BURMA PAGE

BURMA PAGE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BURMA PAGE, Video Creator, .

(၁၇)ပါးမြောက်  တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ အရှင်မြတ် ပေါ်ထွက်လာပါပြီ🙏🙏🙏🙏🙏 🪴🪴🪴🪴🪴 🙏🙏🙏🙏🙏          အရှင်သေဋ္ဌဉာဏာလ...
27/01/2025

(၁၇)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ
ဘွဲ့တံဆိပ်တော်ရ အရှင်မြတ် ပေါ်ထွက်လာပါပြီ
🙏🙏🙏🙏🙏 🪴🪴🪴🪴🪴 🙏🙏🙏🙏🙏

အရှင်သေဋ္ဌဉာဏာလင်္ကာရ
တိပိဋကမဟာဂန္ထဝင်‌ ကျောင်းတိုက်
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်း
မြန်မာနိုင်ငံ​၏ ၁၇ ပါးမြောက် ,
တိပိဋကမဟာဂန္ထဝင်နိကာယ်​၏ ဒုတိယ
#တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ရ
#အရှင်သေဋ္ဌဉာဏာလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားရာဇာတိနှင့် ဖွားသက္ကရာဇ်

အရှင်သေဋ္ဌဉာဏာလင်္ကာရသည် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရွာဗုကြီးရွာ ခမည်းတော် ဦးတင်စော- မယ်တော် ဒေါ်အုံးခတို့မှ ၁၃၄ဝ ပြည့်နှစ် တပေါင်းလပြည့်ကျော် ၄ ရက် (သောကြာနေ့)တွင် ဖွားမြင် သော သားရတနာ ဖြစ်သည်။ ဥပသမ္ပဒမင်္ဂလာ ၁၃၆၁ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက် (တနင်္ဂနွေနေ့)တွင် ၇ မိုင် စော်ဘွားလေးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြုလျက် ရဟန်းအဖြစ်သို့ ရောက်ရှိသည်

ကျေးဇူးရှင်ဆရာတော်များ

ရွာဗုကြီးရွာ ဥပ္ပလ္လင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘဏ၊ ၇ မိုင် စော်ဘွားလေးကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရနှင့် စာချဘုန်းတော်ကြီး များ၊ ကမ္ဘာအေး တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ပဓာနနာယက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ၊ ဘဒ္ဒန္တကဝိဓဇ၊ အရှင်ဉာဏကုသလ(ဥဘတော ဝိဘင်္ဂကောဝိဒ)၊ အရှင်စန္ဒန (ဒွိပိဋကကောဝိဒ၊ မူလအာဘိဓမ္မိက)၊ အရှင်ပညာဝံသာလင်္ကာရ (ဒွိပိဋက ကောဝိဒ၊ မူလအာဘိဓမ္မိက)၊အရှင်သိရိဒတ္တာလင်္ကာရ (ဒွိပိဋကကောဝိဒ) ရွှေနံ့သာစံပြကျေးရွာ တိပိဋကမဟာဂန္ဓာရုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသီတလ(ဒွိပိဋကဓရ)၊

အရှင်ဝါသေဋ္ဌာလင်္ကာရ (တိပိဋက ဓရ)၊ ဗဟန်းပါဠိတက္ကသိုလ် ညောင်တုန်းတိုက် ပဓာနနာယက ဘဒ္ဒန္တ သောဘဏ (အဘိဓဇမဟာရဋ္ဌဂုရု)၊ ဘဒ္ဒန္တတေဇနိယ(ပဋ္ဌာန်းအလင်းရောင်)၊ ဘဒ္ဒန္တပဝရာဘိဝံသ၊ ဘဒ္ဒန္တနာရဒါဘိဝံသ(သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ)နှင့် စာချဘုန်းကြီးများ၊ ရန်ကင်းတောင်ဥယျာဉ်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဇောတိက(အမ်အေ)နှင့် ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် ပဓာနနာယက တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၊ ဘဒ္ဒန္တသြဘာသာ ဘိဝံသ (ဒွိပိဋကကောဝိဒ၊ ဝိသိဋ္ဌမူလအာဘိဓမ္မိက) စသော စာချဘုန်းတော်ကြီးများထံတွင် ပိဋကတ်စာပေများကို သင်ကြားခဲ့ပါသည်။

အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများ

ဂဏဝါစကသာမဏေကျော်၊ ပရိယတ္တိသာသနာလင်္ကာရသာမဏေကျော်၊ ပရိယတ္တိသဒ္ဓမ္မ ရက္ခိတ သာမဏေကျော်၊ မင်္ဂလာဗျူဟာသာမဏေကျော်၊ ပရိယတ္တိသာသနဟိတသာမဏေကျော်ဘွဲ့များ၊ ၁၃၆၁ ခုနှစ် ပထမကြီးတန်း (ရန်ကုန်တိုင်းဒေသကြီး ပထမ၊ တစ်နိုင်ငံလုံး ဒုတိယ)သာသနဓဇဓမ္မာစရိယ၊ နိကာယုဇ္ဇောတက ဝိနယဓရ ဓမ္မာစရိယ၊ နိကာယုဇ္ဇောတကအတ္ထဝိသာရဒ ဒီဃဘာဏက၊ နိကာယဝုဍ္ဎိသမိတိဝိနယကောဝိဒ၊ နိကာယဝုဍ္ဎိသမိတိ ဒီဃနိကာယကောဝိဒ၊ ပရိယတ္တိသာသနဟိတဝိနယဓရ၊ ပရိယတ္တိသာသန ဟိတဒီဃဘာဏက၊ ကျောင်းတိုက်စာမေးပွဲ မဟာဂန္ထဝံသဒီဃာဂမ၊ မဟာ ဂန္ထဝံသ မူလအဘိဓမ္မာဂမ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ-၁/၂၊ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ၊ မူလ အာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒနှင့် နိကာယ်စာမေးပွဲ အသီးသီးတို့ကို လည်း အောင်မြင်ခဲ့သည်။

အာဘိဓမ္မိကဘွဲ့လက်မှတ်၁၃၇၉ ခုနှစ် အကြိမ်(၇ဝ)မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုပွဲတွင် အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်း နှစ်ကျမ်း အာဂုံပြန်ဆိုပွဲ၌ ပြန်ဆိုအောင်မြင်သောကြောင့် အာဘိဓမ္မိက (တိပိဋကဓရ) ဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးနီကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့ကို ခံယူရရှိတော် မူခဲ့ပြီး

ယခုအခါ (၇၇)မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သဘောရေးဖြေ စာမေးပွဲတွင် အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်း နှစ်ကျမ်း ပါဠိတော် အဋ္ဌကထာ ဋီကာ ရေးဖြေ အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးဝါကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ် ပါရှိသော သာသနာ့အောင်လံတော်တို့ကို အလှူခံရရှိတော်မူမည်ဖြစ်သည်။”

ဒီထက်ကောင်းတဲ့ဂါထာ ရှိသေးလို့လား     ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အခါတုန်းက - ❝ သရဏဂုံရဲ့တန်ဖိုးကို ❞ သိကြတဲ့အတွက် တချ...
26/01/2025

ဒီထက်ကောင်းတဲ့ဂါထာ ရှိသေးလို့လား


ဘုရားရှင်
သက်တော်ထင်ရှားရှိစဉ် အခါတုန်းက -
❝ သရဏဂုံရဲ့တန်ဖိုးကို ❞ သိကြတဲ့အတွက်
တချို့ကိုယ်ဝန်ဆောင် ဒကာမများဆိုရင်
မိမိအတွက် သရဏဂုံခံယူရုံမျှ မကသေးဘူး
မိမိဝမ်းထဲမှာ ရှိနေတဲ့ ကလေးအတွက်ပါ
သရဏဂုံခံယူတဲ့ ဒကာမတွေတောင် ရှိခဲ့ဖူးတယ် •••

ဘုရားရှင်လက်ထက်တော်က
သရဏဂုံကို အကြောင်းခံပြီး
ရဟန္တာဖြစ်သွားရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ဖူးတယ် သရဏဂုံမထေရ်လို့ပဲ အမည်တွင်ခဲ့ကြတယ် •••

သရဏဂုံ စွဲမြဲတဲ့အတွက်
ပဒုမုတ္တရဘုရားရှင် လက်ထက်ကစပြီး
ဘုရား ၁၆ - ဆူတိုင်တိုင် ရရှိခဲ့တဲ့
ဘဝပေါင်းကို အသာထား •••

ကမ္ဘာပေါင်းပင် မရေမတွက်နိုင်အောင်
အပါယ်လေးပါးဆိုတဲ့အသံကိုတောင် မကြားရဘဲ
လူ့ပြည်နတ်ပြည်မှာချည်း အဆင့်တန်းမြင့်မြင့် ,
စည်းစိမ်ခံစားခဲ့ရတဲ့
သာဓကလေးတစ်ခု ထုတ်ပြမယ် •••

မြတ်စွာဘုရား လက်ထက်တော်က
သာဝတ္ထိပြည်မှာ ခုနစ်နှစ်သားအရွယ်
သူဌေးသား သူငယ်လေးတစ်ယောက်
ကေလးတို့သဘာဝ
တစ်နေ့ ကစားဖော် ကလေးများနဲ့အတူ
ဘုန်းကြီးကျောင်းတိုက်တစ်ခုထဲ
ရောက်သွားကြတယ် •••

ကျောင်းတိုက်ထဲမှာ သီတင်းသုံးတဲ့
ရဟန္တာအရှင်မြတ်တစ်ပါးက
ပျူပျူငှာငှာ ကလေးများကို နှုတ်ဆက်မေးစမ်းပြီး သရဏဂုံသုံးပါးကို ရွတ်ဆိုသင်ပြ ပေးလိုက်တယ် •••

ကလေးနားနဲ့တန်တဲ့ ဆုံးမစကားလည်း
ပြောဟောပေးလိုက်သတဲ့ •••

အဲဒီထဲက ခုနစ်နှစ်အရွယ်
ခုန သူကြွယ် ကလေးလေးဟာ
❝ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ❞ လို့ ဆိုလိုက်တာနဲ့
ချက်ချင်း ရိုးတွင်းချဉ်ဆီခိုက်အောင်
ပီတိတွေ ဖြစ်သွားသတဲ့ •••

ဒီအချိန်မှာ အိပ်ပျော်နေရာကနေ
ဖြုန်းကနဲ နိုးလာပြီး
တစ်စုံတစ်ခု သတိရလိုက်သလိုမျိုး
မီးခဲပြာဖုံးဖြစ်နေတဲ့ အသိတွေဟာ
ဘွားခနဲ ပွင့်လင်းလာတယ် •••

ဒါနဲ့
သရဏဂုံကို အကြောင်းပြုပြီး
ဝိပဿနာဉာဏ် ဝင်စားလိုက်တာ
အဲဒီခုနစ်နှစ်အရွယ် ကလေးလေးဟာ
အဲဒီနေရာမှာပဲ ရဟန္တာဖြစ်သွားတယ် •••

❝ သတ္တဝါတို့မည်သည်
နောက်ကြောင်းကိုယ်စီ ရှိကြ၏။
ဘဝနောက်ခံ ကိုယ်စီပါ၏။ ❞ လို့ မှတ်ရမယ် •••

အသိဉာဏ်ရှိတဲ့ ဘဝတစ်ခုခုက
ထိထိမိမိ နှလုံးသွင်း လေ့ကျင့်ထားတဲ့
အလုပ်တစ်ခုဟာ
တစ်သံသရာလုံး အကျိုးဖြစ်စေတယ်
နှယ်နှယ်ရရ မမှတ်ကြနဲ့ •••

ဒီတော့ -
ဒီခုနစ်နှစ်အရွယ် သူကြွယ်လေးရဲ့
အတိတ်ဘဝကို ပြန်လိုက်ကြည့်တော့ -
ဟိုး ••• လွန်ခဲ့တဲ့ ခုနစ်ဆူမြောက်
ဝိပဿီမြတ်စွာဘုရားရှင်
လက်ထက်တော် အခါတုန်းက
ဒီခုနစ်နှစ်အရွယ် သူကြွယ်လောင်းလေးဟာ
ဗန္ဓုမတီပြည်က မျက်မမြင် ဒုက္ခိတ မိဘနှစ်ပါးကို
ပြုစုလုပ်ကျွေးခဲ့တဲ့ သားလိမ္မာလေး ဖြစ်ခဲ့တယ် •••

ရဟန်းတော်တွေရဲ့ဘဝကို ဖူးမြင်ရတိုင်း
သူ့မှာ အားကျတဲ့စိတ် ဖြစ်ရှာတယ် •••

သို့ပါသော်လည်းပဲ
❝ သြော် ••• ငါ့မှာ မျက်မမြင် မိဘနှစ်ပါးကို
လုပ်ကျွေးပြုစုရမယ့် တာဝန်က ရှိနေတယ်
သူများလို
လွတ်လွတ်လပ်လပ်သာ ဆိုရင်
ရဟန်းပြုရသော် ကောင်းလေစွ ❞ လို့
မကြာခဏ စိတ်ကူးမိတယ် •••

နောက်ဆုံးတော့
မရနိုင်တာ တောင့်တနေလို့ အကျိုးမရှိဘူး သရဏဂုံသုံးပါးနဲ့ နေပြီး
သရဏဂုံသုံးပါးနဲ့ သေရင်လည်း
ဒီဘဝ ဒီဒုက္ခတွေက လွတ်မြောက်မှာပါပဲ ဆိုပြီး
နိသဘလို့ခေါ်တဲ့ အဂ္ဂသာဝကမထေရ်တစ်ပါးထံမှာ သရဏဂုံ ဆောက်တည်ပြီး
အဲဒီ သရဏဂုံနဲ့ပဲ စွဲမြဲစွာ နေသွားတယ် •••

အဲဒီဘဝက သေတော့
တာဝတိံသာမှာ ဖြစ်တယ် •••

သရဏဂုံ စွဲမြဲထုံသောကြောင့်
အပါယ်လေးဘုံဆိုတာ ကြားပင်မကြားရဘဲ
ဝိပဿီ , သိခီ , ဝေဿဘူ , ကကုသန် , ကောဏဂုံ , ကဿပ , ဂေါတမဆိုတဲ့ ဘုရား ၇ - ဆူ
ကာလတစ်လျှောက်လုံး ကမ္ဘာပေါင်းများစွာ
လူ့ပြည်နတ်ပြည်မှာပဲ လှည့်လည်ပြီး
အဆင့်တန်းမြင့်မြင့်ချည်း ကျင်လည်ခဲ့ရတယ် •••

ငါတို့ ဂေါတမဘုရားရှင် လက်ထက်မှာတော့ -
ခုနက ပြောခဲ့တဲ့အတိုင်း ဒီခေတ်မှာ ပြောနေကြတဲ့
မီလျံနာ , ဘီလျံနာလောက်မက ချမ်းသာကြွယ်ဝတဲ့
မဟာသာလ သူဌေးမျိုးမှာ လူဖြစ်လာတယ် •••

ဘဝနောက်ခံပါခဲ့သည့် အားလျော်စွာ
❝ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ❞ လို့
နှုတ်က ရွတ်ဆိုလိုက်တာနဲ့
ဇာတိဿရဉာဏ်တွေ ရသွားပြီး
ဘွားခနဲ အတိတ်ဘဝက အလုပ်တွေ ပေါ်လာတော့
ဝိပဿနာဉာဏ်ဘက်ကူးပြီး ဝင်စားလိုက်တာ
ချက်ချင်း ရဟန္တာဖြစ်သွားရတယ် •••

အားကျဖွယ် ကောင်းလိုက်တာလေ •••

ဒါကြောင့်
အနည်းဆုံး သရဏဂုံနှင့်နေပြီး
သရဏဂုံနဲ့ သေကြရင်
အရိယာဘဝကို မရောက်ကြရသေးစေကာမူ
အပါယ်ဘေးကြီးကတော့ စိတ်ချရပြီ •••

နတ်ပြည်ခြောက်ထပ်ဆိုတဲ့
မြင့်မြတ်တဲ့ဘဝတွေကို အသာကလေးရနိုင်တယ်လို့ မမှိတ်မသုန် ယုံကြည်ကြရမယ် •••

သည့်ထက်ကောင်းတဲ့ ဂါထာ
မရှိဘူးဟူ၍ မှတ်ကြ •••

ဘယ်လို အန္တရာယ်ကင်းတယ်
စီးပွားတက်မယ် ဆိုပြီး
သူပြောလူပြော ဘုရားဟော မဟုတ်တဲ့
ဂါထာအသစ်အဆန်းတွေ မလိုက်ကြနဲ့ •••

❝ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ❞ ဆိုတဲ့
သဗ္ဗမင်္ဂလာ ဂါထာတော်ကြီးနှင့်
အရဟံ စေသာ
ဂုဏ်တော်မူရင်းတွေထက်
ကောင်းတဲ့ အစွမ်းပကားကြီးမြတ်တဲ့ ဂါထာ
ဘယ်မှာ ရှိလိမ့်မတုန်း
အဲဒါကိုပဲ စွဲစွဲမြဲမြဲ မှတ်ထားကြ •••

❝ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ ❞

#တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး

📌 အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌
Credit , Original Uploader

ပုဂံခေတ် သာသနာပြုအကျော်       ရှင်အရဟံရဟန္တာမထေရ်၏ ပုံတော်                 ဖူးမြင်နိုင်ကြပါစေ🙏🙏🙏
17/10/2024

ပုဂံခေတ် သာသနာပြုအကျော်
ရှင်အရဟံရဟန္တာမထေရ်၏ ပုံတော်
ဖူးမြင်နိုင်ကြပါစေ🙏🙏🙏

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)သီတင်းကျွတ် အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့်...
17/10/2024

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)

သီတင်းကျွတ် အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံပြီး စည်းစိမ်ဥစ္စာ ရတနာရွှေငွေတို့ ဒီရေအလား တိုးတက်ကြပါစေလို့

သီတင်းကျွတ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏🙏🙏

#သီတင်းကျွတ် #သီတင်းကျွတ်လပြည့်နေ့

်ဆိုင်

မင်္ဂလာနံနက်ခင်းပါ🙏🙏🙏{ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ }{ဓမ်မံ သရဏံ ဂစ်ဆာမိ }{သံဃံ သရဏံ ဂစ်ဆာမိ }🙏🙏{ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ }{ဒ...
16/10/2024

မင်္ဂလာနံနက်ခင်းပါ🙏🙏🙏
{ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ }
{ဓမ်မံ သရဏံ ဂစ်ဆာမိ }
{သံဃံ သရဏံ ဂစ်ဆာမိ }
🙏🙏
{ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ }
{ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂမိ }
{ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ }
🙏🙏
{တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ }
{တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ }
{တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိပါဘုရား }
🙏🙏
🙏လုံးစုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေ ကင်းစင်းဝေးငြိမ်းအေးကြပါစေ။
🙏၃၁ဘုံ အတွင်း၌ရှိကြကုန်သော ဝေနေယျသတ္တဝါအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ
ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ။
🙏စင်္ကြာဝဠာအနန္တ၌ရှိကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါ
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ
ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
🙏မြန်မာပြည်သူပြည်သား ကမ္ဘာသူ ကမ္ဘာသား အားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ
ဆင်းရဲခြင်းမှ ကင်းဝေး၍ ကပ်ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ။🙏🙏🙏

 #ဦးငှက်အကြောင်းတစေ့တစောင်း     ကဗျာရေးသောအခါမှာတော့ သူ့ရဲ့ကလောင်အမည်ကို သူ့ဘာသာ'ချစ်မှူးကျော်'ဟုပေးထားသည်။     ပထဝီဌာနမ...
16/10/2024

#ဦးငှက်အကြောင်းတစေ့တစောင်း

ကဗျာရေးသောအခါမှာတော့ သူ့ရဲ့ကလောင်အမည်ကို သူ့ဘာသာ'ချစ်မှူးကျော်'ဟုပေးထားသည်။

ပထဝီဌာနမှ လက်ထောက်ကထိကဦးဝင်း​၏ညီ၊ဦးမြင့်စိန်နှင့်က သူတို့လူငယ်တွေ ရင်းနှီးကြ​၏။

ကျော်မြင့်လွင်​၏ကလောင်အမည်ကိုကြားတော့ ဦးမြင့်စိန်က-

'မင်းကွာ၊တစ်ချိန်လုံးဒီလောက်သောက်လာတာ၊ချစ်မှူးကျော်လုပ်မနေစမ်းပါနဲ့၊သျှပ်မှူးကျော်ထားလိုက်'ဟုဆိုသည်။

သို့ဖြင့် သူ​၏ကလောင်အမည်က တကယ်ပဲ သျှပ်မှူးကျော်ဟု ခေါ်တွင်သွားတော့သည်။

ပုသိမ်ဒေသကောလိပ် ပရဝုဏ်ထဲမှာ သျှပ်မှူးကျော်၊ကိုကျော့မှူး၊အရိုင်းဖြူ(ကိုတင်အောင်)တို့​၏ 'မြ'ကဗျာစာအုပ်လေးထွက်ပေါ်လာခဲ့ဖူးသည်။ စာကူးစက် မင်ရနံ့ကလေးသင်းပျံ့နေသော ထိုစာအုပ်သည် ကောလိပ်ကျောင်းသားလူငယ်တို့​၏ ရင်ခုန်သံပဲ ဖြစ်ခဲ့သည်။

ပုသိမ်ဒေသကောလိပ် နှစ်လည်မဂ္ဂဇင်းမှာလည်း'သျှပ်မှူးကျော်'အမည်ဖြင့် စာတွေ၊ကဗျာတွေ ရေးခဲ့သည်။

ငယ်စဉ်ကတည်းက ရင်းနှီးကြသူတွေကတော့ သူ့ကို'ဘဲဥ'ဟု ခေါ်တတ်သည်။ယခုတော့ ကောလိပ်ဝန်းကျင်မှာ သူ့ကို ခင်မင်သူတွေက'ကိုသျှပ်'ဟုသာခေါ်ပြောကြလေသည်။

📘အဆုံးအစမဲ့မိုးသားထဲသွားရဦးမယ်

🖋နိုင်ဇော်

#ထူးအိမ်သင် #ဦးငှက်

အညာမှာတော့ ရဲယိုသီးလို့ ခေါ်ပါတယ်
15/10/2024

အညာမှာတော့ ရဲယိုသီးလို့ ခေါ်ပါတယ်

"သင် ဘယ်အချိန် ကုသိုလ်ယူသလဲ"မနက်( ၁ )နာရီနတ် သိကြားများ၊ထွက်ရပေါက် ပုဂ္ဂိုလ်တွေနဲ့ဝိဇ္ဇာကြီးတွေကြွရောက် တရားနာလာတဲ့အချိန...
15/10/2024

"သင် ဘယ်အချိန် ကုသိုလ်ယူသလဲ"

မနက်( ၁ )နာရီ
နတ် သိကြားများ၊
ထွက်ရပေါက် ပုဂ္ဂိုလ်တွေနဲ့
ဝိဇ္ဇာကြီးတွေကြွရောက်
တရားနာလာတဲ့အချိန်။
မနက်( ၂ )နာရီ
ပဋ္ဌာန်းဆက်ရှိကုန်ကြသော
ပုဂ္ဂိုလ်အပေါင်းတို့ကြွရောက်
တရားနာလာတဲ့အချိန်။
မနက်( ၃ )နာရီ
ကျွတ်ချင် လွတ်ချင်သော
မြင်အပ် မမြင်အပ်
ပုဂ္ဂိုလ်အပေါင်းတို့
ကြွရောက် တရားနာလာတဲ့အချိန်။
မနက်( ၄ )နာရီ
နတ်ကောင်း၊ နတ်မြတ်တို့
စောင့်ရှောက်ချိန်။
မနက်( ၅ )နာရီ
တာဝတိံသာ
သိကြားမင်းရှိရာနတ်ပြည်တွင်
ကိုယ်စောင့်နတ် အပါအဝင်
နတ် သိကြားတို့၏
နတ်သဘင်အစည်းအဝေး စတင်ချိန်။
မနက်( ၆ )နာရီ
ကိုယ်စောင့်နတ် အပါအဝင်
နတ် သိကြားတို့ တွေ့ဆုံပြီး
လူတို့၏ ...
ကောင်းမှု မကောင်းမှုများအား
မှတ်တမ်းပြုချိန်။
မနက်( ၇ )နာရီ
နတ်တို့ မေတ္တာပို့သ ပြီးစီး၍
နတ်သဘင် အစည်းအဝေး
အောင်မြင်စွာ ပြီးဆုံးချိန်။
တစ်နေ့တာရဲ့
နတ်ဒေဝါများ
သတ္တဝါတွေပေါ် ဂရုပြုချိန်...။

🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏

ပျောက်ဆုံးသွားတဲ့ နဂါးပလ္လင်ပေါ်မှ သဲအင်းဂူဆရာတော်ဘုရားကြီး🙏🙏🙏
14/10/2024

ပျောက်ဆုံးသွားတဲ့ နဂါးပလ္လင်ပေါ်မှ သဲအင်းဂူဆရာတော်ဘုရားကြီး🙏🙏🙏

1899 ခုနှစ်က မဟာမြတ်မုနိဘုရားကြီးရဲ့ ထီးတော်တင်ပွဲ🙏🙏🙏
13/10/2024

1899 ခုနှစ်က မဟာမြတ်မုနိဘုရားကြီးရဲ့ ထီးတော်တင်ပွဲ🙏🙏🙏

၁၉၆၃ ခုနှစ်ခန့်က မော်လမြိုင်မြို့၏ ရှားရှားပါးပါး ပုံရိပ်များ(DipaAshin ၏ Post မှ ရယူသည်။)(မူရင်းပိုင်ရှင်အားမသိသော်ငြား...
12/10/2024

၁၉၆၃ ခုနှစ်ခန့်က မော်လမြိုင်မြို့၏ ရှားရှားပါးပါး ပုံရိပ်များ

(DipaAshin ၏ Post မှ ရယူသည်။)
(မူရင်းပိုင်ရှင်အားမသိသော်ငြားလည်း လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်)

နိုင်ငံကျော် အဆိုတော်ကြီး ထူးအိမ်သင်ရဲ့တုနှိုင်းမဲ့ရတနာလေး မိကွန်ထော🤎🧡🕊️💞💞🌹🌹
11/10/2024

နိုင်ငံကျော် အဆိုတော်ကြီး ထူးအိမ်သင်ရဲ့
တုနှိုင်းမဲ့ရတနာလေး မိကွန်ထော🤎🧡🕊️💞💞🌹🌹

အရမ်းကိုလွမ်းတယ်အမေ😢```````````````* အတိုက်အခိုက်တွေ များတဲ့ပတ်ဝန်းကျင်မှာ ရှင်သန် ​ရတဲ့အခါအမေ့ရဲ့အိမ်လေးကို ပိုးပြီးလွမ...
10/10/2024

အရမ်းကိုလွမ်းတယ်အမေ😢

```````````````

* အတိုက်အခိုက်တွေ များတဲ့

ပတ်ဝန်းကျင်မှာ ရှင်သန် ​ရတဲ့အခါ

အမေ့ရဲ့အိမ်လေးကို ပိုးပြီးလွမ်းတတ်လာတယ်

အရင်ဆို အမေမနှိုးရင် မထတဲ့ကောင်

အခု နှိုးစက်မြည်တာနဲ့ ကပျာကယာပဲ ထရတယ် အမေ !!

* အမေ ပြင်ပေးတဲ့ မနက်စာတွေလို

ဘယ်အရသာရှိပါ့မလဲ

ဒီမှာတော့ ဗိုက်​ပြည့်ရုံသာ ဖြေရှင်းလိုက်ရတာပေါ့

မိသားစု စားပွဲဝိုင်းလေးမဟုတ်တော့လည်း

ဟိုဒါမစားချင်ဘူး ဒါမစားချင်ဘူးဆိုပြီး ဂျီးများလို့မရဘူး

မကြိုက်လည်းစား ကြိုက်လည်းစားရတယ် အမေ !!

* လူတွေနဲ့ ဆက်ဆံရေးတွေ အဆင်မပြေတာကအစ

ခါးခါးသီးသီး မျိုသိပ်ထားရတယ်

အိမ်မှာလိုမျိုး အလိုမကျတိုင်း ပေါက်ကွဲပြလို့ မရပြန်ဘူး

ဒီမှာက အတုအယောင်တွေပါ

သူတို့သာမှ ပေါင်းချင်ကြတာ

တကယ်ပါ စိတ်ရောကိုယ်ရော နွေးထွေးမှုကိုမရှိဘူး အမေ !!

* ကိုယ်တိုင်ရှာကြည့်မှ ပိုက်ဆံတွေက စျေးတက်သွားတယ်

အမေ့ဆီမှာ လက်ဖြန့်တောင်းတုန်းက

နည်းနည်းလေးမှ တန်ဖိုးမထားတတ်ခဲ့ဘူး

အမေ့လက်တွေကပဲ စွမ်းတာလား

ကျွန်တော်လက်တွေကပဲ မသန်တာလား

အဝတ်အစားတွေက အရင်လို

တောက်တောက်ပြောင်ပြောင်ကို မရှိတော့ဘူး အမေ !!

* ကျန်းမာရေးတော့ အရမ်းဂရုစိုက်ရပါတယ်

နေမကောင်းဖြစ်ရင် အရင်လိုအနားမှာ

ပြုစုပေးမယ့် အမေက မရှိဘူးလေ

အစစအရာရာ ခက်ခဲပါတယ် ဒါပေမဲ့

အမှန်တိုင်းတွေ​ပြောရင် စိတ်ဆင်းရဲနေမှာသိလို့

အဆင်ပြေတယ်လို့ညာမိတာ ခွင့်လွှတ်ပါ အမေ !!

၁၉၆၀ ခုနှစ်ကျော် ဝန်းကျင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ လေဒီရှရီရမ်ကောလိပ်က ဗမာကျောင်းသူတစ်ဦးနဲ့ သူမရဲ့သူငယ်ချင်းများ။
09/10/2024

၁၉၆၀ ခုနှစ်ကျော် ဝန်းကျင်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ လေဒီရှရီရမ်ကောလိပ်က ဗမာကျောင်းသူတစ်ဦးနဲ့ သူမရဲ့သူငယ်ချင်းများ။

ခြင်းဝိဇ္ဇာ (၁၉၂၄)
08/10/2024

ခြင်းဝိဇ္ဇာ (၁၉၂၄)

ယခုခေတ် လူငယ်တွေ သိရှိခြင်း အလွန်နည်းသွားပြီဖြစ်တဲ့ အင်္ဂလန်နိုင်ငံ၊ ဝိတိုရိယပြတိုက်ရှိ မြန်မာနိုင်ငံ၏ ရှေးနန်းတွင်းပစ္စ...
08/10/2024

ယခုခေတ် လူငယ်တွေ သိရှိခြင်း အလွန်နည်းသွားပြီဖြစ်တဲ့ အင်္ဂလန်နိုင်ငံ၊ ဝိတိုရိယပြတိုက်ရှိ
မြန်မာနိုင်ငံ၏ ရှေးနန်းတွင်းပစ္စည်းများ...

Creadit... Photos

ဒေါက်တာဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် မွေးဖွားခဲ့သည်။ မန္တလေးမြိ...
07/10/2024

ဒေါက်တာဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် မွေးဖွားခဲ့သည်။

မန္တလေးမြို့ စိန့်ပီတာကျောင်း (အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း)တွင် အထက်တန်းအောင်မြင်ခဲ့သည်။

၁၉၇၉ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။

ယင်းနောက် စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်တွင် ဇီဝဓာတုဗေဒသရုပ်ပြ အဖြစ် လုပ်ကိုင်ခဲ့သည်။

❝ အရေးအကြီးဆုံးက စာဖတ်ပါ ❞...(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။(၂...
06/10/2024

❝ အရေးအကြီးဆုံးက စာဖတ်ပါ ❞...
(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။
ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ
ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။

(၂) ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။
ဘယ်နေရာရောက်ရောက် ရိုးသားပါ။
ဘာလုပ်လုပ် ရိုးသားပါ။
ဘာပြောပြော ရ်ိုးသားပါ။
ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့ ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။

(၃) ဘာမှမသ်ိရင် အောက်ကျို့ရတယ်။ ဒါကြောင့် သိအောင် လေ့လာပါ။ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။ငွေရှာပါ။ပိုက်ဆံစုပါ။ ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

(၄) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။ဒါပေမဲ့ အဲဒီအထဲမှာ ကိုယ်ကျင့်တရားမပါစေနဲ့။
ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူကပိုများပါတယ်။

(၅) လိုအပ်နေမှန်းသိရင် တစ်ချို့က
ထွက်သွားချင်တယ်။
လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူး။ ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့။ တချို့က အများကြီးချစ်တာနဲ့ လုံးဝမတန်ပါဘူး။

(၆) တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။ လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့ တချို့အရာတွေက ကိုယ်ထင်ထားသလောက်အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်။

(၇) ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။

crd...


#လူငယ်တွေအောင်မြင်ဖို့ #ဦးသန့်
#စာအုပ်စာပေလူ့မိတ်ဆွေ

Address


Website

Alerts

Be the first to know and let us send you an email when BURMA PAGE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share