စစ်တပ်နဲ့ ရဲဆိုတာ
ငါတို့အတွက်တော့ ဘဝတစ်သက်စာ ချဉ်ဖတ်ပဲ။
မန်းတလေး စီးပွားရေးဘဏ်(၁)ရှေ့မှာ အင်အားသုံးဖြိုခွဲတဲ့ Liveထဲမှာ
စစ်သားတစ်ကောင် က "ဘယ်ကောင်သေရဲလဲ" တဲ့
အော်
လက်နက်ကြီးကိုင်ပြီး လက်နက်မဲ့တွေကိုကြွေးကြော်နေတာ စစ်သားကြီးက။ ဟုတ်ပါတယ်ဗျာ ။
ကျနော်တို့မသေရဲပါဘူး ။
အဲ့လိုပဲ ခင်ဗျားတို့လည်း မသေရဲပါဘူး။
ခင်ဗျားတို့ကပိုကြောက်လို့ လက်နက်တွေတောင်ကိုင်ထားကြတာပါ ။
သတ္တိရှိရင် ပြည်သူတွေလို ဘာလက်နက်မှ မကိုင်ပဲ လာခဲ့လေ။
ဒါပေမယ့်
ကျနော်တို့က ဓမ္မ နဲ့ အဓမ္မကို
ခွဲခြားနိုင်ပြီး မှန်တဲ့ဘက်ကနေ နေရဲတဲ့သတ္တိအပြည့်ရှိကြပါတယ် ။
ခင်ဗျားလို
လက်နက်အားကိုးပြီး သူများရှူးတိုက်တိုင်း ကိုက်တဲ့ကောင်စားမျိုးတွေတော့မဟုတ်ကြဘူးဗျ
#RejectMilitaryCoup
#WhatsHappeningInMaynmar
#CivilDisobedienceMovement
#SaveMyanmar
#Release_Our_Leaders
ဘယ်လိုအဖြေထွက်ထွက် စစ်တပ်နဲ့ ရဲဆိုတာ ငါတို့အတွက် ဘဝတစ်သက်တ
အမေရိကန်သမ္မ Live
US PRESIDENT ON BURMA:
“မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူတွေ၊ နိုင်ငံရေးသမားတွေကို ချက်ချင်းလွှတ်ပေးဖို့ ကျနော်ဒီနေ့ ထပ်ပြီးတောင်းဆိုပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့သိမ်းထားတဲ့အာဏာကို စွန့်လွှတ်ရမှာဖြစ်ပြီး နိုဝင်ဘာ ၈ရက်နေ့ရွေးကောက်ပွဲမှာ သူတို့သဘောထားတွေကို ဖော်ထုတ်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာရမှာဖြစ်ပါတယ်”
“ဒီနေ့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် သူတို့လုပ်ခဲ့တာတွေရဲ့အကျိုးဆက်ကိုခံစားရစေဖို့ အရေးယူမှုတွေအများကြီး တသီတတန်းကြီးတွေကို ကျနော်ကြေညာသွားမှာပါ။ အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရက အမေရိကန်နိုင်ငံမှာထားရှိတဲ့ ရန်ပုံငွေ တစ်ဘီလီယံဒေါ်လာကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ မယူနိုင်အောင် တားဆီ