Minhla news

Minhla news 2 လုံး3လုံး လုံးဝမတင်ရ

13/09/2024

ကလောရေဘေး သေဆုံးသူ ၆၀ ကျော်ရှိပြီး ပျောက်ဆုံးသူတွေလည်း များပြားနေ

မဲခေါင်၊ စက်တင်ဘာ ၁၃

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့မှာ ရေကြီးရေလျှံတာကြောင့် နာရီနဲ့အမျှ ရေနစ်သေဆုံးသူတွေ ရှိနေပြီး လူမှုကူညီရေး အသင်းတွေ မနိုင်တော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ စုံစမ်း သိရပါတယ်။

မနေ့ (စက်တင်ဘာ ၁၂) ကတည်းက တောင်ကျချောင်းရေတွေ အဆမတန် တက်လာတာကြောင့် သေဆုံးသူ ၆၀ အထိ ရှိလာပြီး ပျောက်ဆုံးသူလည်း ၈၀ ကျော်ရှိတယ်လို့ လူမှုကူညီရေး အသင်းဝင် တစ်ဦးက ပြောပါတယ်။

“သေတာတော့ အလောင်းတွေအရ အတည်ပြုတာပေါ့။ တချို့ ပျောက်နေတာတွေက ဖုန်းလိုင်း မရတာလည်း ဖြစ်နိုင်တယ်။ သေပြီးမှ အလောင်းမတွေ့တာလည်း ဖြစ်နိုင်တယ်။ ဝင်လို့ရတဲ့ နေရာတွေ အကုန်လုံးတော့ ကြိုးစားပြီး ရှာနေပါတယ်”လို့ သူက ပြောပါတယ်။

မြို့နေရာအနှံ့နဲ့ ကားလမ်းမကြီးတွေ တစ်လျှောက် မြေပြိုမှုတွေ ဖြစ်နေသလို ကလောနဲ့ အောင်ပန်းကြားရှိ ခြင်္သေ့ ၂ ကောင်တောင်ဘေး တောင်ကျချောင်းဟာလည်း‌ ရေလျှံကျနေပြီး ကားလမ်းမကြီးမှာ ၄ ပေအထိ ရေလွှမ်းနေတယ်လို့ ဆိုပါတယ်။

“ဖြတ်ရဲတဲ့ကားတွေက ဖြတ်ကြတယ်။ တချို့ ကုန်ပါတဲ့ ကားတွေကျတော့လည်း ဒီမနက် မှောက်တာတွေ မြင်ပြီး လန့်ကြတယ်နဲ့ တူတယ်။ မဖြတ်ရဲကြဘူး” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

ရိက္ခာတွေဝေတဲ့သူနဲ့ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေဟာ နည်းပါးလွန်းနေပြီး ကလောမြို့ စတင်ရေကြီးချိန်မှာလည်း ဖုန်းလိုင်းပြတ်တောက်သွားတာကြောင့် ကျန်တဲ့ မြို့တွေထက် ပျက်စီးဆုံးရှုံးမှု ပိုများတယ်လို့ သိရပါတယ်။

ကလောမြို့အနီး အောင်ပန်းမြို့မှာ ရေစတင်ကျလာပေမယ့် စိုးရိမ်ရေမှတ် ရှိနေဆဲ ဖြစ်ပြီး အစားအစာ၊ အဝတ်အထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

MK-014

#ရှမ်းပြည်တောင်ပိုင်း
#ကလော
#လွိုင်လင်
#ခေါင်းနွဲ့တောင်
#မြေပြိုကျ

10/09/2024

အုတ်ဖိုမြို့နယ်၊ စဥ့်ကူးရွာ အုပ်ချုပ်ရေးမှူး သက်အောင် ပစ်ခတ်ခံရပြီးသေဆုံး၊ အလောင်းလာ ကောက်သည့် စစ်ကောင်စီ တပ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး ထပ်မံသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ စဥ့်ကူးရွာ အုပ်ချုပ်ရေးမှူး သက်အောင် ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်းလာ ကောက်သည့် စစ်ကောင်စီ တပ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ စဥ့်ကူးရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် သက်ကြီး(ခ) သက်အောင်ကို တောင်သုံးလုံးဘုရားနှင့် စဥ့်ကူးကျေးရွာ အကြားရှိ လမ်းပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များက စောင့်ကြို ပစ်ခတ် ရှင်းလင်းပြီး ၄င်းထံမှ မိုလ်ဘိုင်း ဖုန်း ၁ လုံး၊ ငွေကျပ် ၁ သိန်း နှင့် စစ်မှုထမ်းဟောင်း ကတ်ပြား ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ပြီးနောက် နံနက် ၉ နာရီခန့်တွင် အလောင်းလာကောက်ရန် လာသည့် ပျူစောထီးများနှင့် တော်လှန်ရေး ရဲဘော်များ ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ်၂၀ခန့် ကြာမြင့်ကာ ပျူစောထီး ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သက်ကြီး (ခ) သက်အောင် သည် အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး ပြည်သူများကို အတင်းအကျပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ စစ်တပ်ထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ အချက်အလက်များ​ ထောက်​လှမ်း​သတင်းပို့ခြင်း၊ စဥ့်ကူးကျေးရွာနှင့် တမံကြီးရွာ အကြား၌ စစ်ဆေးရေးဂိတ်ဖွင့်ကာ အကြောင်း အမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်း၊ ဒေသ လူငယ်များကို စည်းရုံး၍ စစ်ကောင်စီ လက်ကိုင်တုတ် ပျူစောထီးအဖွဲ့အား ဖွဲ့စည်းပြီး ပြည်သူများအား အမျိုးမျိုးဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ဆက်လက်၍ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ် ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ အဆိုပါ ထောက်တိုင်များအနီး ပြည်သူများအနေနှင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် ကြိုတင် အသိပေးအပ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

02/09/2024

မင်းလှမှာ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများက ရိုက်နှက်ပြီး ဝိုင်းဝန်းမုဒိန်းကျင့်မှုဖြစ်ပွား

Tharyarwaddy 8 City / စက်တင်ဘာ၂၊ ၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများက ရိုက်နှက်ပြီး ဝိုင်းဝန်းမုဒိန်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

မင်းလှမြို့နယ်၊ လှည်းပြင်တင်အုပ်စု၊ စစ်ပြန်ကွင်းကျေးရွာ အရှေ့ဘက် ပဲခူးရိုးမထဲရှိ ကိုးထစ် (ဂဝံ) ကျောက်တောင် ဘုန်းကြီးကျောင်းတွင် လာရောက်ကူညီလုပ်ကိုင်နေသည့် အသက်၃၀နှစ်ခန့်အရွယ် မလှလှ(အမည်လွဲ) အား သြဂုတ်လ ၃၁ရက်နေ့ မွန်းတည့်၁၂နာရီခန့်တွင် အဆိုပါဘုန်းကြီးကျောင်း နောက်ဖေးပေါက်မှ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၃ဦးမှ ရိုက်နှက်၍ ဝိုင်းဝန်းမုဒိန်းကျင့်ခဲ့ကြကြောင်း သိရသည်။

"စစ်ပြန်ကွင်းက အသားဖြူဖြူ ကောင်မလေးတစ်ယောက် တစ်နေ့တုန်းက ကိုးထစ်ကျောက်တောင် ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ လုပ်ပေးနေတုန်း စစ်သား၃ယောက်က ကျောင်းနောက်ဖေးတံခါးကဝင်လာတယ်။ အဲ့စစ်သားတွေမြင်ပြီး ကောင်မလေးက ထွက်ပြေးဖို့ ကြိုးစားတော့ သေနတ်ဒင်နဲ့ထုတယ် ပါးတွေကို ရိုက်နှက်ပြီး ဝိုင်းပြီးမုဒိန်းကျင့်ကြတယ် မိန်းမအင်္ဂါက သွေးတွေထွက်ပြီး မေ့မျှောတဲ့အထိ မိုက်မိုက်ရိုင်းရိုင်း ယုတ်မာကြတာ"ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကိုပြောပြသည်။

အဆိုပါ မုဒိန်းကျင့်ခံရသည့် အမျိုးသမီးမှာ ဖခင်ဖြစ်သူနှင့် ကိုးထစ် (ဂဝံ) ကျောက်တောင် ဘုန်းကြီးကျောင်းတွင် လာရောက်ကူညီလုပ်ကိုင်ပေးနေသူဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် ဖခင်ဖြစ်သူနှင့် ကျောင်းထိုင်ဘုန်းကြီးတို့ ကျောင်းတွင် မရှိချိန် စော်ကားခံရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သားများ၏ မုဒိန်းကျင့်ရိုက်နှက်မှုကြောင့် မျက်နှာဖူးယောင် ဒဏ်ရာများနှင့် အမျိူးသမီးအင်္ဂါမှ သွေးထွက်သည့် ဒဏ်ရာများ​ရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဓာတ်ပုံ - ခလရ(၁)စိန်ကန့်လန်စစ်တပ်မှ ရှေ့တန်းပြန်စစ်သားများ (ပုံဟောင်း)

သတင်း - လော်ရှိန်းအောင်(မင်းလှ)
စာတည်း - ရာမန်

=============================

Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါပလက်ဖောင်းများတွင် ဖက်ရူနိုင်ပါသည်။

Facebook စာမျက်နှာ 👇👇👇
https://www.facebook.com/profile.php?id=100071042152240&mibextid=gik2fB

Telegram ချန်နယ် 👇👇👇
https://t.me/tharyarwaddy8city

YouTube ချန်နယ် 👇👇👇
https://youtube.com/

#မင်းလှ #စစ်ပြန်ကွင်း
#အမျိုးသမီးတစ်ဦး
#စစ်ကောင်စီတပ်သားများ
#ရိုက်နှက်ပြီးဝိုင်းဝန်းမုဒိန်းကျင့်

သာယာဝတီခရိုင်ရှစ်မြို့နယ်အခြေပြုသတင်းဌာန

01/09/2024

အုတ်ဖိုမှာ PDFတွေ သတိပေးထားတဲ့ကြားက ကျွန်းနုပင်တွေ ထပ်မံခိုးထုတ်နေလို့ ပြင်းပြင်းထန်အရေးယူသွားမည်

Tharyarwaddy 8 City စက်တင်ဘာ၁၊ ၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်မှာ PDFတွေ သတိပေးထားတဲ့ကြားက ကျွန်းနုပင်တွေ ထပ်မံခိုးထုတ်နေလို့ ပြင်းပြင်းထန်အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ၃၀ရက် နံနက် ၉နာရီခန့်မှာ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးအတွက် တော်လှန်ရေးရဲဘော်များ ကင်းလှည့်နေစဥ် ဂမုန်းကြိုးဝိုင်းအတွင်းက ကျွန်းနုပင်များ ခုတ်ယူသယ်ဆောင်နေကြသည့် သစ်ခိုးထုတ်နေသူများကို တွေ့ရှိခဲ့တာကြောင့် ထပ်မံခိုးထုတ်ခြင်း မပြုလုပ်ဖို့ သတိပေး၍ ပြန်လွတ်ပေးခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်ထားပါသည်။

ထိုကဲ့သို့ ပြန်လွတ်ပေးလိုက်သည့် သစ်ခိုးထုတ်နေသူများထံမှ နေရာ၃ခုမှာ ခုတ်ယူထားသည့် (၆.၈)တန်ရှိ ကျွန်းနုပင် အလုံး(၈၀)အား သိမ်းဆည်းလိုက်ကြောင်း၊ ယခုပြန်လည်လွတ်ပေးလိုက်သူများဟာ သြဂုတ်လ ၁၅ရက်နေ့ကလည်း ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ် (၅၆)နှင့် (၅၇)မှ ကျွန်းနုပင် ၁၅ကုဗအား ခုတ်ယူကြတာကြောင့် သတိပေးကာ ပြန်လည်လွတ်ပေးခဲ့ကြသူများဖြစ်ပေမယ့် သတိပေးချက်ကို မလိုက်နာကြသူများဟုဆိုသည်။

"၁၅ရက်နေ့ကလည်း ကျွန်းနုပင်တွေခုတ်တာတွေ့တာကြောင့် ထပ်မလုပ်ဖို့သတိပေးပြီး ပြန်လွတ်ပေးလိုက်တာကို ခုဒီလူတွေပဲ ကျွန်းနုပင်တွေ ခိုးထုတ်တာ ထပ်ဖမ်းမိတယ်။ သစ်တွေကိုသိမ်းထားပြီး သတိပေးစကား​ပြောတယ် ထပ်ကျူးလွန်းတာတွေ့ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်ပြောဆိုပြီး ပြန်လွတ်ပေးလိုက်တယ်။ အများပြည်သူက ဒီတောတောင်ကို မှီခိုလုပ်ကိုင် စားသောက်နေကြတာမို့ ရိုးမကို သွားလာခွင့်မပိတ်ဘဲ ကျွန်းနုပင်တွေကိုသာ မခုတ်ဖို့ သတိပေးနေတာကို မရဘူး။ အလေးမထားကြဘဲ ကျွန်းနုပင်တွေကို ထပ်ခိုးခုတ််မယ် သတိပေးတားမြစ်တာ မလိုက်နာရင်တော့ ကျွန်တော်တို့ စစ်ဆင်ရေးနယ်မြေမှာ သွားလာခွင့် မဖြစ်မနေပိတ်ရလိမ့်မယ်"ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ခွဲမှူး ရဲဘော်ဒေဝက Tharyarwaddy 8 City ကိုပြောပါသည်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တောသယံဇာတများကို ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေတယ်လို့ ခံယူထားတဲ့အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းက ကျွန်းနုပင်များကို ခိုးထုတ်မှု မပြုလုပ်ဖို့နဲ့ ကျွန်းနုပင်များကို ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ အသိပေးထားပါသည်။

အရပ်သားအစိုးရထံမှ လက်နက်အားကိုးနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီကို ဝင်ငွေရစေတဲ့အတွက် သစ်တောတွေကို ထင်သလို ခုတ်ယူနေ၍ သစ်တောပြုန်းတီးမှုများပြားလာတာကြောင့် PDFတပ်ဖွဲ့များက သစ်တောသယံဇာတများကို ကာကွယ်ထိန်းသိမ်းခြင်းနဲ့ စစ်ကောင်စီ ဝင်ငွေမရစေဖို့ အရေးယူခြင်းများ လုပ်ဆောင်နေကြသည်။

သတင်း - တက်တိုးအောင်(အုတ်ဖို)
စာတည်း - ရာမန်

=============================

Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါပလက်ဖောင်းများတွင် ဖက်ရူနိုင်ပါသည်။

Facebook စာမျက်နှာ 👇👇👇
https://www.facebook.com/profile.php?id=100071042152240&mibextid=gik2fB

Telegram ချန်နယ် 👇👇👇
https://t.me/tharyarwaddy8city

YouTube ချန်နယ် 👇👇👇
https://youtube.com/

#အုတ်ဖို
ွေသတိပေးထားတဲ့ကြားကကျွန်းနုပင်တွေထပ်မံခိုးထုတ်နေ
#ပြင်းပြင်းထန်အရေးယူသွားမည်
#မြေအောင်ပြောက်ကျားတပ်ဖွဲ့_အုတ်ဖို

သာယာဝတီခရိုင်ရှစ်မြို့နယ်အခြေပြုသတင်းဌာန

26/08/2024

ပဲခူတိုင်းမင်းလှ ပေါ်ကလူတွေ စစ်မှု့ထမ်းထောက်ပံကြေးတစ်အိမ်ထောင်ကို အမှတ်ရှစ် သုံးသောင်း..အမှတ်နှစ် 12500အမှတ် 6 10000ပေးပြီး ပြီဆိုပြီးအတင့်မရဲကြနဲ့နော် ညနေကလူစည်ကားရာနေရာမှာလူငယ်တစ်ဦးကို ပေါက်ပြဲ ချုပ်ရတဲ့အထိ ပျူစောထီးလှခိုင် တို့ညီအစ်ကို နဲ့လူတစ်စု သောင်းကျန်းနေသေးတယ်ဆိုတာသတိပြုကြ..လှခိုင်က မြို့သစ်ထိပ်ရထားလမ်းမှာ ပြီးခဲ့တဲ့လကပဲကိုဗျားကြီးကို အ​​သေသတ်သွားခဲ့သေးတဲ့လူ

26/08/2024

ပဲခူးတိုင်း မင်းလှ ဗိုလ်ရုံတန်းလမ်းမပေါ် မြို့သစ်ပေါက်ထိပ် ကွမ်းယာဆိုင်တွင် ယနေ့မွန်းတည့်ချိန်ခန့်က ပျူစောထီးလှခိုင်..လှကြိုင် ညီအစ်ကို နှစ်ယောက်နှင့် လူလတ်အရွယ် လူတစ်စုတို့မှ လူငယ်တစ်ယောက်အား အိမ်စီးကားပေါ်မှဆင်း၍ ထုရိုက်နှက်ခဲ့ရာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ 6ချက်ခန့်ချုပ်ရ..ရရှိခဲ့ကြောင်းသိရပါသည်...
ယနေ့ မွန်းတည့်ချိန် 12နာရီ ခန့်တွင် ဗိုလ်ယုံတန်းလမ်းမပေါ် မြို့သစ်ပေါက်ထိပ် လပြည့်ဝင်းစတိုးနှင့်ရှမ်းပုဆိုင်ကယ်ပြင်ဆိုင်ဘေးကွမ်းယာဆိုင်ဘေးအုတ်ခုံတွင် ကိုသက်ပိုင်ဆိုသူ လူငယ်မှကွမ်းယာမှာပြီးထိုင်နေခဲ့ပါသည်..ဌင်းထိုင်နေသည့်အချိန်တွင် ပျူစောထီးလှခိုင် လှကြိုင် ညီအစ်ကိုနှစ်ဦးနှင့် လူငယ်အရွယ်လူတစ်စုမှ အိမ်စီးကားဖြင့် ဌင်းကွမ်းယာဆိုင်ရှေ့တွင် ကားရပ်၍ ကွမ်းယာမှာခဲ့ပါသည်..ဌင်းတို့မှာထားသောကွမ်းယာထုပ်ကို ကိုသက်ပိုင်မှ ကားအနားသို့သွားရောက်ယူပေးစဥ် လှခိုင် လှကြိုင်ညီအစ်ကိုနှစ်ဦးနှင့် လူငယ်အရွယ် လူတစ်စုမှ ကားပေါ်မှဆင်းလာပြီး ကိုသက်ပိုင်ကို ထိုးကြိတ်ရိုက်နှက်ခဲ့ရာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိပြီး ဆေးရုံတွင် 6ချက်ခန့်ချုပ်ရ ပါသည်..ဌင်းကိုသက်ပိုင်သည် ဗိုလ်ရုံတန်းနောက်ကြောခြမ်းတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး.ဦးနှောက်အနည်းငယ်ကျပ်မပြည့်..ဆိုင်ကယ်ပြင်(အလုပ်သင်)ဖြင့်အသက်မွေးဝန်းကြောင်းပြုသူ လူငယ်တစ်ဦးဖြစ်ကြောင်းသိရှိရပါသည်...

23/08/2024

ပဲခူးတိုင်း မင်းလှ အရှေ့ရုံးကြီးထဲ ရခအင်အား 200ခန့် အဓိကရုဏ်းနှိမ်နှင်းရေး ဝါတ်စုံပြည့်ဖြင့်ဝင်ရောက်နေရာယူထားကြောင်းသတင်းရရှိပါသည်...

23/08/2024

ပဲခူးတိုင်း မင်းလှ မြို့တွင်း စခများယခု ပါတ်ကင်းလှည့်နေပါပြီ ဆင်ခြေဖုံးရပ်ကွက်များ ဝင်လာနိုင်ပါတယ် သတိရှိကြပါ...ကားနှစ်စီးစခအပြည့်ပါပါတယ်

23/08/2024

ပဲခူးတိုင်း မင်းလှ မြို့တွင်း ယခု စစ်ကားနှစ်စီးအပြည့်ဖြင့် စခများဝင်ရောက်သွားကြောင်းသတင်းရရှိပါသည်...

23/08/2024

ပဲခူးတိုင်း မင်းလှ ဆင်တဲကုန်းရွာအခြေအနေဆိုးနေပါတယ် ကျောင်းသားမိဘတွေနှင့် ရွာခံတွေကို ရွာပြင်ထွက်ခွင့်မပေးပဲ လူသားဒိုင်းပုံစံ ပြုလုပ်ထား ကျောင်းသားမိဘတွေ ဌင်းတို့သားသမီးများအား သွားပြန်ခေါ်၍မရ...

23/08/2024

update...ပဲခူးတိုင်း မင်းလှ ဗိုလ်ရုံတန်းလမ်းပါတ်ဆွဲနေပါပြီတဲ့နော်
edit....အရှေ့ကျောင်းကြီးကကျောင်းသားတွေကို မိဘတွေကိုယ်တိုင်လာခေါ်ခိုင်းပြီး အားချင်းကျောင်းဆင်းပေးလိုက်ပါပြီ..

23/08/2024

ပဲခူးတိုင်း မင်းလှ နေ့လည် 1နာရီ ကနေ 3:30အတွင်း မြောက်ဖက်မြို့သစ်.ပြည်တော်သာ.မြို့တွင်းကို.စခရခတွေပါတ်ကင်းလှည့်မယ်တဲ့နော် အားလုံးသတိဆိုတာ ပိုတယ်မရှိ

22/08/2024

ပဲခူးတိုင်း မင်းလှ အနောက်ကြို့ကုန်းရွာထိပ် ဘုန်းကြီးကျောင်းတွင် စခအင်အား25ခန့်တပ်ဆွဲထားကျီကုန်းရွာ အင်အား25ခန့် စစ်ကွင်းမြို့ စခအင်အား140ခန့် ဖြင့်ဝင်ရောက်တပ်ဆွဲထားကြောင်းသတင်းရရှိပါသည်

21/08/2024

စစ်တပ်ပေါ်တာနှင့် သာယာ၀တီခရိုင်ထဲမှ တိတ်ဆိတ်သွားတဲ့လမ်းမများ (ဆောင်းပါး)

Tharyarwaddy 8 City / ဩဂုတ်၂၁၊၂၀၂၄

သာယာ၀တီခရိုင်တွင် မြို့နယ်အနေနှင့် ရှစ်မြို့နယ်ရှိပြီး ထိုမြို့နယ်များသည် အလွန်စည်ကားလှသည်။ အာဏာမသိမ်းမီအချိန်များမှာ အလွန်စည်ကားခဲ့သလို ‌အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အခြားခရိုင်၊တိုင်းများနှင့်မတူပဲ စည်ကားနေသေးသည်။

၂၀၂၄ခုနှစ်၊ ဩဂုတ်လလယ်မှစတင်ပြီး စစ်တပ်လက်အောက်ရှိ သာယာ၀တီခရိုင်အတွင်းမှ မြို့နယ်များ၏ လမ်းမများသည် တိတ်ဆိတ်သွားခဲ့ပါသည်။ တိတ်ဆိတ်သွားသည်က အကြောက်တရားကြောင့်ဖြစ်သည်။

သာယာ၀တီခရိုင်ထဲရှိ မြို့နယ်ရှစ်ခုမှ မြို့နယ်အားလုံးတွင် ‌စစ်တပ်မှပေါ်တာဆွဲနေခြင်းဖြစ်ကာ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနှင့် နတ်တလင်းမြို့နယ်တို့တွင် အခြားမြို့နယ်များထက် အဖမ်းအဆီးပိုများသလို ပိုကြမ်းသည်ကိုလည်း စုံစမ်းသိရှိရပါသည်။

စစ်ကောင်စီတပ်မှ ဩဂုတ်လလယ်တွင် အပျော်အပါးများနှင့် အလိုက်သင့်နေပျော်အောင် ပေးနေခိုင်းထားသော ထိုမြို့နယ်များအား တပ်သားသစ်လိုအပ်ချက်အရ စတင်ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်လာပေမယ့် စစ်ကောင်စီတပ်သည် မြို့၀င်မြို့ထွက်များနှင့် အခြားနေရာများတွင် တပ်စွဲထားသည့်ပုံစံမဟုတ်ပဲ၊ ပုံဖျက်ကာ ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်သည်။

ထိုဖမ်းဆီးမှုများသည် နေ့စဉ်ရက်ဆက်ရှိနေသောကြောင့် သာယာ၀တီခရိုင်ထဲရှိမြို့နယ်များမှ လမ်းမများသည် တိတ်ဆိတ်ရှင်းလင်းသွားခဲ့သည်။

သာယာ၀တီခရိုင်ထဲရှိ မြို့နယ်များမှာ တစ်နေ့လျှင် လူဦးရေ၂၀နူန်းဖြင့် စစ်ကောင်စီတပ်၏ တပ်သားသစ်လိုအပ်ချက်ကို သမ္မတရူး ရူးနေသည့် မင်းအောင်လှိုင်ဆိုသူ၏ ပြည်သူစစ်မှုထမ်းဥပဒေကိုကိုင်ဆွဲကာ အောက်ခြေ တပ်သားများမှ လူစု‌(ပေါ်တာဆွဲ)ပေးနေသည်။

ယခုရက်ပိုင်းကြမှ ပေါ်တာဆွဲသည့်သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာရခြင်းသည်အကြောင်းရှိသည်။
ထိုအကြောင်းကတော့ စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာ တာ၀န်မကျေပွန်တော့တာကြောင့်ဖြစ်သည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုကရေစီဟု တဖွဖွပြောဆိုသော်လည်း မြေပြင်မှာတော့ ဒီမိုကရေစီနှင့်မညီညွတ်ပဲ ကျေးရွာပြည်သူလူထု၏ ထောက်ခံမှုမပါဝင်သည့် စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီ၀င်များကို ရပ်ကျေးအတွက် အာဏာကုန်တာ၀န်လွှဲအပ်ပေးထားသည်။

အာဏာကုန်လွှဲအပ်တာ၀န်ပေးလိုက်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကိုတော့ စစ်သင်တန်း ရက်တိုပေးပြီး စစ်တပ်မှ သေနတ်၊ ဗုံး စသည့် စစ်အသုံးအဆောင်ပစ္စည်းများကိုပါ တပါတည်းပေးအပ်ထားသည်။

ယခင်က ထိုရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လက်နက်အားကိုးဖြင့် ရပ်ရွာပြည်သူလူထုအပေါ် အနိုင်ကျင့်ကာ စစ်တပ်အတွက် အတင်းအဓမ္မ လူစုပေးမှုများရှိခဲ့သော်လည်း သာယာ၀တီခရိုင်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ပြည်သူကိုကာကွယ်မည့် တော်လှန်ရေးအဖွဲ့အစည်းများမှ အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဆက်တိုက်ရှင်းလင်းနေတာကြောင့် အုပ်ချုပ်ရေးမှူးများ လူမစုပေးရဲတဲ့အပြင် တော်လှန်ရေးအဖွဲ့တွေ ရှင်းလင်းခံရမှာကြောက်ပြီး ထွက်ပြေးတိမ်းရှောင်သူများပြားလာသည်။

ထို့အတွက်ကြောင့် စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းမှုကို ရပ်ကျေးအုပ်ချုပ်‌ရေးမှူးများမှ တာ၀န်မကျေပွန်တော့သည့်အခါ စစ်တပ်မှ ၎င်းတို့ကိုယ်တိုင်ပေါ်တာဆွဲလာရသည့် အခြေအနေဖြစ်သည်။

အတည်မပြုနိုင်သေးသောသတင်းများအရ သာယာ၀တီခရိုင်ထဲရှိ မြို့နယ်နှစ်ခုကို တော်လှန်ရေးအဖွဲ့အစည်းများမှ သိမ်းပိုက်ဖို့ စီစဥ်ထားကြောင်း ကြားသိရသော်လည်း လမ်းမထက်တွင် ပြည်သူလူထုများ စည်ကားနေသည့်အတွက်ကြောင့် ပြည်သူမထိခိုက်စေရန် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်မှု မပြုလုပ်နိုင်ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း မြို့သိမ်းတိုက်ပွဲမဆင်နွှဲနိုင်သေးခြင်းမှာ စစ်တပ်သတင်းပေးများကို လုံခြုံရေးအရ ရှင်းလင်းနေရတာကြောင့် မြို့သိမ်းသည့်အဆင့်ကို မရောက်သေးတာလည်းဖြစ်သည်။

သာယာ၀တီခရိုင်အခြေစိုက်တော်လှန်ရေးအဖွဲ့အစည်းများမှ ပြည်သူတွေအနေနှင့် စစ်တပ်‌နှင့်နီးနီးကပ်ကပ် မနေကြဖို့နှင့် စစ်ကောင်စီလက်အောက်မှာ စည်ကားအေးချမ်းနေသည့်ပုံစံဖြစ်မနေဖို့ ဆိုသည့် သဘောသက်ရောက်သော အသိပေးထုတ်ပြန်မှုများ မကြာခဏထုတ်ပြန်လေ့ရှိသော်လည်း လိုက်နာချင်းမရှိခဲ့ပေ။ ယခုအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အသိပေးမှုများကို မလိုက်နာပဲ စည်ကားခဲ့သည့်လမ်းမများသည် တိတ်ဆိတ်သွားခဲ့ရသည်။

တော်လှန်ရေးသည် ပြည်သူပါမှ အောင်မြင်မည်ဆိုသောအချက်ကို သတိပြုပြီး ပြည်သူများအနေနှင့် ခရိုင်အတွင်းရှိ နီးစပ်ရာ တော်လှန်‌ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလိုက်လျှင် အောင်ပွဲသည် မကြာမှီအချိန်တွင်ရရှိမှာ မလွဲဧကံဖြစ်လာလိမ့်မည်ဟု ခရိုင်အတွင်းရှိ PDFတပ်ဖွဲ့ပြန်ကြားရေးတာ၀န်ရှိသူတစ်ဦးမှ တိုက်တွန်းပြောကြားပါသည်။

ဆောင်းပါး - အနတ္တ

=============================

#သာယာ၀တီခရိုင် #စစ်တပ်ပေါ်တာ
#တိတ်ဆိတ် #လမ်းမ

20/08/2024

လိုင်းပေါ်က friend တွေ ဘယ်ရောက်ကုန်ပြီလဲ မင်းလှ ကfriendတွေ အမြန်ဖြန့်ပါ ရခ.စခတွေ မြို့ပါတ်ဆွဲနေပါပြီ

20/08/2024

ပဲခူးတိုင်း မင်းလှ နီးစပ်ရာအမြန် ဖုန်းဆက် ကြပါ လမ်းကြို လမ်းကြားမကျန်ပါတ်ဆွဲနေပြီ ယောက်ကျားလေးတွေအမြန်ရှောင်ပါ လမ်းပေါ်မှာရှိနေရင် နီးစပ်ရာသူတွေ ဖုန်းဆက်ခေါ်ကြပါ

20/08/2024

ပဲခူးတိုင်း မင်းလှ ယောက်ကျားလေးတွေ လမ်းပေါ်မှာရှိနေရင်အမြန်ရှောင် လမ်းပေါ် ရခ စခတွေ ပါတ်ဆွဲနေပြီ 5:45 ဘူတာဝန်းထဲဝင်ဆွဲနေ

19/08/2024

မင်းလှ မြို့ မှာဖိနှိက်မှု့အတော်များလာပြီ မနက်ခင်းကတည်းက မြို့ထဲမှာ ဆိုင်ကယ်တွေပါတ်စစ် ဖမ်းဆီးမှု့တွေရှိခဲ့တယ်..စျေးချိုတန်းလမ်း နန်းတော်ဦးလက္ဘ်ရည်ဆိုင်ရှေ့.. စက်ကြီးတန်းလမ်း..မြောက်ဘက်တန်းလမ်း စိန်ပုရွာသစ်ထိပ်တို့မှာ ဖမ်းဆီးမှု့တွေရှိခဲ့ပြီး မြို့တွင်းမှာ ညနေစောင်းအချိန်ထိ လူသွား လူလာ မရှိပဲ ခြောက်ကပ်တိတ်ဆိတ်နေပါတယ်..ညဆို တစ်ည နှစ်ရပ်ကွက်နှုန်းလောက်ဧည့်စစ်ဝင်နေတယ်..အရောင်းအဝယ်တစ်ချို့ လူမရှိတဲ့အတွက် ထိခိုက်မှု့ရှိလာပါတယ်..အခြေခံလက်လုပ်လက်စားသမားအများစု ကုန်စျေးနှုန်းကြီးမြင့်မှု့..မတရားဖမ်းဆီးပေါ်တာဆွဲမှု့တွေကြောင့်အလုပ်အကိုင် နှေင့်နှေးကာ ဆန်ပြုပ်တောင် နပ်မမှန်တဲ့ ဘဝ ရောက်ကုန်ပါပြီ..တစ်ချို့ဆို တောင့်မခံနိုင်တော့လို့ ငါတို့သေချင်သေပါစေ..မြို့သိမ်းတိုက်ပွဲတွေ အမြန်စပါတော့လို့ ပြောဆိုသံတွေ ကျယ်ကျယ်ပြန့်ပြန့်ကြားလာရပါတယ်...

Address


Website

Alerts

Be the first to know and let us send you an email when Minhla news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share