Kuro Movie Channel

  • Home
  • Kuro Movie Channel

Kuro Movie Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kuro Movie Channel, Film/Television studio, .

အားလုံးစောင့်မျှော်နေတဲ့ Yangon မှာလာရိုက်တဲ့အခန်းတွေပါပီးမြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker 2 အကြည်ထွက်လာလို...
30/10/2021

အားလုံးစောင့်မျှော်နေတဲ့ Yangon မှာလာရိုက်တဲ့အခန်းတွေပါပီးမြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker 2 အကြည်ထွက်လာလို တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ 2019 aug7ရက်မှ ထွက်ရှိထားတာဖြစ်ပြီး Box officeမှာUS $85.7millionဝင်ငွေရရှိထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..မင်းသားကြီး Louis Koo,Nick Cheung,Francis Ngတိုအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့နိုင်ငံတကာအကြမ်းဖက်အဖွဲအစည်းတစ်ခုဟာကလေးငယ်တွေကိုဖမ်းဆီးပြီး စနစ်တကျလေးကျင့်ပေးကာနိုင်ငံတကာရဲဌာနတွေမှာစပိုင်ရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်…လက်ထောက်စခန်းမူးယိနဲ့ အရာရှိချိန်တို ဟက်ကာယောင်ခယ်ရီကိုဖမ်းမိချိန်မှာတော့ သူမရဲ့အကြမ်းဖက်အဖွဲကို ဟက်ပြီးရထားတဲ့ဒေတာအချက်အလက်တွေအရ ရဲဌာနမှာစပိုင်ရဲအရာရှိတွေအမြောက်အများရှိနေတာကိုသိလိုက်ရတဲ့အခါ….လုံခြုံးရေးအရာရှိချင်က ဒီဟက်ကာယောင်ခယ်ရီရဲ့အမှုကိုလက်လွဲယူရချိန်မှာ ဘာတွေဆက်ဖြစ်လာလဲ…ဘယ်သူက စပိုင်ရဲအရာရှိဖြစ်နေမလဲ..အကြမ်းဖက်သမားတွေကိုနှိမ်နင်းနိုင်ပါ့မလား…ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါကိုယ့်နိုင်ငံမှာလာရိုက်ထားတဲ့အခန်းတွေကလည်းရေလည်မိုက်ပါတယ်

Movie link
https://t.me/kuro_movie_channel/46b

ဒီကားကိုတော့ ဂျွန်ဝစ် lite လို ပြောရမလား pro max လို ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ကြမ်းတာတော့ အတော်ကြမ်းပါတယ်...
30/10/2021

ဒီကားကိုတော့ ဂျွန်ဝစ် lite လို ပြောရမလား pro max လို ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။
ကြမ်းတာတော့ အတော်ကြမ်းပါတယ်။

crd

https://t.me/kuro_movie_channel/44

သူပြန်လာမယ်လို့ 😑 ×××× နင်ထင်နေတာလား 🤣🤣🤣ဒါဟာ တကယ်ကို လုံးဝအမှား ××××
25/10/2021

သူပြန်လာမယ်လို့ 😑 ×××× နင်ထင်နေတာလား 🤣🤣🤣
ဒါဟာ တကယ်ကို လုံးဝအမှား ××××

300:Rise of an Empire-2🇺🇲 (2014)ဒီတစ်ခါတော့ ဆုပေါင်း ၁၉ ဆုရရှိခဲ့တဲ့   300 ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ...
16/10/2021

300:Rise of an Empire-2🇺🇲 (2014)

ဒီတစ်ခါတော့ ဆုပေါင်း ၁၉ ဆုရရှိခဲ့တဲ့ 300 ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကိုတော့ လူတိုင်းသိကြမှာပါ။ ရာဇဝင်ထဲက ဖြစ်ရပ်မှန်ကို ကိုးကားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဂရိပြည်က စပါတန်မျိုးနွယ်စုတွေဟာ သဘာဝတရားထဲမှာရှင်သန်နိုင်တဲ့ အကောင်းဆုံးလူတွေကိုဘဲမွေးထုတ်တဲ့ မျိုးနွယ်စုဖြစ်ပါတယ်။ ကလေးမွေးလာရင် မွေးလာတဲ့ကလေးကို ရောဂါရှိမရှိ ကိုယ်အင်္ဂါချို့ယွင်းမှုရှိမရှိ စစ်ဆေးကြပြီး ရှိခဲ့ရင်လည်း စွန့်ပစ်ကြပါတယ်။ ဒီစစ်ဆေးမှုမှာအောင်မြင်တဲ့ကလေးတွေဟာအရွယ်ရောက်ရင် တိုက်ခိုက်ရေးပညာ သင်ကြားရပြီးတော့ စစ်ဆေးမှုတွေခံယူရပါတယ်။ အဲဒါတွေအကုန်ကျော်ဖြတ်ပြီးမှ အရွယ်ရောက်တဲ့စပါတန်တစ်ယောက် ဖြစ်လာတာပါ။ အဲဒီစပါတန်မျိုးနွယ်မှာ လီယိုနာဒ်ဘုရင်အုပ်ချုပ်နေချိန် ပါရှန်းတွေက ကမ္ဘာကြီးမှာအင်အားကောင်းလာပြီး နိုင်ငံအများစုကလည်း တော်လှန်နိုင်စွမ်းမရှိတာကြောင့် လက်အောက်ခံအဖြစ်ခိုလှုံကုန်ကြပါတယ်။
ဒီလိုနဲ့ပါရှန်းတွေရဲ့စစ်မီးက ဂရိပြည်ဆီလည်းရောက်လာခဲ့ပါတယ်။ အဲဒီစစ်ဘေးကနေ ကာကွယ်ဖို့အတွက် လူအင်အားကြီးမားလှတဲ့ ပါရှန်းကျွန်စစ်တပ်ကြီးကို ရဲစွမ်းသတ္တိရှိတဲ့ စပါတန်အယောက် ၃၀၀ နဲ့ခုခံတိုက်ခိုက်ကြပုံကို ရိုက်ကူးဖော်ပြထားတာပါ။ ဒီစစ်သည် ၃၀၀ ရဲ့ စိတ်ဓာတ်လှုံ့ဆော်မှုကြောင့် ပါရှန်းတွေကိုတော်လှန်ဖို့ ဂရိပြည်အနှံ့က တိုင်းပြည်တွေပူးပေါင်းခဲ့ပါတယ်။ ဘယ်သူမှအာမခံရဲတဲ့စစ်တပ်ကြီးကို ဘာမထီစိတ်ဓာတ်နဲ့အာခံပြီး သူများလက်အောက်မှာနေမယ့်အစား အသေခံရဲတဲ့သတ္တိနဲ့ လွတ်လပ်မှုကို တန်ဖိုးထားတတ်တဲ့စိတ်ဓာတ်တွေကို ရှုစားရမှာပါ။
ဒီကားမှာ စပါတန်မိခင်တွေရဲ့ စစ်ထွက်ရင်အနိုင်နဲ့ပြန်လာပါ မဟုတ်ရင် အလောင်းအနေနဲ့ဘဲပြန်လာပါလို့မှာတဲ့ စိတ်ဓာတ်တွေ၊ တိုက်ပွဲမှာဘယ်တော့မှနောက်မဆုတ်ဘူး၊ အညံ့မခံဘူး၊ အသေဘဲခံမယ်ဆိုတဲ့စိတ်ဓာတ်တွေကို ထင်ထင်ရှားရှားမြင်ရမှာပါ။ Quantity Vs Quality ထိပ်တိုက်တွေ့တဲ့ပွဲမှာ သမိုင်းတစ်ကွေ့ပြောင်းခဲ့တာကို လှလှပပရှုစားရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ကားလေးပါပဲခင်ဗျာ
Review Credit

🎬Movie link🎬

A Quiet Place Part II (2021)မျက်စိမြင်နိုင်စွမ်းမရှိပဲ အကြားအာရုံထက်မြက်လွန်းတဲ့ဂြိုလ်သားတွေ ကမ္ဘာကြီးကို စီးနင်းဖျက်ဆီး...
14/10/2021

A Quiet Place Part II (2021)

မျက်စိမြင်နိုင်စွမ်းမရှိပဲ အကြားအာရုံထက်မြက်လွန်းတဲ့ဂြိုလ်သားတွေ ကမ္ဘာကြီးကို စီးနင်းဖျက်ဆီးခဲ့တဲ့ ပထမဇာတ်ကားရဲ့နောက်တစ်နှစ်အကြာကိုအခြေခံပြီး ဇာတ်လမ်းကိုပြန်စတင်ထားပါတယ်။ အယ်ဗလင်နဲ့ ကျန်ရစ်ခဲ့တဲ့ မောင်နှမနှစ်ယောက်၊ မွေးကင်းစ သားငယ်လေးတို စုစုပေါင်းလေးယောက်ဟာ တစ်ခြားအသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေဖို ထွက်လာကြပါတယ်။ ဒီတစ်ခါတော့ သူတိုကိုရှေ့က မားမားမတ်မတ်ဦးဆောင်ကာကွယ်မယ့် သူ့ခင်ပွန်း၊ကလေးတွေ ဖခင်မရှိတဲ့နောက်စွန့်စားခန်းအသစ်တွေ ထပ်ကြုံလာရပုံကို ရင်မသည်းဖို ကြည့်ရှုရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထူးတလည်ပြောမနေတော့ပါဘူး။

Movie Link
https://t.me/kuro_movie_channel/40

ဒီ channel လေးကနေ ပထမဦးရတဲ့ ငွေနည်းနည်းလေးနဲ့ Support လုပ်ခွင့်ရလို့ support လုပ်ပေးတဲ့ ညီအကို မောင်နှမတွေအတွက် ကျေးဇူးအ...
13/10/2021

ဒီ channel လေးကနေ ပထမဦးရတဲ့ ငွေနည်းနည်းလေးနဲ့ Support လုပ်ခွင့်ရလို့ support လုပ်ပေးတဲ့ ညီအကို မောင်နှမတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။
မင်မင် ကိုတိုင် တတ်နိုင်သလောက် support လုပ်နေရင်း ဒီ channel လေးကနေ အကြွေလေးတွေစုပြီး ရသလောက် လုပ်ပေးတာပါ။
ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်မပါဝင်နေပေမယ့် လိပ်ပြာလုံခွင့်ရချင်သေးတယ်။ ၅၀ / ၁၀၀ ကစလို့ ၅၀၀/ ၁၀၀၀ / ၂၀၀၀ ဆိုပေမယ့် အားလုံးပေါင်းလိုက်ရင် လစဉ်း သောင်းဂဏန်းကစပြီး သိန်းဂဏန်းထိ support လုပ်ပေးခွင့်ရတာပေါ့။

ဒီကိစ္စ နက်နဲသွားပြီ မင်မင်လည်း မတွေးတတ်တော့ဘူးရုပ်ချောချော ကောင်မလေးတစ်ယောက်လောက် ရှင်းပြပါလား 😬
13/10/2021

ဒီကိစ္စ နက်နဲသွားပြီ မင်မင်လည်း မတွေးတတ်တော့ဘူး
ရုပ်ချောချော ကောင်မလေးတစ်ယောက်လောက် ရှင်းပြပါလား 😬

Warcraft The Beginning (2016)ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကေ...
03/10/2021

Warcraft The Beginning (2016)
ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီးWOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။
ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့
Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာOrc မှော်ဆရာ Gul’dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီးမှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီးမျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖိုကြိုးပမ်းပါတော့တယ်။အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖိုတိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ……Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တိုပူးပေါင်းပြီးမှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ….
Movie Link
https://t.me/kuro_movie_channel/27

03/10/2021

12 Suicidal Teens (2019)‌လောကကြီးကိုစိတ်ကုန်ပြီး ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ချင်နေတဲ့ဆယ်ကျော်သက်အရွယ် ကလေး ၁၁ ယောက်ဟာအွန်လိုင်းပေါ်မှာတင်ထားတဲ့ အဆုံးစီရင်သူများစုဝေးမှုကြောင့်စွန့်ပစ်ထားတဲ့ ဆေးရုံဟောင်းတစ်ခုမှာ လာရောက်ဆုံစည်းမိကြပါတယ်။
သူတို့အားလုံးဆုံကြတဲ့အချိန် သူတို့ထက်အရင် အဆုံးစီရင်ထားတဲ့ စီစဥ်သူကိုမြင်လိုက်ရလို့ အားလုံးအံ့ဩားသင့်ပြီး သူတို့ဖာသာရှေ့ဆက်ကြတော့မယ့်အချိန်မှာနောက်ဆုံးမှတကယ်ဝင်လာတဲ့ စီစဥ်သူ “ဆာတိုရှိ”လူ ၁၂ ယောက်စုဝေးမှုမှာ ၁၃ ယောက်ဖြစ်နေပြီးစာရင်းထဲမှာမပါတဲ့ ကုတင်ပေါ်မှကိုယ်တော်ချောကိုသူတို့ဟာ အမှတ်စဥ် သုည လို့အမည်ပေးပြီးသူဘယ်လိုဒီကိုရောက်လာတယ်ဆိုတာကိုရှာဖွေကြပါတယ်ဝင်လာတဲ့ လူ ၁၂ ယောက်မှာ တစ်ယောက်ချင်းစီတွေ့ခဲ့ကြတဲ့မူမမှန်တဲ့ သဲလွန်စတွေကိုပေါင်းပြီးတော့ ဒီ သုညကိုယ်တော် ဘယ်ကရောက်လာပြီးဘယ်သူသတ်တာလဲကို ပူးပေါင်းဖော်ထုတ်ပြီးမှသူတို့သတ်သေမှုကိုဆက်လုပ်ကြမယ်သဘောတူကြရင်း ရှာဖွေရင်းက မထင်မှတ်တာတွေဖြစ်ခဲ့ကြတယ်…လျို့ဝှက်ချက်ကိုယ်စီရှိနေတဲ့ သူတို့ ၁၂ ယောက်ဟာ သုည စုဝေးတဲ့အခန်းထဲရောက်လာပုံကိုဘယ်လိုအဖြေရှာကြမလဲ သူတို့တွေသတ်သေမှုရောဘယ်လိုဖြစ်သွားမလဲ“ဆာတိုရှိ” ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဂျပန်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

03/10/2021

မင်မင်တော့ ကြည့်နေရင်းနဲ့ကို ပြီးလို့ပြီးမှန်းမသိကို ဖြစ်ရတဲ့ကားလေးပါ။

ရှော့ချက်တွေက ရိုးရိုးလေးနဲ့ ကြမ်းတယ်နော် နှလုံးအားနည်းသူများ မကြည့်ရ

03/10/2021

နောက်ကျနေလို့ မတင်ပေးသေးဘူးလားမေးနေလို့ မင်မင် တင်ပေးလိုက်ပါပြီနော်
Movie Link
https://t.me/kuro_movie_channel/25

02/10/2021

Big Hero 6 (2014)

Walt Disney Animation ရဲ့ နောက်ထပ်လူကြိုက်များလှတဲ့ animation ဇာတ်ကားလေးပါပဲ။ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ပေးထားတဲ့ Message တွေကောင်းမွန်လှပပါတယ်။Baymax ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့
ပုံစံတွေကို သဘောကျမိမှာ အမှန်ဖြစ်ပြီး Baymax ရဲ့လှုပ်ရှားပြုမှုပုံတွေကို ပင်ဂွင်းပေါက်စလေးတွေရဲ့အပြုအမှုကို ပုံစံတူယူပြီး ဖန်တီးထားတာပါ။Walt Disney နဲ့အတူ Marvel Entertainment ကပါပူးပေါင်းရိုက်ကူးထားတဲ့အတွက် အစောပိုင်းထွက်ခဲ့တဲ့Walt Disney ဇာတ်ကောင်တွေနဲ့ မတူကွာခြားလို့နေပါတယ်။IMDB Ratings: 7.8/10 ရရှိထားပြီးကြည့်ဖို့လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးတစ်ခုပါပဲ။
crd

30/09/2021

Tower Heist(2011)
***********************
နာမည်ရင်းတွေသာမသိရင်နေမယ် ..ဟာသလေးတွေနဲ့ပရိတ်သတ်ကို ရင်ထဲ တစ်ခုခုချန်ချန်သွားတတ်တဲ့ ဒီသရုပ်ဆောင်ကြီး
(၂)ဉီး Eddie Murphy ,Ben Stiller ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်…
ဒီကားက ဓားပြတိုက်တဲ့ကားစာရင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သလို ဝင်ငွေလည်းစံချိန်တင်ခဲ့ပါတယ်…
ဂျော့ရှ် ကိုဗက်ခ်စ် ဆိုတဲ့ လူတစ်ယောက်ဟာ နယူးယောက်မြို့ရဲ့ နာမည်အကြီးဆုံး “The Tower” ဆိုတဲ့
အဆောက်အဦမှာ အလုပ်လုပ်တဲ့ အရည်အချင်းရှိ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။
အဲ့ဒီ တာဝါ မှာရှိတဲ့ တိုက်ခန်းတွေက New York မှာဈေးအကြီးဆုံးဖြစ်ပြီးတော့
တကယ့်ကျိကျိတက် သူဌေးတွေပဲ နေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။
ဂျော့်ရှ်ဟာ စပ်စပ်တယ်…ထက်မြက်တယ်….သနားကြင်နာတတ်တဲ့စိတ်လည်းရှိတယ်….
ဒါ့ကြောင့် တာဝါမှာရှိတဲ့အလုပ်သမားတွေကလည်း သူ့ကို အားကိုးကြတယ်…
တစ်နေ့တော့ ဒီတာဝါမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့ အာသာရှောကို ငွေကြေးမသာမှုနဲ့
FBI ကဖမ်းဆီးသွားပါတယ်….
အဲ့ဒီနောက် ဂျော့ရှ်မထင်မှတ်ထားတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့သလို့ သူလုံးဝမမျှော်လင့်ထားတဲ့ဟာတွေလည်းသိလာခဲ့တယ်…
အာသာရှောဟာ ပင်စင်လစာတွေပါ အလွဲသုံးစားလုပ်သွားတဲ့အပြင် အောက်ခြေအလုပ်သမားတွေရဲ့
ရင်းနှီးမြှုတ်နှံငွေတွေပါ ဖျောင်သွားတာမျိုးပေါ့…
တစ်ချို့အလုပ်သမားတွေဆို ကွကိုယ်သတ်သေတဲ့အထိဖြစ်သွားတယ်…
အဲ့ဒီနောက် ဂျော့ရှ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီးတော့ အာသာရှော ပိုင်တဲ့ penthouse ကို
သူကိုယ်တိုင်ဉီးဆောင်ပြီး ဓားပြတိုက်ဖို့ကြံကြပါတော့တယ် …..
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….

1080p က 2GB ကျော်နေလို့ 720p ပဲတင်ပေးလိုက်ပါတယ်
Movie link 👇

https://t.me/kuro_movie_channel/25

ဒီကားကတော့ ပထမကား My Boss,My Hero (2001) ရဲ့ အဆက်ဖြစ်ပါတယ်။ပထမကားက သရုပ်ဆောင်တွေပဲ ပြန်ပါလာတာမို ပထမကားလိုပဲအချိတ်အဆက်မိ...
30/09/2021

ဒီကားကတော့ ပထမကား My Boss,My Hero (2001) ရဲ့ အဆက်ဖြစ်ပါတယ်။

ပထမကားက သရုပ်ဆောင်တွေပဲ ပြန်ပါလာတာမို ပထမကားလိုပဲအချိတ်အဆက်မိမိ ရယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ပထမကားမှာတော့ လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ်တစ်ယောက် အထက်တန်းကျောင်းကို ပြန်တက်ပြီးအောင်လက်မှတ်ရရှိခဲ့ပေမယ့် သူ့ဆရာ လူမိုက်ဂိုဏ်းချုပ်ကြီးကတော့ တင်းတိမ်ခြင်းမရှိသေးပါဘူး။သူ့တပည့်ကျော်ဂန်ဒူဆစ်အနေနဲ့ အဆင့်မီလူမိုက်ဖြစ်ဖိုကျောင်းပညာရေးဆက်သင်ရဦးမယ်ယူဆပြီး ကျောင်းကိုထပ်လွှတ်လိုက်ပါပြီ…ဒီတစ်ခါတော့ ကျောင်းသားမဟုတ်တော့ပါဘူး…ကျောင်းဆရာအနေနဲ့ပါ။လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ် တဖြစ်လဲ ကျောင်းဆရာဂန်ဒူဆစ်နဲ့ သူ့ရဲ့တပည့်ကျော်ခေါင်းကြီးတိုတွေကျောင်းမှာ ဘယ်လိုတွေချကြဦးမလဲဆိုတာ…။
https://t.me/kuro_movie_channel/22

30/09/2021

.
ဂန်ဒူဆစ် ဟာ တိုက်ရည်ခိုက်ရည်ရှိပြီး လူမိုက်လောကမှာ အလားအလာကောင်းတဲ့ ဂန်းစတားတစ်ယောက်ပါသူ့ရဲ့စွမ်းဆောင်မှုတစ်ခုကြောင့် ဂိုဏ်းခေါင်းဆောင်ကြီးက သဘောကျပြီး ဆိုးလ်မြိုရဲ့ အချက်အချာအကျဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ မြောင်ဒေါင်း ကို အုပ်ချုပ်စေဖို ဆုံးဖြတ်ခဲ့ပေမယ့် အထက်တန်းတောင် မအောင်တဲ့ သူ့ကိုအရေးပါတဲ့နေရာတစ်ခုကို အုပ်ချုပ်ဖို တာ၀န်ပေးတာ မဖြစ်သင့်ဘူးလို ကျန်တဲ့ လူမိုက်တွေက ဝိုင်းကန့်ကွက်ကြတဲ့အခါဂန်ဒူဆစ် တစ်ယောက် ကြီးကောင်ကြီးမား လူလတ်ပိုင်းအရွယ်ကျမှ ကျောင်းပြန်တက်ဖို လုပ်ရပါတော့တယ် သူ့ရဲ့
တပည့်ကျော်နှစ်ယောက်ကြောင့် ပုဂ္ဂလိက ကျောင်းတစ်ခုမှာ ၀င်ခွင့်ရခဲ့ပေမယ့် ဂန်းစတားဘ၀ကနေ
ကျောင်းသားဖြစ်သွားတဲ့ လူမိုက်ကြီး ကျောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုဟာသလေးတွေနဲ့ ကြည့်ရှုခံစားရမှာပါ

မကြည့်ရသေးတဲ့သူတွေအတွက် movie အပြည့်အစုံကိုတော့ Telegram link ပေးထားပါတယ်
👇👇👇
https://t.me/kuro_movie_channel/20

Kuro Movie Channel မှာ ဝင်ရောက်အားပေးကြည့်ရှု့သူအပေါင်းကို " ကျေးဇူးတင်ပါတယ် "Like & Share လေးလုပ်ပေးကြပါဦးနော်။ အားပေးတ...
28/09/2021

Kuro Movie Channel မှာ ဝင်ရောက်အားပေးကြည့်ရှု့သူအပေါင်းကို " ကျေးဇူးတင်ပါတယ် "

Like & Share လေးလုပ်ပေးကြပါဦးနော်။ အားပေးတဲ့သူများလာရင် မင်မင်လည်း အားရှိတာပေါ့

တောင်းဆိုတဲ့ ကား တွေပါလင်းပေးဖို့ အားရှိဖို့လိုတယ်နော် 😝

Telegram link 👇

https://t.me/kuro_movie_channel

Ghost Lab ချီဝီဖရုမ်မေထတ် / ဝီအဖြစ် Tor Thanapobအဂ်အုန်ဆွန်ယာဒါ / ကလ အဖြစ် Ice Parisမိုင် အဖြစ် Nychaa Nuttanicha ဇာတ်လမ...
27/09/2021

Ghost Lab
ချီဝီဖရုမ်မေထတ် / ဝီအဖြစ် Tor Thanapob
အဂ်အုန်ဆွန်ယာဒါ / ကလ အဖြစ် Ice Paris
မိုင် အဖြစ် Nychaa Nuttanicha
ဇာတ်လမ်းအကျဉ်း

ဆေးရုံတာဝန်ကျရင်း မုန့်သွားဝယ်ရာမှ သရဲခြောက်ခံလိုက်ရတဲ့ ဒေါက်တာဝီနဲ့ ဒေါက်တာကလတိုနှစ်ယောက် တခြားသူတွေကိုလည်း သူတိုမြင်သလိုသရဲ မြင်နိုင်ဖို သုတေသနကို တူတူလုပ်ခဲ့တယ်ကလအနေနဲ့ ပထမဆုံး သရဲ မြင်ဖူးတာကတော့ ဖခင်ဖြစ်သူဆုံးပြီး လာနှုတ်ဆက်ခံခဲ့ရတဲ့ ကလေးဘဝက ဖြစ်ပြီး အဲဒီချိန်မှစကာ ဒီသုတေသနကို အကောင်အထည်ဖော်ချင်သူ ဖြစ်လာခဲ့တယ်ချစ်သူဖြစ်သူ မိုင်ကိုတောင် အချိန်မပေးနိုင်ပဲ ဒီသုတေသနကိုပဲ အာရုံစိုက်နေတဲ့ ကလတစ်ယောက် အဖော်ဖြစ်တဲ့ ဝီပါရှိလာတဲ့အခါ ပိုပြီးအာရုံစိုက်လာခဲ့တယ်အဲဒီချိန်မှာပဲ ဝီ့အမေ ဆုံးပါးသွားပြီး ဝိညာဉ်ဖြစ်သူ လာစကားပြောတယ်လို မြင်လိုက်မိတဲ့ ဝီတစ်ယောက် သူတို သုတေသနအောင်မြင်ဖိုရော အမေနဲ့ တွေ့ဖိုပါ အသက်ကို စတေးဖို ကြိုးစားခဲ့ပါတော့တယ် သုတေသနဆက်လုပ်ဖို ဝီနဲ့ကလ တစ်ဦးဦး အသက်ပေးရမယ်ဖြစ်လာတဲ့အခါ ဘယ်သူ့အသက်ဆုံးရှုးရမလဲ…သရဲတကယ်ရှိနေတာကို သက်သေပြမယ့် သူတိုရဲ့ သုတေသနကရော အောင်မြင်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှူကြရအောင် ။

Movie အစအဆုံး link 👇
https://t.me/kuro_movie_channel/14

27/09/2021

Bloody Hell Movie
ဖင်လန်နိုင်ငံ Boise, Idaho နှင့် Helsinki တိုတွင်ပြသခဲ့သော ကြောက်စရာကောင်းသော rollercoaster ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။

“ John Wick ကဲ့သိုသောဇာတ်ကောင်သည်အမှောင်ဖုံးနေသောမိသားစုတစ်စု၏အိမ်ထဲသို ၀ င်သွားလျှင်ဘာဖြစ်မလဲ။ ဒီဇာတ်ကားဟာဘယ်သူနဲ့မှမတူတဲ့ထူးခြားတဲ့ ထိတ်လန့်စရာတွေလည်းပါတယ်လို ပြောပါတယ်။
ဘယ်လိုတွေ ရင်ခုန်ရမလည်းဆိုတာ ဇာတ်ကားကြည့်ရင်း ခံစားလိုက်ရအောင်။

movie link 👇

https://t.me/kuro_movie_channel/17

Life of Brain ( 1979 ) full hd 1080p အကြည်လေးနော်မင်မင်တော့ ဒီညကြည့်မယ် အခုဖြစ်နေတဲ့ နိုင်ငံရေးနဲ့ ကွက်တိတူနေတယ်ဆိုတော့ ...
25/09/2021

Life of Brain ( 1979 )
full hd 1080p အကြည်လေးနော်
မင်မင်တော့ ဒီညကြည့်မယ် အခုဖြစ်နေတဲ့ နိုင်ငံရေးနဲ့ ကွက်တိတူနေတယ်ဆိုတော့ ကြည့်ဖြစ်ကြည့်နော်

👇
တကယ်လဲ သရော်ထားတဲ့နေရာမှာ ဆရာတစ်ဆူလိုပြောရမယ့်ဇာတ်ကားပါ…ဘာသာရေး၊ လူမျိုးရေး ၊နိုင်ငံရေးစတဲ့ အထိမခံရွှေပုဂံ တကယ့်ဒိတ်ဒိတ်ကြဲတွေကိုမှ ပြောင်မြောက်စွာ သရော်ထားတဲ့ဗြိတိန်ဟာသအဖွဲ Monty Python ရဲ့ လက်ရာမြောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ် …ဘရိုင်ယန်ဆိုသူဟာ ယေရှုနဲ့နွားတင်းကုပ်ချင်းကပ်ရပ်မွေးဖွားလာသူဖြစ်ပြီးထိုခေတ်ကဂျူးတွေပီပီ ရိုမန်တွေကိုမုန်းတီးသူလည်းဖြစ်ပါတယ် ..ဒီလိုနဲ့ အရွယ်ရောက်ချိန်မှာ ရိုမန်ဆန့်ကျင်ရေးတပ်ဖွဲထဲဝင်ခဲ့ပြီးအဲ့အဖွဲရဲ့ပြောင်မြောက်တဲ့ အလွဲလွဲအချော်ချော်တွေမှာ ကိုယ်တိုင်ပါဝင်ဆင်နွှပါတော့တယ်…အဲ့အဖွဲက အခုလက်ရှိကမ္ဘာ့အခြေအနေနဲ့ တော်တော်လေးဆင်တူနေတယ်ဗျ …သူတိုဟာ မြေပြင်မှာဘာမှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲအစည်းအဝေးတွေ ခဏခဏလုပ်ပြီး ရှုတ်ချကြောင်းတွေ..ဝမ်းနည်းကြောင်းတွေ စာထုတ်နေ‌တဲ့ UN လိုအဖွဲမျိုးပါ ..၁၉၇၉ က ထွက်ရှိခဲ့တယ်ဆိုပေမဲ့ ဘာသာရေး လူမျိုးရေး ဝါဒရေးမှိင်းတွေနဲ့ကမ္ဘာကြီးအတွက်အမြဲလတ်ဆတ်နေမယ့်ဇာတ်ကားမျိုးဖြစ်ပြီး ကမ္ဘာကြီးရဲ့စောင်တလွဲတွေကို အမြဲတမ်းသရော်နေမှာပါ။

Movie link 👇
https://t.me/kuro_movie_channel/11

Free Guy ( 2021 ) ဘောင်တွေထဲက ခွဲထွက်ပြီး Review ရေးရအောင် ဒီကားလေးမှာ မင်မင်ကတော့ Fa တွေအတွက် ရည်ရွယ်ပြီး အသားပေးရေးမယ်...
24/09/2021

Free Guy ( 2021 )
ဘောင်တွေထဲက ခွဲထွက်ပြီး Review ရေးရအောင် ဒီကားလေးမှာ မင်မင်ကတော့ Fa တွေအတွက် ရည်ရွယ်ပြီး အသားပေးရေးမယ်။အပြင်လောကက လူတွေဆော့တဲ့ game တစ်ခုမှာ AI လိုခေါ်တဲ့ ကွန်ပျူတာ ဇာတ်ကောင်တွေအများကြီးပါတယ်။ ဂိုင်း ဆိုတဲ့ blue shirt ဝတ်ဆင်ထားတဲ့ တစ်ယောက်အပါအဝင်ပေါ့ သေချာကြည့်ပြီးတဲ့အခါ နောက်ဆုံးအခန်းလေးက ဇာတ်ကားတစ်ခုလုံးကို ဖမ်းဆွဲထားဖို့ Ro ထားတာလေးကို Fa ခေါင်းကြီးတို့ အဓိကမြင်ကြပါ။

ကဲ ဆက်ပြောမယ် ဂိုင်းက ကွန်ပျူတာဇာတ်ကောင် AI
တစ်ကောင်ပါပဲ ဒါပေမယ့် player တစ်ယောက်ဖြစ်တဲ့ မီလီ ဆိုတဲ့ ကစားတစ်ယောက်ကို သူတွေ့သွားတဲ့အခါ သီအိုရီတွေကို ဘယ်လောက်ဖောက်ထွက်ပြီး သူ့ကိုယ်သူ update ဖြစ်အောင် ဘယ်လိုလုပ်လိုက်သလည်းဆိုတာ ဇာတ်လမ်းထဲမှာ မြင်ရမှာပါ။

ကောင်မလေးမရသေးတာ မဟုတ်ပါ။
ခေါင်းကြီးတို့ update မလုပ်သေးရလို့ပါ

လိုချင်တာများရင် Free Guy Movie ထဲကလို ကိုယ့်ကိုကိုယ် အရင် update လုပ်ပါ။ level မြင့်လေ ပိုင်ဆိုင်ခွင့်များလေပါပဲ။

ဒီကားဟာ ဂိမ်မာတွေ သဘောကျပြီး စိတ်ဝင်စားမယ့် ကားတစ်ကားပဲဖြစ်ပါတယ်။

Telegram channel
Free Guy (2021) movie link 👇
https://t.me/kuro_movie_channel/8

2021 မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Crime, Thriller  ဇာတ်ကားလေးပါ။Terminators 3 တို့ Sin city တို့လို ဇာတ်ကားကောင်းတွေထဲမှ...
23/09/2021

2021 မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Crime, Thriller ဇာတ်ကားလေးပါ။Terminators 3 တို့ Sin city တို့လို ဇာတ်ကားကောင်းတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ရရှားသရုပ်ဆောင် Nick Stahl ပြန်ပွဲဦးထွက်လာတဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။နစ်ကီနဲ့ စကော့တို့သူငယ်ချင်းနှစ်ယောက်က အမေရိကားကိုပြောင်းလာကြတဲ့ ရရှားနွယ်ဝင် Immigrants တွေပေါ့။သူတို့ရဲ့အိပ်မက်က လော့အိန်ဂျလိစ်မှာ တိုက်တန်းလျားတစ်ခုဆောက်ပြီး ငှားစားဖို့ပါပဲ အဲဒီအိပ်မက်ကိုလည်းအကောင်အထည်ဖော်နေကြတာပေါ့။ ဒါပေမဲ့ ကံဆိုးစွာပဲ သူတို့ဆောက်လက်စတိုက်အတွက် ရန်ပုံငွေပြတ်ပြီးအပြီးမသတ်နိုင်ဖြစ်နေပါတယ်။ ဘဏ်တွေဆီကလိုက်ချေးငွေထုတ်ခဲ့ပေမယ့် အပေါင်ပစ္စည်းမပေးနိုင်တာမို့လို့ဘယ်ဘဏ်မှ ထုတ်မချေးကြပါဘူး။ ဒီလိုနဲ့ စကော့နဲ့ မင်္ဂလာပွဲတစ်ခုမှာ ခင်မင်ခဲ့တဲ့ ရရှားလူမျိုးယူရီဆိုတဲ့သူကသူတို့ကိုကူညီပေးနိုင်မယ့်သူရှိတယ်လို့ ကမ်းလှမ်းလာပါတယ်။ အဲဒီသူဆီက ချေးငွေထုတ်ပြီးကာမှ ဘဏ်တစ်ခုကတရားဝင်ထုတ်ချေးလာတာကြောင့် ပြန်ပေးခဲ့ပေမယ့် ယူရီက လက်မခံပဲ ငွေညှစ်ရာမှ တဖြေးဖြေးနဲ့ အသက်ကိုပါရန်ရှာလာတဲ့အခါမှာတော့ သူတို့ဘယ်လိုကြံကြဖန်ကြမလဲဆိုတာ စိတဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက မင်းသား ၃ ဦးစလုံးကတော့ –Michiel Huisman – (Game of Throne, Harley and Davidsons, The Age of adaline)Luke Bracey – (Point Break, G.I.Joe, The best of Me)Nick Stahl – (Sin City, Terminator 3) စတဲ့ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)

movie ကြည့်ရန် link 👇

https://t.me/kuro_movie_channel/7

Movie ချစ်တဲ့ ချစ်သူများအတွက် Kuro movie channel လေးနဲ့မိတ်ဆက်ပေးချင်ပါ။ channel လေးကိုလည်း Subscribe လုပ်ပေးကြပါဦးနော် ...
23/09/2021

Movie ချစ်တဲ့ ချစ်သူများအတွက် Kuro movie channel လေးနဲ့မိတ်ဆက်ပေးချင်ပါ။

channel လေးကိုလည်း Subscribe လုပ်ပေးကြပါဦးနော် Telegram channel link 👇
https://t.me/kuro_movie_channel

ဒီတိုင်းကြီး support လုပ်ပေးဖို့တောင်းဆိုတာထပ် ကျွန်တော်တတ်နိုင်တဲ့ဖက်က လုပ်ပေးပြီးမိတ်ဆွေတို့လည်း စိတ်ကျေနပ်အောင် ဒီ channel လေးကို စထောင်ဖြစ်တာပါ။

ကျွန်တော်ကြိုက်တဲ့ Movie လေးတွေ ကိုယ်တိုင်ကြည့်ဖြစ်ရင်း စုတင်ပေးမယ် မိတ်ဆွေတွေ သဘောကျ ကြိုက်တဲ့ Movie လေးတွေလည်း လာတောင်းဆိုနိုင်ပါတယ်ဗျ။

အားလုံးပဲ ဇာတ်ကားကောင်းလေးတွေ တူတူကြည့်ရင်း လက်တလောဖြစ်ပေါ်နေတဲ့ အခက်အခဲတွေအရ လိုအပ်တဲ့နေရာလေးတွေ ကူညီဖို့ movie ချစ်သူတွေဆီ ပိုလျှံနေတဲ့ အကြွေလေးတွေ 500/1000/2000 စသဖြင့် မိတ်ဆွေတို့ အဆင်ပြေသလောက်လေး support ပေးဖို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။

ကြည့်ချင်တဲ့ ဇာတ်ကားကောင်းများကိုလည်း Admin ထံတွင်လာရောက်တောင်းဆိုနိုင်ပါတယ်ဗျ။

တတ်နိုင်သလောက် ဇာတ်ကားကောင်းတွေ အကုန်တင်ပေးသွားပါမယ်ခင်ဗျာ။

Movie ချစ်သူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

Movie ချစ်သူတို့ Like & Share လေးနဲ့ကူညီကြပါဦးဗျာ။

Movie ချစ်သူတွေအတွက် ရုပ်ရှင်ကားကောင်းတွေကို အမြဲတင်ဆက်ပေးသွားပါမယ်။

Address


Website

Alerts

Be the first to know and let us send you an email when Kuro Movie Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share