Myanma True News

  • Home
  • Myanma True News

Myanma True News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanma True News, Media/News Company, .

ပြစ်မှုကျူးလွန်ခြင်းမရှိသည့် (PDF) သင်တန်းဆင်း အလင်းဝင်လာသူ အမျိုးသား ၉ ဦးကို မိဘများထံ ပြန်လည်အပ်နှံ၍ ငွေကျပ်တစ်သိန်းစီ...
17/06/2022

ပြစ်မှုကျူးလွန်ခြင်းမရှိသည့် (PDF) သင်တန်းဆင်း အလင်းဝင်လာသူ အမျိုးသား ၉ ဦးကို မိဘများထံ ပြန်လည်အပ်နှံ၍ ငွေကျပ်တစ်သိန်းစီ ထောက်ပံ့။
(ငှက်ခါး)

ဒီအခြေအနေကို မြန်မြန်မထိန်းနိုင်ဘူးဆိုရင် ကျဆုံးနိုင်ငံအဆင့်ထိ ဖြစ်သွားနိုင်တယ်။ (ခေတ်မင်း)
17/06/2022

ဒီအခြေအနေကို မြန်မြန်မထိန်းနိုင်ဘူးဆိုရင်
ကျဆုံးနိုင်ငံအဆင့်ထိ ဖြစ်သွားနိုင်တယ်။
(ခေတ်မင်း)

ဆန္ဒပြပြည်သူများကို KNUဆောထိမြို့နယ်က ကူညီဝန်းရံပံပိုးသွားမည်---------
10/03/2021

ဆန္ဒပြပြည်သူများကို KNUဆောထိမြို့နယ်က ကူညီဝန်းရံပံပိုးသွားမည်
---------

 #နိုင်ငံခြား sim card အားလုံးပါ banမှာဖြစ်ပါတယ်google လည်း ban မှာဖြစ်ပါတယ်. #တရုတ်ပိုင် tiktok appမှလွဲ၍ ကျန် vpn app,...
10/03/2021

#နိုင်ငံခြား sim card အားလုံးပါ
banမှာဖြစ်ပါတယ်
google လည်း ban မှာဖြစ်ပါတယ်.

#တရုတ်ပိုင် tiktok appမှလွဲ၍
ကျန် vpn app,other app အားလုံး
မြန်မာနိုင်ငံတွင် ban တော့မည်ဖြစ်
ပါသည်။

mwd.mrtv.mitv.dw.news

:

ကျောက်တံတားမြို့နယ်၊ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချစ်စိန် လုပ်ကြံခံရ၍ သေဆုံးရန်ကုန်၊မတ်-၁၀(PeopleMedia)ရန်ကုန်မြို့၊ကျောက်တံတ...
10/03/2021

ကျောက်တံတားမြို့နယ်၊ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချစ်စိန် လုပ်ကြံခံရ၍ သေဆုံး

ရန်ကုန်၊မတ်-၁၀(PeopleMedia)

ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ချစ်စိန်သည် ယနေ့ နေ့လည်အချိန်၌ လုပ်ကြံခံရပြီးနောက် ကွယ်လွန်သွားသည်။

ယာယီရဲမှူးသည် ဆူးလေစေတီတော်အနီး၌ ငွေလွဲ၊ငွေထုတ် ပြုလုပ်နေသူများကို လုံခြုံရေးဆောင်ရွက်နေစဉ် လုပ်ကြံခံရ၍ သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ PeopleMedia က သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ထံ ဆက်သွယ်ရာ ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

#ရဲမှူး

 #ယခင် UEC မဲရလဒ် ကြေညာချက် နှင့်  #ယခု UEC အသစ် ၏မဲလက်မှတ်စစ်ဆေးတွေ့ရှိချက် ဘာကွာခြားလဲ  #သိထားသင့်တယ်
10/03/2021

#ယခင် UEC မဲရလဒ် ကြေညာချက် နှင့် #ယခု UEC အသစ် ၏မဲလက်မှတ်စစ်ဆေးတွေ့ရှိချက် ဘာကွာခြားလဲ #သိထားသင့်တယ်

မြန်မာအရေး အပြီးသတ်ထုတ်ပြန်ရန် ကနဦးဆွေးနွေးကြရာတွင် တရုတ်၊ ရုရှ၊ အိန္ဒိယနှင့် ဗီယက်နမ် တို့က ဗြိတိန်တင်သွင်းသည့် ထုတ်ပြန်...
10/03/2021

မြန်မာအရေး အပြီးသတ်ထုတ်ပြန်ရန် ကနဦးဆွေးနွေးကြရာတွင် တရုတ်၊ ရုရှ၊ အိန္ဒိယနှင့် ဗီယက်နမ် တို့က ဗြိတိန်တင်သွင်းသည့် ထုတ်ပြန်ချက်မူကြမ်းကို ပြင်ဆင်ရန် အကြံပြုခဲ့ကြခြင်းဖြစ်သည်ဟု သံတမန်များက ပြောသည်။ ဗြိတိန်၏ ထုတ်ပြန်ချက်မူကြမ်းပါ အာဏာသိမ်းသည်ဆိုသော ရည်ညွှန်း ဖော်ပြချက်နှင့် နောက်ထပ် အရေးယူမှုများအတွက် စဉ်းစားသုံးသပ်သွားမည်ဆိုသည့် ခြိမ်းခြောက်မှုတို့ ကို ဖယ်ရှားပေးရန်အပါအဝင် ထုတ်ပြန်ချက်ကို ပြင်ဆင်ရေး ယင်းနိုင်ငံများက အကြံပြုခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီသည် ထုတ်ပြန်ချက်များကို အားလုံး သဘောတူညီချက်ရှိမှ ထုတ်ပြန်ရခြင်း ဖြစ်သည်။

ကဲ စပြီ ......
ဟိုဟာလာပါ ဒီဟာလာပါ တစာစာအော်ကြတယ် .....
ခင်ဗျားတို့နားလည်ဖို့က
အချုပ်အခြာအာဏာပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေကို
ဘယ်အဖွဲ့အစည်းကမှ နိုင်ငံရေးဆိုင်ရာမှာ
ဝင်စွတ်ဖက်လို့ မရဘူး .....

ယနေ့ ကုလကောင်စီ အစည်းအဝေးပွဲမှာ
တရုတ်၊ ရုရှ၊ အိန္ဒိယနှင့် ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေက
ဗြိတိန်ရဲ့ အဆိုကို ငြင်းဆန်လိုက်တယ်။
အဓိက ငြင်းလိုက်တဲ့အထဲမှာ
အာဏာသိမ်းတယ်ဆိုတဲ့ စကားရပ်ရယ်၊ ဒီအတွက် အရေးယူမှုတွေကို
လုပ်ဆောင်ဖို့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပေးရမယ်ဆိုပြီး
အကြံပြုထားတယ် ......

ဆိုတော့က ကုလကောင်စီ မှာ ပါဝင်တဲ့ ၁၅ နိုင်ငံလုံးက သဘောတူမှ
ထုတ်ပြန်ချက်တွေ ထုတ်လို့ရမယ် ........
ဘာ့ကြောင့် အဲ့ဒီနိုင်ငံတွေကလည်း ဗြိတိန်ရဲ့ အဆိုပြုချက်တွေကို
ငြင်းဆန်ရသလဲဆိုတာ တွေးမိလား .....
မြန်မာနိုင်ငံကို ချယ်လှယ်ဖို့အတွက်
နည်းမျိုးစုံနဲ့ လုပ်လာတာ
နှစ်ပေါင်းမနည်းတော့ဘူး ......။

အရင်အစိုးရလက်ထက်မှာ CIA cell ဘယ်လောက်တောင် ချပေးခဲ့လဲဆိုတာ
သိကြလား ......

ဒီတော့ သိပ်အများကြီး မပြောချင်ဘူးဗျာ ....
မြှောက်ပေးတိုင်း လိုက်လုပ်မနေနဲ့ .....
ခင်ဗျားတို့နောက်မှာ
ခင်ဗျားတို့ကို လမ်းပေါ်တင်ပေးတဲ့ကောင်တွေ
တစ်ကောင်မှ မရှိဘူး .....
ခင်ဗျားတို့လို့ မြှောက်ပေးတိုင်း
ဂွေးတက်အောင်ကမဲ့ကောင်တွေပဲ ရှိတယ် ....

ဖိုးစည်

အိန္ဒိယနိုင်ငံ၊ အက်ဒမန်ကျွန်းရှိ နေရပ်ပြန်ရန် အခက်အခဲ ဒုက္ခကြုံတွေ့နေရသောမြန်မာနိုင်ငံသား  ၇၀ ဦးအား ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ ...
10/03/2021

အိန္ဒိယနိုင်ငံ၊ အက်ဒမန်ကျွန်းရှိ နေရပ်ပြန်

ရန် အခက်အခဲ ဒုက္ခကြုံတွေ့နေရသော

မြန်မာနိုင်ငံသား ၇၀ ဦးအား ပြန်လည်

ခေါ်ဆောင်ခဲ့တဲ့ စစ်ရေယာဉ် (တပင်ရွှေထီး)

ဟာ ရန်ကုန်မြို့ကို ဒီနေ့ နေ့လည် ၁ နာရီခွဲ

မှာအောင်မြင်စွာရောက်ရှိခဲ့ပြီဖြစ်ပါတယ် -


ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု

နေတဲ့ မြန်မာနိုင်ငံသားများဟာ ရာသီဥတု

အခြေအနေ၊ စက်ချို့ယွင်းမှု အခြေအနေ

များကြောင့် အိန္ဒိယနိုင်ငံရဲ့ အက်ဒမန်ကျွန်း

ဘက်ကို ရောက်ရှိသွားတတ်ကြပါတယ် -

အကြောင်းအမျိုးမျိုးနဲ့ ဘယ်လိုပဲ ရောက်ရှိ

ပါစေ အားလုံး မိမိနေရပ်၊မိမိတို့ နေအိမ်နဲ့

မိမိတို့နိုင်ငံကို ပြန်ချင်ကြတာချည်းပဲ ဖြစ်

ကြပါတယ်။ အိမ်ပြန်ချင်လို့ သူတို့ရင်ထဲက

ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေကို ကိုယ်ချင်းစာ

ကြည့်ရင် အခုလိုပြန်လည်ခေါ်ဆောင်တဲ့

ခရီးစဉ်တွေအပေါ် အကောင်းမြင်ပြီး

နားလည်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ် -

အခုလိုမျိုးပြည်ပနိုင်ငံကို အကြောင်းကိစ္စ

များစွာနဲ့ ရောက်ရှိခဲ့ပြီး နေရပ်ပြန်ဖို့အတွက်

ဒုက္ခအခက်အခဲ ဖြစ်နေသူတွေကို ပြန်ခေါ်

ဖို့ ၂၀၂၀ ဇူလိုင်လထဲက စတင် ဆောင်ရွက်

ခဲ့ပေမယ့် အဲ့အချိန်တုန်းက အစိုးရက

ခွင့်မပြုလို့ ခေါ်ခွင့်မရခဲ့တာဖြစ်ပါတယ် -

ယခုလက်ရှိ အချိန်ကာလ မှာတော့ -

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့

လမ်းညွှန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ

လ မှာ မလေးရှားနိုင်ငံရောက် မြန်မာလူမျိုး

၁၀၈၆ ဦးကို ပထမဆုံးအကြိမ် ခေါ်ဆောင်

နိုင်ခဲ့ပြီးအခုဒီနေ့ကတော့ဒုတိယကြိမ်အဖြစ်

၇၀ ဦး ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ် -

လမ်းညွှန်ချက်များအတိုင်း စုဖွဲ့ပြင်ဆင်ပြီး

မိမိတို့ဆွေမျိုး မိသားစုလို - အထူး

ဧည့်သည်လို ဂရုတစိုက် ခေါ်ဆောင်ခဲ့ကြ

တာဖြစ်ပါတယ်။ ခရီးစဉ် ၂ ခု ပေါင်းရင်

၁၁၅၆ ဦး ဖြစ်ပါတယ်.. သူတို့ရဲ့ မိသားစု

တွေကိုပါထည့်တွက်ကြည့်ရင် လူအများရဲ့

သာယာအေးချမ်းတဲ့ဘ၀တွေရရှိစေဖို့

လုပ်ဆောင်ပေးခဲ့တာ တွေ့မြင်နိုင်မှာဖြစ်ပါ

တယ် - စေတနာအမှန်ကို နားလည်သွားတဲ့

ပြည်တော်ပြန် အချို့က နောက် ခရီးစဉ်များ

ရှိလို့ခွင့်ပြုရင်လုပ်အားပေးအဖြစ်ပရဟိတ

လိုက်ပါဆောင်ရွက်ဖို့ တောင်းဆိုတာတွေ

တောင် ရှိပါတယ် -

အမှန်တရား လက်ကိုင်မထားနိုင်တဲ့

သတင်းဌာနအချို့အနေနဲ့ကတော့ -

မဟုတ်မဟပ်သတင်းတွေ လွှင့်ပြီး အများ

သူငါထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေ

ကြတာတွေရှိပါတယ်။ တကယ်တော့လေ

ပြည်ပနိုင်ငံအထိတပ်မတော်ကစစ်ရေယာဉ်

စေလွှတ်ပြီး မိမိနိုင်ငံသားတွေကို ပြန်ခေါ်

ပြီဆိုကတည်းက တရားဝင်နည်းလမ်းနဲ့

နိုင်ငံအဆင့်အတန်းရှိရှိ ရပ်တည်နေနိုင်လို့

တပ်မတော် ကလဲ စွမ်းဆောင်နိုင်နေလို့

ဆိုတာ သတိပြုကြစေချင်ပါတယ် -

လက်ရှိခရီးစဉ်လည်း အောင်မြင်စွာ

ပြီးမြောက်ခဲ့ပြီမို့ တပ်မတော် ဟာ ပြည်သူ့

အကျိုးကို အစဉ်အလေးထားလျက်ရှိနေပါ

ကြောင်းထပ်လောင်းဖော်ပြအပ်ပါတယ် -
....အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....

၈၈ တုန်းက ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းလို့ ရှုံးသွားတယ်ဆိုတာ မဟုတ်ပါဘူး။အဲဒီတုန်းက ဝန်ထမ်းတွေ အလုပ်မဆင်းတာ ရက်ပေါင်း ၄၀ လောက...
10/03/2021

၈၈ တုန်းက ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းလို့ ရှုံးသွားတယ်ဆိုတာ မဟုတ်ပါဘူး။

အဲဒီတုန်းက ဝန်ထမ်းတွေ အလုပ်မဆင်းတာ ရက်ပေါင်း ၄၀ လောက်ရှိမယ်။

အာဏာသိမ်းပြီးနောက် အလုပ်ပြန်မဆင်းတဲ့ ဝန်ထမ်းတွေ၊ အလုပ်ပြုတ်တဲ့ဝန်ထမ်းတွေ၊ နယ်စပ်ကိုပြေးကြသူတွေ၊ ပြည်ပကိုပြေးကြတဲ့ ဝန်ထမ်းတွေ အများကြီးပဲ။

အဲဒီလို အကြောင်းပေါင်းစုံကြောင့် အလုပ်ထဲပြန်မရောက်တဲ့ ဝန်ထမ်းဦးရေဟာ လက်ရှိ CDM လုပ်နေတဲ့ ဝန်ထမ်းဦးရေထက် ပိုများတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းကြီးတွေဟာ ၈၈ ကိုအကြောင်းပြုပြီး ဖြစ်လာတာ။

၈၈ မှာ ရှုံးတာ အကြောင်းပေါင်းစုံတွေ လျှောက်ပြောကြပေမယ့် အမှန်ဆုံးအချက်က စစ်တပ်ကို မနိုင်လို့ကို ရှုံးတာ။

ဒါတောင် အဲဒီတုန်းက စစ်တပ်က မိုင်းယန်း မဲသဝေါ မော်ဖိုးကေ စတဲ့ စစ်သား ထောင်နဲ့သောင်းနဲ့ချီ သေတဲ့ စစ်ပွဲကြီးတွေ တိုက်နေရတာ။

လက်နက်ကိုင် သူပုန်ပေါင်းစုံ ပေါင်းပြီးတိုက်လဲ စစ်တပ်ကို မနိုင်ခဲ့ကြဘူး။

နိုင်ငံရေးအဖွဲ့ပေါင်းစုံ စုပြီး လူထုတိုက်ပွဲ အသွင်နဲ့ တိုက်တာလဲ မနိုင်ခဲ့ဘူး။

လူထုတစ်ရပ်လုံးတောင် အာခံဖို့ နေနေသာသာ အိမ်ရှေ့မြောင်းတူးဆို တူးရ၊ ခြံစည်းရိုး ထုံးသုတ်ဆို သုတ်ရ၊ မြက်ပေါက်ဆို ပေါက်ရ၊ လုပ်အားပေးလိုက်ဆို ကိုယ့်ထမင်းကိုယ်စားပြီး လိုက်ခဲ့ရတာ။

ပြောချင်တာက စစ်တပ်ကို ဘယ်သူမှ မနိုင်ခဲ့ဘူး။
လက်နက်ကိုင် သူပုန်ပေါင်းစုံ ဝိုင်းချတာလဲ စစ်တပ်ကို မနိုင်ဘူး။
ဗကပ အပါအဝင် နိုင်ငံရေးသမားပေါင်းစုံ လူထုအုံကြွမှုနည်းနဲ့ တိုက်ခဲ့တာလဲ စစ်တပ်ကို မနိုင်ဘူး။

ဘယ်လက်နက်ကိုင် ခေါင်းဆောင်မှ စစ်တပ်ကိုနိုင်အောင် မချနိုင်ဘူး။
ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ စစ်တပ်ကို အပြုတ်ဆော်ပြီး ဒီမိုကရေစီ ရယူမပေးနိုင်ဘူး။

၂၂ နှစ်ကြာမှ ရော့ကွာ မင်းတို့လိုချင်တဲ့ ဒီမိုကရေစီဆို စာအုပ်အစိမ်းလေးနဲ့ တွဲပေးလိုက်တာ။
မြန်မာနိုင်ငံ ဒီမိုကရေစီက NLD တိုက်ယူပေးတဲ့ ဒီမိုကရေစီလဲ မဟုတ်ဘူး။
အမေစု တိုက်ယူပေးတဲ့ ဒီမိုကရေစီလဲ မဟုတ်ဘူး။
စစ်တပ်ကပေးလို့ ရတဲ့ ဒီမိုကရေစီ။

ခင်ဗျားတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အဲဒါတွေက အမှန်အကန် ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားတွေပဲ။

ဘာပြောချင်တာလဲ သိလား။
ဘယ်လိုပဲတိုက်တိုက် ဘာနည်းပဲ သုံးသုံး ခင်ဗျားတို့ မနိုင်ဘူး။

ဟိုက ပြန်ပေးမှ ခင်ဗျားတို့ ရမှာ။

ဒီတော့ အသာတကြည် ပြန်ပေးချင်အောင် နေကြထိုင်ကြ လုပ်ကြ ကိုင်ကြ။

ခင်ဗျားတို့ ကျောက်တုံးကြီးကို တောင်အောက်လှိမ့်ချလိုက်၊ တောင်ပေါ်ပြန်တွန်းတင်လိုက်၊ တောင်အောက်လှိမ့်ချလိုက် တောင်ပေါ်ပြန်တွန်းတင်လိုက် ဒါနဲ့ပဲ တိုင်ပတ်နေတာ ဘာသောက်လုပ်မှ ဖြစ်မှာမဟုတ်ဘူး သောက်ရူးတွေဟုသာ
🤣🤣🤣🤣🤣😂😂😂😂😂
မူရင်းရေးသားသောကိုကြီးကို ဂါဝရပြုလျှက်

ဩ ရန်ကုန်မြို့မှာ ဘဝ တစ်လျှောက်လုံးရေ/မီးအစုံ နဲ့နေခဲ့ကြပြီး Emotion ကို မထိန်းနိုင် ပဲ Facebook မှာရေးချင်ရာရေး လမ်းပေါ်...
10/03/2021

ဩ ရန်ကုန်မြို့မှာ ဘဝ တစ်လျှောက်လုံး
ရေ/မီးအစုံ နဲ့နေခဲ့ကြပြီး

Emotion ကို မထိန်းနိုင် ပဲ Facebook မှာ
ရေးချင်ရာရေး လမ်းပေါ်ထွက်
အော်ချင်တာအော်

ပြီးတဲ့အချိန်ကြမှ တောခို လက်နက်ကိုင်
ဖို့ စဉ်းစားနေကြပြန်တယ်။

ကျုပ်တို့က လူငယ်တွေ မမှားသင့်တာ
မမှားရအောင် မဖြစ်သင့်တာမဖြစ်ရအောင်
ဖြစ်ရပ်မှန်တွေကိုဥပမာ ပေးပြီး
အမြဲတမ်းရေးသားတင်ပြခဲ့ပါတယ်။

ဖတ်ရတဲ့သူတွေလည်းရှိမှာပါ။
မဖတ်ရသောလူတွေလည်းရှိမှာပါ။

မင်းတို့ကွာ စစ်မြေပြင်ဆိုတာ မင်းတို့လမ်းပေါ်
ထွက် အော်ချင်တာအော် Facebook
မှာ live လွှင့် ဝါဒဖြန့်တဲ့ အလုပ်လို့ထင်နေ
ရင်တော့မှားနေပြီ။

ဒီလိုရေးတော့ မင်းတို့တောခိုမှာကို
ငါတို့ကကြောက်နေ လို့လားဆိုတဲ့
ရူးကြောင်ကြောင် အတွေးအခေါ်နဲ့
မြင်ကြအုံးမှာပါ။

မဟုတ်ဘူးကွ ငယ်ရွယ်တဲ့ မင်းတို့ဘဝတွေ
တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ မင်းတို့
အရွယ်တွေ တောကျိုအုံးကြားမှာ ဘဝ မဆုံးပါး
ရအောင် ငါတို့အတွေ့အကြုံတွေ နဲ့ယှဉ်ပြီး
ရေးသားတင်ပြနေတာပါ။

သောင်းကျန်းသူယူနစ်ဖောင်းပျောက်ကျား
လေးနဲ့ လမ်းပေါ်ထွက်လာတာလောကကို
မင်းတို့မြင်ဖူးတာပါ။

တပ်မတော်ရဲ့ တကယ်တမ်း ထိုးစစ်တွေနဲ့
ကြုံတဲ့အခါ ဘယ်သောင်းကျန်းသူမှ
တစ်နေရာမှာ ၂ရက်ပြည့်အောင် မအိပ်ရဲဘူး။

သူတို့နယ်ခံသူတို့နယ်မြေမှာတောင်
ဒီလိုနေရတာ ကိုမင်းတို့ကတောခိုပြီး
အဲ့နေရာမှာ ဘယ်လောက်ကြာကြာနေနိုင်မှာ
လည်း။

မင်းတို့ရှေ့မှာတောခိုပြီး အနှစ်၅၀လောက်
ပြန်တိုက်ခဲ့တဲ့ လူ ဘာကြောင့်မအောင်
မြင်တာလည်းမင်းတို့ ဥပမာကို
ကိုယ်နဲ့ ရင်း မယူသင့်ပါဘူး။

လေ့လာကြဖို့လိုတယ်စာဖတ်ကြဖို့လိုတယ်
နိုင်ငံရေးကိုနားလည်ကြဖို့ လိုအပ်ပါတယ်။

မဟုတ်ရင် မင်းတို့လမ်းမှားရောက်ပြီး
ဘဝ ဆုံးတော့မှာ မြင်နေလို့ ပါ။

လျှပ်စစ်မီးဆိုတာ မရှိဘူး အင်တာနက်ဆိုတာ
မရှိဘူး။ ဘဝ ဟာ လူမသိသူမသိနဲ့
အဆုံးသတ် ရမှာ အသေအချာပါပဲ။

ကံမကောင်း ခရီဆုံးကို မရောက်ခင်
မိုင်းတောထဲ မှာ ဒုက္ခတ ဘဝကိုရောက် မယ်
တိုက်ပွဲ နဲ့ကြုံလို့ ခရီးဆုံးမရောက် ခင်
ကျည်ဆံ နဲ့ လှံစွတ်ဖျားမှာ အသက်ပါသွား
နိုင်တယ်။

ခရီးဆုံးကိုရောက်အုံးတော့ မင်းတို့လိုချင်တဲ့
ဒေါ်စု ရဲ့ nldပါတီ အစိုးရပြန်မဖြစ်နိုင်တော့
ပါဘူး မင်းတို့သာဘဝ ဆုံးသွားမှာပါ။

ဒီမိုကရေစီ ဒီနည်းလမ်းနဲ့ ဘယ်လိုမှ မရ
နိုင်ပါဘူး။

အခု အချိန်မှာနိုင်ငံရေးကို ဘာမှ မသိသေးပဲ
Emotion ကိုဦးစားပေးပြီ လုပ်ကြရင်တော့
မင်းတို့ ဘဝ တွေ ဆုံးတော့မယ်လို့ပဲပြောချင်တယ်။

ks

10/03/2021

ဲ့ နိုင်ငံရေးအမြတ်ထုတ်မှု

လက်ရှိနိုင်ငံရေး အခြေအနေ ကို
အကြောင်းပြုပြီး CRPH က နိုင်ငံရေး
အမြတ်ထုတ်နေတယ်။မနေ့ကဆို
CRPH က KNU အဖွဲ့ငယ်တွေ ကို
အသုံးချခဲ့တယ်။KNU အဖွဲ့ငယ်လို့
ပြောရတာ အကြောင်းရှိပါတယ်။
KNU ဗဟိုရဲ့ သဘောထား
မဟုတ်ဘဲ KNU အဖွဲ့ငယ် တပ်ခွဲမှူး
အဆင့်လောက် ကို CRPH က
မြှောင့်ပေးလို့ လုပ်နေကြောင်း
သိရလို့ပါ။

CRPH ရဲ့ ရည်ရွယ်ချက်က အခုလို
ကရင်ပြည်နယ် ထဲ မှာ KNU က
တိုက်ကွက်ဖော်ခဲ့ရင် နစက အစိုးရ
အနေဖြင့် ပြည်မ မှာ ဆန္ဒပြ ဆူပူသူ
တွေကို အာရုံမစိုက်နိုင်တော့အောင်
မျက်နှာစာ ပြောင်းသွားလိမ့်မယ်
လို့ ယူဆထားပုံရတယ်။ဒါကြောင့်
KNU အဖွဲ့ငယ် တပ်ခွဲမှူး လောက်ကို
ငွေပေးပြီး တိုက်ကွက်ဖော်ခိုင်းတဲ့
သဘောပဲ။

မနေ့ က တပ်မတော် ရဲ့ သင်တန်း
ကျောင်းတစ်ခု နဲ့ တပ်နှစ်တပ် ကို
လျှော့တိုက်ဒုံးနဲ့ လှမ်းပစ်တဲ့ အဖွဲ့
က KNU တပ်မဟာ ၁ က အောက်က
ရင်း ၁ ခွဲ၁ က ရဲမင်းပိုင် အဖွဲ့ လို့
သိရတယ်။KNU ဗဟိုကတော့
သူ့ အဖွဲ့ငယ် တွေ အခုလို လုပ်ခဲ့တဲ့
အပေါ် တော်တော်လေး စိတ်မကောင်း
ဖြစ်နေကြတယ် လို့ သိရတယ်။ဒါကြောင့်
ဒီ လို အဖွဲ့ငယ်တွေ ကို အကြောင်း
ပြုပြီး NCA ကို ထိခိုက်စရာမရှိပါဘူး။
ဖထီး မူတူးစေးဖော က သတ္တိရှိလို့
ငြိမ်းချမ်းရေး လုပ်တာလို့ လုပ်ပြောခဲ့သူ
လေး။

ပြဿနာ ရှိနေတာက NLD အစွယ်ပွား
CRPH ပါ။ အကြံကုန် ဂဠုန်ဆားချက်
ဆိုသလို လှည့်ပတ်ပြီး ရန်တိုက်နေပေ
မယ့် အလုပ်မဖြစ်ဘူး။ဒီကြားထဲ သတင်း
အမှား တွေ ဖြန့်ဖြူးပြီး လိုင်းပေါ်မှာ
အမုန်းတရားတွေဖွကာ G-Z ဆိုတဲ့ လူငယ်
တွေ မြှောင့်ပေးနေတယ်။ထိုးကျွေးနေ
ကြတယ်။

မနေ့ က တပ်မတော် ဘက်က
အကျအဆုံးရှိတယ် ဆိုပြီး တော့ လည်း
ဖွနေပြန်တယ်။မြေပြင်အမှန် က KNU
ယာယီထိုင်ထားတဲ့ ကျောက်တစ်လုံး
စခန်း ကို တပ်မတော် က သတိပေး
ပစ်ခက်ခဲ့ပေမယ့် တပ်ရော KNU ပါ
တစ်စုံ တစ်ယောက်မှ မထိခိုက်ခဲ့ပါဘူး။

နောက်ဆုံးပြောချင်တာက FB နဲ့ မီဒီယာ
လောက ကြီး ကို အပိုင်သိမ်းထားတဲ့
အနီလောကသားတွေကြောင့် လိုင်းပေါ် က
သတင်းတိုင်းကို မယုံကြပါနဲ့။လိုင်းပေါ်မှာ
သတင်းအမှား ၈၅% လောက် က CRPH ရဲ့
နိုင်ငံရေးအမြတ်ထုတ်မှုတွေ သာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထု တွေ အနေနဲ့
သတင်းအမှားတွေ နောက်ကိုလိုက်ပြီး
ကိုယ့်ဘဝ ကို ထိခိုက်မခံ ကြပါနဲ့ လို့
အကြံပြုချင်တယ်။

အောင်နိုင်သူ

Credit Aung Naing Thu

ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အမိန့်ပြန်တမ်း...
10/03/2021

ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အမိန့်ပြန်တမ်း...

သီရိလင်္ကာနဲ့ ဘင်း(မ်)စတက် (BIMSTEC) ရဲ့ နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်ပါဝဏ္ဏမောင်လွင် ကို H.E, Minister ဆိုပြီး ကိုလံဘ...
10/03/2021

သီရိလင်္ကာနဲ့ ဘင်း(မ်)စတက် (BIMSTEC) ရဲ့ နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်ပါ

ဝဏ္ဏမောင်လွင် ကို H.E, Minister ဆိုပြီး ကိုလံဘိုမှာ ကျင်းပမယ့် BIMSTEC အဖွဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားပါတယ် ... ဒါဟာ တရားဝင် အသိမှတ်​ပြု ဖိတ်ကြားခြင်း ဖြစ်ပါတယ်

ကူးတင်ပြီး ပြန်ဖြန့်ကြပါ ... ရှယ်တယ်ဆိုတာ မျှဝေခြင်း အသိပေးခြင်းသာ ဖြစ်ပြီး ကိုယ့်ဝေါပေါ်မှာ ပို့စ်တင်မှ ကိုယ့်သဘောထားဖြစ်ပါတယ်



Credit Twitter

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့၊မြို့နယ်ထွေအုပ်ရုံး၌ တာဝန်ထမ်းဆောင်သည့်ဝန်ထမ်း(၈)ဦးသည်နိုင်ငံဝန်ထမ်းနည်းဥပဒေများ ပါ ပြဌန...
10/03/2021

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့၊မြို့နယ်ထွေအုပ်ရုံး၌ တာဝန်ထမ်းဆောင်သည့်ဝန်ထမ်း(၈)ဦးသည်နိုင်ငံဝန်ထမ်းနည်းဥပဒေများ ပါ ပြဌန်းချက်များကို ဖောက်ဖျက်ကျူးလွန်းကြောင်း တွေ့ရှိရသည်ဟု ဆို၍ ရာထူးမှ ထုတ်ပယ်လိုက်သည်။

#ဂန့်ဂေါ

ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ရေယာဉ်မှ တစ်ဖက်နိုင်ငံသို့တင်ပို့မည့် နွားမှောင်ခို ရေယာဉ်တစ်စီး ဖမ်းဆီးရမိ=...
10/03/2021

ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ရေယာဉ်မှ တစ်ဖက်နိုင်ငံသို့တင်ပို့မည့် နွားမှောင်ခို ရေယာဉ်တစ်စီး ဖမ်းဆီးရမိ
===================================
မာန်အောင်၊ မတ် ၁၀၊ မေယုဌာနေ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အနီး ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ရေယာဉ်မှ ၂၀၂၁ခုနှစ်၊ မတ်လ၊ ၉ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်တွင် မာန်အောင်မြို့နှင့် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် အရှေ့တောင်မှ အနောက်မြောက်သို့ မောင်းနှင်နေသော မသင်္ကာဖွယ်လှေ ၁ စီးအား တွေ့ရှိ၍ အချက်ပြခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ အရှေ့မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသဖြင့် တပ်မတော်ရေယာဉ်မှ ထက်ကြပ်လိုက်လံဖမ်းဆီးခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်တွင် ကလိန်တောင်မြစ် အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။

တပ်မတော်ရေမှ စစ်ဆေးရာ တရားဝင်စာရွက်စာတမ်းတစ်စုံတစ်ရာမပါရှိဘဲ နွား(၉၀)ကောင် တင်ဆောင်ထားသော အမ်ဗွီ-ရွှေပြည့်ကျော်(၂) အမည်ရှိ တရားမဝင်မှောင်ခိုလှေ(အလျား ၉၅ ပေ၊ အနံ ၁၈ ပေ၊ ရေစူး ၁၀ ပေခန့်၊ သံကိုယ်ထည်၊ စက်မကြီး CU***NG ၆ လုံးထိုး ၁ လုံး၊ 450-HP (ဂီယာဘောက်နှင့်တွဲလျက်) ၁ စီးအား တရားခံ(ကျား) ၉ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
Crd # #

 #အသက်နဲ့ရင်းကာကွယ်ခဲ့ရတဲ့ #ဗီယက်နမ်တို့ရဲ့__ဗုဒ္ဓဘာသာ? ၁၉၆၃-ခုနှစ် မတိုင်မီက ဗီယက်နမ်နိုင်ငံဟာ အမေရိကန်ရဲ့ခြယ်လှယ်မှုကြေ...
10/03/2021

#အသက်နဲ့ရင်းကာကွယ်ခဲ့ရတဲ့
#ဗီယက်နမ်တို့ရဲ့__ဗုဒ္ဓဘာသာ?

၁၉၆၃-ခုနှစ် မတိုင်မီက ဗီယက်နမ်နိုင်ငံဟာ အမေရိကန်ရဲ့ခြယ်လှယ်မှုကြောင့် တောင်၊ မြောက် နှစ်ခြမ်းကွဲနေချိန် တောင်ဗီယက်နမ်မှာ အာဏာရ သမ္မတဖြစ်လာသူဟာ ကတ်သလစ် ခရစ်ယန်ဘာသာဝင် "Diem"ပါ။ သူဟာ အမေရိကန် အားပေးထောက်ခံမှုနဲ့ တောင်ဗီယက်နမ်မှာ ခရစ်ယန်ဘာသာ ထွန်းကားဖို့ အထူးကြိုးစားခဲ့တယ်။

ဗုဒ္ဓဘာသာအမည်ခံ တစ်နပ်စားတွေကလည်း သမ္မတခိုင်းသမျှ အကုန်လိုက်နာခဲ့ကြတယ်။



ခရစ်ယန်ဘာသာဝင် သမ္မတနဲ့ အခွင့်အရေးသမား တစ်နပ်စား ဗုဒ္ဓဘာသာဝင် ဝန်ကြီးတွေ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ၊

အထူးသဖြင့် သာသနာချစ်စိတ် ပြင်းထန်တဲ့ ရဟန်းသံဃာတွေကို အမျိုးမျိုးအပြစ်ရှာ ဖမ်းဆီး ထောင်ချခဲ့တယ်။

ဆန္ဒပြသူတွေကို ဖမ်းဆီး ထောင်ချ ပစ်သတ်ခဲ့တယ်။

အစိုးရကျောင်းတွေမှာ ခရစ်ယန်ဓလေ့ထုံးတမ်းစဉ်လာအတိုင်း ဗုဒ္ဓဘာသာဝင်ကလေးတွေကို ဝတ်ပြုစေတယ်။

ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေကို ဖျက်ဆီးတယ်။

ဗုဒ္ဓဘာသာအခမ်းအနားတွေကို တားမြစ်တယ်။ မြို့ရွာတိုင်းမှာ ခရစ်ယန်အသင်းဖွဲ့တယ်။

အနှစ်ချုပ်ရင်တော့ ခရစ်ယန်ဘာသာဝင် သမ္မတနဲ့ အာဏာရူး ငွေမက် တစ်နပ်စား ဗုဒ္ဓဘာသာဝင် ဝန်ကြီးတွေ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာကို နှိပ်ကွက် ဖျက်ဆီးပြီး ခရစ်ယန်ဘာသာ ထွန်းကားဖို့ အထူးကြိုးစားခဲ့ကြတယ်

။ ဒါကြောင့် ဗီယက်နမ် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတွေဟာ အသက်တွေ ဘဝတွေကို စတေးပြီး အစိုးရကို အကြီးအကျယ် ဆန့်ကျင်ခဲ့ကြတယ်။ အစိုးရကလည်း အကြီးအကျယ် နှိပ်ကွက်ခဲ့တယ်။

ဒီလိုနဲ့ တောင်ဗီယက်နမ်နိုင်ငံအနှံ့မှာ သွေးချောင်း စီးနေပါတော့တယ်။

ဒီအချိန်မှာ ဘုရားလောင်းဆုပန် "Thch Quang Duc"(တိကျောင်းဒိ)ဆိုတဲ့ ရဟန်းတစ်ပါးဟာ သူ့ကိုယ်သူ စတေးပြီး ဗီယက်နမ်နိုင်ငံရဲ့ ဗုဒ္ဓသာသနာကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘုရားလောင်းကျင့်စဉ်ထဲမှာ "အင်္ဂပရိစ္စာဂ- ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို စွန့်လှူတာ

။ ဇီဝိတ ပရိစ္စာဂ၊ အသက်ကို စွန့်လှူတာတွေ ပါပါတယ်။ ဘုရားလောင်းယုန်မင်း မီးပုံထဲ ခုန်ဆင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး အသက်ကို လှူခဲ့သလို ကိုယ့်ကိုယ်ကို မီးရှိုးပြီး ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ သူ ဆုံးဖြတ်ခဲ့တယ်။

သူ့အကြံအစည်ကို သံဃာအား လျှောက်ထားခဲ့သလို အစိုးရကိုလည်း အဆုံးစီရင်ခွင့်ပြုဖို့ စာရေးပြီး တရားဝင် ခွင့်တောင်းခဲ့ပါတယ်။

အားလုံးသူတွေဆီက အဆုံးစီရင်ခွင့် ရတဲ့အခါ သူဟာ (၇)ရက်တိုင်တိုင် မနားတမ်း တရားထိုင်ပါတယ်။ အရင်ကလည်း ပုံမှန် တရားထိုင်ပေမယ့် ခုတော့ နေ့ညမနား ထိုင်ပါတယ်။

သတ်မှတ်ထားတဲ့ နေ့ ၁၉၆၃ ခု၊ ဇွန်လ (၁၁)ရက်နေ့ကို ရောက်တဲ့အခါ မီးရှိုးဖို့ သတ်မှတ်ထားတဲ့ ဟိုချီမင်းမြို့ (အဲဒီအချိန်က စိုင်ဂုန်မြို့ Saigon)ရဲ့ လူစည်ကားရာ လမ်းမကြီးကို နောက်ပါ ရဟန်းနှစ်ပါးနဲ့အတူ ကားနဲ့ သွားပါတယ်ll

။ ငိုကြွေးပြီး ယူကျုံးမရဖြစ်နေကြတဲ့ လူအုပ်ကြီးကို ရဲတွေက ထိန်းနေကြသလို နိုင်ငံတကာ သတင်းသမားတွေကလည်း ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်နေကြပါတယ်။

Thch Quang Duc ဟာ ကားပေါ်က ဣနြေ္ဒရရ တည်ငြိမ်စွာ ဆင်းလာပြီး သတ်မှတ်ထားတဲ့နေရာမှာ တရားထိုင်လိုက်ပါတယ်။

အတူပါလာတဲ့ ရဟန်းနှစ်ပါးက သူ့ခန္ဓာကိုယ်ပေါ်ကို ဓာတ်ဆီတွေ လောင်းပြီး မီးရှိုးလိုက်ကြပါတယ်။

တစ်ကမ္ဘာလုံး အံ့သြသွားရတာက အရှင်လတ်လတ် မီးလောင်ခံနေရပေမယ့် သူ့ခန္ဓာကိုယ်ဟာ နည်းနည်းလေးမှ မလှုပ်ရှားသလို တစ်စုံတစ်ရာအသံမှ မထွက်ဘဲ တည်ငြိမ် အေးချမ်းစွာ သေဆုံးသွားခဲ့ပါတယ်။

ဒါပေမယ့် တစ်ကိုယ်လုံးကို မီးလောင်ကျွမ်းသွားပေမယ့် သူ့အသည်းနှလုံးဟာ ထူးဆန်စွာပဲ ပကတိအတိုင်း မီးမလောင်ပဲ ကျန်ခဲ့ပါတယ်။

ဒါကို မွန်မြတ်တဲ့ ဓာတ်တော်အဖြစ် ဒီနေ့ထိ ဗီယက်နမ်မှာ ပူဇော်ထားရှိပါသေးတယ်။

ဒီသတင်းဟာ တစ်ကမ္ဘာလုံးကို တခဏချင်း ပြန့်သွားပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ဗီယက်နမ်အစိုးရကို ဝေဖန်ကဲ့ရဲ့လာကြတယ်။

နောက်ဆုံး အမေရိကန်ကပါ ဘာသာရေးဖိနှိပ်မှု ဆက်မလုပ်ဖို့ တားမြစ်လာပါတယ်။

ဒီအဖြစ်အပျက် ဖြစ်ပြီး မကြာမီမှာပဲ အမေရိကန်ဦးဆောင်တဲ့ တောင်ဗီယက်နမ်အစိုးရဟာလည်း မြောက်ဗီယက်နမ်ဆီမှာ စစ်ရှုံးခဲ့ရတယ်။

ဒီသမိုင်းထဲက ဘာသင်ခန်းစာကို ယူကြမလဲ။ ကမ္ဘာ့ ဗုဒ္ဓဘာသာသမိုင်းကို လေ့လာကြပါ။

ဗုဒ္ဓဘာသာနိုင်ငံမှာ ဘာသားခြားတွေ၊ ဒါမှမဟုတ် အာဏာရဖို့ ငွေရဖို့အတွက်ဆို ဘာမဆို လုပ်ရဲတဲ့ သစ္စာဖောက် လောက်ကောင် ဗုဒ္ဓဘာသာအမည်ခံတွေ အာဏာရသွားရင်----
ဗုဒ္ဓဘာသာဟာ အနှိပ်ကွက်ခံ အဖျက်ဆီးခံရမှာ မလွဲပါဘူး။


အဲဒီအချိန်က ဗီယက်နမ် ဗုဒ္ဓဘာသာဝင်တွေ ရဟန်းသံဃာတွေသာ အသက်တွေ ဘဝတွေကို စတေးပြီး ဗုဒ္ဓဘာသာကို မကာကွယ်နိုင်ခဲ့ဘူး ဆိုရင် အခုချိန်မှာ ဗီယက်နမ်ဟာလည်း မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေလို ဗုဒ္ဓဘာသာ ကွယ်ပျောက်ပြီး ဘာသာခြားတွေ ကြီးစိုးနေလောက်ပြီပေါ့။

(ဒီအဖြစ်အပျက် ဗီဒီယိုကို YouTube မှာ ဝင်ရောက်ကြည့်နိုင်ပါတယ်။ Google မှာလည်း ဖတ်ရှုနိုင်ပါတယ်။)

ဗုဒ္ဓဘာသာ သမိုင်းစာမျက်နှာတွေထဲမှာ "ဆောင်စရာ၊ ရှောင်စရာ" သင်ခန်းစာတွေ ပြည့်လျှံနေပါတယ်။ ဆရာကြီး ဦးအောင်သင်း စကား ခဏငှါးပြောရရင် "မြန်မာတွေ စာဖတ်ကြပါ။

Crd ThichQuangDuc

Myanmar history of library

" ဆရာဝန် လိုအပ်သည့် နေရာဒေသများသို့ တပ်မတော်သား ဆရာဝန်များ အသီးသီး အစားထိုးဝင်ရောက်ထမ်းဆောင်နေပြီဟု သိရှိရ...///🙏🙏🙏Credi...
10/03/2021

" ဆရာဝန် လိုအပ်သည့် နေရာဒေသများသို့ တပ်မတော်
သား ဆရာဝန်များ အသီးသီး အစားထိုးဝင်ရောက်
ထမ်းဆောင်နေပြီဟု သိရှိရ...///

🙏🙏🙏

Credit...

တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာအနီးတွင်ဒုံးဟုယူဆရသော ပေါက်ကွဲစေတတ်သောလက်နက်တွေ့ရှိဟု ဆို တောင်ငူ မတ် ၁၀ ။တောင်ငူမြို့ေ...
10/03/2021

တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာအနီးတွင်
ဒုံးဟုယူဆရသော ပေါက်ကွဲစေတတ်သောလက်နက်တွေ့ရှိဟု ဆို

တောင်ငူ မတ် ၁၀ ။

တောင်ငူမြို့ မြောက်ဘက် ၊ ကျွန်းကုန်းကျေးရွာ၏ အနောက် ဇီးကုန်းကျေးရွာတွင် ဒီကနေ့ မတ် လ ၁၀ ရက်နေ့ မနက် ၁နာရီဝန်းကျင်အချိန်က ဒုံးဟုယူဆရသော ပေါက်ကွဲစေတတ်သည့် လက်နက် တွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရပါတယ် ။

" ည က ပေါက်ကွဲသံကတော့ နှစ်သံကြားတယ် ဘယ်ကပစ်လိုက်တာလဲတော့ မသိဘူး ဇီးကုန်းကျေးရွာက ကိုကြည်တင် ခြံဝန်းအနီးကျသည့် ဒုံးကတော့ မပေါက်သေးပါဘူး လူထိခိုက်မှုတော့ မရှိပါဘူး ဟု" ဒေသခံ တစ်ဦးကပြောကြားသည်။

နေလင်းအောင်(တောင်ငူ)

09/03/2021

နားထောင်ကြည့်ပြီးရင် သင့်ရင်ထဲက
မှတ်ချက်တစ်ခုရေးထားခဲ့ပါ...😪

မြန်မာရေတပ်စစ်ရေယာဉ်တစ်စီးပေါ်မှာ နိုင်ငံတော်အလံကို လွှင့်ထူထားတယ်။ အဓိပ္ပါယ်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ စစ်ရေယာဉ်ေ...
09/03/2021

မြန်မာရေတပ်စစ်ရေယာဉ်တစ်စီးပေါ်မှာ
နိုင်ငံတော်အလံကို လွှင့်ထူထားတယ်။
အဓိပ္ပါယ်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ စစ်ရေယာဉ်ပေါ်မှာ
အပြည့်အဝ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
ပိုင်နက်ပင်လယ် အပြင်ဖက် နိုင်ငံတကာရေပြင်မှာဖြစ်စေ အခြားနိုင်ငံရဲ့ရေပြင်မှာရောက်နေပါစေ တရားဥပဒေနဲ့ အညီ
အဲ့ဒီစစ်ရေယာဉ်ကို နိုင်ငံတစ်နိုင်ငံကဲ့သို့ လေးလေးစားစားဆက်ဆံရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အင်ဒမန်ကျွန်းကို ရောက်ရှိနေခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို
တပ်မတော်ရေ စစ်ရေယာဉ် တပင်ရွှေထီးက
Mission တစ်ခုအဖြစ်သွားရောက်ခေါ်ဆောင်ခဲ့
ပါတယ်။
စစ်ရေယာဉ်ပေါ် Onboard ဖြစ်တဲ့ အချိန်မှာ
မြန်မာနိုင်ငံသားတွေက နိုင်ငံတော်အလံကို
တရိုတသေ တရှိုက်မက်မက် ဆုပ်ကိုင်နေပုံ
မြင်ကွင်းကတော့ မြင်ရသူအပေါင်းကို
စိတ်နှလုံးပီတိဖြစ်စေပါတယ်။
ဘာလို့လည်းဆိုတော့ နိုင်ငံရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ စစ်ရေယာဉ်ပေါ်
ရောက်ရှိပြီး နိုင်ငံတော်ရဲ့
ကာကွယ်စောင့်ရှောက်မှုကို ၁၀၀ ရာခိုင်နှုန်း
အပြည့်အဝရလိုက်တဲ့ အခိုက်အတန့်ကို
အပီပြင်ဆုံး သရုပ်ဖေါ်ပြနေတဲ့
မြင်ကွင်းဆိုရင်လည်း မှားမယ်မထင်တော့ပါ
ခင်ဗျား...... 😍

I ❤️ NAVY

ကိုရင်လူထွက် ငပိချက်

CDM လှုံ့ဆော်၊SPလုပ်တာ၊ မကြားဝံ့မနာသာဆဲဆိုရေးသားမှု၊ရဟန်း သံဃာတွေနဲ့ကိုစော်ကားရေးသားနေသည့်FB, Accများအား ၆၆(ဃ)၊ ၃၃(ဃ)၊ ၅...
09/03/2021

CDM လှုံ့ဆော်၊SPလုပ်တာ၊
မကြားဝံ့မနာသာဆဲဆိုရေးသားမှု၊
ရဟန်း သံဃာတွေနဲ့ကိုစော်ကားရေးသားနေသည့်
FB, Accများအား ၆၆(ဃ)၊ ၃၃(ဃ)၊ ၅၀၅(ခ)စတဲ့
ပုဒ်မတွေအပြင် သက်ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မများနဲ့
ထိရောက်စွာအရေးယူတော့မည်။

Screenshotsတွေ အသုံးဝင်ပါပြီတဲ့။
SSလေးသာယူပြီး တိုင်ကြားပေး ကျန်တာကတရားစွဲအဖွဲ့အစည်းဆက်လုပ်ပါလိမ့်မယ်။

နစ်နာသူကိုယ်တိုင် မိမိနီးစပ်ရာ ရဲစခန်းတိုင်ကြားရပါမယ်။

Crd
Yin Min Myint Swe

ကျိုက္ခမီ Generation Z  အဖွဲ့ခေါင်းဆောင်မှ စိတ်ကြွဆေးပြားဝယ်ခိုင်း လိုက်တာဖမ်းမိပြီ………သိရှိရသံဖြူဇရပ်မြို့ဝင်တွင် လုံခြုံ...
09/03/2021

ကျိုက္ခမီ Generation Z
အဖွဲ့ခေါင်းဆောင်မှ
စိတ်ကြွဆေးပြား
ဝယ်ခိုင်း လိုက်တာ
ဖမ်းမိပြီ………သိရှိရ

သံဖြူဇရပ်မြို့ဝင်တွင်
လုံခြုံရးတပ်ဖွဲ့ဝင်များက
၉-၃-၂၀၂၁ ရက်နေ့
နံနက် ၁၁၃၀ ချိန်ခန့်တွင်
စစ်ဆေးစဉ် ရဲတခွန်ရွာဘက်မှ
ဆိုင်ကယ်စီးနင်းလာသူ
၂ ဦးဖြစ်သည့်

သော်ဇင်ခက် (ဘ) ဦးတင်ထွန်း၊
သက်ပိုင်ဖြိုး (ဘ) ဦးကျော်ဇင်
စသည့် ကျိုက္ခမီမြို့
အောင်သုခရပ်ကွက်နေ
အစိုးရဆန့်ကျင်ရေးကျိုက္ခမီ
GZ အဖွဲ့ဝင် နှစ်ဦးထံမှ

စိတ်ကြွမူးယစ်ဆေးပြား
၂၇၀ ပြားအားသိမ်းဆည်း
ရမိခဲ့ပြီး ၎င်းတို့
GZခေါင်းဆောင်က
ဝယ်ယူခိုင်းခြင်းဖြစ်ကြောင်း..

ကျိုက္ခမီဒေသ GZ အဖွဲ့ဝင်
လူငယ်အများစုသည်
ဆန္ဒပြခြင်းမပြုမီ
စိတ်ကြွဆေးပြားသုံးစွဲပြီး
ဆန္ဒပြခြင်းဖြစ်ကြောင်း
ဖော်ထုတ်ပြောကြားခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိ
ကျိုက်ခမီGZ အဖွဲ့ဝင်
လူငယ်နှစ်ဦးအား
မူးယစ်ဥပဒေဖြင့်
အရေးယူသွားမည်
ဖြစ်ကြောင်း
အသိပေးအပ်ပါသည်။

credit

ကရင်ပြည်နယ် BGF'နယ်ခြားစောင့်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် BGFအမှတ် ၄.တပ်နယ်မှုးဗိုလ်မှုးစောမ...
09/03/2021

ကရင်ပြည်နယ် BGF'
နယ်ခြားစောင့်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့်
BGFအမှတ် ၄.တပ်နယ်မှုး
ဗိုလ်မှုးစောမုတ်သုန် ၊အမှတ် ၂. BGF'တပ်နယ်
ဗိုလ်မှူးစောတင်ဝင်း တို့
ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
ရတ စကခ ၁၃.တပ်မမှူးကြီး၏
လမ်းညွှန်မှုဖြင့် မြဝတီမြို့အရှေ့တောင်ဖက်ခြမ်း
ရှိ KNU' အဖွဲ့ငယ်များထံသို့
ရန်ကုန်မြို့နယ်အနှံ့ မှ
ထွက်ပြေးတိမ်းရှောင်သူများအားဖမ်းဆီးရမိနိုင်
ရေးနှင့် မြဝတီမြို့ပေါ်သို့ အဝေးမှနေ၍ ရှော့တိုက်
ဒုံးများဖြင့်ချောင်းမြောင်းပတ်ခတ်မှုမပြုလုပ်နိုင်
ရန်အတွက်
လက်နက်ကြီးတစ်ကမ်းစာမြေပြင်ရှင်းလင်းမှုများ
ဆောင်ရွက်ခြင်းနှင့် ထွက်ပြေးတိမ်းရှောင်များ
သောင်ရင်းမြစ် ကိုဖြတ်ကူးပြီး
ထိုင်းနိုင်ငံတွင်းဝင်ရောက်နိုင်မည့်လမ်းကြောင်း
များကို ယနေ့ချိန်ထိ လိုက်လံပိတ်ဆို့
စီစစ်ဖမ်းဆီးနေကြောင်းသတင်းရရှိ ။

စောကြယ်ဖြူ
Crd

စင်ပြိုင်အစိုးရ CRPH မှဦးမန်းဝင်းခိုင်သန်းကို ​ခေတ္တ ဒု-သမ္မတ ခန့်အပ်
09/03/2021

စင်ပြိုင်အစိုးရ CRPH မှ
ဦးမန်းဝင်းခိုင်သန်းကို ​ခေတ္တ ဒု-သမ္မတ ခန့်အပ်

ပါဂျောင်ငရဲခန်းမှသည်.....(၁)----------------------------------------(၁)       တာပိန်မြစ်ကို ဖြတ်တိုက်လာသည့်လေများတွင် မိ...
09/03/2021

ပါဂျောင်ငရဲခန်းမှသည်.....(၁)
--------------------
--------------------

(၁)

တာပိန်မြစ်ကို ဖြတ်တိုက်လာသည့်လေများတွင် မိုးငွေ့များပါနေသည်။ မိုးတော့မရွာ လောက်သေးဘူးလို့ ထင်ပါသည်။ ၁၉၉၂ခုနှစ်၏ မေလဆိုတော့ ဗန်းမော်ဒေသတွင် မိုးက ရွာတတ်သည်ပဲလေ။ မိုးရွာမရွာကို ဂရုမထားနိုင် သော မြို့သူမြို့သားများကတော့ ကြိုဆိုပွဲ တစ်ခုဆီသွားရန် စိတ်စောနေကြ သည်။ ဘယ်သူတွေကို ကြိုရမှာလဲ၊ ဘာကြောင့်ကြိုရတာလဲ ဆိုတာထက် လာကြမည့်သူများကို ကြည့်လိုသည်က ပိုများနေကြ၏။

မိုးမောက်မြို့ဖက်ကအဝင် ဗန်းမော်မြို့လေယာဉ်ကွင်းထိပ်မှစပြီး သိမ်တော်ကြီးဘုရား ရှေ့အထိ ကားလမ်းဝဲယာမှာ လူထုကပြည့်နှက်နေ သည်။ သူတို့ကြိုရမည့်သူတွေက ရှေ့တန်းပြန်တပ်မတော်သားတွေလား ၊အောင်ပွဲရလာသော အားကစားသမားတွေလားဆို တော့.. မဟုတ်ပြန်။ ဒါဆိုဘယ်သူတွေကို ကြိုဆိုနေတာလဲဆိုတော့ ABSDF(NB) သောင်း ကျန်းသူ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ပါဂျောင်ဒေသတွင် ချုပ်နှောင်ထားခြင်းခံရပြီး အချုပ်မှထွက်ပြေး အလင်းဝင်ရောက်လာသူများ ကို သူတို့နွေးထွေးစွာ ကြိုဆိုနေကြ ခြင်းဖြစ်ပါသည်။

ကြိုဆိုနေသည့်သူများ လှုပ်လှုပ်ရွရွနှင့် နေရာယူနေကြသည်။ ကားသံများလည်း ကြား နေရပြီ။ မိုးမောက် ကျောက်စခန်းဖက်မှလာသော စစ်ယာဉ်တန်း တီအီးကား၅စီးသည် မြို့အဝင်တွင် ရပ်လိုက်ပြီး အလင်းဝင် များ ကားအောက်သို့ဆင်းလိုက်ကြသည်။ စုစုပေါင်း၅၃ ယောက်ဖြစ်သည်။ အမျိုးသမီး၂ဦးပါပြီး ကျန်တာအမျိုးသားများဖြစ်ကြသည်။ (နှစ်တွေ ကြာပြီဖြစ်၍ အမျိုးသမီးအရေအတွက် မှားနိုင်ပါသည်) အသက်အငယ်ဆုံး ၁၅နှစ်ခန့်မှ၃၀ အရွယ် အကြီးဆုံးအထိပါပြီး ၁၉/၂၀အရွယ်တွေက အများဆုံးဖြစ်သည်။

ကားလမ်းပေါ်တွင် တစ်ယောက်တန်း တန်းစီကာ မိန်းကလေးတွေက ရှေ့ကလျောက် ပြီး လမ်းဘေးဝဲယာ နေရာယူထားသော မြို့လူထုမျာကြား ဖြတ်လျှောက်ကြရမည်။ ဒီ လောက်များသည့် လူအုပ်ကြီးက သူတို့ကို လာကြိုနေလိမ့်မည်ဟု ထင်မထားသဖြင့် လမ်း လျှောက်ဖို့ပင် ကြောက်ရွံ့နေကြသည်။

သူတို့ရဲ့ပုံပန်းသဏ္ဍာန်များကို ကြည့်ကြပါဦးစို့။

စစ်စိမ်းရောင် ဖျင်စကို အင်္ကျီနှင့်ဘောင်းဘီ အပေါ်အောက်တွဲချုပ်ထား သော စက်ပြင် ဝတ်စုံလိုအဝတ်ကို အတွင်းခံမပါဘဲ ဝတ်ထားကြသည်။ တရုတ်ကင်းပတ်ဖိနပ် ဝတ်ထားသူ များပါသလို ဖိနပ်မပါသူများလည်းတွေ့ရ သည်။ သံခြေကျင်းများ ကြာရှည်စွာခတ်ထား ခြင်းကို ခံထားရသဖြင့် ခြေကျင်းဝတ်တွင် ဒဏ်ရာအနာကြီးများရှိနေပြီး လမ်းပင်ကောင်း ကောင်း မလျှောက်နိုင်။ မြေကြီးများပေါ်တွင် လပေါင်းများစွာ ချုပ်နှောင်ခံထားရ သဖြင့် ဖေါသွပ်သော အသားအရေ၊ ကြပ်ခဲကြီးလိုဖြစ်နေသောဆံပင်၊ အဟာရပြတ်နေသည့် အားမရှိ သောမျက်လုံး၊ ဖြူလျော့နေသော နှုတ်ခမ်း များက သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ဒုက္ခတွေကို ပုံဖေါ်ပြနေသည်။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲရပြီး ဘယ်လောက်တောင်များ ဒုက္ခရောက်ခဲ့ကြတာလဲ ကလေးတို့ရယ်။

အဆိုးရွားဆုံးကတော့ သူတို့ဆီက ထွက်ရှိလာသည့် အနံ့များပင် ဖြစ်သည်။ ဘယ် လောက်ပင် နံစော်နေပါစေ " ငါ့သားသမီးတွေများဆိုရင်... ငါ့ ညီ ညီမများဆိုရင်" ဆိုသည့် အသိများကြောင့် လာကြိုနေသည့်သူများ ကတော့ သူတို့အသိမိတ်ဆွေများ မပါသည့်တိုင် ရင်ဝယ်သားလို ထွေးပွေ့ ကြိုဆိုကြပါသည်။ ပန်းစီးများကမ်းကြသည်။ အအေးများမုံ့များ တိုက်ကျွေးကြသည်။ ဝတ်စရာ တီရှပ်အင်္ကျီ၊ ပုဆိုး၊ထဘီ၊ဖိနပ်များ ပေးကြသည်။

ရှေ့ဆက်မသွားနိုင်ကြတော့ဘဲ နေရာမှာတင်ရပ်ပြီး သူတို့ငိုကြလေပြီ။ ရှိုက်ရှိုက်ပြီးကို ငိုကျွေးနေကြသည်။ သေမင်းခံတွင်းဝကလွတ်အောင် အားကုန်သုံးပြီးပြေးလွှားလာခဲ့စဉ်က သူတို့ထင်ထားကြသည်ကတစ်မျိုး။ အစိုးရက အချုပ်ဖြင့်ထားရှိပြီးက နှစ်ရှည်ထောင်ချမည်ဟု ထင်ထားသည်။ သူတို့ခေါင်းဆောင်တွေက ထွက်ပြေးပြီးအလင်းဝင်ရင် အစိုးရက သတ်ပစ်သည်ဟုပင် ရိုက်သွင်းထားခဲ့သည် မဟုတ်ပါလား။ ခုတော့ပြည်သူအများက မိဘ အရင်းတွေထက်ပင် လှိုက်လှဲပျူငှာနေကြတော့ သူတို့အမှားတွေကိုသိပြီး မျက်ရည်တွေ ဖြေမဆည်နိုင်တော့ပါ။

**********

(၂)

စစ်ဆင်ရေးG3၏ စားပွဲကို ဘယ်သူများ လက်နှင့်လာခေါက်ပါလိမ့်။ စားပွဲကိုလက်နှင့် ခေါက်လျှင် အလုပ်တွေဆက်တိုက်ဝင်လာတတ်သည်။ ရေးထောက်ဗိုလ်ကြီးဆီ အလုပ်တွေ ဝင်လာရင် စားရသောက်ရ အူရွှင်ရပေမဲ့ စစ်ဆင်ရေးဗိုလ်ကြီးဆီ အလုပ်ဝင်လာရင်တော့ တိုက်ပွဲသတင်းတွေသာ များပြီး စိတ်ညစ်ရသည်။ ခုတော့ အလုပ်တွေဝင်လာချေပြီ။ ဟိုနေ့က ရောက်လာသော ဗိုလ်မှူးများ စားပွဲကိုခေါက်မိသွားလေသလား။

စစ်ဗျူဟာအခြေချအဖွဲ့(ဗန်းမော်)ကို ၁၉၉၀ပြည့်နှစ်မှာ စတင်ဖွင့်လှစ် ချိန် စစ်ဦးစီးမှူး (တတိယတန်း)(စစ်ဆင်ရေး)အဖြစ် ပြောင်းရွှေ့လာရသည်။ ခလရ(၄၇)တွင် တပ်ရေးဗိုလ်ကြီးတာဝန်ယူနေရသော ကျွန်တော့်အဖို့ ခလရ(၄၇)တပ်ထဲမှာပင် ဖွင့်လှစ်ထားသည့် ဗျူဟာကိုပြောင်းရသည်ဆိုတော့ ဟိုဖက်အိမ်မှ ဒီဖက်အိမ်သို့ ပြောင်းလိုက်ရုံသာ။

၁၉၉၂ခုနှစ် မေလ၂၂ရက်နေ့မှာ သတင်းတစ်ခုဝင်လာသည်။ ကေအိုင်အေ ပါဂျောင်စခန်းတွင်ရှိသော ABSDFသောင်းကျန်းသူ (မြောက်ပိုင်း)အဖွဲ့ရှိ အချုပ်ထောင်ထဲမှ တပ်ဖွဲ့ဝင်အချုပ်သားများ ထွက်ပြေး လာကြကြောင်း သတင်းဖြစ်ပါသည်။ သူတို့အချင်းချင်း နဝတ ထောက်လှမ်းရေးသူလျှိုဆိုပြီး ဖော်ထုတ်စစ်ဆေးကြရာမှ လူတစ်ရာကျော်ကို ချုပ် နှောင်ထားပြီး သတ်ပစ်လို့ သေဆုံးသူများရှိကြောင်း သတင်းများ ရထားခဲ့သည်။ ဒါပေမဲ့ အတိအကျတော့ မသိခဲ့။

တရုတ်ပြည်နယ်စပ် လွယ်ဂျယ်ဒေသတွင် စစ်ဆင်ရေးဆောင်ရွက် နေသော ရတခလရ (၄၇)စစ်ကြောင်း၂မှ မေလ၂၄ရက်တွင် သတင်းတစ်ခု တင်ပြလာသည်။ ပါဂျောင်မှထွက် ပြေးလာသော အလင်းဝင်များကို တရုတ်ရဲမှ လာရောက်ပို့ဆောင်ပေးမည်။ တရားဝင်လွှဲ ပြောင်းခြင်းမျိုး မဟုတ်ဘဲ နယ်စပ်ရှိလွယ်ဂျယ်သင်္ချိုင်းတွင် သွားခေါ်ရန်ဖြစ်သည်။ ဗိုလ်မှူး တင်ရွှေဦးစီးအဖွဲ့မှ သွားခေါ်ခဲ့သည်။

အထက်ကိုဆက်လက်တင်ပြရာ အလင်းဝင်များကို နွေးထွေးစွာသွား ကြိုရန်၊ ကေအိုင် အေနယ်မြေနှင့်နီးသဖြင့် လုံခြုံရေးဂရုစိုက်ရန်၊ လွယ်ဂျယ်မှဗန်းမော်သို့ အဆင့်ဆင့်ပို့ဆောင်ပြီး ဗန်းမော်မြို့မှ အခန်းအနား ဖြင့်ကြိုဆိုရန်၊ စားသောက်ရေး နေထိုင်ရေး ကျန်းမာရေး လို လေသေးမရှိ ဆောင်ရွက်ပေးရန်၊စစ်ကြောချက်များ အမြန်ပေးပို့ရန်တို့ ဆက်တိုက်ညွှန် ကြားလာပါတော့သည်။

အလင်းဝင်များ ပို့ဆောင်မှုကို လူအများမရိပ်မိအောင် ညအချိန် ဆောင်ရွက်ခဲ့သည်။ လွယ်ဂျယ်မှစိန်လုံ၊ စိန်လုံမှကျောက်စခန်းအထိ ခြေလျင်ပို့ဆောင်ရပြီး ကျောက်စခန်းမှမိုး မောက်၊ မိုးမောက်မှဗန်းမော်ကို တော့ ကားများဖြင့်သယ်ဆောင်ခဲ့ကြသည်။ ခုတော့ဗန်းမော် ကိုရောက်လာပြီ။ မြို့လူထုနှင့်လည်း ကြိုဆိုပြီးကြပြီ။

သူတို့ကို ခလရ(၄၇)ရိပ်သာတွင်ထားပြီး စားသောက်ရေးကိုလည်း ခလရ(၄၇)ဖိုကြီး အဖွဲ့မှ နံနက်စောစာ(Breakfast)၊ နေ့လယ်စာ၊ ညနေစာ မနက်အသား ညအသားနှင့်စီစဉ် ပေးသည်။ တပ်လက်ဖက်ရည်ကို တစ်နေ့၂ကြိမ်တိုက်ရာ သူတို့တွေကြိုက်ကြသည်။ ထမင်း နှင့်ဆားကိုသာ စားလာခဲ့ရသူများအဖို့ နတ်သုဒ္ဓါကိုစားနေရသည်ဟုပင် ထင်နေကြသည်။ ဖျားနာလာသူများ၊ အင်အားချည့်နဲ့သူများ၊ ဒဏ်ရာရှိနေသူများကို ဆေးတပ်ဖွဲ့က ကုသပေး နေကြသည်။

စစ်ကြောချက်ယူဖို့က ကျွန်တော့်တာဝန်ဖြစ်သည်။ အကြောင်းအရာတူ၊ ဖြစ်စဉ်တူသူ များစုဖွဲ့ပြီး အသေးစိတ်မေးမြန်းရပါသည်။ တစ်ဦးချင်းခေါ်ယူ စစ်မေးနေရ၍ အချိန်တော့ ယူရသည်။ စစ်ကြောနေချိန်မှာ ကျန်သူများကို ရိပ်သာမှာ အနားပေးထားသည်။

အဖွဲ့ခေါင်းဆောင်က သတင်းပို့လာသည်။ သူတို့ဆံပင်များတွင် ကြပ်ခဲများဖြစ်နေပြီး သန်းများလည်းရှိနေသဖြင့် ဆံပင်အတိုညှပ်လိုကြောင်း ပြောလာပါသည်။ ခွင့်ပြုချက်ရ တော့ ဆံသအဖွဲ့နှင့် ဆံပင်ညှပ်ကြသည်။ မိန်းကလေးတွေက ဗိုလ်ကေ၊ ယောက်ျားလေး တွေကရဲဘော်ကေ (ရှေ့တစ်လက်မ နောက်ပြောင်)အထိ သူတို့သဘောနှင့်သူတို့ ညှပ်လိုက် ကြသည်။ ခေါင်းမှာရှိနေသော ဒဏ်ရာများကို ပြချင်လို့ဟုဆိုသည်။ အမှန်တော့ စိတ်သစ်လူ သစ်နှင့် နေလိုဟန်တူပါသည်။

တယ်လီဖုန်းအဆက်အသွယ်ရနိုင်သော မိဘများထံဖုန်းဖြင့် ဆက်သွယ် ပေးခဲ့သည်။ ဆက်သွယ်မှုခက်ခဲသောအချိန်ဖြစ်လို့ အိပ်ချိန်းအဆင့်ဆင့်ဖြင့် ဖုန်းခေါ်ရသည်။ ကျွန်တော့် ရုံးစားပွဲမှဖုန်းဖြင့် ဆက်သွယ်ပေးသည်။ ၁၅နှစ်အရွယ်ခန့်ကောင်လေးက သူ့မိဘများ စမ်း ချောင်းဈေးတွင် ရွှေဆိုင်ဖွင့်ထားကြောင်းပြောပြီး ဖုန်းနံပါတ်တစ်ခုလာပေးသည်။ ဖုန်းခေါ် ပေးလိုက်ပါသည်။

" ဟယ်လို...အန်တီ ---ပါလားခင်ဗျာ"

" ဟုတ်ကဲ့ ကျွန်မပါပဲ၊ ပြောပါရှင့်"

" အန်တီသား..မောင်---က"

ကျွန်တော့်စကားမဆုံးသေးခင်မှာပင်...

" ကျွန်မသားက မရှိတော့ပါဘူး၊ ဆုံးသွားပါပြီရှင်"

အရွယ်မရောက်သေးသော သားဖြစ်သူက အပေါင်းအသင်းကြောင့် နိုင်ငံရေးကိုပင် နား မလည်ဘဲ လက်နက်ကိုင်တောခိုသွားသည်ကို မိဘများက ဘယ်သူ့ကိုမှ မပြောရဲကြ။ သူတို့ ဘဝထဲမှ သေဆုံးပြီဆိုပြီး ဆွဲထုတ်ထား ကြပုံရသည်။ ကျွန်တော်လည်း ဖုန်းကို ကောင်လေး လက်ထဲ ထည့်ပေးလိုက် သည်။

" အမေ... ကျွန်တော် သားငယ်ပါ"

သူတို့သားအမိ ဘာတွေပြောနေကြမှန်း မသိပေမဲ့ သံယောဇဉ်တွေ ကူးလူးနေပုံကတော့ ဘေးကကြည့်နေသူပင် စိတ်ချမ်းသာသွားရသည်။ သူ့အသံကိုကြားလို့ အမေအံ့ဩသွား ကြောင်း၊ အိမ်ကထွက်သွားပြီး ကထည်းက ပထမဦးဆုံးအကြိမ် ဆက်သွယ်ခြင်းဖြစ် ကြောင်း၊ သူ့ကိုသေပြီဟုထင်နေကြကြောင်း၊ အမေ့ငိုသံကို ကြားရလို့ ရင်ထဲဆို့တက်လာ ကြောင်း ကောင်လေးကငိုပြီးပြောသည်။ မိဘရင်ခွင်မှာနေပြီး ကျောင်းတက်နေရမည့် ကလေးအရွယ်က လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတာကို ဘယ်မိဘကများ ခွင့်ပြုမှာ လဲလေ။

**********

(၃)

၈၈အရေးအခင်းအပြီးတွင် အသက်၁၄/၁၅နှစ်အရွယ် ၁၉/၂၀နှစ် အရွယ်များသည် စစ်တပ်ကိုလက်နက်ကိုင်ပြီး ပြန်တိုက်ဖို့ ယုံကြည်ချက်ထက် အပေါင်းအသင်းများကြောင့် စာသင်ခန်းနှင့် မိသားစု မိဘရင်ခွင်ကို စွန့်ခွာပြီး တောခိုခဲ့ကြသည်။ ကျောင်းသားလို့ အမည်ခံ ထားသည့် ခေါင်းဆောင်အချို့ ၏ စည်းရုံးခြင်းကြောင့်လည်းပါသည်။

အထက်မြန်မာပြည်က ကျောင်းသားများအတွက် ABSDF မြောက်ပိုင်း ကို ကချင်ပြည်နယ် ကေအိုင်အေဗဟိုဌာနချုပ် ပါဂျောင်ဒေသမှာ ဖွင့်လှစ်ဖို့ ဆောင်ရွက်ခဲ့ကြသည်။ အင်အားကို မန္တလေးရှိ မြေပေါ်အဖွဲ့များက စည်းရုံးပေးပို့သလို ABSDFဗဟိုအဖွဲ့ကလည်း ခွဲ ပြီးပေးပို့ကြသည်။

ပါဂျိုနားဖော့စခန်းများ ကျသွားပြီးနောက် ပါဂျောင်ဒေသကို ကေအိုင်အေဗဟိုဌာန ချုပ်အဖြစ် ၁၉၈၇ခုနှစ်တွင် တပ်စွဲထားခြင်းဖြစ်သည်။ ပါဂျောင်ဒေသကို မြန်မာပြည်ထဲက သွားလျင် လွန်စွာခက်ခဲလှသည်။ သို့ရာတွင် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့၊ရင်း ကျန်းမြို့၊ဆီးမားမြို့ များကိုဖြတ်ကာ ကေအိုင်အေဌာနချုပ်နှင့် ABSDFမြောက်ပိုင်းသို့ ကား ဖြင့် တိုက်ရိုက်သွား၍ရသည်။

ABSDFမြောက်ပိုင်းကို စစ်ရေးတာဝန်ခံသံချောင်း၊ ဒုစစ်ရေးတာဝန်ခံ မျိုးဝင်းတို့က စစ် ရေးပိုင်းတာဝန်ယူပြီး ကျောင်းသားသမဂ္ဂ ကော်မတီတွေ ဖက်က အောင်နိုင်နှင့်ထွန်းအောင် ကျော်တို့ တာဝန်ယူကြသည်။ သူတို့ထဲမှာ ကသာအထက်ပိုင်း ကချင်ပြည်နယ်အုပ်စုနှင့် ရန်ကုန်မန္တလေးကျောင်းသား အုပ်စုတွေ မသိမသာကွဲနေကြသည်။ ရန်ကုန်နှင့်မန္တလေးအုပ်စုမှာ ကျောင်းသားလူငယ်တွေ များကြသည်။ မြို့ပေါ်လူငယ် ကော်မတီဝင်များက ခေါင်းဆောင် နေရာမှာရှိပြီး တောထဲအရင်ရောက်ပြီး လက်နက်ကိုင်နေသူတွေ က လက်အောက်ခံအဖြစ် စစ်ရေးခေါင်းဆောင် တာဝန်ပဲပေးသည်ကို မကျေနပ်မှုများ ရှိနေသည်။

၈.၈.၉၁ ရှစ်လေးလုံး သုံးနှစ်ပြည့် နှစ်ပတ်လည်အခန်းအနား ပြုလုပ်ပြီး ညစာစားပွဲမှာ တော်လှန်ရေးခေါင်းဆောင်တွေကို နဝတအစိုးရ ထောက်လှမ်းရေးအဖွဲ့၏ ကြိုတင်မြှုပ်နှံ ထားသူ သူလျှိုတွေက အစာထဲ အဆိပ်ထည့် လုပ်ကြံမည့်သတင်း ရရှိသည်ဆို၏။ ဒုစစ်ရေး တာဝန်ခံ မျိုးဝင်း ၏ ထောက်လှမ်းရေးအဖွဲ့က ဖေါ်ထုတ်ကြတော့မည်။ အဆိပ်မိသူလည်း မရှိသလို အဆိပ်ကိုလည်း ဖေါ်ထုတ်မရ၊ စက်တွေ လက်နက်တွေလည်း ဖေါ်ထုတ်မရခဲ့ပါ။ နဝတထောက်လှမ်းရေးဟူသော သူတို့အမုန်းတီးဆုံး နာမည်ကိုတပ်ကာ အာဏာလု ရှင်း လင်းရေး လုပ်ခြင်းသာဖြစ်သည်။

၁၀.၈.၉၁မှာ မသင်္ကာသူ လူ၅ယောက် စတင်စစ်ဆေးသည်။ ရင်းမှူးအောင်သန်းဆိုသူ က အောင်ကိုးကို လူအားလုံးရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ပြပြီး အကြောက်တရားနှင့်စတင်လိုက်သည်။

ကျွန်တော့်စားပွဲရှေ့တွင်ရှိနေသော အိုကေနှင့် မြင့်သိန်းတို့ဆီမှ သူတို့ကြုံခဲ့ရသည့် အတိတ်ငရဲခန်းများအကြောင်းကို ရင်နာစွာဖြင့် ပြောပြနေသည်။

" သူတို့တွေ ဘယ်လိုစစ်ဆေးကြတယ်၊ ဘာတွေထပ်ဖြစ်ကြတယ်ဆိုတာ ပြောပါဦး"

" သူတို့နှိပ်စက်ပုံကိုတော့ မှတ်မိသလောက် ပြောပြပါ့မယ်၊ ကျွန်တော်တို့ ကို တစ်နေကုန် ဝါးဆစ်ပိုင်းနဲ့ရိုက်တာ၊ ကြိမ်နဲ့ရိုက်တာ၊ ထိုးတာကန်တာ၊ ရင်ပေါင်ကျန်း( အမိုးလုပ်သည့်တရုတ်ကတ္တရာလိပ်) မီးရှို့ပြီးဗိုက်ပေါ်ချတာ၊ မီးလောင်ဖုတွေကို နှီးဖျားနဲ့ရိုက်ပြီး ဖောက်တာတွေကတော့ အားလုံးအတူ ခံကြရပါတယ်၊ ထူးခြားတာတွေလည်း ထပ်ပြောပြ ပါဦးမယ်"

အိုကေက ခေါင်း ဗိုက်နှင့် ပေါင်မှာရှိသည့် ဒဏ်ရာအနာများကိုပြရင်း ဆက်ပြောပါသည်။ စစ်ဆေးမှုဒဏ်ကို မခံနိုင်တော့ သူလျှိုအဖြစ် ဝန်ခံကြ ရပြီး " မင်းတို့အဖေါ် ဘယ်သူ လဲ၊ မင်းကဘယ်သူနဲ့ တွဲလုပ်နေတာလဲ၊ နာမည်၅ခုပြော" ဆိုတာနှင့် တစ်ယောက်ကို ၅ ယောက် နာမည်ဖေါ်ထုတ်ပေး ရသည်။ တစ်လအတွင်း၂၅ယောက်မှသည် တဖြည်းဖြည်း အယောက်၁၀၀ နီးပါး ဖြစ်လာကြသည်။

**********

(၄)

သူတို့ပြောတာတွေကို နားထောင်ရေးမှတ်နေသော ကျွန်တော်ပင် ရက်စက်လိုက်ကြ တာဟု နှုတ်မှ လွှတ်ခနဲ ထွက်မိသည်။

" စစ်ကြောရင်းနဲ့ သေဆုံးသူတွေက ပြည်စိုးနိုင်၊ ခင်မောင်စိုး၊ ဇော်ဝင်းချစ်၊ ဝင်းသိန်း၊ ကျော်ကျော်ဦး၊ ကျော်ဌေး၊ရာကွတ်၊ ဦးစိန်၊ အားစိုက်(ခေါ်) တင်မောင်အေး၊ အောင်မင်း၊ စိုးဝင်းသန်း၊ ကျော်ဝေတို့ပါ။ ဒါ ကျွန်တော်တို့ မှတ်မိသလောက်ပါ"

" ဘယ်လိုစစ်ကြောရင်းနဲ့ သေသွားကြတာလဲ" သူတို့ပြောသမျှ ရေးမှတ်ထားလိုက် သည်။

ကျော်ဝေ၏လက်မှာ ချိန်ကိုက်ဗုံးကို တိပ်နှင့်ချည်ပြီး ဘောလုံးကွင်းကို ပတ်ပြေးခိုင်း သည်။ ချိန်ကိုက်ဗုံးကွဲသဖြင့် ညာဖက်လက် ကြေမွသွားသည်။ လက်ကိုခုတ်ဖြတ်ပြီး ကေအိုင်အေဆေးရုံမှာ ၁၃ရက်ကြာ တက်ရောက်ကုသ သည်။ ပြီးမှခေါင်းဖြတ်သတ်ရန် ပြင်ဆင်သည်။ ကျော်ဝေက မသတ်ရန် တောင်းပန်သော်လည်း မရသဖြင့် " ဓမ္မစစ်ကျောင်းသား ကျော်ဝေကွ.. မင်းတို့သတ်လို့ ငါသေပေမဲ့ ငါ့ဝိညာဉ်မသေဘူးကွ..သတ်လိုက်"ဟုပြော သည်။ မျိုးဝင်းကိုယ်တိုင် ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်စဉ် ပန်းထွက်လာသောသွေး များကို ကျောင်းသားတပ်မတော်ဥက္ကဌ ထွန်းအောင်ကျော်ကိုသောက်ခိုင်းသည်။

ပြည်စိုးနိုင်အား လေးဖက်ကုန်းခိုင်းပြီး စအိုပေါက်မှာ ငါးမျှားချိတ်အကြီး ကြီးချိတ်ကာ ထုတ်တန်းပေါ်မှတစ်ဆင့် ကြိုးနှင့်အပေါ်ကိုဆွဲတင်ထားသည်။ စအိုထဲသို့ ၄လက်မသံချောင်းထည့်၊ သံချောင်းနှင့်လက်ကို ဝါယာနှင့်ဆက်ပြီး ၂၂၀ဗို့လ်အားလွှတ်ကာ နှိပ်စက်သည်။ မြေ ကျင်းထဲထည့်ကာ ခေါင်းဖေါ်ပြီး မြေဖို့ထားသည်။ ရည်းစားဖြစ်သူ ခင်ချိုဦးကို ခေါင်းပေါ်က ခွခိုင်းသည်။ ပြည်စိုးနိုင်သေသောအခါ ခင်ချိုဦးအား ပြည်စိုးနိုင်၏တန်ဆာကို ငုံခိုင်းပြီး ဝါဒ ဖြန့်ရန် ဗီဒီယိုရိုက်ကြသည်။

အားစိုက်(ခေါ်)တင်မောင်အေး၏ စအိုပေါက်ကို ဝါယာကြိုးထိုးသွင်း၊ ဝါးချွန်များထိုး သွင်းခြင်းကြောင့် ပြည်များတည်ပြီး ပုတ်စော်နံကာ စအိုဟောင်းလောင်းဖြင့် သေဆုံးရသည်။ အောင်မင်းမှာ ထောင်မှူး လှမျိုးအောင် နံချပ်ကူလေ့ကျင့်ရင်း ခေါင်းကိုရိုက်ခွဲလိုက်လို့ သေခဲ့ရသည်။

စိုးဝင်းသန်းမှာ စစ်ဆေးမှုဒဏ်များကြောင့် ကေအိုင်အေဆေးရုံတက် နေရသည်။ ဆေးရုံမှ လူနာသက်သာလာပြီ လာခေါ်ပါဟုပြောသည်ကို လာသတင်းပို့သူက ထွက်ပြေးသွားပြီ ဟု နားကြားလွဲပြီး လာသတင်းပို့သည်။ မျိုးဝင်းက " ထွက်ပြေးတဲ့ကောင်ကို တွေ့အောင်လိုက်ရှာ၊ ပြီးရင်ဒီဓားနဲ့ သာရှင်းခဲ့၊ ငါ့ရုံးခန်းခေါ်မလာနဲ့" ဟုအမိန့်ပေးပြီး လိုက်ရှာသည့်အဖွဲ့ ကို ဓားရှည်တစ်ချောင်း ထုတ်ပေးလိုက်သည်။ လိုက်ရှာသည့်အဖွဲ့က စိုးဝင်းသန်းကို ဆေးရုံ မှာတွေ့ကြောင်း ပြောသော်လည်း " ထွက်ပြေးတာ မဟုတ်လည်း ငါအမိန့်ပေးပြီးပြီ..သတ် တော့" ဆို၍ သန်းဇော်နှင့်အဖွဲ့က သတ်လိုက်ကြသည်။

ဇော်ဝင်းချစ်၏နားမှာ ငါးမျှားချိတ်အကြီးကြီး ဖောက်ချိတ်ပြီး ကြိုးနှင့် ထုတ်တန်းပေါ် ပစ်တင်ကာ ခြေထောက်လွတ်သည်အထိ ဆွဲတင်ကြသည်။ နာလွန်းလို့ သတ်လိုက်ပါတော့ ဟုအော်သည့်အခါ ဝိုင်းရိုက်ကြ၍ သေဆုံး သွားသည်။ ၎င်း၏အသားအား ကြော်ပြီး အရက်နှင့်မြည်းကြသည်။

လူ့အသက်တစ်ချောင်းကို လွယ်လွယ်ညှင်းဆဲ၊ လွယ်လွယ်အမိန့်ပေးပြီး လွယ်လွယ် သတ်ပစ်နေကြလေပြီ။

**********

Address


Website

Alerts

Be the first to know and let us send you an email when Myanma True News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share