Endrio_Endermite

  • Home
  • Endrio_Endermite

Endrio_Endermite Hi ! My name is Endrio_Endermite! I make minecraft content , I specializes in commands in minecraft.
(5)

22/03/2023

လ​တွေလည်းချီ​နေပါပြီကျွန်​တော်ဒီမှာ post မတင်ဖြစ်​တော့တာ။ ကျွန်​တော်အခုအရွယ်ကလည်းတစ်ဖြည်းဖြည်း​​​ရောက်လာပြီဆို​တော့ကဒီကိစ္စ​တွေမှာဘဲအာရုံစိုက်​နေလို့မရ​တော့ဘူးဗျ။ အပြင်​လောကအတွက်လည်းအခုကစပြီးပြင်ဆင်ရ​တော့မှမို့လို့မတင်ဖြစ်တာလည်းဖြစ်သလိုအနာဂတ်မှာလည်း active ဖြစ်ဖို့က​တော့အခွင့်အ​ရေးနည်းပါတယ်။ ဒါ​ပေမယ့်မခန့်မှန်းထားတာ​တွေဖြစ်လာခဲ့ရင်​တော့လည်းပြန်​တွေ့ကြရဦးမှာ​ပေါ့ဗျာ။ အခုအတွက်က​တော့နှုတ်ဆက်ခဲ့ပါတယ်။

07/10/2022

Minecraft 1.19 ရဲ့ပြဿနာ

End game ထဲကလက်နက်​တွေရဲ့ tier listNote : ဒါကကျွန်​တော့အမြင်အရဘဲဆုံးဖြတ်တာဖြစ်တယ့်အတွက် playstyle မတူတယ့်လူ​တွေအတွက်က​တေ...
28/09/2022

End game ထဲကလက်နက်​တွေရဲ့ tier list

Note : ဒါကကျွန်​တော့အမြင်အရဘဲဆုံးဖြတ်တာဖြစ်တယ့်အတွက် playstyle မတူတယ့်လူ​တွေအတွက်က​တော့ဒီ tier list ကလက်ခံနိုင်မှလက်ခံနိုင်ပါလိမ့်မယ်။

08/09/2022

ယ​နေ့မှာ​တော့ minecraft ဟာနှစ်စဌ်ကျင်းပ​နေကြ mimecraft live ကို October 15 2022 မှာကျင်းပမယ်လို့အတည်ပြုလိုက်ပါပြီ။ Mob vote လည်းရှိမှာဖြစ်ပြီး 1.20 update အတွက်လည်း information ရနိုင်မယ်လို့ထင်ပါတယ်။

Lady Agnes ကလည်း minecraft ကို​နောက်ထပ်နှစ် 50 ​လောက်အထိတည်ရှိ​စေချင်တယ်လို့​ပြောလာပါတယ်။ ဒါ​ပေမယ့်ယခု​လော​လောဆယ် chat reporting ပြဿနာ​ကြောင့် player ​တွေက​တော့ mojang နဲ့ microsoft အ​ပေါ်မ​ကျေနပ်ချက်​တွေရှိ​နေပါတယ်။

16/07/2022

Free map အသစ်ဖြစ်တယ့် spell craft အ​ကြောင်း။

02/07/2022

What i've been doing lately.

Technoblade ဟာ stage 4 cancer ခံစား​​နေရတာ အနည်းဆုံး 7 လ​ကျော်ခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်မှာဆိုရင်လက်ပြတ်​တော့မလိုဖြစ်​ကြေ...
01/07/2022

Technoblade ဟာ stage 4 cancer ခံစား​​နေရတာ အနည်းဆုံး 7 လ​ကျော်ခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်မှာဆိုရင်လက်ပြတ်​တော့မလိုဖြစ်​ကြောင်းပါ video တင်ခဲ့ပါ​သေးတယ်။ ဒါ​ပေမယ့်မ​နေ့မှာ​တော့ Technoblade ရဲ့အ​ဖေဟာဆုံးပါးသွားခဲ့ပြီဖြစ်​ကြောင်း video ကိုထုတ်ပြန်ခဲ့ပါတယ်။ Technoblade ရဲ့​နောက်ဆုံး​သေသွားရင်ဆိုပြီး​ရေးသားထားခဲ့တယ့်စာကိုလည်းဖတ်ပြခဲ့ပါတယ်။ သူ့ရဲ့​​နောက်ဆုံးအချိန်​တွေကိုလည်းပြန်လည်​ပြောပြခဲ့ပြီး video အဆုံးသတ်မှာ​တော့ technoblade ရဲ့အ​မေ​ရေးသားခဲ့တယ့်စာ​​လေးကိုလည်းပြသထားပါတယ်။

ကျွန်​တော်တို့ရဲ့ best pvp player , 3 vs 21 အ​သေကြိတ်ခဲ့တယ့် player , hardcore mode ကို steeringwheel နဲ့​အောင်နိုင်ခဲ့တယ့် player ကြီးဟာလူ့ဘဝက​နေထွက်ခွာခဲ့ရပါပြီဖြစ်ပါတယ်။

o7

Youtube video by his dad : https://youtu.be/DPMluEVUqS0

Minecraft 1.19 wild update ဟာ June , 7 , 2022 မှာထွက်မယ်လို့ mojang ဟာ twitter မှာ​ offical ​ကြေညာလိုက်ပါပြီ။
27/05/2022

Minecraft 1.19 wild update ဟာ
June , 7 , 2022 မှာထွက်မယ်လို့ mojang ဟာ twitter မှာ​ offical ​ကြေညာလိုက်ပါပြီ။

Time to play sewden with this
25/05/2022

Time to play sewden with this

Steve after the accident :
23/05/2022

Steve after the accident :

16/05/2022

ဟို Java vs Bedrock week ကပို့စ်ကိုစာရှည်လို့မဖတ်ချင်သူများအတွက် video ​လေးလုပ်​​ပေးထားပါတယ်

မှတ်ချက် - စာရှည်သည်။ကျွန်​တော်က​တော့ bedrock vs java မှာ bedrock ဘက်​နေပြီး​တော့​ပြောချင်ပါတယ်။ ဟုတ်တာ​​​ပေါ့ bedrock ဘ...
16/05/2022

မှတ်ချက် - စာရှည်သည်။

ကျွန်​တော်က​တော့ bedrock vs java မှာ bedrock ဘက်​နေပြီး​တော့​ပြောချင်ပါတယ်။ ဟုတ်တာ​​​ပေါ့ bedrock ဘက်ကအားနည်းချက်​တွေရှိပါတယ် , သို့​ပေမယ့် bedrock က java ထက်ပိုအလားအလာရှိတယ်လို့မြင်ပါတယ်။

အရင်ကလည်းဒီလို post တင်ဘူးခဲ့​ပေမယ့်ကြာ​နေပြီဖြစ်သလိုအ​ခြေအ​နေ​တွေကလည်းအဲ့တုန်းကနဲ့မတူ​တော့ဘူးဆို​တော့ week အတွက်တစ်ခါတည်းအသစ်တင်လိုက်ပါမယ်။

လူတိုင်းသိကြတယ့် ပထမဆုံး bedrock ရဲ့အားသားချက်က​တော့သူ့ရဲ့ performance ဖြစ်ပါတယ်။ bedrock မှာဆိုရင်​တော့ render 12 ​လောက်ထားရင်​တောင်မှကျွန်​တော့်ရဲ့ potato laptop မှာ​ 60 fps ​အေး​ဆေး run လို့ရပါတယ်။ ဒါ​​ပေမယ့် Java မှာ​တော့ 40 fps ဝန်းကျင်ရဖို့ကို 6 chunk ထားပြီး graphic setting မျိုးစုံကို​​​အောက်ဆုံးထိ​လျော့ထားမှရတယ့်အပြင် sodium , optifine လို fps boost မျိုးစုံကိုထည့်ထားရပါတယ်။

ဘာ​ကြောင့်ဒီလို performance ကွဲရတာလည်းဆို​တော့ Java နဲ့ bedrock သုံးတယ့် programming lagauge မတူတာ​ကြောင့်ဘဲဖြစ်ပါတယ်။ Java ကသုံးတယ့် langauge ဖြစ်တယ့် Java™ ဟာ performance အတွက်လူသိများတာမဟုတ်ပါဘူး။ သူ့ရဲ့ string operation ​​ရောအ​ခြား operation တွေမှာအဆင့်​တွေပိုများပြီး​တော့ memory access ပိုလိုပါတယ်။ ဒါ​ကြောင့် singleplayer မှာ fps ကျသလို multiplayer မှာတော့ tps ကျပါတယ်။

Bedrock သုံးတယ့် C++ က​တော့အဲ့လိုမဟုတ်ပါဘူး။ သူ့ရဲ့ operation ​တွေဟာအဆင့်ပိုနည်းပြီးရိုးရှင်းတယ့်အတွက် performance ပိုမို​ကောင်းမွန်ပြီး server ​တွေအတွက်လည်းဝန်ပေါ့ပါတယ်။ ( ဒါ​ကြောင့် hive java server ကိုပိတ်လိုက်တာပါ , java မှာ bedrock ​လောက်လူမ​ဆော့သလို java မှ sever run ဖို့အတွက်အကုန်အကျက bedrock ထက်​တော်​တော်​လေးပိုများ​နေတာ​ကြောင့်ဘဲဖြစ်ပါတယ်။ )

ဒုတိယအချက်က​တော့ server ​(သို့) multiplayer ဘဲဖြစ်ပါတယ်။ Server နဲ့ multiplayer ဘက်မှာဆိုရင်​တော့ Java ကသာတာအသိသာကြီးပါ။ ဒါ​ပေမယ့် bedrock ဘက်က​ပြောချင်တာတစ်ခု​တော့ရှိပါတယ် , Hive နဲ့ Cubecraft လို server ​တွေဟာလည်း hypixel ထက်ပိုမြန်တယ့်အလျင်နဲ့တိုးတက်လာတာကိုသတိထားမိမှာပါ။ Hive မှာဆိုရင် ui improvement မျိုးစုံနဲ့ live replay နဲ့ private game ​လို update အသစ်​တွေလပိုင်းလိုလိုကိုထွက်​နေတာပါ။ Cubecraft မှာဆိုရင်လည်း Beta games မှာ gamemode အသစ်​တွေကိုအမြဲတန်းစမ်းသပ်​နေပြီး​တော့ ကျွန်​တော်တို့လို S.E.A မှာလည်း server ​တွေလာတည်​ထောင်​ပေး​နေတာပါ။

Java Server ပိုင်းမှာဆိုရင်​တော့ server အမျိုးအစား 4 မျိုးဘဲရှိပါတယ်။

1. Hypixel ကိုကူးချပြီးနာမည်ရှိတယ့် server
2. Hypixel ကိုကူးချပြီးနာမည်မရှိတယ့် server
3. Hypixel ကိုမကူးချဘဲနာမည်မရှိတယ့် server
4. ဟိုးအရင်ကတည်းကတည်ရှိခဲ့တယ့် server ​တွေဘဲရှိပါတယ်​။

ကျွန်​တော်​​ပြောချင်တာက Java က Hypixel server ကြီးကအရမ်းကို​ကောင်းမွန်ပြီး​​အောင်မြင်​ပေမယ့်အဲ့​အောင်မြင်မှု​ကြောင့်တစ်ခြား server ​တွေဟာ hypixel ​နောက်လိုက်​တွေဖြစ်လာပါတယ်။ ရလဒ်အ​နေနဲ့က​တော့ hypixel သဏ္ဍာန်တူ server ​ပေါင်း​သောင်း​​ခြောက်​ထောင်​ပေါ်​ပေါက်လာရပါတယ်။ တစ်ခြား unique ဖြစ်တယ့် server ​တွေဆိုရင်လည်း dead ​နေကြတာ​တွေကများပါတယ်​။ ဆို​တော့က java server ​တွေ​အောင်မြင်ဖို့အတွက်ပုံစံခွက်ကြီးထဲ​ဝင်မှ​ရမယ့်သဘောဖြစ်​နေတယ့်အတွက် unique ဖြစ်တယ့် server အသစ်အဆန်း​တွေကိုမြင်ရခက်ပါတယ်။ Hypixel ကိုမကူးချဘဲ​အောင်မြင်တယ့် server ​တွေဆိုလို့ hypixel မ​ပေါ်ခင်ကတည်ရှိခဲ့တယ့် server ​တွေနဲ့​နောက်ခံအင်အား​တော်​တော်​တောင့်တင်းတယ့် server ​တွေဘဲရှိပါတယ်။

​နောက်တစ်ချက်က​တော့ mojang support ဘဲဖြစ်ပါတယ်။ ဒီတစ်ချက်က​တော့ java player ​တွေမကြာခဏ​ ငိုယို​လေ့ရှိတယ့်အချက်​ဘဲဖြစ်ပါတယ်။ Java ဟာ playerbase ​​တောင့်​တင်း​ပေမယ့်ဒီ playerbase ကြီးက​နေ profit ရဖို့နည်းလမ်းနည်းပါးပါတယ်။ ဆို​တော့က java ဘက်ကို​သွားတယ့် mojang နဲ့တစ်ခြား support ​တွေကမရှိသ​လောက်ရှားပါတယ်။ bedrock ဘက်မှာ​တော့အဲ့လိုမဟုတ်ပါဘူး။ Java vs Bedrock မှာ mojang က​တော့ bedrock ဘက်ကိုအသား​​ပေးထားတာအ​​သေအချာပါဘဲ, minecraft bedrock ကို title​ တွေမှာ "bedrock edition" လို့တောင်မ​​ရေးဘဲ Minecraft ဆိုတာဘဲ​ရေးထည့်ထားပါတယ်။

Mojang ဟာ bedrock ကို minecraft ရဲ့အဓိက edition အ​နေနဲ့သတ်မှတ်ရတာက​တော့မဆန်းပါဘူး , marketplace က​နေသူတို့လိုချင်တယ့်မန်နီး​တွေလည်းရသလို player ​base လည်းပိုများပါတယ်။ performance , accessbility လိုအ​ခြေခံကလည်း​တောင့်တင်းပြီးသားဖြစ်တယ့်အတွက်လို​တော့တာဆိုလို server ​တွေနဲ့ player ​တွေဟာ java တုန်းကလို mod ​တွေ , server ​တွေထည်​ထောင်ဖို့ဘဲကျန်​တော့တာပါ။ ​နောက်ပြီး​တော့လည်း mojang ဟာ bedrock မှာ modder ​တွေအတွက် support များစွာကိုထည့်သွင်း​နေပြီး blockbench လို website ​တွေကိုလည်းထည်​ထောင်​နေပြီဖြစ်တယ်အတွက်​ပိုမို quality ​ကောင်းမွန်​တယ့် mod ​တွေကို bedrock မှာမြင်ရနိုင်ပါတယ်။

Bedrock ရဲ့မ​​ကောင်းတယ့်မချက်တစ်ချက်​တော့​ပြောချင်တာရှိပါတယ်။ အဲ့တာက​တော့ bug ​တွေအရမ်းများ​တာ​တွေဖြစ်ပါတယ်။ bedrock လို device မျိုးစုံနဲ့​ဆော့လို့ရတယ့်​နေရာမှာ bug ​တွေများတာ​တော့မဆန်းပါဘူး။ ​နောက်ပြီး​တော့လည်းလူတိုင်းသိကြတယ့် render dragon ပြဿနာကြီးလည်း​ပေါ်​ပေါက်​နေပြီး​တော့ server ​တွေမှာလည်း pink glitch ​​တွေဖြစ်လို့​နေပါတယ်။ ဒီ render dragon ပြဿနာက​တော့ mojang ရဲ့အပြစ်မလွဲပါဘူး​။ beta လို version ​တွေမှာထည့်တာကို​တော့ထားပါ , ဒါ​ပေမယ့် full version ကြီးမှာ render dragon လိုအ​ချောမသတ်ရ​သေးတယ့် engine ကိုထည့်လိုက်မှ​တော့ပြဿနာ​တွေတတ်မှာလုံးဝအ​​သေအချာပါဘဲ။ ( လွန်ခဲ့တယ့်နှစ်နှစ်ကတည်းက render dragon engine ထွက်တာ​ပေမယ့်ဒီတစ်ခါမှာက​တော့အတင်းကြီး game ထဲကိုထိုးထည့်ပြစ်လိုက်တာပါ )

​နောက်ဆုံးတစ်ချက်​ပြောချင်တာက​တော့ bedrock ရဲ့ community ဘဲဖြစ်ပါတယ်။ ဒါက​တော့ device တိုင်း​ဆော့ခွင့်ရတယ့်အခါ​ပေါ်ပေါက်လာတယ့်ပြဿနာဘဲဖြစ်ပါတယ်။ toxic ​တွေဟာများ​​သောအားဖြင့် 11-12 အရွယ်​တွေဖြစ်ပါတယ်။ ဒီအရွယ်မှာသူတို့​တွေကသိတတ်တယ့်အရွယ်​ရောက်​တော့​​ဆရာကြီးဖြစ်ချင်ကြ​ပေမယ့် နားလည်တတ်တယ့်အရွယ်မ​ရောက်​​တော့​​​သေချာမ​တွေး​တောဘဲပြောချင်တာ​တွေကို​​ပြောပြီး​တော့ toxic ​ကောင်​တွေဖြစ်​နေကြတာပါ။ အသက်ကြီးပြီး superiority complex ​တွေနဲ့ toxic ဖြစ်​နေကြတယ့်ဆရာသမား​တွေလည်းရှိကြပါတယ်။ ဒါ​ပေမယ့် java ဘက်မှာလည်း rk ဆရာသမား​တွေလည်းရှိပါ​​သေးတယ်။ ရှင်းရှင်း​ပြောရရင် java ကအတုံးဂိမ်း​ဆော့တယ့်အတွက်​ဆေးဖက်ဆိုင်ရာနဲ့ရူပ​ဗေဆိုင်ရာ​တွေ​ရော , philosophical issue ​တွေမှာ​ရော , politic ​တွေမှာ​ရောအဘက်ဘက်သာတယ်ထင်​နေကြသူ​တွေပါ။ ရှင်းရှင်း​ပြောရရင်မြန်မာ community ကြီးမှာနှစ်ဘက်လုံး toxic ဖြစ်ပါတယ်။ Bedrock ဘက်မှာ​ဆော့သူများတယ့်အတွက် toxic ပိုများတာပါ။

Toxicity issue ပြီးပြီဆို​တော့တကယ့် community ဘက်ကိုသွားပါမယ်။ Community ပိုင်းမှာ​တော့ Java ဘက်ကပိုရင့်ကျက်တာမဆန်းပါဘူး။ ဒါ​​ပေမယ့် server ​တွေလိုဘဲ bedrock ဘက်ကတိုးတက်ဖို့အခွင့်အ​ရေး​တွေအများကြီးရှိပါတယ်။ ဒီတစ်ချက်ကို​တော့အပြင်ကသာဓကနဲ့​​ပြောရပါမယ် ဟိုးအရင်ကတည်းကမြန်မာနိုင်ငံမှာဆိုရင်ပညာတတ်​တွေဟာနိုင်ငံခြား​တွေကိုထွက်​​လေ့ရှိကြတာကိုသိမှာပါ အဲ့​တော့ကိုယ်က ပညာတတ်ပြီးအစွမ်းအစရှိတယ့်လူဆိုရင်မြန်မာမှာကအခွင့်အလမ်းနည်းပါးပါတယ်။ ဆို​တော့သူတို့နဲ့ထိုက်တန်တယ့်အခွင့်အလမ်း​တွေရဖို့အတွက်နိုင်ငံခြားထွက်ကြပါတယ်။ နိုင်ငံခြားထွက်သွားပြီးရင်​တော်​တော်များများကပြန်မလာ​ကြ​တော့ပါဘူး။အဲ့​တော့တကယ့်ပြဿနာတစ်ခုဖြစ်တယ့် brain drain ဆိုတာ​ဖြစ်​ပေါ်လာပါတယ်။ brain drain ဖြစ်လာ​တော့နိုင်ငံတွင်းတိုးတက်အောင်လုပ်ဖို့ပညာရှင်​တွေမရှိ​, မရှိ​တော့မတိုးတက်, မတိုးတက်​တော့နိုင်ငံခြားထွက်နဲ့သံသရာလည်​နေ​တော့တာပါဘဲ။

အဲ့​တော့​ပြောချင်တာက java ကလူ​တွေကို bedrock ကိုလာ​​စေချင်ပါတယ်။ အတင်း​ပြော​နေတာလည်းမဟုတ်ပါဘူး။ အတုံးဂိမ်းဘဲကိုယ်​ဆော့ချင်တာ​​ဆော့ကြ​ပေါ့ဗျာ။ ဒါ​ပေမယ့် bedrock ကိုလာစမ်း​​ဆော့ကြဖို့​ပြောချင်ပါတယ်။ bedrock ကလူ​တွေကလည်းလှုပ်စိလှုပ်စိ edit ​တွေ​​​​လျော့ , ဖင်နာတာ​​လျော့ပြီးအသစ်အဆန်း​​လေး​တွေကြိုးစားကြည့်ကြပါ။ ​နောက်ပြီး​တော့လည်းတိုးတက်ကြိုးစား​နေတယ့်လူ​တွေကိုလည်းအဆင်​ပြေမယ်ဆိုရင် encourage လုပ်​ပေးဖို့လိုအပ်ပါတယ်။

​နောက်တစ်ခုက​တော့ marketplace ဘဲဖြစ်ပါတယ် , ဒီအချက်ကို​တော့လူ​တော်​တော်များများကဆိုးတယ့်အချက်အ​နေနဲ့သတ်မှတ်ကြပြီး​တော့ကျွန်​တော့်အ​နေနဲ့လူ​တွေထင်သ​လောက်မဆိုးကြဘူးလို့ထင်ပါတယ်။ marketplace မှာက player ​တွေလုပ်ထားတယ့် mod ​တွေ , texturepack ​တွေနဲ့ world ​တွေကို​ရောင်းချလို့ရတယ့်​​နေရာဖြစ်ပြီး​တော့ player ​တွေက​ရောင်းလို့ရ​တယ့်​ငွေရဲ့ 70% ကိုရရှိပါတယ်။ 2021 ကတင်ပြတယ့် report အရဆိုရင် marketplace creator ​တွေအတွက်အကျိုးအမြတ် 350 million dollar ​​ပေးစွမ်းနိုင်ခဲ့ပါတယ်။ Java မှာလည်း paid texture , mod ​တွေနဲ့ world ​တွေရှိပေမယ့် bedrock မှာက offical ဖြစ်တယ့်အတွက်ပိုမိုလွယ်ကူသလို piracy ပြဿနာလည်းပိုမို​လျော့သွားပါတယ်။ ( Java ကဟာ​တွေကိုကူးယူပြီး​တော့ marketplace မှာတင်တယ့်ပြဿနာ​တွေ​တော့ရှိပါတယ် ) ​နောက်ပြီး​တော့လည်း mojang အတွက် funding ​ပေးရာ​ရောက်ပြီး​တော့ပိုမို​ကောင်းမွန်တယ့် content ​တွေနဲ့ update ​တွေကို​​ပေးစွမ်းနိုင်ပါလိမ့်မယ်။ လူ​တွေက bedrock ရဲ့ပိုက်ဆံ​​ပေးဝယ်ရတယ့် concept ကိုမကြိုက်ကြပါဘူး။ ဒါ​ပေမယ့် mojang ရဲ့ offical marketplace content ​တွေကလွဲလို့အခြားအရာ​တွေဟာ player ​တွေကိုယ်တိုင်အဖိုးအခနဲ့​ရောင်းဖို့​ရွေးချယ်ထားတာ​တွေချည်းပါဘဲ။ Free တင်ချင်တယ့်လူ​တွေက free တင်လို့ရတာဘဲမဟုတ်လား? Player ​တွေကိုယ်တိုင်​​စျေးကိုသတ်မှတ်ထားတယ့်အရာကို bedrock edition ကို​ပြောဆိုတာက​တော့မမျှတဘူးလို့ထင်ပါတယ်။ Java မှာလည်း marketplace သာရှိခဲ့ရင်လည်းအဖိုးအခနဲ့တင်ကြမှာပါဘဲ။

Bedrock ရဲ့​နောက်ပြဿနာတစ်ခုက​တော့ feature ​တွေလိုအပ်​နေတာဘဲဖြစ်ပါတယ်။ Java မှာရှိတယ့် hardcore , spectator , better redstone / command ​တွေ bedrock မှာမရှိပါဘူး။ သို့​ပေမယ့်သိတယ့်အတိုင်း spectator mode ကို bedrock မှာစမ်းသပ်​နေပြီဖြစ်ပြီး 1.19 နဲ့​နောက်ပိုင်း version ​တွေမှာလာဖို့​​​​မျော်လင့်ရပါတယ်။ Bedrock မှာလိုအပ်​​နေတာ​တွေကိုတစ်ဖြည်းဖြည်းထည့်သွင်းလာမယ့်ပုံ​ပေါ်ပြီး​နောက်ပိုင်းမှာ bedrock နဲ့ java တန်းတူညီလာနိုင်ပါတယ်။

တစ်​နေ့တစ်မျိုးမရိုးရတာမြန်မာနိုင်ငံပြီးရင် minecraft ဘဲရှိမယ်။
15/05/2022

တစ်​နေ့တစ်မျိုးမရိုးရတာမြန်မာနိုင်ငံပြီးရင် minecraft ဘဲရှိမယ်။

14/05/2022

Current map progress

ဒီပုံ​ပေါ်စာ​​ရေး Edit style ကိုကြိုက်ကြရဲ့​လားဗျ။ နည်းနည်းမျက်စိများရှုပ်​နေမလား။ ဒါမှမဟုတ် caption မှာဘဲအရင်က​ရေးသလိုစ...
11/05/2022

ဒီပုံ​ပေါ်စာ​​ရေး Edit style ကိုကြိုက်ကြရဲ့​လားဗျ။ နည်းနည်းမျက်စိများရှုပ်​နေမလား။ ဒါမှမဟုတ် caption မှာဘဲအရင်က​ရေးသလိုစာ​ရေးရမလား။ ​cmt မှာ​​ပြောပြခဲ့​ပေးကြပါ။

အားလုံးဘဲမင်္ဂလာပါ။လူတိုင်း​စောင့်​​​မျော်နေကြတယ့် Aqua Mines map demo ထွက်ရှိလာပါပြီ။Demo ဘဲရှိ​သေးတယ့်အတွက် feature ​တ...
07/05/2022

အားလုံးဘဲမင်္ဂလာပါ။

လူတိုင်း​စောင့်​​​မျော်နေကြတယ့် Aqua Mines map demo ထွက်ရှိလာပါပြီ။

Demo ဘဲရှိ​သေးတယ့်အတွက် feature ​တွေအများကြီးလိုအပ်​နေပါ​သေးတယ်။ သို့​သော်လည်းဒီ​​လောက်​​လေးပြီးဖို့ကို 2 လ​ကျော်​ကျော် , နာရီ 120 ​ဝန်းကျင်လုပ်ခဲ့ရတာပါ။

Map လုပ်လို့ပြီးခါနီး​လေး spawnpoint စစ်မယ်ဆိုပြီး /kill  မလုပ်ဘဲ /kill  လုပ်မိတာအခု npc ​တွေ​ရော armour stand ​တွေ​​ရော...
06/05/2022

Map လုပ်လို့ပြီးခါနီး​လေး spawnpoint စစ်မယ်ဆိုပြီး /kill မလုပ်ဘဲ /kill လုပ်မိတာအခု npc ​တွေ​ရော armour stand ​တွေ​​ရောအကုန်​ပြောက်ကုန်ပြီ

​ကျွန်​တော်ကိုကပိန်းတာပါ 🤩

Step 1 : 6 မိနစ်စာ video ကိုပြီး​​အောင်မကြည့် Step 2 : ဖင်နာ Step 3 : ဝင်ဆဲ Step 4 : ကိုယ့်ကိုကိုယ်အရှက်ခွဲ 👍
04/05/2022

Step 1 : 6 မိနစ်စာ video ကိုပြီး​​အောင်မကြည့်
Step 2 : ဖင်နာ
Step 3 : ဝင်ဆဲ
Step 4 : ကိုယ့်ကိုကိုယ်အရှက်ခွဲ 👍

02/05/2022

War ဖြစ်မလားမဖြစ်ဘူးလားဆိုတာကကံကြမ္မာနဲ့ဘဲဆိုင်တယ် ငါနဲ့မဆိုင်ဘူး 😗

အီလွန်မက်စ် ကြမ်းပြီ
27/04/2022

အီလွန်မက်စ် ကြမ်းပြီ

ကျမနာမည် Pyae Yati Sone ပါ။
20/04/2022

ကျမနာမည် Pyae Yati Sone ပါ။

10/04/2022

Myanmar minecraft community be like :

Survival map အသစ်​လေးလုပ်ထားပါတယ် , map အ​ကြောင်းအရာကိုသိချင်ရင် planet minecraft ရဲ့ map description မှာ​လေ့လာနိုင်ပါတယ...
06/04/2022

Survival map အသစ်​လေးလုပ်ထားပါတယ် , map အ​ကြောင်းအရာကိုသိချင်ရင် planet minecraft ရဲ့ map description မှာ​လေ့လာနိုင်ပါတယ်။

https://www.planetminecraft.com/member/endrio_endermite/

Minecraft Java မှာအသစ်ထွက်တယ့်  snapshot မှာပါတယ့် feature အသစ်များ။  to xisumavoid
02/04/2022

Minecraft Java မှာအသစ်ထွက်တယ့် snapshot မှာပါတယ့် feature အသစ်များ။

to xisumavoid

31/03/2022

အားလုံးဘဲမင်္ဂလာပါ။
Endless Minigame ရဲ့ update တစ်ခု​ရောက်ရှိလာပါပြီ။ဒီ update မှာ​တော့များ​သောအားဖြင့်က bug fix ​တွေနဲ့​အ​ချောသတ်တာဘဲဖြစ်ပါတယ်။

Trailer ​လေးတစ်ခုကိုလည်းပြုလုပ်ထားပါတယ်။

Crd Exterior Pagoda : https://www.facebook.com/groups/452806895217621/permalink/876808816150758/

Thanks for the 1k my guys
31/03/2022

Thanks for the 1k my guys

Endermite က​မွေးလာတယ့်​ကောင်ကိုအထင်​သေးတာလား?
25/03/2022

Endermite က​မွေးလာတယ့်​ကောင်ကိုအထင်​သေးတာလား?

Address


Website

Alerts

Be the first to know and let us send you an email when Endrio_Endermite posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share