Myawaddy CDM Supporting Team

  • Home
  • Myawaddy CDM Supporting Team

Myawaddy CDM Supporting Team Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myawaddy CDM Supporting Team, Social Media Agency, Manawhery Street, .

06/02/2022
 #တခြားမြို့နယ်CDMဝန်ထမ်းများအတွက်ကြိုတင်တောင်းပန်ခြင်း 🙏🙏🙏🙏🙏ယခုအခါတော်လှန်ရေးကြားကာလအတွင်းတွင်မိမိတို့နိုင်တဲ့ဘက်ကနေရပ်...
14/10/2021

#တခြားမြို့နယ်CDMဝန်ထမ်းများအတွက်ကြိုတင်တောင်းပန်ခြင်း 🙏🙏🙏🙏🙏

ယခုအခါတော်လှန်ရေးကြားကာလအတွင်းတွင်မိမိတို့နိုင်တဲ့ဘက်ကနေရပ်တည်ပြီးတိုက်ပွဲဝင်ခဲ့ကြသော CDM ရဲဘော်များကိုကျွန်တော်တို့ (Myawady CDM Supporting Team )မှအထူးလေးစားဂုဏ်ယူမိပါတယ် သို့ပေမဲ့ ကျွန်တော်တို့ Teams ရဲ့ဘက်ဂျက်အနေအထားအရရော ရန်ပုံငွေကောက်ခံမှုအနေနဲ့ရောအဖက်ဖက်မှ ကြပ်တည်းမှုများကြောင့် တခြားမြို့နယ်များမှ CDMသူရဲကောင်းများကို Supporting ပေးတဲ့လုပ်ငန်းစဉ်အားအကန့်အသတ်ကာလတခုဖြင့် ရပ်တန့်ထားရမယ့် အခြေအနေသို့ရောက်ရှိသွားပါပြီ ထို့ကြောင့်အားလုံးကိုအနူးညွတ်မေ့တ္တာရပ်ခံတောင်းပန်ပါတယ်ခင်ဗျာ
အဆင်မပြေမှုများကြားမှ အားတင်းထားပေးကြတဲ့CDMဝန်ထမ်းများနှင့် supporting‌ေပးသူများအား ကျွန်တော်တို့ Myawaddy CDM အဖွဲ့မှအထူးလေးစားပါတယ်

CRPH , NUG တို့၏ သတင်းအချက်အလက်ဆိုင်ရာ တရားဝင်စာမျက်နှာများပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်...
02/10/2021

CRPH , NUG တို့၏ သတင်းအချက်အလက်ဆိုင်ရာ တရားဝင်စာမျက်နှာများ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ဝန်ကြီးဌာနများ နှှင့် ဆက်စပ်ဌာနများ ၊ CRPH နှင့် NUG တို့နှင့် သက်ဆိုင်သော သတင်းအချက်အလက်ထုတ်ပြန်ရေး Channel များဖြစ်သည့် Radio NUG နှင့် Public Voice Television(PVTV) တို့၏ လက်ရှိအသုံးပြုနေသော တရားဝင် Website, YouTube , Telegram နှင့် Facebook စာမျက်နှာများဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(Committee Representation Pyidaungsu Hluttaw - CRPH)
https://crphmyanmar.org
https://www.facebook.com/crph.official.mm
t.me/crphmyanmar
https://www.facebook.com/crph.cdm.support
https://www.facebook.com/crph.ofp.official
အမျိုးသားညီညွတ်ရေးအစိုးရ
(National Unity Government - NUG)
https://nugmyanmar.org
https://gov.nugmyanmar.org
https://www.facebook.com/NUGmyanmar
t.me/nugmyanmar
နိုင်ငံခြားရေးဝန်ကြီးဌာန
(Ministry of Foreign Affairs - MOFA)
https://mofa.nugmyanmar.org
https://www.facebook.com/mofaNUG
https://www.facebook.com/NUGRepresentativeUK (United Kingdom)
https://www.facebook.com/NUGRepresentativeofficeofficial (Czech Republic)
https://www.facebook.com/NUGRepresentativeforKorea (South Korea)
https://www.facebook.com/NUGrepresentativeAU (Australia)
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(Ministry of Home Affairs and Immigration - MOHAI)
https://mohai.nugmyanmar.org
https://www.facebook.com/mohaimyanmar
https://www.facebook.com/PCDMchannel
ကာကွယ်ရေး ဝန်ကြီးဌာန
(Ministry of Defence - MOD)
https://mod.nugmyanmar.org
https://www.facebook.com/modNUG
https://www.facebook.com/PeoplesEmbrace
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(Ministry of Federal Union Affairs - MOFUA)
https://mofua.nugmyanmar.org
https://www.facebook.com/mofuanug
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
(Ministry of Planning, Finance and Investment - MOPFI)
https://mopfi.nugmyanmar.org/
https://www.facebook.com/MoPFINUG
https://www.facebook.com/nuglottery
လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန
(Ministry of Humanitarian Assistence and Disaster Management - MOHADM)
https://mohadm.nugmyanmar.org
https://www.facebook.com/mohadmNUG
https://www.facebook.com/MindHealersMM
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
(Ministry of International Cooperation - MOIC)
https://moic.nugmyanmar.org
https://www.facebook.com/MOICMyanmar
ကျန်းမာရေးဝန်ကြီးဌာန
(Ministry of Health - MOH)
https://moh.nugmyanmar.org
https://www.facebook.com/MoHNUGMyanmar
https://www.facebook.com/nhcmm
https://www.facebook.com/telehealthmm
ပညာရေးဝန်ကြီးဌာန
(Ministry of Education - MOE)
https://www.facebook.com/moeNUGMyanmar
သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(Ministry of Natural Resources and Environmental Conservation - MONREC)
https://monrec.nugmyanmar.org
https://www.facebook.com/MONRECNUGMyanmar
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
(Ministry of Human Right - MOHR)
https://mohr.nugmyanmar.org/
https://www.facebook.com/mohrmyanmar
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
(Ministry of Women, Youths and Children Affairs - MOWYCA)
https://mowyca.nugmyanmar.org
https://www.facebook.com/mowyca
အလုပ်သမားဝန်ကြီးဌာန
(Ministry of Labour - MOL)
https://mol.nugmyanmar.org
https://www.facebook.com/MoLNUGMyanmar
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန
(Ministry of Communication, Information and Technology - MOCIT)
https://mocit.nugmyanmar.org
https://www.facebook.com/MoCITNUGMyanmar
https://unitedxyz.com/
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
(Ministry of Electricity and Energy - MOEE)
https://moee.nugmyanmar.org
https://www.facebook.com/Ministry-of-Electricity-and-Energy-103729738673141
https://www.facebook.com/SayNoToMeterBill/
တရားရေးဝန်ကြီးဌာန
(Ministry of Justice - MOJ)
https://www.facebook.com/MoJNUG
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(Ministry of Commerce - MOC)
https://www.facebook.com/mocNUGMyan
Public Voice Television (PVTV)
https://www.facebook.com/pvtvmyanmar
https://www.youtube.com/c/pvtvmyanmar
t.me/pvtvmyanmar
Broadcast in Mizzima and DVB TV Channels
Radio NUG
https://www.facebook.com/radionug
https://www.youtube.com/c/RadioNUGMyanmar
Everydays on Air
8AM LIVE @ SW 16 Meter Band, 17.71 MHz
8PM LIVE @ SW 25 Meter Band, 12 MHz

https://www.facebook.com/NUGmyanmar/posts/201440922076547

The Committee Representing Pyidaungsu Hluttaw has been formed by the following Representatives to resolutely perform those necessary activities and duties

ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ညွှန်ကြားချက်ညွှန်ကြားချက်အမှတ် ၂ / ၂၀၂၁-----------------------------...
28/08/2021

ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ညွှန်ကြားချက်

ညွှန်ကြားချက်အမှတ် ၂ / ၂၀၂၁
--------------------------------------------------------------------

၁။ ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့်စပ်လျဉ်းသည့် အမျိုးသားညီညွတ်ရေးအစိုးရ ၏ မူဝါဒကို ကြေညာချက်အမှတ် (၈/၂၀၂၁) ၊ ၂၃ သြဂုတ် ၂၀၂၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

၂။ စစ်ကောင်စီနှင့်လမ်းခွဲကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံပူးပေါင်းလာမည့် “ပြည်သူ့သားကောင်း” တပ်မတော် သားများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဉ်း၍ထုတ်ပြန်ထားသော အဆိုပါမူဝါဒနှင့်အညီ ကာကွယ်ရေးဝန်ကြီး ဌာနက အောက်ပါ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။

(က) တရားမဝင်အာဏာသိမ်း စစ်ကောင်စီ၏ အမိန့်များ၊ ညွှန်ကြားချက်များကို နာခံခြင်းမပြုရန်။

(ခ) ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် မဟာမိတ်များအား ဟန့်တားနှောင့်ယှက် တိုက်ခိုက် ခြင်းမပြုရန်။
(ဂ) ပြည်သူကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းမပြုရန်နှင့် ပြည်သူလူထုပိုင် အိုးအိမ်နှင့် ပစ္စည်းဥစ္စာများကို လုယူခြင်း၊ ဖျက်ဆီးခြင်း မပြုရန်။

၃။ ထို့အပြင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံပူးပေါင်းမည့် “ပြည်သူ့သားကောင်း” တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များကို လိုအပ်သလို ကူညီနိုင်ရန်နှင့် မှတ်တမ်းတင်ဂုဏ်ပြုနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရသို့ အမြန်ဆုံးဆက်သွယ်၍ စာရင်းပေးသွင်းကြရန် တိုက်တွန်းအပ်သည်။

၄။ ပြည်သူ့ရင်ခွင်ခိုလှုံမည့် ပြည်သူ့တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ပြည်သူနှင့် အမျိုးသားညီညွတ်ရေးအစိုးရက အထူးဂုဏ်ပြုကြိုဆိုလျက် လိုအပ်သော ကူညီစောင့်ရှောက်မှုများဆောင်ရွက် သွားမည် ဖြစ်သည်။

၅။ ပြည်သူကို ပုန်ကန်ဆန့်ကျင်သော စစ်ကောင်စီ၏ ခါးပိုက်ဆောင်၊ လက်ကိုင်တုတ် အကြမ်းဖက် သမားများကိုမူ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များက ပြင်းထန်စွာ တုံ့ပြန်အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတိပေးလိုက်သည်။

ဆက်သွယ်စာရင်းပေးသွင်းရန် Call Center လိပ်စာ -
http://t.me/MyanmarPeople

ပုံ/
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန

27/08/2021
24/08/2021

မြဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးရှိ
CDM ဝန်ထမ်းအပေါင်းတို့ခင်ဗျာ

အရေးတော်ပုံကာလအစက ကနဦးCDM စာရင်းအား ချိတ်ဆက် ကောက်ယူထားခဲ့ပါသည်။

ငယ်စာရင်းရှိပါသော်လည်း CDMမှ
Non CDM ဖြစ်သွားသူများစာရင်းထဲတွင်ပါမသွားစေရေးနှင့် အချက်အလက်များအားစနစ်တကျစာရင်းပြုစုထားရန် CDM updateစာရင်းအား ထပ်မံကောက်ယူပါမည်။

ထို့ကြောင့် လိုအပ်သည့် အချက်အလက်များအား စာရွက်တွင်ဖြည့်သွင်းကာ ဓာတ်ပုံရိုက်၍ Page messager ပို့ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

Non CDMများ ပါမလာစေရန်
ကျွန်ုတို့လက်ထဲတွင်ရှိသော ငယ်စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့ ရာထူး လစာ မူလအခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် အချက်အလက်များဖြည့်သွင်း၍ ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

လူကြီးမင်းတို့၏ အချက်အလတ်များအား လျှို့ဝှက်လုံခြုံစွာ စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းထားပါမည်ဖြစ်ကြောင်း ထပ်လောင်းအာမခံပါသည်။

လိုအပ်သည့်အချက်အလက်များ...

အမည်

ရာထူး

ဌာန

မှတ်ပုံတင်အမှတ်

နောက်ဆုံးထုတ်ယူသည့်လစာ

CDMလုပ်သည့်နေစွဲ

ဖုန်းနံပါတ်(signalဖွင့်ထားသည့်နံပါတ်)

Wave pay acc နံပါတ်

Wave Pay accဖွင့်ထားသည့်နာမည်

#မှတ်ချက်

#ပညာရေးCDMဝန်ထမ်းများပေးပို့ရန်မလိုပါ။

မြဝတီမြို့နယ် ပညာရေးဘုတ်အဖွဲ့ Page ပဲဖြစ်ပါတယ်
19/08/2021

မြဝတီမြို့နယ် ပညာရေးဘုတ်အဖွဲ့ Page ပဲဖြစ်ပါတယ်

မြဝတီမြို့ပညာရေးဘုတ်အဖွဲ့ ဖွဲ့စည်းပြီးကြောင်းကြေညာခြင်း

လက်ရှိ ဖြစ်ပေါ်နေတဲ့ ကပ်ဆိုးတွေရန်ကနေလည်း တူတူဖေးမရင်း ဖြတ်ကျော်ကြမယ် အာဏာရူးအုပ်စုရဲ့ တပ်ကိုလည်းအတူတူ တွန်းလှန်ဆော်ကြမယ...
30/07/2021

လက်ရှိ ဖြစ်ပေါ်နေတဲ့ ကပ်ဆိုးတွေရန်ကနေလည်း တူတူဖေးမရင်း ဖြတ်ကျော်ကြမယ်
အာဏာရူးအုပ်စုရဲ့ တပ်ကိုလည်းအတူတူ တွန်းလှန်ဆော်ကြမယ်

စစ်မိစ္ဆာတို့သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

Photo crd to GSC

တခြားမြို့နယ် CDM တွေကို အကူညီမပေးနိုင်လို့ စိတ်မကောင်း ဖြစ်ရပါတယ်ခင်ဗျ အဲ့အတွက် အားနာစွာနဲ့ပဲ တောင်းပန်ပါတယ် ခင်ဗျ 🙏🙏
12/07/2021

တခြားမြို့နယ် CDM တွေကို အကူညီမပေးနိုင်လို့
စိတ်မကောင်း ဖြစ်ရပါတယ်ခင်ဗျ အဲ့အတွက် အားနာစွာနဲ့ပဲ
တောင်းပန်ပါတယ် ခင်ဗျ 🙏🙏

မြဝတီမြို့မှ မဟုတ်သော အခြားမြို့များမှ Page ကို ဆက်သွယ်လာတဲ့ CDM ဝန်ထမ်းများအား အားနာစွာဖြင့် မေတ္တာရပ်ခံတောင်းပန်ခြင်း
=================================

ကျွန်မတို့ Myawaddy CDM supporting team အနေနဲ့ မြဝတီမြို့နယ် အတွင်းမှာရှိတဲ့ CDM ဝန်ထမ်းများအား support ပေးရန်အတွက် ဖွဲ့စည်းထားတဲ့ Team ဖြစ်ပါတယ်ရှင်

အကယ်၍ဖြစ်နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ CDM သူရဲကောင်းများကို Team အနေနဲ့ support ပေးချင်ပါတယ်ရှင့် သို့သော်ငြားလည်း Team ရဲ့ ဘတ်ဂျက် (Budget ) အခြေနေကြောင့် မိမိတို့ မြဝတီမြို့ရဲ့ CDM ဝန်ထမ်းများကိုသာ ဦးစားပေးထောက်ပံ့ပေးနေရတာဖြစ်ပါတယ်ရှင်

Page ကိုဆက်သွယ်လာတဲ့ အခြားမြို့များမှ CDM သူရဲကောင်းတို့အား Team အနေနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးခြင်း၊ထိုမြို့များရှိ အလှူရှင်များနှင့်လက်လှမ်းမှီသလောက်ချိတ်ဆက်ပေးခြင်းများပြုလုပ်ပေးခဲ့ပါတယ်ရှင်

ဘတ်ဂျက်အခြေအနေကြောင့် အခြားမြို့များမှ Page ကိုဆက်သွယ်လာတဲ့ CDM ဝန်ထမ်းများအားလုံးကို မထောက်ပံ့မကူညီပေးနိုင်တဲ့ အတွက် Admin Team အနေနဲ့ များစွာစိတ်မကောင်းဖြစ်ရသလို အနူးညွတ်လည်းတောင်းပန်ပါတယ်ရှင် ကျွန်မတို့ Team ဘက်ကိုလည်း နားလည်ပေးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပြီး နားလည်ပေးပါလို့လည်းမေတ္တာရပ်ခံအပ်ပါတယ်ရှင်

ယခုအခါတွင် Page ကိုဆက်သွယ်လာတဲ့ အခြားမြို့မှ CDM သူရဲကောင်း ဦးရေမှာ ပို၍များပြားလာသည့်အတွက် အထက်တွင်ပြောခဲ့သည့်အတိုင်း Team အနေနဲ့ မိမိတို့ မြဝတီမြို့ရှိ CDM သူရဲကောင်းများအား ဦးစားပေးထောက်ပံ့ပေးနေရခြင်းကြောင့် ယခုချိန်တွင် အခြားမြို့မှ CDM သူရဲကောင်းများကိုအကူအညီမပေးနိုင်သေးကြောင်းကို စိတ်မကောင်းစွာဖြင့် တောင်းပန်တင်ပြအပ်ပါတယ်ရှင်

Admin Team
Myawaddy CDM Supporting Team

4လပိုင်းမှ စတင်ခဲ့တဲ့ ကျွန်မတို့ Myawaddy CDM Supporting Team ရဲ့ CDM ထောက်ပံ့ပေးမှုဟာ ယခုဆိုလျှင် လေးကြိမ်မြောက်ရှိခဲ့ပ...
10/07/2021

4လပိုင်းမှ စတင်ခဲ့တဲ့ ကျွန်မတို့ Myawaddy CDM Supporting Team ရဲ့ CDM ထောက်ပံ့ပေးမှုဟာ ယခုဆိုလျှင် လေးကြိမ်မြောက်ရှိခဲ့ပါပြီရှင်

ယခုအကြိမ် တွင် မြ​ဝတီမြို့မှ ဋ္ဌာနစုံ CDM ဝန်ထမ်း စုစုပေါင်း (42)ဦး အားထောက်ပံ့ပေးနိုင်ခဲ့ပါတယ်ရှင်

မြဝတီမြို့မှာရှိတဲ့ CDM ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးချင်သော်လည်း Team ရဲ့ Budget နဲ့ ရရှိတဲ့အလှူငွေအရ ခက်ခဲမှုအဆင့် အုပ်စုသုံးခု (အုပ်စု A B C) ခွဲ၍ ပိုပြီးခက်ခဲကြပ်တည်း လိုအပ်နေတဲ့ အုပ်စု C ဝန်ထမ်းများကို ထောက်ပံ့ပေးခဲ့ပါတယ်ရှင်

မြဝတီမြို့က ခက်ခဲနေတဲ့ CDM ဝန်ထမ်းများ Page ကိုဆက်သွယ်ပြီး အကူညီတောင်းနိုင်ပါတယ်
မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ CDM ဝန်ထမ်းများကို ယခု Page မှာ ဆက်သွယ်အကူညီတောင်းနိုင်ကြောင်းကိုလည်း လက်ဆင့်ကမ်းပြောကြားပေးကြစေလိုပါတယ်ရှင်

ပိုပြီးကြပ်တည်းလာတဲ့ကာလတွေမှာ အဘက်ဘက်မှအခက်ခဲတွေကို အံတုပြီး ခုချိန်ထိတောင့်ခံထားပေးကြတဲ့ CDM သူရဲကောင်းတို့ကို အထူးလေးစားဂုဏ်ယူပါတယ်ရှင် ပြည်သူ့ဝန်ထမ်းတွေဘက်မှာ ပြည်သူတွေရှိတာမို့ ဆက်လက်အားတင်းထားပေးကြပါလို့လည်း တောင်းဆိုပါတယ်ရှင်

CDM ဟာ စစ်မိစ္ဆာ တို့ကိုအမြစ်ဖြုတ်နိုင်မယ့် စစ်မိစ္ဆာတို့ရဲ့ ယန္တရားကို ရပ်စေမယ့် သွေးကြောတစ်ခုဖြစ်တာမို့ ကျွန်မတို့ရဲ့ Heroes ,CDM ဝန်ထမ်းများကို ဝိုင်းဝန်း Support ပေးကြပါစို့ရှင်

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7

Mr Kyi Shwin
Ph 0925458853

စစ်မိစ္ဆာတို့သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

မြဝတီမြို့မှ ခက်ခဲနေသော CDM ဝန်ထမ်းများအား page တွင်လာရောက်စာရင်းပေးသွင်းနိုင်ပါကြောင်း အ​ကြောင်းကြားခြင်း==============...
17/06/2021

မြဝတီမြို့မှ ခက်ခဲနေသော CDM ဝန်ထမ်းများအား page တွင်လာရောက်စာရင်းပေးသွင်းနိုင်ပါကြောင်း အ​ကြောင်းကြားခြင်း
=================================

မြဝတီမြို့နယ်အတွင်းရှိ အခက်အခဲနှင့်ရင်ဆိုင်နေရသော CDM ဝန်ထမ်းများ Page တွင်လာရောက် စာရင်းပေးသွင်းနိုင်ပါတယ်ရှင်

ရှေ့အကြိမ်များတွင် Team မှထောက်ပံ့ပေးခဲ့ဖူးသော ဝန်ထမ်းများအနေဖြင့်လည်း အခက်ခဲများနှင့်ရင်ဆိုင်နေရသေးလျှင်လည်း ထပ်မံလာရောက်စာရင်းပေးသွင်းနိုင်ပါတယ်ရှင်

မြဝတီမြို့နယ်အတွင်းမှ CDM ဝန်ထမ်းများကိုသာ စာရင်းလက်ခံမည်ဖြစ်ပါတယ် အခြားမြို့များမှ CDM ဝန်ထမ်းများအား အကူအညီမပေးနိုင်သေးခြင်းကို နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်

အဘက်ဘက်မှ ကြပ်တည်းလာတဲ့ ယခုကာလတွေမှာ လှူဒါန်းပေးကြဖို့ တိုက်တွန်းရမှာလည်း Team အနေနဲ့ များစွာအားနာမိပါတယ်ရှင် သို့ပေမယ့်လည်း ကျွန်မတို့ရဲ့ Hero များအား ကျွန်မတို့ပြည်သူများသာလျှင် ကူညီထောက်ပံ့ support ပေးရမှာမို့ ဝိုင်းဝန်း လှူဒါန်း support ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်ရှင်

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7
Mr Kyi Shwin

Ph 0925458853

စစ်မိစ္ဆာတို့သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

4လပိုင်းမှ စတင်ခဲ့တဲ့ ကျွန်မတို့ Myawaddy CDM Supporting Team ရဲ့ CDM ထောက်ပံ့ပေးမှုဟာ ယခုဆိုလျှင် သုံးကြိမ်မြောက်ရှိခဲ့...
17/06/2021

4လပိုင်းမှ စတင်ခဲ့တဲ့ ကျွန်မတို့ Myawaddy CDM Supporting Team ရဲ့ CDM ထောက်ပံ့ပေးမှုဟာ ယခုဆိုလျှင် သုံးကြိမ်မြောက်ရှိခဲ့ပါပြီရှင်

ပထမအကြိမ် တွင် မြ​ဝတီမြို့မှ ဝန်ထမ်း စုစုပေါင်း (56) ဦး,ဒုတိယအကြိမ် တွင် CDM ဝန်ထမ်း (21) ဦးနှင့် တတိယအကြိမ်တွင် CDM ဝန်ထမ်း(23) ဦးအား ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်ရှင်

မြဝတီမြို့မှာရှိတဲ့ CDM ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးချင်သော်လည်း Team ရဲ့ Budget နဲ့ ရရှိတဲ့အလှူငွေအရ ခက်ခဲမှုအဆင့် အုပ်စုသုံးခု (အုပ်စု A B C) ခွဲ၍ ပိုပြီးခက်ခဲကြပ်တည်း လိုအပ်နေတဲ့ အုပ်စု C ဝန်ထမ်းများကို ထောက်ပံ့ပေးခဲ့ပါတယ်ရှင်

မြဝတီမြို့က ခက်ခဲနေတဲ့ CDM ဝန်ထမ်းများ Page ကိုဆက်သွယ်ပြီး အကူညီတောင်းနိုင်ပါတယ်
မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ CDM ဝန်ထမ်းများကို ယခု Page မှာ ဆက်သွယ်အကူညီတောင်းနိုင်ကြောင်းကိုလည်း လက်ဆင့်ကမ်းပြောကြားပေးကြစေလိုပါတယ်ရှင်

ပိုပြီးကြပ်တည်းလာတဲ့ကာလတွေမှာ အဘက်ဘက်မှအခက်ခဲတွေကို အံတုပြီး ခုချိန်ထိတောင့်ခံထားပေးကြတဲ့ CDM သူရဲကောင်းတို့ကို အထူးလေးစားဂုဏ်ယူပါတယ်ရှင် ပြည်သူ့ဝန်ထမ်းတွေဘက်မှာ ပြည်သူတွေရှိတာမို့ ဆက်လက်အားတင်းထားပေးကြပါလို့လည်း တောင်းဆိုပါတယ်ရှင်

CDM ဟာ စစ်မိစ္ဆာ တို့ကိုအမြစ်ဖြုတ်နိုင်မယ့် စစ်မိစ္ဆာတို့ရဲ့ ယန္တရားကို ရပ်စေမယ့် သွေးကြောတစ်ခုဖြစ်တာမို့ ကျွန်မတို့ရဲ့ Heroes ,CDM ဝန်ထမ်းများကို ဝိုင်းဝန်း Support ပေးကြပါစို့ရှင်

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7

Mr Kyi Shwin
Ph 0925458853

စစ်မိစ္ဆာတို့သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

အားလုံးကို အလျှင်မှီအောင် မကူညီနိုင်တဲ့အတွက်လဲ အဆင်ပြေကြပါ့မလား စိတ်ပူရပြန်ပါတယ် အားတင်းထားပါ CDM.ပြည်သူ့ဝန်ထမ်းတွေအတွက်...
16/06/2021

အားလုံးကို အလျှင်မှီအောင် မကူညီနိုင်တဲ့အတွက်လဲ အဆင်ပြေကြပါ့မလား စိတ်ပူရပြန်ပါတယ် အားတင်းထားပါ CDM.
ပြည်သူ့ဝန်ထမ်းတွေအတွက် ပြည်သူက အသင့်ရှိပါတယ်။🙏

Artist ကို လေးစားစွာ Crd ပေးပါတယ် ခင်ဗျ




ပြည်သူတွေ မှာ ပြည်သူတွေပဲရှိတယ် ❤️ အလှူငွေပါဝင်လှူဒါန်းပေးတဲ့မိတ်ဆွေများကို ကျေးဇူးတင်သောအားဖြင့် ဒီ Comics လေးကို တင်ဆက...
10/06/2021

ပြည်သူတွေ မှာ
ပြည်သူတွေပဲရှိတယ် ❤️

အလှူငွေပါဝင်လှူဒါန်းပေးတဲ့
မိတ်ဆွေများကို ကျေးဇူးတင်သော
အားဖြင့် ဒီ Comics လေးကို
တင်ဆက်လိုက်ပါတယ်။

Artist : မေတ္တာဖြင့်ကူညီရေးဆွဲ
ပေးပါသော ကို Sawsel Tha လည်း
အထူးပင် ကျေးဇူးတင်ပါတယ်ခင်ဗျာ။







ရော မူရင်း post ပိုင်ရှင်ရော
လေးစားစွာ Crd ပေးပါတယ်ခင်ဗျ

လှူပါ ယူပါ =======CDM အတွက်လှူပါ ပုံတူပန်းချီကားတစ်ချပ်ယူပါ ကျွန်မတို့ Myawaddy CDM Supporting Team မှ 9.5.2021 မှစပြီး ...
06/06/2021

လှူပါ ယူပါ
=======
CDM အတွက်လှူပါ ပုံတူပန်းချီကားတစ်ချပ်ယူပါ

ကျွန်မတို့ Myawaddy CDM Supporting Team မှ 9.5.2021 မှစပြီး အလှူရှင်တို့ရဲ့ စေတနာကို တုံ့ပြန်သောအားဖြင့် အလှူငွေ 30000 ကျပ်နှင့် အထက်လှူဒါန်းတဲ့ အလှူရှင်တိုင်းကို ပုံတူခဲပန်းချီကားတစ်ချပ်
A4 Size ဘောင်အပါအဝင်
ဂုဏ်ပြုလက်ဆောင်ဆွဲပေးသွားမှာဖြစ်ပါတယ်ရှင်။

ဆွဲပေးမည့် Artist သည်လည်း CDM ပညာရေးဝန်ထမ်း ဆရာ တစ်ဦးဖြစ်ပါတယ် ယခုလိုပါဝင်ကူညီအားဖြည့်ပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ဆရာ့ရဲ့သေသပ်လှပတဲ့ ပန်းချီလက်ရာများကိုလည်း ဖော်ပြပေးလိုက်ပါတယ်ရှင့်။

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7
Mr Kyi Shwin

Ph 0925458853

အရေးတော်ပုံအောင်ရမည်။

စိတ်ညစ်အောင်၊ စိတ်ဓာတ်ကျအောင် တမင်ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် CDM ဝန်ထမ်းတွေ မဖြစ်မနေသိထားသင့်တဲ့ အရေးကြီးကိစ္စတစ်ခုက...
06/06/2021

စိတ်ညစ်အောင်၊ စိတ်ဓာတ်ကျအောင် တမင်ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် CDM ဝန်ထမ်းတွေ မဖြစ်မနေသိထားသင့်တဲ့ အရေးကြီးကိစ္စတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ NUG က ပေးမယ့် လစာငွေကိစ္စ နဲ့ CRPH က ပေးတဲ့ ထောက်ပံ့ကြေးကိစ္စပါ ။

စစ်ကောင်စီဟာ ထင်ထားတာထက်ပိုပြီး ယုတ်မာတယ်။ CDM ဝန်ထမ်းတွေကို အလုပ်ဖြုတ်၊ လိုက်ဖမ်း၊ ထောင်ချလုပ်ရုံနဲ့ အားမရဘဲ လွတ်မြောက်နေတဲ့ဝန်ထမ်းတွေကို ဒုက္ခရောက်အောင်၊ ငတ်သေအောင်ရည်ရွယ်ချက်နဲ့ ရိက္ခာဖြတ်တဲ့ဗျူဟာကို အသုံးပြုနေပါတယ်။ ဆရာဝန်တွေကို ဆမသိမ်း၊ ပတ်စပို့စ်ဖျက်သိမ်းတဲ့အပြင် ပုဂ္ဂလိကဆေးခန်းတွေကိုပါ လက်မခံဖို့၊ ဆေးကုသခွင့်မပေးဖို့ အမိန့်ထုတ်ပါတယ်။ ကျောင်းဆရာ၊ဆရာမတွေကိုလည်း ပုဂ္ဂလိကကျောင်းတွေမှာ အလုပ်မခန့်ဖို့ အမိန့်စာထုတ်ပါတယ်။

ဗဟိုဘဏ်ကို ချုပ်ကိုင်ထားပြီး ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေထုတ်ပေးတဲ့စနစ်ကို ကန့်သတ်လိုက်တာဟာ CDM ဝန်ထမ်းတွေကြောင့်ဖြစ်ပါတယ်။ အဓိကက CDM ဝန်ထမ်းတွေကို အကူအညီပေးမယ့် ပြည်တွင်း/ပြည်ပအလှူရှင်တွေရဲ့ ပိုက်ဆံတွေ ဘဏ်ထဲမှာပဲပိတ်မိနေပြီး CDM ဝန်ထမ်းတွေဆီမရောက်အောင် လုပ်ထားတာဖြစ်ပါတယ်။ CDM လုပ်လို့ လစာမရ၊ ထောက်ပံ့ကြေးလည်း မရဖြစ်တဲ့အခါ စိတ်ဓာတ်ကျပြီး ရုံးပြန်တက်အောင် ကြံစည်ထားတာဖြစ်ပါတယ်။

တကယ်တော့ NUG က လစာပေးဖို့စီစဉ်နေတဲ့ကိစ္စဟာ မျှော်လင့်ချက်အမှား(False Hope) လုံးဝမဟုတ်ပါဘူး။ ပြည်သူ့အစိုးရဟာ အမှန်တကယ် ပြည်သူ့အတွက် အလုပ်လုပ်နေတာဖြစ်ပါတယ်။ မအလတို့အုပ်စု စနစ်တကျ အကွက်ချ ယုတ်မာထားတဲ့အတွက်ကြောင့် လတ်တလောအခက်တွေ့နေရပါတယ်။

နောက်တစ်ချက်က CRPH က ပေးနေတဲ့ ထောက်ပံ့ကြေးကိစ္စပါ။ အဲဒီ့ထောက်ပံ့ကြေးကို ရတဲ့သူတွေလည်းရပြီး မရတဲ့သူတွေလည်း အများကြီးပါပဲ။ ဘယ်လိုလူတွေရသလဲဆိုတော့ CDM စလုပ်ကြတဲ့အခါ ကိုယ့်ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို စုစည်းပြီး သက်ဆိုင်ရာ မြို့နယ်တာဝန်ခံ/ လွှတ်တော်ကိုယ်စားလှယ်တွေကနေတစ်ဆင့် CRPH(ဗဟို) ကို စာရင်းရောက်အောင်ပေးနိုင်တဲ့သူတွေ ထောက်ပံ့ကြေး ၁ သိန်း ရကြပါတယ်။ အဖမ်းခံရမှာကြောက်ပြီး စာရင်းမပေးတဲ့သူတွေ၊ ဘယ်သူ့စာရင်းပေးရမှန်းမသိလို့ စာရင်းမပေးမိတဲ့သူတွေ ထောက်ပံ့ကြေးမရကြပါဘူး။

အခုအခါမှာ လှူတဲ့အလှူရှင်တွေ ဒလန်တွေကြောင့်အဖမ်းခံရ၊ ကူညီပေးနေတဲ့အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေလည်း တောခိုတဲ့သူကခို၊ CRPH မြို့နယ်တာဝန်ခံတချို့လည်း အဖမ်းခံရ၊ အလှူရှင်တွေနည်းပါးလာလို့ ဘတ်ဂျက်မလုံလောက်တဲ့ပြဿနာတွေကြောင့် ဒီလအတွက် ထောက်ပံ့ကြေးမပေးနိုင်ဘူးလို့ သတင်းရပါတယ်။

စစ်ကောင်စီဟာ နည်းလမ်းပေါင်းစုံသုံးပြီး ယုတ်မာပြီးတဲ့အခါ အခုနေအခါမှာ သွေးခွဲတဲ့ဗျူဟာကို ထပ်သုံးလာပါတယ်။ ဘယ်လိုသွေးခွဲတာလဲဆိုတော့ “NUG တို့ CRPH တို့ဟာ ပြည်သူတွေလှူထားတဲ့ထောက်ပံ့ကြေးတွေကိုယူပြီး အေးအေးဆေးဆေး နှပ်နေကြပြီ။ CDM ခေါင်းဆောင်တွေကလည်း သိန်း ၁၀၀၊ ၂၀၀ လောက်ရသွားပြီးတော့ ပြေးနေကြပြီ။ တိုက်တွေဆောက်ပြီးပြီ။ ကားတွေဝယ်ပြီးပြီ။ အငယ်တွေကို ဘဝပျက်အောင် မြှောက်ပေးထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြီး ချမ်းသာနေပြီ ” စသည်ဖြင့်ပါ။

အစကတည်းက ခံယူချက်ကြောင့် CDM လုပ်သူတွေ၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေကတော့ ဘယ်လိုပဲဒုက္ခရောက်ရောက် ရုံးပြန်တက်မှာမဟုတ်ပါဘူး။ သွေးခွဲစကားတွေကို ယုံပြီး စိတ်ဆင်းရဲမှာမဟုတ်ပါဘူး။ ခံယူချက် မပြင်းထန်တဲ့သူတွေ၊ စိတ်ဓာတ်ပျော့ညံ့သူတွေ၊ အယုံကြည်လွယ်သူတွေကတော့ မအလတို့စကားတွေကို ယုံကြည်ပြီး ရုံးပြန်တက်ကြတာလည်းရှိပါတယ်။ အရေအတွက်အားဖြင့်တော့ နည်းပါတယ်။

အတိုချုပ်ပြောရရင် လက်ရှိအချိန်သည် ပြည်သူတွေအတွက်ရော၊ CDM ဝန်ထမ်းတွေအတွက်ရော အခက်အခဲဆုံးအချိန်ကို ရောက်နေပါပြီ။ စိတ်ဓာတ်ကြံ့ခိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ တချို့ကတော့ ကိုယ့်အားကိုယ်ကိုးပြီး ဈေးရောင်းကြပါတယ်။ တချို့က ပန်းရံလုပ်ကြပါတယ်။ တချို့က ဆေးလိုက်သုပ်ပါတယ်။ တချို့က အချဉ်ပေါင်းရောင်းပါတယ်။ ကျွန်တော်နဲ့ရင်းနှီးတဲ့အစ်မတစ်ယောက်ဆိုရင် နနွင်းမှုန့်၊ ငရုပ်သီးမှုန့်ရောင်းပါတယ်။ သူဆိုရင် ကျန်းမာရေးမကောင်းလို့ ဆေးသောက်နေရတာပါ။ ကလေးတွေလည်း ရှိပါတယ်။ ရာထူးကြီးတော့ တိုက်ခန်းနဲ့ ကားလည်းရထားပါတယ်။ ဒါပေမယ့် အမှန်တရားနဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားတော့ ရာထူးအာဏာကို စွန့်ပယ်ခဲ့ပါတယ်။ ရထားတဲ့တိုက်ခန်းနဲ့ကားကို ပြန်အပ်ခဲ့ပါတယ်။

NUG သတင်းစာရှင်းလင်းပွဲမှာ “တိုက်ပွဲခေါ်သံ” စတင်ဖို့ သိပ်မကြာတော့ဘူးလို့ ပြောသွားပါတယ်။ သူတို့ ဉီးစားပေးလုပ်နေပါပြီ။ ကျွန်တော်တို့က တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားရပါမယ်။ ဘယ်လိုအခက်အခဲပဲရှိရှိ စိတ်ဓာတ်ကျသွားလို့ မဖြစ်ပါဘူး။ အချင်းချင်းတတ်နိုင်သမျှ ဖေးမကူညီကြပါမယ်။ အဆင်ပြေတဲ့သူတွေကလည်း တတ်နိုင်သမျှ လှူဒါန်းပေးကြပါ။

မအလတို့ ဘယ်လောက်ပဲယုတ်ယုတ် မတုန်လှုပ်ဖို့ အရေးကြီးပါတယ်။ မအလတို့ ဘယ်လိုပဲသွေးခွဲခွဲ သွေးမကွဲဘို့ အရေးကြီးပါတယ်။

ဒီစာကိုရေးရတာ တခြားစာတွေနဲ့မတူပါဘူး။ အကြိမ်ကြိမ်အဖန်ဖန်စဉ်းစားဆုံးဖြတ်ပြီးမှ ရေးရတာပါ။ CRPH + NUG+ CDM leaders + CDMers + ပြည်သူ တွေကို သွေးမကွဲစေချင်လို့ ဒီစာကို အရဲစွန့်ရေးလိုက်ရတာပါ။

စိတ်ဓာတ်မကျကြေး။ အရှုံးမပေးကြေး။

လက်နက်နဲ့အာဏာအားကိုးပြီး မတရားအနိုင်ကျင့် ယုတ်မာနေတာကို သည်းခံနေရတဲ့မျိုးဆက်ဟာ ကျွန်တော်တို့မျိုးဆက်နောက်ဆုံးဖြစ်စေရမယ်။

သွေးမကွဲကြေး။ သွေးမနည်းကြေး။ သွေးမအေးကြေး။

အရေးတော်ပုံ မုချအောင်ရမည်။

မိုးခ
(6.6.2021)
1:04 PM

မြဝတီမြို့မှ မဟုတ်သော အခြားမြို့များမှ Page ကို ဆက်သွယ်လာတဲ့ CDM ဝန်ထမ်းများအား အားနာစွာဖြင့် မေတ္တာရပ်ခံတောင်းပန်ခြင်း ...
31/05/2021

မြဝတီမြို့မှ မဟုတ်သော အခြားမြို့များမှ Page ကို ဆက်သွယ်လာတဲ့ CDM ဝန်ထမ်းများအား အားနာစွာဖြင့် မေတ္တာရပ်ခံတောင်းပန်ခြင်း
=================================

ကျွန်မတို့ Myawaddy CDM supporting team အနေနဲ့ မြဝတီမြို့နယ် အတွင်းမှာရှိတဲ့ CDM ဝန်ထမ်းများအား support ပေးရန်အတွက် ဖွဲ့စည်းထားတဲ့ Team ဖြစ်ပါတယ်ရှင်

အကယ်၍ဖြစ်နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ CDM သူရဲကောင်းများကို Team အနေနဲ့ support ပေးချင်ပါတယ်ရှင့် သို့သော်ငြားလည်း Team ရဲ့ ဘတ်ဂျက် (Budget ) အခြေနေကြောင့် မိမိတို့ မြဝတီမြို့ရဲ့ CDM ဝန်ထမ်းများကိုသာ ဦးစားပေးထောက်ပံ့ပေးနေရတာဖြစ်ပါတယ်ရှင်

Page ကိုဆက်သွယ်လာတဲ့ အခြားမြို့များမှ CDM သူရဲကောင်းတို့အား Team အနေနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးခြင်း၊ထိုမြို့များရှိ အလှူရှင်များနှင့်လက်လှမ်းမှီသလောက်ချိတ်ဆက်ပေးခြင်းများပြုလုပ်ပေးခဲ့ပါတယ်ရှင်

ဘတ်ဂျက်အခြေအနေကြောင့် အခြားမြို့များမှ Page ကိုဆက်သွယ်လာတဲ့ CDM ဝန်ထမ်းများအားလုံးကို မထောက်ပံ့မကူညီပေးနိုင်တဲ့ အတွက် Admin Team အနေနဲ့ များစွာစိတ်မကောင်းဖြစ်ရသလို အနူးညွတ်လည်းတောင်းပန်ပါတယ်ရှင် ကျွန်မတို့ Team ဘက်ကိုလည်း နားလည်ပေးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပြီး နားလည်ပေးပါလို့လည်းမေတ္တာရပ်ခံအပ်ပါတယ်ရှင်

ယခုအခါတွင် Page ကိုဆက်သွယ်လာတဲ့ အခြားမြို့မှ CDM သူရဲကောင်း ဦးရေမှာ ပို၍များပြားလာသည့်အတွက် အထက်တွင်ပြောခဲ့သည့်အတိုင်း Team အနေနဲ့ မိမိတို့ မြဝတီမြို့ရှိ CDM သူရဲကောင်းများအား ဦးစားပေးထောက်ပံ့ပေးနေရခြင်းကြောင့် ယခုချိန်တွင် အခြားမြို့မှ CDM သူရဲကောင်းများကိုအကူအညီမပေးနိုင်သေးကြောင်းကို စိတ်မကောင်းစွာဖြင့် တောင်းပန်တင်ပြအပ်ပါတယ်ရှင်

Admin Team
Myawaddy CDM Supporting Team

ကျွန်တော်တို့ Myawaddy CDM Supporting Teamမှမြဝတီမြို့နယ်မှ CDMဝန်ထမ်းများအားပထမအကြိမ်   (56) ဦး ဒုတိယအကြိမ် (21) ဦး ယ...
29/05/2021

ကျွန်တော်တို့ Myawaddy CDM Supporting Teamမှ
မြဝတီမြို့နယ်မှ CDMဝန်ထမ်းများအား
ပထမအကြိမ် (56) ဦး
ဒုတိယအကြိမ် (21) ဦး
ယခု တတိယအကြိမ် (17)ဦး

စုစုပေါင်း 94 ဦးအား

ထောက်ပံ့ပြီးဖြစ်ပါကြောင်း မိဘပြည်သူအလှူရှင်များအား ကျေးဇူးတင် လေးစားစွာဖြင့်
အစီရင်ခံတင်ပြအပ်ပါသည်။

မြေပြင်အခက်အခဲအရ လှူဒါန်းမှုအထောက်အထားအချို့အား ထိန်းသိမ်း ထားရခြင်းကို နားလည်ပေးကြပါခင်ဗျာ

CDM လုပ်ရှားမှုသည် အာဏာရှင်ယန္တယားကို ရပ်တန့်စေမယ့် အထိရောက်ဆုံးနည်းလမ်းဖြစ်တာမို့ ကျွန်မတို့ရဲ့ Heroes ,CDM ဝန်ထမ်းများကို ဝိုင်းဝန်း Support ပေးကြပါခင်ဗျာ

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7

Mr Kyi Shwin
Ph 0925458853


#အရေးတော်ပုံအောင်ရမည်။

28/05/2021
“ လူသားဆန်တဲ့ လူတွေရဲ့ တော်လှန်ရေး “Crd Dr Zaw Wai Soe
27/05/2021

“ လူသားဆန်တဲ့ လူတွေရဲ့ တော်လှန်ရေး “

Crd Dr Zaw Wai Soe

CDM သူရဲကောင်းတွေကို အားပေးကြပါစို့ ❣️အစားစားချင်စိတ်ဖြစ်တိုင်း ဒီ မုန့်ဈေးတန်းလေးမှာရှာပါ 1) ရန်ကုန်မီးရထား CDM ဝန်ထမ်း...
21/05/2021

CDM သူရဲကောင်းတွေကို အားပေးကြပါစို့ ❣️
အစားစားချင်စိတ်ဖြစ်တိုင်း ဒီ မုန့်ဈေးတန်းလေးမှာရှာပါ

1) ရန်ကုန်မီးရထား CDM ဝန်ထမ်းရဲ့ လမ်းသရဲမုန့် https://www.facebook.com/100043918844668/posts/356885465785412/

2) ရန်ကုန်မီးရထား CDM ဝန်ထမ်းမိသားစုရဲ့ မုန့်အုပ်ကလေး နဲ့ စိန်တလုံးသရက်သီး
https://www.facebook.com/100058569097893/posts/195918202370482/

3) မီးရထား CDM ဝန်ထမ်းရဲ့ ကော်ပြန့်ကြော်လေးတွေ
https://m.facebook.com/story.php?story_fbid=776772443014462&id=100020451412421

4) Bank CDM လုပ်ထားတဲ့ အမတစ်ယောက်ရောင်းတဲ့ (ဘာမုန့်လို့ခေါ်လဲတော့မသိ အစုံပလုံပဲ)
Menu လေးနဲ့မှာရတာထင်တယ်။
https://m.facebook.com/story.php?story_fbid=2929948797241718&id=100006798788765

ဒါက အဲ့မုန့် Review > https://m.facebook.com/story.php?story_fbid=696017311596563&id=100035649021698

5) ဒါလဲမုန့်အစုံပဲ ကြက်ဆီထမင်းတွေ/အအေးတွေပါရတယ် စားချင်စရာလေး 😋
https://www.facebook.com/109923691242754/posts/116195280615595/

6) CDM ကျောင်းဆရာမရဲ့ သီးစုံဒိန်ချဉ်ပါတဲ့ သောက်ချင်စရာလေး (ပုသိမ်မြို့ကပါ)
https://m.facebook.com/story.php?story_fbid=1359345727798870&id=100011703660835

7) CDM ဆရာမလေးနောက်တစ်ယောက်ရဲ့ ကိုးရီးယားထမင်းသုပ်ပါ တခြား menu တွေလဲရှိတယ် စားချင်စရာလေး
https://m.facebook.com/story.php?story_fbid=1379225889126784&id=100011181589072

8)မန်းလေးက CDM ကျောင်းဆရာရဲ့ သရက်သီး
https://m.facebook.com/story.php?story_fbid=3829543040488026&id=100002971021655

9) ကျောင်းမတက်ပဲ CDM လုပ်တဲ့ အမရဲ့ မာလာရှမ်းကော
https://m.facebook.com/story.php?story_fbid=1193181781103114&id=100012339093989

10) ပဲခူးက ကျဆုံးသွားတဲ့ရဲဘော်ရဲ့ အမျိုးသမီးရောင်းတဲ့ နှင်းပုလဲထမင်းပေါင်း (ပဲခူးမြို့နယ်)
https://m.facebook.com/story.php?story_fbid=110494557861231&id=100067020608380

11) ရန်ကုန်တက္ကသိုလ် ရာမညကန်တင်းက Brave (delivery only)
သူ့ဆိုင်က ဂဏန်းချဉ်စပ်လေးလဲအရမ်းစားကောင်းတယ် Page ထဲဝင်ကြည့်လို့ရတယ်
https://www.facebook.com/107137141540812/posts/110332251221301/

12) ချောင်းသာက Seafood တွေစားချင်ရင် ဒီအမမှာ မှာလို့ရတယ်။
https://m.facebook.com/story.php?story_fbid=110118651070759&id=100665702016054

13) Mandaly မှာ ကိုးရီးယားကြက်ကြော်စားချင်ရင် ဒီအမဆီမှာ မှာလို့ရပါတယ်
https://m.facebook.com/story.php?story_fbid=280955697083667&id=105005301345375

14) Foodpanda Delivery
https://www.facebook.com/100025899872477/posts/836846707188651/

15) Foodpanda Delivery for different townships
https://m.facebook.com/story.php?story_fbid=4591177130908878&id=100000499099789

16) CDM ကျောင်းသားအကိုရဲ့ မာလာရှမ်းကော/ဘာညာ အစုံသာရကာ
https://m.facebook.com/story.php?story_fbid=835961383685126&id=100018138168994

17) CDM ကျောင်းသူလေးရဲ့ ၀ကျဂုတျသားကငျ ဘာညာ Taste Me
https://m.facebook.com/story.php?story_fbid=112327264364366&id=107538424843250

18)CDM လုပ်ထားတဲ့ ကျောင်းဆရာမရဲ့ သူတို့ခြံထွက် လက်ဖက်ခြောက်စစ်စစ်လေး (အိမ်မှာရေနွေးသောက်တတ်ရင် အားပေးလိုက်ကြပါဦးနော်)

https://www.facebook.com/100010439311955/posts/1394266294264668/?d=n

19) CDM student တွေရဲ့ မာလာရှမ်းကောစားရင်း လှူဒါန်းနိုင်ပါပြီ

https://m.facebook.com/story.php?story_fbid=105991155011004&id=100756825534437

20) https://www.facebook.com/106302258294948/posts/110323804559460/
ဒါလည်း cdm ဦးလေးတွေရောင်းတာပါ ဂဏန်းချဉ်စပ်

21)final year CDM student နဲ့ CDM teacher(KG) သားအမိနှစ်ယောက်ရဲ့ မုန့်ရောင်း Page လေးပါ။ အားပေးကြပါဦး
https://www.facebook.com/HongBun.HB/

22) ဆရာမလေးရဲ့ sandwich ပါတဲ့😍
https://www.facebook.com/100002552445611/posts/3985975604830815/?d=n

Crd

4လပိုင်းမှ စတင်ခဲ့တဲ့ ကျွန်မတို့ Myawaddy CDM Supporting Team ရဲ့ CDM ထောက်ပံ့ပေးမှုဟာ ယခုဆိုလျှင် နှစ်ကြိမ်မြောက်ရှိခဲ့...
20/05/2021

4လပိုင်းမှ စတင်ခဲ့တဲ့ ကျွန်မတို့ Myawaddy CDM Supporting Team ရဲ့ CDM ထောက်ပံ့ပေးမှုဟာ ယခုဆိုလျှင် နှစ်ကြိမ်မြောက်ရှိခဲ့ပါပြီရှင်

ပထမအကြိမ် 4လပိုင်းတွင် မြ​ဝတီမြို့မှ ဝန်ထမ်း စုစုပေါင်း (56) ဦးအား ထောက်ပံ့နိုင်ခဲ့ပြီး ယခု ဒုတိယအကြိမ် 5လပိုင်းတွင် CDM ဝန်ထမ်း (21) ဦး အား ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်ရှင်

မြဝတီမြို့မှာရှိတဲ့ CDM ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးချင်သော်လည်း Team ရဲ့ Budget နဲ့ ရရှိတဲ့အလှူငွေအရ ခက်ခဲမှုအဆင့် အုပ်စုသုံးခု (အုပ်စု A B C) ခွဲ၍ ပိုပြီးခက်ခဲကြပ်တည်း လိုအပ်နေတဲ့ အုပ်စု C ဝန်ထမ်းများကို ထောက်ပံ့ပေးခဲ့ပါတယ်ရှင်

မြဝတီမြို့က ခက်ခဲနေတဲ့ CDM ဝန်ထမ်းများ Page ကိုဆက်သွယ်ပြီး အကူညီတောင်းနိုင်ပါတယ်
မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ CDM ဝန်ထမ်းများကို ယခု Page မှာ ဆက်သွယ်အကူညီတောင်းနိုင်ကြောင်းကိုလည်း လက်ဆင့်ကမ်းပြောကြားပေးကြစေလိုပါတယ်ရှင်

ပိုပြီးကြပ်တည်းလာတဲ့ကာလတွေမှာ အဘက်ဘက်မှအခက်ခဲတွေကို အံတုပြီး ခုချိန်ထိတောင့်ခံထားပေးကြတဲ့ CDM သူရဲကောင်းတို့ကို အထူးလေးစားဂုဏ်ယူပါတယ်ရှင် ပြည်သူ့ဝန်ထမ်းတွေဘက်မှာ ပြည်သူတွေရှိတာမို့ ဆက်လက်အားတင်းထားပေးကြပါလို့လည်း တောင်းဆိုပါတယ်ရှင်

CDM ဟာ စစ်မိစ္ဆာ တို့ကိုအမြစ်ဖြုတ်နိုင်မယ့် စစ်မိစ္ဆာတို့ရဲ့ ယန္တရားကို ရပ်စေမယ့် သွေးကြောတစ်ခုဖြစ်တာမို့ ကျွန်မတို့ရဲ့ Heroes ,CDM ဝန်ထမ်းများကို ဝိုင်းဝန်း Support ပေးကြပါစို့ရှင်

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7

Mr Kyi Shwin
Ph 0925458853

စစ်မိစ္ဆာတို့သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

🙏🙏 🙏ကျေးဇူးတင်မှတ်တမ်းလွှာ==================CDM သူရဲကောင်းများအတွက် လှူဒါန်း​ပေးပါသော MMWCမှ ဦးဆောင်သော ထိုင်းရောက်ညီအစ...
15/05/2021

🙏🙏 🙏

ကျေးဇူးတင်မှတ်တမ်းလွှာ
==================

CDM သူရဲကောင်းများအတွက် လှူဒါန်း​ပေးပါသော MMWCမှ ဦးဆောင်သော ထိုင်းရောက်ညီအစ်ကိုမောင်နှများအား CDM သူရဲကောင်းများကိုယ်စား ကျွန်မတို့ Myawaddy CDM Supporting Team မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်။

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7
Mr Kyi Shwin

Ph - 0925458853

စစ်မိစ္ဆာတို့ သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

CDM ပညာရေး ဝန်ထမ်းများအတွက် NUGမှ အာမခံချက်
15/05/2021

CDM ပညာရေး ဝန်ထမ်းများအတွက် NUGမှ အာမခံချက်

ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည် 🙏ကျေးဇူးတင်မှတ်တမ်းလွှာ==================CDM သူရဲကောင်းများအတွက် လှူဒါန်းပေးပါသော ကိုချမ်းမင်...
12/05/2021

ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည် 🙏

ကျေးဇူးတင်မှတ်တမ်းလွှာ
==================

CDM သူရဲကောင်းများအတွက် လှူဒါန်းပေးပါသော ကိုချမ်းမင်းအား CDM သူရဲကောင်းများကိုယ်စား ကျွန်မတို့ Myawaddy CDM Supporting Team မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်။

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7
Mr Kyi Shwin

Ph - 0925458853

စစ်မိစ္ဆာတို့ သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

11/05/2021

CDM ဝန်ထမ်းများ သိစေရန်!

*မည်သည့်ဝန်ကြီး ဌာနကမျှ April 1နောက်ပိုင်း Id အတွက် ဘယ်ကို ပို့ပါ ဘာညာ ဆိုပြီး မထုတ်ပြန်ပါ။

*ID အတွက် မစိုးရိမ်ပါနှင့်
လူသာ အဓိကပါ။ ID ကိုင်ထားပြီး ရုံးတက်နေတဲ့ လူတွေအများကြီးမို့ ID သည် အရေးမပါတော့ပါ။

*အချိန်တန်သည့်အခါ ပြည်သူ့အစိုးရသည်
မြို့နယ်အလိုက် ဌာန အလိုက် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖြင့်

ကော်မတီများဖွဲ့ကာ မည်သူက Non-CDM
မည်သူက CDM ဆိုတာကို မြေပြင်ကွင်းဆင်း စစ်ဆေးကာစစ်ချက်ယူမည်ဖြစ်ပါသည်။

*CDM/ Non_Cdm ခွဲခြားခြင်းသည် လွန်စွာ ရိုးရှင်းသော စုံစမ်းရေးအလုပ်သာ ဖြစ်သောကြောင့် မိမိကိုယ်မိမိသာစကစ ယန္တရားမှာ မပါအောင် နေထိုင်လျှင် ရပြီ ဖြစ်ပါသည်။

*မြို့နယ်အလိုက် ဒေသအလိုက် ဦးဆောင်သူများကတော့စာရင်းကို တတ်နိုင်သလောက် ပြုစု ခွဲခြားနေကြမည် ဖြစ်ပါသည်။

*ဒါကြောင့် မိမိမြို့နယ် ဒေသ၏ CDMခေါင်းဆောင်မဟုတ်ဘဲ လိုင်းပေါ်က မည်သူ့ကိုမျှ စာရင်းပေးခြင်းများ မပြုလုပ်ကြပါရန် အသိပေးလိုက်ပါသည်။

Crd ဆရာကောင်းသိုက်စိုး

ကျေးဇူးတင်မှတ်တမ်းလွှာ==================CDM သူရဲကောင်းများအတွက် လှူဒါန်းပေးပါသော ထိုင်းရောက်ညီကိုမောင်နှများအား CDM သူရဲ...
11/05/2021

ကျေးဇူးတင်မှတ်တမ်းလွှာ
==================

CDM သူရဲကောင်းများအတွက် လှူဒါန်းပေးပါသော ထိုင်းရောက်ညီကိုမောင်နှများအား
CDM သူရဲကောင်းများကိုယ်စား ကျွန်မတို့ Myawaddy CDM Supporting Team မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်။

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7
Mr Kyi Shwin

Ph - 0925458853

စစ်မိစ္ဆာတို့ သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

ကျေးဇူးတင်မှတ်တမ်းလွှာ==================CDM သူရဲကောင်းများအတွက် လှူဒါန်းပေးပါသော MBK ဖောင်ဒေးရှင်းမှ ကိုသက်ပိုင်အောင်အား...
11/05/2021

ကျေးဇူးတင်မှတ်တမ်းလွှာ
==================

CDM သူရဲကောင်းများအတွက် လှူဒါန်းပေးပါသော MBK ဖောင်ဒေးရှင်းမှ ကိုသက်ပိုင်အောင်အား Myawaddy CDM Supporting Team မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်။

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7
Mr Kyi Shwin

Ph - 0925458853

စစ်မိစ္ဆာတို့ သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

ကျေးဇူးတင်မှတ်တမ်းလွှာ==================CDM သူရဲကောင်းများအတွက် လှူဒါန်းပေးပါသော The Next Generation အဖွဲ့၊ designer ပို...
11/05/2021

ကျေးဇူးတင်မှတ်တမ်းလွှာ
==================

CDM သူရဲကောင်းများအတွက် လှူဒါန်းပေးပါသော
The Next Generation အဖွဲ့၊ designer ပိုးလေး နှင့် မခင်မြတ်ကြူတို့အား CDM သူရဲကောင်းများကိုယ်စား ကျွန်မတို့ Myawaddy CDM Supporting Team မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်။

#ဆက်သွယ်လှူဒါန်းရန်

KBZ Pay - 09768656456
Wave Pay - 09768656456

ကက်စီကွန်ဘဏ်
054-1-58766-7
Mr Kyi Shwin

Ph - 0925458853

စစ်မိစ္ဆာတို့ သက်ဆိုးမရှည်စေရ။
အရေးတော်ပုံအောင်ရမည်။

Address

Manawhery Street

Website

Alerts

Be the first to know and let us send you an email when Myawaddy CDM Supporting Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share