Karenni TV

Karenni TV Lets talk about Karenni.

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ❝Our Rights,Our Future,Right Now❞KnTVDec 10,2024    ဒီဇင်ဘာလ ၁၀ရက်နေ့မှာကျရောက်တဲ့ Int...
10/12/2024

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့
❝Our Rights,Our Future,Right Now❞

KnTV
Dec 10,2024

ဒီဇင်ဘာလ ၁၀ရက်နေ့မှာကျရောက်တဲ့ International Human Rights Day(HRD) ဟာ လူသားတိုင်းရဲ့ တန်ဖိုးနဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုပြီး မျှတမှုရှိသော အနာဂတ်တစ်ခု ဖော်ဆောင်ဖို့ တိုက်တွန်းတဲ့နေ့ပဲဖြစ်ပါတယ်။

HRD ဖြစ်ပေါ်လာပုံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အရေးပါဆုံးစာတမ်းဖြစ်တဲ့ လူ့အခွင့်အရေး ထုတ်ပြန်ကြေညာစာတမ်း
(Universal Declaration of Human Rights) ကို ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ ကအတည်ပြုခဲ့တာကြောင့်ဖြစ်ပါသည်။

🔰 လူ့အခွင့်အရေးဆိုသည်မှာ လူသားဆန်မှု၊ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ၊အသားအရောင်၊လိင်စိတ်ခံယူမှု၊ နိုင်ငံသား၊လူမျိုး၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု စသဖြင့် ခွဲခြားခြင်းမရှိဘဲ လူသားအားလုံး၏ အခြေခံ မွေးရာပါရပိုင်ခွင့် အခွင့်အရေးပင်ဖြစ်သည်။

🌐 အခြေခံလူ့အခွင့်အရေးတွင် လွတ်လပ်စွာ အသက်ရှင်သန်ခွင့်၊နေထိုင်ခွင့်၊ကျွန်ပြုခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းမှ လွတ်မြောက်ခြင်း၊လွတ်လပ်စွာ ထင်မြင်ယူဆချက်နှင့် ထုတ်ဖော်ပြောဆိုခွင့်၊အလုပ်လုပ်ခွင့်၊ပညာရေးနှင့် အစိုးရလုပ်ဆောင်ချက်တို့၌ ပါဝင်ခွင့် စသည်တို့ ပါဝင်ပါသည်။

2024 ခုနှစ် လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်မှာ "ကျွန်ုပ်တို့၏အခွင့်အရေး၊ ကျွန်ုပ်တို့၏အနာဂတ်၊ ယခုပင်ဖြစ်သည်" ဟူ၍ဖြစ်သည်။ ယခုနှစ် ဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်မှာ လူတစ်ဦးချင်းစီ၏ဘဝတွေအပေါ် လူ့အခွင့်အရေး၏ ချက်ချင်းအကျိုးသက်ရောက်မှုများနှင့် လက်ရှိကမ္ဘာ့စိန်ခေါ်မှုများကို ဖြေရှင်းရန် အရေးတကြီးလိုအပ်ကြောင်း အလေးပေးဖော်ပြထားပါသည်။

နောက်ဆုံးသတင်းစကားအနေနဲ့ သင့်အနေနဲ့ မိမိအသိုင်းအဝိုင်းမှာ လူ့အခွင့်အရေးကို တန်ဖိုးထားဖို့ ဘယ်လိုလုပ်ဆောင်မလဲ?

-လူ့အခွင့်အရေးနဲ့ လူမူ့သဟဇာတဖြစ်မှု ညီမျှခြင်းတွေကို မိမိတို့ လူမူ့အသိုင်းအဝိုင်းတစ်ခုလုံးမှာ ရရှိစေဖို့
-သင့်အနေနဲ့ စကားလက်ဆောင်ပေးခြင်း၊
-မတရားမှုတွေအပေါ် တုံ့ပြန်ပြောဆိုနိုင်ခြင်းနဲ့ -တန်းတူအခွင့်အရေးတွေကို ကူညီမြှင့်တင်ဖော်ဆောင်နိုင်ဖို့
-လူတိုင်းမှာရှိတဲ့ အခြေခံလူ့အခွင့်အရေးတွေကို မေတ္တာနဲ့လေးစားတန်ဖိုးထားကြဖို့ အားထားလုပ်ဆောင်ကြပါစို့....

☑️ သင့်ရဲ့အသံ၊ သင့်လုပ်ဆောင်ချက်နဲ့ လူ့ဘောင်ကမ္ဘာကြီးကို ပိုမိုတိုးတက်စေနိုင်ကြောင်း KnTV ကနေ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်

Graphic ,
Content - Juliet Noe


09/12/2024

December Raising Awareness Campaign joined by KnTV

KnTV
Dec 9,2024

Women Beyond Borders က စီစဉ်ပြုလုပ်တဲ့ Next-Gen Women Awareness-Raising social media Campaign competition မှာ
KnTV ကနေ ပါဝင်ယှဉ်ပြိုင်ထားတဲ့ (Eng Podcast) အစီအစဉ်နဲ့ ပြန်လာပါပြီ။

Awareness Raising Campaign (လူထုအသိပညာပေး နှိုးဆော်မှု ကမ်ပိန်း) အတွက် ရည်ရွယ်အထူးပြုထားတဲ့ theme ကတော့ Sustainable Environment (ရေရှည် တည်တံ့ဖွံ့ဖြိုးမှု) ကိုရွေးချယ်ထားပါတယ်။

ဒီ ခေါင်းစဉ်အောက်မှာ ဆွေးနွေးထားတဲ့အကြောင်းအရာတွေကတော့

( Sustainable Development Goals ) ရေရှည်ဖွံ့ဖြိုတိုးတက်မှုပန်းတိုင် ၁၇ ချက်အနက်မှ

SDGs 17: Partnership for the goals
SDGs 4: Quality Equation
SDGs 16: Peace,Justice and Strong Institions

တို့ဖြင့် လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနှင့် ‌‌ဖြေရှင်းလုပ်ဆောင်နိုင်ချက်တွေကို ၅မိနစ်စာ ပုံဖော်ဖန်တီးထားတာဖြစ်ပါတယ်။

KnTV (Eng Podcast) ကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်အောင် ပြင်ဆင်ထားပါတယ်ရှင်။

“Sustainable development is development that meets the needs of the present without compromising the ability of future generations to meet their
own needs.”

" သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုသည်မှာ လာမည့်မျိုးဆက်သစ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းကို ထိခိုက်မှုမရှိစေဘဲနဲ့ လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် သဘာဝသယံဇာတများကို တာဝန်ယူမှုရှိစွာ စီမံခန့်ခွဲခြင်းကို ဆိုလိုသည် "

Women Beyond Borders Fb link:
https://www.facebook.com/profile.php?id=100094643747829&mibextid=ZbWKwL

Together,we can make a difference.



ကရင်နီပြည် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်မှ ထုတ်ပြန်ကြေညာချက်
07/12/2024

ကရင်နီပြည် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်မှ ထုတ်ပြန်ကြေညာချက်

19/11/2024

ကရင်နီတပ်မတော် ၊ တပ်ရင်း(၃) ၊ ဒုဗိုလ်မှူးကြီး ဗိုလ်မယ်ရယ် နှင့် ရဲဘော် ဘူးရယ် ၊ ရဲဘော် ခွန်းလဖော့ တို့၏ စျာပနာအခမ်းအနား

16/11/2024

ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်တဲ့
Loi Krathong ပွဲတော်မှာ ❤️Dee Ku Education Center❤️ညီငယ်/ညီမငယ်များမှ ကပြဖျော်ဖြေမှု

16/11/2024

ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်တဲ့
Loi Krathong ပွဲတော်မှာ ကရင်နီသီချင်းဖြင့်
ကပြဖျော်ဖြေမှု

10/11/2024

Forever Love | ꤕꤟꤢꤧ꤬ ꤒꤟꤢꤧ꤬ꤗꤟꤥ꤬ꤔꤟꤤ ꤜꤢꤨ꤭


04/11/2024

Karenni TV ရဲ့ (News Podcast) အစီအစဥ်သစ်

နိုဝင်ဘာလ ၄ရက်၊၂၀၂၄
-----------------------------

KnTV ကနေ News Podcast (ပေါ့ကတ်စ်)အစီအစဥ်အသစ်ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ယခုလို အစီအစဥ်မျိုးသည် အတော်လေးကိုမှ ရေပန်းစားတွင်ကျယ်နေတဲ့ အိုင်ဒီယာတစ်ခုဆိုလည်း မမှားပါဘူး။ KnTVကနေ နောက်ပိုင်းတွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမည့် အိုင်ဒီယာတစ်ခုသာဖြစ်ပါသည်။ Podcast (ပေါ့ကတ်စ်)ဆိုတာမျိုးကိုလည်း စာဖတ်သူတို့ ရင်းနှီးပြီးသားဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

ကျွန်မတို့ KnTV ကနေပြီး ပြုလုပ်တဲ့ သတင်းပေါ့ကတ်စ် ဆိုတာကတော့ သမားရိုးကျ သတင်းပုံစံအတိုင်းကို မဆိုလိုပေမဲ့ ကွဲပြားမှုအနည်းငယ်ရှိပါကြောင်း ပြောလိုပါတယ်။

သို့သော် သတင်းနှင့်ပေါင်းစပ်၍ ဗဟုသုတရကောင်းရမည့် အကြောင်းအရာတွေကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် ပြင်ဆင်သွားမှာဖြစ်ပါသည်။ ၎င်းတွဲဖက်လို့ရမည့် အ​ကြောင်းတစ်စုံတစ်ခုကို ဆွဲထုတ်ပြီး ထပ်မံအသေးစိတ် ချဲ့ထွင်ဆွေးနွေးလို့ရနိုင်မည့်ခေါင်းစဥ်တစ်ခုကို ခွဲခြမ်းကောက်နုတ်ခြင်း၊ မိမိတို့၏ အတွေးအမြင်ကို ဆန်းစစ်ဖလှယ်ခြင်းတို့ဖြင့် အကောင်းဆုံးချပြသွားဖို့ ဒီအစီအစဥ်ကနေ ရည်ရွယ်ပါတယ်။

တခြားသော သတင်းပလပ်ဖောင်းတွေမှာလည်း ဒီလိုပုံစံမျိုးကိုမှ Presenter ၁ဦးတည်း တင်ဆက်ဆွေးနွေးတာမျိုးရှိသလို ၂ဦး ၃ဦးပေါင်းဆွေးနွေးတာမျိုးလည်းတွေ့ဖူးကြမှာပါ။ အသံနှင့် script(စာသား)ကို အဓိကထားပြင်ဆင်တာဟာ Podcast /ပေါ့ကတ်စ်/ရဲ့သဘောသဘာဝတစ်မျိုးဖြစ်ပါတယ်။

ဒီကနေ့မှာတော့
• ရေဘေးဟက်ကတွန်နည်းပညာပြိုင်ပွဲအကြောင်း
• ဟက်ကတွန်ဆိုသည့် စကားလုံးမိတ်ဆက်
• IEC ၏ ရေဘေးကာလအလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်ထုတ်ပြန်ချက်တစ်ရပ် တို့ကို
ဤ သတင်းပတ်ပေါ့ကတ်စ်ကနေ ဆွေးနွေးထားပါတယ်ရှင်

နောက်ပေါ့ကတ်စ်များ၌ အင်္ဂလိပ်ဘာသာဖြင့်လည်း ဖန်တီးတင်ဆက်နိုင်တာမလို့ ဘယ်လိုအကြေင်းအရာတွေနဲ့ ပြန်လာအုံးမလဲဆိုတာဆက်လက် စောင့်ကြည့်ပေးပါအုံးရှင်

KnTV Youtube link
https://youtube.com/?si=sA8YzdUnNTmRFC1o

Like and Subscribe လုပ်ရင်း
တော်လှန်ရေးကို ကူညီလိုက်ပါ။



Lose And Hope တော်လှန်ရေးရုပ်ရှင်ကို ဘန်နန်းဆွိုင်းကျေးရွာတွင် လာရောက်ပြသနိုင်ခဲ့====================KnTVနိုဝင်ဘာလ ၃ရက် ...
03/11/2024

Lose And Hope တော်လှန်ရေးရုပ်ရှင်ကို ဘန်နန်းဆွိုင်းကျေးရွာတွင် လာရောက်ပြသနိုင်ခဲ့
====================

KnTV
နိုဝင်ဘာလ ၃ရက် ၊၂၀၂၄

မဲဟောင်ဆောင်ခရိုင် ဘန်နန်းဆွိုင်းကျေးရွာ၌ Lose And Hope တော်လှန်ရေးရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ၂ရက်နေ့က KSWDC ခန်းမတွင် အောင်မြင်စွာ ပြသနိုင်ခဲ့ပါတယ်

`Lose And Hope´Revolution Film တော်လှန်ရေးရုပ်ရှင်ဇာတ်ကားကို နိုင်ငံ ၁၇နိုင်ငံတွင် ပြသနိုင်ခဲ့ပြီး ၈၀ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံ ၊ ကရင်နီပြည်တွင် (၃)နှစ်တာ တော်လှန်ရေးစစ်ပွဲများ၊ စစ်ရှောင်ပြည်သူများ၏ ကြေကွဲစရာဖြစ်ရပ်များ၊ အာဏာရှင်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုအဖြစ်အပျက်များကို သရုပ်ဖော်ရိုက်ထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ရုပ်ရှင်ဝင်ကြေးတစ်ဦးလျှင် ဘတ် ၁၀၀ ထည့်ဝင်ကြရပြီး ရုပ်ရှင်သရုပ်ဆောင်များ၏ ပိုစတာဓာတ်ပုံများကို ဘတ်၅၀ဖြင့် ရောင်းချကာ တော်လှန်ရန်ပုံငွေများ ကောက်ခံ၊ထည့်ဝင်မှုများပြုလုပ်ခဲ့ပါတယ်။ လာရောက်ကြည့်ရှုသူ ပရိသတ်မှာ ပျှမ်းမျှ အယောက် ၁၀၀ ထက်မနည်း လာရောက် အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။ ကလေး၊လူကြီး နှင့် အထူးသဖြင့် လူငယ်ကြည့်ရှုသူ အများအပြား တက်ရောက်လာခဲ့ကြပါတယ်။

ညနေ ၆နာရီတွင် ရုပ်ရှင်စတင်ပြသမှာဖြစ်ပြီး ပြသမည့်အချိန်၌ လျှပ်စစ်မီးပြတ်တောက်နေသော်လည်း တော်လှန်ရုပ်ရှင်ကို ပြီးမြောက်အောင် ပြသနိုင်ခဲ့ကြပါတယ်။ရုပ်ရှင်စတင်မပြသခင် ကာကွယ်ရေးဒုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ KNDF တပ်ရင်းမှူးမှ ပြည်တွင်း၌ ဖြစ်ပွားနေသောအခြေအနေကို တင်ပြခြင်း၊ သရုပ်ဆောင်မင်းသားတစ်ဦးမှ Lose And Hope ရုပ်ရှင်ကို ရိုက်ကူးရခြင်း ရည်ရွယ်ချက်တွေကို ပြောကြားခြင်း၊ ရုပ်ရှင်ဒါရိုက်တာမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ကြည့်ရှုမည့် ပရိသတ်တို့ကို သတိပေးချက် ပြောကြား၍ ရုပ်ရှင်ကို စတင်ပြသခဲ့ကြပါတယ်။

သရုပ်ဆောင်မင်းသား Anthony က
" ကျွန်တော်တို့ ရုပ်ရှင်ကနိုင်ငံတကာမှာ ပြသနေပြီ၊ နိုင်ငံတကာမှာ ရန်ပုံငွေတွေရနေပြီ ဒါပေမဲ့ တချို့ မပြသရသေးတဲ့နိုင်ငံတွေလည်းရှိနေသေးသလို တချို့ပြသပြီးပေမဲ့ ရန်ပုံငွေမရသေးတာလဲရှိနေတယ် အဲ့ဒီအတွက် ကျွန်တော်တို့ ထပ်ပြီးတော့ကြိုးစားရအုံးမယ်ပေါ့နော်။ကျွန်တော်တို့ ဒီဇာတ်ကားက ဒီမှာပြရင် ဒီမှာပဲပြီးသွားတာမျိုးမဟုတ်ဘဲနဲ့ အခုဒီမှာလာရောက်ကြည့်ရှုနေတဲ့သူတွေကလည်း ဒီဇာတ်ကားကို ကိုယ့်ရဲ့အမြင်အာရုံ၊အကြားအာရုံတစ်ခုတည်းနဲ့ ဆုံးဖြတ်ပြီးတော့မှ ကောင်းတယ်၊ဆိုးတယ် ဆုံးဖြတ်မယ့်အစား ဒီဇာတ်ကားကို နှလုံးသားနဲ့ ကြည့်ရှုခံစားစေချင်ပါတယ်ပေါ့နော် ကျွန်တော်တို့နှလုံးသားနဲ့ ကြည့်ရှုပြီးတော့မှ တကယ့်မြေပြင်မှာ ကြုံတွေ့နေရမဲ့ အခြေအနေကို ပြန်ခံစားပြီးတော့မှ ကျွန်တော်တို့ တော်လှန်ရေးစိတ်ဓာတ်ကို ပိုပြီးမြှင့်တင်စေချင်တယ် "ဆိုတဲ့ ရည်ရွယ်ချက်ကို ဇာတ်ကားမပြခင် ပြောဆိုသွားပါတယ်။

ရုပ်ရှင်ပြသချိန် ၃နာရီနီးပါးကြာမြင့်ခဲ့ပြီးနောက် ည ၉နာရီခွဲတွင် ကြည့်ရှုပြီးစီးခဲ့ကြပါသည်။ ထို့နောက် ရုပ်ရှင်သရုပ်ဆောင်မင်းသားများ၊ ဒါရိုက်တာတို့နှင့် ပရိသတ်အများအပြား ဓာတ်ပုံအတူတူတွဲရိုက်ခြင်း၊ အမှတ်တရအနေနှင့် အဖွဲ့လိုက် ဓာတ်ပုံမှတ်တမ်းရိုက်ကြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ရုပ်ရှင်လာရောက်ကြည့်ရှုသူတွေထဲက ပရိသတ်တစ်ယောက်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ သူခံစားရရှိခဲ့တဲ့ပုံကို အခုလိုပြောပြပါတယ်

" ဒီဇာတ်ကားကနေ ရသမျိုးစုံကိုခံစားရတယ်ပေါ့နော် စစလာချင်းတော့ ရယ်စရာလေးနဲ့ အူတက်နေအောင်ရယ်ရပြီး ရိုမန်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းလေးလဲ ပါတာမလို့ လူငယ်တွေအကြိုက်ပေါ့ ဝမ်းနည်းစရာကောင်းတဲ့ပုံရိပ်တချို့က ​ဗုံးသံတွေကြား ကလေးသူငယ်တွေငိုယိုအော်ဟစ်ပြေးလွှားနေတာ၊လွတ်မြောက်နယ်မြေက ကလေးတွေကျ ပြေးလွှားဆော့ကစားနေတာလေးတွေပေါ့ အသေးစိတ်ရိုက်ပြထားတယ်ပေါ့နော်။

လိုအပ်ချက်လေးတွေကတော့ ဘယ်ပြောမလဲ တစ်ကားလုံး ဖြစ်ရပ်မှန်ကိုပဲ အခြေခံပြီး ရိုက်ထားတာဆိုတော့ သရုပ်ဆောင်စွမ်းရည်ကတော့လိုအပ်ချက်ရယ်လို့ ပြောလို့မရပါဘူး အကောင်းဆုံး ရှင်သန်တိုက်ခိုက်ခဲ့ကြတဲ့ရဲဘော်အားလုံးကို ဒီနေရာကနေ ဂုဏ်ယူလေးစားမိပါတယ်

အကြုံပေးချင်တာကတော့ လူငယ်တွေရဲ့ စိတ်ထဲမှာ ဒီကောင်တွေအပေါ် နာကျည်းမုန်းတီးချက်တွေ အမျက်မပျယ်နိုင်အောင် ရင်ဘတ်ထဲမှာ ဒီအရာတွေကို သံမှိုလိုအမြစ်တွယ် စွဲကပ်ပြီးသွေးမအေးသွားအောင် ကရင်နီပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ မတရားမှုမှန်သမျှကို အကုန်ထည့်ရိုက်ထားရင်ပိုကောင်းမယ်လို့ထင်ပါတယ်ပေါ့နော် ဒါမဲ့ ဒီလောက်ပြည့်စုံတဲ့ အချက်အလက်တွေနဲ့တင်၊ ပါဝင်သရုပ်ဆောင်တဲ့ ရဲဘော်တွေအတွက် စာနာတဲ့အနေနဲ့ ကျွန်တော် ဒီလောက်ကြည့်ရတာနဲ့တင် ကြည့်ရကျိုးနပ်ပါပြီ

ကျွန်တော်အ​မှတ်ရဆုံး စာ​သားလေးကတော့ဇာတ်လမ်းရဲ့ဇာတ်ရှိန်အမြင့်ဆုံးဖြစ်တဲ့ နောက်ဆုံးအပိုင်းမှာ "သေရဲဖို့ထက် အသက်ရှင်ရဲဖို့ သတ္တိရှိရမယ် ရဲဘော်" တဲ့ "ငါတို့နောက်ဆုံးတိုက်ပွဲကိုရောက်လာပြီ မင်းဘယ်အပိုင်းမှာပါဝင်သလဲဆိုတာ မင်းသေချာပြန်စဥ်းစား သမိုင်းက မင်းကိုဆုံးဖြတ်ပေးသွားလိမ့်မယ်" တဲ့
ဒီဇာတ်ကားကြည့်နေရင်း တိုက်ပွဲခေါ်သံကြားထဲ ရောက်သွားခဲ့ပြီးတော့ အဆုံးသတ်မှာ အိမ်ပြန်လမ်းဆိုတဲ့ သီချင်းကြောင့် လွမ်းမောစရာ အဆုံးသတ်သွားခဲ့တယ်ပေါ့နော် " ဆိုပြီး သူကထုတ်ပြောပြလာခဲ့ပါတယ်။

Way Back Home(အိမ်ပြန်လမ်း)- Lose And Hope Theme Song ကိုလဲနားထောင်ကြစေချင်ပါတယ်ရှင်

Listen Here: https://youtu.be/9n2Gb6qyUJw?si=3dUG0y3dpBnsiWWK

(လိုအပ်ချက်တွေရှိလို့ရှိရင်လည်း စာရေးသူကို ထောက်ပြဝေဖန်နိုင်ပါတယ်ရှင်)
သွားရောက်ကြည့်ရှုခဲ့ကြသူများပါရင်လည်း မိမိ၏အမြင်ကို လွတ်လပ်စွာ Cmt မှာ ဝင်ရောက်ရေးသားနိုင်ပါတယ်နော်




#အိမ်ပြန်လမ်း

29/09/2024

မင်္ဂလာပါရှင်🙏
ကရင်နီပြည်၏ ရိုးရာပွဲတော် တစ်ခုဖြစ်တဲ့ ဒီးကူပွဲတော်အကြောင်းကို KnTV မှ စကားဝိုင်းတစ်ခုအဖြစ် ကရင်နီ သမိုင်းကြောင်း ၊ ရိုးရာပွဲတော် စသည့် စာအုပ်များ နှင့် page များမှ လေ့လာမှတ်သားပြီး ပြန်လည်ကိုးကားတင်ဆက်ထားတာပဲ ဖြစ်ပါတယ်ရှင်🙏

Presenter 👩‍💼Nang Myat
👩‍💼Maw Nobel
👩‍💼Juliet Noe

Address


Alerts

Be the first to know and let us send you an email when Karenni TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Karenni TV:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share