Mokepalin အသားတိုး၀က်မွေးမြူရေး CP Pig GROUP

  • Home
  • Mokepalin အသားတိုး၀က်မွေးမြူရေး CP Pig GROUP

Mokepalin အသားတိုး၀က်မွေးမြူရေး CP Pig GROUP Pig Sales and Buy

ရေကြီးရေလျှံမှုတွေနဲ့လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေရှိပေမယ့်လည်းမင်မင်တို့အတတ်နိုင်ဆုံးပို့‌ဆောင်ပေးနေပါတယ်ခင်မျာအစာမှာတဲ့...
13/09/2024

ရေကြီးရေလျှံမှုတွေနဲ့လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေရှိပေမယ့်လည်းမင်မင်တို့အတတ်နိုင်ဆုံးပို့‌ဆောင်ပေးနေပါတယ်ခင်မျာအစာမှာတဲ့သူများတဲ့အတွက်မက်ဆင်ဂျာမှာစာမပြန်နိုင်တာစာပြန်နောက်ကျတာဖစ်ရင်သည်းခံပေးပါနော်

📢📢📢Promotion လာပါပြီဗျို့-------------------------------ဆန်းဂျင်းဝက်အငယ်စာ ထဲမှာ 👉ဝမ်းလုံးဝမပျက်ဘူး လို့ နာမည်ကြီးနေတဲ့အ...
28/07/2022

📢📢📢Promotion လာပါပြီဗျို့
-------------------------------
ဆန်းဂျင်းဝက်အငယ်စာ ထဲမှာ
👉ဝမ်းလုံးဝမပျက်ဘူး လို့ နာမည်ကြီးနေတဲ့အစာ။
👉နို့အနံ့သင်းသင်းလေးနဲ့ စားနှုန်းလည်းတက်တဲ့အစာ။
👉ဈေးအရမ်းမကြီးပဲ ဝက်ကြီးထွားနှုန်းကောင်းတဲ့အစာ။

ဒီလိုကောင်းတဲ့ ဝက်ငယ်စာ 950SG win ကို ဝသာန်ရာသီမှာ Promotion ပေးနေတာမို့လက်မနှေးပဲ အပြေးလေးသာ ကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူအားပေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။


သီတာ.....သီတာ.....သီတာ-------------------------ပူတယ် ပူတယ် မနေ့ကထက် ဒီနေ့ပိုပူတယ်။ဒီနေ့ထက် မနက်ဖြန်ပိုပူဦးမယ်။မေလကုန်ခါန...
31/05/2022

သီတာ.....သီတာ.....သီတာ
-------------------------

ပူတယ် ပူတယ် မနေ့ကထက် ဒီနေ့ပိုပူတယ်။
ဒီနေ့ထက် မနက်ဖြန်ပိုပူဦးမယ်။
မေလကုန်ခါနီးထိ ပူဦးမယ်။

ကိုကိုယ်တိုင်လည်း ထမင်းမစားချင်၊ ဟင်းမစားချင်။
ကိုယ်မွေးထားတဲ့ ကြက်၊ ဝက် တွေလည်း တနေ့ထက်တနေ့ အစာစားနှုန်းကျလာနေပါပြီ။

ဒီချိန်မှာ ရေဓာတ်ခန်းခြောက်တာတွေမဖြစ်ဖို့ “သောက်ရေ” မပြတ်ဖို့အရေးကြီးသလို ရေပူကြီး မတိုက်မိဖို့လိုတယ်နော်။

ဒီတော့ သောက်ရေ လိုသလောက်အဆင်သင့်ဖြစ်ဖို့ ဝက်ရေသောက်နှုန်းကို အသက်အရွယ်အလိုက်ဖော်ပြပေးလိုက်ရပါတယ်။

ပူပြင်းတဲ့အချိန်ရေလိုအပ်ချက်ကတော့ တစ်ရက်ကို
ဝက်ငယ်တွေမှာ ၄လီတာ၊
ဝက်လတ်တွေမှာ ၁၁လီတာ၊
ဝက်ကြီးတွေမှာ ၁၉လီတာ၊
မျိုးဝက်တွေမှာ ၂၂ လီတာ
သားမွေးဝက်မှာ ၃၀လီတာ၊
ပျမ်းမျှ သောက်သုံးကြောင်းမျှဝေလိုက်ရပါတယ်။



ကဲ ကြိုက်တာယူတစ်ကောင်တစ်သိန်းလိုအပ်ရင်ယူနိုင်တယ် ကျိုက်ထိုမြို့နယ် ဖုန်း09793735792/09684893957
31/03/2022

ကဲ ကြိုက်တာယူတစ်ကောင်တစ်သိန်းလိုအပ်ရင်ယူနိုင်တယ် ကျိုက်ထိုမြို့နယ် ဖုန်း09793735792/09684893957

02/03/2022

အခုရက်ပိုင်းနိုင်ငံရေးအခြေနေကြောင့်အကုန်အဆင်မပြေစျေးတတ်နေပေမယ့်စျေးသက်သက်သာသာနဲ့ဝက်ပေါက်လေးတေလာပြထားလို့လိုအပ်တဲ့သူရှိရင်ဆက်သွယ်နိုင်ပ့တယ်ခင်မျာအမျူးအစားကတော့ Y+ပီထရိန်းဖစ်ပ့တယ်ခင်မျာစျေးကတော့တစ်ကောင်တစ်သိန်းတစ်သောင်းပ့ခင်မျာကျေးဇူးပ့နော်😊

လှိုင်းကြီး လှေအောက်-----------------------------Sunjin Myanmar Viberbit.ly/3eTjzarSunjin Myanmar Telegram bit.ly/36YUqH...
24/01/2022

လှိုင်းကြီး လှေအောက်
-----------------------------
Sunjin Myanmar Viber
bit.ly/3eTjzar

Sunjin Myanmar Telegram
bit.ly/36YUqHi

အစုန်ခရီးမှာ အတူတူ ပျော်
အဆန်ခရီးတကွေ့
အရွေ့တူတူမျှော်
ဟိုတကွေ့ ဒီတက်နဲ့ လှော်လို့
ဒီတကွေ့ ဒီတက်နဲ့ ကျော်။

အရှေ့ကျော်လေ ကြီးလေတဲ့ လှိုင်း
လာစမ်း ဒီတလှိုင်း နောက်တလှိုင်း
မယိုင်နွဲ့ ခိုင်ခန့်တဲ့မောင်တို့မို့
ဒီတပွဲနွှဲပြီး နောက်တပွဲမျှော်မယ့်ယောင်။

-----
ဝက်ဈေးတွေကြည့်ပြီး မင်မင်လဲ ကြံဖန် စိတ်အားတင်းနေရတာနဲ့ ကဗျာတွေဘာတွေတောင်စပ်မိကုန်ပြီ။
အိမ်မှာမွေးထားတဲ့ ဝက်ကလေးတွေကိုကြည့်ပြီး ဒီခရီး နီးလာလောက်ပါပြီနော် လို့ တွေ့းရတာလဲ မောလှပါ့။
ဒီအစာဈေးနဲ့ဒီဖမ်းဈေးနဲ့တော့ ...... ဟင်း.
-----
ကလင် ကလင်
စိတ်ညစ်ရတဲ့အထဲ ဖုန်းက လာနေလို့ ကိုင်ရဦးမယ်။

ဟယ်လို မင်မင်လား။

ဟုတ်ကဲ့ မင်မင်ပါ။

မင်မင်ရေ ဆန်းဂျင်းကဆက်တာပါ။
ဝက်ထပ်ထည့်ထားတယ်ဆိုလို့။

အင်း ထည့်ထားတယ်လေ ဘာဖြစ်လို့လဲ။

အခုဘယ်အရွယ်တွေဖြစ်နေပြီလဲ။

ကိုယ့်ဟာကိုယ် လာကြည့်ပါလားတော်။

ရော် မင်မင်ကလဲစိတ်ကြီးပဲ။
အခု ဆန်းဂျင်းကနေ တန်ဖိုးသင့်ဝက်စာ (၂) မျိုးထုတ်လိုက်တာသိပြီးပြီလား။
မသိသေးရင်ပြောမလို့။

ပြောကြည့်လေ။

952 L နဲ့ 953 L ဆိုပြီး ထုတ်ထားတယ်။ အသင့်ကျွေးအစာတွေနော်။ ရောစပ်စာမဟုတ်ဘူး။
မင်မင့် ဝက်က အချိန် ၂၅ ပိဿာလောက်ရှိနေရင် 952 L ကိုစကျွေးလို့ရပြီ။
အချိန် ၄၅ - ၄၆ ပိဿာလောက်ထိကျွေးလို့ရတယ်။
၄၅ ပိဿာအကျော်ကောင်တွေဆိုရင်တော့ 953 L ကိုကျွေးပေး။
ဒီကာလမှာ မွေးမြူသူတွေ အဆင်ပြေအောင် ချိန်ဆပြီး ထုတ်ထားတာမို့ ဈေးလည်းသက်သာတယ်။
အရည်အသွေးလဲ သင့်တယ်။
ပြီးတော့ အခုကနေ (၃)ပတ် အတွင်း၊ အစာအလုံး (၃၀) ဝယ်ရင် အစာ (၁) လက်ဆောင်ရဦးမှာ။

အဲ့တော့ကျုပ်က ဝယ်ကျွေးရမယ်ပေါ့။
ပြောကြည့်ပါဦး ဘယ်လောက်သက်သာလဲလို့။

ဟာ မင်မင်ကလဲ ဘုနဲ့ဘောက်ကြီးပဲ
မပြောတော့ဘူး။ ခြံလာနေကျ ဆရာဝန်လေးကိုသာမေးကြည့်။
ဒါမှမဟုတ် အစာဆိုင်မှာ စုံစမ်းကြည့်။
သေချာပေါက်မေးကြည့်နော်။
ပြီးမှ မပြောဘူး လက်မတို့ဘူး ဘာညာ မပြောနဲ့။
ဒါပဲဗျို့။

အံမယ် သူကပဲ ဖုန်းချရသေး။

အစာဈေးတက်တုန်းကတော့ ကောင်းတယ်။
ဒေါ်လာဈေးတက်လို့ပါ၊ ကုန်ကြမ်းဈေးတက်လို့ပါ နဲ့ ။
အခုဒါလေး ပြောတာကျ မင်မင်ကို ဖုန်းချသွားတယ်။
အင်းလေ ခေတ်ကာလကြီးကလဲ .... ဟင်း...

ကလင် ကလင်
ဟော ဖုန်းပြန်ခေါ်နေပါလား။ ပြန်တောင်းပန်မလို့ထင်တယ်။

ဟယ်လို ပြောကြည့်လေ ဖုန်းချသွားတဲ့အကြောင်းလေး။

အစာအိတ်ခွံတွေမရောက်ခင်စပ်ကြား FARM SOLUTION ဆိုတဲ့အိတ်နဲ့ ယာယီထုတ်ထားပါတယ်။ အစာနံပါတ်ကို ဆော့ပင်နဲ့ ရေးပေးထားပါတယ်။
မင်မင် ဟိုတခါလို မူရင်းအိတ်နဲ့မဟုတ်ရင် မယူဘူးလုပ်နေမှာစိုးလို့။ ဒါပဲဗျို့။

‌ေဩာ်. ဖုန်းချသွားပြန်ပြီ။ ငါလဲဘာမှမပြောလိုက်ရဘူး။
ကဲပါလေ အစာဆိုင်ကိုဖုန်းဆက်ဦးမှ..

ဟယ်လို ဦးလေး 952 L နဲ့ 953 L ဆိုတာ ရောက်ပြီလား။

အေး မင်မင်ရေ ဒီနေ့ဝင်တဲ့ အိတ်တွေတော့ ပြိုက်ကနဲကုန်သွားတယ်။
နင်ယူမယ်ဆို နောက်ရက်မှရမယ်။

ဟောတော့် မြန်လိုက်တာ
ဈေးသက်သာတယ်ဆို ဦးလေး
ဘယ်လောက်သက်သာတာလဲ ပြောပေးဦး။

မပြောပါဘူး။
အစာရောက်တဲ့နေ့ကျမှ ဖုန်းဆက်လိုက်မယ်။
ခုန ဆန်းဂျင်းက ဆရာလေး ဖုန်းဆက်ထားတယ်။
နင်ဖုန်းဆက်ပြီးမေးရင်မဖြေနဲ့တဲ့။ ဆိုင်လာပြီး အစာဝယ်မှ ရှင်းပြလိုက်တဲ့။

ကြည့်စမ်း၊ ဦးလေးတို့ကနော်။
ဆန့်တငန့်ငန့်ဖြစ်အောင်လုပ်နေတယ်။
ပြောနေကြာတယ် အခုပဲ လာပြီ ဦးလေးရေ။
လာမှပဲ ပြောချေတော့။



အသားစားကြက်တွေမှာ ဝမ်းပျော့ရခြင်းအကြောင်းအရင်းနှင့် အဖြေရှာခြင်း (အပိုင်း-၁)--------------------------------------------...
19/01/2022

အသားစားကြက်တွေမှာ ဝမ်းပျော့ရခြင်းအကြောင်းအရင်းနှင့် အဖြေရှာခြင်း (အပိုင်း-၁)
--------------------------------------------------------------------------
အသားစားကြက်မွေးမြူသူတိုင်း ဝမ်းပျော့ခြင်းကို ကြုံတွေ့ဖူးကြပါလိမ့်မယ်။
ဝမ်းပျော့ခြင်း၊ မစင်ထဲမှာ အစာမကြေပဲ ပြောင်းစေ့ (သို့) အခြားသောအစာကုန်ကြမ်းများပြန်ပါလာခြင်း၊ ဝမ်းအရည်သွားခြင်း၊ အဝါရောင်ဝမ်းသွားခြင်း၊ အမြှုပ်ထတဲ့ဝမ်းသွားခြင်း စသည်ဖြင့် ဝမ်းပျော့ခြင်းအမျိုးမျိုးကို ကြုံကြရလေ့ရှိပါတယ်။ ဝမ်းပျော့ပျော့သွားတယ်ဆိုတာ ရှေ့ပြေးကနဦးလက္ခဏာတစ်ခုသာဖြစ်ပြီးတော့ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းမှန်ကိုလည်း စောလျှင်စွာ အဖြေရှာရန်အရေးကြီးပါတယ်။
ဝမ်းပျော့တဲ့အကြောင်းကို အပိုင်း (၄)ပိုင်းခွဲပြီးပြောကြရအောင်။
ပထမဆုံးအပိုင်းကတော့ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ သောက်ရေ ကစပြီးပြောပါမယ်။ ပုံမှန်အားဖြင့် အသားစားကြက်တွေမှာ ရေသောက်နှုန်းက အစာစားနှုန်းရဲ့ နှစ် ဆရှိတယ်လို့ပြောကြပါတယ်။ ဒါပေမယ့် ခြံသမားအများစုဟာရေသောက်နှုန်းကို စစ်ဆေးတိုင်းတာတဲ့ အလေ့အထမရှိတဲ့အတွက် ရေသောက်နှုန်း နည်းလာတာ များသွားတာကို သတိထားမိလေ့မရှိပါဘူး။ နောက်တစ်ခုကတော့ ရေဖိတ်စင်မှုများပြီး ကြမ်းခင်းစိုတတ်တာတွေကို သတိပြုစစ်ဆေးပေးရပါမယ်။ ရေသောက်နှုန်းများခြင်းဟာ ရေအရည်အသွေး၊ ရေထဲမှာ ကလိုရင်းပမာဏများခြင်း၊ ပြင်ပအပူချိန်မြင့်ခြင်း စတဲ့အချက်တွေ‌ပေါ်မူတည်ပြီး ၎င်းကြောင့် ဝမ်းပျော့ပျော့သွားနိုင်ပါတယ်။ ခြံထဲမှာ အမိုးနီးယားနံ့ရခြင်း၊ စိုထိုင်းဆများလွန်းခြင်း၊ အကောင်ရေကျပ်သိပ်စွာထည့်သွင်းမွေးမြူခြင်း၊ လေဝင်လေထွက်မကောင်းခြင်းများ ရှိ၊ မရှိတို့ကိုလည်း စစ်ဆေးသင့်ပါတယ် ဆိုတဲ့အကြောင်းကို မျှဝေလိုက်ရပါတယ်။



အသားစားကြက်တွေမှာ ဝမ်းပျော့ရခြင်းအကြောင်းအရင်းနှင့် အဖြေရှာခြင်း (အပိုင်း-၂)--------------------------------------------...
19/01/2022

အသားစားကြက်တွေမှာ ဝမ်းပျော့ရခြင်းအကြောင်းအရင်းနှင့် အဖြေရှာခြင်း (အပိုင်း-၂)
------------------------------------------------------------------------

ရှေ့တစ်ပတ်တုန်းက အသားစားကြက်တွေမှာ ဝမ်းပျော့ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းနဲ့ အဖြေရှာခြင်းအကြောင်းတွေထဲကတစ်ခုဖြစ်တဲ့ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပထမပိုင်းကို မျှဝေထားခဲ့ပါတယ်။ ဒီနေ့နောက်ထပ်ဝမ်းပျော့ခြင်းကို ဖြစ်စေတဲ့အကြောင်းအရာများကို ဆက်လက်တင်ပြချင်ပါတယ်။
ဒုတိယအပိုင်းကတော့ ရောဂါ ပါ။
မွေးမြူရေးသမားအများစုဟာ ရောဂါတွေကိုအဖြေရှာတဲ့နေရာမှာ ရောဂါဓာတ်ခွဲခန်းတွေကို တွင်တွင်ကျယ်စွာအသုံးမပြုနိုင်သေးတဲ့အတွက် ကြက်တွေဝမ်းသွားတဲ့အရောင်နဲ့ ပုံစံတွေကို ကြည့်ပြီး ဘာရောဂါဖြစ်တယ်ဆိုတာကို ခွဲခြားလေ့ရှိပါတယ်။ ဥပမာအားဖြင့် IB လို ဗိုင်းရပ်ပိုးတွေဟာ ကျောက်ကပ်ကို ပျက်ဆီးစေတဲ့အတွက် အရည်ဝမ်းတွေသွားပြီး မစင်မှာအဖြူရောင်မပါတာကို တွေ့ရလေ့ရှိပြီးတော့ NDဖြစ်တဲ့ကြက်တွေမှာဆိုရင် အစိမ်းရောင်ဝမ်းတွေသွားတာကို တွေ့ရ‌လေ့ရှိပါတယ်။ တစ်ခါတစ်ရံ မစင်မှာ မကြေညက်တဲ့ ပြောင်းစေ့တွေ၊ အစာတွေ စသဖြင့်ပြန်ပါလာတာဟာ အူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါ‌တွေဖြစ်ပြီး အူတွင်းဒဏ်ရာရထားတာကြောင့်ဖြစ်နိုင်ပါတယ်။ အကယ်၍လိမ္မော်ရောင်အကျိအချွဲဝမ်းတွေသွားနေရင်တော့ကြက်တွေအစာကောင်းကောင်းမစားနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အခင်းမသန့်ခြင်း၊ ရေမသန့်ခြင်းတွေကနေတဆင့် ကပ်ပါးပိုးတွေကြောင့်ဖြစ်တဲ့ သွေးဝမ်းသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေးဝမ်းသွားခြင်းမှာလည်း ဖြစ်ပွားစေတဲ့အကြောင်းအရင်း အမျိုးမျိုးကွဲပြားတာကြောင့် အမှန်တစ်ကယ်ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို သေချာခွဲခြားဖို့လိုအပ်ပါကြောင်း ထပ်မံမျှဝေလိုက်ရပါတယ်။



ဆန်းဂျင်း ဝက်သားပေါက် ဈေးနှုန်းမင်္ဂလာပါ။လာမယ့် ဒီဇင်ဘာဒုတိယအပတ်ကနေစတင်ပြီး ဆန်းဂျင်းဝက်သားပေါက်များကိုအောက်ပါဈေးနှုန်းအ...
19/01/2022

ဆန်းဂျင်း ဝက်သားပေါက် ဈေးနှုန်း

မင်္ဂလာပါ။
လာမယ့် ဒီဇင်ဘာဒုတိယအပတ်ကနေစတင်ပြီး ဆန်းဂျင်းဝက်သားပေါက်များကိုအောက်ပါဈေးနှုန်းအတိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်။

မင်္ဂလာရှိသောနေ့ကလေးဖြစ်ပါစေ။

ဆန်းဂျင်း ဝက်သားပေါက် ဈေးနှုန်း ကြည့်ရှုရန်

Sunjin Myanmar Viber
bit.ly/3eTjzar

Sunjin Myanmar Telegram
bit.ly/36YUqHi



အသားစားကြက်တွေမှာ ဝမ်းပျော့ရခြင်းအကြောင်းအရင်းနှင့် အဖြေရှာခြင်း (အပိုင်း-၃)--------------------------------------------...
19/01/2022

အသားစားကြက်တွေမှာ ဝမ်းပျော့ရခြင်းအကြောင်းအရင်းနှင့် အဖြေရှာခြင်း (အပိုင်း-၃)
-------------------------------------------------------------------------
ရှေ့အပတ်တွေတုန်းက အသားစားကြက်တွေမှာ ဝမ်းပျော့ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းနဲ့ အဖြေရှာခြင်းအကြောင်းတွေဖြစ်တဲ့ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အချက်ပထမပိုင်းနဲ့ ဒုတိယပိုင်းဖြစ်တဲ့ ရောဂါကို မျှဝေထားခဲ့ပါတယ်။ ဒီနေ့မှာနောက်ထပ်အခြားသော အကြောင်းအရာများကို ဆက်လက်တင်ပြချင်ပါတယ်။
တတိယအပိုင်းကတော့ အစာ ပါ။
ရုတ်တရက် အစာမှာ ပါဝင်ပစ္စည်းတွေပြောင်းလဲခြင်းဟာလည်း ကြက်တွေမှာဝမ်းပျော့ပျော့သွားနိုင်ပါတယ်။ အပူဒဏ်၊ အစာထဲမှာထည့်သုံးထားတဲ့ ကုန်ကြမ်းတွေရဲ့ အချိုးအစား၊ အရည်အသွေးဟာလည်း အရေးကြီးသလို အသားဓာတ်၊ စွမ်းအင်ဓာတ်အချိုး မမျှတပဲ မှားယွင်းနေရင်လည်း ဝမ်းပျော့နိုင်ပါတယ်။ အချို့သော ကုန်ကြမ်းတွေဖြစ်တဲ့ ဂျုံ၊ ပီလောပီနံ တို့ကိုအစာထဲမှာထည့်သွင်းသုံးစွဲထားရင် ၎င်းတို့မှာပါဝင်တဲ့ ချေဖျက်ဖို့ခက်ခဲတဲ့ကဆီဓာတ်တွေက ပိုးမွှားများပေါက်ဖွားဖို့အတွက် အခွင့်အရေး ပိုများတတ်ပါတယ်။ ဒါ့အပြင် အစာပုံစံဟာလည်းအရေးကြီးသကဲ့သို့ မှုန့်ညက်နေအောင်ချေထားတဲ့ကုန်ကြမ်းများ ဖြင့် အစာ ပြုလုပ်ထားလျှင်လည်း အူတွင်းလိုအပ်ချက်နှင့်မကိုက်ညီနိုင်ပဲ ဝမ်းသွားခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နောက်ဆုံးအပိုင်းကတော့ မှိုဆိပ် ဖြစ်ပါတယ်။
မှိုဆိပ်တွေဟာ အခုနောက်ပိုင်းမှာမျိုးကွဲတွေပိုများလာပြီး ပိုမို ကြုံတွေ့လာရပါတယ်။ မှိုတက်နေတဲ့အစာကုန်ကြမ်းတွေဟာ အူတွင်း ရောင်ရမ်းခြင်း၊ အသည်းနဲ့ ကျောက်ကပ် မှာပုံမမှန်တဲ့ပြောင်းလဲမှုတွေဖြစ်စေခြင်းနဲ့ ရေသောက်များခြင်းတို့ကိုဖြစ်ပေါ်စေပြီး ဝမ်းသွားခြင်းကိုဖြစ်စေနိုင်ပါတယ်။
အသားစားကြက်တွေမှာ ဝမ်းပျော့ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းအမှန်ကို ရှာဖွေတွေ့ရှိပြီးကောင်းမွန်တဲ့ခြံအရည်အသွေးများပိုင်ဆိုင်နိုင်ကြစေဖို့ ဝေမျှလိုက်ရပါတယ်။


ဥစားကြက်မများတွင်အူကျွံခြင်း။ ။ ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ကာကွယ်ရန်နည်းလမ်းများ------------------------------------...
29/11/2021

ဥစားကြက်မများတွင်အူကျွံခြင်း။ ။ ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ကာကွယ်ရန်နည်းလမ်းများ
---------------------------------------------------------------------
ဥစားကြက်မတွေမှာအူကျွံခြင်းကို မကြာခဏဆိုသလို တွေ့ရလေ့ရှိပြီးတော့ ဖြစ်ပွားရတဲ့အကြောင်းရင်းကို ခွဲခြမ်းကြည့်လျှင် ခြံစီမံခန့်ခွဲမှု ၈၅%၊ မျိုးရိုးဗီဇ ၁၀% နဲ့ အစာအာဟာရ ၅% တို့ကြောင့်ဖြစ်နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။

အူကျွံခြင်းနဲ့ ဖင်ဆိတ်ခြင်းဘာကွာသလဲ?
အူကျွံခြင်းမှာ ဖင်ဆီပူးရောင်ရမ်းနေပြီး ကြက်မရဲ့ခန္ဓာကိုယ်ပြင်ပသို့ အူမကြီးနှောင်းပိုင်းပါထွက်‌ကျနေတာကို မြ‌င်တွေ့ရလေ့ရှိပါတယ်။
အကယ်၍ ဖင်ဆိတ်ခံရပါက ဖင်ဆီပူး ရောင်ရမ်းခြင်းမရှိပဲ ဖင်ဆီပူးတစ်ဝိုက်မှာ အမွေးများပြောင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

အပျော့စားအူကျွံခြင်း
အ‌ပျော့စားအူကျွံခြင်းမှာဆိုရင် ကြက်မရဲ့အမြီးပိုင်းတဝိုက်ကို လက်နဲ့ဖယ်ပြီးမကြည့်ရင် အူကျွံတာကို မမြင်ရပါ။ ၎င်းအခြေအနေကို အူကျွံတယ်လို့ မဆိုနိုင်သော်လည်း ကြက်မရဲ့ဖင်ပိုင်းတဝိုက်မှာ ရောင်ရမ်း နီရဲနေတာကို မြင်တွေ့ရလေ့ရှိပြီးတော့ ထိုရောင်ရမ်း‌နေသောနေရာကို တခြားကြက်တွေက ဝိုင်းဆိတ်ခြင်းကို ခံရနိုင်ပါတယ်။ အပျော့စားအူကျွံခြင်းမှာ အူကျွံတယ်လို့ တိတိကျကျမပြောနိုင်သော်လည်း ဖင်ဆီပူးတစ်ဝိုက်မှာ မစင်များနဲ့ တခြားကြက်များဝိုင်းဆိတ်ခြင်းကြောင့် သွေးစများရှိနေခြင်းကို မြင်တွေ့နိုင်ပါတယ်။

ဆိုးရွားစွာအူကျွံခြင်း
ဆိုးရွားစွာအူကျွံပါက အူမကြီးနှောင်းပိုင်းတစ်ခုလုံး ဖင်ဆီပူးအပြင်သို့ရောင်ရမ်း ထွက်ကျလာတာကို မျက်စိနဲ့တွေ့မြင်နိုင်ပါတယ်။ အကယ်၍ ၎င်းအူကျွံနေတဲ့ကြက်ကို သီးသန့်ခွဲထားခြင်းမရှိဘူးဆိုရင် တခြားကြက်တွေရဲ့ ဖင်ဆိတ်ခြင်းကိုခံရနိုင်ပြီး အသေအပျောက်များနိုင်ပါတယ်။
အဆိုးရွားဆုံးအူကျွံခြင်းမှာဆိုရင်တော့ အူမကြီးနှောင်းပိုင်းအစိတ်အပိုင်းများရောင်ရမ်းပြီး သွေးခဲများဖြင့် ဖင်ဆီပူးအပြင်ကို ထွက်ကျနေတာ မြင်ရလေ့ရှိပြီး၊ ၎င်းသည်ဖင်ဆိတ်ခြင်းကို အားပေးသည့်အပြင် သီးသန့်ခွဲမထားပါကသေနှုန်းများနိုင်ပါတယ်။

အူကျွံခြင်းကို ဖြေရှင်းရန်နည်းလမ်းတွေကတော့
ကြက်တွေမှာ စိတ်ဖိစီးမှုမဖြစ်စေရန် တတ်နိုင်သလောက်စီမံခြင်း၊ အမွေးအတောင်ဆိတ်တဲ့ ကြက်တွေကိုရှာဖွေဖယ်ရှားခြင်း၊ ကြက်မများခန္ဓာကိုယ်အလေးချိန်ထိန်းချုပ်ခြင်း(ကိုယ်အလေးချိန်များသောကြက်များသည် ပိုကြီးသော ဥကို ဥသောကြောင့် အူကျွံနိုင်သည်) စသည့် ခြံစီမံခန့်ခွဲမှုဆိုင်ရာအချက်များကို စစ်ဆေးသင့်သည်။
ကြက်များရဲ့မျိုးရိုးကိုလိုက်၍အူကျွံခြင်းတွင် အဆီ ချေဖျက်မှုဇီဝဖြစ်စဥ် မှားယွင်းသောကြောင့်ဖြစ်ပါတယ်။
အစာအာဟာရနဲ့ပတ်သက်တဲ့အူကျွံခြင်းမှာဆိုရင် အစာထဲတွင်ပါဝင်သော Choline ပမာဏကို စစ်ဆေးသင့်ပါ။


မင်္ဂလာပါရှင့်နောက်ဆုံးထွက်ရှိတဲ့ ဆန်းဂျင်းမြန်မာရဲ့ သတင်းအချက်အလက်များကို သိရှိနိုင်ဖို့ Sunjin Myanmar ရဲ့ Viber Commu...
12/10/2021

မင်္ဂလာပါရှင့်

နောက်ဆုံးထွက်ရှိတဲ့ ဆန်းဂျင်းမြန်မာရဲ့ သတင်းအချက်အလက်များကို သိရှိနိုင်ဖို့ Sunjin Myanmar ရဲ့ Viber Community ကို အခုပဲ ချိတ်ဆက်ထားလိုက်ပါနော်။
bit.ly/3eTjzar

Telegram အသုံးပြုနေသူများအနေနဲ့
bit.ly/36YUqHi
ကိုချိတ်ဆက်ထားနိုင်ပါတယ်ရှင့်။



နေနဲ့လ ရွှေနဲ့မြ၊ လနဲ့နေ မြနဲ့ရွှေ----------------------------Sunjin Myanmar Viberbit.ly/3eTjzarSunjin Myanmar Telegram ...
12/10/2021

နေနဲ့လ ရွှေနဲ့မြ၊ လနဲ့နေ မြနဲ့ရွှေ
----------------------------

Sunjin Myanmar Viber
bit.ly/3eTjzar

Sunjin Myanmar Telegram
bit.ly/36YUqHi

950SG ရှိနေပြီ။

950SG WIN ကို ကျွေးရဦးမှာလား။

950SG ကိုပဲကျွေးပြီး 950SG WIN ကို ကျော်လိုက်လို့ရလား။

ဒါမှမဟုတ် 950SG WIN ကိုပဲကျွေးပြီး 950SG ကို မကျွေးပဲနေလို့ရလား။
--

မိမိခြံမှာ 950SG နဲ့ 950SG WIN ကို ဘယ်လိုမျိုး ကျွေးနေကြတယ်ဆိုတာ ဖြေသွားပေးလို့ရပါတယ်။

🙏



သူ့ချည်းသာလော ........ 950 SG WIN လေးနဲ့ပါဘုရား--------------------------------------------------Sunjin Myanmar Viberbit...
12/10/2021

သူ့ချည်းသာလော ........ 950 SG WIN လေးနဲ့ပါဘုရား
--------------------------------------------------
Sunjin Myanmar Viber
bit.ly/3eTjzar

Sunjin Myanmar Telegram
bit.ly/36YUqHi

မင်မင်တို့ မြန်မာနိုင်ငံသားတွေဟာ အင်မတန်မှ စိတ်ရင်းစေတနာကောင်းမွန်တဲ့လူမျိုးတွေဖြစ်တယ်။

ဘာလုပ်လုပ် စေတနာသည် ကံ၊ ကံသည် စေတနာ လို့ ခံယူပြီးလုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။

"စေတနာကောင်းလျှင် ကံကောင်းမည်" ဆိုတဲ့ ဆောင်ပုဒ်ကိုလဲ နှလုံးသွင်းနေတတ်တဲ့သူတွေလဲ ဖြစ်ပါတယ်။

တခြားမကြည့်နဲ့။ မင်မင်တို့ ဝက်မွေးမြူရေးမှာပဲကြည့်။

ကျင်းတက်ဝက်ကလေးတွေ၊ ၁၆ ကီလိုဝက်ကလေးတွေဝယ်လာပြီးခြံမှာမွေးတယ်။
ကိုယ်မွေးတဲ့ ဝက်ကလေးတွေ စားပါစေ၊ ကျန်းမာပါစေ၊ ကောင်းပါစေဆိုတဲ့ စေတနာ အပြည့်နဲ့ ကောင်းပေ့ဆိုတဲ့ အစာကိုမှ ဝယ်ကျွေးတာ။

ကုမ္ပဏီအစာကဝက်ကလေး ၅ ရက်သားကနေ ၁၀ ကီလိုအထိပဲ ကျွေးပါဆိုလဲ
မရဘူး။ ခြံကိုစရောက်တဲ့ဝက်ကလေးတွေဆို မျက်လုံးထဲ ကလေးလေးတွေလိုမြင်ပြီး ဝက်ကလေးအစာကိုပဲ ဝယ်ပြီး ကျွေးတာ။
ဥပမာ ဆန်းဂျင်းအစာဆိုရင် 950SG ပေါ့။

ကုမ္ပဏီက 950SG ကို ဝက်ကလေး ၅ ရက်သားကနေ - ၁၀ ကီလိုအရွယ်ထိပဲကျွေးဖို့ ပြင်ဆင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့ ဈေးကွက်ထဲမှာကျ စေတနာလွန်ပြီး အရွယ်ကျော်တဲ့ဝက်ကလေးတွေကိုပါ ကျွေးနေကြတာမျိုးတွေလဲရှိပါတယ်။

ဒီနေရာမှာ မေးစရာရှိလာတာက "ကျွေးတော့ ဘာဖြစ်လဲ" ပေါ့။

ပထမဆုံးအချက်အနေနဲ့ကတော့ ပိုက်ဆံပိုကုန်ပါတယ်။
950SG WIN ကျွေးရမယ့်အရွယ်ကို 950SG ကျွေးလိုက်တော့
အစာတအိတ်ကို ၃၀၀၀ ကျပ်နီးပါး ပိုကုန်သွားပါတယ်။
၁၀ ကောင်မွေးရင် ၃၀,၀၀၀ ကျပ်
အကောင် ၁၀၀ မွေးရင် ၃၀၀,၀၀၀ ကျပ်ပိုကုန်ပါမယ်။
တစ်နှစ်ကို သုံးသုက် မွေးတယ်ပဲထား ငွေ ၉၀၀,၀၀၀ သိန်း။
ဘာမှလဲမလုပ်လိုက်ရပဲနဲ့ကို ငွေ ကိုးသိန်း ကုန်သွားတာပါ။

ပိုကုန်ရင်ကုန်ပါစေ....ဝက်ကလေးတွေ စားရင်၊ ကောင်းရင်ပြီးရော ဆိုတဲ့သူတွေလဲ ရှိပါတယ်။
စားတာတော့ စားပါလိမ့်မယ်။
ဒါပေမယ့် ပိုတော့ကောင်းမသွားပါဘူး။
ဥပမာ အထက်တန်းကျောင်းသားအရွယ်ကို ၆လသားအရွယ်ကလေးတိုက်တဲ့၊ ဈေးကြီးတဲ့ နို့မှုန့်ကိုတိုက်လို့တော့ရပါတယ်။ ဒါပေမယ့် နို့မှုန့်မှာပါတဲ့ ကောင်းကျိုုးတွေကိုတော့ အဲ့ကျောင်းသားက ရရှိနိုင်မှာမဟုတ်ပါဘူး။

ဒုတိယအချက်ကတော့ ဒီလို ဝက်ငယ်ကလေးအစာကို အရွယ်ကျော်နေတဲ့ဝက်ကိုကျွေးတဲ့အခါ တခါတလေ ဝမ်းပျက်တဲ့ပြဿနာတွေကို ကြုံရမှာဖြစ်ပါတယ်။
သူ့အရွယ်နဲ့သူ အသားဓာတ်လိုအပ်ချက်အရ ထုတ်လုပ်ထားတဲ့အစာတွေဖြစ်တဲ့အခါမှာ အသားဓာတ် ၂၀ ကျပ် ဖိုးလိုတဲ့ဝက်ကို အသားဓာတ် ၂၅ ကျပ် ဖိုးကျွေးမိရင် ပိုတဲ့ ၅ ကျပ်ဖိုးက ဝက်မစင်ထဲကနေတဆင့် အဟောသိကံဖြစ်သွားမှာဖြစ်ပါတယ်တယ်။ အဲ့လိုပိုတဲ့အသားဓာတ်တွေကို ဝက်ရဲ့ အူလမ်းကြောင်းတွေက မချေဖျက်နိုင်တဲ့အခါ ဝမ်းပျက်တာမျိုးတွေ ဖြစ်ပေါ်လာပါတယ်။.
ဆိုတော့ ကိုယ်ကတော့ စေတနာနဲ့ လုပ်လိုက်တာ၊ကျွေးလိုက်တာဖြစ်ပေမယ့် ကိုယ့်ရဲ့ ဝက်ကလေးတွေရော၊ ကိုယ့်အတွက်ပါ ထိုက်သင့်တဲ့ အကျိုးတခု ပြန်မရတာကို သတိပြုမိဖို့လိုပါတယ်။

ဒီလိုအကြောင်းကြောင်းတွေကြောင့်လဲ ဆန်းဂျင်းမြန်မာက ဈေးကွက်ထဲမှာလိုအပ်နေတဲ့ 950SG WIN ကိုထုတ်လုပ်ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ခြံမှာ ၁၀ ကီလိုအရွယ်ထက်ကျော်တဲ့ ဝက်ကလေးတွေ ဝယ်ယူမွေးတဲ့အခါ စေတနာအရင်းခံပြီး သူ့အရွယ်ထက်ငယ်တဲ့ အရွယ် ဝက်ကလေးတွေကို ကျွေးဖို့ထုတ်ထားတဲ့ အစာကိုကျွေးတာမျိုး ရှောင်ရှားသင့်ပါတယ်။

ဆိုတော့ ... စေတနာ တခုတည်းသာလော .... 950SG WIN လေးနဲ့ပါ ဘုရား...

ဝက်မွေးမြူရေးလုပ်ငန်းရှင်ကြီးများ အကျိုးအမြတ်ဖြစ်ထွန်း အောင်မြင်ကြပါစေရှင့်။



cp ဝက်သားခွဲ ရောင်းရန်ရှိသည် ကျိုက်ထို မုပ္ပလင် 0997930751609684893957 #မင်မင်ကိုယ်တိုင်အာမခံပ့တယ်နော်cpအစစ်ဆိုတာကို😊😊
29/09/2021

cp ဝက်သားခွဲ ရောင်းရန်ရှိသည် ကျိုက်ထို မုပ္ပလင်
09979307516
09684893957
#မင်မင်ကိုယ်တိုင်အာမခံပ့တယ်နော်cpအစစ်ဆိုတာကို😊😊

ဝက်မတွေမြိုင်လာရန်နောက်ကျပါက ဘာတွေစစ်ဆေးရမလဲ?---------------------------------------------------------------------------...
29/06/2021

ဝက်မတွေမြိုင်လာရန်နောက်ကျပါက ဘာတွေစစ်ဆေးရမလဲ?
------------------------------------------------------------------------------------
Sunjin Myanmar Telegram
https://t.me/joinchat/_8yQrLm19cQ2MzFl

Sunjin Myanmar Viber
https://invite.viber.com/?g2=AQBC9R%2F8Dm2MGkw1IJyYV2HUX1Yx4NyFo8V2Ig71CtNlvb%2FlYeMsScD0FJ2vxcIY

၁။ခြံအတွင်းသို့ လေဝင်လေထွက် ကောင်း၊ မကောင်းစစ်ဆေးရမည်။(ဝက်မများအတွက် အကောင်းဆုံးသင့်တင့်သည့်အပူချိန်မှာ ၁၉ဒီဂရီစင်တီဂရိတ် ဖြစ်သည်။)

၂။.မြိုင်လာ၊ မလာ စစ်ဆေးခြင်းကို အပူချိန်နည်းသည့် မနက်ပိုင်းတွင်သာ စစ်ဆေးရမည်။

၃။ဝက်မအ‌ကောင်တစ်ရာလျှင် ဝက်သိုးတစ်ကောင်နှုန်းဖြင့် လုံလောက်သော ဝက်သိုးအရေအတွက်ကို ထားပေးရမည်။

၄။ဝက်မများကို ဝက်သိုးပြရာတွင် တစ်ကြိမ်လျှင် တစ်နာရီထက်မပိုရပါ။ ဝက်သိုးတစ်ကောင်တည်းကိုသာ အကြိမ်ကြိမ်ပြခြင်းတို့ မပြုလုပ်ရပါ။

၅။ခန့်မှန်းသားတင်ရက်မတိုင်မီ ၃ပတ်လိုအထိ အစာကို ကန့်သတ်ကျွေးခြင်း မပြုရပါ။

၆။အစာခွက်၊ ရေခွက်များကို အမြဲသန့်ရှင်း‌အောင်ထားရမည်
၇။ဝက်မများအတွက်လုံလောက်သော အစာစားရန်နေရာ၊ နားရန်နေရာများပေးထားရမည်။

၈။ဝက်မများကို လုံလောက်သောနေရာအကျယ်အဝန်း၊ လိုအပ်သော ကာကွယ်‌ဆေးများကို ကြိုတင်ပေးထားရန် လိုအပ်သည်။

အထက်ပါအချက်များကို စစ်ဆေးပြီး သားအောင်နှုန်းကောင်းသည့်အဖြစ် စီမံခန့်ခွဲနိုင်ရန် ဗဟုသုတများမျှဝေလိုက်ရပါသည်။



ဝက်ပေါက်အကောင်ရေပေါ်သက်ရောက်သည့် မွေးကာစ ဝက်ပေါက်ကိုယ်အလေးချိန်---------------------------------------------------------...
29/06/2021

ဝက်ပေါက်အကောင်ရေပေါ်သက်ရောက်သည့် မွေးကာစ ဝက်ပေါက်ကိုယ်အလေးချိန်
--------------------------------------------------------------------------------
Sunjin Myanmar Telegram
https://t.me/joinchat/_8yQrLm19cQ2MzFl

Sunjin Myanmar Viber
https://invite.viber.com/?g2=AQBC9R%2F8Dm2MGkw1IJyYV2HUX1Yx4NyFo8V2Ig71CtNlvb%2FlYeMsScD0FJ2vxcIY

ဝက်မျိုးခြံတွေမှာ ဝက်ပေါက်အကောင်ရေများများမွေးပြီး သားခွဲဝက်များများရဖို့ဟာအလွန်အရေးပါပါတယ်။ များများမွေးပေမယ့်လည်း အသေမွေးတာတွေ၊ သေးညှက်တဲ့ ဝက်ပေါက်လေးတွေ အများကြီးမွေးလာရင်တော့ ပျမ်းမျှ မွေးဖွားချိန်ဝက်ပေါက်အလေးချိန်လည်းနည်းသွားပြီး နောက်ပိုင်းခြံအရည်အသွေးကို ထိခိုက်စေနိုင်တဲ့အတွက် အကျိုးအမြတ်နည်းသွားမှာပါ။
----------------------------------------
မွေးစဝက်ပေါက်အလေးချိန် နှင့်ဝက်ပေါက်အကောင်ရေပေါ်သက်ရောက်မှုအချက်တွေကတော့ မျိုးရိုးဗီဇ၊ ပထမဆုံး သားတင်သည့်အလေးချိန်၊အသက်၊ကျောပြင်အဆီ၊ သားတင်ချိန်မှန်ကန်ခြင်း၊ သန္ဓေသားရှင်သန် ဖွံဖြိုးနိုင်စွမ်း၊ ကိုယ်ဝန်ဆောင်ချိန်အစာ နှင့်အစာကျွေးခြင်းနည်းလမ်းများ၊ နို့ပေးကာလကြာချိန်၊ သားခွဲပြီးချိန် အနားပေးကာလ၊ သားပေါက်သည့်အကြိမ်၊ မွေးဖွားချိန် အစောင့်မရှိခြင်းကြောင့် ဝက်မဖိမိသဖြင့် ဝက်ပေါက်သေဆုံးခြင်း၊ စသဖြင့် များစွာသောအချက်တွေပေါ်မှာမူတည်နေပါတယ်။
----------------------------------------------------------
ဆန်ဂျင်း မျိုးဝက်မတွေဟာ ဆိုရင်ဖြင့် မျိုးရိုးဗီဇကောင်းမွန်တာကြောင့် နို့သီးအရည်အတွက်များခြင်းနှင့်အတူ နို့ထွက်နှုန်းကောင်းခြင်း၊ သားခွဲဝက်များများရရှိခြင်း၊ ဝက်ကလေး ရှင်သန်နိုင်စွမ်းအားမြင့်ခြင်း၊ မွေးဖွားချိန် ဝက်ပေါက်အလေးချိန်ကောင်းခြင်း၊ သားခွဲချိန်ဝက်ပေါက် အလေးချိန်ကောင်းခြင်း၊ အကျိုးအမြတ်များခြင်း စတဲ့အကျိုးကျေးဇူးများရရှိမှာပါ။



ဝသုန် မှတ်စု (၂)Sunjin Myanmar Telegram https://t.me/joinchat/_8yQrLm19cQ2MzFlSunjin Myanmar Viberhttps://invite.viber.c...
29/06/2021

ဝသုန် မှတ်စု (၂)

Sunjin Myanmar Telegram
https://t.me/joinchat/_8yQrLm19cQ2MzFl

Sunjin Myanmar Viber
https://invite.viber.com/?g2=AQBC9R%2F8Dm2MGkw1IJyYV2HUX1Yx4NyFo8V2Ig71CtNlvb%2FlYeMsScD0FJ2vxcIY

ခြံ စီမံခန့်ခွဲရာတွင် အထူးသဖြင့် ကြမ်းခင်း၊ အမိုးအကာ ၊ လိုက်ကာ ပြင်ဆင်ရန်ကြိုတင်စစ်ဆေးပြီး ကြက်များကို မိုးမစိုစေရန်အထူးဂရုပြုရပါမယ်။
--------
ကြမ်းခင်း စီမံခန့်ခွဲရာတွင် ဆန်ပါးခွံကို ကြမ်းခင်းအဖြစ်အသုံးပြုလျှင် ကြက်ပေါက်စထည့်သည့်အချိန်တွင် ထူထူခင်းထားပေးပြီး စိုစွတ်လာသည့်အခါတွင် အထက်အောက်လှည့်ပေးရန်လိုအပ်ပါတယ်။ အလွန်စိုစွတ်နေပြီး အမိုးနီးယားနံ့များထွက်နေပါက လုံးဝအသစ်လဲပေးရန်လိုအပ်ပါတယ်။ အခင်းအလွန်စိုလျှင် မကောင်းသောပိုးမွှားများ ပေါက်ဖွားစေပြီး ကြက်ကျန်းမာရေးကို ထိခိုက်စေမှာဖြစ်ပါတယ်။ ရောဂါပြင်းထန်လာလျှင် ပိုးမွှားများသေစေနိုင်သောဖျန်းဆေးကို အသုံးပြုနိုင်ပါတယ်။ (သက်ဆိုင်ရာဆေးအညွှန်း သေချာစွာဖတ်ပြီးမှ လုပ်ဆောင်ရန်။)
----------
အစာ စီမံခန့်ခွဲရာတွင် လိုအပ်သောအစာပမာဏကို ကြိုတင်စွာသိုလှောင်ထားသင့်ပါတယ်။ သိုလှောင်ရာတွင်လည်း မှိုပေါက်ဖွားမှုမရှိစေရန်၊ အစိုဓာတ်စုပ်ယူမှ လျော့ကြစေရန်၊ ပိုးမွှားများ၊ နှင့် အဆိပ်များ ပေါက်ဖွားမှုနှုန်းလျော့ကျစေရန် အစာကို ကြမ်းပြင် နံရံတို့နဲ့ထိတွေ့မှု မရှိစေဘဲ သစ်သားခုံတို့ဖြင့် အနည်းဆုံး ၁ ပေ ခွာကာသိုလှောင်ပြီး အစာခွက်ထဲမထည့်ခင် အစာကို မျက်မြင်စစ်ဆေးပေးရပါမယ်။
----------
ရေ သည် ပိုးကောင်များ၊ ပိုးမွှားများ အများဆုံးရှိနေနိုင်သောအရာတစ်ခုဖြစ်သည်။ ပိုးမွှားများပါဝင်သော ရေကို သောက်မိခြင်းအားဖြင့် ကြက်များတွင်စွမ်းဆောင်ရည် ကျဆင်းနိုင်သောကြောင့် သံချဆေးများနှင့်အခြားသော ဆေးများကိုကြိုတင်တိုက်ထားသင့်ပါတယ်။ ကလိုရင်းခတ်ခြင်းနှင့် အခြားသော ရေသန့်ဆေးများကိုသုံးစွဲနိုင်ပါတယ်။(သက်ဆိုင်ရာအညွှန်း ကိုသေချာစွာဖတ်ပြီးမှသုံးရန်။)
------------
မိုးတွင်းကာလ လှောင်ခြံဖြင့်မွေးမြူသော ဥစားကြက် ခြံများတွင် ဥနှုန်းကျလေ့ရှိပါတယ်။ အထူးသဖြင့်နေ့တာတိုလာသည်ကို သတိမထားမိဘဲ အလင်းလှုံ့ဆော်မှု လျော့နည်းသွားပြီး ဥဥရန်အခက်အခဲများ ရှိသောကြောင့်ဖြစ်ပါတယ်။ ထို့အပြင်သောက်ရေ များ ကြက်ကိုယ်ပေါ်ဖိတ်စင်ခြင်း၊ မိုးပက်ခြင်း တို့ကြောင့် အမွှေးအတောင်များကျွတ်ခြင်းက တဆင့် အတောင်ဆိတ်ခြင်းများလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အလင်းကိုလုံလောက်စွာပေးရန်၊ လှောင်ခြံတွင်း အခင်းစိုစွတ်မှုမရှိစေရန် အထူးဂရုပြုသင့်ပါတယ်။ ထို့အပြင် မိုးတွင်းတွင် လေး၊မွှားကောင်များပေါက်ဖွားရန်လွယ်ကူသောကြောင့် ကြက်အမွှေးအတောင်များတွင် လေး၊ မွှား များရှိမရှိ စစ်ဆေးခြင်း၊ သံချဆေးများတိုက်ကျွေးခြင်းများလုပ်ဆောင်သင့်ပါတယ်။



29/06/2021

ဟုပ်ကဲ့ပ့မင်မင်လက်တလောခရီးလွန်နေလို့groupမှာမေးတာလေးတေပို့စ်လေးမတင်ဖစ်တာခွင့်လွှတ်ပ့နော်သိချင်တာရှိရင်လာမေးလို့ရပ့တယ်ကျေးဇူးပါနော်😍😘😘

10/05/2021

ဒေသစပ်စာ ရောစပ်မှုအချိုးနှင့်အသားဓာတ်ပါ
ဝင်နှုန်း
(ဝက်အလေးချိန် ၁၅ကီလိုမှ ကီလို ၃၀)အရွယ်
ကျွေးရန်
ပဲပုပ်စေ့............၂၅ %
ဖွဲနု...................၂၅ %
ပြောင်း.............၂၀ %
ဆန်ကွဲ.................၅ %
ဂျုံဖွဲ.................၂၀ %
ဘောစကိုင်းရွက်...၅ %
စုစုပေါင်း.........၁၀၀ %
အသားဓာတ်ပါဝင်မှု.....၁၆ %

အထက်ပါ အစာအချိုးအစားနှင့် အသားဓာတ်ပါဝင်မှု နှုန်းတွက်ချက်မှုမှာ The Pig site ဝက်မွေးမြူရေး Websiteမှ တစ်နိုင် ဝက်မွေးမြူ
ရေးသမားများအတွက်ထုတ်ပြန်ပေးထားသော
နှုန်းများဖြစ်ပါသည်။

ဒေသစပ်စာ ရောစပ်မှုအချိုးနှင့်အသားဓာတ်ပါ
ဝင်နှုန်း
(ဝက်အလေးချိန် ကီလို၃၀မှ ၆၀)အရွယ်
ကျွေးရန်
ပဲပုပ်စေ့............၂၀ %
ဖွဲနု...................၃၀ %
ပြောင်း.............၂၅ %
ဆန်ကွဲ.................၅ %
ဂျုံဖွဲ.................၁၅ %
ဘောစကိုင်းရွက်...၅ %
စုစုပေါင်း.........၁၀၀ %
အသားဓာတ်ပါဝင်မှု.....၁၅ %

အထက်ပါ အစာအချိုးအစားနှင့် အသားဓာတ်ပါဝင်မှု နှုန်းတွက်ချက်မှုမှာ The Pig site ဝက်မွေးမြူရေး Websiteမှ တစ်နိုင် ဝက်မွေးမြူ
ရေးသမားများအတွက်ထုတ်ပြန်ပေးထားသော
နှုန်းများဖြစ်ပါသည်။

ဒေသစပ်စာ ရောစပ်မှုအချိုးနှင့်အသားဓာတ်ပါ
ဝင်နှုန်း
(ဝက်အလေးချိန် ၁၅ကီလိုမှ ကီလို ၃၀)အရွယ်
ကျွေးရန်
ပဲပုပ်စေ့............၂၅ %
ဖွဲနု...................၂၅ %
ပြောင်း.............၂၀ %
ဆန်ကွဲ.................၅ %
ဂျုံဖွဲ.................၂၀ %
ဘောစကိုင်းရွက်...၅ %
စုစုပေါင်း.........၁၀၀ %
အသားဓာတ်ပါဝင်မှု.....၁၆ %

အထက်ပါ အစာအချိုးအစားနှင့် အသားဓာတ်ပါဝင်မှု နှုန်းတွက်ချက်မှုမှာ The Pig site ဝက်မွေးမြူရေး Websiteမှ တစ်နိုင် ဝက်မွေးမြူ
ရေးသမားများအတွက်ထုတ်ပြန်ပေးထားသော
နှုန်းများဖြစ်ပါသည်။

ဒေသစပ်စာ ရောစပ်မှုအချိုးနှင့်အသားဓာတ်ပါ
ဝင်နှုန်း
(ဝက်အလေးချိန် ကီလို၃၀မှ ၆၀)အရွယ်
ကျွေးရန်
ပဲပုပ်စေ့............၂၀ %
ဖွဲနု...................၃၀ %
ပြောင်း.............၂၅ %
ဆန်ကွဲ.................၅ %
ဂျုံဖွဲ.................၁၅ %
ဘောစကိုင်းရွက်...၅ %
စုစုပေါင်း.........၁၀၀ %
အသားဓာတ်ပါဝင်မှု.....၁၅ %

အထက်ပါ အစာအချိုးအစားနှင့် အသားဓာတ်ပါဝင်မှု နှုန်းတွက်ချက်မှုမှာ The Pig site ဝက်မွေးမြူရေး Websiteမှ တစ်နိုင် ဝက်မွေးမြူ
ရေးသမားများအတွက်ထုတ်ပြန်ပေးထားသော
နှုန်းများဖြစ်ပါသည်။

ဝက်မွေးသူလက်စွဲ

ဝက်သားခွဲရောင်းရန်ရှိသည် အမေ L အဖေ P ရန်ကုန် မှော်ဘီ ကပါ ၀၉၈၉၄၂၄၀၄၂၄
10/05/2021

ဝက်သားခွဲရောင်းရန်ရှိသည် အမေ L အဖေ P ရန်ကုန် မှော်ဘီ ကပါ ၀၉၈၉၄၂၄၀၄၂၄

Sunjin Myanmar Co, Ltd မှ အရည်အသွေးမြင့်မားပြီး ကြီးထွားနှုန်းကောင်းမွန်သော Sunjin Korea Piglets များကို ၁၁လပိုင်း ၂၀၂၁တ...
05/05/2021

Sunjin Myanmar Co, Ltd မှ အရည်အသွေးမြင့်မားပြီး ကြီးထွားနှုန်းကောင်းမွန်သော Sunjin Korea Piglets များကို ၁၁လပိုင်း ၂၀၂၁တွင်စတင်ရောင်းချပေးပါတော့မည် ။မွေးမြူရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားပါက သက်ဆိုင်ရာ sunjin ကိုယ်စားလှယ်များဆီတွင် ကြိုတင်မှာယူနိုင်ပါပြီ။

မြင်း၊ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ခွေး၊ ကြောင်၊ ကြက်များတွင်Salmonella ဘတ်တီးရီးယားကြောင့်❗️ဝမ်းပျက်၊ ဝမ်းလျောဖြစ်ခြင်း...
03/02/2021

မြင်း၊ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ခွေး၊ ကြောင်၊ ကြက်များတွင်
Salmonella ဘတ်တီးရီးယားကြောင့်

❗️ဝမ်းပျက်၊ ဝမ်းလျောဖြစ်ခြင်း

❗️အန်ခြင်း

❗️အဆုတ်ရောင်ရောဂါဖြစ်ခြင်း

❗️ နှာရေယို၊နှာပိတ်၊ချောင်းဆိုးခြင်း

❗️အဆစ်မြစ် ရောင်ရမ်းခြင်း

❗️ နို့အုံရောင်ရမ်းခြင်း၊

❗️သားအိမ်ရောင်ရမ်း ခြင်းတို့အတွက် အထူးသင့်တော်တဲ့
*** Dox-Flox**** ဆေးရှိပါတယ် 😊😊

DOX-FLOX ဆေးတွင် Doxycycline Hyclate နှင့် Florfenicol ၂ မျိုးပါဝင်ပေါင်းစပ်ထားခြင်းဖြင့် Bacteria များကြောင့် ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အစာအိမ်အူလမ်းကြောင်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်ရှင်🙆🏻‍♀️

🔺Salmonellosis
🔺Pasteurellosis
🔺အဆုတ်ရောင်ခြင်း
🔺အစာအိမ် အူရောင်ရမ်းခြင်း
🔺ဝမ်းပျက်ဝမ်းလျှောခြင်း
🔺နို့အုံရောင်ရမ်းခြင်း
🔺သားအိမ်ရောင်ရမ်းခြင်း
🔺အဆစ်မြစ်ရောင်ရမ်းခြင်း တို့အတွက်ထိရောက်စွာ ကုသပေးနိုင်မည့် ဆေးဖြစ်ပါတယ်🥳

ခံတွင်းပျက်၍ပိန်လှီနေခြင်းများကိုလည်း ကုသနိုင်ပါတယ်💕

** အသုံပြုနည်း**
ကျွဲ၊နွား၊မြင်း ခန္ဓာကိုယ်အလေး ချိန်ပေါ်မူတည်၍ ခန္ဓာကိုယ် (12-15)ကီလိုဂရမ်တွင် ဆေး(1)စီစီနှုန်းဖြင့် ထိုးပေး နိုင်ပါသည်။
သိုးငယ်၊ ဆိတ်ငယ်၊ ဝက်ငယ်များတွင် ခန္ဓာကိုယ်အလေး ချိန်ပေါ်မူတည်၍ ခန္ဓာကိုယ် (10)ကီလိုဂရမ်တွင် ဆေး(1)စီစီနှုန်းဖြင့်ထိုးပေး နိုင်ပါသည်။
ခွေး၊ ကြောင်များတွင် ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်၍ ခန္ဓာကိုယ် (5-6)ကီလိုဂရမ်တွင် ဆေး(1)စီစီနှုန်းဖြင့် ထိုးပေး နိုင်ပါသည်။
ကြက်၊ ဘဲ ၊ ဌက်များတွင် ခန္ဓာကိုယ်အလေးချိန်ပေါ်မူ တည်၍ ခန္ဓာကိုယ် (1)ကီလိုဂရမ်တွင် ဆေး(0.2-0.3)စီစီနှုန်းဖြင့်ထိုးပေး နိုင်ပါသည်။
(ကြက်၊ဘဲ၊ငှက် များတွင် ဆေးထိုးရအဆင်မပြေပါက ဆေး(1)စီစီလျှင် သောက်ရေ(0.5-1)လီတာနှင့် ရောစပ်၍ တိုက်ကျွေးနိုင်ပါသည်။)

***တစ်ရက်လျှင်တစ်ကြိမ်နှုန်းဖြင့် 4-5ရက်ထိထိုးပေးနိုင်ပါသည်။***

***ဆက်သွယ်မှာယူလိုပါက***
Thuriya Kyaw Trading Co.,Ltd
အမှတ်(၂၄၈)၊ အထက်ဗဟိုလမ်း(၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
အမှတ်(၆၈)၊ (၆၂)လမ်းနှင့်(၂၈)လမ်းထောင့်၊ ချမ်းအေး သာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-444776727 / 09-777556727

Weaning Stress ဆိုတာ ဘာလဲ?----------------------------------------------Join Sunjin Myanmar https://invite.viber.com/?g2...
03/02/2021

Weaning Stress ဆိုတာ ဘာလဲ?
----------------------------------------------
Join Sunjin Myanmar https://invite.viber.com/?g2=AQBC9R%2F8Dm2MGkw1IJyYV2HUX1Yx4NyFo8V2Ig71CtNlvb%2FlYeMsScD0FJ2vxcIY on Viber

သားခွဲချိန်မှာ ဝက်ကလေးအနေနဲ့ အတွေ့အကြုံအသစ်တွေအများကြီး ခံစားရပါတယ်။

နို့စို့ဝက်ငယ်ကလေးတွေကို နို့(အရည်)မှ အစာ(အတောင့်)အပြောင်းအလဲနဲ့ကြုံတွေ့ရပါတယ်။ သားခွဲပြီးနောက်ပိုင်း အစာတောင့်စားတဲ့အခါ ပထမတစ်ပတ်မှာ ဝက်အုပ်ရဲ့ ၄၀-၅၀% သာအစာထိတွေ့ပြီး ဒုတိယပတ်မှာ ဝက်အုပ်ရဲ့ ၇၅-၈၅% ထိ အစာစားလာကြပါတယ်။

အစာအပြောင်းအလဲနဲ့အတူ တစ်ချိန်တည်းမှာပဲ မတူညီတဲ့ ဝက်ပေါက်များနဲ့အတူရောပြီးတော့ ပတ်ဝန်းကျင်အသစ်မှာပါ သွားရောက်နေရပါတယ်။

ဒီ ဒဏ်တွေကြောင့် အစာစားနှုန်းကျပြီးတော့ အူတွင်း အစာအာဟာရ ရရှိနှုန်း နည်းသွားပါတယ်။ အဲ့ကတဆင့် အူရဲ့စွမ်းဆောင်ရည်ကျဆင်းခြင်း နဲ့အတူ အစာချေနှုန်း နဲ့ ကိုယ်ခံအားပါ ကျဆင်းလာပါတယ်။

အစာအာဟာရ အပြည့်အဝ မရတဲ့အချိန်မှာ အခြားသော ပိုးမွှားများနဲ့ အဆိပ်များ ကြောင့် အူတွင်းနံရံများရောင်ရမ်း လာပြီးတော့ ကူးစက်ရောဂါဖြစ်စေကာ ဝမ်းလျှောခြင်းလက္ခဏာများ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် သားခွဲချိန်မှာ တတ်နိုင်သမျှ အကောင်းဆုံး ပတ်ဝန်းကျင်အခြေအနေဖန်တီးပေးတာဟာ သားခွဲဝက်ကလေး ဖိစီးမှုဒဏ်ကို ကာကွယ်ပေးရာရောက်ပါတယ်။



Address


Website

Alerts

Be the first to know and let us send you an email when Mokepalin အသားတိုး၀က်မွေးမြူရေး CP Pig GROUP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mokepalin အသားတိုး၀က်မွေးမြူရေး CP Pig GROUP:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share