Spicy Life

Spicy Life Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spicy Life, Media/News Company, .

ငရုတ်ပင် (chili pepper) ကို ရုက္ခဗေဒအလိုအားဖြင့် 'ကက်ဆီကမ်းအန်နျူ အမ်း'ဟု ခေါ်သည်။ ငရုတ်စေ့များကို ဧပြီလမှ ဇွန်လအထိ ပျို...
19/10/2022

ငရုတ်ပင် (chili pepper) ကို ရုက္ခဗေဒအလိုအားဖြင့် 'ကက်ဆီကမ်းအန်နျူ အမ်း'ဟု ခေါ်သည်။ ငရုတ်စေ့များကို ဧပြီလမှ ဇွန်လအထိ ပျိုးခင်းများ၌ ကြဲပေးရသည်။ စတုရန်း ၁ဝ ပေတွင် ငရုတ်စေ့ ၅ အောင်စ ကြဲလျှင်သင့်၏။ အပင်ကလေးများထွက် လာ၍ လေးလက်မခန့်မျှ မြင့်လျှင် ပြောင်းရွှေ့၍ အတန်းလိုက် တစ်ပင်နှင့် တစ်ပင်ကို ၁၂ ပေခန့်ခြားကာ စိုက်ပေးသင့်သည်။ မြေဩဇာကောင်းသောနေရာ၌ ငရုတ်ပင် စိုက်ပျိုးလျှင် ဖြစ်ထွန်းသည်။ ဆောင်းတွင်းအတွက် မြေဩဇာထည့်ပေးပြီး သား ဖြစ်လျှင် နောက်ထပ်ထည့်ပေးရန် မလိုချေ။ သို့ရာတွင် လွန်ခဲ့သည့် ခြောက်လအတွင်းမှာ မြေဩဇာ မထည့်ရသေးလျှင် ငရုတ်ပင်များကို မစိုက်မီ မြေဩဇာ ထည့်ပေးသင့်သည်။ ရာသီဥတုခြောက်သွေ့နေပါက ၇ ရက်တစ်ပတ်လျှင် တစ်ကြိမ် ကျ ရေလောင်းပေးသင့်သည်။ ပေါင်းသင်ပေးမှ အပင်များ သန်စွမ်းနိုင်သည်။

မိုးတွင်းနှင့် ဆောင်းတွင်းတွင် အသီးများ ရင့်မှည့်ကြသည်။ ငရုတ်သီးသည် အရှည် ၁ လက်မနှင့် ၁ လက်မခန့် ရှိသည်။ အတွင်း၌ အစေ့ပြားကလေးအများ ရှိသည်။ ငရုတ်သီးသည် အလွန်စပ်ပြီး သနပ်၊ လက်သုတ်စုံ စသည်တို့တွင် အနံ့အရသာ အတွက် အသုံးပြုကြသည်။ ငရုတ်သည် ဆေးများဖော်စပ်ရာ၌ အသုံးဝင်သည်။ ငရုတ်ကာလီ၊ ငရုတ်ဖရုံ၊ ငရုတ်မိုးမျှော်နှင့် ငရုတ်ရွှေအပ်ဟူ၍ ငရုတ်အမျိုးမျိုး ရှိသည်။ [၃]

သတိပြုကာကွယ်ရမည့် ငရုတ်သီးတွင်ဖြစ်တတ်သော ပျက်စီးမှုများ-----------------------------------------ခရမ်းချဉ်သီးတွေ ရိပုပ်ပျ...
19/10/2022

သတိပြုကာကွယ်ရမည့် ငရုတ်သီးတွင်ဖြစ်တတ်သော ပျက်စီးမှုများ

-----------------------------------------

ခရမ်းချဉ်သီးတွေ ရိပုပ်ပျက်ဖျက်စီးတာ သိမှတ်စရာဖော်ပြခဲ့ပြီးပြီ။ အခုတစ်ခါ ငရုတ်သီးတွေမှာလည်း ဖြစ်တတ်တဲ့ ပျက်စီးမှုတွေရှိတယ်။ ငရုတ်သီးလည်း အမျိုးပေါင်းများစွာရှိတာပဲ။ စပ်တာ၊ ချိုတာ၊ ပူတာ အရသာမတူတာတွေ ရှိသလို အသီးပုံသဏ္ဌာန် လုံးဝိုင်းတာ၊ ရှည်တာ၊ ပုတိုတာရှိတယ်။ ငရုတ်ပုတိုကို မိုးမျှော်၊ ကုလားအော် ခေါ်ကြသလိုငရုတ်ရှည်ကို မြွေစွယ်လို့ ခေါ်ခဲ့ကြတယ်။
အရောင်မှာလည်း အစိမ်း၊ အနီ၊ အဖြူ၊ အဝါစုံနေတာ။ မိုးပေါ်ထောင်သီးတာ၊ အောက်ငိုက်ကျသီးတာ၊ အသီးတွေစုပြုံသီးတာ၊တစ်တောင့်ချင်း သီးတာလည်းရှိတယ်။အနံ့လည်းမရှိတာ၊ ခပ်သင်းသင်းလေးမွှေးတာ၊ အသီးမှာလည်း ဆီးသီး (ဇီးသီး) အရွယ်ကနေ မာလကာသီးအရွယ်အထိ ကြီးတာလည်းရှိသေး။ အသီးအခွံက ပြောင်ချောတာရှိသလိုအသီးခွံက ဖုထစ်ပြီး ရုပ်ဆိုးဆိုး ငရုတ်သီးတွေလည်း ရှိသေးတာပဲ။ ကျွန်တော် နာဂတောင်တန်းမှာ နေထိုင်ခဲ့စဉ်က စားခဲ့ရတဲ့ “စောင်းကျူး” လို့ခေါ်တဲ့ ငရုတ်သီးက မြေပြန့်ဈေးတွေမှာ တွေ့ရတဲ့ အဖုအချိုင့်တွေပါတဲ့ “ရွှေလှန်ဗိုလ်”လို ငရုတ်မျိုးပါ။ ဒီငရုတ်ကျတော့ စပ်တာရော၊ ပူတာရောရှိတယ်။

ဟင်းအိုးထဲမှာ တစ်တောင့်လောက်ပါတာနဲ့ ပါးစပ်ဟပြီး လေချွန်နေရတဲ့ ငရုတ်သီးမျိုးတွေပါ။ ငရုတ်သီးမှာလည်း ရောဂါစုံနေတယ်။ အသီးမှဲ့ပြောက်စွန်းရောဂါက မျိုးစေ့က မှိုပါတဲ့ မျိုးစေ့ဆောင်ရောဂါ မျိုးဖြစ်တော့မျိုးစေ့ကို ဟိုမိုင်းလို့ခေါ်တဲ့ဆေးနဲ့ မျိုးစေ့တစ်ကီလိုမှာ ဆေးသုံးဂရမ်နဲ့ လူးနယ်စိုက်ပျိုးရင် ရောဂါကျတာ သက်သာတယ်။ မိုးရာသီစိုက်တဲ့ငရုတ်မှာ နွေနဲ့ ဆောင်းစိုက်ထက် ပိုပြီးရောဂါဖြစ်နိုင်တယ်။ အသီးပေါ်ရောဂါကျမှသိကြတော့ နောက်ကျသွားပြီ။ စတင်ဖြစ်တာက အပွင့်စပွင့်ချိန်ကတည်းက ရောဂါလက္ခဏာပြနေပြီ။ စိုက်ခင်းထဲက ငရုတ်ပင်ပွင့်ချိန် အပွင့်တွေ သေချာစစ်ဆေးကြည့်ရှူပေးရပါတယ်။ ရေလည်း ပုံမှန်ပေးလျက်သားနဲ့ အပင်က လန်းပြီး အပွင့်တွေပဲ ရွေးကွက် ညှိုးငိုက်နေရင် ရောဂါစပြီ။အပွင့်က ညှိုးခြောက်ေြွကကျပေမဲ့ ရောဂါက ပွင့်ညှာမှာကျန်ခဲ့ပြီး အကိုင်းအထိကူးသွားနိုင်တယ်။

အကိုင်းရောက်သွားတော့ ပြသတာက ကိုင်းဖျားခြောက်တာမျိုး၊ ကိုင်းဆုံကိုင်းခွခြောက်တာမျိုး တွေ့ရမယ်။အကိုင်းကနေ အသီးရှိရာ ရောဂါရောက်သွားပြီး အသီးပေါ်မှာ စတင်တွေ့ရမှာကရေစိုအနာကွက်၊ ဒီနောက် အကွက်ကြီးကကျယ်လာပြီး နီညိုရောင်အနာကွက်ကနေအမည်းရောင် အနာကွက်တွေဖြစ်မယ်။ သေချာကြည့်ရင် အနာကွက်တွေပေါ်မှာ မှိုအဖုလေးတွေရှိတာ တွေ့ရမယ်။ အသီးတွေထဲမှာကြည့်လိုက်ရင် တွန့်ရှုံ့နေမယ်။ ရောဂါက ဒီလောက်အထိဖြစ်လာရင် ပျံ့နှံ့ကူးစက်မှုမြန်တယ်။ သွင်းတဲ့ဖျန်းတဲ့ရေ၊ တိုက်ခတ်တဲ့လေ၊ ရွာတဲ့မိုးရေမိုးပေါက်တွေနဲ့ ကူးစက်တာပဲ။ ငရုတ်သီးအနုလည်းဖြစ်တာပဲ။ ဒါပေမဲ့ ရောဂါလက္ခဏာက အသီးရင့်မှ လာပြတတ်တယ်။

မှိုသတ်ဆေးသုံးရပြီး စိုက်ခင်းမှာ နေရောင်ရမှု၊ လေဝင်လေထွက်ကောင်းအောင် ရောဂါမကျခင်ကတည်းကပြုလုပ်ပေးထားရတယ်။ ငရုတ်သီးမှဲ့ပြောက်စွန်းရောဂါ (ANTHRACNOSE) နဲ့ ကိုင်းဖျားခြောက် (DIEBACK) ရောဂါက မှိုမျိုးတစ်မျိုးတည်းကရောဂါဖြစ်တာကြောင့် ယှဉ်တွဲပြီး အမြဲတွေ့ရတတ်ပါတယ်။ အသီးမှာ မှဲ့ပြောက်တွေ့ရတာမကဘူး။ အရွက်မှာလည်း မှဲ့ပြောက်အကွက်
တွေ တွေ့ရပါမယ်။ ငရုတ်မှာ သီးပုပ်ရောဂါဖြစ်လာရင်တစ်ပြိုင်နက် ပင်စည်လည်းပုပ်တာကို နှစ်ခုယှဉ်တွဲတွေ့ရတတ်ပါတယ်။ ပင်စည်အခေါက်တွေ ရောဂါကျမယ်၊ ပင်စည်ကိုရောဂါက တစ်ပတ်ပတ်မိရင် ပင်စည်ကျိုးကျသွားပါမယ်။ ပင်စည်မှာ ရောဂါကြောင့် အဖုတွေတွေ့ရမယ်။ ကိုင်းတွေခြောက်လာမယ်။ အဲဒီကနေ အသီးရောက်သွားမယ်၊ ပုပ်မယ်။ ရောဂါက ရေနဲ့ မြေကနေ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
ငရုတ်သီးတောင့်ရှည်တွေမှာ အများဆုံးတွေ့ရတတ်တယ်။ တချို့လည်း ငရုတ်သီးခြောက်လာမှ ညိုမည်းခြောက်တာကို တွေ့လာကြရတယ်။ငရုတ်သီးမှာ မှိုရောဂါတွေ ဖြစ်တာကျတော့ အဆိပ်မှိုတွေ (အဖရာတော့ပ်ဆင်ဘီ-တစ်) ဆက်ပြီးဖြစ်နိုင်လို့ စားသုံးသူကို ရောဂါတွေဖြစ်စေလို့ ငရုတ်သီးမှာကျတဲ့ ရောဂါတွေဟာ တခြားအသီးတွေမှာကျတဲ့ ရောဂါတွေထက် ပိုပြီးဂရုစိုက်ကာကွယ်နှိမ်နင်းပေးကြသင့်ပါတယ်။

မှိုသတ်ဆေးတွေကို အပင်မှာ ပန်းမပွင့်ခင်ဖြစ်စေ၊ အပင်ငယ်စဉ်ဖြစ်စေ ကြိုတင်ပက်ဖျန်းတာမျိုးလုပ်ကြတယ်။ သက်သာမှုရှိတယ်။အဓိကပြုလုပ်ရမှာက ရောဂါခံနိုင်တဲ့ငရုတ်မျိုးရွေးချယ်စိုက်ဖို့ မစိုက်ခင် ငရုတ်မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်စိုက်ဖို့၊ စိုက်ပြီးရင် အပင်ငယ်ဘဝကတည်းက ရောဂါကာကွယ်ဖို့၊ စိုက်ခင်းထဲ ရေမဝပ်ဖို့၊ ရေမများဖို့၊ အစိုမများဖို့ ပြုလုပ်ပေးရပါတယ်။ ငရုတ်သီးက စိုက်ပြီးနှစ်လကြာရင်အပင်က ပန်းပွင့်မယ်။ ပွင့်ပြီးနှစ်ပတ်ကြာရင် စတင်ခူးနိုင်မယ်။ စိုက်ပြီး လေးလခန့်အထိ ရက်ခြားခူးနိုင်မယ်။ အစိမ်းခူးချင်ခူး၊ အမှည့်ခူးရင် နီရဲမှည့်မှ ခူးသင့်တယ်။ ဒီလိုနီရဲမမှည့်ခင် အသီးက ဟိုနားစိမ်း၊ ဒီးနားမှည့်တာမျိုးရှိတဲ့ ကြက်တူရွေးနှုတ်သီးမှည့်တာမျိုးနဲ့ အသီးတစ်ခုလုံး ညိုတိုတိုမှည့်တာမျိုး ကြေးညိုတောင့်တွေဖြစ်လာပြီးမှ (ဒါမျိုးမခူးဘဲ) နီရဲမှည့်မှခူးရင် အခြောက်ခံဖို့အတွက် အမှည့်ကောင်းဖြစ်တယ်။

ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်

Address


Website

Alerts

Be the first to know and let us send you an email when Spicy Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share