  • Home
  • People's Defense Forces Bogale

People's Defense Forces Bogale Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from People's Defense Forces Bogale, News & Media Website, .

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီး နိုင်ကောင်းရွက်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) များဖွဲ့စည်းခ...
26/06/2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီး နိုင်ကောင်းရွက်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) များ
ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်သို့ ပေးပို့သော သတင်းစကား

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့

ရဲဘော်များအားလုံး မင်္ဂလာပါ

နွေဦးတော်လှန်ရေးသည် (၂) နှစ်ကျော်ပင် ကြာခဲ့ပေပြီ။ မည်သို့ပင်ဖြစ်စေ ငါတို့နိုင်ငံမှာ စစ်အာဏာရှင်စနစ်ရှိနေသ၍တော့ နွေဦးတော်လှန်ရေးဟာလည်း ဆက်ပြီးရှင်သန်နေမယ်၊ ဆက်ပြီး တော်လှန်နေမှာ ဖြစ်တယ်။

ရဲဘော်တို့

ဒီတော်လှန်ရေးနဲ့ပဲ ငါတို့မက်ခဲ့ကြတဲ့ အိပ်မက်ကို အကောင်အထည်ဖော်မယ်။ ဒီတော်လှန်ရေးရဲ့အဆုံးသတ်ဟာ ငါတို့ရဲ့ပန်းတိုင်ပဲဖြစ်ရမယ်။ ဒါကြောင့်ပဲ ငါတို့အသက်၊ သွေး၊ ချွေးနဲ့ရင်းပြီး စစ်မိစ္ဆာကို ချေမှုန်းနေတယ်။ ငါတို့ အသက်၊ သွေး၊ ချွေးနဲ့ရင်းပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ကြမယ်။

နွေဦးတော်လှန်ရေး အောင်မှဖြစ်မယ်။ ငါတို့ဟာ စစ်မိစ္ဆာကို ချေမှုန်းဖို့ တော်လှန်ခဲ့တာဖြစ်လို့ စစ်ဖိနပ်အောက်တော့ ပြန်သွားမှာမဟုတ်ဘူး။ ခြေလှမ်းဦးတည်ရာ ပြန်လှည့်မှာမဟုတ်ဘဲ အဆုံးထိ ရောက်အောင် ဆက်လျှောက်မယ်။
ဒီနွေဦးတော်လှန်ရေးနဲ့ပဲ ငါတို့မြေပေါ်မှာ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်မယ်။ စစ်အာဏာရှင်အောက်မှာ ငါတို့မျိုးဆက်သစ်တွေ အတိမ်မြုပ်မခံနိုင်သလို ငါတို့မြေ ပေါ်မှာလဲ စစ်အာဏာရှင်စနစ် ရှင်သန်ခွင့်ပြုမှာမဟုတ်ဘူး။ ဒါကြောင့် နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် အဆုံးသတ် တိုက်ပွဲဖြစ်တယ်။

နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်လို့ ငါတို့နိုင်မှာပါ။ ငါတို့သည် ပြည်သူပဲ။ ပြည်သူ့အင်အားသည်ငါတို့အင်အားပဲ။ ငါတို့ဘက်မှာပြည်သူရှိတယ်။ တရားတဲ့ဘက်မှာပြည်သူရှိတယ်။

ပြည်သူကို ငါတို့သစ္စာခံတယ်။ အနိုင်ရသည်အထိတော်လှန်သွားမယ်။ စစ်မိစ္ဆာသည် ပြည်သူ့ အင်အားကို မနိုင်ဘူးဆိုတာကို ငါတို့သက်သေပြမယ်။

ရဲဘော်တို့

ရဲဘော်တို့ဟာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူ၊ ပြည်သူ့ဘက် တော်သား၊ ပြည်သူ့ ယုံကြည်အားကိုးမှု ရရှိထားသူတွေဖြစ်တယ်။ ဒါကြောင့် ပြည်သူနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါမှာ နွေးထွေးပျူငှာပါ၊ ဖေးမကူညီပါ။ ရဲဘော်အချင်းချင်းကြားဖြစ်စေ၊ မဟာမိတ်နဲ့ ဖြစ်စေ စည်းလုံးညီညွတ်ပြီး အပြန်အလှန်လေးစားမှု ရှိရှိနဲ့ တော်လှန်ရေးခရီးကို လျှောက်လှမ်းကြပါ။

ရဲဘော်တို့ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ဖို့အတွက် တခုတည်းသော အိပ်မက်ဖြစ်တယ်။ ရဲဘော်တို့ဟာ တော်လှန်ရေးရဲ့အသက်ပါ။ ကျနော်သည်လည်း ရဲဘော်တို့နဲ့အတူ တော်လှန်ရေးအောင်မြင်သည့်အထိ ဆက်လက်တိုက်ပွဲ ဝင်သွား မှာပါ။

ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်။

ဘိုကလေးမြို့ကြီးသာယာချက်ဗျာ...မြစ်ထဲမှာမနက်၆ ည ၆ စက်လှေတွေမမောင်းရဘူး၊ချယ်ရီဝိုင်မြို့ပေါ်မှာတော့ပိုင်ချက်ကဂိတ်မဖျက်ရဲရင...
19/05/2023

ဘိုကလေးမြို့ကြီးသာယာချက်ဗျာ...
မြစ်ထဲမှာမနက်၆ ည ၆ စက်လှေတွေမမောင်းရဘူး၊ချယ်ရီဝိုင်မြို့ပေါ်မှာတော့ပိုင်ချက်ကဂိတ်မဖျက်ရဲရင်ကြိုပို့တောင်လုပ်ပေးဦးမှာတဲ့ဗျ။
ရှာမရတဲ့လွှတ်တော်အမတ်မယောက်ကျားကလည်းဒါမျိုးတွေ့ရသဗျ။
လူငယ်တွေအသက်ပေးတော်လှန်ရေးလုပ်နေချိန်အပျော်မပျက်နေပြီးလိုင်းပေါ်မှာပါတက်မျက်နှာပြောင်နေကြတဲ့ခင်ဗျားတို့တွေအာလုံးအသည်းထဲစွဲနေအောင်မှတ်ထားတယ်။ဒီမြို့က​ေတော်လှန်နေကြတဲ့ရဲဘော်တွေအကျဥ်းကျနေတဲ့သူတွေအတွက်ခင်ဗျားတို့မရှက်တက်ပေမဲ့မြို့အတွက်ကျုပ်တို့​ရှက်တယ်
အသည်းထဲ့ကနာတယ် ပို့စ်တင်မျက်နှာပြောင်တိုက်နေတာတွေရောပို့စ်အောက်မှာတစ်ပျော်တပါးသူတွေအကုန်အသည်းစွဲအောငိမှတ်ထားတယ်ဗျ

 #သတင်းပေးပို့ခြင်းဖြင့်တော်လှန်ပါ ပူးပေါင်းပါဝင်ပေးပါခင်ဗျ...အကြမ်းဖက် စခ ရခ များ နဲ့ ဝေးရာမှာ ဂရုစိုက်နေထိုင်သွားလာကြပ...
10/05/2023

#သတင်းပေးပို့ခြင်းဖြင့်တော်လှန်ပါ
ပူးပေါင်းပါဝင်ပေးပါခင်ဗျ...
အကြမ်းဖက် စခ ရခ များ နဲ့ ဝေးရာမှာ ဂရုစိုက်နေထိုင်သွားလာကြပါ။
မဆိုင်သူများကို ရမ်းသမ်း ဖမ်းဆီး ခြိမ်းခြောက်မှုများပြုလုပ်လျှက်ရှိပါတယ်

စစ်ဆင်ရေးသတင်း ထုပ်ပြန်ချက်ဧရာဝတီစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွှက်မှုဖြင့် ဧရာဝတီ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် #အ...
07/05/2023

စစ်ဆင်ရေးသတင်း ထုပ်ပြန်ချက်
ဧရာဝတီစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွှက်မှုဖြင့် ဧရာဝတီ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်
#အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဘိုကလေးမြို့နယ်ရဲစခန်းအား 40mmဗုံးသီး​ဖြင့် ပစ်ခတ်တိုက်ခိုက်

မေ ၆ ၊၂၀၂၃
# ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေး

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲစခန်းကို-
မေ ၆ ရက် ၊ ည (၇:၃၀)မိနစ်အချိန်တွင်-
ဧရာဝတီလင်းပိုင်မော်ကျွန်း နှင့် ဘိုကလေးလင်းပိုင် နှင့် မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး 79 ဗုံးပစ်လောင်ချာ 40mm ဗုံးသီးဖြင့်၊ #ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ဆောင်ရွက်နိုင်ခဲ့ပါသည် ။
စစ်ဆေးရေးဆောင်ရွက်ခဲ့သော ရဲဘော်များအထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်... ။
ဗုံးသီးသည် အ​ကြမ်းဖက်စစ်တပ်၏ ရဲစခန်းအတွင်းပိုင်းသို့ ကျရောက်ခဲ့ပြီး ပြင်းထန်စွာပေါက်ကွဲသံကို တစ်မြို့လုံးနီးပါးကြားရပြီး ၊ အကြမ်းဖက်စစ်တပ်လက်အောက်ခံစခန်းမှ ပြန်လှန်ပစ်ခတ်မှုများ အချက် (30) ခန့်ရှိခဲ့ပြီး သေနတ်သံဗုံးသံများ ဆူညံစွာ ကြားနေရသည်ဟု သိရှိရသည် ။
အတွင်းပိုင်းပျက်စီးမှု အခြေအနေအသေးစိတ်ကို အတိအကျမသိရသေးပေ... ။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဘိုကလေးမြို့နယ်စခန်းမှူးနှင့်နောက်လိုက်များသည် ပြည်သူလူထုကို နည်းမျိုးစုံဖိနှိပ်လျှက်ရှိပြီး - တော်လှန်ရေးအင်အားစုများကိုဖမ်းဆီးခြင်း ၊ မဆိုင်သူပြည်သူများအား ဖမ်ဆီးနှိပ်စက်ပြီး ငွေညှစ်ခြင်း ၊ ခြိမ်းခြောက်ခြင်း ၊ မတရားဖမ်းဆီးခံရသူ အကျဥ်းသားများကို လိင်အကြမ်းဖက်မှုများပါ ပြုလုပ်လျှက်ရှိပြီး ဆိုးသွမ်းညစ်ပတ် ယုတ်မာမှုများစွာပြုလုပ်နေခြင်းကြောင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည် ။
အကြမ်းဖက်စစ်တပ်စခန်းမှူး၏ နောက်လိုက်များလည်း ရပ်တန်းကရပ်ကြရန် သတိပေးလိုက်သည် ။
အကြမ်းဖက် စစ်ခွေး၊ ရဲခွေးများသည် ဧရာဝတီတိုင်းအတွင်းရှိ မည်သည့်နေရာမှ မလုံခြုံတော့ပေ ။
အကြမ်းဖက်စစ်တပ်ဆီမှ အမြန်ဆုံး ထွက်ခွာကြဖို့ နှိုးဆော်အပ်ပါသည် ။
ရှေ့ဆက်ပြီး စစ်ရေး ၊ အုပ်ချုပ်ရေး ပစ်မှတ်များကို အဓိကထားပြီးတိုက်ခိုက်သွားမည်ဖြစ်သည် ။
#ဧရာဝတီလင်းပိုင်မော်ကျွန်း #ဧရာဝတီလင်းပိုင်ဘိုက​လေး အဖွဲ့ နှင့်
#မော်ကျွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့သည် ဧရာဝတီတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ ၊ ပကဖများ၊ တပ်ရင်းတပ်ဖွဲ့များ
နှင့် လက်တွဲပြီး စစ်အာရှင်ပြုတ်ကျသည်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက် သည် ။

#အရေးတော်ပုံမုချအောင်ရမည်

#ဧရာဝတီတိုင်းစစ်ဒေသခွဲ
#ဧရာဝတီနန်းထိုက်အောင်
#ဧရာဝတီလင်းပိုင်မော်ကျွန်း
#ဧရာဝတီလင်းပိုင်ဘိုကလေး
#မော်ကျွန်းပကဖ

06/05/2023

ဘိုကလေးရဲစခန်း (79) ဖြင့်ပစ်ခတ်တိုက်ခိုက် ။ အကြမ်းဖက်စစ်တပ် လက်အောက်ခံ များမှ အချက် ၃၀ ခန်းရမ်းသမ်းပစ်ခတ် ။
၆.၅.၂၀၂၃ ည ၈ နာရီ ဝန်းကျင်

ဟင်္သာတမြို့နယ် နတ်မော်လမ်းမပေါ်တွင် စရဖ တဦးအား ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်း၊ ဦးခေါင်းနှင့် လည်ပင...
06/05/2023

ဟင်္သာတမြို့နယ် နတ်မော်လမ်းမပေါ်တွင် စရဖ တဦးအား ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်း၊ ဦးခေါင်းနှင့် လည်ပင်းထိ သေဆုံး
~~~~~~~~~~~~

#ဧရာဝတီနန်းထိုက်အောင်
#ဟင်္သာတ

မေ ၅၊ ၂၀၂၃

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စု၊ နတ်မော်လမ်းမပေါ်တွင် ယနေ့ မေ ၅ ည (၇) နာရီ ဝန်းကျင်ခန့်က စရဖ (စစ်ဘက်ရေးရာလုံခြုံရေး) အဖွဲ့ဝင် တဦးအား သေနတ် (၆) ချက်ပစ်၍ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဧရာဝတီစစ်ဒေသခွဲ ကွပ်ကဲရေး၏ တာဝန်ရှိသူက ပြောသည်။

ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မဟူရာတွေ့မရှောင် အမည်ရှိသော ဒေသခံကာကွယ်ရေး အဖွဲ့ကဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသည့် စရဖ အောင်ထိုက် ဆိုသူသည် ဦးခေါင်းနှင့် လည်ပင်းထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။

ပွဲချင်းပြီးပဲ၊ အတော်ကြာမှ အလောင်းလာကောက်နိုင်တယ်၊ အခင်းဖြစ်ပွါးပြီးချင်းပဲ မြို့ထွက်ပေါက်(၃)ခုလုံးကိုလည်း စစ်သားတွေရော၊ ရဲတွေပါ ပိတ်ဆို့စစ်ဆေးနေတာ ဟု ဒေသခံတဦးက သတင်းပေးပို့ထားသည်။

ခုတော့ ကျနော်တို့ ဘေးကင်းရာရောက်ပါပြီ၊ စရဖ အောင်ထိုက်က တော်လှန်ရေးအင်အားစုတွေ ဖမ်းခံရအောင် စစ်ကောင်စီကို အဓိက သတင်းထောက်လှမ်းပေးနေတာ၊ သူ့ကြောင့် အဖမ်းဆီးခံရသူတွေ အများကြီးပဲ၊ ဒါကြောင့် ခုလို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ် ဟု မစ်ရှင်ဆောင်ရွက်မှုနှင့် ပက်သက်၍ တာဝန်ခံတဦးက ဆိုသည်။

ယမန်နေ့ညကပင် ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေး အနေဖြင့် ဘိုကလေးမြို့နယ် စစ်ရေးရေးဂိတ်ကင်းရှိ တပ်ကြပ်ကြီးတဦးအား ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်ပါ ရရှိခဲ့သေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဆက်လက်၍ ဧရာဝတီတိုင်းတွင် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကို စနစ်တကျ ထောက်လှမ်းသတင်းရယူထားပြီး ဖြစ်၍ စစ်ကောင်စီအပါအဝင် ၎င်းတို့၏ ထောက်ထိုင်ပတ်သက်ဆက်နွယ်သူများအားလုံးအား ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်သွားတော့မည်ဖြစ်ကြောင်း ဧရာဝတီစစ်ဒေသခွဲကွပ်ကဲရေး၏ ပြောရေးဆိုခွင့်ရှိသူတဦးက ARNs ထံ သတင်းပေးပြောဆိုထားသည်

04/11/2022

ဘိုကလေးမြို့နယ် မလော့ကျေးရွာအုပ်စုမှ စစ်ကောင်စီထောက်တိုင်အား ဧရာဝတီနန်းထိုက်အောင် ပစ်ခတ်ရှင်းလင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#ဘိုကလေး

#ဧရာဝတီနန်းထိုက်အောင်

နိုဝင်ဘာ ၄

ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စုရှိ စစ်ကောင်စီထောက်တိုင် ကြံခိုင်ရေးပါတီခေါင်းဆောင်အား နိုဝင်ဘာ ၃ ညပိုင်း၌ ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဘိုကလေးပကဖက သတင်းပေးပို့လာသည်။

ဧရာဝတီတိုင်းစစ်ဒေသခွဲ၏ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မလော့ကျေးရွာအုပ်စု၊ မရမ်းကွဲကျေးရွာ မှ စကစအား အဓိကသတင်းပေးနေသော မြင့်ဇော် ခေါ် ရှုပ်ထွေးဆိုသူအား ယမန်နေ့ည (၈)နာရီခွဲအချိန်ခန့်တွင် ​သေနတ်ဖြင့်(၅)ချက် ပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

“သူ့ကြောင့် အဖမ်းခံရသူတွေ အများကြီးပဲ၊ ရခတွေနဲ့ပေါင်းပြီး ဖမ်းခံရသူတွေကို ငွေညှစ်တာတွေလည်း လုပ်တယ်” ဟု ပစ်ခတ်ခံရသူနဲ့ ပက်သက်၍ ဘိုကလေးမြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါ ပစ်ခတ်ခံရသူသည် စခများအား အိမ်ခေါ် ထမင်းကျွေး၊ လဖက်ရည်တိုက်ခြင်းများ ပြုလုပ်ကာ စစ်ကောင်စီနှင့် ပူးပေါင်း၍ ပြည်သူများအပေါ်အနိုင်ကျင့်လျက်ရှိပြီး ၎င်း၏ တိုင်တန်းမှုကြောင့် ရဲဘော်အချို့အပါအဝင် ပြည်သူအများအပြား အဖမ်းဆီးခံနေရမှုများ ရှိနေကြောင်း၊ ၎င်းသည် လက်ရှိဘိုကလေးမြို့ပြည်သူ့ဆေးရုံ၌ စိုးရိမ် ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဘိုကလေးမြို့နယ် ပကဖ၏ တာဝန်ရှိသူက ပြောသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ပြည်သူလူထုအား ဒုက္ခပေးပြီး စစ်ကောင်စီနှင့်ပူးပေါင်းနေသော အုပ်ချုပ်ရေးမှူးများ ၊ သတင်းပေးများ နှင့် ဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဧရာဝတီတိုင်းတွင်း မြို့ပြစစ်ဆင်ရေးအဖြစ် စစ်ကောင်စီ၏ ပစ်မှတ်အသီးသီးအား ယခုနှစ် ဇူလိုင်လမှ အရှိန်မြှင့် စတင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီသတင်းပေးများအား တိုက်ခိုက်မှုမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း ၅၈ ကြိမ်ခန့် ရှိနေပြီဖြစ်ပြီး ဆက်လက်၍ စစ်ကောင်စီ၏ စစ်ရေး၊အုပ်ချုပ်ရေး၊စီးပွါးရေး ပစ်မှတ်များအား တိုက်ခိုက်သွားမည်ဟု ဧရာဝတီမြို့ပြစစ်ဆင်ရေးတာဝန်ခံက ARNsအား ပြောသည်။


သတင်းများပိုမိုဖတ်ရှုရန် -
🔔 ARNs Telegram Channel - https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
================================
ပြည်သူများမှ သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews (သို့)
📩 [email protected] များ သို့
ယုံကြည်စိတ်ချစွာ သတင်းပေးပို့နိုင်ပါသည်။




“ARNs ၏ သတင်းထောက်လှမ်းရေးတပ်သားများအား နွေးထွေးစွာ ကြိုဆိုပါသည်။”

ဧရာဝတီတိုင်းစစ်ဒေသခွဲ၏ နန်းထိုက် အောင်စစ်ဆငိရေးအဖြစ် ဘိုကလေးမြို့နယ် ၊မလော့ကျေးရွာအုပ်စု၊ မရမ်းကွဲကျေးရွာ မှ ကြံ့ခိုင်ရေ...
04/11/2022

ဧရာဝတီတိုင်းစစ်ဒေသခွဲ၏ နန်းထိုက် အောင်စစ်ဆငိရေးအဖြစ် ဘိုကလေးမြို့နယ် ၊မလော့ကျေးရွာအုပ်စု၊ မရမ်းကွဲကျေးရွာ မှ ကြံ့ခိုင်ရေးခေါင်းဆောင်၊ စစ်ခွေးများကို အိမ်ခေါ်ထမင်းကျွေး၊ လက်ဘက်ရည်တိုက်ပြီး သတင်းပေးနေသူ
မြင့်ဇော် ခေါ် ရှုပ်ထွေး ကို (3-11-2022 ) ည (၈)နာရီခွဲအချိန်ခန့်တွင်. ဘိုက​လေးမြို့နယ် ပကဖမှ ​ေသနတ်ဖြင့်( ၅) ချက် ပြစ်ခတ်ရှင်းလင်းခဲ့ပါသည် ။ သူ့ကြောင့်အဖမ်းခံရသူများရှိ​​ပြီး ၊ရခများနဲ့ပေါင်းပြီး ဖမ်းခံရသူများကို ငွေညှစ်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်
လက်ရှိ ဘိုကလေးမြို့ပြည်သူဆေးရုံမှ စိုးရိမ် ဒဏ်ရာဖြင့်ဆေးကုသမှုခံနေပြီး နောက် ဆက်တွဲသတင်း စုံစမ်းလျှက်ရှိသည်။
ပြည်သူလူထုအား ဒုက္ခပေးပြီး စစ်ကောင်စီနှင့်ပူးပေါင်းနေသော အုပ်ချုပ်ရေးမှူးများ ၊ သတင်းပေးများ နှင့် ဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

#အာဏာရှင်စနစ်မုချကျဆုံးရမည်

13/10/2022

ဝုန်း ကြပါဦးခင်ဗျာ

တလရအောင်ဖို့ လူတိုင်းကိုယ်စီ ရုန်းကြဖို့ တာဝန်ရှိတာမို့ ပါဝင်ပေးကြပါဦး

🫡🫡🫡

13/10/2022

ဟင်္သာတမြို့ရှိ နေရှင်နယ်အဝိုင်းပတ်နေရာနှင့် အမှတ်(၂) ရဲစခန်းတို့တွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တပြိုင်နက် ဗုံးဖောက်ခွဲ၊ ယာဉ်ထိန်းရဲတဦးသေဆုံး
~~~~~~~~~~~~~~~~~~~~~~~~~~
#ဟင်္သာတ


ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ယနေ့ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး ယာဉ်ထိန်းရဲနှစ်ဦးကိုထိမှန်ကာ တဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဟင်္သာတမြို့လယ်ရှိ ယာဉ်များကို စစ်ဆေးဖမ်းဆီးနေသည့် စကစ အုပ်စုရှိရာ ဟင်္သာရုပ်အဝိုင်းပတ်တွင် အဝေးထိန်းစနစ်ဖြင့်ဗုံးတလုံးဖောက်ခွဲခဲ့ပြီး အမှတ်(၂)ရဲစခန်းရှေ့တွင်လည်း ဗုံးတလုံးကိို ဧရာဝတီတိုင်းစစ်ဒေသကွပ်ကဲရေး၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တပြိုင်နက်ဖောက်ခွဲခဲ့ကြောင်း ဟင်္သာတမြို့နယ် ပကဖ က ပြောသည်။

ယနေ့ညနေပိုင်းက နေရှင်နယ်အဝိုင်းပတ်ရှိ ခရီးသွားယာဉ်များကို စစ်ဆေးနေသည့် စကစ အုပ်စုနှင့် အမှတ်(၂) ရဲစခန်းရှေ့တွင် တပြိုင်နက် ဗုံးဖောက်ခွဲခဲ့ပြီး
ဟင်္သာတမြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HLPDF) နှင့် ဟင်္သာတမြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပကဖ တာဝန်ရှိသူက ပြောသည်။

“နယ်ရှင်အဝိုင်းမှာ ပေါက်ကွဲတာတော့ ဘဲဥတွေ ထိတယ်၊ နှစ်ယောက်ထိတာ တယောက်ကတော့ သေတယ်၊ တဦးကတော့ ဆေးရုံရောက်ပြီး ခေါင်းကို ထိရုံလောက်ပဲလို့ ကြားတယ်” ဟု ဒေသခံတဦးက ပြောသည်။

ဟင်္သာရုပ်အဝိုင်းကို ဒေသခံများက နေရှင်နယ်စာသင်ကျောင်းရှေ့ နေရှင်နယ်အဝိုင်းဟုခေါ်ဆိုပြီး ၎င်းနေရာတွင် လမ်းသွားလမ်းလာဆိုင်ကယ်များအား နေ့စဉ်နှင့်အမျှ နေရာရွှေ့စစ်ဆေးနေပြီး အဓမ္မငွေတောင်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုပြင်းထန်ခဲ့ပြီး ဗုံးပေါက်ကွဲရာဝန်းကျင်ရှိ ခြံစည်းရိုးသွပ်များပါ လွင့်စင်ပွင့်ထွက်သွားကြောင်း ဒေသခံတဦးက ပြောသည်။ ဗုံးပေါက်ကွဲပြီးနောက် ယာဉ်ထိန်းရဲတပ်ကြပ်တဦး သေဆုံးခဲ့ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။

ဟင်္သာတမြို့အဝင်များတွင်လည်း ယခုရက်ပိုင်းတွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေသည့်ကြားမှ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းတခုလုံး အများပြည်သူများ၏ သွားလာမှုကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးငွေညှစ်နေသဖြင့် ယခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဧရာဝတီတိုင်းစစ်ဒေသကွပ်ကဲရေး၍ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဖောက်ခွဲခဲ့ကြောင်း ပကဖ တာဝန်ရှိသူက ပြောသည်။

ဟင်္သာတမြို့နယ်သည် ဒေသခံကာကွယ်ရေးတပ်(LPDF) များ အားကောင်းရာ နယ်မြေတခုဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်များနှင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့မှုမှာ ဇူလိုင်လကုန်အထိ တိုက်ခိုက်ခဲ့မှုများ (၁၂)ကြိမ်အထိ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း စုဆောင်းထားသော တော်လှန်ရေးဒေတာအချက်အလက်များအရ သိရသည်။


***(အချို့သော အချိန်နှင့်တပြေးညီ သိရမည့် သတင်းများကို Telegram တွင် ဦးစွာ တင်ပေးသည့်အတွက် ARNs Telegram ကို subscribe ပြုလုပ်ထားပါရန်)***
👇👇👇👇👇👇👇👇
https://t.me/ayarevolutionnews

ပြည်သူများမှ သတင်းပေးပို့လိုပါက-
👉 Page Messenger (သို့)
👉 https://t.me/AYARevoNews (သို့)
👉 [email protected] သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။

ဧရာဝတီတိုင်းစစ်ဒေသခွဲ၏ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မော်ကျွန်းမြို့ အုပ်ချုပ်ရေး ဒေါက်တိုင် ဒလန် ပျူစောထီး မဘသ ပြည်သူ့စစ...
05/10/2022

ဧရာဝတီတိုင်းစစ်ဒေသခွဲ၏ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မော်ကျွန်းမြို့ အုပ်ချုပ်ရေး ဒေါက်တိုင် ဒလန် ပျူစောထီး မဘသ ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည်အား ဧရာဝတီလင်းပိုင် ဘိုကလေး PDF မော်ကျွန်း ပကဖအဖွဲ့တို့မှ (5.10.2022) ညနေ ၄ နာရီခွဲချိန်တွင် ပူးပေါင်း ပစ်ခတ်ရှင်းလင်းခဲ့ပါသည်။ဆက်လက်ပြီး စကစ ထောက်တိုင် ဒလန်များ စစ်အုပ်ချုပ်ရေးများ စီးပွားရေး ထောက်တိုင်များအား ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပါသဖြင့် စကစနှင့်ပတ်သက်သောနေရာများအား ရှောင်ကြည်သွားလာကြပါရန် ပြည်သူများအား သတိပေးအပ်ပါသည်။

05/10/2022
22/09/2022

PDF ရဲဘော်များသို့.........................
၂၁ စက်တင်ဘာ ၂၀၂၂
(ရေဒီယို NUG အသံလွှင့် အစီအစဥ်)

ရဲဘော်တို့

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဟာ တရားဝင်ပြည်သူ့ အစိုးရနဲ့ တရားဝင် ပြည်သူ့တပ်မတော် ဖြစ်တဲ့အားလျော်စွာ တစ်ဘက်က စစ်ကောင်စီ ယန္တရားကို ရှင်းလင်းဖယ်ရှားရင်း တစ်ဘက်ကလည်း နယ်မြေစိုးမိုးနိုင်လာတာနဲ့အမျှ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား တည်ဆောက်ရတာ၊ ပြည်သူ့လုံခြုံရေး အစီအမံတွေ ချမှတ် အကောင်အထည်ဖော်ရတာ ၊ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ အခွန်စနစ် ကျင့်သုံး ဖော်ဆောင်ရတာတွေ ရှိလာမှာ ဖြစ်တယ်။

သို့သော် ဒီဆောင်ရွက်ချက်အားလုံးဟာ စနစ်တကျ ရှိဖို့လိုတယ်။ အထူးသဖြင့် ပြည်သူကို မျက်နှာမူတဲ့ ဆောင်ရွက်ချက်တွေဖြစ်ရမယ်။

အုပ်ချုပ်ရေးထူထောင်မှုဟာ ပြည်သူကို အပေါ်စီးကတက်ပြီး အုပ်ချုပ်တာမျိုးမဟုတ်ဘဲ ပြည်သူကိုယ်တိုင် ထောက်ခံ ပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေး ဖြစ်ရမယ်။

စစ်ရေးဆောင်ရွက်ချက်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ နောက် အကြမ်းဖက်စစ်ကောင်စီနဲ့မပက်သက်တဲ့ လူပုဂ္ဂိုလ်တွေ လုပ်ငန်းတွေကို ထိခိုက်မှု မရှိစေရေး သတိထားဆောင်ရွက်ကြရမယ်။

လုံခြုံရေးအစီအမံတွေဟာလည်း ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ သွားလာရေးနဲ့ ကုန်သွယ်ရောင်းဝယ်ရေး ကိစ္စတွေအတွက် အနှောက်အယှက်မဖြစ်အောင် ဆင်ခြင် ဆောင်ရွက်ကြရမယ်။ ရပ်ရွာလုံခြုံရေးအကြောင်းပြချက်နဲ့ ပြည်သူလူထုရဲ့ နေ့စဥ်ဘဝနဲ့လုပ်ငန်းဆောင်တာတွေ အနှောက်အယှက်ဖြစ်တဲ့အထိ ကားလမ်း၊ ရေလမ်းတွေ တားဆီး စစ်ဆေးတာ၊ အခွန်ကောက်တာ၊ စီးပွားရေးလုပ်ငန်းတွေကို အတင်းအကြပ် စစ်ဆေးတာ၊ ဆက်ကြေးတောင်းတာ ဒါတွေကို အထူး ရှောင်ကြဥ်ကြရမှာ ဖြစ်တယ်။

ဒီ့အတွက် သက်ဆိုင်ရာ စစ်ဒေသတာဝန်ရှိသူတွေကလည်း PDF တပ်ရင်းတပ်ဖွဲ့တွေဆီကို လိုအပ်တဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ပေးပို့ထားပြီးလည်း ဖြစ်တယ်။ ဒီညွှန်ကြားချက်တွေကို ရဲဘော်တို့အနေနဲ့ အလေးအနက်ထားပြီး လိုက်နာကျင့်သုံးကြဖို့ လိုအပ်မယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူနဲ့ တစ်သားတည်း ရှိနေရမယ်၊ ပြည်သူချစ်ခင်တဲ့ ကြည်ဖြူတဲ့ အားကိုးတဲ့ တပ်မတော်မျိုးဖြစ်ချင်ရင် ပြည်သူလက်ခံနိုင်တဲ့ အမူအကျင့်မျိုးကို ရဲဘော်တို့တစ်ဦးချင်းကော တပ်ဖွဲ့အလိုက်ပါ ခံယူကျင့်သုံးကြဖို့ လိုအပ်လိမ့်မယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေး အင်အားစု အားလုံး စနစ်တကျနဲ့ တစ်လုံး တစ်စည်းတည်းဖြစ်စေဖို့ ရည်ရွယ်ပြီး PDF ကို ခရိုင်အခြေပြုတဲ့ တပ်ရင်းတပ်ဖွဲ့များအဖြစ် ထူထောင်တယ်။ ပကဖ ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုတော့ မြို့နယ် အခြေပြုပြီး နိုင်ငံရေးနဲ့ စစ်ရေးတာဝန် နှစ်ရပ် တပြိုင်တည်း ပူးတွဲထမ်းဆောင်ဖို့ ရည်ရွယ်ဖွဲ့စည်းတယ်။

ပကဖတွေအနေနဲ့ ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း တပ်ဖွဲ့တွေပေါ်ပေါက်လာအောင် ကမကထ ပြုရတာ၊ ကူညီဝိုင်းဝန်းရတာတွေ ရှိမယ်။ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်တဲ့နေရာမှာလည်း ပကဖဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ရတယ်။

ပကဖရဲ့ အဓိက နိုင်ငံရေးတာဝန်ကတော့ လူထုစည်းရုံးရေးပဲ၊ လူထုစည်းရုံးရေးနဲ့တွဲပြီး လုပ်ဆောင်ရမှာက တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်ရေး ဖြစ်တယ်။

တစ်ဖက်မှာ လူငယ်တွေ ပြည်သူတွေ ကိုယ့်အစီအစဥ်နဲ့ကိုယ် ၊ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အမည်အမျိုးမျိုး ခံယူပြီး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာလည်း ဒေသတိုင်းမှာ ပြန့်နှံ့တည်ရှိနေတယ်ဆိုတာ တော်လှန်ရေးရဲ့ အရှိတရားပဲဖြစ်တယ်။ LDF တွေဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပဲ ဖြစ်တယ်ဆိုတာ ငါတို့အသိအမှတ်ပြုကြရမယ်။

အရေးကြီးတာက PDF၊ ပကဖ၊ LDF ညီညွတ်ရေးပဲ။ တစ်နည်းအားဖြင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးပဲ။ ဒီ့အတွက် ပကဖတာဝန်ရှိသူတွေဟာ LDF ခေါင်းဆောင်တွေနဲ့ မြေပြင်မှာ တွေ့ဆုံညှိနှိုင်းကြဖို့လိုတယ်။ ကိုယ့်သဘောထား ကိုယ့်အစီအစဥ်ကို အသေအချာရှင်းပြကြရမယ်။

ဘယ်သူ့ကိုမှ လက်အောက်ခံပြုဖို့မဟုတ်၊ ဘယ်သူ့ကိုမှသြဇာပေးဖို့ မဟုတ်၊ အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်တယ်ဆိုတဲ့ နားလည်မှု ယုံကြည်မှုကို တည်ဆောက်ကြရမယ်။ ခရိုင်ကွပ်ကဲရေးအဖွဲ့တွေနဲ့ အချိတ်အဆက်မရသေးဘူးဆိုရင်လည်း လိုအပ်သလို ဆက်သွယ်ချိတ်ဆက်ပေးရမယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆိုရင် LDF တွေနဲ့ ချိတ်ဆက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူတွေပါတဲ့ အထူးအလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း လုပ်ဆောင်နေတာရှိတယ်။ LDF ခေါင်းဆောင်များအနေနဲ့ ဒီအလုပ်အဖွဲ့ကိုဖြစ်ဖြစ်၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်တို့ကို တိုက်ရိုက်ပဲဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း တပါတည်း အသိပေးလိုတယ်။

ညီညွတ်မှုမှသည် အောင်ပွဲဆီသို့ ငါတို့ ဦးတည်ကြမယ်။

ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။

ရည်မွန်
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ

ဧရာဝတီလာပြီ👏👏
11/08/2022

ဧရာဝတီလာပြီ👏👏

ဧရာဝတီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ကြေညာချက်အမှတ် (၁ /၂၀၂၂)

၂၀၂၂ ခုနှစ် ၊ သြဂုတ်လ ၁၁ ရက်
( ၁၃၈၃ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့)

၁။ အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ရက်စက်စွာ ပြုကျင့်မှုများကို ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ထိရောက်စွာ ခုခံတွန်းလှန်နိုင်ရန်အလို့ဌာ ကာကွယ်ရေးဝန်ကြီးဌာနသည် ဧရာဝတီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေး အဖွဲ့ ကို ဇူလိုင်လ အတွင်းတွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

၂။ ဧရာဝတီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ(ပကဖ) STF ၊ UG ၊ LDF အဖွဲ့များနှင့် ပူးပေါင်းကာ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ၊ ထိရောက်သည့်စစ် ရေးစီမံချက်များ ဖော်ဆောင်နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

၃။ ဧရာဝတီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ လုပ်ဆောင်ချက်များကို ပြည်သူများ သိရှိနိုင်စေရန် "ဧရာဝတီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ - သတင်းပြန်ကြားရေး ‘’ page အား တည်ထောင်ကာ
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒ ၊လမ်းညွန်ချက်များနှင့် အညီ ဖော်ပြသွားမည် ဖြစ်ကြောင်းထုတ်ပြန်ကြေညာအပ်ပါသည်။

ဧရာ၀တီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက် လှူဒါန်းပေးပါသောကြောင့် အထူးပင်ကျေးဇူးတင်ရှိပါတယ် ။စစ်အာဏာရှင်စနစ်ကျဆုံးပြ...
04/08/2022

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက် လှူဒါန်းပေးပါသောကြောင့် အထူးပင်ကျေးဇူးတင်ရှိပါတယ် ။
စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါက်ပေါက်လာသည်အထိ တိုက်ပွဲဝင်သွားပါ့မယ်ဗျ💪

#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
#အရေးတော်ပုံအောင်ရမည်

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက်အထွေထွေစရိတ်အတွက် (20000)နှစ်သောင်းကျပ်လှူဒါန်းပေးပါသော "အမည်မဖော်လိုသူအလှူ...
02/08/2022

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက်အထွေထွေစရိတ်အတွက် (20000)နှစ်သောင်းကျပ်လှူဒါန်းပေးပါသော "အမည်မဖော်လိုသူအလှူရှင်
တစ်ဦး" ကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။
စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါက်ပေါက်လာသည်အထိ တိုက်ပွဲဝင်သွားပါ့မယ်ဗျ💪

#အလှူရှင်၏အကောင့်များကို စာဖတ်လို့ရပြီး
ကျနော်တို့ဘက်မှစာပြန်မဖြစ်နေပါတယ်ခင်ဗျ
နားလည်မှုမလွဲ​ရန်လေးစားစွာသတင်းပေးပို့ပါတယ်ဗျ

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက် လှူဒါန်းပေးပါသော "ပြည်သူတစ်ဦး" ကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။စစ်အာဏာရှင်...
02/08/2022

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက် လှူဒါန်းပေးပါသော "ပြည်သူတစ်ဦး" ကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။
စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါက်ပေါက်လာသည်အထိ တိုက်ပွဲဝင်သွားပါ့မယ်ဗျ 💪

#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
#အရေးတော်ပုံအောင်ရမည်

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက် လှူဒါန်းပေးပါသော "အမည်မဖော်လိုသူအလှူရှင်တစ်ဦး" ကို အထူးပင်ကျေးဇူးတင်ရှိပါ...
31/07/2022

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက် လှူဒါန်းပေးပါသော "အမည်မဖော်လိုသူအလှူရှင်
တစ်ဦး" ကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။
စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါက်ပေါက်လာသည်အထိ တိုက်ပွဲဝင်သွားပါ့မယ်ဗျ

#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
#အရေးတော်ပုံအောင်ရမည်

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက် လှူဒါန်းပေးပါသော "PCF လူငယ်တစ်ဦးအား" ကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။စစ်အာ...
31/07/2022

BGL PDF ရဲ့ လက်နက်ခဲယမ်းနဲ့ အထွေထွေစရိတ်အတွက် လှူဒါန်းပေးပါသော "PCF လူငယ်တစ်ဦးအား" ကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။
စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်​ပေါက်ပေါက်လာသည်အထိ တိုက်ပွဲဝင်သွားပါ့မယ်ဗျ 💪

#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
#အရေးတော်ပုံအောင်ရမည်

အရည်သွေးနိမ့်တဲ့ပစ္စည်းတွေကြောင့် အာရုံနောက်ရတယ်ဆိုတဲ့ ကြံ့ဖွတ်အမာခံစည်းရုံးရေမှူးအစ်မကြီးမေသန်းဦး အာရုံမနောက်ရဖို့ လုပ...
27/07/2022

အရည်သွေးနိမ့်တဲ့ပစ္စည်းတွေကြောင့် အာရုံနောက်ရတယ်ဆိုတဲ့ ကြံ့ဖွတ်အမာခံစည်းရုံးရေမှူးအစ်မကြီးမေသန်းဦး အာရုံမနောက်ရဖို့ လုပ်ပေးပါ့မယ်ဗျ ။ မအောင်မြင်ခဲ့တာ အာရုံနောက်ရတယ်ဆိုတဲ့အတွက်အာရုံမနောက်ရအောင်ဆက်ပြီးလုပ်ပါ့မယ်ဗျ။ အာချောင်တာ သတိထားပါခင်ဗျ။

 #ပြည်သူသို့အသိပေးထုတ်ပြန်ချက်ယနေ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့၊ မနက် (၁၀) နာရီဝန်းကျင်အချိန်တွင်  ဗိုလ်ကလေးမြို့နယ်ပြ...
26/07/2022

#ပြည်သူသို့အသိပေးထုတ်ပြန်ချက်
ယနေ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့၊ မနက် (၁၀) နာရီဝန်းကျင်အချိန်တွင် ဗိုလ်ကလေးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ နှင့် ဧရာဝတီတိုက်ငါးမန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး၊ ဗိုလ်ကလေးမြို့ (၃)ရပ်ကွက် ကမ်းနားလမ်းနေ စစ်ကောင်စီဒေါက်တိုင်အကြီးစား ၊ ပျူစောထီးထောက်ပို့ ၊ စစ်ခွေး၊ရဲခွေး ၊ထွေအုပ် နှင့် စစ်ကောင်စီကိုအထောက်ပံ့ပေးနေသူ မြို့နယ်ကြံ့ခိုင်ရေးခေါင်းဆောင် နွေကျော်၏နေအိမ်နှင့်တွဲလျှက်ပြည်ကျော်ရွှေဆိုင်အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ချို့ယွင်းမှုတခုကြောင့် ပေါက်ကွဲခြင်း မရှိခဲ့ပါ ။ ရဲဘော်များ ဘေးကင်းလုံခြုံစွာရှိပြီဖြစ်ပါသည်။
နွေကျော်အနေဖြင့် ပစ္စည်းချို့ယွင်းမှုကြောင့် အသက်ဘေးမှလွတ်သွားခဲ့သော်လည်း နောက်နောင်ပြည်သူလူထုအား ဒုက္ခပေးပြီး ဆက်လက်လုပ်နေပါက ပြင်းထန်စွာ ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း နှင့် စစ်ကောင်စီနှင့်ပူးပေါင်းနေသော အုပ်ချုပ်ရေးမှူးများ ၊ သတင်းပေးများ နှင့် ဒေါက်တိုင်များကို လုံးဝငဲ့ညှာမည်မဟုတ်ကြောင်း သတိပေးလိုက်သည် ။

#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်

ဒုတိယအကြိမ်လှူဒါန်းပေးပါသော "ကိုစည်သူစိုးမြင့်နှင့်သူငယ်ချင်းများ" ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်စစ်အာဏာရှင်စနစ်ကျဆုံးပြီ...
26/07/2022

ဒုတိယအကြိမ်လှူဒါန်းပေးပါသော "ကိုစည်သူစိုးမြင့်နှင့်သူငယ်ချင်းများ" ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်
စစ်အာဏာရှင်စနစ်ကျဆုံးပြီးဖက်ဒရယ်ဒီမိုကရေစီစနစ်​ပေါက်ပေါက်လာသည်အထိ တိုက်ပွဲဝင်သွားပါ့မယ်

#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
#အရေးတော်ပုံအောင်ရမည်

18/07/2022

ဘိုကလေးမြို့မရဲစခန်းမှူး ညွန့်လှိုင်က ညအချိန် ဧည့်စာရင်းလိုက်စစ်ကာ ဖမ်းဆီးငွေညှစ်မှုများလုပ်ဆောင်နေ

ကျော်လင်း/ဧရာဝတီတိုင်းမ်
(ဘိုကလေး)၊ ဇူလိုင်လ ၁၈ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မ ရဲစခန်းမှူး ညွန့်လှိုင်က ဘိုကလေးမြို့နယ်အတွင်း ညအချိန် ဧည့်စာရင်းလိုက်စစ်ကာ ဖမ်းဆီးငွေညှစ်မှုများလုပ်ဆောင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မြို့မ ရဲစခန်းမှူး ညွန့်လှိုင်မှာ ဘိုက​လေးမြို့နယ်အတွင်း ညစဥ်ဆိုသလို ၎င်းသံသယရှိတဲ့ နေအိမ်တွေကို လိုက်လံဧည့်စာရင်းစစ်ကာ ဒေသခံပြည်သူများအပေါ် ဖမ်းဆီးငွေညှစ်မှုများလုပ်ဆောင်နေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

"စွယ်တော်က ဘယ်လိုလုပ်လဲဆိုတော့ အခု ၁၀ နာရီမဟုတ်လား။ သူသံသယရှိရင် အဲ့အိမ်ကို ဧည့်စာရင်းစစ်တယ်။ လူပိုနေရင် မွှေဖမ်းတယ်။ ဧည့်စာရင်း ဥပဒေနဲ့ စွဲတယ်။ ဝင်စစ်လို့ ၅ ယောက်က ၃ယောက်ပဲရှိနေတယ်ဆိုပါဆို့ လိုနေတဲ့နှစ်ယောက်ဘယ်မှာလဲ အဲနှစ်ယောက်ကိုတာဝန်ယူလားတာဝန်ခံလား။ ဘာညာလုပ်ဝူးဝူးဝါးဝါး လုပ်တယ်။ ရီမန်ယူ အချုပ်ထဲထည့်တယ်။ အချုပ်ထဲရောက်ပြီး အလကားပြန်လွတ်တာ မရှိဘူး။ ဧည့်စာရင်း စစ်တာကလဲ တပြေးညီ မဟုတ်ဘူး။ စစ်ချင်တဲ့ ချမ်းသာတဲ့ အိမ်ကိုပဲ ရွေးပြီးစစ်တာ" လို့ ဘိုက​လေးမြို့နယ် စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧည့်စာရင်းလိုက်လံစစ်ဆေးစဥ် မေးမြန်းစစ်ဆေး၊ ဖုန်းနှင့် ကွန်ပျူတာများအား စစ်ဆေးခြင်းများပါလုပ်ဆောင်နေပြီး အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးချုပ်နှောင်ကာ ငွေပေးမှပြန်လွှတ်ပေးတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ကျွန်တော်တို့ကို ဘယ်လိုမြင်မလဲါ ဥပဒေက တပြည်းညီ မဟုတ်တဲ့အပြင် သူတို့က နေရာရွှေ့ပြောင်းသွားမှာ။ ကျွန်တော်တို့က မြို့မှာ အတူတူနေကြရတာ။ အပြစ်မရှိတာလဲ သိတာပဲ။ ငွေကုန်တာလဲသိတာပဲ။ မြို့ကကျဥ်းကျဥ်းလေး ငွေကုန်ပြီးမှ လွတ်ကြရတာ။ အဲ့မျိုးလွတ်နေတဲ့သူတွေအများကြီးပါပဲ အဖမ်းခံရပြီးပြန်လွတ်နေသူ၊တရားစွဲခံရသူ နဲ့ ထောင်တကယ် ကျသွားသူ စာရင်းတွေ သိနေသူ အများကြီးပါ"လို့ ဘိုက​လေးမြို့နယ် စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စခန်းမှူး ညွန်လှိုင်မှာ မအူပင်မြို့မရဲစခန်းတွင် တာဝန်ကျခဲ့ဖူးသူဖြစ်ပြီး ဒေသခံများအပေါ် အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးငွေညှစ်ရာမှာ နာမည်ကြီးသူတစ်​ယောက်ဖြစ်တယ်လို့ မအူပင်မြို့ခံအချို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

#ဘိုက​လေး #မြို့မရဲစခန်း #ညွှန့်လှိုင်

ဂရုစိုက်ကြပါဗျ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ တရားသူကြီးမှာ နေအိမ်အပြန် အငှားယာဉ်စီးနင်းချိန်တွင် ပစ်ခတ်ခံရပြီး ပွဲချင...
16/07/2022

ဂရုစိုက်ကြပါဗျ

မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ တရားသူကြီးမှာ နေအိမ်အပြန် အငှားယာဉ်စီးနင်းချိန်တွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးကြောင်း၊ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ကြေညာထားသည်။

----
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ တရားသူကြီးမှာ နေအိမ်အပြန် အငှားယာဉ်စီးနင်းချိန်တွင် ပစ်ခတ်ခံရပြီး ပွဲချ...

ဗိုလ်ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Bogale) အတွက် ရိက္ခာစရိတ် နှင့် တော်လှန်ရေး လုပ်ငန်းစဥ်များဆောင်ရွက်နိုင်...
15/07/2022

ဗိုလ်ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Bogale) အတွက် ရိက္ခာစရိတ် နှင့် တော်လှန်ရေး လုပ်ငန်းစဥ်များဆောင်ရွက်နိုင်ရန်အတွက် "အမည်မဖော်လိုသူစေတနာရှင်တစ်ဦး" မှ အလှူငွေ ၂၀၀၀၀၀/- (နှစ်သိန်းကျပ်တိတိ) လှူဒါန်းပေးသောကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်

 #ပြည်သူသို့အသိပေးထုတ်ပြန်ချက်ဗိုလ်ကလေးမြိုနယ် စက်ဆန်းကျေးရွာရှိ ကို( .....)အား BOGALAY PDF အမည်ခံပြီး ငွေ (၁၀)သိန်းလှူရ...
13/07/2022

#ပြည်သူသို့အသိပေးထုတ်ပြန်ချက်

ဗိုလ်ကလေးမြိုနယ် စက်ဆန်းကျေးရွာရှိ ကို( .....)အား BOGALAY PDF အမည်ခံပြီး ငွေ (၁၀)သိန်းလှူရန်နှင့် မလှူဘူးဆိုရင် နေအိမ်နှင့်လုပ်ငန်း
အား ဗုံးခွဲမည်ဟု ဖုန်းဆက်ပြီး ခြိမ်းခြောက်မှုပြုလုပ်သည်ဟု သတင်းရရှိပါသည် ။ ဗိုလ်ကလေးPDF မှ အဆိုပါဖုန်းနံပါတ်အားဆက်သွယ်ကြည့်သောအခါ အဝင် call ပိတ်ထားကြောင်းသိရှိရပါသည်။
ဗိုလ်ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လုံးဝ(လုံးဝ)တောင်းခံခြင်းမရှိပါကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည် ။
ဗိုလ်ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကျင့်ဝတ်စည်းကမ်းများကိုလိုက်နာလျှက်ရှိပြီး၊ လမ်းညွှန်ချက်များနဲ့အညီဆောင်ရွက်သောအဖွဲ့ဖြစ်ပါသည်။
ထိုကဲ့သို့ခြိမ်းခြောက်ငွေတောင်းခံခြင်းများကို ဘယ်သောအခါမှပြုလုပ်မည်မဟုတ်ပဲ ပြည်သူလူထုကိုဖိနှိပ်၊ အနိုင်ကျင့်လျှက်ရှိသော စစ်ကောင်စီနှင့်ဒေါက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်သည်။
ပြည်သူလူထုအနေဖြင့် လှူဒါန်းမည်ဆိုပါက People's Defense Force Bogale Page သို့ ယုံကြည်စိတ်ချစွာဖြင့် တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည် ။

ဗိုလ်ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Defense Forces Bogale) အတွက် ရိက္ခာ နှင့် လက်နက်ခဲယမ်းဝယ်ယူရန်"တောကမ...
05/07/2022

ဗိုလ်ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(People's Defense Forces Bogale) အတွက် ရိက္ခာ နှင့် လက်နက်ခဲယမ်းဝယ်ယူရန်"တောကမောင်ညီနှင့်အဖွဲ့ "မှ (၂) သိန်းကျပ်လှူဒါန်းမှုကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။


#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်

ရဲဘော်များအားလုံးဘေးကင်းလုံခြုံစွာရှိပါတယ်ခင်ဗျ။ စိတ်ပူပေးကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။မြို့နယ်မှာမဆိုင...
14/06/2022

ရဲဘော်များအားလုံးဘေးကင်းလုံခြုံစွာရှိပါတယ်ခင်ဗျ။ စိတ်ပူပေးကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။
မြို့နယ်မှာမဆိုင်သူများကိုဖမ်းဆီး​ခြင်း၊ခြိမ်းခြောက်ငွေညှစ်နေခြင်းများကြောင့်ခေတ္တရပ်နားစောင့်ကြည့်နေခြင်းဖြစ်ပါတယ်။
မကြာခင်မှာစကစနဲ့ဒေါက်တိုင်များကိုအရေးယူဆောင်ရွက်သွားဖို့ပြင်ဆင်နေပါတယ်။
​မြို့နယ်ပြည်သူလူထုအနေဖြင့်PageMessengerက
သတင်းများပေးဖို့နိုင်ပါတယ်။မြို့နယ်တွင်းရှိထူးခြားအခြေနေများသတင်းများပေးပို့ပြီးတော်လှန်ရေးမှာပါဝင်ပေးကြပါ
အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်များကိုလည်း စကစသတင်းပေးလုပ်ခြင်း၊ ပြည်သူလူထုကိုဖိနှိပ်ခြင်းများမလုပ်ဖို့
နဲ့မပူးပေါင်းဖို့ သတိပေးထားပြီးဖြစ်တယ်၊ မလိုက်နာပါက ဗိုလ်ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့မှပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်
(People 's Defense Force Bogalay )

Address


Website

Alerts

Be the first to know and let us send you an email when People's Defense Forces Bogale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to People's Defense Forces Bogale:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share