14/12/2019
လုပ်ငန်းတစ်ခုလုပ်ဖို့အချိန်တွေဆွဲနေမိပြီလား?
ကျွန်တော်တို့...
- လုပ်မယ်ဆိုပြီး မလုပ်ဖြစ်တာတွေရှိနေရင်
- ဝိတ်ချမယ်ဆိုပြီး စိတ်မထိန်းနိုင်သေးရင်
- ဒီလတော့ အလုပ်လုပ်တော့မယ်လို့ တွေးပြီး မလုပ်ဖြစ်သေးရင်
- အရက်ဖြတ်မယ်လို့ တွေးပြီး မဖြတ်နိုင်သေးရင်
- အချိန်ဆွဲတာကို ဘယ်လို ဖြေရှင်းရမှန်းမသိသေးရင်
ဘဝမှာ လက်ရှိထက် ပြောင်းလဲမှုလေး တခုခုတော့ အနည်းဆုံး မြင်ချင်လာပြီဆိုရင်...
ဒီ ၁၀ ရက်တာ အကျင့်ပြောင်း သင်တန်းလေးကို မရရအောင် Join ပါ။
အာမခံ နဲ့ သင်ပေးပါတယ်။
ကိုယ် တကယ် လိုက်လုပ်ဖြစ်ဖို့ အာမခံပါ...
အကျင့်ဆိုး ရှိသူမို့ Join တာ မဟုတ်ဘဲ...
ဒီ အကျင့်တွေ ပြောင်းလဲသွားရင် ကိုယ့်ဘဝဟာ လက်ရှိထက် အများကြီး ပိုမိုကောင်းလာမယ်လို့ ယုံကြည်ထားသူများအတွက် သီးသန့် သင်တန်းပါ...
ကိုယ့် ဘဝအတွက် ကိုယ် ဆုံးဖြတ်ချက်တခု ပြတ်ပြတ်သားသား ချပြီး ဒီ ၁၀ ရက်ကို လိုက်လံ လေ့ကျင့်လိုက်ပါ။
တခါမှ မကြုံရဖူးတဲ့ ပြောင်းလဲမှုတွေ တွေ့ရပါမယ်...
ဒီ သင်တန်းကို သင်တန်းသားပေါင်း ၅၀၀ ကျော် တက်ရောက်ပြီးစီးပြီး...
တကယ့် အကျင့်ကောင်း ရလာဒ်ကောင်းတွေ အများကြီး ထွက်ပြီး ပါပြီ
ကျွန်တော် ကိုယ်တိုင် လက်တွေ့ ကျင့်သုံးပြီး ရလာတဲ့၊ သိလာတဲ့ အသိပညာ ပေါင်း များစွာကို စစ်ထုတ်ပြီးမှ ၁၀ရက်တာ Design ဆွဲပေးထားတာပါ..
လက်တွေ့သုံးကျင့်ကြံပြီးမှ ဆုံးဖြတ်ပါလို့ အရင် တောင်းဆိုပါတယ်..
လာမယ့် သောကြာနေ့မှာ ၁၀ရက်တာ အကျင့်ပြောင်းသင်တန်း ပြန်ဖွင့်ပါမယ်။
တက်ရောက်ချင်သူများ အောက်မှာ မန့်သွားပါ။ ကျွန်တော် CB ကနေ ဆက်သွယ်ပါ့မယ်..
ကျောင်းသားများ စကားသံ....
==========================
အစကတော့ကျနော် နှစ်ရှည်လများလုပ်လာခဲ့တဲ့အကျင့်ဆိုးတွေဒီ၁၀ရက်ဆိုတဲ့အချိန်လေးနှင့်ဘယ်လိုလုပ်ပီးပြောင်းမှာလဲဆိုတဲ့စိတ်နှင့့်မယုံကြည်ခဲ့ဘူး
ဒါပေမယ့်ဒီသင်တန်းကိုတက်ပီးတဲ့အချိန်မှာ အကျင့်ဆိုးတော်တော်များများကိုပြောင်းလဲနိုင်ခဲ့တယ်စိတ်ခွန်အားတွေလဲအများကြီးရခဲ့တယ် တကယ်တက်သင့်တဲ့သင်တန်းတစ်ခုပါ
( ~ Khaing Zin Thaw)
++++
ဒီသင်တန်းကိုစတွေတုန်းကonlineကသင်တာဆိုတော့သင်ရတာအရမ်းအဆင်မပြေလောက့်ဘူးထင်တာတက့်ကြည့်ပြီးတော့မှပဲဆရာနဲ့အသေးစိတ့်ကအစတိုင်ပင်လို့ရတာသိရတယ်သင်တန်းမတက့်ခင်ကရှိတဲ့အကျင့်ဆိုးတွေကိုပြောင်းပြီးအကျင့်ကောင်းတွေကိုအစားထိုးလုပ့်လာနှိုင်တဲ့အတွက့်လဲဝမ်းသာတယ်နောင်လာမည့်ကျောင်းသားများလဲဆရာပြောတဲအတိုင်းလုပ့်ပြီးအကျင့်ဆိုးများကိုပြောင်းလဲနှိုင်ပါစေ
(~ Aung Moe Hein)
++++
ဒီသင်တန်းတက်ဖြစ်လိုက်တာအရမ်းအကျိုးရှိပာတယ်။သင်တန်းမတက်ခင်အကျင့်ဆိုးပျောက်အောင်ဘယ်လိုသင်မလဲဆိုတာစိတ်ဝင်စားပြီးတက်ဖြစ်ခဲ့တယ်။
ကိုယ့်ကိုယ်ကိုတော့အကျင့်ဆိုးမရှိဘူးထင်တတ်ကြတာဘဲလေ။သင်တန်းတက်ပြီးတော့(သင်တန်းတက်ရင်း)ကိုယ့်အကျင့်တွေမြင်လာပြီးပြောင်းရမဲ့အချက်တွေပြောင်းရမဲ့ပုံစံတွေကိုဆရာသင်ခန်းစာကနေအများကြီးသိလာမြင်လာပြီးပြောင်းတတ်လာတယ်။ကိုယ့်အခြေနေကအရင်နဲ့မတူတော့ဘဲပိုပြီးယုံကြည်မှု့ရှိလာတယ်။ပြုိပီးစိတ်ဓါတ်တွေတက်လာတယ်။PLAN ချပြီးဘယ်လိုအလုပ်လုပ်ရမယ်ဆိုတဲ့အချက်ကတော့တန်ဖိုးမဖြတ်နိုင်အောင်ရလိုက်တဲ့အကျိုးကျေးဇူးပါဘဲ။ကိုယ့်ဘဝတိုးတက်ချင်သူတိ်ုင်းတက်သင့်တဲ့သင်တန်းပါ။တက်ရင်းနဲ့ကိုယ့်လိုအပ်ချက်တွေမြင်လာပြီးပြုပြင်ရမဲ့နည်းလမ်းတွေရရှိလာမှာမို့ဒီသင်တန်းကိုတက်ဖို့့တိုက်တွန်းပါရစေ။
(~ Hnin Hnin)
++++
Line သုံးရင်းအချိန်ကုန်နေမယ့်အတူတူ ဒီသင်တန်းလေးက်ုတက်ကြည့်ရင်ကောင်းမယ်။ ဘယ်လိုနေနေ အတွေ့အကြုံရတယ်ဆိုပြီိးသင်တန်းကိုတက်ဖြစ်ခဲ့တယ်။ သင်တန်းတက်ပြီးတော့ ကိုယ့်ဆီမှာရှိတဲ့အကျင့်ဆိုးတွေကို ပိုမြင်လာတယ်။ ပြောင်းလဲချင်လာတယ်။ အရင်က ပြောင်းလဲချင်စိတ်သာရှိခဲ့တာ အချိန်တွေဆြွဲပီးနေ့ရွှေ့ ညရွေနဲ့ တကယ်မပြောင်းဖြစ်ခဲ့ဘူး.. .အခုကျတကယ်ကို နည်းနည်းစီ ပြောင်းဖြစ်လာတယ်... အကျင့်ဆုိးတွေကိုလည်းပိုပြီးသတိထားမိလာတယ်။.နေ့တိုင်းကိုယ်သုံးနေကျ အချိန်ထဲက နည်းနည်းလေးပဲ ဖြစ်ဖြစ်ပေးပြီး်ဒီသင်တန်းကို တက်ကြည့်ပါ. အကျိုးရှိလာမှာပါ. ကိုယ့်အတွက်အကျိုးရှိတာတွေကိုသိလာမှာပါ.
( ~ Nan May PhooAung)
++++
၁၀ရက်တာအကျင့်ပြောင်းသင်တန်းလေးကိုတတ်ဖြစ်ပါတယ်။
သင်တန်းလေးကတကယ်ကိုကောင်းတဲ့သင်တန်းလေးပါ။
စိတ်အားတတ်ကြွစေတဲ့သင်တန်းမျို းမဟုတ်ပဲလက်တွေ့လုပ်နည်းသင်တန်းလေးပါ။လက်တွေ့လုပ်ခန်းတွေကစနစ်ကျလွန်းလို့
အကျင့်ဆိုးတွေကိုမယုံနိုင်လောက်အောင်အလွယ်တကူပြောင်းနိုင်ပါတယ်။နောက်တတ်မယ့်သင်တန်းသားတွေကိုညွန်းဆိုချင်ပါတယ်။ဒီသင်တန်းလေးကိုတတ်ဖြစ်အောင်တတ်ကျပါမိမိရဲ့အကျင့်ဆိုးတွေကိုဘဝတစ်လျောက်လုံးအသုံးပြုနိုင်တဲ့
နည်းစနစ်တွေသင်ပေးတဲ့အတွက်အရမ်းကိုကောင်းလို့တတ်ဖြစ်အောင်တတ်ကျပါလို့ညွန်းဆိုပါရစေ။
(~ Zaw Toe Paing)
++++
သင်တန်းမတက်ခင်တုန်းက သမီးက အချိန်လည်းအရမ်းဆွဲတတ်ပီး..social mediaကို အရမ်းသုံးမိပါတယ်...ဒါကြောင့် ဒီအကျင့်ဆိုးတွေကို အရမ်းပြုပြင်ချင်မိတယ်...ဆရာ့သင်တန်းကို တွေ့ရတော့ အရမ်းစိတ်ဝင်စားလို့ တက်လိုက်တယ်... Day 1 ကနေစပီး Day 10ထိ ဆရာညွှန်ကြားတဲ့အတိုင်း သေသေချာချာ စိတ်နှစ်ပီး လိုက်လုပ်ခဲ့ပါတယ်... ဆရာ့နည်းလမ်းတွေက အရမ်းကောင်းပါတယ်... သေချာလိုက်လုပ်ရင် ဒီအကျင့်ဆိုးတွေကို လုံးဝဖယ်ရှားနိုင်မှာပါ... ဒီအကျင့်ဆိုးတွေပျောက်သွားမှလည်း ကိုယ့်ဘဝက အရင်ကထက် ပိုတိုးတက်လာနိုင်မှာပါ...ခုတော့ အချိန်တွေကို ကောင်းတဲ့ဘက်မှာ အသုံးချလာနိုင်ပါပြီ.. ဆရာ့ကျေးဇူးကြောင့်ပါ... ဒီကနေပဲ ဆရာ့ကို ဦးချကန်တော့လိုက်ပါတယ်ဆရာ ရှင့် ...
(~ Saung Kyel Sin)
++++
10 Day Habit Change
ဒီသင်တန်းလေးဟာသမီးကိုလမ်းမှန်ရောက်အောင်အချိန်ကိုတန်ဖိုးထားတတ်အောင်လမ်းပြပေးတဲ့သင်တန်းလေးပါ
သင်တန်းမတတ်ခင်ကဆိုအချိန်ဆွဲတတ်တာတွေပျင်းတာတွေကိုသိနေရက်သားနဲ့မပြင်နိုင်ခဲ့ဘူး
ခုဆိုသမီးဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုအံ့သြစေတတ်လဲ
လောက်တဲ့အထိပြောင်းလဲနိုင်ခဲ့တယ်နောက်ပြီး
ဆရာပြောတဲ့စကားလုံးတိုင်ကသမီးအတွက်Activeဖြစ်တယ်
ဒီသင်တန်းလေးကလူငယ်တွေတတ်သင့်တဲ့သင်တန်းလေးပါ
တတ်လဲတတ်စေချင်တယ်တတ်ဖို့လဲတိုက်တွန်းပါတယ်
အချိန်အများကြီးပေးစရာမလိုဘဲတတ်လို့ရတဲ့သင်တန်းလေးပါ
ဆရာပြောတဲ့အတိုင်းသာလိုက်နာမယ်ဆိုတကယ်အောင်မြင်ပါတယ်။ဆရာပြောတဲ့*အချက်ပြ တစ်ခုခုခုအစားထိုး ကျေနပ်မူရှိ*ဒီစကားလေးကအရမ်းတန်ဖိုးရှိပါတယ်။
သမီးကိုလမ်းပြပေးတဲ့ဆရာကိုအရမ်းကျေးဇူးတငိပါတယ်
ဆရာလဲအောင်မြငိမူအများကြီးရပါစေ။
(~ Nant Chaw Su)
++++
ကျွန်တော့်မှာနှစ်ပေါင်းများစွာကမပြင်နိုင်ခဲ့တဲ့အကျင့်ဆိုးတခုရှိတယ်။နည်းလမ်းမျိုးစုံနဲ့ပြောင်းလဲဖို့ကြိုးစားခဲ့တယ်မအောင်မြင်ခဲ့ဘူးဒီသင်တန်းကိုတွေ့တော့တက်ဖြစ်အောင်တက်ခဲ့တယ်သင်ခန်းစာတွေကိုလည်းနေ့စဉ်ပုံမှန်လိုက်လုပ်ခဲ့တယ်ကျွန်တော့ရဲ့လိုချင်မှုပြင်းပြတဲ့စိတ်ရယ်သင်တန်းမှာပါတဲ့ယုံကြည်ချက်၃ချက်ရယ်ဆရာ့ရဲ့စနစ်တကျနဲ့လက်တွေ့ကျတဲ့သင်ကြားမှုတွေရယ်ပေါင်းစပ်လိုက်တော့အကျင့်ဆိုးတခုကိုယတိပြတ်ပြောင်းလဲနိင်ခဲ့တယ်ဆရာ့ကိုအထူးပဲကျေးဇူးတင်ပါတယ်
(~ Kyaw Swar)
++++
အကျင့်ပြောင်းသင်တန်းမတက်ခင်ကတည်းက ဆရာကိုသူရရဲ့2minutes အစီအစဉ်ကိုနားထောင်ဖြစ်ခဲ့ပါတယ် သင်တန်းမတက်ခင်ကတော့ ကိုယ့်ကိုယ်ကို ဆိုးလှတဲ့အကျင့်တွေကို ငါတကယ်ပြောင်းနိုင်ပါ့မလားလို့ မယုံမရဲဖြစ်ခဲ့ပါတယ် တက်ကြည့်လိုက်တော့ ၃ရက်မြောက်နေ့မှာပဲ ကိုယ့်စိတ်သာမက နေထိုင်မှူပုံစံကိုပါသတိထားမိလာတယ် ၁၀ရက်တာကုန်ဆုံးသွားတဲ့နောက်မှာ ကိုယ်လုပ်နိုင်တယ် ပြောင်းနိုင်တယ်လို့ အသေအချာ ယုံကြည်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပါတယ်
၁၀ရက်သင်တန်းဆိုပေမဲ့ ဘ၀တလျှောက်လုံးအတွက် အဖိုးထိုက်တန်လွန်းတဲ့ သင်ခန်းစာတွေနဲ့ လမ်းညွှန်မှူတွေကိုပေးခဲ့တဲ့ ဆရာ ကိုသူရကို အထူးကျေးဇူးတင်ပါတယ်
(~ Padauk Wah)
++++
သင်တန်းမတက်ခင်က ကိုယ့်စိတ်ကို မနိုင်ခဲ့ဘူး.. အကျင့်ဆိုးတွေကများပီး လူကဖြစ်ချင်တိုင်းဖြစ်နေတယ်.. သင်တန်းတက်ပီးတော့ တော်တော်ပြောင်းလဲသွားတယ်..အကျင့်ဆိုးတွေကို စနစ်တကျပြုပြင်နိုင်လာတယ်.. အကျင့်ဆိုးတွေပြုပြင်ရုံတင်မကဘူး.. အကျင့်ကောင်းတွေကိုအမြဲလုပ်ဖြစ်လာတယ်..
ကိုယ့်ဆီမှာရှိတဲ့ ကိုယ့်ဘဝကိုဆွဲချနေတဲ့ အကျင့်ဆိုးကို ပြုပြင်ပြောင်းလဲချင်တဲ့သူတွေ တက်ကြည့်ပါ လို့အကြံပြုချင်တယ်.. ပိုက်ဆံ၁သောင်းဆိုတာ ကိုယ်သုံးတဲ့ဖုန်းဘေလောက်တောင်မရှိပါဘူး..သင်တန်းကနေ ရလိုက်တာတွေကတော့ ကိုယ့်ဘဝအတွက် အကျိုးရှိတဲ့ဟာတွေ..
ဒီလိုသင်တန်းမျိုးဖွင့်ပေးတဲ့ ကိုသူရကိုလည်း ကျေးဇူးအထူးပါ လို့..
(~ Sai HlaingWin Han)
++++
သင်တန်းသား ကို ဇော်###x ရဲ့ Feedback ပါ... (နာမည်မတင်ပါနဲ့ဆိုလို့ပါ... :D)
- သင်တန်းမတက်ခင် Page မှာ တင်နေကျ Live တွေကြည့်ပြီး ဗဟုသုတအများကြီးရပါတယ်။Page ထဲ ဝင်ကြည့်ရာက ဒီသင်တန်း ကိုတွေ့တယ် သင်တန်းရဲ့Feedback တွေလည်း အရမ်းကောင်းတာတွေ့တယ် သင်တန်းကြေးကလည်း ဖုန်း Bill ဖြည့်သလောက် ရှိတော့ စုံစမ်းပြီး တက်ဖြစ်တယ်
- သင်တန်းတက်ပြီး ခဏချင်းပင် သင်တန်းတက်တာ မှန်ပြီ ခံစားရတယ်။ သင်တန်းကြေးနဲ့တောင် မတန်ဘူးပြောရလောက်အောင် ဗဟုသုတတွေ နည်းလမ်းတွေကကောင်းလွန်းပါတယ်
- မတက်ခင်ကတော့ ကိုယ့်အကျင့်ကိုပြောင်းချင်တာပဲသိတယ် (ဆရာပြောသလိုဆို ကလေးကို အတင်းဒါမလုပ်နဲ့လုပ်ခိုင်းနေသလိုပါပဲ)
- တက်ပြီးနောက် ကိုယ့်အကျင့်ကို နားလည်လာတယ် ဘယ်လိုနည်းတွေနဲ့ပြောင်းလဲရမယ် သိလာတယ် (ခဏလေးမဟုတ်ဘဲ ရေရှည်ပြောင်းလဲနိုင်တာပါ)
- သင်တန်းတက်မလို့စဉ်းစားရင်း ဒီ Feedback လေးတွေ့တယ်ဆို ချက်ချင်းသင်တန်းစုံစမ်းပြီး တက်လိုက်ပါ တကယ်ကောင်းတဲ့သင်တန်းတခုလို့ပြောပါရစေ..
==============================
#သင်ကြားမှုပုံစံ
Onlineသင်တန်းဖြစ်တဲ့အတွက် တစ်နေ့ကို မိမိအားလပ်ချိန်(ဘယ်အချိန်ဖြစ်ဖြစ်) ၁၅ မိနစ်လောက်သာ ထားပေးရင်လုံလောက်ပါတယ်။ သင်တန်းသားထံကို
မနက် 9-10 နာရီ အတွင်း Day1..Day2... နေ့အလိုက် သင်ခန်းစာများကို video file, mp3, လေ့ကျင့်ခန်းများဆိုပြီး FB (Messenger ) မှတဆင့် အလွယ်တကူလေ့လာနိုင်အောင် တိုက်ရိုက်ပေးပို့ပေးမှာဖြစ်ပါတယ်။
(အားလပ်ချိန်မှာ ဝင်ရောက်သင်ယူရုံပါပဲ)
သင်ခန်းစာများကို မသိလိုက်မှာ မမီလိုက်မှာ စိုးရိမ်စရာမလိုပါဘူး။
Online ဖြစ်တဲ့အတွက်လည်း မိမိရဲ့ မကောင်းတဲ့အကျင့်များကို အခြားသင်တန်းသားများကို သိအောင်ပြောနေစရာမလိုပါဘူး။
သင်တန်းသားများကို နေ့တိုင်းအနီးကပ် အကျင့်တွေကို အချက်ကျကျပြောင်းလဲပေးသွားမှာပါ။ မကောင်းဘူးဆိုတာ သိသည့်တိုင်အောင် နှစ်ရှည်လများစွာ မိမိဘာသာ ပြောင်းလဲလို့မရသေးသော အကျင့်ဆိုးများဖယ်ရှားကာ အကျင့်ကောင်းများ အစားထိုးပြောင်းလဲဖို့က ၁၀ရက် အတွင်း ကူညီပေးမှာဖြစ်ပါတယ်။
သင်တန်းကြေးက ဖုန်းဘေလ်တောင်မရှိပါ။
အကျင့်ပြောင်းသင်တန်းကို ကြာသပတေးနေ့ညနေမှာ စာရင်းလက်ခံခြင်း ပိတ်ပါမယ်ခင်ဗျာ။
=============================
#၁၀ရက်အတွင်းသင်ကြားပေးမဲ့အကြောင်းအရာများ
Day 1 - အကျင့်ရှာဖွေခြင်း
Day 2 - အကျင့်ရွေးချယ်ခြင်း
Day 3 - အကျင့်လေ့လာခြင်း
Day 4 - အကျင့်ပြောင်းစီစဉ်ခြင်း
Day 5 - စတင်ပြောင်းလဲခြင်း
Day 6 - စီစဉ်ခြင်း
Day 7 - စမ်းသပ်ခြင်း
Day 8 - တာ၀န်ယူခြင်း
Day 9 - အကျင့်ဇယား
Day 10 - အနာဂတ်အစီအစဉ် တို့ဖြစ်ပါတယ်..
===============================
အကျင့်နဲ့ဆိုင်တဲ့ အကြံဉာဏ်တွေယူပြီး နေ့စဉ် စနစ်တကျ ပြောင်းလဲသွားချင်တယ်ဆိုရင်တော့ သင်တန်းကြေး ၂၀၀၀၀ ကျပ်ပါ။
သင်တန်းကြေး= ၅ သောင်းကျပ် (Guide)
သင်တန်းကြေး = ၂ သောင်းကျပ် (Self-study)
သင်ကြားရက် = ၁၀ ရက်
သင်ကြားမည့် ပုံစံ = FB Group မှတဆင့်
==============================
သင်တန်းတက်ရောက်မယ့်သူများကို ဘဏ်လိပ်စာ အကြောင်းကြားပေးပါ့မယ် ခင်ဗျာ
============================
တကယ် ပြောင်းလဲချင်သူများသာ တက်ပါ ခင်ဗျာ..
တက်ရောက်ချင်သူများ အောက်မှာ မန့်သွားပေးပါ...
Comment မှတဆင့် သင်တန်းအသေးစိတ်ကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ..