Burmese Update News

  • Home
  • Burmese Update News

Burmese Update News Daily News update in Burmese

  #ဝေယံတောင်ကြီး
25/04/2021


#ဝေယံတောင်ကြီး

24/04/2021

ပြင်ဦးလွင်အနီးစခန်းအနီးက ရဲစခန်းတွင် အပြန်အလှန်ပစ်ခံသံများကိုကြားရဟု နယ်မြေခံများကဆိုသည်။ ၈နာရီ၄၅ဝန်းကျင်လောက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်ဖော်ပြပေးပါမည်။

သမိုင်းတွင် သံပုံးတီးသူတချို့ကို ဖမ်းဆီးပြီး က ခိုင်းနေ  Credit ဧရာဝတီ၊ ဧပြီ ၂၄၊ ၂၀၂၁မရမ်းကုန်းမြို့နယ် သမိုင်း ရပ်ကွက်အ...
24/04/2021

သမိုင်းတွင် သံပုံးတီးသူတချို့ကို ဖမ်းဆီးပြီး က ခိုင်းနေ

Credit ဧရာဝတီ၊ ဧပြီ ၂၄၊ ၂၀၂၁

မရမ်းကုန်းမြို့နယ် သမိုင်း ရပ်ကွက်အတွင်း၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယနေ့ (ဧပြီ ၂၄ ရက်) ည ၈ နာရီ သံပုံးတီးသူများကို အိမ်ပေါ်ထိ လိုက်လံဖမ်းဆီးပြီး အမျိုးသမီးတချို့ကို ကခိုင်းခြင်း၊ အခြား ဖမ်းဆီးထားသူတချို့ကို သံပုံးတီးခိုင်းခြင်းများ ပြုလုပ်နေကြောင်း ရပ်ကွက်နေပြည်သူများထံက သိရသည်။

"သူတို့ဖမ်းထားတာ ဆယ်ယောက်လောက်ရှိတယ်။ ကောင်မလေး နှစ်ယောက်ကို က ခိုင်းနေပြီး ကျန်တဲ့သူက သံပုံးတီးပေးရတယ်။ သံပုံးတီးတာ ရပ်တာနဲ့ ဆဲဆိုရိုက်နှက်နေတယ်။ တော်တော်ကို ကြာနေပြီ " ဟု ထိုအဖြစ်ပျက်များကို မြင်တွေ့ရသည့် ရပ်ကွက်နေပြည်သူ တဦးက ပြောသည်။

ထိုသို့ ကခိုင်းခြင်း၊ သံပုံးတီးခိုင်းခြင်းတို့ကို ည ၁၀ နာရီအချိန်ထိ ပြုလုပ်ခိုင်းနေကြောင်း ရပ် ကွက်နေပြည်သူများက ပြောသည်။

၎င်းက "၁၀ နာရီကျော်လောက်မှာ ပြန်ထွက်သွားကြပြီ။ သူတို့ဖမ်းထားတဲ့သူတွေက ငွေပေးလိုက်တာကိုတွေ့လိုက်ရတယ်။ အခုပဲ ဖမ်းခံရတဲ့သူတွေကို ပြန်လွှတ်ပေးပြီး ပြန်သွားကြပြီ " ဟု ဆက်လက် ပြောသည်။

ထို့ပြင် သမိုင်းရပ်ကွက်များရှိ လူငယ်တချို့ကို လိုက်လံ ဖမ်းဆီးနေလျက်ရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ - CJ




BurmeseUpdateNews

ဒေါ်သက်သက်ခိုင်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲတာ သတင်းမှားလို့ PSO ငြင်းဆိုအကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့ လူ/ကယ်ပြန်ဝန်ကြ...
24/04/2021

ဒေါ်သက်သက်ခိုင်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲတာ သတင်းမှားလို့ PSO ငြင်းဆို

အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့ လူ/ကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်တယ်လို့ သတင်းတွေထွက်နေတာဟာ မှန်ကန်မှုမရှိဘဲ သတင်းမှားဖြန့်နေကြတာလို့ ဒေါ်သက်သက်ခိုင်ရဲ ကိုယ်ရေးအရာရှိဆိုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဓမ္မစေတီလမ်းမှာရှိတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ နေအိမ်မှာ ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီလောက်က ပေါက်ကွဲသံအကျယ်ကြီး ကြားရပြီး မိနစ်ပိုင်းအကြာမှာ ရဲနဲ့စစ်တပ်က ရောက်ရှိလာတာတွေ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ဒေါ်သက်သက်ခိုင်ရဲ့ ကိုယ်ရေးအရာရှိက “အော်သတင်းအမှားကြီးပါရှင်၊ ဟုတ်ကဲ့။ (ပေါက်ကွဲမှု) မဖြစ်ပါဘူးရှင့်၊ ဘာမှမဖြစ်ပါဘူး။ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်ရဲ့ သင်္ဃန်းကျွန်းနေ အိမ်ခြံဝင်းအတွင်းလည်း လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Reference-Mizzima

ချက်သမ္မတနိုင်ငံ၏ မဟာမိတ်နိုင်ငံများကလည်း ရုရှားသံတမန်များကို နှင်ထုတ်ဝတီ (Burmese Update News) – ဧပြီ ၂၄ချက်သမ္မတနိုင်င...
24/04/2021

ချက်သမ္မတနိုင်ငံ၏ မဟာမိတ်နိုင်ငံများကလည်း ရုရှားသံတမန်များကို နှင်ထုတ်
ဝတီ (Burmese Update News) – ဧပြီ ၂၄

ချက်သမ္မတနိုင်ငံ၏ မဟာမိတ်နိုင်ငံများဖြစ်သည့် အက်စ်တိုးနီးယားနိုင်ငံမှ ရုရှားသံတ မန် တစ်ဦး၊ လက်တ်ဗီးယားနိုင်ငံမှ ရုရှားသံတမန်တစ်ဦး နှင့် လစ်သူယေးနီးယားနိုင်ငံမှ ရုရှားသံတမန်နှစ်ဦး တို့ကလည်း ရုရှားသံတမန် စုစုပေါင်းလေးဦးကို တိုင်းပြည်မှ နှင်ထုတ်လိုက်ပြီ ဖြစ်ကြောင်း ဧပြီလ ၂၃ ရက် The Moscow Times သတင်းတွင် ဖော်ပြထားသည်။

၂ဝ၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် လက်နက်တိုက်ပေါက်ကွဲမှုတွင် ရုရှားလျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ပါဝင်ပတ်သက်နေသည်ဟု ချက်အစိုးရက စွပ်စွဲကာ ရုရှားသံတမန်ပေါင်း ၁၈ ဦးကို နှင်ထုတ်လိုက်ပြီး ကျန်နေသေးသည့် ရုရှားသံတမန်များနှင့် ရုရှားသံရုံးဝန်ထမ်းများကိုပါ ထပ်နှင်ထုတ်သွားရန် ချက်အစိုးရ အဖွဲ့က စီစဉ်နေကြောင်းသိရသည်။

ထို့ကြောင့် ရုရှားကလည်း လက်တုံ့ပြန်သည့်အနေဖြင့် ချက်သံတမန်ပေါင်း ၂ဝ ကို နှင်ထုတ်လိုက်သည့် အတွက် မော်စကိုရှိ ချက်သံရုံးတွင် ဝန်ထမ်းအင်အား အလွန်ယုတ်လျော့သွားပြီဖြစ်ကြောင်းသိရသည်။

BREAKING NEWS--------------------------မန္တလေးမြို့ ၆၅လမ်းနဲ့ ၁၀၇လမ်းမှာ ကလေးတစ်ဦး ပစ္စတိုဖြင့် အပစ်ခံရပြီး အူထွက်လျက်ရ...
24/04/2021

BREAKING NEWS
--------------------------

မန္တလေးမြို့ ၆၅လမ်းနဲ့ ၁၀၇လမ်းမှာ ကလေးတစ်ဦး ပစ္စတိုဖြင့် အပစ်ခံရပြီး အူထွက်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

တာယာမီးရှို့သည်ဟုဆိုကာ အရပ်ဝတ်ဖြင့် အနီးကပ် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ဆေးကုသမှုခံယူရန် စောင့်ဆိုင်းလျက်ပင် ရှိနေသေးကြောင်း သိရသည်။

ဗိုလ်မှူးညွန့်နိုင် CDM လုပ်ပြီး ကေအန်ယူထံ ခိုလှုံSource :DVB | 22 April, 2021အာဏာသိမ်းစစ်ကောင်စီတပ်က အသက် ၃၆ နှစ်အရွယ်...
24/04/2021

ဗိုလ်မှူးညွန့်နိုင် CDM လုပ်ပြီး ကေအန်ယူထံ ခိုလှုံ

Source :DVB | 22 April, 2021

အာဏာသိမ်းစစ်ကောင်စီတပ်က အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူး ညွန့်နိုင်ဟာ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ တာဝန်မထမ်းဆောင်နိုင်တော့တဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင် (တပ်မဟာ ၁) ကို ဝင်ရောက်ခိုလှုံခဲ့တယ်လို့ KIC သတင်းဌာနက ဖော်ပြပါတယ်။

ဗိုလ်မှူးညွန့်နိုင်က အမှတ် ၇ ခြေလျင်တပ်ရင်းက ထွက်ပြီးနောက် မတ်လ ၉ ရက်နေ့မှာ ခိုလှုံခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က အတည်ပြုထားပါတယ်။

ဗိုလ်မှူးညွန့်နိုင်ဟာ စစ်တက္ကသိုလ် အပတ် စဉ် ၄၈ ကျောင်းဆင်းဖြစ်ပြီး သင်တန်းပြီးချိန်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံ/ခမရ (၃၇၉) ရခိုင်ပြည်နယ် မင်းပြားမြို့မှာ တာဝန်ကျခဲ့သူဖြစ်ပါတယ်။

လက်ရှိ ကေအန်ယူ သထုံခရိုင် (တပ်မဟာ -၁) ထိန်းချုပ်နယ်မြေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရဲနဲ့ စစ်သားတွေအပြင် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိပြီဖြစ်ပါတယ်။

တောင်ဥက္ကလာက စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်==================================ရန်ကုန်မြို့ တောင်ဥက္ကလာက စစ်အာဏာရှင်ပြု...
24/04/2021

တောင်ဥက္ကလာက စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်
==================================
ရန်ကုန်မြို့ တောင်ဥက္ကလာက စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်ကို ဒီကနေ့ ဧပြီလ (၂၄)ရက်က ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဆန္ဒပြ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှုတွေ ရှိနေတဲ့ကြားက မရရတဲ့နည်းနဲ့ စစ်အာဏာရှင်ကို နေ့စဥါဆန္ဒပြနေကြတာပါ။

Burmese Update News

Cartoon
24/04/2021

Cartoon

အာဆီယံအစည်းအဝေးကျင်းမည့်နေ့ ယနေ့ ၂၄ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသားများ မြန်မာပြည်သူလူထုအတွက် ဆန္ဒပြပေးနေစဥ်
24/04/2021

အာဆီယံအစည်းအဝေးကျင်းမည့်နေ့ ယနေ့ ၂၄ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသားများ မြန်မာပြည်သူလူထုအတွက် ဆန္ဒပြပေးနေစဥ်

လှိုင်သာယာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု==================================ဧပြီလ ၂၄ ရက်နေ့ လှိုင်သာယာမြို့မှာ စစ်အာ...
24/04/2021

လှိုင်သာယာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု
==================================

ဧပြီလ ၂၄ ရက်နေ့ လှိုင်သာယာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမြင်ကွင်းတွေပါ။

Crd Mizzima

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လူငယ်တချို့က ဆိုင်ကယ်မျ...
24/04/2021

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လူငယ်တချို့က ဆိုင်ကယ်များဖြင့် ယနေ့ ဧပြီ ၂၄ မနက်ပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြသည်။

အလံမလိပ် ရန်ကုန်သပိတ်24.4.2021
24/04/2021

အလံမလိပ် ရန်ကုန်သပိတ်

24.4.2021

မြန်မာစစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်အား လိုက်ပါပို့ဆောင်တယ်လို့ ယူဆရတဲ့ မော်တော်ယာဉ်တစ်စီးဟာ ဧပြီ ၂၄ ရက်မှာ Tanger...
24/04/2021

မြန်မာစစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်အား လိုက်ပါပို့ဆောင်တယ်လို့ ယူဆရတဲ့ မော်တော်ယာဉ်တစ်စီးဟာ ဧပြီ ၂၄ ရက်မှာ Tangerang ရှိ ဂျကာတာရဲ့ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ပတ်သက်လို့ အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့ ရောက်ရှိလာတာဖြစ်ပါတယ်။ ဓာတ်ပုံ - FAJRIN RAHARJO / AFP

Mizzima News

မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ-NUGပြည်ထောင်စု ဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနနှင...
24/04/2021

မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ-NUG
ပြည်ထောင်စု ဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနနှင့် NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဒေါက်တာ ဆာဆာမှ အာဆီယံသို့ အိတ်ဖွင့်ပေးစာ
၂၀၂၁ ခုနှစ် ဧပြီလ ၂၂ ရက်

ပြည်မြို့အခြေဆိုက် ကွန်ပျူတာတက္ကသိုလ်ဘေးရှိ လျှပ်စစ်နှင့်စက်မှု အမှတ် ၉၅၉ တပ်က တပ်သား ၃ ဦး မနေ့က လက်နက် အချို့ယူပြီး ထွက...
24/04/2021

ပြည်မြို့အခြေဆိုက် ကွန်ပျူတာတက္ကသိုလ်ဘေးရှိ လျှပ်စစ်နှင့်စက်မှု အမှတ် ၉၅၉ တပ်က တပ်သား ၃ ဦး မနေ့က လက်နက် အချို့ယူပြီး ထွက်ပြေးသွားတာကြောင့် ပြည်မြို့ပေါ်မှာ အပူတပြင်းလိုက်ရှာနေကြတယ်လို့ သိရပါတယ်။

လက်နက် အရှည် ၃ လက် ပါသွားလို့ ဒီနေ့မနက် ပြည်မြို့ရဲ့ နေရာအချို့မှာ လမ်းတွေပိတ်ပြီး စစ်ဆေးတာတွေ လုပ်နေပြီး လက်နက်ရှာနေတာယူဆ ရတယ်လို့ ပြောပါတယ်။

"အခုတော့ လမ်းပိတ်ပီး ၂ ဖက်ပိတ်စစ်နေတာ ကားတွေရော အင်အားများတယ် ရဲတွေထက် စစ်သားတွေက အချိုးမပြေဘူး ပြောပေါက်ဆိုးတယ် လက်နက်တွေစစ်နေတာထင်တယ်" လို့ မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

ပြည်မြို့မှာ ညစဉ်ရက်ဆက် ရပ်ကွက်တိုင်းမှာ ဖမ်းဆီးတာတွေ လုပ်နေပြီး ဧည့်စာရင်းစစ်တာတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

https://m.facebook.com/story.php?story_fbid=2868494820133742&id=2206963259620238

အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့ မနက် ၉ နာရီရောက်ရှိဧရာဝတီတိုင်းမ်စစ်ကောင...
24/04/2021

အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့ မနက် ၉ နာရီရောက်ရှိ

ဧရာဝတီတိုင်းမ်

စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်သည် အာစီယံ အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့မနက် ၉ နာရီတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အစည်းအဝေး ကျင်းပမည့် နေရာကိုလည်း အင်ဒိုနီးရှား အစိုးရဘက်က လုံခြုံရေး တင်းကြပ်ထားသည်။

မြန်မာနွေဦးတော်လှန်ရေးကို ထောက်ခံသော အင်ဒိုနီးရှားရှိ အရပ်ဘက် အဖွဲ့အစည်းများက စစ်တပ်အာဏာသိမ်းပြီး လူသတ်အကြမ်းဖက်မှုကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြမည်ဟု ကြေညာထားသည်။

လူမှုရေးဝန်ကြီး ဒေါ်သက်သက်ခိုင် နေအိမ် ဗုံးပေါက်ကွဲCrd . ဧရာဝတီတိုင်းမ်စစ်ကောင်စီအစိုးရမှ လူမှုရေးဝန်ကြီးတာဝန်ယူထားတဲ့ ဒ...
24/04/2021

လူမှုရေးဝန်ကြီး ဒေါ်သက်သက်ခိုင် နေအိမ် ဗုံးပေါက်ကွဲ

Crd . ဧရာဝတီတိုင်းမ်

စစ်ကောင်စီအစိုးရမှ လူမှုရေးဝန်ကြီးတာဝန်ယူထားတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ နေအိမ် ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီကျော်
လောက်မှာ ဗုံးပေါက်ကွဲမှူဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်းပေါ်က ကော်ဖီစာကယ် ဆိုင်ရှေ့က ဒေါ်သက်သက်ခိုင်ရဲ့နေအိမ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိနစ်ပိုင်းအကြားမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေဖြစ်တဲ့ ရဲနဲ့ စစ်တပ်ရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်နေတာရှိတယ်လို့ သိရပါတယ်

အာဆီယံအစည်းအဝေး ပြင်ပ မစွက်ဖက်ဖို့ တရုတ်တိုက်တွန်းမင်းအောင်လှိုင်တင်မဟုတ် တရုတ်ပါရောလန့်နေစနေနေ့မှာ ကျင်းပမယ့် မြန်မာ့အရ...
23/04/2021

အာဆီယံအစည်းအဝေး ပြင်ပ မစွက်ဖက်ဖို့ တရုတ်တိုက်တွန်း
မင်းအောင်လှိုင်တင်မဟုတ် တရုတ်ပါရောလန့်နေ

စနေနေ့မှာ ကျင်းပမယ့် မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ပြင်ပက ဝင်ရောက်စွက်ဖက်မှုတွေကို တားဆီးသင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက သတိပေးလိုက်ပါတယ်။

ပြင်ကဝင်ရောက်စွက်ဖက်မှုတွေဟာ ဆူပူမှု ဒါမှမဟုတ် အခြေအနေကို ပိုမိုဆိုးဝါးစေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုပါ အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

Breaking!!!ဟားခါးမြို့ ဝန်ကြီးအိမ်ယာတွင် ရဲနှင့်စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ဦး သေဆုံးပြီး ရဲအချို့ ...
23/04/2021

Breaking!!!

ဟားခါးမြို့ ဝန်ကြီးအိမ်ယာတွင် ရဲနှင့်စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ဦး သေဆုံးပြီး ရဲအချို့ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း Chin World မီဒီယာက ဖော်ပြသည်။ ည ၈နာရီခန့်တွင် ပစ်ခတ်မှုများကြားရပြီး သေနတ်သံ ၁၀ ချက်မက ကြားရကြောင်း ဒေသခံတဦးမှ Chin World မီဒီယာသို့ပြောသည်။

Photo. CJ

***********************
Burmese Update News
***********************

KNU နှင့် စစ်​ကောင်စီတပ် နှစ်ကြိမ်ထိတွေ့ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ အကျအဆုံးရှိ -------------------------------------------...
23/04/2021

KNU နှင့် စစ်​ကောင်စီတပ် နှစ်ကြိမ်ထိတွေ့ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ အကျအဆုံးရှိ
----------------------------------------------------------
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁)နှင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်တို့ ယနေ့ (ဧပြီ ၂၃) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ထိခိုက်ကျဆုံးမှုများပြားခဲ့ကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit Myanmar Now

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု ပဒိန်ရိုးအထက်တန်းကျောင်း၌ ပြုလုပ်မည့် လူထုတွေ့ဆုံပွဲအတွက် လုံခြုံရေးယူထားသည့် KNU တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား ပစ်ခတ်မှုတစ်ကြိမ်၊ ဘီးလင်းမြို့နယ် ပိန္နဲတောတပ်စခန်းမှ ပဒိန်ရိုးဘက်သို့ စစ်ကူလာသည်ဟု ယူဆရသော စစ်ကားတစ်စီးနှင့် KNU လုံခြုံရေးတပ်ဖွဲ့အကြား ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

"ဒီနေ့မှာ ကျွန်တော်တို့ဘက်က လူထုတွေ့ဆုံပွဲပြုလုပ်ဖို့ လုံခြုံရေးချထားတယ်။ လုံခြုံရေးချထားတော့ တပ်မတော်ကနေ လိုက်လာတော့ လုံခြုံရေးအဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။ တပ်မတော်ဘက်က အရာရှိတစ်ဦးနဲ့ တပ်သားတစ်ဦး ကျဆုံးတယ်လို့ သတင်းရတယ်။ ပိန္နဲတောက ဆင်းလာတဲ့ စစ်ကားကျတော့ ထိခိုက်ဒဏ်ရာရတာတော့ များတယ်လို့ သတင်းရတယ်။ ဒါပေမဲ့ ဘယ်နှစ်ဦးတော့ အတိအကျပြောလို့မရသေးဘူး" ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ အမှတ် ၃၁၄ အမြောက်တပ်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်‌ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"လှမ်းပစ်တော့ ရွှေရောင်ပြ၊ မရမ်းကုန်းရွာတွေမှာ ကျနေတယ်။ မရမ်းကုန်းရွာထဲမှာကျတာ တစ်လုံးက အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်။ အခုအချိန်ထိ လှမ်းပစ်တုန်းပဲ။ အဲဒီ ရွှေရောင်ပြတောင်တန်းတစ်လျှောက်မှာ လက်နက်ကြီးတွေကျနေတယ်" ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပြောသည်။

KNU သတင်းနှင့် ပြန်ကြားရေးဌာန Thoolei News ကလည်း KNU/KNLA တပ်မဟာ (၁) နှင့် အကြမ်းဖက်စစ်အုပ်စုတို့ ယနေ့တစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်တွင် KNU သထုံခရိုင်အတွင်းရှိ ကျိုက်ထိုနှင့် ဘီးလင်းမှ ပြည်သူလူထုများသည် အစိုးရသစ် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကို ထောက်ခံသော ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့‌ရာ အကြမ်းဖက်စစ်အုပ်စုမှ လာရောက် နှောင့်ယှက်ဟန့်တားမှုမပြုနိုင်ရန်အတွက် KNU - တပ်မဟာ (၁) စစ်သည်များက ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများကို ဝန်းရံ၍ လုံခြုံရေးယူပေးခဲ့ရာ အကြမ်းဖက်စစ်အုပ်စုသည် ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများ၏ အစီအစဉ်ကို နှောင့်ယှက်ဟန့်တားရန်အတွက် လာသောကြောင့် ကျိုက်ကော်နှင့် နောင်ဘိုအကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပါရှိသည်။

ထိုအပြင် မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့များဖြစ်သော စကခ - ၈ ၊ ခမရ ၄၀၆ နှင့် KNU တပ်မဟာ - ၁ တပ်ဖွဲ့တို့ ကော့လယ်ရွာအနီး ထပ်မံထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

မတ်လတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ဒေသတွင်လည်း စစ်ကောင်စီတပ်နှင့် တပ်မဟာ(၅)အကြား ပျောက်ကြားအသွင်ဖြင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်ကြောင်း KNU အဖွဲ့ဝင်တစ်ဦးက ပြောသည်။

KNU က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ပြည်သူလူထုလှုပ်ရှားမှုများကို အကူအညီ အကာအကွယ်ပေးမည်ဟု သဘောထားထုတ်ပြန်ထားသည်။ KNU တွင် တပ်မဟာ ၇ခု ရှိသည့်အနက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မဟာ (၅)၊ တပ်မဟာ (၃)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁) နယ်မြေများ၌ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

***********************
Burmese Update News
***********************

စင်ကာပူအစိုးရ မှ ရာဇဝတ်မှု ဖြင့် အလိုရှိသူ ဝရမ်း​ပြေး သည် မြန်မာပြည်ရှိ ပူးမား လောင်စာဆီ ကုမ္ပဏီ ၏ လက်ရှိ အဆင့်မြင့်အရာရ...
23/04/2021

စင်ကာပူအစိုးရ မှ ရာဇဝတ်မှု ဖြင့် အလိုရှိသူ ဝရမ်း​ပြေး သည် မြန်မာပြည်ရှိ ပူးမား လောင်စာဆီ ကုမ္ပဏီ ၏ လက်ရှိ အဆင့်မြင့်အရာရှိတဦးဖြစ်နေ

*********************************************************************

Myanmar Current Affairs
ဧပြီ၂၂ရက်၊ ၂၀၂၁။

စင်ကာပူ PR ဖြစ်သူ ကိုဝင်း​ကျော်​ကျော်​​အောင် သည် ၎င်း၏ ဇနီးဖြစ်သူ မစန္ဒီ
နှင့် ​ဖောက်ပြန်​နေသူဟု သံသယရှိသည့် ကို​အေး​မောင်​မောင်သက် ( စင်ကာပူ PR) အား ပြန်​ပေးဆွဲကာ၊ စစ်​ဆေး​မေးမြန်းပြီး အစ​ဖျောက် သတ်ဖြတ်ရန် မြန်မာ ၃​ယောက်ကို ​စေခိုင်းခဲ့သည်။
၎င်း ​စေခိုင်းမှု​ကြောင့် ​​ဇော်မင်းလှိုင် နှင့် ဖြိုးမင်းနိုင် ဆိုသူတို့က ၂၁၊ ဇွန်၊ ၂၀၁၅ ​နေ့တွင် စင်ကာပူ Pasir Ris ကားပါကင်​နေရာ၌ ကို​အေး​မောင်​မောင်သက် က သူ၏ ကား​ပေါ်တက်ခါနီးတွင် အ​နောက်မှ ဖမ်းချုပ်၍ ကျဥ်စက်ဖြင့် တို့ကာ ဖမ်းရန်ကြိုးစားခဲ့သည်။ ကို​အေး​မောင်​မောင်သက်က ပြန်လည်ရုန်းကန် ​ကာ ပတ်ဝန်းကျင်ကို ​အော်ဟစ်အကူအညီ​တောင်းသဖြင့် ပြန်​ပေးဆွဲခံရခြင်းမှ လွတ်​​မြောက်ခဲ့သည်။
​နောက်ရက်တွင် ​စေခိုင်းသူ ကိုဝင်း​ကျော်​ကျော်​အောင်သည် စင်ကာပူမှ ရန်ကုန်သို့ ထွက်​ပြေးလွတ်​မြောက်ခဲ့သည်။ ၎င်း ​​စေခိုင်းခြင်းခံရသူ ​ဇော်မင်းလှိုင်၊ ဖြိုးမင်းနိုင် နှင့် ကြံရာပါ Yae Wynnt Oaung တို့ ၃ဦးစလုံး ​အခင်းဖြစ်ပြီး နောက်တရက်မှာပင် စင်ကာပူ ၌ အဖမ်းခံခဲ့ရသည်။ တရားခံများနှင့်အတူ သက်​သေ ပစ္စည်းဖြစ်သည့် အသားကြိတ်စက်၊ လွှစက်၊ သားလှီးဓါးများ၊ ပလပ်စတစ်အိတ်များနှင့် ချည်​နှောင်ရန်ကြိုးများ သိမ်းဆည်းရမိခဲ့သည်။
ကြံရာပါ ဖြစ်သူ Yae Wynnt Oaung သည် ​ထောင် ၆ပတ်ကျခံခဲ့ရပြီး ကျန် ၂​​ယောက်က ၅နှစ်​ကျော်စီ ​ထောင်ချခံခဲ့ရသည်။
ထို ပြစ်မှုကို ​စေခိုင်းခဲ့သူ စင်ကာပူ ရာဇဝတ်​ပြေး ကိုဝင်း​ကျော်​ကျော်​အောင် သည် မြန်မာပြည်ရှိ Puma Energy Asia Sun (P.E.A.S) ၏ လက်ရှိ အဆင့်မြင့်အရာရှိ အဖြစ်အလုပ်လုပ်ကိုင်​နေပြီး အာဏာသိမ်းစစ်​ကောင်စီ၏ ယန္တရား ဆက်လက်လည်ပတ်နိုင်ရန် ပံ့ပိုး ​ထောက်ပံ့​နေသူ ဖြစ်​ကြောင်း စုံစမ်းသိရှိရပါသည်။

edit:မြန်မာပြည်ပြန်​ရောက်ပြီး အမည်​ပြောင်းထားသည်ဟု ကြားသိရပါသည်။

source:
https://www.straitstimes.com/singapore/courts-crime/myanmar-duo-convicted-of-trying-to-abduct-engineer-over-suspected-affair-with

https://www.todayonline.com/singapore/myanmar-duo-jailed-fined-attempted-abduction-fellow-countryman

https://www.todayonline.com/trio-charged-attempted-murder?fbclid=IwAR15j7OwNubKjkDsqwB955Ggjpdve4-_Kh6jJYczn1odpuclZmmPLYeRJKM

***********************
Burmese Update News
***********************

မြင်းခြံအနီး စစ်တပ်ပစ်ခတ်မှု ၅ ဦး ဒဏ်ရာရ*******************************************မြင်းခြံမြို့အနီးက သပြေအေးရွာမှာ စစ်တ...
23/04/2021

မြင်းခြံအနီး စစ်တပ်ပစ်ခတ်မှု ၅ ဦး ဒဏ်ရာရ
*******************************************
မြင်းခြံမြို့အနီးက သပြေအေးရွာမှာ စစ်တပ်က ဒီကနေ့ ပစ်ခတ်တာကြောင့် ၅ ဦးကျည်ဆံထိမှန်ပြီး ၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်ဘက်က ကျေးရွာတွေမှာလည်း စစ်တပ်က ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။ မန္တလေးမြို့မှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ ၀င်ရောက်ရှာဖွေတာတွေ လုပ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

မြင်းခြံမြို့နဲ့ ၈ မိုင်သာဝေးတဲ့ သပြေးအေးကျေးရွာမှာ ဒီကနေ့ ဧပြီ ၂၃ ရက်နေ့လည်ပိုင်းက စစ်တပ်က ဖမ်းဆီးဖို့လူလာရှာရင်း ၀င်ရောက် ပစ်ခတ်တာတွေ လုပ်ခဲ့တဲ့အတွက် ကျေးရွာသား ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးစိုးရိမ်ရတယ်လို့ ရွာသား ၁ ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကားနဲ့လာတာ ၂ စီးပေါ့ဗျာ။ သေးသေးလေးတွေ အဲ့ကားတွေရောက်တော့မှာ။ ရေကြောင်းက ဆက်လာတာ စစ်သားတွေက ၆၀ ကျော် ၇၀ ကျော်လောက်ရှိတယ်။ ကျွန်တော်တို့ရွာက မြောက်ဖျားက ကစားဝိုင်းရှိတယ်။ အဲ့ကစားဝိုင်းကို၀င်ပစ်တယ်။ အဲ့မှာ ထိခိုက်တာ ၃ ယောက်ရှိတယ်။ ၃ ယောက်ထိပြီးတော့ ရွာထဲ၀င်ပြီးတော့ မေးမြန်းတာတွေလုပ်တယ်။ လူ ၂ ယောက် ဖမ်းစရာရှိတယ်။ မဆိုင်တဲ့သူမလုပ်ဘူးဆိုပြီး သူတို့က အဲ့လိုပြောပြီး ကျွန်တော်တို့ရွာထဲက လူတယောက်က သိုးပျောက်လို့ ခြံထဲက သိုးထွက်လို့ဆိုပြီး သိုးသယ်တာ အဲ့လူကို ပစ်လိုက်တာ အဲ့လူကတော့ စိုးရိမ်ရမယ့် သဘောရှိတယ်ခင်ဗျ။ အားလုံး ၅ ယောက် ပခုံးမှာ မှန်တာက ၂ ယောက် နားရွက်ရှပ်မှန်ပြီး လက်မှန်တာက ၁ ယောက် ခြေသလုံးမှာမှန်တာက တယောက် အခုရွာထဲမှာ သိုးသယ်တဲ့သူက စိုးရိမ်ရတယ်ဆိုပေမယ့် သူကဘယ်လိုမှန်တယ်တော့မသိဘူး။ အခုမှပစ်လိုက်တာ။ ရွာက ဘယ်လိုမှခုခံလို့မရဘူး။ ခုခံစရာလက်နက်မှမရှိတာ။ ဘတ်ဂွလောက် ရှိတယ်ဆိုတော့ အကုန်လုံးရှောင်ကြ ရတာပေါ့။”

ပြီးခဲ့တဲ့ ၁၉ ရက်ကစပြီး ၂ ဖက်အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီမြို့ ကြားက ကျေးရွာမှာ စစ်တပ်က မနေ့ ဧပြီ ၂၂ ရက် ညပိုင်းမှာ ရွာသားတွေကို ဖမ်းဆီးပြီး ၁ ဦးကို ပစ်သတ်သွားတယ်လို့ ကနီမြို့ခံတဦးက ပြောပါတယ်။

“ယင်းမာပင်မြို့နယ် တိုင်းတရစ်ကျေးရွာမှာ မနေ့က စစ်ကောင်စီ တပ်ဖွဲ့တွေက ကပိုင်ကြီးကုန်းမှာ တော်လှန် တိုက်ပွဲ၀င်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ၃ ယောက်ကို ဖမ်းဆီးသွားတယ်။ တယောက်ကို ဖမ်းဆီးတဲ့ နေရာမှာ ပစ်သတ်ပြီးတော့ အလောင်းကို သူတို့ယူသွားတယ်။ လက်ရှိကျေးရွာမှာ ရှိတဲ့သူတွေက လုံး၀ စစ်ဘေးရှောင် နေရတဲ့ အနေအထားရှိတယ်။ လတ်တလော အဲ့ကောင်တွေက ၃ ယောက်နဲ့အတူ အခြား သူတို မသင်္ကာတဲ့သူ တွေ့တဲ့သူတွေကို သူတို့ဖမ်းဆီးခေါ်ဆောင်သွားတာက ၁၂ ယောက်လို့ သိရပါတယ်။”

ဧပြီ ၁၉ ရက်က မုံရွာ ယာကြီး ကလေး၀လမ်းပိုင်းက ဆက်သွယ်ရေး တာဝါတိုင်မှာ စောင့်နေတဲ့ စစ်သား ၅ ဦးကို ဒေသခံတွေကဘက်က ပစ်ခတ်ရာမှာ စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးထွက်ပြေးခဲ့ရပြီး နောက်ရက် ဧပြီ ၂၀ ရက်မှာတော့ ၂ ဖက်အပြန်အလှန် ပစ်ခတ်တာတွေ ပြုလုပ်ပြီး ကျေးရွာသားတွေဘက်က ၁၀ ဦးထက် မနည်း သေဆုံးခဲ့သလို စစ်တပ်ဘက်က ၃၀ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးဒဏ်ရာ ရတဲ့ စာရင်းကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

အခုလို ဖမ်းဆီးတာတွေ ပြုလုပ်နေသလိုပဲ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မြတောင် ၊ ဘုရားကြီး ၊ မစိုးရိမ်တိုက်ဟောင်း ၊ ဝိသုဓ္ဓါရုံ စတဲ့ ကျောင်းတိုက်တွေကို ၀င်ရောက်စီးနင်း ရှာဖွေတာတွေ ပြုလုပ်နေတာပါ။ မန္တလေးမှာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ သံဃာတော်တွေပါ၀င်တဲ့ သံဃာသဂ္ဂက သပိတ်စစ်ကြောင်းဟာ နေ့စဉ်မပျက် စစ်ကောင်စီ ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်နေတာပါ။ အခုလို ဘုန်းကြီးကျောင်းတွေကို ၀င်ရောက်ရှာဖွေတာတွေ လုပ်နေပေမယ့် စစ်ကောင်စီ ဆန့်ကျင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သံဃာသမဂ္ဂ သပိတ်စစ်ကြောင်းက ဦးဆောင်ဆရာတော် တပါးက ဗွီအိုအေကို အခုလိုမိန့်ပါတယ်။

“ကျောင်းတိုက်တွေထဲ၀င်စီးတယ် ဘာညာဆိုတာက သတ်သတ် အကြောင်းပြချက်မရှိဘဲ နွေဦးတော်လှန်ရေးမှာ လှုပ်ရှားမှုအားကောင်းတဲ့ ကျောင်းတိုက်တွေကို ၀င်စီးတယ်ဆိုမှတော့ ဒီသံဃာတွေကို ချိန်းခြောက်တယ်ပေါ့။ သံဃာတွေကို ချိန်းခြောက်တယ်လို့ ဦးဇင်းက အဲ့လိုယူဆတယ်။ ဒါကအခုမှရယ်လို့ မဟုတ်ဘူး။ ဦးဇင်းတို့ ၂၀၀၇ တုန်းကလည်း သံဃာတွေ ဘုန်းကြီး ကျောင်းတိုက်တွေကို သူတို့၀င်ပြီး စီးခဲ့တယ်။ ရိုက်နှက် ဖမ်းဆီးတာမျိုးတွေ လုပ်ခဲ့တယ်ပေါ့နော်။ အဲ့ဒီလို လုပ်ခဲ့ပေမယ့်လည်း ဦးဇင်းတို့ ဒီသံဃာ စစ်ကြောင်းတွေကတော့ ရပ်တန့်သွားတာမျိုးမရှိဘူး။ ရတဲ့နည်းနဲ့မှ ဦးဇင်းတို့က ဆက်ပြီး လှုပ်ရှားမှုတွေဆက်ပြီး လုပ်နေတာ။ ၀င်စီးတယ်ဆိုတာ သံဃာတွေက ညပိုင်းမှာ ဖယောင်းတိုင်မီးတွေ ထွန်းပြီးတော့မှ ဆုတောင်းပွဲ တွေလုပ်ကြတယ်ပေါ့နော် ပရိတ်ရွတ်တယ်။ ဆုတောင်းပွဲတွေလုပ်တယ်။ ဒီလို ပရိတ်ရွတ်တာကိုပဲ စစ်ကောင်စီ အကြမ်းဖက်သမားတွေကတော့ သူတို့ကို ဆန့်ကျင်တယ်ဆိုပြီးတော့မှ ကျောင်းတိုက်တွေကို ၀င်စီးကြတာ။ သူတို့ ဘယ်လိုပဲ ကျောင်းတိုက်တွေမှာ အကြမ်းဖက်တာမျိုးလုပ်လုပ် ချိန်းခြောက်တာမျိုးတွေ ရှိနေပါစေ ဦးဇင်းတို့ဘက်ကတော့ လုပ်စရာရှိတာတွေ ဆက်ပြီး လုပ်သွားမယ်လို့ ဦးဇင်းက အဲ့လိုပဲပြောချင်တယ်။”

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်တာကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ သေဆုံးသူ ၇၀၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ ၃၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားပါတယ်။

အခုလို ပစ်ခတ်တာကြောင့် သေဆုံးတာတွေရှိသလို ဖမ်းဆီးတာတွေရှိနေပေမယ့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ သပိတ်တွေဟာ မြန်မာနိုင်ငံတဝှမ်းလုံးမှာ ဆန့်ကျင် ဆန္ဒထုတ်ဖော်နေကြပါတယ်။


Burmese Update News

Source
https://www.facebook.com/351574300169/posts/10159090736305170/
.......................................................

မနက်ဖြန် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှာ မြန်မာ့အရေးအတွက် အာဆီယံအထူးထိပ်သီးအစည်းအဝေး (Special ASEAN Summit) ကို အင်ဒို...
23/04/2021

မနက်ဖြန် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှာ မြန်မာ့အရေးအတွက် အာဆီယံအထူးထိပ်သီးအစည်းအဝေး (Special ASEAN Summit) ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာကျင်းပတော့မှာပဲဖြစ်ပါတယ်။

အာဆီယံအကြီးအကဲတွေအစည်းအ​ဝေးပြုလုပ်တဲ့နေ့ရက်မှာပဲ အဆိုပါ Special ASEAN Summit နဲ့ပုံစံတူ Model ASEAN Summit မှာ လူငယ်ကိုယ်စားလှယ်အသီးသီးက မြန်မာအရေးကို တစ်ပြိုင်နက်ဆွေးနွေးသွားမှာပါ။

Model ASEAN Summit မှာ အာဆီယံနိုင်ငံ ၁ဝ နိုင်ငံမှ လူငယ်ကိုယ်စားလှယ်တစ်ဦးစီပါဝင်မှာဖြစ်ပြီးတော့၊ ထူးခြားတဲ့ဝိသေသလက္ခဏာတစ်ခုက
ဂျာကာတာမှပြုလုပ်မယ့်အစည်းအဝေးမှာ စစ်ကောင်စီကိုသာဖိတ်ကြားထားပေမယ့်၊ လူငယ်တွေဦးဆောင်တဲ့ Model ASEAN Summit မှာတော့ စစ်ကောင်စီအပြင် အမျိုးသားညီညွတ်ရေးအစိုးရကိုကိုယ်စားပြုသရုပ်ပြမယ့်လူငယ်ကိုယ်စားလှယ်ကိုပါထည့်သွင်းထားတာဖြစ်ပါတယ်။
ဒါကြောင့် Model ASEAN Summit မှာ စုစုပေါင်းလူငယ်ကိုယ်စားလှယ် ၁၁ ဦးက
မျက်မှောက်အာဆီယံအနေနဲ့ကျင့်သုံးသင့်တဲ့ ထိပ်သီးအစည်းအဝေးပုံစံကို ပုံဖော်သွားမှာဖြစ်ပါတယ်။

Model ASEAN Summit ရဲ့ပင်မရည်ရွယ်ချက်နဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ -

(က) အာဆီယံလူငယ်တွေရဲ့အသံတွေပဲ့တင်နေမယ့် မြန်မာ့အရေးအခင်းအပေါ်ကိုင်တွယ်နည်းများကို အဆိုပြုရန်၊

(ခ) စစ်အုပ်စုအပေါ်တင်းကျပ်တဲ့အရေးယူမှုအစီအမံတွေကိုပြုလုပ်နိုင်အောင် ပါတီစုံ/အဖဲွ့အစည်းစုံဆွေးနွေးမှုတွေကိုအားပေးရန်၊

(ဂ) အာဆီယံရဲ့ကြားဝင်မစွက်ဖက်ရေးမူကိုပြန်လည်သုံးသပ်ရန်၊

(ဃ) ​ဒေသတွင်းပေါင်းစည်းညီညွတ်ရေး​အတွက် လူငယ်များရဲ့ပါဝင်မှုနှုန်းကိုမြှင့်တင်ရန်၊

(င) အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် ASEAN Peace Corps တည်ထောင်ရန် (သို့မဟုတ်) ASEAN Our Eyes Initiative အားတိုးချဲ့ရန် တို့ဖြစ်ပါတယ်။

Model ASEAN Summit ရဲ့အပြီးသတ်ရလဒ်ကတော့ - အာဆီယံနိုင်ငံကိုယ်စားပြုလူငယ်များရဲ့ အစည်းအဝေးကြေညာစာတမ်းပဲဖြစ်ပါတယ်။ အဆိုပါကြေညာစာတမ်းကတော့ အာဆီယံအသိုက်အဝန်းကို ပြန်လည်တည်ဆောက်ရေး၊ ပြုပြင်ပြောင်းလဲရေးတို့ကို ရှေးရှုသွားမှာဖြစ်ပြီး၊ အနာဂတ်မျိုးဆက်တွေကြုံတွေ့နိုင်မယ့်စိန်ခေါ်မှုတွေအတွက် ချဲ့ထွင်ရှင်းလင်းသွားမယ့် စင်္ကြန်တစ်ခုအဖြစ်ကျန်ရစ်သွားမှာဖြစ်ပါတယ်။

Model ASEAN Summit ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့၊ ဂျာကာတာစံတော်ချိန် မနက် ၁၀း၀၀ ကနေ ညနေ ၄း၀၀ အထိကျင်းပုပပြုလုပ်သွားမှာဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနားနဲ့ လူငယ်ကိုယ်စားလှယ်များရဲ့အဖွင့်မိန့်ခွန်းများကို You-Tube နဲ့ Facebook စာမျက်နှာတွေကနေတိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

အစည်းအဝေးကိုတော့ တံခါးပိတ်ဆွေးနွေးသွားမှာဖြစ်ပြီး၊ ကြေညာစာတမ်းကို Twitter နဲ့ Facebook စာမျက်နှာများမှာ ထုတ်ပြန်ဖော်ပြသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းသွေးချောင်းစီးနေမှုအတွက် အာဆီယံအနေနဲ့ တာဝန်ရှိတဲ့အလျောက် ဒေသတွင်းအိမ်နီးချင်းကောင်းပီသမှုကို ပြသမှဖြစ်ပါတော့မယ်။ ဒီအတွက် Model ASEAN Summit ကနေ အာဆီယံရပ်ဝန်းအတွက် အရွေ့တစ်ခု​​ဖြစ်နိုင်ဖို့ ရည်ရွယ်ပါတယ်။



Burmese Update News

Source https://m.facebook.com/story.php?story_fbid=271221824702452&id=107588537732449

တမူး၌ ရပ်ကွက်ကင်းစောင့်လူငယ်ကို ဓားနှင့်မွှန်း၊ အရိုးကျိုး သည်အထိ ရိုက်နှက်အိန္ဒိယ- မြန်မာ နယ်စပ်မြို့ဖြစ်သည့် တမူးမြို့...
23/04/2021

တမူး၌ ရပ်ကွက်ကင်းစောင့်လူငယ်ကို ဓားနှင့်မွှန်း၊ အရိုးကျိုး သည်အထိ ရိုက်နှက်

အိန္ဒိယ- မြန်မာ နယ်စပ်မြို့ဖြစ်သည့် တမူးမြို့တွင် ရပ်ကွက် လုံခြုံရေးအတွက် ညဘက်ကင်းစောင့်ပေးသူ အပါအဝင် လူငယ် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ရာ တဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း ဒေသခံများထံက သိရသည်။

စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေသည့် လူငယ်မှာ တမူးမြို့တွင် ရပ်ကွက်လုံခြုံရေး ပြုလုပ်နေသူ ဖြစ်ပြီး ၎င်းအား စစ်ကောင်စီ က နောက်ယောက်ခံလိုက်ကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက် ဝေါ်ကီတော်ကီ ၄ လုံးအား တွေ့ရှိရသဖြင့် လက်အရိုးကျိုးပြီး ထွက်လာသည်အထိ ရိုက်နှက်နှိပ်စက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆို သည်။

တမူးဒေသခံ ၁ ဦးက “မနေ့က ၃ ယောက် ပါသွားတယ်။ ၁ ယောက်ကတော့ အခြေအနေ တော်တော်ဆိုးတယ်။ ရိုက်ထား တာ အရိုးတွေပါ ထွက်တဲ့အထိ ရိုက်တယ်။ နှိပ်စက်တာကို ပြည်သူတွေက မကြည့်ရက်လို့ မလုပ်ကြပါနဲ့ ဆိုတာကို ချောင်း ထဲခေါ်ပြီး ခန္ဓာကိုယ်ကို ဓားနဲ့လည်း မွှန်းသေးတယ်။ ရဲစခန်းကို မခေါ်သွားခင်မှာ လုပ်တာ” ဟု ပြောသည်။

ထိုကဲ့သို့ ပြင်းထန်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် လူငယ်ကို ဆေးကုသခွင့်လည်း မပေးသည့်အပြင် မိသားစုနှင့်ပါ တွေ့ခွင့် မရသေးကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်က ဖမ်းဆီးခံရသည့် ၃ ဦး အပါအဝင် တမူးမြို့တွင် ဖမ်းဆီးခံရသည့် လူငယ်၂၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ဖမ်းခံရတဲ့လူတွေလည်း ၁ ယောက်မှ မလွတ်သေးဘူး။ ထမင်းချိုင့် ပို့တာ၊ ရေပို့တာလည်း လက်မခံတော့ ဘူး။ အိန္ဒိယဆင်းမ်ကဒ်ကို ဖုန်းထဲမှာ တွေ့ရင်လည်း ဖမ်းတာပဲ။ မြို့ထဲကို မီးသွေး သွားပို့တဲ့ ကလေးကိုလည်း ဖမ်းသွား တာ ရှိတယ်။ အများစုက လူငယ်တွေ” ဟု ဒေသခံ ၁ ဦးက ပြောသည်။

တမူးမြို့ သပိတ်စခန်းတွေကို ဖြိုခွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေကို ဒေသခံတွေက ပြန်လည်တိုက်ခိုက်ရာ မှာ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တဲ့အတွက် သင်္ကြန်အကြိုနေ့မှာပဲ အင်အားသုံးကာ တမူးဒေသခံတွေကို တိုက်ခိုက်ခဲ့သဖြင့် ပြည်သူများ သေဆုံးမှု ရှိသလို ဖမ်းဆီးခံရမှုများလည်း ရှိကာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိခဲ့သည်။

ဖောဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၂ ရက်အထိ စစ်ကောင်စီ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇၃၉ ဦး ရှိပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၃,၃၇၀ ဦး ရှိကာ ဖမ်းဝရမ်း ထုတ်ခံရ၍ တိမ်းရှောင်နေသူ ၁,၀၉၉ ဦး ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။

 #ဗဟန်း 8:15 PM❗️ ငွေလရောင်လမ်းထဲမာ ခွေးတွေ  လေးဂွနဲ့ ဝင်ပစ်နေပါပြီ အင်အား (၂၀) လောက် ရှိပါတယ် #တာမွေဗညားဒလလမ်းပေါ်သီတာလ...
23/04/2021

#ဗဟန်း 8:15 PM

❗️ ငွေလရောင်လမ်းထဲမာ ခွေးတွေ လေးဂွနဲ့ ဝင်ပစ်နေပါပြီ အင်အား (၂၀) လောက် ရှိပါတယ်

#တာမွေ
ဗညားဒလလမ်းပေါ်သီတာလမ်းထိပ်နဲ့၁၄၅လမ်းထိပ်မှာ🐕‍ ကားကြီးတစ်စီးခုချိန်ထိစောင့်နေပါတယ် ညနေ
၅နာရီထဲကပါတဲ့ သံပုံးတီးချိန်စောင့်တာလားထင်ရတယ်
Update- သတိပဌာန်ထိပ်ကျားကွက်သစ်နဲ့အာသောကထောင့်
ကား၁စီးညနေထဲကရပ်ထားပါသေးတယ်
၈နာရီသံပုံတီးရင်ဂရုစိုက်ကြပါ။

#မြောက်ဥက္ကလာ

လှိုင်က တပ်ဆုတ်သွားတဲ့စစ်ကားတွေ ဒီနေ့ ဆေး ၂ ထဲရောက်လာတယ်လို့ယူဆရပါတယ်
ဆေး ၂ မှာ အရင်ကထက် အင်အားပိုများလာပါတယ်။

#အလုံ❗
စက်တွင်းလမ်းအိမ်တွေကိုဓာတ်မီးနဲ့လိုက်ထိုးနေပါတယ်လမ်းလျှောက်ဝင်နေပီ(8:00)
Edit-Mr. Kaung လက်ဖက်ရည်ဆိုင်က လူတွေကိုခေါ်ထုတ်နေပါတယ်❗(8;15)

#မြောက်ဒဂုံ အသံဗုံးဖောက်နေပါတယ် ဘယ်ကလဲတော့အတိကျမသိလို့ပါ သိရင်ထပ်ဖြည့်ပါမယ်8:25pm. ❗မြောက်ဒဂုံဆိုင်ကယ်တွေနဲ့ကင်းလှည့်နေ ❗ဘုရင်နောင်လမ်းမပေါ်၄ချက်ရှိပြီတဲ့ ❗ထပ်ပစ်နေပါပြီ9:15pm 2ချက်

#လှိုင်
သီရိမြိုင် ၃ လမ်း မှာသံဗုံးတီးလို့ ဝင်ဖမ်းနေပါတယ်တဲ့လက်ရှိ ၂ ယောက်ပါသွားပါပြီ ‼‼
အခုထိလည်းလမ်းတွေထဲပတ်နေပါတယ်တဲ့

8:25pm

#လှည်းတန်း
၇ လမ်းထိပ်နဲ့ ပေ ၅၀ လမ်းထဲမှာ အခု

အကျီအစိမ်းနဲ့ ယောကျားလေးတစ်ယာက်ကိုဖမ်းသွားပါတယ်

အိမ်တွေ ကားတွေကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ပြီး သောင်းကျန်းနေပါတယ်
တိုက်တွေပေါ်ကို ဓာတ်မီးနဲ့ထိုးပြီး အပေါ်ကို ခဲတွေနဲ့ပစ်နေတာပါ မှန်တွေပါကွဲကုန်ပါတယ်
ဝရန်တာထွက်ကြည့်တာတောင် အောက်ကနေအတင်း အော်ဆဲပြီး ပစ်နေတယ်လို့သိရ

#အင်းစိန် တံတားဖြူ ဂျပန်လမ်းမှာပစ်သံတွေကြားနေရပါတယ်ဟုသတင်းရရှိ
8:45 PM
April 23

#သင်္ဃန်းကျွန်း
ငြိမ်းချမ်းအောင် ဆိုတဲ့နာမည်နဲ့ရှာနေပါတယ်
သင်္ဃန်းကျွန်း သုမန ၁ လမ်းမှာလာရှာနေပါတယ်
၉နာရီ၂၀

#စမ်းချောင်း
တရုတ်ကျောင်းလမ်း
တိုက်အမှတ် ၁၃ကို သံပုံးတီးလို့ဝင်ဆွဲနေကြပါတယ်
ပစ်လဲပစ်နေတယ်
8:49
Edit-အင်အား၂၀ခန့် ဂန္ဓမာလမ်းထဲဝင်လာတယ်ပြောပါတယ်
Edit-ဗဟိုလမ်းဘက်တက်သွားတယ်ပြောပါတယ်
Edit-တစ်ယောက်မှမပါသွားဘူးလို့ဖုန်းဆက်ပါတယ်
Edit-ထ၄ကျောင်းနားမှာကောင်လေးတစ်ယောက်ကိုဖမ်းသွားပါတယ်
Edit-သမိုင်း ၁ရပ်ကွက် ရွှေထီးအိမ်ယာ နားမှာ ၈:၅၀လောက်က လက်လုပ်ဗုံးပေါက်တာလို့သိရပါတယ်

Credit

အဖမ်းခံရတဲ့ မိန်းကလေးတချို့ကို ရွှေပြည်သာစစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်===============================...
23/04/2021

အဖမ်းခံရတဲ့ မိန်းကလေးတချို့ကို ရွှေပြည်သာစစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်
=================================
(RFA သတင်းဗီဒီယိုမှ ပြန်လည်ကူးယူတင်ပြသည်)

RFA- ဒီနေ့မနက်ပဲ ညီမကို ရဲစခန်းကဖုန်းဆက်သေးတယ်ဆို။ဘာပြောလဲသူတို့ ညီမကို။

ဖြေ- ဟုတ်၊ ညီမကို ဒီအခုမနက် ၁၀:၃၇ လောက်ကပဲဖုန်းဆက်တာပါရှင့်။ စခန်းက စာရေးအသံနဲ့ပဲ ညီမကိုစစ်တုန်းကကြားတဲ့ စာရေးအသံနဲ့ပဲဖုန်းခေါ်လာတာ။ အစ်ကိုတို့ကတဲ့ ၂၄ စမ်းချောင်းရဲစခန်းကပါတဲ့။ ညီမရဲ့ စာရွက်တစ်ရွက်မှာတဲ့ ညီမလက်မှတ်ထိုးဖို့ တစ်ရွက်လိုသွားတယ်တဲ့ ။ အဲ့ဒါ ၂၄ ရဲစခန်းကို အမြန်ဆုံးလာပြီး လက်မှတ်လာထိုးပေးပါတဲ့။ အဲ့ဒါနဲ့ အသဲ(နာမ်စားသုံး)က ပြောလိုက်တယ်။ ညီမအခု ဒလဘက်ကိုရောက်နေတယ်၊ လာဖို့မဖြစ်နိုင်ဘူးလို့။ လာဖို့မဖြစ်နိုင်လည်း ကြိုးစားပြီးတော့ မနက်ဖြန်အရောက်လာခဲ့ပေးပါတဲ့။ ညီမလည်း ဟုတ်ကဲ့ဆိုပြီး ဖုန်းချလိုက်တယ်။ ပြီးတော့ သူတို့ကထပ်ပြီးတော့ ပြောတယ်။ မချခင်မှာ သူတို့ကပြောလိုက်တယ် အဲ့ဒီညီမဒီနေ့လာဖို့ အဆင်မပြေလို့ရှိရင်လည်းတဲ့ ညီမနေတဲ့လိပ်စာကိုပြောပါတဲ့ အစ်ကိုတို့စာရွက်ယူပြီးလာခဲ့ပါမယ်တဲ့၊အချိန်မီပို့ရမှာမို့ပါတဲ့ ။ အဲ့ဒါနဲ့ ညီမကတော့ဖုန်းချလိုက်တယ်။

ဒါပေမဲ့ ညီမပြောပြမယ် အစ်မ၊ အဲ့ဒီစခန်းမှာရောက်ရောက်ချင်းတုန်းက စစ်ချက်တွေရော ဘာတွေရော တောက်လျှောက်လက်မှတ်တွေထိုးခဲ့ရတာ အစောင်၂၀လောက်ရှိတယ် စစရောက်ချင်း။ ပြန်ခါနီးကျတော့လည်း ခံဝန်ထိုးတယ်ဆိုပြီး မိတ္တူစာရွက်တွေရော စာအုပ်တွေရော လက်ရေးနဲ့စာအုပ်တွေမှာရောထိုးခဲ့ရတယ်။ တကယ်အများကြီးပဲ ဆယ်ကြိမ်ကျော်တယ်။ စစ်ကြောရေးထဲမှာလည်း သူတို့လက်ရေးနဲ့ရေးတဲ့ A4စာရွက်တွေတိုင်းမှာ တစ်မျက်နှာချင်းစီတိုင်းမှာ လက်မှတ်တွေထိုးခဲ့တာ အများကြီးပဲ။ သူတို့ခေါ်လို့လည်း ဘာမှသိပ်မဖြစ်ပါဘူး၊ ဒီတိုင်းရှောင်နေလိုက်ရင်တော့လည်း ရပါတယ်။ သူတို့အတိအကျကြီးလိုက်မဖမ်းနိုင်ဘူးလို့ ထင်ပေမဲ့ ညီမအမေက အခု အင်းစိန်ထဲ မှာ ရှိနေတာလေ။ အကယ်လို့ သူတို့ကတစ်ခုခုသိသွားရင် ညီမအမေကို ဓါးစာခံအဖြစ်ပြန်သုံးရင် ဘယ်လိုလုပ်မလဲ ။ (ငိုသံစွက်)

RFA - ညီမအမေနဲ့ညီမက အတူတူအဖမ်းခံရတာပေါ့နော်။ အထဲမှာတုန်းကရော တူတူထားလား၊ စစ်ကြောရေးမှာရော ဘယ်လိုကြုံခဲ့ရလဲ
ဖြေ- ဟုတ် စစ်ကြောရေးမှာတော့ တူတူထားတယ်၊ ညီမပါသွားတဲ့နေ့ကနေ့စပြီးတော့ ပြောပြမယ်နော် အစ်မ။ ညီမ ၁၄ ရက်နေ့ကစပြီးပါသွားတာ၊ အဲ့၁၄ရက်နေ့တုန်းက မနက်က မုန့်လုံးရေပေါ်သပိတ်လုပ်တယ်။ ၁၈လမ်းစျေးထဲမှာလုပ်တာ။ မုန့်လုံးရေပေါ်သပိတ်လုပ်ပြီး အိမ်ပြန်လာပြီး ပုံတွေဘာတွေတင်ပြီး ခဏနားတယ်။ နောက်ဆေးသပိတ်လုပ်ဖို့ ညီမတို့ထွက်လာတယ်။ ညီမရဲ့ဖုန်းထဲမှာက ဘာဒေတာမှမရှိဘူး။ ဆန္ဒပြခဲ့ဖူးတဲ့ပုံတွေ တစ်ပုံနှစ်ပုံလောက်ရှိပေမဲ့ ရသလောက် အကုန်ဖျက်ထားတယ်။ အဲ့မနက်က မုန့်လုံးရေပေါ်သပိတ်ဟာပဲရှိတယ်။ နှစ်ယောက်အတူလျှောက်လာတဲ့အခါမှာ ဗားကရာချောက်အကျော်နား ငါးထပ်ကြီး ဘုရားမရောက်ခင်နားမှာ စစ်ကားတစ်စီးက ထိုးရပ်ပြီး ညီမတို့ကိုဆွဲတင်တယ်။ ဆွဲတင်တော့ ဆန္ဒမပြပါဘူး အဲ့လို ပြောတဲ့အချိန်မှာ ညီမတို့လက်ထဲက ပစ္စည်းတွေ ၊ ဖုန်းကိုဖျောက်ဖို့ အချိန်မရတော့ဘူး။ သူက ရောက်တာနဲ့ ချက်ချင်းဖုန်းပေးဆိုပြီး ယူသွားတာ။ ယူသွားပြီး အဲ့လမ်းတစ်ဝက်ရောက်တော့ အနောက်ကိုပြန်ကွေ့တာ။ အဲ့ဒီဗားကရာကြီးချောက်အကျော်နားလည်းရောက်ရော စလွန်းကားတစ်စီး ရဲကားစလွန်းကားတစ်စီး ရောက်လာပြီး စမ်းချောင်း ၂၄ နယ်မြေရဲစခန်းက ရဲတဲ့။ သူတို့ရောက်လာပြီး အဲ့နားကိုပြန်သွားပြီးတော့ ဆေးဘူးတွေနဲ့ ဓါတ်ပုံရိုက်တယ်၊ ရိုက်ပြီးတော့ ညီမတို့ စမ်းချောင်း၂၄ ရဲစခန်းကိုခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ညီမအမေရဲ့ ဖုန်းထဲမှာ အဲ့ဒီ၄ရက်နေ့ကစပြီးတော့ ပုံတွေ၊ သူမိုက်ကိုင်ပြီးအော်တဲ့ဟာတွေ၊ သူများပို့ပေးတာတွေရော၊ သူ့ဟာသူရိုက်တာတွေရော၊ သူ့ဖုန်းထဲမှာ ဒေတာတွေအကုန်ရှိနေတယ်။ ဘာဆိုဘာတစ်ခုမှ မဖျက်ထားဘူး။
ပြီးတော့ စမ်းချောင်း၂၄ရဲစခန်းက ရဲတွေကလည်း သူတို့ ညီမအမေက စမ်းချောင်းဗဟိုလမ်းသပိတ် မအူပင်လမ်းရဲ့ ရှေ့ဆုံးမှာ အမြဲတမ်းရဲတွေကိုသွားစနေကြကွာ။ ထမီတန်းတွေရော တစ်ထောင်ဖိုးသုံးထည်.. အဲ့ဒီဗီဒီယိုဖိုင်တွေကအစ သူတို့ဆီမှာရှိတယ်။ ရှိတော့ နင့်ကိုငါစမ်းချောင်းသပိတ်တွေမှာ အမြဲမြင်ဖူးတယ်တဲ့။ နင်ပဲလှုံ့ဆော်သူတဲ့၊ အဲ့မှာဖော်စမ်းတဲ့ မမော်ဆိုတာဘယ်သူလဲ၊ နင့်ကိုအမြဲထောက်ပံ့တာဘယ်သူလဲ၊ CDM ကပိုက်ဆံတွေဘယ်ကရလဲ၊ personal ကိစ္စတွေရော ၊ နင်အမွေရတာဒီလောက်ထိမသုံးနိုင်ဘူး၊ နင့်ကိုထောက်ပံ့တဲ့သူ ရှိကိုရှိရမယ်ဆိုပြီး ညီမအမေကို ခြောက်ယောက်လောက်ဝိုင်းစစ်နေကြတာ ဟိုဘက်အခန်းမှာ။

ညီမကိုကျတော့ ဒီဘက်အခန်းမှာ ဒီကွန်ပျူတာစာစီတဲ့သူတစ်ယောက်ပဲရှိတယ်။ ဘာမှညီမကိုမမေးဘူး။ ဘာဆိုဘာမှမမေးဘူး။ နောက်လည်းကျရော နှစ်ပွင့်နဲ့တစ်ယောက်က ဝင်လာပြီး သူ့ကိုဘာမှစစ်မနေနဲ့ သူ့အမေလုပ်သမျှ သူလည်းပါမှာပဲ တဲ့။ အကုန်လုံးသာချပြီးထည့်ရေးထားလိုက်၊ ပြီးရင်သူ့ကို စစ်ကြောရေးထဲထည့်မယ်ဆိုပြီး အဲ့ဒီလိုပြောတယ်။ အဲ့ဒါနဲ့ ညီမအသက်ကိုမေးတယ်၊ ညီမအဲ့ဒီတုန်းက အသက်မပြည့်သေးဘူးလို့ ၊ ၂၀၀၅ ဆိုပြီးပြောလိုက်တာ ၁၅ ပဲရှိသေးတယ်လို့။ အမှန်တကယ် ညီမ မွေးသက္ကရာဇ်က ၂၀၀၄ သုံးလပိုင်း ၁၀ရက်နေ့၊ ၁၇ ပြည့်ပြီးပြီ သုံးလပိုင်းက။ အဲ့လိုပြောလိုက်တော့ အသက်မပြည့်သေးဘူးဆိုပြီးတော့ ညီမအိမ်မှာကျန်ခဲ့တဲ့ ညီမဦးလေးကို ညီမတို့မသိတဲ့အချိန် ဖုန်းဆက်ပြီးတော့ မွေးစာရင်းယူခဲ့ပါ ကလေးကိုလာထုတ်ပေးလို့ရအောင်ဆိုပြီး ဖုန်းဆက်လိုက်တယ်။ အဲ့ဒီအချိန်မှာ ဦးလေးကလည်း မသိဘဲမွေးစာရင်းကိုယူလာပေးလိုက်တယ်။ အဲ့ဒီမှာမွေးစာရင်းကိုတွေ့တော့ ဒီမှာ ၂၀၀၄ လိုရေးထားတာ နင်ကလိမ်တယ်ဟုတ်လား ဆိုပြီး။ ညီမအမေကလည်း ၂၀၀၄ လား ၂၀၀၅လားမသိဘူး။ အဲ့ဒါ နင်ကပါအမေနဲ့ပေါင်းလိမ်ဟုတ်လားဆိုပြီးတော့ ၁၇ ပြည့်နေပြီ။ ၁၇ ပြည့်ရင် စစ်ကြောရေးထဲထည့်လို့ရတယ် သိလား။ ၁၈ ပြည့်ပါတယ်ဆိုပြီးလည်း ဖမ်းထည့်လိုက်လို့ရတယ်သိလားဆိုပြီး ပြောတယ်။

အဲ့ဒီနေ့ည ၁၄ည မှာ အချုပ်ထဲ တစ်ညသိပ်တယ်။ တစ်ညသိပ်ပြီး မနက်၁၀နာရီလောက်ကျရော သူတို့အချုပ်ကားနဲ့မဟုတ်ဘဲ စလွန်းကားကိုမှ ဘေးက ရဲမေတစ်ယောက်ရယ်၊ ရဲတစ်ယောက်ရယ်ကိုမှ ညီမတို့ကိုကြားညှပ်ပြီး ရွှေပြည်သာ စစ်ကြောရေးကိုပို့လိုက်တာ။ စခန်းမှာတုန်းက ညီမကို ထိုင်စစ်နေတဲ့အချိန်တုန်းက နှစ်ပွင့်တစ်ယောက်က ထိုင်စစ်နေတာ။ အဲ့ဒါကို ဘာမှမဟုတ်တဲ့ ဘာကြယ်မှလည်းမရှိတဲ့ ရဲဘော်တစ်ယောက်ကဝင်လာပြီး ညီမပခုံးကို ပုတ်တယ်။ ညီမပခုံးကိုပုတ်ပြီး အစ်ကိုကြီးက ကူညီပေးမယ်သိလားဆိုပြီး။ ညီမက ပထမတစ်ချက်ဆိုတော့ ဘာမှမပြောဘူးထားလိုက်သေးတယ် ပုံမှန်ပဲဆိုပြီး။ နောက်ကျတော့ နောက်ထပ်ပုတ်တော့ အဲ့ဒီလက်ကိုဖျတ်ရိုက်လိုက်ပြီး အသားကိုလုံးဝမထိနဲ့လို့ အခုချက်ချင်းရဲမေ ခေါ်ပေးလို့ ပြောလိုက်တာ။ အဲ့ဒီလိုပြောလိုက်တော့ သူက ခြောက်လုံးထည့်ရတဲ့ သေနတ်ကို စားပွဲခုံပေါ်ပစ်တင်လိုက်ပြီး နင့်ကိုငါ အခုချက်ချင်း သတ်လိုက်လို့ရတယ်သိလား ၊ ပြီးရင်အလောင်းဖျောက်လိုက်လို့ရတယ် ဘယ်သူမှတောင်သိလိုက်မှာမဟုတ်ဘူးဆိုပြီး ပြောတယ်။ ညီမ အဲ့ဒီအချိန်မှာ အရမ်းဒေါသဖြစ်နေတဲ့အချိန်ဆိုတော့ ပစ်လိုက်လေ ပစ်သတ်လိုက်လို့ ငါးခေါက်လောက် အကျယ်ကြီးအော်လိုက်တော့ အချုပ်ကားထဲကနေတောင်ကြားတယ်။ အဲ့ဒီလိုအော်လိုက်တော့ နှစ်ပွင့်ရဲက မင်းအခုချက်ချင်းထွက်သွားလိုက်တော့၊ သူကအသက်မပြည့်သေးဘူး ငါတို့အမှုပတ်နေမယ်ဆိုပြီးတော့ မောင်းထုတ်လိုက်တာ။ အဲ့ဒါကြောင့်လည်းပါတယ်။ မကျေနပ်လို့ စစ်ကြောရေးထဲကို ထည့်ပေးလိုက်တာ။

စစ်ကြောရေးမှာက အဆောင်လေးဆောင်ရှိတယ်။ဟောခန်းကြီးကိုမှ အဆောင်လေးဆောင် ၊ ဟောခန်းကြီးက အကျယ်ကြီးပဲ။ တစ်ခုနဲ့တစ်ခုကြားမှာ မြောင်းနဲ့ မြက်ပင်တွေခြားနေတယ်။ ပြတင်းပေါက်တွေကအများကြီးပဲ။ ပြတင်းပေါက်လှမ်းကြည့်ရင်တောင်မြင်ရတယ်။ ဒီဘက်ထောင့်ဆုံးကကျ ယောကျ်ားလေးအဆောင်၊ ဒီဘက်အလယ်ကကျမိန်းကလေးဆောင်၊ အဲ့ဒီမိန်းကလေးဆောင်ပြီးရင်ကျ နောက်တစ်ဆောင်က ညီမတို့ရှေ့မှာ တစ်နာရီခြားတစ်ခါ တပ်သားတွေ ဂျူတီချိန်းတယ်။ အဲ့ဒီအဆောင်တစ်ခုရှိတယ် အရှေ့မှာ။ စစ်သားတစ်ယောက် စောင့်တယ်။ တစ်နာရီခြားတစ်ခါဂျူတီချိန်းတယ် အဲ့ဒါကိုလည်း စောင့်တဲ့ စစ်သားတွေကပဲပြောတာ။ စစ်တဲ့သူတွေကတော့ လာစစ်လို့ ဆန္ဒပြတဲ့ အမှုလောက်ဆိုရင် ညီမတို့ အဆောင်ထဲထိဝင်လာပြီး အဆောင်မှာ ထိုင်ခုံနဲ့စားပွဲခုံချထားတာ ရှိတယ်။ အဲ့ဒီမှာ မျက်နှာချင်းဆိုင်ပြီးတော့ ဘာတွေလုပ်လဲ၊ဝန်ခံဆိုပြီးတော့ A4 စာရွက်မှာ လက်ရေးနဲ့ရေးပြီးတော့ တစ်ခုစီမေးတယ်။ မေးတာကလည်း ဖေဖော်ဝါရီ၄ရက်နေ့ကစပြီး ဘာတွေလုပ်လဲ၊ သပိတ်တွေက ၄ ရက်နေ့ကစတာ၊ ပြီးရင် CRPH နဲ့ပတ်သက်မှုရှိလား၊ CDM တွေကို support လုပ်ပေးဖူးလား ၊ CDM လုပ်တဲ့သူတွေနဲ့ရောပတ်သက်ဖူးလား အဲ့ဒီလိုတွေမေးတယ်။

ဒါပေမဲ့ကံကောင်းချင်တော့ ညီမအမေရဲ့ဖုန်းထဲမှာ ဆန္ဒပြတာတွေ၊ မိုက်နဲ့အော်တာတွေကလွဲရင် ဘာမှပါမလာဘူး။ CRPH တွေ CDM support တွေပါမလာဘူး၊ သူဆန္ဒပြတာတွေပဲပါလာတယ်။ သူ့ကိုစစ်တဲ့သူကလည်း အရမ်းဆိုးတဲ့အထဲမှာ မပါဘူး ။ စစ်ကြောရေးမှာ ရောက်နှင့်ပြီးသား အစ်မကြီးတွေကလည်းပြောပြတယ်။ သူတို့မေးလို့ရှိရင် အကုန်ဝန်ခံ ၊ မဟုတ်ဘူးလို့မပြောနဲ့ မသိဘူးလို့မပြောနဲ့ သူတို့ကိုဆရာလို့ပဲခေါ်၊ ကောင်းကောင်းမွန်မွန်ပဲပြော။ ကောင်းကောင်းမွန်မွန်မပြောလို့ရှိရင်တဲ့ သူတို့မျက်လုံးစည်းပြီးတော့ သီးသန့်ဆောင်ကို ခေါ်သွားလိမ့်မယ်တဲ့ လက်ထိပ်ခတ်ပြီးတော့။ ညီမတို့ မိန်းကလေးဆောင်ပြီးလို့ရှိရင် အဲ့ဒီမှာက တပ်သားတွေနေတဲ့အဆောင် စစ်တဲ့သူတွေက အဲ့ထဲမှာပဲနေတာ။ ဟိုဘက်မှာ အဆောင်တစ်ခုရှိတယ်။ သူတို့ကခေါ်ရင် မျက်လုံးစည်းပြီးခေါ်သွားတော့ အတိအကျတော့မသိဘူး။ ဒါပေမဲ့ အဲ့ဒီမှာ ဟောခန်းကြီးပဲရှိပြီးတော့ ယောကျ်ာလေးတွေဆို အဲ့ဒီအဆောင်ကို ခေါ်ပြီးတော့ရိုက်တာ အစ်မရယ်။

ယောကျ်ာလေးတွေက အဲ့ဒီအဆောင်ကို မျက်လုံးစည်းလက်ထိပ်ခတ် ခေါ်သွားရင် ဒီမိန်းကလေးအဆောင်ရှေ့က ဖြတ်ပြီးခေါ်သွားတာ။ ပြတင်းပေါက်က သုံးလေးခုလောက်ရှိတော့ အမြဲတမ်းလှမ်းမြင်ရတယ်။ တချို့ယောကျ်ားလေးတွေက ပြန်လာလို့ရှိရင် ခြေထောက်ကထောက်တောင် မထောက်နိုင်ဘူး ခွေကျနေတာ။ သူတို့အသေရိုက်တာ။ မျက်နှာတွေက ဖူးယောင်နေတာပဲ။ ဒါပေမဲ့ ယောကျ်ားလေးဆောင်နဲ့ မိန်းကလေးဆောင်ခွဲထားတော့ ယောကျ်ာလေးဘယ်သူရှိလဲမသိရဘူး။ ဖြတ်သွားတာလောက်ပဲတွေ့ရတာ။

မိန်းကလေးအဆောင်ထဲမှာကျတော့ ညီမပို့စ်ထဲမှာ speak out လုပ်ထားတဲ့ အစ်မကြီး၊ ညီမတို့က ၁၄ရက်နေ့က အချုပ်ထဲမှာ ၁၅ရက်နေ့စစ်ကြောရေးကို စရောက်တဲ့အချိန်မှာ အဲ့ဒီအစ်မကြီးတွေမရှိဘူး။ ၁၈ ရက်နေ့ည ၃ နာရီလောက်မှ ညီမတင်ထားတဲ့ ၁၉ နှစ် အစ်မကြီး

RFA- သူ့နာမည်လေးပြောပါလား ညီမ

ဖြေ- ညီမနာမည်တွေတော့ သူတို့တွေကနာမည်မပြောဘူး။ ခေါ်လို့ ရှိရင် ရန်ကင်းကပါလာတဲ့တစ်ယောက် အဲ့လို လက်ညှိုးထိုးပြီးခေါ်သွားတာ။ နာမည်တွေအတိအကျမမှတ်လိုက်မိဘူး။ ပိုဆိုးတာက အချိန်လည်းမရဘူး။ ညီမဆက်ပြောပြမယ်။ ၄နာရီလောက်မှာ အဲ့ဒီအစ်မရောက်လာတယ်။ ရောက်လာပြီးတော့ ငါးမိနစ်လောက်နေပြီးတာနဲ့ သူတို့က အဖေနာမည်တွေဘာတွေလာကောက်တယ်။ ကောက်ပြီးတော့ ရောက်နှင့်နေပြီးတဲ့သူနဲ့ အသစ်ရောက်လာတဲ့သူဆို သူတို့က ပေးစကားမပြောဘူး။ မင်းတို့သူကို့ စကားမပြောနဲ့ဆိုပြီး အဆောင်ရဲ့ထိပ်မှာ ထားထားတာ သက်သက်ကြီးထားတာ။ လုံးဝစကားပြောလို့မရဘူး။ ညီမတို့က သူလို့လွတ်တာနဲ့ အဲ့ဒီအစ်မကြီးကိုမှာတယ်။ ခေါင်းမမာနဲ့ သူတို့မေးတာဖြေ ၊ဆရာလို့ပဲခေါ်ဆိုပြီး လှမ်းပြောတယ်ကွာ။

အဲ့ဒီ ၁၉ နှစ်အစ်မကြီးကို အခန်းထဲမှာ ဒီအဆောင်ထဲမှာခေါ်စစ်တာ။ စစ်တဲ့အချိန်မှာ သူတို့က ပြောတယ် နင့်မှာကောင်လေးရှိလား၊သူတို့တွေက အဲ့ဒီလို personal ဟာတွေအရမ်းမေးတယ်။ အင်း ကောင်လေးတော့ရှိတယ်လို့သူကဖြေတယ်။ အဲ့ဒါဆိုနင့်ကောင်လေးက ဟိုဘက်ထဲမှာပါလာလားတဲ့ဆိုပြီး သူက ပါလာတယ်တဲ့ ယောကျ်ာလေးအဆောင်မှာပါလာတယ်တဲ့။ နင်က ၁၉ နှစ်နဲ့ရည်းစားတွေဘာတွေထားတယ်ပေါ့ နင့်မိဘတွေရောသိလားတဲ့အဲ့လိုမျိုးမေးတယ်။ မိဘတွေကတေ့ာ့မသိဘူးတဲ့ ။ ပြီးတော့ကွာ စစ်တဲ့လူကမေးလိုက်တာ အဲ့ဒီအစ်မကြီးရဲ့ လူမျိုးကိုမေးလိုက်တာ။ နင်ကဘာလူမျိုးလဲတဲ့။ အဲ့ဒီအစ်မကြီးက သူ့ကောင်လေးရဲ့လူမျိုးကိုမေးတယ်ထင်ပြီး Muslim တဲ့ ။ ဟင် နင်က Muslim လားတဲ့ ။ မဟုတ်ဘူး ညီမကောင်လေးကို မေးတယ်ထင်လို့တဲ့။ ပြီးတော့ အဲ့ဒီမှာစစ်တဲ့သူက အရမ်းဒေါသထွက်ပြီး နင်က Muslim နဲ့တွဲတယ်ဟုတ်လား၊ ကုလားမိန်းမဖြစ်ချင်နေတယ်ဆိုပြီးတော့ အဲ့ဒီအဆောင်ထဲမှာဆက်မစစ်တော့ဘဲ မျက်လုံးစည်းမယ်ဆိုပြီး အပြင်ကနှစ်ယောက်ကို လှမ်းခေါ်ပြီးတော့ မျက်လုံးစည်း လက်ထိပ်ခတ်ပြီး သီးသန့်ဆောင်ကိုခေါ်သွားရော။
ခေါ်သွားပြီး အကြာကြီးပဲ ၊ ည ၆နာရီခွဲ ၇နာရီမှပြန်ရောက်လာပြီးတော့ ညီမတို့စိတ်ပူပြီးတော့ ရိုက်သေးလား ဘာလုပ်သေးလဲဆိုတော့ ရိုက်တာတော့မရိုက်ဘူးတဲ့ ။ အဲ့ဒီသူ့ကောင်လေးလို့ပြောတဲ့ ယောက်ျားလေးအဆောင်က တစ်ယောက်ကိုကျတော့ အသေရိုက်တယ်တဲ့။ နာမည်က ကာဗီဆိုလား ဘာလားမသိဘူး။ အတိအကျတော့ ညီမကိုမပြောဘူး။ အဲ့ဒါအသေရိုက်နေတယ်တဲ့ ။ ညီမတို့က တကယ်တွဲနေတာ မဟုတ်ဘူး။ ဒီတိုင်းအတူမိတာတဲ့ သက်သာအောင်လို့ပြောထားတာတဲ့။ သူတို့လက်နက် တွေနဲ့မိတာဆိုတော့တဲ့ ရည်းစားတွေနဲ့ချိန်းတွေ့တာပါ၊ သူငယ်ချင်းတွေကိုပို့ထားတာပါဆိုတဲ့သဘောနဲ့ တဲ့။ တကယ်တွဲနေတာမဟုတ်ဘူး တိုင်ပင်ထားပြီးပြောတာတဲ့။

အဲ့ဒါနဲ့ပြီးရော အဲ့ဒီအစ်မကြီးကို ထမင်းတွေဘာတွေကျွေးပြီး ခဏနားတယ်။ ခဏလောက်လည်းကြာရော အသစ်ရောက်လာတဲ့ အစ်မနှစ်ယောက်။ စမ်းချောင်းက ညီအစ်မနှစ်ယောက် အသစ်ရောက်လာတယ်။ သူတို့ကကျတော့ Robert ဆိုတဲ့ ယောကျ်ားလေးထဲကတစ်ယောက်က ဖော်လိုက်လို့ သူတို့ကို တောင်ဥက္ကလာအိမ်အထိ သွားဆွဲလာတာ။ တစ်ယောက်က အသက်မပြည့်သေးဘူး။ ၁၇ ပဲ အသဲလို။ သူ့အစ်မကတော့ အသက်ပြည့်သွားပြီ။ သူတို့နှစ်ယောက် အသစ်ရောက်လာတော့ စစ်တဲ့သူတွေက သူ့အစ်မကိုစစ်တာ သုံးယောက်။ အရှေ့မှာပဲ စားပွဲနဲ့ထိုင်ပြီး သုံးယောက်စစ်တယ်။ ဒီဘက်က ညီမလေးကိုကျတော့ အဲ့ဒီစစ်တဲ့သူက နှစ်ယောက်စစ်တယ်။ အဲ့ဒီရခိုင်ကြီးဆိုတဲ့တစ်ယောက်ရယ် ၊ နောက်တစ်ယောက်ရယ်။ စစ်တဲ့အချိန်မှာ ညီမတို့က တိတ်ဆိတ်နေတယ်။ သူတို့ကလှမ်းဟောက်တာ။ နင်တို့အခုချက်ချင်းအိပ်နေ၊ တစ်ယောက်မှထမလာနဲ့တဲ့။ အဲ့ဒီလိုမျိုးပြောတော့ ညီမတို့ကအနောက်မှာပဲလှဲအိပ်နေတာ တစ်ချက်တစ်ချက်တော့ စစ်တာတွေကြားရတာပေါ့။ ပြီးတော့ ကိုးနာရီကျော်ကျ ညီမတို့ကအကုန်အိပ်ပျော်နေပြီး သူတို့စစ်တဲ့အချိန်မှာ ညီမအမေကတော့ တစ်ခေါက်နိုးလာပြီး သူလုပ်စရာရှိတာလုပ်၊ ညီမကမထတော့ဘူး ဆက်အိပ်နေတယ်။

အိပ်ပြီးမနက် လေးနာရီခွဲလောက်က အဲ့ဒီအစ်မကြီး သူရောက်လာတယ်။ သူရောက်လာတော့ အဲ့ဒီအစ်မကြီးက လုံးဝစုတ်ပြတ်သတ်နေပြီ။ အဲ့ဒီအစ်မကြီးမရောက်လာခင်မှာလည်း ၁၉ နှစ်အစ်မကြီးက သူ့အကြောင်းပြောတယ်။ သူနဲ့အတူတဲ့ ၊ သူကဘာမှမဖြစ်ဘူးတဲ့ ။ သူ့ကိုလည်း ဘာမှမလုပ်ဘူးတဲ့ ။ ဒါပေမဲ့ သူနဲ့အတူ ဖမ်းမိတဲ့အစ်မကြီးက လုံးဝစုတ်ပြတ်သတ်နေပြီတဲ့။ သူ့ကိုစမိတာနဲ့ အဲ့ဒီအစ်မကြီးရဲ့ ဆံပင်ကိုဆောင့်ဆွဲပြီးတော့တဲ့။ ဖြစ်ချင်တော့ သူတို့ကို ဖမ်းမမိခင်တစ်ရက်က ရန်ကင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်သွားတယ်တဲ့။ ညီမက ၁၄ ရက်နေ့တည်းက ရောက်နေ့တာ့ အဲ့ဒါတွေမမီဘူး။ ဒါပေမဲ့ ပေါက်ကွဲမှုလုပ်တာက ညီမတို့လုပ်တာမဟုတ်ဘူးတဲ့။ ညီမတို့လုပ်တာမဟုတ်တာကို စစ်သားတွေက ညီမတို့ကိုမိတော့ ဂျင်ဂလိတွေ၊ လက်လုပ်ဗုံး smoke bomb တွေ၊ list တွေလည်းအများကြီးပါတယ်တဲ့ ။ အဲ့ဒီအစ်မကြီးက လိပ်စာတွေရော ၊ ဖုန်းနံပါတ်တွေရော နာမည်နဲ့အတူရေးထားတာတဲ့။ သူလှူထားဖူးတဲ့သူတွေရဲ့ စာရင်းရောတဲ့။ ပါပြီးတော့ စစ်ကားတွေကချက်ချင်းရောက်ချလာတာတဲ့ ။ အဲ့ဒီအစ်မကြီးရဲ့ ဆံပင်ကိုဆောင့်ဆွဲပြီးတော့ နင်တို့လုပ်လို့ ငါတို့စစ်သားနှစ်ယောက်သေတာဆိုပြီး ပိုးစိုးပက်စက်ရိုက်တယ်တဲ့။ အဲ့ဒီ ၁၉ နှစ်အစ်မကြီးကိုကျတော့ ခေါင်းကဆောင့်ကန်လိုက်တာ မေးစေ့နဲ့လမ်းနဲ့ကပ်တဲ့အချိန်မှာ သူတို့က အပေါ်ကနေခြေထောက်နဲ့ဖိထားတယ် ကျောကုန်းကိုတဲ့။ သူ့ကိုတော့မရိုက်ဘူး။ အဲ့ဒီအစ်မကြီးကို ကျအသေရိုက်တယ်တဲ့။ ဆံပင်ကနေဆွဲပြီးတော့ မျက်နှာကို ကတ္တရာလမ်းနဲ့ပွတ်ဆွဲတာလည်းလုပ်တယ်တဲ့။ ပြီးတော့ သူ့ကို စခန်းကိုပို့လိုက်တယ်တဲ့။

စခန်းကရဲတွေက သူ့ကို sexual harassment လုပ်တာ။ ညီမတင်ထားတဲ့အတိုင်းပဲ။ အမှန်တော့ အဲ့ဒါတွေမတင်သင့်ဘူးပေါ့နော် ။ ဒါပေမဲ့ အဲ့ဒါတွေတကယ်လုပ်တာ။ ၁၉ နှစ်အစ်မကြီးကိုယ်တိုင်ပြောပြတာ။ ပါသွားတဲ့အစ်မကြီးမှာ တက်တူးတွေအများကြီးရှိတယ်။ အဲ့ဒါကိုလည်း နင်ကမိန်းကလေးဖြစ်ပြီး တက်တူးတွေနဲ့ပါလားဆိုပြီး ပိုးစိုးပက်စက်မပြောသင့်တာတွေအများကြီးပြောတာ။ ပြီးတော့ နင့်မှာကောင်လေးရှိတာလား ဆိုတော့ ဟိုအစ်မကြီးက ရှိတယ်လို့ပြောလိုက်တယ်တဲ့။ အဲ့ဒီတော့နင့်ကောင်လေးက နိုင်ငံခြားသားလားတဲ့။ သူတို့ရဲ့ဖုန်းထဲမှာ conversationတွေ့တော့။ နိုင်ငံခြားသားဘာသားလဲဆိုတော့ အဲ့ဒီအစ်မက နိုင်ဂျီးရီးယားလို့ပြောလိုက်တော့ ဘာလဲ နင်က ကပ္ပလီရဲ့ဟာကိုကြိုက်တယ်ဟုတ်လားဆိုပြီး ပေါင်ကိုကားခိုင်းပြီး ရဲတွေကိုယ်တိုင်က ပေါင်ကြားထဲကို ဆောင့်ကန်တယ်တဲ့။ ဆောင့်ကန်ပြီးတော့ ကြမ်းသုတ်တဲ့သံပိုက်နဲ့အသေရိုက်တယ်တဲ့ ။ မျက်နှာကိုစည်းပြီးရိုက်တာ။ ပြီးတော့ အဲ့ဒီအစ်မကြီးရဲ့ ပခုံးပေါ်တွေတက်ခွတယ်၊ ဆံပင်တွေဆောင့်ဆွဲပြီး။ ပြီးတော့ အဲ့ဒီအစ်မကို ကိုးမိုင်စစ်ကြောရေးကိုပို့လိုက်တယ်တဲ့ စခန်းကနေ။

ကိုးမိုင်စစ်ကြောရေးမှာက စစ်တာလောက်ပဲရှိတာ။ သူတို့တွေက နာမည်ကိုဖော်ခိုင်းတယ်တဲ့။ ပါတဲ့လူဖော်။ ငါးယောက်ကိုဖော်၊ဆယ်ယောက်ကိုဖော်ဆိုပြီး နာမည်ကိုဖော်ခိုင်းတယ်တဲ့။ ဟိုအစ်မကြီးကိုကျတော့ List ထဲကလူအကုန်ဖော်ခိုင်းတယ်တဲ့။ အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုအကုန်ဖော်ခိုင်းတယ်တဲ့။ ဟိုအစ်မကြီးကတော့ သူတို့က အခန်းသပ်သပ်စီခွဲစစ်တာတဲ့ ကိုးမိုင်စစ်ကြောရေးမှာ။ ညီမတို့ကို အဲ့ဒီလောက်ထိပဲပြောတယ်ပေါ့။
အဲ့ဒီ၁၉ နှစ်အစ်မကြီးက ညီမတို့ ရွှေပြည်သာစစ်ကြောရေးကို အရင်ရောက်တာ။ နေ့လယ် ၃ နာရီလောက်က။ ဟိုအစ်မကြီးကကျ ညနေလေးနာရီမှရောက်လာပြီးမှ လုံးဝစုတ်ပြတ်သက်နေပြီ။ လမ်းလည်းသိပ်မလျှောက်နိုင်တော့ဘူး။ ဟိုထမင်းမစားနိုင်ဘူးလို့ညီမရေးတာ ထမင်းတောင်မဝါးနိုင်ဘူးလို့ညီမရေးတာ စကားပြောရင် သူ့ရဲ့ ဒီသွားတွေကသွားဖုံးတွေကလည်း နာနေတာ။ ဒီနားနှုတ်ခမ်းနာကလည်း ပဲ့နေတာ အကြီးကြီးပဲ ။ အကြီးကြီးဆိုတော့ ထမင်းစားရင် စပ်ပြီးတော့ အရမ်းနာလို့ ထမင်းမစားနိုင်တာကွာ။ စကားတော့သူပြောနိုင်သေးတယ်။ စကားပြောနိုင်သေးတယ်ဆိုတာ သူရောက်လာတော့ အသဲအမေကိုယ်တိုင်ကိုက သူ့ကိုရေပတ်ဝတ်လေးနဲ့ သေချာသုတ်ပေးတယ်။ သုတ်ပေးပြီးတော့ ရှိတဲ့ဆေးပေါ့။ Paracap တို့ ဘာတို့ ပါတာတိုက်လိုက်တယ်။ ရှိတဲ့စစ်သားတွေဆီကနေ ဒီမှာလူသစ်ရောက်တယ် ထမင်းဘူးလေးတောင်းပေးပါဦးဆိုပြီး ထမင်းဘူးလေးတောင်းပြီး ဝင်သလောက် ကျွေးတယ်ကွာ။ သူကအဲ့ဒီမှာ ရတဲ့အချိန်မှာ ရသလိုပြောပြတယ်။ ဘာတွေလုပ်လဲဆိုတာ အဲ့ဒီဟိုအစ်မကြီးပြောတဲ့အတိုင်းလုပ်တာလားဆိုတော့ ဟုတ်တယ်တဲ့။ တခြားဘာတွေရောလုပ်သေးလဲဆိုတော့ တခြားဘာမှမလုပ်ဘူးတဲ့။

RFA - ဆိုတော့ သူရော အသက်ဆက်ရှင်နိုင်မယ့် အနေအထားမျိုးရှိလား။ ဘယ်လောက်ထိတောင်နှိပ်စက်ညှဉ်းပန်းထားလဲ။

ဖြေ - နှိပ်စက်ညှဉ်းပန်းတာက လမ်းကတော့ လျှောက်နိုင်သေးတယ်။ လမ်းမလျှေက်နိုင်ဘဲ လဲကျသွားတဲ့အထိတော့မဟုတ်ဘူး။ နှုတ်ခမ်းကတော့ တခြမ်းပဲ့နေတယ်။ မျက်လုံးကကျတော့ သူတို့ထိုးထားကြိတ်ထားလို့ မျက်လုံးတစ်ဖက်ကတော့ သွေးခြေဥပြီးရဲတောက်နေတယ်။ ဒါပေမဲ့ မြင်တော့မြင်ရသေးတယ်။ ပြီးတော့ခေါင်းတွေမှာလည်း ဒဏ်ရာတွေရှိတယ်။ တင်ပါးတွေမှာတော့ ညိုမဲစွဲပြီးတော့ စုတ်ပြတ်သတ်နေတယ်။သူပြောတော့ မအင်္ဂါကလည်းသွေးဆင်းတယ်တဲ့။ သူတို့ဆောင့်ကန်လိုက်တာကြောင့် ဒဏ်ရာဖြစ်သွားတယ်တဲ့။ ရင်ဘတ်တွေမှာလည်း ရိုက်ခံထားရတဲ့ အရှိုးရာတွေအများကြီးပဲ။ အသက်ရှင်နိုင်ခြေကတော့ စစ်ကြောရေးထဲမှာပဲ အစားလည်းပုံမှန်မစားဘဲ နေ့မနားညမနားနဲ့ List ထဲကလူတွေဖော်ခိုင်းတယ်ဆိုရင်တော့ ဆေးတွေကလည်း ပိုးသတ်ဆေးတွေပေးတာ။ သူတို့ကခေါ်သွားလို့ရှိရင် နေ့မနားညမနား။ သူတို့အဲ့ဒီလိုဆက်လုပ်နေရင် အဲ့ဒီအစ်မကြီးအတွက် အန္တရာယ်ရှိနိုင်တယ်ကွာ။ ဆေးတွေကလည်း ပြည့်ပြည့်စုံစုံမဟုတ်ဘူး ။ ဒီအတိုင်းအဆင်ပြေသလို လျှောက်ပေးတာ။ ပြီးရင်စစ်ရင်လည်း နေ့မနားညမနား ထမင်းလည်းမကျွေးဘူး။ အဲ့ဒီအစ်မကြီးက ပုံမှန်လူလိုမဟုတ်ဘူးလေ။ ဒီအတိုင်းဆက်သွားရင်တော့ အဲ့ဒီအစ်မကြီးအတွက် အန္တရာယ်ရှိနိုင်တယ်။

( မှတ်ချက် - သတင်းဗီဒီယိုကို နားထောင်ပြီး ပြန်ရေးပေးထားခြင်းဖြစ်ပါသည်။ စကားလုံးအသုံံးအနှုန်းအလွဲတချို့ပါနိုင်ပါသည်)
ဖတိကြည့်ပါမှတစ်ဆင့်ကူးယူဖော်ပြပါသည်။
Original Link - https://www.facebook.com/rfaburmese/posts/10161021371513128

Address


Website

Alerts

Be the first to know and let us send you an email when Burmese Update News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share