Midland Revolution Force

  • Home
  • Midland Revolution Force

Midland Revolution Force Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Midland Revolution Force, News & Media Website, .

16.12.2022                   ယနေ့မနက် ၈နာရီ ဝန်းကျင် အချိန်ခန့်တွင် ခွေးစစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ရာတွင် RPGဖြင့်ရဲ...
16/12/2022

16.12.2022

ယနေ့မနက် ၈နာရီ ဝန်းကျင် အချိန်ခန့်တွင်
ခွေးစစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ရာတွင် RPGဖြင့်ရဲရင့်စွာ ​ပစ်ခတ်တိုက်ခိုက်ခဲ့သော ရဲဘော်ရဲဘက် ညီအကိုတစ်ဦး
ခွေးစစ်ကြောင်းအားအောင်မြင်စွာပစ်ခတ်နိုင်ခဲ့သော်လည်း
ပစ်ခတ်ချိန် RPGပြောင်း ကွဲဲသွားခြင်းကြောင့် ထိခိုက်ခဲ့ရသည့်
အပေါ် မိမိတို့ MRF အနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရပါသည်။
ထိခိုက်မိချိန်တွင် ဘယ်လက်ကောက်ဝတ်အထပ်မှ
ပြတ်ထွက်သွားခြင်းနှင့် မျက်နှာအားပြောင်းကွဲစထိမှန်ခဲ့သည်
ဟု သိရှိရသောကြောင့် RPGကိုင်ဆောင်သောရဲဘော်၏
ထိခိုက်ဆုံးရှုံးမှုအား များစွာဝမ်းနည်းမိရပါသည်။
ယခုလို စစ်ခွေးစစ်ကြောင်းအား ရဲဝံ့စွာ တိုက်ခိုက်ခဲ့ပါသော
RPGကိုင်ဆောင်သောရဲဘော်၏ရဲစွမ်းသတ္တိကိုလည်း
မိမိတို့ MRF အနေဖြင့်အလေးအနက်လေးစားဂုဏ်ပြုအပ်ပါသည်။
ကျွန်ုပ်တို့ MRF အနေဖြင့်လည်း တိုက်ခိုက်သွားရသော ရဲဘော်ရဲဘက်ညီအကိုအတွက် ဆေးအထောက်ပံ့ကူညီပေးနိုင်ရန်လည်း လိုအပ်သည်များကို ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့MRF ရဲဘော်ရဲဘက်ညီအကိုမောင်နှမများ အနေဖြင့်လည်း အာဏာရှင်စနစ်အမြစ်ပြတ်ရန်
တော်လှန်နေသော ရဲဘော်အချင်းချင်း ဝိုင်းဝန်းကူညီပံ့ပိုးပေး
စေလိုပါသည်။
လိုအပ်သည်များလှူတန်းလိုသော မိဘပြည်သူများအနေဖြင့်လည်း MRF page မှတစ်ဆင့်ဆက်သွယ်၍
အဖွဲ့လုပ်ထုံးလုပ်နည်းများနှင့်အညီ လှူတန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန(M.R.F)

https://www.facebook.com/114539384565897/posts/183749300978238/?mibextid=Nif5oz

15/09/2022
ပြည်သူလူထုထံ မေတ္တာရပ်ခံ အသိပေးတောင်းပန်ခြင်း31.8.2022                 ယနေ့ သြဂုတ်လ ၃၁ရက် ၂၀၂၂ခုနှစ်တွင် ကျွန်ုပ်တို့ အလ...
31/08/2022

ပြည်သူလူထုထံ မေတ္တာရပ်ခံ အသိပေးတောင်းပန်ခြင်း

31.8.2022
ယနေ့ သြဂုတ်လ ၃၁ရက် ၂၀၂၂ခုနှစ်တွင် ကျွန်ုပ်တို့
အလယ်ပိုင်းဒေသ တော်လှန်ရေးအင်အားစု(M.R.F) အဖွဲ့သည်
ပြည်သူလူထုထံ အဖွဲ့၏လှုပ်ရှားမှုပုံရိပ်များတိုက်ပွဲသတင်း
များအား အချိန်ကြာမြင့်စွာ ထုတ်ပြန်ကြေငြာရန် ပျက်ကွက်ခဲ့ပါသောကြောင့်လက်ရှိ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှ ပြည်သူလူထုအား လေးနက်စွာအသိပေးတောင်းပန်အပ်ပါသည်။
လက်ရှိအချိန်တွင် ကျွန်ုပ်တို့M.R.F မြေပြင်အဖွဲ့
သည် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရခြင်းနှင့် နည်းပညာလိုအပ်ချက်များကြောင့်အချိန်ကြာမြင့်စွာ အချက်လက်များ ရယူနိုင်ရန်အားနည်းခဲ့ရခြင်းဖြစ်ပါသည်။ထို့ကြောင့်ပြည်သူလူထုအနေဖြင့်လည်ကျွန်ုပ်တို့ M.R.Fအဖွဲ့၏
လိုအပ်ချက်များ နှင့်တကွ ​လေးနက်စွာတောင်းပန်ခြင်းအပေါ်
နားလည်ခွင့်လွှတ်ပေးနိုင်ရန် မျှော်လင့်ပါသည်။
ယခုအချိန်မှစ၍ ကျွန်ုပ်တို့ M.R.Fအဖွဲ့အနေဖြင့်
အဖွဲ့၏လှုပ်ရှားမှုများ တိုက်ပွဲအချက်လက်ရုပ်သံများအား ပြည်သူလူထုထံပိုမိုထုတ်ပြန်ပေးသွားနိုင်ရန် အကောင်းမွန်ဆုံးကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပြီး နွေဦးတော်လှန်ရေးပြီးဆုံးသည်အထိ ပြည်သူများဘက်မှရပ်တည်တော်လှန်သွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်။
အခြားသောတော်လှန်ရေးအဖွဲဲ့အစည်းများ
ရဲဘော်ရဲဘက်ညီအကိုမောင်နှမများနှင့်လည်း မဟာမိတ်အဖွဲ့အဖြစ်လက်တွဲလုပ်​ဆောင်ကာ တော်လှန်ခရ်ီးအားဆက်လက်လျှောက်လှမ်းရန်လည်းအစွမ်းကုန် ကြိုးစားအားထုတ်သွားမည်ဖြစ်သည်။ မကြာမီအချိန်တွင်လည်းကျွန်ုပ်တို့
အလည်ပိုင်းဒေသတော်လှန်ရေးအင်အားစု(M.R.F)၏မူဝါဒ
သဘောထားများကိုလည်း နားလည်တက်ကျွမ်းသူများနှင့်တိုင်ပင်ဆွေးနွေးကာ ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန(M.R.F)

23/07/2022

23.7.2022

18.7.2022ရက်နေ့တွင် ကန့်ဘလူးမြို့နယ်တောင်ခြမ်းနှင့်
ခင်ဦးမြို့နယ်စပ်ဖြစ်သော ကျီစုကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှစစ်ဖက်သုံးလေယာဥ် (Mi-35)2စီး၊ ရိုးရိုးဟက်စကီး 2စီးဖြင့်လေကြောင်း မှပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောင်သာယာကျေးရွာရှိစစ်ခွေး နှင့်ပျူစောထီးများ ကျေးရွာအတွင်းသို့ဝင်ရောက်ကာPDFတပ်ဖွဲ့ဝင်၇ဦး နှင့်အပြစ်မဲ့ပြည်သူ၅ဦးတို့အား လူမဆန်စွာဖြင့်မတရားမီးရှို့သတ်ဖြတ်ခဲ့သည့်ရုပ်သံvideoအား အများပြည်သူများသိရှိစေရန်ကျွန်ုပ်တို့ အလည်ပိုင်းဒေသ တော်လှန်ရေးအင်အားစု(MRF) မှ ထုတ်ပြန်ပေးလိုက်ရပါသည်။ယခုရုပ်သံvideoအား Khin U-Dynamite Squad(LDF) မှလည်း မိဘပြည်သူများနှင့်နိုင်ငံတကာအဖွဲ့အစည်းများ မြေပြင်အမှန်တရားအားသိရှိစေရန်လည်း ဖော်ထုတ်ပြသထားပြီးပြီဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန(MRF)

29.6.2022                ပြည်သူလူထုထံ အရေးပေါ်မေတ္တာရပ်ခံအသိပေးကြေငြာခြင်း                ၂၀၂၂ခုနှစ်ဇွန်လ၂၈ရက်နေ့တွင် လူ...
28/06/2022

29.6.2022

ပြည်သူလူထုထံ အရေးပေါ်မေတ္တာရပ်ခံအသိပေးကြေငြာခြင်း
၂၀၂၂ခုနှစ်ဇွန်လ၂၈ရက်နေ့တွင် လူမှုကွန်ရက်တွင် အမျိုးသမီးတစ်ဦးခေါင်းဖြတ်အသတ်ခံရသော ဗီဒီယိုဖိုင်တစ်ခု ​မြန်ဆန်စွာပြန့်နှံလာခဲ့ပါသည်။ထိုဗီဒီယိုဖိုင်အား အမျိုးသမီးများနှင့်နှလုံးရောဂါအခံရှိသူများမကြည့်ကြရန် မေတ္တာရပ်ခံခြင်းမျိုးလည်းတွေ့ရှိရသလိုကျွန်ုပ်တို့ M.R.Fအနေဖြင့်လည်းမကြည့်သင်သောသူများ မကြည့်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လူမှူကွန်ရက်တွင် ပြန့်နှံလာသော ခေါင်းဖြတ်အသတ်ခံရသော အမျိုးသမီးသည် ကြံစိမ့်ကြီးကျေးရွာမှမနန္ဒာဟု
လည်းသိရှိရပါသည်။ ထိုလူမဆန်စွာ သတ်ဖြတ်မှုသည် အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့မှအရပ်ဝတ်များဖြင့်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး PDF တပ်ဖွဲ့များမှပြုလုပ်ခဲ့သည်ဟု ဝါဒဖြန့်ခြင်းမျိုးဖြစ်ကြောင်း အခြားခိုင်လုံသောသတ​င်းအချက်လက်များမှသိရှိရပါသည်။
အများပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်စစ်အာဏာရှင်၏လူမဆန်စွာသတ်ဖြတ်မှုများ ဝါဒဖြန့်မှုများကိုလည်း ရှင်းလင်းစွာသိမြင်​ကာ အကြောက်တရားဖြင့် သွေးထိုးခြောက်လှန့်မှုများအားရဲရင့်စွာရင်ဆိုင်တော်လှန်နိုင်မည်ဟုကျွန်ုပ်တို့တော်လှန်ရေးရဲဘော်ရဲဘက် ညီအကိုမောင်နှမများမှ ယုံကြည်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန(M.R.F)

27.6.2022                 အလယ်ပိုင်းဒေသ တော်လှန်ရေးအင်အားစု(M.R.F)၏ထောက်ပို့တပ်ဖွဲ့ ​ဖွဲ့စည်းပြီးပြီဖြစ်ပါကြောင်း အများပ...
27/06/2022

27.6.2022

အလယ်ပိုင်းဒေသ တော်လှန်ရေးအင်အားစု
(M.R.F)၏ထောက်ပို့တပ်ဖွဲ့ ​ဖွဲ့စည်းပြီးပြီဖြစ်ပါကြောင်း အများပြည်သူလူထုထံအသိပေးကြေငြာခြင်း
၂၀၂၂ခုနှစ် ဇွန်လ၂၇ရက် နေ့တွင် ကျွန်ုပ်တို့ M.R.F၏ထောက်ပို့တပ်ဖွဲ့အဖြစ် ထောက်ပို့ရဲဘော်ရဲဘက် ညီအကိုမောင်နှမတပ်ဖွဲ့ဝင်အသစ်များဖြင့် အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါသည်။
အလယ်ပိုင်းဒေသ တော်လှန်ရေးအင်အားစု
(M.R.F)၏ထောက်ပို့တပ်ဖွဲ့သည် တပ်ဖွဲ့ဝင်များ၏လုံခြုံမှုအားအလေးထား၍တည်နေရာမဖော်ပြခြင်းအပေါ်ကိုလည်း ပြည်သူလူထုအနေဖြင့် အထူးနားလည်ပေးစေလိုပါသည်။M.R.F ၏ထောက်ပို့တပ်ဖွဲ့သည်အင်အားအနည်းငယ်ဖြင့် စတင်ဖွဲ့စည်းထားသည်ဖြစ်သော်လည်း M.R.Fတပ်ဖွဲ့၏​​လိုအပ်ချက်များအား အတက်နိုင်ဆုံးပါဝင်အားဖြည့်ကာအကြမ်းဖက် စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ ပါဝင်သွားမည်ဖြစ်သည်။
ကျွန်ုပ်တို့ M.R.F မှတာဝန်ရှိသူများအ​နေဖြင့်လည်း ယခုလို M.R.F ထောက်ပို့တပ်ဖွဲ့ဝင် အဖြစ်ပါဝင်ပေးကြပါသော ရဲဘော်ရဲဘက်ညီအကိုမောင်နှမ တပ်ဖွဲ့ဝင်အသစ်များကိုလည်း ယုံကြည်လေးစားစွာဖြင့် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန(M.R.F)

တော်လှန်ရေး စကားလုံး၃လုံးထဲရူပ်နေတာဘဲ
24/06/2022

တော်လှန်ရေး စကားလုံး၃လုံးထဲရူပ်နေတာဘဲ

22/06/2022

22.6.2022

ယနေ့ ၂၀၂၂ခုနှစ် ဇွန်လ ၂၂ရက်နေ့ မနက် ၁၀နာရီ ဝန်းကျင်ခန့်တွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ရွာအနောက်ဘက် မူးချောင်းတံတား အနီးတွင် ရေဦးစခန်းမှ ဒုရဲမှူး စိုးထွဋ်ခိုင်ပါဝင်ကာ ရဲ ၁၁ဦး လိုက်ပါလာသော ဖောကားအဖြူရောင် ​အားအလယ်ပိုင်းဒေသတော်လှန်ရေးအင်အားစု(M.R.F)နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ​အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော ရုပ်သံမှတ်တမ်းအား ကျွန်ုပ်တို့ M.R.F အဖွဲ့မှ ထုတ်ပြန်ပေးလိုက်ရပါသည်။
ကျွန်ုပ်တို့ M.R.F သည် အခြားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ရေဦးခန်းမှူး စိုးထွဋ်ခိုင်နှင့်အဖွဲ့အား ပစ်ခတ်တိုက်ခိုက်ရာ ရေဥ်ီးစခန်းမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲ ၁၁ ဦးသေဆုံးခဲ့ပြီး လက်နက် ၁၁လက် ကိုလည်း သိမ်းဆည်းရယူနိုင်ခဲ့ပါသည်။
ယခုလို စစ်ကောင်စီ၏လက်ပါးစေများအား တိုက်ခိုက်ရာတွင် ပူးပေါင်းခွင့်ပေးသော အ​​ခြားတော်လှန်ရေးအဖွဲ့များ ကိုလည်းကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့ အလယ်ပိုင်းဒေသ တော်လှန်ရေးအင်အားစု M.R.F အနေဖြင့် စစ်အာဏာရှင်အားအ​မြစ်ပြတ် တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်ခဲယမ်းများအား လှူဒါန်းပေးပါသော အများပြည်သူများနှင့်အလှူရှင်များကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်။
ဆက်လျက်၍လည်း ကျွန်ုပ်တို့ M.R.Fအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအားတော်လှန်ရာတွင် ရည်ရွယ်ချက်တူညီစွာ တိုက်ပွဲဝင်နေကြသော အခြားတော်လှန်ရေးအဖွဲ့များနှင့်လည်း ဆက်လျက်ပူးပေါင်းသွားမည် ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန (M.R.F)

10.6.2022ပြည်သူလူထုထံလေးစားစွာ အသိပေးခြင်း          ကျွန်ုပ်တို့ အလယ်ပိုင်းဒေသတော်လှန်ရေးအင်အားစု Midland Revolution For...
10/06/2022

10.6.2022

ပြည်သူလူထုထံလေးစားစွာ အသိပေးခြင်း

ကျွန်ုပ်တို့ အလယ်ပိုင်းဒေသတော်လှန်ရေးအင်အားစု
Midland Revolution Force(M.R.F)သည်၂၀၂၂ခုနှစ်ဇွန်လ၉ရက်နေ့တွင် ပြည်သူလူထုအားမတရားသဖြင့် အာဏာသိမ်းထား​သော စစ်အာဏာရှင် စနစ်ဆိုးအားတော်လှန်ရန်အတွက် အလယ်ပိုင်းဒေသရှိ ကျွန်ုပ်တို့ ရဲဘော်ရဲဘက်ညီအကိုမောင်နှမများပူးပေါင်း၍
တော်လှန်ရေးအင်အားစုတစ်ခုအနေဖြင့် ​ဖွဲ့စည်းတည်ထောင်
လိုက်ပြီဖြစ်ပါသည်။

ကျွန်ုပ်တို့ M.R.F အဖွဲ့သည် လွန်ခဲ့သောလအနည်းငယ်ခန့်မှစ၍ စစ်အာဏာရှင်အားအဖွဲ့အစည်းတစ်ခုအနေဖြင့် တော်လှန်တိုက်ခိုက်
နေ​ပြီဖြစ်ပါသော်လည်း ၂၀၂၂ခုနှစ်ဇွန်လ၉ရက်နေ့တွင်
အလယ်ပိုင်း​ဒေသတော်လှန်ရေးအင်အားစုအမည်​ဖြင့် အခက်အခဲများစွာကြားမှ အကောင်အထည်ဖော်ဖွဲ့စည်းန်ိုင်ခဲ့ပြီဖြစ်ပါသည်။
ကျွန်ုပ်တို့ M.R.F အနေဖြင့်လည်း အာဏာရှင်စနစ်ဆိုးအား အသိမှတ်မပြုပဲ အမှန်တရားဘက်မှရပ်တည်နေပါသော အများပြည်သူလုထုများ၊တော်လှန်ရေးတွင်အဖက်ဖက်မှပါဝင်နေကျသောအဖွဲ့အစည်းများ၊ အခြားသော တော်လှန်ရေးရဲဘော်ရဲဘက်များနှင့်အတူ စစ်အာဏာရှင်
စနစ်အမြစ်ပြတ်သည်အထိ အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။

အများပြည်သူလူထုအနေဖြင့်လည်း ကျွန်ုပ်တို့ အလယ်ပိုင်းဒေသတော်လှန်ရေးအင်အားစု (M.R.F)အဖွဲ့သည် နည်းပညာအခက်အခဲ၊ဖုန်းလိုင်းအခက်အခဲများ၊တပ်ဖွဲ့၏Logoနှင့်ပတ်သတ်၍လိုအပ်ချက်များ၊ ကျွမ်းကျင်သောပညာရပ်များမဟုတ်ပါသော်လည်း စစ်အာဏာရှင်အား တော်လှန်လျက်ရှိပါသောပြည်သူလူထုအတွက် တက်စွမ်းသမျှကြိုးစားထားခြင်းတို့အပေါ်လည်း ပြည်သူ့အတွက်ဟူသောစိတ်စေတနာဖြင့် နားလည်ပေးနိုင်မည်ဟုလည်းယုံကြည်ပါသည်။

Midland Revolution Force
သတင်းနှင့်ပြန်ကြားရေးဌာန(M.R.F)

Address


Website

Alerts

Be the first to know and let us send you an email when Midland Revolution Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Midland Revolution Force:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share