Myanmar News Update

  • Home
  • Myanmar News Update

Myanmar News Update Your Trusted Media

အိမ်ရှင်မများအကြိုက် မီးပူတိုက်ရင် မကပ်အောင်?မီးပူတိုက်အခင်း (40x60cm)စျေးနှုန်း    -  2000 KsSticker အင်္ကျီလေးတွေ ၊  အ...
24/01/2023

အိမ်ရှင်မများအကြိုက် မီးပူတိုက်ရင် မကပ်အောင်?

မီးပူတိုက်အခင်း (40x60cm)
စျေးနှုန်း - 2000 Ks

Sticker အင်္ကျီလေးတွေ ၊ အမွှေးပွလေးတွေ ၊ မီးပူကပ်တဲ့အသားတွေတိုက်ဖို့ အဆင်မပြေဖြစ်နေရင်
ဒီမီးပူတိုက်အခင်းလေးတခုရှိယုံနဲ့ အဆင်ပြေတယ်နော် …

မီးပူမှာ ဂျိုးကပ်နေရင် တချို့ အကျီတွေ ပျက်စီးတတ်တယ်။

#မီးပူတိုက်အခင်း #မီးပူ #အခင်း #၃၀၀၀ကျပ် #အသုံးဝင်သောပစ္စည်းများ

မှာယူလိုပါက 09-970933637 သို့ ဆက်သွယ်မှာ
ယူနိုင်ပါတယ်။

03/10/2022

လိုအပ်မယ်ထင်တာလေးပါ
share ထားပါ ‼️

ရန်ကုန်မှာဆိုရင် ဖိနပ်အမျိုးစုံလိုရင် ၂၉လမ်း

ပရဆေးနဲ့ပါတ်သက်တာမှန်သမျှကုန်ဈေးတန်းမှာရတယ်

မွှေးပွအရုပ်ကြီးတွေ ကော်ရုပ် ကလေးကစားစရာ
အစုံအလင်လိုချင်ရင် ၂၄ အပေါ်ဘလောက်မှာရတယ်

မျက်မှန်နဲ့ပါတ်သက်ရင် ရွှေဘုံသာအလယ်မှာ အများကြီးပါ

ရွှေအတိုအစကစ ရွှေတုံးအထိလိုချင်ရင် ရွှေဘုံသာအောက် ဘလောက်ကိုသွား။

ဆိုးဆေးဆပ်ပြာဆီ အနံ့အရသာ နဲ့ပါတ်သက်ရင် ၂၇လမ်းမှာရတယ်

စက္ကူဂျပ်ပုံးဆိုက်အစုံ လိုသလောက်ဝယ်ချင်ရင် ၂၈လမ်းအပေါ်မှာရတယ်။

လျှပ်စစ်ပစ္စည်းအစုံအလင်လိုရင် လမ်း၃၀အလယ်ကိုသွား။

စာရေးကရိယာနဲ့ပါတ်သက်ရင် ၃၁ လမ်းအလယ်ကိုသွား။

အီလက်ထရောနစ်နဲ့ပါတ်သက်သမျှ ချစ်ပြား ထရန်စစ္စတာ နဲ့ မိုက်ခရိုပစ္စည်းအစုံလိုရင် မောင်ခိုင်လမ်းအ​ပေါ်
ဘလောက်မှာရတယ်။

ကွန်ပြူတာနဲ့ပါတ်သက်သမျှ အစုံရတာက ဆိပ်ကမ်းသာ
အလယ်ဘလောက်ပါ။

ခုသီတင်းကျွတ်ဆီမီးထွန်း မီးပုံးလှလှလိုချင်ရင် မဟာဗန္ဓုလလမ်း ၂၃နဲ့၂၄အကြားမှာအစုံရတယ်။

အမှန်တော့ ဒီပစ္စည်းတွေကမြို့နယ်တိုင်းမှာလက်လီ
ဝယ်လို့ရပါတယ်။

တဆင့်ပြန်ရောင်းချင်သူ များများဝယ်လိုသူတွေအတွက်သာ တင်ပြထားတဲ့နေရာတွေက ဒိုင်သဘောနဲ့အများဆုံးရနိုင်ပါတယ်။

#မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါတယ်
လိုအပ်ချက်တချို့တော့ရှိမှာပါ​နော်၊ ဥပမာ တချို့​နေရာ​လေး​တွေမှာ ပစ္စည်းမစုံတာတို့ ဘာတို့ပါ။

လှိုင်မှာနေသူများ သတိ ‼️လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံး မကြာခဏ ဗုံးပစ်ခံရပြီးနောက် ဘူတာရုံလမ်းမှတ်တိုင် ကို စစ်ကောင်စီက...
28/09/2022

လှိုင်မှာနေသူများ သတိ ‼️

လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံး မကြာခဏ ဗုံးပစ်ခံရပြီးနောက် ဘူတာရုံလမ်းမှတ်တိုင် ကို စစ်ကောင်စီက ဖျက်သိမ်း၊ ဗုံးပစ်ခံရမှုကြောင့် ဒုတပ်ကြပ် စိုးရန်နိုင် ဒဏ်ရာပြင်းထန်ပြီး အသက်လုနေရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံး မကြာခဏ ဗုံးပစ်ခံရပြီးနောက် ဘူတာရုံလမ်းမှတ်တိုင် ကို စစ်ကောင်စီက ယခုညတွင် စတင်ဖျက်သိမ်းလိုက်ကြောင်း လှိုင်မြို့နယ် ပြည်သူများထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညေန ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-အင်းစိန် လမ်းမဘေး လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ္တပ္ဘန္ကာကို ဗုံးဖြင့် ပစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ဗုံးပစ္ခံရ သဖြင့် ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မွ ဒုတပ်ကြပ် စိုးရန်နိုင် ဝဲဘက်နားထင်ဗုံးစထိမှန်၊ ဒဏ်ရာနေရာစုံ (၁၂) ချက်ထိမှန်ခဲ့ပြီး တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ကုသနေလျက်ရိုကြောင်း သိရှိရသည်။

"အင်းစိန်ဘက်ကို ပြန်တဲ့ ရန်ကုန်-အင်းစိန် လမ်းပေါ်က ဘူတာရုံလမ်းမှတ်တိုင်ကို ဒီညက စပြီး ဖျက်သိမ်းလိုက်တယ်။ အင်းစိန်ဘက်ပြန်ရင် သုခ နဲ့ဆင်ရေတွင်းမှတ်တိုင်ကစီးရမယ်။ ဘူတာရုံးလမ်းမှတ်တိုင် မရှိတော့ဘူးပေါ့။ အဲဒီစာ ဒီည လာကပ်သွားတာ။ ဗုံးပစ်တာနဲ့ မှတ်တိုင်ဖျက်သိမ်းတာနဲ့ဘာမှလဲမဆိုင်ဘူး။ တော်တော်သွေးပျက်နေကြပြီထင်တယ်" ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက လှိုင်မြို့နယ် မီတာရုံး ပတ်ဝန်းကျင် နေရာအများအပြားကို အကာအရံအတားအဆီးမ်ား ချထားကြောင်း သိရှိရသည်။

ဓာတ္ပုံ- ဘူတာရုံးလမ်းမှတ်တိုင် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်ကို ယခုည စစ္တပ္က ထောင်သွားစဉ်။

ပိတ်သိမ်းရန်ကျန်ရှိသည့် K Pay Acc များ ပေါက်ကြားခဲ့။မမများနှငိ့ပွဲ ကမယ် ၊ ဆန်ရေ ၊ ပြည်တော်ဝင်ပြီး နန်းသိမ်းမယ် project မ...
23/09/2022

ပိတ်သိမ်းရန်ကျန်ရှိသည့် K Pay Acc များ ပေါက်ကြားခဲ့။
မမများနှငိ့ပွဲ ကမယ် ၊ ဆန်ရေ ၊ ပြည်တော်ဝင်ပြီး နန်းသိမ်းမယ် project များတွင် K pay မှ တစ်ဆင့် လှု ဒါန်း ထားသူများ ၏ အမည်စာရင်းများ နေပြည်တော် စကစ ဘက်မှ ထွက်ပေါ် လာခဲ့ ပါတယ်။

Reference - Zay Yar Tun

19/09/2022

မအူပင်မြို့နယ် ရွှေလှေသောင်ကျေးရွာအုပ်စု
ငွေရတနာကျွန်း ဘုရားအနီး 25.1.2021. 3. နာရီခန့်က ငါးရွေးကြီး ၁. ကောင်မှ ပေါ်လာပြီး ကျေးရွာသားများတွေ့ရှိ အလျှား ၁၂ တောင်ခန့်

ငါးကြီးက တခုခုဖြစ်နေသလိုပဲ
ရေထဲမှာ တမျိုးဖြစ်နေတယ်နော်

Crd

Frontier Myanmar က သတင်းထောက်(အမျိုးသား) တယောက် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ယောက်ျားချင်း မုဒိမ်းကျင့်ခံခဲ့ရတာကို ထုတ်ဖ...
18/09/2022

Frontier Myanmar က သတင်းထောက်(အမျိုးသား) တယောက် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ယောက်ျားချင်း မုဒိမ်းကျင့်ခံခဲ့ရတာကို ထုတ်ဖော်ပြောတဲ့ သတင်း

Frontier Myanmar က သတင်းထောက်(အမျိုးသား) တယောက် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ယောက်ျားချင်း မုဒိမ်းကျင့်ခံခဲ့ရတာကို ထု....

‼️   အသုံးပြုသူများ သတိ ‼️မြန်မာနိုင်ငံဗဟိုဘဏ်က လက်ရှိ KPay App အသုံးပြုသူတွေအနေနဲ့ Level 2 ကိုတင်ထားသင့်ကြောင်းစာထုတ်ထာ...
17/09/2022

‼️ အသုံးပြုသူများ သတိ ‼️

မြန်မာနိုင်ငံဗဟိုဘဏ်က လက်ရှိ KPay App အသုံးပြုသူတွေအနေနဲ့ Level 2 ကိုတင်ထားသင့်ကြောင်းစာထုတ်ထားပါတယ်။

မကြာခင် Lvl 1 Acc တွေကိုဖျက်သိမ်းတော့မည့်အပြင် Sim Card မှတ်ပုံတင်ထားရှိသော နာမည်နှင့် KPay Acc Name မတူညီပါက Data အချက်လက်
မတူညီပါက ဖျက်ချတော့မည်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

လက်ရှိ Lvl 1 Acc သမားတွေအနေနဲ့ Acc ထဲကငွေသားများကို ကြိုတင်ထုတ်ယူထားသင့်ပါတယ်။ စီးပွါးရေးလုပ်ကိုင်နေသူတွေအနေနဲ့လည်း Lvl 2 Acc တွေကို ဘဏ်တွေမှာအမြန် သွားတင်သင့်ပါတယ်။

စစ်ကောင်စီပြုလုပ်ထားသော Mtube ပလက်ဖောင်းရှိ MRTV Channel တွင် ညစ်ညမ်းဇာတ်ကားပြသထား*******စက်တင်ဘာလ လဆန်းပိုင်းတွင် အာဏာသ...
17/09/2022

*******
စက်တင်ဘာလ လဆန်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတီထွင်ထားသော Mtube Livestreaming Platform ရှိ MRTV Channelတွင် ညစ်ညမ်းရုပ်သံတိုနှစ်ခုကို ယမန်နေ့ညပိုင်းတွင် စတင်ပြသခဲ့သည်။

အပြည့်အစုံ အား Link ကို နှိပ်၍ဖတ်ပါ။

စစ်ကောင်စီပြုလုပ်ထားသော M tube ပလက်ဖောင်းရှိ MRTV Channel တွင် ညစ်ညမ်းဇာတ်ကားပြသထား

16/09/2022

တရုတ်နိုင်ငံ ချန်ရှားမြို့က ဆက်သွယ်ရေးကုမ္ပဏီ တည်ရှိရာ အဆောက်အအုံမှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။

ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်နေ့) မွန်းလွဲပိုင်းမှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန် ညနေ ၄း၄၄ မိနစ်အချိန်မှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမီးလောင်မှုကြောင့် သေဆုံးသူ ဘယ်လောက်ရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Crd video

Facebook သုံးသူများ သတိ🚨🚨 Alert 🚨🚨ဒီနေ့ Facebook အကောင့်နှစ် ခုသုံးတဲ့သူတွေတို့၊ အကောင့်တစ်ခုတည်းကို ဖုန်းနှစ်လုံးနဲ့သုံ...
15/09/2022

Facebook သုံးသူများ သတိ🚨🚨 Alert 🚨🚨

ဒီနေ့ Facebook အကောင့်နှစ် ခုသုံးတဲ့သူတွေတို့၊

အကောင့်တစ်ခုတည်းကို ဖုန်းနှစ်လုံးနဲ့သုံးတဲ့သူတွေတို့၊ Device သုံးလေးခုသုံးတဲ့သူတွေ မိမိအကောင့်ကို ရှိနေတဲ့

Device မှာပဲငြိမ်ငြိမ်လေးသုံးပေးကြပါ။ အကောင့်ကို ဝင်လိုက်ထွက်လိုက် ဟိုအကောင့်ပြောင်းလိုက်
ဒီအကောင့် ပြောင်းလိုက်လုံးဝမလုပ်ကြပါနဲ့။

VPN ကိုလဲပြောင်းသုံးတာတွေမလုပ်ကြပါနဲ့။

ဒီနေ့ Facebook ရဲ့ Security Tools တစ်ခုရဲ့ Ai စနစ်တစ်ခုချို့ယွင်းချက်ကြောင့် အကောင့်တွေကို Lock ချတာတွေဖြစ်နေပါတယ်။

Lock ချတဲ့နေရာမှာလဲ အကောင့်တစ်ခုတည်းကိုပဲ lock ချတာမဟုတ်ပဲ မိမိဖုန်းမှာ login လုပ်ထားတဲ့အကောင့်တိုင်း Lock ကျသွားမှာပါ။ Lock ကျသွားပြီဆိုရင်လဲ ID တောင်းပါလိမ့်မယ်။

မိမိဘာသာ ပြန်ဆယ်မည့်သူတွေအနေနဲ့ facebook က ID တောင်းတဲ့အခါခေါင်းအေးအေးထားပြီးသေချာပြင်ဆင်ပါ။ မိမိအကောင့်မှာပေးထားတဲ့ နာမည်နဲ့မွေးနေ့ဟာ မိမိတင်သွင်းမည့် ID card ကအချက်အလက်နဲ့အားလုံးတူညီရပါမယ်။

အကယ်၍မတူညီရင် ID တင်သွင်းခြင်းကိုမလုပ်ဆောင်သေးပဲ နားလည်တတ်ကျွမ်းတဲ့သူများနဲ့တိုင်ပင်ပါ။

ID တင်သွင်းပြီးသွားလို့အမှားပါသွားရင်အကောင့်ဟာ အပြီးပိတ်သိမ်းခံရပါလိမ့်မယ်။

နောက်တစ်ခုက အခုချိန်ဟာ Facebook Team က Work from Home ဖြစ်သွားတာကြောင့် -

"Thank you for sending your information.
We have fewer people available to review information due to the coronavirus (COVID-19) pandemic. This means we may be unable to review your account."

ဆိုတဲ့စာတန်းကိုပြသပါလိမ့်မယ်။ သဘောကတော့သူတို့က Lock ကျသွားတဲ့အကောင့်တွေကို လူကိုယ်တိုင်ပြန်မ

စစ်ပေးတော့ဘူး Ai ကနေပဲစစ်မှာဖြစ်လို့ အမှားပါသွားရင်လုံးဝဆုံးရှုံးရမှာပါ။ အားလုံး အားလုံး မိမိ Facebook အကောင့်ကို နှမြောတယ်ဆိုရင် အထူးဂရုစိုက်ကြပါ။

Crd

15/09/2022

မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့ ကိုဗစ် BA5 ရဲ့ လက္ခဏာတွေ .. လူနာဟာ....ရင်ခေါင်းရောင် ခြင်းအပူနာဖြစ်၍ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်..သိုင်းရွိုက်ရောင်မယ်..လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့
လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့
ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

အပြည့်အစုံကို Link အတွင်းဝင်ရောက်ဖတ်ရှုပါ။
https://myanmarnewsupdate.com/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%94%e1%80%b1%e1%80%95%e1%80%bc/


14/09/2022

အတော် ဆိုးရွားပါတယ် ကား ၃ စီး ဆင့်တိုက်တာ

ကျောက်ပန်းတောင်းတွင် ခရီးသည်တင် Express ကား ၂ စီး၊ ကန်တာဒိုင်နာယာဉ် ၁ စီးတိုက်မှု အလောင်း ၁၁ လောင်း ရရှိထားပြီး လူနာ ၃၀ ဦးကျော်နိုင်၊ သွေးအရေးပေါ် လိုအပ်နေသဖြင့် ကူညီကြရန် ပန်ကြား

ရန်ကုန်၊ စက်တင်ဘာ ၁၄

မန္တလေးတိုင်း၊ ကျောင်းပန်းတောင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာထိပ်တွင် ခရီးသည်တင် Express ကား ၂ စီး၊ ကန်တာဒိုင်နာယာဉ် ၁ စီးတို့ ယနေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်မိကြပြီး အလောင်း ၁၁ လောင်းရရှိထားကာ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးအထက်ရှိနိုင်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် ကျောက်ပန်းတောင်းမြို့နယ် ဇီးဖြူကုန်းကျေးရွာထိပ်တွင် ပုဂံမင်းသား ခရီးသည်တင်ကား၊ သန်မြန်သူ ခရီးသည်တင် Express ကား နှင့် Canter ကား၁ စီး စုစုပေါင်း ၃ စီး တိုက်မိကြခြင်းဖြစ်ပြီး လတ်လောက် အလောင်း ၁၁ လောင်း ရရှိထားကြောင်း၊ လက်ရှိအချိန်အထိ လူနာများနှင့်အလောင်းများ ဆွဲထုတ်နေရဆဲဖြစ်ကြောင်း၊ လူနာများအတွက် သွေးအလွန်လိုအပ်နေကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။

"အခု သွေးတွေ အရမ်းလိုနေပါတယ်။ ထုတ်လို့ရတဲ့ အလောင်းက ၁၁ လောင်းပါ။ သေဆုံးနဲ့ထိခိုက်တဲ့ အရေ အ တွက် ၃၀ နှင့်အထက်မှာ ရှိနိုင်ပါတယ်။ အကူအညီအရမ်းလိုအပ်နေပါတယ်။ အဓိကသွေးလိုနေတာ။ အရေးပေါ် အခြေအနေမို့ လူနာအရေအတွက်များနိုင်တယ်။ သေဆုံးတဲ့အထဲမှာ သီလရှင်တွေလည်း ပါနေပါတယ်။ အခုထက်ထိတော့ လူနာတွေ အလောင်းတွေ ဆွဲထုတ်နေတုန်းပဲ" ဟု ကယ်ဆယ်ရေးတွင် ပါဝင်နေသူ ဒေသခံတစ်ဦးက ပြောသည်။

ဒေသသတင်းရင်းမြစ် KPG Update News ကမူ " လောလောဆယ် ၁၄ လောင်း သိရပါတယ်။ အလောင်း ၁၅ လောင်း လောက်တော့ရှိမယ်ထင်တယ်။ အလောင်း ၁၂ လောင်းတော့ အတည်ပြုလို့ရပါပြီ" ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ခရီးသည်တင်ကား ၂ စီးတွင်း အနည်းဆုံး လူ ၆၀ နီးပါး လိုက်ပါလာသည်ဟု ခန့်မှန်းပြောဆိုကြပြီး လက်ရှိအချိန်အထိ လိုက်ပါသည့် ခရီးသည်အရေအတွက် မသိရှိရသေးဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ယာဉ်တိုက်မှုအတွင်းမှ ဆွဲထုတ်ထားသော အလောင်းများနှင့် လူနာများ။

ထူးဆန်းပြီး လှလွန်းတဲ့ ပန်းလေးတွေ 🌺........................................................................................
13/09/2022

ထူးဆန်းပြီး လှလွန်းတဲ့ ပန်းလေးတွေ 🌺....................................................................................................................................................................

ပန်းနာမည်သိတဲ့သူများလည်း cmt မှာ ဖြေပေးပါဦး

မင်မင်တော့ လှလွန်းလို့ ဘယ်လိုပုံဖော်ရမှန်းမသိ

#ပန်း #ထူးဆန်းသောပန်း #အပင် #သစ်ပင်ပန်းမာန်

အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ် လွယ်ခြင်း၊ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်း……………………………………………………………...............
12/09/2022

အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ် လွယ်ခြင်း၊ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်း
……………………………………………………………...................
……………………………………………………………...................

ညအိပ်မပျော်တာ ကြာရှည်လာခဲ့လျင် အစားအသောက်စားရာတွင်လည်း ခံတွင်းမလိုက်တော့ပါဘူး။

အိပ်မပျော်စားမဝင်တော့ဘူးဆိုလျင် အာရုံကြောအားနည်းလာတတ်ပါတယ်။နှလုံးအားပါ နည်းလာတတ်ပါတယ်။

သွေးပေါင်ချိန်လည်း မမှန်တတ်ပါဘူး။ဦးခေါင်းပိုင်းချွေးထွက်လွန်ခြင်း၊ခြေဖျားလက်ဖျားအေးခြင်း၊မျက်စိဝေခြင်း၊နားလေထွက်ခြင်းစတာတွေနဲ့ အဆုတ် ၊ကျောက်ကပ်စွမ်းဆောင်ရည်ကျဆင်းပြီးအစာမကြေခြင်း၊ဝမ်းချုပ်စမြင်းခံခြင်းစတာတွေနဲ့ ပါတ်လည်ရိုက်နေတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ရုံမျှနဲ့မောပန်းလွယ်ခြင်း၊စိတ်မရှည်ခြင်းစတာတွေဖြစ်လေ့ရှိပါတယ်။

အထက်ပါအာရုံကြောရောဂါအတွက်ရိုးရှင်း
လွယ်ကူတဲ့ဆေးနည်းပေးပါမယ်-

1. သံပုရာသီးအလုံးကြီးတစ်လုံး။
2. ကြက်ဥအစိမ်းတစ်လုံး(မည်သည့်ကြက်ဥ
မဆိုရပါသည်)
3. ပျားရည်စစ်စစ်ဟင်းစားဇွန်းတစ်ဇွန်း
(သဘာဝပျားရည်မရလွယ်ပါကမွေးမြူရေး
ပျားရည်ကိုသုံးစွဲပါ)
4. ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံး။
5.ရေနွေးကြမ်းအဖြူထည်ပူပူအကြမ်းပန်းကန်
တစ်ဝက်စသည်တို့လိုအပ်ပါမည်။

- ရှေးဦးစွာ သင့်တော်မည့်အရွယ် ပန်းကန်လုံးတစ်
လုံးထဲ သံပုရာသီးတစ်လုံးကို ထက်ခြမ်းခွဲ၍
နှစ်ခြမ်းလုံးအရည်ညှစ်ထည့်ပြီး အစေ့များကို
ဖယ်ရှားပစ်ပါ။
- ထို့နောက် ပျားရည်ကို ဟင်းစားဇွန်းတစ်ဇွန်းစာ
ထည့်ပါ။
- ပြီးပါက ကြက်ဥအစိမ်းတစ်လုံးဖေါက်ထည့်ပါ။
- တဖန် ရေနွေးအဖြူပူပူအကြမ်းပန်းကန်တစ်
ဝက်စာကိုထပ်မံလောင်းထည့်ပြီးသမအောင်
မွှေပေးပါ။
- ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံးကို ညက်
နေအောင် ပြုလုပ်ပြီး ထပ်မံထည့်ပါ။
- ထိုသို့ ပြုလုပ်ပြီးပါက အသင့်သောက်သုံး၍ရပါ
ပြီ။

အထက်ပါအာရုံကြောအားဆေးကိုသောက်သုံး
ရမည့်အခြေအနေနှင့်အချိန်အခါများ

1. အားအင်ကုန်ခမ်းမောပန်းနေသည့်အခါ။
2.ညအိပ်ရေးပျက်သည့်အခါ။
3.ခြေလက်လေးလံထိုင်းမှိုင်းနေသည့်အခါ။
4.စိတ်ရွှင်လန်းမှုမရှိသည့်အခါ။
5.မလုပ်ချင်မကိုင်ချင်ဖြစ်နေသည့်အခါမျိုးတွင်
သောက်သုံးပြီးအနည်းဆုံးဆယ့်ငါးမိနစ်ခန့်ငြိမ်
သက်စွာအိပ်စက်အနားယူပေးပါကအားအင်ပြည့်
ဖြိုးပြီးပြန်လည်လန်းဆန်းလာစေပါမည်။

အထက်အားဆေး၏ထူးခြားချက်မှာ
အကြောအားဆေးသွင်းသကဲ့သို့ အားအမြန်ပြည့်စေပြီး အာရုံကြောအား ၊ အကြောအား ကောင်းမွန်စေပါသည်။
ဤဆေးကို နံနက်စောစော မည်သည့်အစာမျှမစား
မှီ နှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သောက်သုံးပေး
ပါက ပို၍အဆင်ပြေပါသည်။

အကယ်၍ မိမိအဆင်ပြေရာအချိန်
တစ်ချိန်တွင် သောက်သုံးပေးမည်ဆို
လျင်လည်းရပါသည်။

အနည်းလေး တစ်ရက်တစ်ကြိမ် နေ့စဉ် မှီဝဲပေးပါက ပေါ့ပါးသွက်လက်ကျန်းမာစေပါမည်။။

မှတ်ချက်။ ညအိပ်ချိန်ဖုန်းမကြည့်ရပါ။နှစ်ခြိုက်
စွာအိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါ
သည်။
…………………………………………………………………………
#ကျန်းမာရေး #အာရုံကြော

မာလာရှမ်းကော ကို အိမ်မှာဘဲ အကောင်းဆုံးအရသာလေးရအောင် လုပ်စားကြမယ်။ ပါဝင် ပစ္စည်းတွေကလဲ အလွယ်တကူ ဝယ်လို့ရသလို ကိုယ်တိုင်လုပ...
12/09/2022

မာလာရှမ်းကော ကို အိမ်မှာဘဲ အကောင်းဆုံးအရသာလေးရအောင် လုပ်စားကြမယ်။ ပါဝင် ပစ္စည်းတွေကလဲ အလွယ်တကူ ဝယ်လို့ရသလို ကိုယ်တိုင်လုပ်စားကြည့်တော့လဲ ရှယ်ဘဲ
မာလာရှမ်းကော ငရုတ်သီး ဆီသပ်ရန် ပါဝင်ပစ္စည်းများ

စီချွမ့်ငရုတ်ကောင်း - စားပွဲတင်ဇွန်း ၃ဇွန်း
နတ်နတ်ပွင့် - ရခု
ကလဝေရွက် - ၅ရွက်
သစ်ဂ်ပိုး - ၄ခု
လီမ္မော်ခွံခြောက် - ၁ခု
ဇာလိဖိုလ်သီး - ၁ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ)
ဂျင်း - ၇ပွား
ဖာလာ - စားပွဲတင်ဇွန်း တဝက်
ငရုတ်သီးခြောက်နီ - ၅ခု (လက်မဝက်ရွယ်များ ပိုင်းဖြတ်ပါ)
--------------------------------
မာလာရှမ်းကော ချက်ရန် ပါဝင်ပစ္စည်းများ

ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ဇွန်း
ကြက်သွန်ဖြူ - ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ငရုတ်သီးခြောက်နီ - ၁၀ခု (လက်မဝက် ရွယ်များပိုင်းဖြတ်ပါ)
ဆား - စားပွဲတင်ဇွန်း ၁ဇွန်း
အသားမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း.......
အပြည့်အစုံကို ပုံကို နှိပ်ပြီး ဖတ် လို့ရပါတယ်

#မာလာရှမ်းကော

မာလာရှမ်းကော လုပ်နည်း

ထိုင်းမှာ ကွန်ဒို ၀ယ်ယူရုံနဲ့ နေထိုင်ခွင့် Visa ရတယ်ဆိုတာ အမှန်တကယ်လား ???   #ထိုင်း  #ဘန်ကောက်  #အိမ်ခြံမြေ  #ကွန်ဒို
11/09/2022

ထိုင်းမှာ ကွန်ဒို ၀ယ်ယူရုံနဲ့ နေထိုင်ခွင့် Visa ရတယ်ဆိုတာ အမှန်တကယ်လား ???


#ထိုင်း #ဘန်ကောက်
#အိမ်ခြံမြေ #ကွန်ဒို

Can you get visa if you buy a condo in Bangkok ? Bangkok Real Estate Market ထိုင်းမှာcondo ဝယ်တာနဲ့ နေထိုင်ခွင့် Visa ရလား? ဘတ်(၁၀) သန်းအထက်ဝယ်ထားရင်ရပါတယ်။ ထိုင်း....

UK VS Myanmar Part 1What is next???UK VS Philippines 🙄🙄Photo Owners - UKVS
10/09/2022

UK VS Myanmar Part 1

What is next???

UK VS Philippines 🙄🙄

Photo Owners - UKVS

မြေ ဧ က တွက် ချက် နည်း လူတွေအမေးများတဲ့ မြေအကြောင်းများ၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ၁ ဧက ------   အောက်ပါ link တွင် ဖတ်...
10/09/2022

မြေ ဧ က တွက် ချက် နည်း

၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက ------ အောက်ပါ link တွင် ဖတ်ရှုလို့ရပါတယ်။

#မြေ #ဧကတွက်နည်း #အိမ်ခြံမြေ #မြေဧက

Unit converter from acre to other units. မြေဧကတွက်နည်း(၂) လူတွေအမေးများတဲ့ မြေအကြောင်းများ၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ၁ ဧက = ၄၀၄၇ စတုရန်းမ....

အိမ်ပြင်နေကြတဲ့သူများအတွက် အိမ်သုတ်ဆေးကိုဘယ်လိုတွက်ချက်ပြီး ၀ယ်လို့ရမလဲ ?--အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်ေ...
10/09/2022

အိမ်ပြင်နေကြတဲ့သူများအတွက် အိမ်သုတ်ဆေးကို
ဘယ်လိုတွက်ချက်ပြီး ၀ယ်လို့ရမလဲ ?

အရှည်ပေများ အားလုံးကိုပေါင်းပါ။

ထို့နောက်ရလာသောအဖြေကို အခန်း၏ -------

အောက်က Link မှာ ဖတ်ရှုလို့ရပါတယ် ။

#အိမ်သုတ်ဆေး #အိမ် #တွက်ချက်ခြင်း #အိမ်ခြံမြေ

-အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်ပေများအားလ.....

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ❓တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန...
10/09/2022

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ❓

လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့
ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ.......

တစ်ခါတုံးက တန်ဖိုးသင့် ရိုးရိုးကန်ထရိုက်တိုက်ခန်းတစ်ခု
ပြပေးရတုံးက လာကြည့်တဲ့ဧည့်သည်က တိုက်ခန်းအမည်ပေါက်ရမှာလားလို့ မေးတာ ကြုံဖူးပါတယ်။ အမည်ပေါက်ဖောက်ချင် ဖောက်လို့ရပါတယ်။ အခွန်တော့ ဆောင်ရပါမယ်လို့ ပြန်ပြောလိုက်တော့ ငြိမ်သွားပါတယ်..။ အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား........? တိုက်ခန်းနာမည်ပေါက်တယ်ဆိုတာ ဘာလဲ.......? ဘယ်သူ့ဆီမှာ နာမည်ပေါက်တာလဲ?

ဝါရင့်အိမ်ခြံမြေ ရှေ့နေတစ်ယောက်ကလည်း ------

အောက်ပါ link မှာ ဆက်လက် ဖတ်ရှုလို့ရပါတယ်

#မြေရှင် #တိုက်ခန်းအရောင်း #အိမ်ခြံမြေ

တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမွာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာ....

BCC မပါတဲ့ တိုက်ခန်းကို ၀ယ်ယူမယ်ဆိုပါက ?????အဆောက်အဦးပြီးစီးကြောင်းလက်မှတ် (BCC) ရရှိမှသာ တိုက်ခန်းများတွင် တရားဝင်လူနေထ...
10/09/2022

BCC မပါတဲ့ တိုက်ခန်းကို ၀ယ်ယူမယ်ဆိုပါက ?????

အဆောက်အဦးပြီးစီးကြောင်းလက်မှတ် (BCC) ရရှိမှသာ တိုက်ခန်းများတွင် တရားဝင်လူနေထိုင်ခွင့်ရရှိမှာ
ဖြစ်ပါသည်။

ကန်ထရိုက်တာများသည် အဆောက်အဦးဆောက်လုပ်ခြင်းအတွက် အခွန်ဆောင်ရန်ကို ရှောင်ရှားရန် အဆောက်အဦး
ပြီးစီးကြောင်းလက်မှတ် (BCC) မလျှောက်ထားဘဲ နေထိုင်
နေကျတာကို တွေ့ရပါ တယ်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသည့် အဆောက်အဦသည် ကိုယ်ပိုင် မီတာလျှောက်ထားလို့ မရေသးပါဘူး။ တစ်တိုက်လုံးအတွက် စုပေါင်းအသုံးပြုသည့်မီတာ တစ္လုံးထဲကို နေထိုင်သည့်အခန်းများ အချိုးကျထည့်ဝင် ကျခံရပါတယ်။

ထိုသို့ အချိုးကျထည့်ဝင်ကျခံခြင်းသည် ကုန်ကျစရိတ်
များပြားခြင်း၊ မီးအားလုံလောက်စွာအသုံး မပြုနိုင်ခြင်း
စသည့်ဒုက္ခတွေရှိပါသည်။

#တိုက်ခန်းအရောင်း #အိမ်ခြံမြေ

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရွိမွသာ တိုက်ခန်းများတွင် တရားဝင်လူနေထိုင်ခွင့်ရရှိ မှာဖြစ်ပါသည်။ ကန်ထ....

ရှေ့နေမပါပဲမြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ မြေအရောင်းအဝယ်စာချုပ်တစ်ခုကို   ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိ...
10/09/2022

ရှေ့နေမပါပဲ
မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို
ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ

ပိုင်ဆိုင်မှုခိုင်မာအောင်
စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊

ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲ

ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့
မြေကွက်တွေဝယ်တော့မယ်ဆိုရင်
အရောင်းမှား အဝယ်မှားမဖြစ်အောင်ရယ်
ပိုင်ဆိုင်မှုကို ခိုင်မာသထက်ခိုင်မာအောင်
ဘယ်လိုလုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ်

နောက်ကျောဓားနဲ့ထိုးခံရတယ်၊
ယုံမိလို့ ဆုံးရှုံးကုန်တယ်
နှုတ်ကတိပဲပေးမိပြီး ပြဿနာတက်တော့
ကတိမပေးဖူးပါဘူးလို့
ဗြောင်လိမ်ဗြောင်စားလုပ်တာခံရဖူးတယ်ဆိုရင်တော့
မဖြစ်ခင်က ကြိုတင်ကာကွယ်ထားနိုင်ဖို့
အရေးကြီးမှန်းသိလောက်ပါပြီ

အခုပြောပြမှာကတော့
ပိုင်ဆိုင်မှုခိုင်မာအောင်လုပ်နည်းပါ

မြေတစ်ကွက်ကို ရှိစုမဲ့စုနဲ့ဖြစ်စေ၊
ငွေပေါနေလို့ဖြစ်စေ ဝယ်ကြပြီဆိုရင်
ဘယ်သူမှ ဆုံးရှုံးချင်မှာမဟုတ်ပါဘူး

ဒါဆိုရင် အောက်ပါအချက်တွေကို အတိအကျလိုက်နာပါခင်ဗျာ

ပထမဦးဆုံးအနေနဲ့ ......

အပြည့်အစုံကို link နှိပ်ပြီးဖတ်လို့ရပါတယ်။

#မြေကွက်
#ဥပဒေရေးရာ
#အိမ်ခြံမြေ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ ပိုင်ဆိုင်မှုခိုင်မာအောင်စာချုပ်စာ...

Address


Alerts

Be the first to know and let us send you an email when Myanmar News Update posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share