26/11/2020
ဘုရားပေးတဲ့လက်တစ်စုံပိုင်ရှင် (သို့မဟုတ်)
ဒီယေဂိုမာရာဒိုနာ
၂၆-၉-၂၀၂၀ ၊အာဂျင်တိုင်းသားတွေရဲ့အသည်း၊ဘောလုံးလောကရဲ့အဖိုးတန်ကစားသမားတစ်ဦး ကြွေလွင့်သွားခဲရပြီဖြစ်တယ်။ဘောလုံးအသိုင်းအဝိုင်းကြားမှာသာမက တစ်ကမ္ဘာလုံးကနယ်ပယ်အသီးသီးက လူတိုင်း ဝမ်းနည်းခဲ့ကြပါတယ်။
“ဒီရေဂိုမာရာဒိုနာ”ဆိုတာဘယ်လိုကစားသမားမျိုးလဲ
မာရာဒိုနာကို၁၉၆၀ အောက်တိုဘာ(၃၀)မှာ အင်ဂျင်တီးနားနိုင်ငံ lanúsဒေသမှာမွေးဖွားခဲ့တယ်။
ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာခဲ့ပြီး အမ၄ယောက်နဲ့ညီ၂ယောက်ရှိပြီးမွေးချင်း၇ယောက်ရှိတယ်။ညီ၂ယောက်လည်းပဲ ဘောလုံးသမားတွေပါ။
အရပ်အမြင့်၅’၅”ရှိပါတယ်။
၁၉၇၆အောက်တိုဘာ၂၀ မှာ သူရဲ့ပထမဆုံးပွဲဦးထွက် Argentinos juniors အသင်း အတွက်ကစား ပေးခဲ့ချိန်မှာသူ့အသက်က ၁၆နှစ်ပြည့်ဖို့ ၁၀ရက်တောင်လိုပါသေးတယ်။ ပွဲဦးထွက်မှာတင်ခြေစွမ်းပြပြီး ပရိသတ်အကြိုက်ဖြစ်ခဲ့ပါတယ်
အဲ့ပွဲအပြီး သူပြောခဲ့တာက’ဒီနေ့ ငါခံစားရတာကတော့ ကောင်းကင်တစ်ခုလုံးငါလက်ထဲရောက်လာသလိုပါပဲ’ တဲ့။
သူဟာArgentinos juniorsအသင်းအတွက်၁၆၇ပွဲ ပွဲထွက်ကစားခဲ့ပြီး ၁၁၅ဂိုးသွင်းခဲ့ပါတယ်။ပြီးနောက် Boca juniorsအသင်းကိုပြောင်းရွှေ့ခဲ့တယ်။
၁၉၈၂ကမ္ဘာ့ဖလားအပြီး မာရာဒိုနာဟာ ကမ္ဘာ့စျေးအကြီးဆုံးပြောင်းအရွှေ့ အဖြစ် အဲ့အချိန်တုန်းကတန်ဖိုးငွေ ယူရို(၅)သန်းနဲ့ဘာစီလိုနာ ကိုပြောင်းရွှေ့ခဲ့ပါတယ်။ အပြောင်းရွှေ့ အစကနဦးရာသီ တွေမှာတော့ ကစားသမားဘဝအဆင်ပြေချောမွေ့ခဲ့ပါတယ်။နောက်ပိုင်းဒဏ်ရာပြသနာတွေနဲ့ရုန်းကန်ခဲ့ရပြီး ဖိအားတွေကြံုခဲ့ရပါတယ် ၊ဒဏ်ရာပြသနာတွေရှိလာခဲ့တာတောင် မာရာဒိုနာက ၅၈ပွဲကစားပြီး၃၈ဂိုးထိသွင်းယူပေးနိုင်ခဲ့ပါတယ်။
နောက်ထပ်ပီး စံချိန်တင်ပြောင်ရွှေ့ကြေးတစ်ခုနဲ့ပဲ ယူရို(၆.၉)သန်းနဲ့ အီတလီကလပ် နာပိုလီအသင်းထံပြောင်ရွှေ့ခဲ့ပါတယ်။စီးရီးအေမှာ AC milan,Inter milan,Juventus,Romaစတဲ့အသင်းကြီးတွေမင်းမူနေတဲ့ချိန်မှာ မာရာဒိုနာဟာ နာပိုလီကိုအသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ရင်း ၁၉၈၆-၈၇ဘောလုံးရာသီမှာ စီးရီးအေချန်ပီယံဖြစ်စေခဲ့ပါတယ်
နိုင်ငံ့လက်ရွေးစင်အတွက် အဖိုးမဖြတ်နိုင်တဲ့ကစားသမားဖြစ်ခဲ့ပြီး၉၁ပွဲ ပါဝင်ကစားကာ ၃၄ဂိုးထိသွင်းယူပေးခဲ့ပါတယ် ကမ္ဘာ့ဖလား၄ကြိမ်ကစားခဲ့ပြီး ၁၉၈၆မှာ အာဂျင်တိီးနားနဲ့ ကမ္ဘာ့ဖလားရယူခဲ့ပါတယ် ကွာတားဖိုင်နယ်မှာ Englandဘက်ကို၂ဂိုးသွင်းယူခဲ့ပြီး ၂-၁နဲ့နိုင်ခဲ့တာပါ သူ့ရဲ့ ပထမဂိုးကတော့ပြောစမှတ်တွင်စရာဖြစ်ခဲ့ပြီး ‘hand of god’ဘုရားပေးတဲ့လက်’ဆိုပြီးနာမည်ကျော်ခဲ့တယ်။ဒုတိယ ဂိုးက ကွင်းလယ်လောက်ကနေEnglandကစားသမား5ယောက်လောက်ိုလိမ်ခေါက် ဆွဲပြေးကန်သွင်းခဲ့တာပါ၊’goal of the century’အဖြစ်သတ်မှတ်ခံခဲ့ရတဲ့အထိလှပခဲ့ပါတယ်။Fifa u-20world cup နဲ့fifa world cupတို့ရဲ့golden ballဆုကို ၁၉၇၉နဲ့၁၉၈၆မှာ ရယူဖူးပြီး သူ့လိုရရှိတဲ့ကစားသမားဆိုလို့တစ်နိုင်ငံတည်းသား လီယွန်နယ်မက်ဆီ ပဲရှိပါတယ်
ယနေ့ထိ နာမည်ကျော်ဘောလုံးသမားများစွာရဲ့ စံပြအတုယူအားကျရတဲ့ ကစားသမားကြီးဖြစ်ခဲ့ပြီး ဘရားဇီးဂန္တဝင် ပီလီ နဲ့တန်းတူ ဘောလုံးလောကရဲ့iconဖြစ်ပါတယ်
သူ့ရဲ့ လိမ်ခေါက်စွဲပြေးတဲ့ကစားဟန်တွေက ကြည့်ရှုသူတွေကို ရသမျိုးစံုပေးစွမ်းနိုင်တဲ့ကစားသမားမာရာဒိုနာဟာ နည်းပြလည်းလုပ်ခဲ့ဖူးပြီး ၂၀၀၈မှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကိုနည်းပြပေးခဲ့ပါတယ်
အင်ဂျင်တိုင်းသားကြီးဟာ ၂၀၂၀ Nov26မှာ နေရပ်မှာပဲ heart attack နဲ့ဆံုးပါးခဲ့ရပါပြီ
သူကွယ်လွန်ခဲ့တော့ ဘောလုံးလောကတစ်ခုလုံးကြေကွဲခဲ့ကြပြီး legends never dieဆို၍ဂုဏ်ပြုခဲ့ကြပါတယ်
ကျွန်တော်တို့ ဘောလုံးပရိသတ်အားလုံးခင်များကိုအမှတ်ရနေမှာပါ ဒီရေဂို♥️