People Image - Myanmar

  • Home
  • People Image - Myanmar

People Image - Myanmar Gossip is easy, politics is hard.
– Tabitha Soren

ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ချယ်ရီ(၂)ရေယာဥ်ပေါ်၌ လက်လုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊...
20/12/2022

ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ချယ်ရီ(၂)ရေယာဥ်ပေါ်၌ လက်လုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့က အဆိုပါဖြစ်စဥ်အားလက်မခံနိုင်ကြောင်းနှင့်ပြင်းထန်စွာရှုတ်ချကြောင်း အသီးသီးထုတ်ပြန်ခဲ့ပါတယ်။

People Image (၂၀. ဒီဇင်ဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

🏆၂၀၂၂ ကမ္ဘာ့ဖလားအနှစ်ချုပ်🏆ချန်ပီယံ - အာဂျင်တီးနား🇦🇷ဒုတိယ - ပြင်သစ်🇫🇷တတိယ - ခရိုအေးရှား🇭🇷စတုတ္ထ - မော်ရိုကို🇲🇦ဂိုးသွင်းဘ...
19/12/2022

🏆၂၀၂၂ ကမ္ဘာ့ဖလားအနှစ်ချုပ်🏆

ချန်ပီယံ - အာဂျင်တီးနား🇦🇷
ဒုတိယ - ပြင်သစ်🇫🇷
တတိယ - ခရိုအေးရှား🇭🇷
စတုတ္ထ - မော်ရိုကို🇲🇦

ဂိုးသွင်းဘုရင်ဆု - ဘာပေ (၈) ဂိုး

အကောင်းဆုံးကစားသမားဆု - မက်ဆီ
(ဒုတိယအကောင်းဆုံးကစားသမားဆု - ဘာပေ)
(တတိယအကောင်းဆုံးကစားသမားဆု - မိုဒရစ်)

လူငယ်အကောင်းဆုံးကစားသမားဆု - အန်ဇိုဖာနန်ဒက်ဇ်(အာဂျင်တီးနား)

အကောင်းဆုံးဂိုးသမားဆု - မာတီးနက်ဇ်(အာဂျင်တီးနား)

Fair play award - အင်္ဂလန်

ကစားခဲ့တဲ့ ပွဲပေါင်း - ၆၄ ပွဲ

ပျောက်ဆုံးနေတဲ့ ၅ နှစ်အရွယ် မောင်ဇွဲဝေယံထွန်းကိုဘေးချင်းကပ်လျက်တိုက်ခန်းမှာ ၅ ရက်ကျော်အကြာမှာ ပြန်တွေ့People Image (၁၆. ...
16/12/2022

ပျောက်ဆုံးနေတဲ့ ၅ နှစ်အရွယ် မောင်ဇွဲဝေယံထွန်းကိုဘေးချင်းကပ်လျက်တိုက်ခန်းမှာ ၅ ရက်ကျော်အကြာမှာ ပြန်တွေ့

People Image (၁၆. ဒီဇင်ဘာလ. ၂၀၂၂)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ အသက် ၅ နှစ်အရွယ် ဇွဲဝေယံထွန်းကို ဒီကနေ့ ၁၆ ရက်နေ့ မနက်က ဘေးချင်းကပ်လျက် တိုက်ခန်းမှာ ပြန်တွေခဲ့တယ်လို့ မိသားစုဝင်များထံမှ သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီ ၄၅ မိနစ်အချိန် ၇၁ လမ်း ၃၀×၃၁ လမ်းကြားက နေအိမ်ရှေ့မှာ ဇွဲဝေယံထွန်းဟာ ဆော့ကစားနေစဥ်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဘေးချင်းကပ်လျက်တိုက်ခန်းမှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်က ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှတ် ၃ နယ်မြေ ရဲစခန်းမှာ အမှုဖွင့်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ယနေ့ နံနက် ၃ နာရီအချိန်ခန့်က ငလျင်လှုပ်ခတ်ခဲ့ရာ  ​မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်က တိုက်တစ်တိုက်တွင် ဘုရားစင်ကွာကျခဲ့မှ...
15/12/2022

ယနေ့ နံနက် ၃ နာရီအချိန်ခန့်က ငလျင်လှုပ်ခတ်ခဲ့ရာ ​မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်က တိုက်တစ်တိုက်တွင် ဘုရားစင်ကွာကျခဲ့မှုမြင်ကွင်း

People Image (၁၅. ဒီဇင်ဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

Photo - KoGyiThein

14/12/2022

ရွှေဘိုမြို့နယ်က ကျေးရွာတွေမှာ လှည့်လည် ဈေးရောင်းနေတဲ့ ဈေးသည်ပြည်သူတွေကို PDF အကြမ်းဖက်များက အပြစ်ပေးသည်ဟုဆိုကာ ရိုက်နှက်

People Image (၁၄. ဒီဇင်ဘာလ. ၂၀၂၂)

ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အန္တရာယ်က ကာကွယ်နိုင်ရန် စစ်တပ်စောင့်ရှောက်ထားတဲ့ ကော့ရွာနဲ့ ဟံလင်း ကျေးရွာတွေကို လှည့်လည် ဈေးရောင်းနေတဲ့ ဈေးသည်ပြည်သူတွေကို PDF အကြမ်းဖက်များက အပြစ်ပေးသည်ဟုဆိုကာ ရိုက်နှက်ခဲ့ပြီး ဈေးမရောင်းကြဖို့ BurmaRangers-ShweBo က ထပ်မံခြိမ်းခြောက်ခဲ့ပါတယ်။

ရွှေဘို-ကျောက်မြောင်း လမ်းမပေါ်မှာ မောင်းနှင်သွားလာနေတဲ့ ယာဉ်တွေ မိုးကာအုပ်ပြီး မောင်းနှင်တာ မပြုလုပ်ဖို့၊ မနက် ၅ နာရီမှ ညနေ ၇ နာရီအထိသာ ဖြတ်သန်းသွားလာဖို့နဲ့ ကားမှန်တွေချပြီး မောင်းနှင်ကြဖို့လည်း ထပ်မံခြိမ်းခြောက်ပြောဆိုခဲ့ပါသေးတယ်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သဝဏ်လွှာ ပေးပို့People Image (၁၄. ဒီဇ...
14/12/2022

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သဝဏ်လွှာ ပေးပို့

People Image (၁၄. ဒီဇင်ဘာလ. ၂၀၂၂)

14/12/2022

အကြမ်းဖက်သမားများက မန္တလေးမြို့ ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ အနီးကပ်လုပ်ကြံ ပစ်ခတ်

People Image (၁၄. ဒီဇင်ဘာလ. ၂၀၂၂)

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းကို မနေ့ ညနေပိုင်းက မန္တလေး အခြေစိုက် အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ Special Task Force -Mandalay -STF-MDY အဖွဲ့က သေနတ်နဲ့ အနီးကပ်လုပ်ကြံ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါလုပ်ကြံပစ်ခတ်မှုဟာ မန္တလေးမြို့ ၃၆ လမ်း၊ ၈၀ နဲ့ ၈၁ လမ်းကြားက သူ၏ နေအိမ်ရှေ့မှာ မာလာဟင်းစားဖို့ ထွက်လာတဲ့ ရတနာဘုမ္မိ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းရဲ့ ဦးခေါင်းကို ပစ်ခတ်ခဲ့တယ်လို့ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ STF-MDY က ထုတ်ပြန်ထားတာပါ။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

#အကြမ်းဖက်သမားများ #ရပ်ကွက်အုပ်ချုပ်ရေးမှူး #အနီးကပ်လုပ်ကြံ #ပစ်ခတ်

အကြမ်းဖက်သမားများက ရထားလမ်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် မော်လမြိုင်-ရန်ကုန် အမြန်ရထားခရီးစဉ်ဖျက်သိမ်း လက်မှတ်ခတွေ ပြန...
14/12/2022

အကြမ်းဖက်သမားများက ရထားလမ်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် မော်လမြိုင်-ရန်ကုန် အမြန်ရထားခရီးစဉ်ဖျက်သိမ်း လက်မှတ်ခတွေ ပြန်အမ်းပေး

People Image (၁၄. ဒီဇင်ဘာလ. ၂၀၂၂)

အကြမ်းဖက်သမားများက ရထားလမ်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အမှတ်(၈၂)အစုန် မော်လမြိုင်-ရန်ကုန် လေအိတ်အမြန်ရထားခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ၁၃ ရက်နေ့ ညပိုင်းတွင် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းဖြစ်တဲ့ သိမ်ဆိပ်နဲ့ ဒုံးဝန်းဘူတာကြားမှာ ကျောက်ရထားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး လမ်းပိုင်းအချို့ပျက်စီးခဲ့ကာ ရထားခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

အကြမ်းဖက်သမားများကြောင့် ပျက်ဆီးခဲ့သောလမ်းပိုင်းများကို ပြန်လည်ပြုပြင်နေပြီး ဖျက်သိမ်းလိုက်ရသော ရထားလမ်းခရီးစဥ်များမှ လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား လက်မှတ်ရုံမှာ လက်မှတ်ခများ ပြန်လည်အမ်းပေးနေကြောင်း သိရပါတယ်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

Photo - Crd

ဒဂုံတောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အကူအညီလိုအပ်နေသော ပါတီဝင်မိသားစုများအား တွေ့ဆုံ အားပေးထောက်ပံ့မှုများ ပေးPeople Im...
13/12/2022

ဒဂုံတောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အကူအညီလိုအပ်နေသော ပါတီဝင်မိသားစုများအား တွေ့ဆုံ အားပေးထောက်ပံ့မှုများ ပေး

People Image (၁၃. ဒီဇင်ဘာလ. ၂၀၂၂)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ မြို့နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ပါတီဝင်များ၏နေအိမ်များသို့ သွားရောက်၍ ကျန်ရစ်သူမိသားစုဝင်များကို အားပေးနှစ်သိမ့်ခြင်းနှင့် တတ်စွမ်းနိုင်သ၍ (ဆန်၊ဆီ နှင့် ထောက်ပံ့ငွေများ)ကူညီမှုပြုလုပ်ခဲ့ပြီး သေဆုံးသူ၏မိသားစုဝင်များတွင်ရှိသော ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးအတွက်ပံ့ပိုးကူညီပေးနိုင်ရန်လည်းဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရှိရသည်။

အဆိုပါ အားပေးထောက်ပံ့ကူညီမှုများကို မြို့နယ်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းမှ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များမှ လိုက်လံဆောင်ရွက်ကြခြင်းဖြစ်သည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

သတင်းပေးပို့သူ - Arkar (S/Dagon)

ပြည်သူ့ပါတီ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပPeople Image (၁၁. ဒီဇင်ဘာလ. ၂၀၂၂)ပြည်သူ့ပါတီ မန္တလေ...
11/12/2022

ပြည်သူ့ပါတီ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ

People Image (၁၁. ဒီဇင်ဘာလ. ၂၀၂၂)

ပြည်သူ့ပါတီ မန္တလေးတိုင်းဒေသကြီး၏ တိုင်းအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးပါပါလွင်နှင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ပြီးအစည်းအဝေးတွင် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အစည်းအဝေးအစီအစဉ်များအလိုက် ဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို နေ့လည်ပိုင်းတွင် ပြီးဆုံးခဲ့သည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

#မန္တလေးတိုင်းဒေသကြီး #ပြည်သူ့ပါတီ

08/12/2022

မြန်မာ့တပ်မတော်(ရေ)မှ တည်ဆောက်သည့် ကျန်စစ်သား စစ်ရေယာဉ်အား နိုင်ငံတကာစစ်သင်္ဘောများတွေ့ဆုံပွဲတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာ စိတ်ဝင်စား

People Image (၈. ဒီဇင်ဘာလ. ၂၀၂၂)

ဒီဇင်ဘာ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ နိုင်ငံတကာ ရေတပ်သင်္ဘောများတွေ့ဆုံပွဲ (International Fleet Review) ကို ဘင်္ဂလားဒေရှ်နိုင်ငံတွင် ကျင်းပလျက်ရှိပါတယ်။

မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်ပိုင်တည်ဆောက်ထားသည့် ကျန်စစ်သား ဖရီးဂိတ်စစ်သင်္ဘောလည်း ပါဝင်ဆင်နွှဲခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့တွင် နိုင်ငံတကာရေတပ်သင်္ဘောများတွေ့ဆုံပွဲ အခမ်းအနားသို့ ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ဟာစီနာ အား နိုင်ငံတကာရေတပ်သင်္ဘောများက တန်းစီ၍ ချီတက်နှုတ်ဆက်ကြရာတွင် မြန်မာ့တပ်မတော်(ရေ) မှ F-12 ကျန်စစ်သားဖရီးဂိတ်စစ်ရေယာဉ်က ချီတက်ခဲ့ရာ မြန်မာ့စစ်သင်္ဘောချီတက်နေစဉ် ဝန်ကြီးချုပ်က ၎င်း၏ဘေးရှိ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်(ရေ) အား စိတ်ဝင်စားစွာမေးမြန်းနေမှုကို ဗီဒီယိုများတွင် တွေ့မြင်ရပါတယ်။

၂၀၁၄ ခုနှစ်တွင် တပ်တော်ဝင်ခဲ့သော ကျန်စစ်သား စစ်ရေယာဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ ဒုံးပျံတင်ကိုယ်ပျောက်ဖရီးဂိတ် စစ်သင်္ဘောတစ်စီးဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်း၊ ဂျာမနီ၊ အီတလီ၊ ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ တူရကီနှင့် နယ်သာလန်နိုင်ငံများအပါအဝင် နိုင်ငံ ၂၈ နိုင်ငံမှ ရေတပ်နှင့် ရေကြောင်းသွားလာရေးအဖွဲ့များက အဆိုပါနိုင်ငံတကာရေတပ်သင်္ဘောများတွေ့ဆုံပွဲတွင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ရုပ်/သံ - မြန်မာ့တပ်မတော်(ရေ)မှ ကျန်စစ်သား စစ်ရေယာဉ်ချီတက်နေစဥ်

မနက်ဖြန်မှာ ကစားတော့မယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်များ===================ခရိုအေးရှား - ဘရာဇီး (သောကြာည ၉း၃၀)နယ်သာလန် - အာ...
08/12/2022

မနက်ဖြန်မှာ ကစားတော့မယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်များ
===================
ခရိုအေးရှား - ဘရာဇီး (သောကြာည ၉း၃၀)
နယ်သာလန် - အာဂျင်တီးနား (စနေနံနက် ၁း၃၀)

မော်ရိုကို - ပေါ်တူဂီ (စနေည ၉း၃၀)
ပြင်သစ် - အင်္ဂလန် (တနင်္ဂနွေနံနက် ၁း၃၀)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency


#ဘောလုံးစတား #၂၀၂၂ကမ္ဘာ့ဖလား

အောင်ဗောဓိဆုတောင်းပြည့်စေတီတော် (၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် တတိယအကြိမ် ရွှေသင်္က...
08/12/2022

အောင်ဗောဓိဆုတောင်းပြည့်စေတီတော် (၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် တတိယအကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းအောင်ပွဲ အလှူတော်ရေစက်ချမင်္ဂလာအခမ်းအနားသို့ ဒဂုံတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကုသိုလ်ယူ ပါဝင်လှူဒါန်း

People Image (၈. ဒီဇင်ဘာလ. ၂၀၂၂)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိဆုတောင်းပြည့်စေတီတော် (၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် တတိယအကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းအောင်ပွဲ အလှူတော်ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နတ်တော်လပြည့်ကျော် (၁)ရက်နေ့ နံနက် ၉ နာရီတွင် အောင်ဗောဓိဘုရားရင်ပြင်တော်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်လုံးဆိုင်ရာဥက္ကဌဆရာတော်မှ မေတ္တာသုတ်နှင့် မင်္ဂလာသုတ်များကို ဦးဆောင်ရွတ်ဆို ချီးမြင့်ပေးခဲ့သည်။ ဆက်လက်ပြီး ရွှေသင်္ကန်းကပ်လှူခြင်း အောင်ပွဲအဖြစ် နမောတဿ (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို စတင်ကာ ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကပါဠိပါရဂူ၊ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ မော်ကျွန်းဆရာတော်ကြီးမှ ချီးမြှင့်ဟောကြားတော်မူသော ငါးပါးသီလတရားတော်ကို ဧည့်ပရိတ်သတ်များက နာယူခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာသော ဧည့်ပရိတ်သတ်များက အောင်ဗောဓိစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူရန် အလှူငွေများ လှူဒါန်းခဲ့ရာ မြို့နယ်စီမံကောင်စီဥက္ကဌ ဦးသန်းနိုင်က ကိုယ်စား လက်ခံပေးခဲ့ပြီး ကြွရောက်လာသော သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်ပြီး မော်ကျွန်းဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဒနာတရာချီးမြှင့်ပေးပြီး တက်ရောက်လာသော ဧည့်ပရိတ်သတ်များက ရေစက်သွန်းချလှူဒါန်းကြပြီး အမျှဝေ သာဓု (၃)ကြိမ်ခေါ်ဆိုကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ကြွရောက်လာသောသံဃာတော်အရှင်သူမြတ်တို့အား အောင်ဗောဓိဆုတောင်းပြည့်စေတီရင်ပြင်တော်ကြီး၌ ဆွမ်းဆန်စိမ်းများ ကုသိုလ်ပြုလောင်းလှူခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဒဂုံတောင်မြို့နယ် စီမံကောင်စီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေအောင်၊ ဒဂုံမြို့သစ်ခရိုင်ပြည်ခိုင်ဖြိုး​ပါတီ အတွင်းရေးမှူး ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အောင်ဗောဓိဘုရားဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ယနေ့ နတ်တော်လပြည့်နေ့ ညချမ်းအချိန်အခါတွင် ဖူးတွေ့ရသည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်People Image (၇. ဒီဇင်ဘာလ. ၂၀၂၂)T...
07/12/2022

ယနေ့ နတ်တော်လပြည့်နေ့ ညချမ်းအချိန်အခါတွင် ဖူးတွေ့ရသည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်

People Image (၇. ဒီဇင်ဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ဓာတ်ပုံ - ဦးနန်ဒသာမိ
#ဆံတော်ရှင် #ကျိုက်ထီးရိုးစေတီတော်

နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက်ရေးညီလာခံ - ၂၀၂၂ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်(၇-၁၂-၂၀၂၂ ရက်၊ ဝါရှင်တန်)...
07/12/2022

နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက်ရေးညီလာခံ - ၂၀၂၂ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

(၇-၁၂-၂၀၂၂ ရက်၊ ဝါရှင်တန်)

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့အခြေစိုက် ‘Transparency International’ အဖွဲ့က ကြီးမှူးကျင်းပသည့် နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက်ရေးညီလာခံ - ၂၀၂၂ (International Anti-corruption Conference 2022) ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ Omni Shoreham Hotel တွင် ၆-၁၂-၂၀၂၂ ရက်မှ စတင်၍ ကျင်းပလျက်ရှိပြီး၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကိုယ်စား မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် (၃) ဦး ပါဝင်တက်ရောက်လျက်ရှိပါသည်။

ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ၆-၁၂-၂၀၂၂ ရက်တွင် ကျင်းပခဲ့ရာ အမေရိကန် သမ္မတ၏ အမျိုးသား လုံခြုံရေးအကြံပေး Mr. Jake Sullivan ၊ မော်လ်ဒိုဗာသမ္မတနိုင်ငံ သမ္မတ H.E. Ms. Maia Sandu ၊ U.S. Agency for International Development (USAID) ၏ အကြီးအကဲ Ms. Samantha Power ၊ Transparency International အဖွဲ့၏ ဥက္ကဋ္ဌ Ms. Delia Ferreira Rubio ၊ Transparency International အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Gary Kalman ၊ နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညီလာခံ ကောင်စီ ဥက္ကဋ္ဌ Ms. Huguette Labelle တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။

ယင်းညီလာခံသို့ နိုင်ငံ (၁၄၀) ကျော်မှ အစိုးရ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ၊ IMF ၊ UNDP စသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ သုတေသီများ၊ သတင်းထောက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများနှင့် တက္ကသိုလ် ကျောင်းသားများ စုစုပေါင်း (၁,၈၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Ministry of Foreign Affairs Myanmar မှ ကူးယူဖော်ပြသည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

 #သစ္စာရှင်Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်https://t.me/peopleimagenewsagency   #သစ္စာရှင်
06/12/2022

#သစ္စာရှင်

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

#သစ္စာရှင်

PR ဟာ ပြည်သာဖို့အတွက်ပါ....ဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုတာပါတီများနှင့်ကိုယ်စားလှယ်အသီးသီးအတွက်ပြည်သူများကသက်ဆိုင်ရာ လွှတ်...
03/12/2022

PR ဟာ ပြည်သာဖို့အတွက်ပါ....

ဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုတာ
ပါတီများနှင့်ကိုယ်စားလှယ်
အသီးသီးအတွက်
ပြည်သူများက
သက်ဆိုင်ရာ လွှတ်တော်အသီးသီးသို့
ကိုယ်စားလှယ်နေရာများ
ပေးအပ်လိုက်ခြင်းဖြစ်ပါတယ်....
ပြည်သူလူထု၏
ကိုယ်စားပြုမှုကို
ဖန်တီးဖော်ဆောင်ပေးလိုက်ခြင်းပါပဲ....

နိုင်ငံတော်၏ ဥပဒေပြုရေး
အုပ်ချုပ်ရေး
တရားစီရင်ရေး
မဏ္ဏိုင်သုံးရပ်ကို
အပြန်အလှန် ထိန်းကျောင်းရင်းဖြင့်
ပြည်သူ့ထံမှဆင်းသက်လာသော
အချုပ်အခြာအာဏာ အား
ပြည်သူ့ကိုယ်စား
ကျင့်သုံးဖော်ဆောင်ပေးခြင်းပါပဲ.....

နိုင်ငံဖြတ်သန်းလာသည့်သမိုင်းကြောင်း
နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ
ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်
နိုင်ငံရေး ဖြစ်ထွန်းမှုတို့ကို
အခြေခံမူတည်၍
ရွေးကောက်ပွဲစနစ်
ရွေးကောက်တင်မြှောက်ပုံ
နည်းစနစ်များကို
ရေးဆွဲရခြင်းဖြစ်ပါတယ်.....

အခြေခံသဘောတရားများဖြစ်သော
လွတ်လပ်မျှတခြင်း
ပွင့်လင်းမြင်သာ မှုရှိခြင်း
သမာသမတ်ကျခြင်း
အများယုံကြည်ကိုးစားခြင်း
တာဝန်ယူမှုရှိခြင်း
လူထုကိုယ်စားပြုမှုကို
ဖော်ဆောင်နိုင် ခြင်း
အားလုံးပါဝင်နိုင်ခြင်း
စီးမံခန့်ခွဲမှုအားကောင်းခြင်း
ပြဌာန်းဥပဒေများနှင့် ညီညွတ်မှုရှိခြင်း
စသည်တို့လိုအပ်ပါတယ်....

မည်သည့်ရွေးကောက်ပွဲစနစ်ဖြစ်ပါစေ
လူကောင်းလူတော်များကို
ရွေးချယ်ပေးနိုင်ရန်
အရေးကြီး ပါတယ်....

PR စနစ်ကတော့
အချိုးကျကိုယ်စားပြုမှာဖြစ်ပြီး
မဲဆန္ဒနယ်မြေ ကို
ဧရိယာကျယ်ပြန့်စွာ
သတ်မှတ်ကာ
ကိုယ်စားလှယ်ဦးရေပါသတ်မှတ်၍
ပါတီအဖွဲ့စည်းလိုက်
ယှဥ်ပြုင်စေခြင်းဖြစ်ပါတယ်....

အလဟဿမဲအရေအတွက်လျှော့ပါးသွားနိုင်ပါတယ်.....
ပါတီများကိုတိကျစွာကိုယ်စားပြုနိုင်ပြီး
ပါတီငယ်များနှင့်
လူနည်းစုများကိုလည်း
ကိုယ်စားပြုနိုင်မှာဖြစ်ပါတယ်....
လူများစုပါဝင်သည့်လွှတ်တော်
ဖြစ်လာမှာပါ
ဥပဒေပြုအဖွဲ့များတွင်
ပါတီများမှကိုယ်စားပြုမှုများ
ပါဝင်လာမှာဖြစ်ပါတယ်.....

PR ကြောင့် ပြည်သာလာပါလိမ့်မယ်.....

အမျိုးသားတိုးတက်ရေးပါတီ

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ဒဂုံတောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သွေးလွန်တုပ်ကွေးအန္တရာယ်ကာကွယ်နိုင်ရန် ပြည်သူများ၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေ...
02/12/2022

ဒဂုံတောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သွေးလွန်တုပ်ကွေးအန္တရာယ်ကာကွယ်နိုင်ရန် ပြည်သူများ၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေး

People Image (၂. ဒီဇင်ဘာလ. ၂၀၂၂)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူလူထု၏ တောင်းဆိုမှုများကို တတ်စွမ်းနိုင်သည့်ဘက်မှ အစဉ်ဖြည့်ဆည်းကူညီပေးလျှက်ရှိရာ ယနေ့ (၂. ၁၂. ၂၀၂၂) တွင် ၅၅ ရပ်ကွက် ဦးပေါ်ဦးလမ်းအတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်ပွား၍ ခြင်ဆေးမှုတ်ပေးပါရန် ပြည်သူများမှ တောင်းဆိုခဲ့သဖြင့် ညနေ
(၃:၀၀)ခန့်အချိန်တွင် သွားရောက်၍ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ခြင်ဆေးမှုတ်ရာတွင် မြို့နယ်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များဦးဆောင်၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

Arkar(S/Dagon)

ဆာမူရိုင်းတွေကတော့ နောက်ထပ်သမိုင်းဝင် နိုင်ပွဲတစ်ပွဲ ရယူ (ပွဲပြီးရလဒ်) #ဂျပန် ၂ - ၁  #စပိန်မိုရာတာ (၁၁ မိနစ်)အန်ဒို (၄၈ ...
02/12/2022

ဆာမူရိုင်းတွေကတော့ နောက်ထပ်သမိုင်းဝင် နိုင်ပွဲတစ်ပွဲ ရယူ (ပွဲပြီးရလဒ်)

#ဂျပန် ၂ - ၁ #စပိန်

မိုရာတာ (၁၁ မိနစ်)
အန်ဒို (၄၈ မိနစ်)
တာနာကာ (၅၁ မိနစ်)

ဆာမူရိုင်းတွေကတော့ မရဏအုပ်စုမှာ အင်အားကြီး ၂ သင်းကို အနိုင်ယူခဲ့တာတော့ တကယ့်ကိုသမိုင်းဝင် အောင်မြင်မှုကြီးပါပဲ။ အုပ်စုဗိုလ်အဖြစ် တက်နိုင်ခဲ့တာကြောင့် ၁၆ သင်းအဆင့်မှာ ခရိုအေရှားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စပိန်အသင်းကတော့ ရှုံးနိမ့်ခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် ဂျာမနီအသင်းကို အသာစီးရယူနိုင်ခဲ့ပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။

ဂျာမနီအသင်းက ကော်စတာရီကာအသင်းကို နိုင်ခဲ့ပေမယ့် စပိန်အသင်းရဲ့ သွင်းဂိုးအရေအတွက်ကို လိုက်မမီတာကြောင့် ဂျာမနီအသင်းဟာ ၂ နှစ်ဆက် အုပ်စုအဆင့်နဲ့ အိမ်ပြန်ရတဲ့ စံချိန်ဆိုးတစ်ခု ရရှိသွားခဲ့ပါပြီ။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency


#စပိန် #ဂျပန် #ကာတာကမ္ဘာ့ဖလား

🇯🇵Japan 2 - 1 Germany🇩🇪ကမ္ဘာ့ထိပ်သီးအသင်း Germany ကို အာရှသား Japan က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ Telegram မှာလည်း ဝင်ရေ...
23/11/2022

🇯🇵Japan 2 - 1 Germany🇩🇪

ကမ္ဘာ့ထိပ်သီးအသင်း Germany ကို အာရှသား Japan က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

Photo - FIFA World Cup

ကာတာ ၂၀၂၂ ကမ္ဘာ့ဖလား ပွဲစဥ်....ပထမဆုံး ၃ ရက်ရဲ့ မြန်မာစံတော်ချိန် ပွဲအချိန်ဇယားကာတာ Vs အီကွေဒေါ *** ၂၀. ၁၁. ၂၀၂၂ (စနေနေ့...
19/11/2022

ကာတာ ၂၀၂၂ ကမ္ဘာ့ဖလား ပွဲစဥ်....
ပထမဆုံး ၃ ရက်ရဲ့ မြန်မာစံတော်ချိန် ပွဲအချိန်ဇယား

ကာတာ Vs အီကွေဒေါ *** ၂၀. ၁၁. ၂၀၂၂ (စနေနေ့ည)

အင်္ဂလန် Vs အီရန် *** ၂၁. ၁၁. ၂၀၂၂ (တနင်္ဂနွေနေ့)
စီနီဂေါ Vs နယ်သာလန်***၂၁. ၁၁. ၂၀၂၂

အမေရိကန် Vs ဝေလ်စ် ***၂၂. ၁၁. ၂၀၂၂ (တနင်္လာနေ့)
အာဂျင်တီးနား Vs ဆော်ဒီအာရေဗျ
ဒိန်းမတ် Vs တူနီးရှား
မက္ကစီကို Vs ပိုလန်

Photo # Crd
PeopleImage

16/11/2022

တောတွင်းလက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအချင်းချင်း ညှင်းပန်းနှိပ်စက်နေသော (ရုပ်/သံ) ထွက်ပေါ်လာ

People Image (၁၆. နိုဝင်ဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

သံအမတ်ကြီး ဦးတင်ယု ကာတာနိုင်ငံအကြီးအကဲထံ ခန့်အပ်လွှာ ပေးအပ်People Image (၁၆. နိုဝင်ဘာလ. ၂၀၂၂)ကာတာနိုင်ငံဆိုင်ရာ အထူးအာဏာ...
16/11/2022

သံအမတ်ကြီး ဦးတင်ယု ကာတာနိုင်ငံအကြီးအကဲထံ ခန့်အပ်လွှာ ပေးအပ်

People Image (၁၆. နိုဝင်ဘာလ. ၂၀၂၂)

ကာတာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်ယုသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကာတာနိုင်ငံ၊ ဒိုဟာနန်းတော် ၌ ကာတာနိုင်ငံကြီးအကဲ ရှိတ်တမင်း(မ်) ဘင်ဟမက် အယ်တာနီ ထံသို့ ပေးအပ်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်း)မြို့နယ...
15/11/2022

ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်း)မြို့နယ်များမှ မြို့နယ်ပါတီကော်မတီဝင်များ ယနေ့ တွေ့ဆုံမှုမြင်ကွင်းပုံရိပ်

People Image (၁၅. နိုဝင်ဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency





#ပါတီရှေ့လုပ်ငန်းစဥ်
#အောင်နိုင်ရေး
#လုံခြုံရေး
#ညှိနှိုင်းတွေ့ဆုံ

14/11/2022

ဘုရားသုံးဆူမြို့ သစ်ဆန်းယဥ် ရွှေဆိုင် ဓါးပြတိုက်ခံရသော CCTV မှတ်တမ်း

People Image (၁၄. နိုဝင်ဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

(ရုပ်/သံ) - မောင်း

ယနေ့ညနေ စက်သုံးဆီ စျေးနှုန်း -92 - 2060 Kyats95 - 2175 KyatsDiesel - 2615 KyatsPremiun Diesel - 2690 KyatsYP ရန်ကုန် စက်...
12/11/2022

ယနေ့ညနေ စက်သုံးဆီ စျေးနှုန်း -

92 - 2060 Kyats
95 - 2175 Kyats
Diesel - 2615 Kyats
Premiun Diesel - 2690 Kyats

YP ရန်ကုန် စက်သုံးဆီဆိုင်၏ စျေးနှုန်းဖြစ်ပါသည်။

People Image (၁၂. နိုဝင်ဘာလ. ၂၀၂၂)

#စက်သုံးဆီ #စျေးနှုန်း

အချစ်/ဟာသ နိုင်ငံကျော် စာရေးဆရာ အကြည်တော် ကွယ်လွန်People Image (၉. နိုဝင်ဘာလ. ၂၀၂၂)ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပို...
09/11/2022

အချစ်/ဟာသ နိုင်ငံကျော် စာရေးဆရာ အကြည်တော် ကွယ်လွန်

People Image (၉. နိုဝင်ဘာလ. ၂၀၂၂)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပင်လုံဆေးရုံတွင် ဆေးကုသမှုခံယူနေရသော စာရေးဆရာ အကြည်တော်သည် ယနေ့ နို၀င်ဘာလ ၉ ရက် ည ၈ နာရီခွဲက ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

စာရေးဆရာအကြည်တော်သည် လည်ချောင်းနှင့် လည်ပြွန်ကြားတွင် ကင်ဆာဖြစ်၍ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေခဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ အောက်တိုဘာလတွင် ရုတ်တရက် အသက်ရှုမဝဖြစ်ကာ နှလုံးခုန်ရပ်သွားခဲ့ခြင်းကြောင့် ဆေးရုံတင်၍ ကုသနေခဲ့ရခြင်းဖြစ်ကာ ယနေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး ဒဂုံတောင်မြို့နယ်ပါတီမှ ကျင်းပသော ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွ...
07/11/2022

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး ဒဂုံတောင်မြို့နယ်ပါတီမှ ကျင်းပသော ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွင် ပါဝင်ကုသိုလ်ပြု

အကြမ်းဖက်သမားတို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဟန်းရှင်လူပြည်သူများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များကို အမျှပေး သာဓုခေါ်ဆို

People Image (၇. နိုဝင်ဘာလ. ၂၀၂၂)

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၁၂ ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး ကုသိုလ်ပြုပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ ဦးစီးပြုလုပ်သည့် ၁၂ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့ နံနက် ၉ နာရီတွင် ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို စတင်ကျင်းပပြီး ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကပါဠိပါရဂူ၊ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ မော်ကျွန်းဆရာတော်ကြီးမှ ချီးမြှင့်ဟောကြားတော်မူသော ငါးပါးသီလတရားတော်ကို နာယူကြပါသည်။

ထို့နောက် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များ၊ ဒဂုံမြို့သစ်ခရိုင်ပါတီဥက္ကဌ ဒေါ်ဇာခြည်လင်း၊ အတွင်းရေးမှူး ဒေါ်စမ်းစမ်းဌေးနှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီမှ ပါတီကော်မတီများ၊ ဖိတ်ကြားထားသော တာဝန်ရှိသူများကကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းတို့အား ဆရာတော်နှင့်သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြပါသည်။

ဆက်လက်ပြီး မော်ကျွန်းဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဒနာတရာချီးမြှင့်ပေးပြီး ရန်ကုန်တိုင်းပါတီဥက္ကဌနှင့် ဧည့်ပရိတ်သတ်များက ရေစက်သွန်းချလှူဒါန်းကြပြီး အမျှဝေ သာဓု (၃)ကြိမ်ခေါ်ဆိုကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ရုပ်သိမ်းခဲ့ပါသည်။

ယင်းအပြင် အကြမ်းဖက်သမားတို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသောရဟန်းရှင်လူပြည်သူများနှင့်ပြည်ခိုင်ဖြိုးပါတီဝင်များကို အမျှပေးသာဓုခေါ်ဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ န.စ.က ခရိုင်စီမံအဖွဲ့ဝင် ဒေါက်တာ ရွှေပြည်စိုးနှင့် မြို့နယ်စီမံအဖွဲ့ဝင် ဗိုလ်မှူး နေမျိုးအောင်၊ ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပPeople Image (၂. နိုဝင်ဘာလ. ၂၀၂၂)ဒဂု...
02/11/2022

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ

People Image (၂. နိုဝင်ဘာလ. ၂၀၂၂)

ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံအရှေ့မြို့နယ်၊ ၁၂ ရပ်ကွက် ကျန်စစ်သားလမ်းမပေါ်က ဒဂုံအရှေ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ၄ မြို့နယ် ကိုယ်စားပြု ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပါတီဆိုင်းဘုတ်တင်ပွဲသို့ ရန်ကုန်တိုင်းပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်းနှင့် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဌ ဒေါ်ဇာခြည်လင်း၊ ခရိုင်အတွင်းရေးမှူး ဒေါ်စမ်းစမ်းဌေး၊ ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဒဂုံမြို့သစ်(တောင်ပိုင်း၊မြောက်ပိုင်း၊အရှေ့၊ ဆိပ်ကမ်း) မြို့နယ်မှ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

#ရန်ကုန် #ဒဂုံမြို့သစ်ခရိုင် #ပါတီ #ဆိုင်းဘုတ်တင်ပွဲ

သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အား UEC မှ ဖျက်သိမ်းခွင့်ပြုPeople Image (၂၈. အောက်တိုဘာလ. ၂၀၂၂...
28/10/2022

သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အား UEC မှ ဖျက်သိမ်းခွင့်ပြု

People Image (၂၈. အောက်တိုဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ရခိုင်ပြည်နယ်က ဆင်ဖြူလေး နေပြည်တော်မြို့က ဥပ္ပါတသန္တိစေတီကို ရောက်ပြီPeople Image (၂၇. အောက်တိုဘာလ. ၂၀၂၂)Telegram မှာလည်...
27/10/2022

ရခိုင်ပြည်နယ်က ဆင်ဖြူလေး နေပြည်တော်မြို့က ဥပ္ပါတသန္တိစေတီကို ရောက်ပြီ

People Image (၂၇. အောက်တိုဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ယနေ့ ညနေခင်းတွင် ဖူးမြင်ရသော မြင်ကွင်း။People Image (၂၄. အောက်တိုဘာလ. ၂၀၂၂)Photo - ဦ...
24/10/2022

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ယနေ့ ညနေခင်းတွင် ဖူးမြင်ရသော မြင်ကွင်း။

People Image (၂၄. အောက်တိုဘာလ. ၂၀၂၂)

Photo - ဦးနန္ဒသာမိ စခန်းလေးဘောဂသိဒ္ဓိတောရကျောင်း
Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

KKO ခွဲထွက်အဖွဲ့နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့အတွင်းသို့ ...
21/10/2022

KKO ခွဲထွက်အဖွဲ့နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ပြီး လူနေရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း န.စ.က မှ သတင်းမှန် ထုတ်ပြန်

People Image (၂၁. အောက်တိုဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

သံအမတ်ကြီး ဦးမြင့်ဆွေ မာလာဝီသမ္မတနိုင်ငံ သမ္မတ​ ဒေါက်တာ လာ့ဇရပ်(စ်) မက်ကာသီချက်(ခ်)ဝီရာ ထံ ခန့်အပ်လွှာပေးအပ်People Image...
21/10/2022

သံအမတ်ကြီး ဦးမြင့်ဆွေ မာလာဝီသမ္မတနိုင်ငံ သမ္မတ​ ဒေါက်တာ လာ့ဇရပ်(စ်) မက်ကာသီချက်(ခ်)ဝီရာ ထံ ခန့်အပ်လွှာပေးအပ်

People Image (၂၁. အောက်တိုဘာလ. ၂၀၂၂)

မာလာဝီသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြင့်ဆွေသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် မာလာဝီသမ္မတနိုင်ငံ၊ လီလွန်ဂွေးမြို့၊ ကမာဇူနန်းတော်၌ မာလာဝီသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ လာ့ဇရပ်(စ်) မက်ကာသီ ချက်(ခ်)ဝီရာ ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

15/10/2022

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ဖြင့်မိန့်ခွန်း ပြောကြား

People Image (၁၅. အောက်တိုဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်ရီ၏ လမ်းညွှန်မှာကြားချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်ဥက္ကဌ ဦးဉာဏ်ဝင်းထိုက်မှ သက်ဆိုင်ရာမြို...
13/10/2022

ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်ရီ၏ လမ်းညွှန်မှာကြားချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်ဥက္ကဌ ဦးဉာဏ်ဝင်းထိုက်မှ သက်ဆိုင်ရာမြို့နယ် ၁၄ မြို့နယ်မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကို ထပ်ဆင့် လမ်းညွှန်မှာကြား

People Image (၁၃. အောက်တိုဘာလ. ၂၀၂၂)

ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်ရီ၏ လမ်းညွှန်မှာကြားချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်ဥက္ကဌ ဦးဉာဏ်ဝင်းထိုက်မှ သက်ဆိုင်ရာမြို့နယ် ၁၄ မြို့နယ်မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကို ထပ်ဆင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

ရန်ကုန်မြို့၊ အရှေ့ပိုင်းခရိုင် ၁၄ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌ၊ အတွင်းရေးမှူး နဲ့ ဘဏ္ဏာရေးမှူးတို့ကို တတိယအကြိမ်ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီညီလာခံကြီးမှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဥ်များအပေါ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိ့နှိုင်းဆွေးနွေးမှုကို ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နေ့လည် ၁ နာရီမှ နေ့လည် ၂ နာရီခွဲအထိ အရှေ့ပိုင်းခရိုင်ပါတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

#ရန်ကုန်

ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားအား လာရောက်ဖူးမြော်ကြသည့် အပြစ်မဲ့ ဘုရားဖူး ပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိမ...
13/10/2022

ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားအား လာရောက်ဖူးမြော်ကြသည့် အပြစ်မဲ့ ဘုရားဖူး ပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပတ်သက်၍ အကြမ်းဖက်လုပ်ရက်အား ပြင်းထန်စွာ ကန့်ကွက်ရှု့ချကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သဘောထား ထုတ်ပြန်

People Image (၁၃. အောက်တိုဘာလ. ၂၀၂၂)

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ဘားအံခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကိုအကြမ်းဖက်သမားများက လုပ်​ကြံသတ်ဖြတ်People Image (၁၃. အောက်တိုဘာလ. ၂၀၂၂)ကရင်ပြည်န...
13/10/2022

ဘားအံခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကိုအကြမ်းဖက်သမားများက လုပ်​ကြံသတ်ဖြတ်

People Image (၁၃. အောက်တိုဘာလ. ၂၀၂၂)

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်အောင်မိုးသည် ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်သမားများကသေနတ်ဖြင့် လုပ်ကြံ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်များထံမှ သိရသည်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းက ပြည်သူများကို ယုတ်ညံ့သော စကားလုံးများနဲ့ ခြိမ်းခြောက်ဆဲဆိုPeople Image (၁၀. အောက်တိုဘာ...
10/10/2022

ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းက ပြည်သူများကို ယုတ်ညံ့သော စကားလုံးများနဲ့ ခြိမ်းခြောက်ဆဲဆို

People Image (၁၀. အောက်တိုဘာလ. ၂၀၂၂)

တစ်ခေတ်တစ်ချိန်က မြန်မာနိုင်ငံတွင် အောင်မြင်ကျော်ကြားသော ထိပ်တန်းမင်းသား စာရင်းဝင် မင်းမော်ကွန်း (ခ) ကျော်ကျော်ဌေးလွင် သည် ယနေ့နံနက်ပိုင်းတွင် facebook စာမျက်နှာမှာ

`` ခင်များတို့ကွက်ပြီး ဒီမိုကရေစီရနေပြီဆိုရင် ကျုပ်တို့တွေဘာမှစောက်ဖက်လုပ်နေဖို့ ဘာစောက်ကြောင်းမှမရှိလောက်ဘူးထင်တယ် လုပ်ပါပျော်ပါ ပြီးမှ လီးစကားလာမပြောကြနဲ့ .....ဆဲတယ်မအေလိုးများ ´´ ဟု

ယုတ်ညံ့သော စကားလုံးများသုံးနှုန်းကာ ရေးသားခြိမ်းခြောက်ခဲ့ပါတယ်။

မနေ့က လပြည့်နေ့ အခါသမယတွင် မြန်မာနိုင်ငံရှိ ဘုရား၊ စေတီပုထိုးများတွင် ပြည်သူများ ကျိတ်ကျိတ်တိုး စည်ကားသိုက်မြိုက်စွာ ဖူးမြော်ကြည်ညိုခဲ့ကြသည်ကိုလည်း တွေ့မြင်ရပါတယ်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

06/10/2022

မူဆယ်မြို့နယ်တွင် တရားသူကြီးတစ်ဦး လုပ်ကြံ ပစ်သတ်ခံရ

People Image (၆. အောက်တိုဘာလ. ၂၀၂၂)

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်တွင် တရားသူကြီး ရာဇာမင်းစိုးကို ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းမှာ အမည်မသိသေနတ်သမား လူနှစ်ဦးက ဆိုင်ကယ်ဖြင့်လာရောက်ပြီး လုပ်ကြံ ပစ်သတ်ခဲ့တဲ့ CCTV မှတ်တမ်း ထွက်ပေါ်ခဲ့ပါတယ်။

Telegram မှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency

Address


Website

Alerts

Be the first to know and let us send you an email when People Image - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share