Wai hlan min

Wai hlan min Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai hlan min, Game Publisher, .

26/05/2021

“မချစ်တဲ့သူက ဘယ်တော့မှ
ချစ်လာမှာမဟုတ်ဘူးဆိုတာ သိထားပါ။“

“အနေနီးရင်ချစ်လာမှာပါ...
သူလိုတဲ့အချိန်ရှိနေပေးရင်ချစ်လာမှာပါ...
တစ်နေ့နေ့တော့ သူငါ့က်ို ချစ်ကိုချစ်လာမှာပါ...”
တကယ်တော့ ဒါတွေဟာ မသိစိတ်ထဲမှာ လူတစ်ယောက်ကို မျှော်လင့်ချက်တွေအများကြီး ထားမိတဲ့အခါ...ပေါ်လာတတ်တဲ့ အတွေးသက်သက်တွေပါ။

ကိုယ်က ချစ်နေရင်.... သူပြန်မချစ်လာမချင်းချစ်နေရင်.... ပြန်ချစ်လာမယ်လို့ တစ်ယူသန်နေမိတဲ့အခါ ဒီလိုမျိုး စိတ်ကူးတွေ ကိုယ့်ဆီရောက်လာတတ်တယ်။

ချစ်နေရင်းနဲ့ မချစ်တော့တာပဲဖြစ်စေ...
အစကတည်းက မချစ်တာပဲဖြစ်စေ...
လူတစ်ယောက်ရဲ့ ကိုယ့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ မရှ်ိတော့ဘူးဆိုတာနဲ့ လုံးဝပျောက်ကွယ်သွားပြီလို့ပဲ ယူဆရမယ် ။ ချစ်နေရင်းကနေ... မချစ်တော့တာမျိုးတွေ ကြုံရတာများပေမယ့်... အစကတည်းက မချစ်တဲ့သူတစ်ယောက် ကိုယ့်ကို ချစ်လာတယ်ဆိုတာ ခပ်ရှားရှားရယ်ပါ ။

ဒါတွေကို ငါတို့ မသိတာမဟုတ်ဘူး။သိတယ်။
ဒါပေမဲ့ .... မျှော်လင့်ချက်တွေထားနေမိကြတာ...
ပြန်ချစ်လာလိမ့်မယ်လို့ ယုံကြည်နေမိကြတာ...

တကယ်တော့... ငါတို့ကို မချစ်တဲ့သူတွေဟာ ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး .....
ဒါကို လက်ခံနိုင်အောင် ငါတို့ကြိုးစားရမှာပေါ့။

OAK
PIC-PINTEREST

25/05/2021

ဘ၀ထဲကဟာသများ
"ဟယ်လို... ယောက်ျားလား"
"ဟုတ်ပါတယ် ဒကာမကြီး"

"အမ်... ခုပြောနေတာ ယောက်ျားလားလို့
ဘုန်းကြီးကျောင်းကလား"

"ဟုတ်တယ် ဒကာမကြီး
ဒုလ္လဘ ဆယ်ရက်ဝတ်နေရင်း
ဝိပဿနာ အလုပ်တွေလုပ်ရအောင်
ကျောင်းရောက်နေတယ်"

(ဒုက္ခပါပဲ... ပက်ပက်စက်စက် ဆိုမလို့ဟာကို ဘုန်းကြီးဝတ်နဲ့မှ လာတိုးရတယ်လို့)

"ဘာဖြစ်လို့လည်း ဒကာမကြီး"

"ဟိုလေ... ဘာပြုလို့အိမ်မပြန်ခဲ့တာ
လည်းသိချင်လို့ပါ"

"ဒီလိုရှိပါတယ် ဒကာမကြီးရဲ့
ဟိုနေ့က အကြွေးတောင်းလို့ရခဲ့တဲ့
ပိုက်ဆံကို KTV သွားရင်း
ပြောင်သွားလေတော့ကား...
တကာမကြီး အဲ့ငွေကိုစွဲလမ်းပြီး
အကုသိုလ်စိတ် မဖြစ်ပွားရလေအောင်
ကျုပ်လဲ ကျောင်းသွားပြီး
ဒုလ္လဘ ဝတ်လိုက်တယ်လေ။

အိမ်း......တရားသဘောနဲ့
ပြန်လည်သုံးသပ်ရရင်ဖြင့်
ကိုယ့်ဆီမှာမရှိတော့တဲ့
ပိုက်ဆံကို မိန်းမအပ်ချင်လို့ ရပါ့မလား"

"မရပါဘူးဘုရား"

"ဒါ... အမှန်ကိုသိခြင်းပဲ ဒကာမကြီး။
သမ္မာဒိဌိလို့ ခေါ်တယ်ကွယ့်။
ပိုက်ဆံကို မိန်းမလက်ထဲ ထဲ့ပေးချင်တဲ့
စိတ်က စေတနာမဟုတ်လား''

"တင်ပါ့"

"အဲဒါ... ကာမာဝစရ ကုသိုလ်စိတ်ပေါ့ကွယ်။
ယောက်ျားအပ်တဲ့ ပိုက်ဆံကို
လိုချင်တယ်မဟုတ်လား။

မှန်ပါ့ဘုရား

"အေး လိုချင်တဲ့စိတ်ကလေးက ဘာတုန်း"

"လောဘပါ ဘုရား"

"လိုချင်တာဖြစ်မလာတော့ စိတ်ဆိုးတယ်မဟုတ်လား။
စိတ်ဆိုးတာက ဘာတဲ့"

"ဒေါသပါ ဘုရား"

(ဟွန်း....ဟွန်း....ဟွန်း
ဘုန်းကြီးဝတ်နဲ့ မို့နော် ဒင်းတော့)

"ဒေါသစိတ်နဲ့သာ သေသွားခဲ့ရင်
သုဂတိကို ရောက်ပါဦးမလား"

"မရောက်ပါဘူး ဘုရာ့"

"ကိုင်း... ဒါဖြင့်
လောဘတို့ ဒေါသတို့ဆိုတာ
မွေးထားရမှာလား ပယ်သတ်ရမှာလား"

"မမွေးရပါဘူး ဘုရား ပယ်သတ်ရမှာပါဘုရား"

(ဟူး... ဖုန်းဆက်မိတာမှားပြီ... ခုထိကို မပြီးသေးဘူး)

"အေး... အေး...
အပ္ပမာဒေန - မမေ့မလျော့သော သတိတရားထားပြီး၊
သမ္ပါဒေထ - သည်းခံခြင်းနဲ့ ပြည့်စုံပါစေကွယ်။
ကဲ... မေတ္တာပို့ပြီး ရေစက်ချကြစို့"

"ဟာ... မ... မ... မပို့တော့ပါဘူး။
ဘေလည်း မရှိတော့ပါဘူး။
ရေစက်လည်း မချတော့ပါဘူး။
နောက်လည်း... ဘယ်တော့မှ
အဲ့ဒီငွေကို မမေးတော့ပါဘူး
ဒါပဲ ဘုရာ့"

အိမ်း...😇ကြိုက်ကပြီ
ဒီလိုပဲဖြစ်ရမယ်လေ။

:-)

:p

Maung kyaw Htay
Via. Than Kyaw Oo

Address


Website

Alerts

Be the first to know and let us send you an email when Wai hlan min posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share