Aung Kyaw

Aung Kyaw Myanmar Revolution

26/06/2023

အဖမ်းမခံရစေဖို့ သိထားရမည့်အချက်များ
---------------
စစ်ကောင်စီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအရ မြို့နယ်တိုင်းမှာ (မစဖ)လို့ခေါ်တဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်-၁ ဗိုလ်မှူးတစ်ယောက်ရှိပါတယ် ၊ သူကသက်ဆိုင်ရာမြို့နယ်ရဲ့ လုံခြုံရေးကိစ္စကို တာဝန်ယူရပါတယ် ၊ သူ့လက်အောက်မှာ နယ်မြေတာဝန်ခံတပ်စစ်ကြောင်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ရှိပါတယ်

မြို့နယ်တိုင်းမှာရှိတဲ့ မစဖ-၁ ဗိုလ်မှူးအပါအဝင် မြို့နယ်အလိုက် လုံခြုံရေးတာဝန်ရှိသူ ရဲ ၊ နယ်ထိမ်း ၊ လဝက ၊ ထွေအုပ် ၊အားလုံးဟာ သက်ဆိုင်ရာမြို့နယ်အလိုက် Viber group မဖြစ်မနေဖွဲ့ထားကြပါတယ် ၊ ပြီးတော့ ဟန်ငြိမ်းဦး ကျော်စွာတို့ရဲ့ telegramကိုလည်း အားလုံးမဖြစ်မနေJoinထားကြရပါတယ် ၊ တစ်နိုင်ငံလုံးမှာရှိတဲ့မြို့နယ် မစဖ ဗိုလ်မှူးအားလုံးနဲ့ မြို့နယ်အလိုက် လုံခြုံရေးတာဝန်ရှိသူအားလုံးတို့ဟာ စစ်လော်ဘီTelegramတွေကိုမဖြစ်မနေ joinထားပြီးတော့ ဟန်ငြိမ်းဦး ကျော်စွာတို့ telegramမှာတင်သမျှကို အချိန်ပြည့်စောင့်ကြည့်နေကြတာပါ

ဒါကြောင့် ဟန်ငြိမ်းဦး ကျော်စွာနဲ့ စစ်လော်ဘီတွေကတစ်စုံတစ်ယောက်ကိုဖမ်းဖို့ လိပ်စာအတိအကျနဲ့တင်လိုက်ပြီရင် မစဖ ဗိုလ်မှူးဖြစ်သူက အလုပ်များနေလို့အဲ့ဒီသတင်းကို မတွေ့သေးဘူးဆိုရင်တောင် သူရဲ့ လက်အောက်က (မြို့နယ်လုံခြုံရေး Viber groupထဲမှာရှိတဲ့) မြင်တွေ့သူတစ်ယောက်ယောက်က သူတို့ရဲ့သက်ဆိုင်ရာမြို့နယ် လုံခြုံရေးViber groupထဲကို ချက်ချင်းပြန်Shareလိုက်ပြီး မစဖဗိုလ်မှူးကိုသတင်းပို့ပြီးတာနဲ့ ချက်ချင်းသွားဖမ်းကြတော့တာပါပဲ

ဒါက သူတို့ရဲ့ အလုပ်လုပ်ပုံ လုံခြုံရေးစက်ဝန်းအနေအထားကို နားလည်အောင်ရှင်းပြတာပါ

တော်လှန်ရေးကာလ ၂နှစ်ကျော်တဲ့အထိ ယနေ့အထိ စစ်လော်ဘီtelegramတွေက လိပ်စာအတိအကျနဲ့တင်ပြီး အဖမ်းခံနေရတာတွေဟာ Social Mediaကို လိမ်မာပါးနပ်စွာအသုံးမပြုတက်ခြင်းကြောင့်ပါပဲ

ဒါကြောင့်မို့ -

၁။ မိမိသည် နိုင်ငံခြား (သို့မဟုတ်) လွတ်မြောက်နယ်မြေမှာ ရောက်နေသူမဟုတ်လျှင် အကောင့်တုသုံးပါ

၂။ အကောင့်စစ်သုံးမယ်ဆိုလျှင်လည်း မိမိရဲ့ဘာပုံကိုမှ မတင်ပါနဲ့

၃။ မဖြစ်မနေ Profile Lockချပါ

၄။ အကောင့်အတွင်းမှာ မိမိရဲ့အိမ်လိပ်စာ ၊ ဆိုင်လိပ်စာ ၊လိပ်စာပါသော ဆေးမှက်တမ်းနှင့် လိပ်စာပါဝင်နေသောအခြားမှက်တမ်းများ ဘာတစ်ခုမှမတင်ပါနဲ့ ၊ တင်ထားဖူးလျှင်လည်း ပြန်ရှာ၍ဖျက်ထားပါ

၅။ မိမိအလုပ်လုပ်နေသော ရုံးနာမည် ကုမ္ပဏီနာမည် ပါဝင်နေသောပုံများကို မတင်ပါနှင့် ၊ တင်ထားဖူးလျှင်လည်း ပြန်ဖျက်ထားပါ

၆။ Online Shop လုပ်ဆောင်နေသူဆိုလျှင် မိမိရဲ့ Personal အကောင့်နှင့် Online shopအကောင့်ကိုခွဲခြား ထားပါ ၊ လိပ်စာ ဖုံးနံပါတ်များထည့်သွင်းထားရသော Online shopအကောင့်ကို မိမိ၏Personalအကောင့်မှပြန်Share၍ ကြော်ညာထားခြင်းမျိုး မလုပ်ပါနှင့်

၇။ မိမိ၏အကောင့်အတွင်း၌ မိမိနှင့် ငွေကြေးကိစ္စ လူမှုရေးကိစ္စပြဿနာရှိဖူးသူများကို friendအဖြစ်မထားပါနှင့် ၊ Blockထားပါ

၈။ မိမိ၏ Friend Listအတွင်း၌ မယုံကြည်ရသူဟု ယူဆရသောအကောင့်များ ၊ ကြားနေလိုလိုဘာလိုအကောင့်များကို ရှင်းပစ်ပါ ၊ အားမနာပါနှင့်

ဖမ်းဖို့သတင်းတင်ပေးနေတဲ့ စစ်လော်ဘီတွေဟာ အများထင်နေကြသလို စစ်ထောက်လှမ်းရေးကလူတွေမဟုတ်ပါဘူး ၊သူ့ဟာသူ Volunteerလုပ်နေတဲ့ သူတွေပါပဲ ၊ ဒိဗ္ဗစက္ခုဥာဏ် အကြားအမြင်ရနေသူတွေလည်းမဟုတ်ပါဘူး ၊ ယနေ့အချိန်ထိ အဖမ်းခံနေရတာတွေဟာအထက်ပါအချက်များကိုမလိုက်နာပဲ အကောင့်အစစ်များအသုံးပြုခြင်း ၊ Profile Lockမချခြင်း ၊မိမိ၏ လိပ်စာ သို့မဟုတ် မိမိ၏နေရပ်လိပ်စာအဖြစ်ပေါ်လွင်နေသော ဥပမာ-ကားလက်မှက်၊ ဆေးမှက်တမ်း၊ ပါဆယ်ထုတ်များ လိုင်းပေါ်တင်ထားခြင်း ၊ မိမိအလုပ်လုပ်နေသော ရုံး ကုမ္ပဏီ အလုပ် နာမည် (သို့မဟုတ်)လိပ်စာများပါဝင်နေသော ပုံများကို တင်ထားခြင်းတွေကြောင့် အလွယ်တကူအဖမ်းခံနေကြရတာပါပဲ ၊
တနည်းအားဖြင့် Social mediaကို လိမ်မာပါးနပ်စွာအသုံးမပြုခြင်းကြောင့်ပါပဲ

တော်လှန်ရေးအစပိုင်းကာလမှာလည်း အများအပြားအဖမ်းခံနေချိန်မှာ ဘယ်Celeဘယ်သူကမှဒါကိုသတိပေးဖော်မရလို့ ကျနော့်မိတ်ဆွေတွေ ဖော်လိုဝါတွေနဲ့ ဒီမိုကရေစီအင်အားစုတွေအန္တရယ်ကင်းအောင် ကျနော်ပဲသတိပေးပြီးPostတင်ခဲ့ဖူးပါတယ်
အခုထိလည်း နေ့စဥ်နဲ့အမျှ အဖမ်းခံနေရတာတွေမနည်းမနောရှိနေသေးတာကြောင့် ထပ်ပြီးသတိပေးတာပါ ၊တစ်နိုင်ငံလုံးသိအောင်တော့ ကျနော်လည်းမစွမ်းဆောင် နိုင်ပါဘူး ၊ ထပ်ဆင့်Shareပေးကြရင်းနဲ့ လက်လှမ်းမှီသ၍ သတိပေးလိုက်ကြပါဦး

NKA

မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်စေချင်လို့ ( ဖြစ်နိုင်ရင် … တော်-လှန်-ရေး ဘက်တော်သားတွေ အချင်းချင်းကြား ဖြန့်ပေးစေချင်...
25/06/2023

မကြည့်ရသေးရင်
ကြည့်ဖြစ်အောင် ကြည့်စေချင်လို့

( ဖြစ်နိုင်ရင် … တော်-လှန်-ရေး ဘက်တော်သားတွေ အချင်းချင်းကြား ဖြန့်ပေးစေချင်လို့ )
နွေဦးဖတ်စာမှာ တင်ပေးလိုက်ပါတယ် …

တင်ခွင့်ပြုပေးထားတဲ့ ကိုမင်းကိုနိုင် ကိုရော
Voice of Spring ကိုရော ကျေးဇူး အထူးပါ …

( နွေဦးဖတ်စာရဲ့
အမာခံ အားပေး ဝန်းရံသူတွေ အနေနဲ့လည်း
ဒီ Post ကို R-C-S လုပ်ပေးကြပါဦး 💪 )

👉 https://springreader.com/2023/06/24/minkonaing_time_to_strike_together/ 👈

| တညီတည်း ရုန်းကြဖို့ အချိန်ရောက်ပြီ | ◼️အကြမ်းဖက်စစ်ကောင်စီဟာ အရှုံးပေါင်းများစွာနဲ့ အဘက်ဘက်က ပြိုကျလာတာက.....

19/06/2023

ရန်ကုန်မှာ ပန်းဝယ်လာသူ အမျိုးသမီးများကို စစ်ခွေးများဖမ်းဆီးစစ်ဆေး။
Crd ငွေမောင်းသံမီဒီယာ

အသက်မွေးဝမ်းကျောင်းက လူသတ် ခိုးဆိုးလုယက်၊ မြို့ရွှာတွေမီးရှို့ပြီး အကုသိုလ်တရား ‌‌‌‌‌တွေချေဖျက်ဖို့ မိုးကြိုးပစ်ရာထန်းရွ...
07/06/2023

အသက်မွေးဝမ်းကျောင်းက လူသတ် ခိုးဆိုးလုယက်၊ မြို့ရွှာတွေမီးရှို့ပြီး အကုသိုလ်တရား ‌‌‌‌‌တွေချေဖျက်ဖို့ မိုးကြိုးပစ်ရာထန်းရွက်နဲ့ကာနေတဲ့အဖြစ်။(မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်)

ဘုံရန်သူစစ်ခွေးတွေကို အမြစ်ပြတ်အောင်တော်လှန်ပစ်မှ ဖြစ်တော့မယ်လို့။
26/05/2023

ဘုံရန်သူစစ်ခွေးတွေကို အမြစ်ပြတ်အောင်တော်လှန်ပစ်မှ ဖြစ်တော့မယ်လို့။

မို ချာဆိုင်ကလုံး‌အပျက်အစီး များ နှင့် အသေအပျောက် ဖြစ်ရမှုများသည် ကြိုတင် ခန့်မှန်းနိုင်ပြီး ရှောင်လွှဲ၍ ရနိုင်သည့် အကြေ...
26/05/2023

မို ချာဆိုင်ကလုံး‌အပျက်အစီး များ နှင့် အသေအပျောက် ဖြစ်ရမှုများသည် ကြိုတင် ခန့်မှန်းနိုင်ပြီး ရှောင်လွှဲ၍ ရနိုင်သည့် အကြောင်းခြင်းရာ များ ဖြစ်သော်လည်း ယခုလို ဖြစ်ခဲ့ရခြင်းသည်စစ်အာဏာသိမ်းအဖွဲ့၏ လူ့အခွင့်အရေး များ ပစ်ပယ်သည့် လုပ်ရပ်များကို စနစ်တကျ လုပ်ဆောင်ခဲ့မှုများ နှင့် အတိအကျ ဆက်စပ်နေခြင်းကြောင့် ဖြစ်သည်ဟုပြောကြား။

ကုလသမဂ္ဂလူ့အခွင့်ရေးကော်မရှင်အကြီးအကဲဗော်ကာ တပ်ခ်

ဝဋ်ကြွေးလို့ဆိုတာထက် ကျော်လွန်စဥ်းစားဖို့လိုလာပြီ။
24/05/2023

ဝဋ်ကြွေးလို့ဆိုတာထက် ကျော်လွန်စဥ်းစားဖို့လိုလာပြီ။

ရုရှားနှိင်ငံတော်ကြီးမှမိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများအတွက်လှူဒါန်းငွေရူဘယ်လ် ၁၅၀၀၀၀(မြန်မာငွေသိန်းငါးဆယ်)ကိုရုရှ...
23/05/2023

ရုရှားနှိင်ငံတော်ကြီးမှမိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများအတွက်လှူဒါန်းငွေရူဘယ်လ် ၁၅၀၀၀၀(မြန်မာငွေသိန်းငါးဆယ်)ကိုရုရှားနှိင်ငံဆိုင်ရာစကစသံအမတ်ကြီးထံလာရောက်လှူဒါန်း😁😁😁
1 USD =80.096RUB

တလရ ဘယ်တော့ပြီးမှာလဲ။
23/05/2023

တလရ ဘယ်တော့ပြီးမှာလဲ။

20/05/2023
ဒလံ”ဒိန်းဒေါင်” ချွန်လိုက်တာ မျက်လုံးတလုံးထွက်ပြီး သွားတွေကျိုးထွက်ကုန်ပြီး အိုးဘိုထောင်မှာ အနှိပ်စက်ခံနေရတဲ့ ဆိုင်းဆရာ ...
20/05/2023

ဒလံ”ဒိန်းဒေါင်” ချွန်လိုက်တာ မျက်လုံးတလုံးထွက်ပြီး သွားတွေကျိုးထွက်ကုန်ပြီး အိုးဘိုထောင်မှာ အနှိပ်စက်ခံနေရတဲ့ ဆိုင်းဆရာ စိန်ဒူးဝါး

ဖြစ်စဉ်ပြောပြပုံ
👇👇👇
ရှောင်နေရာကနေအိမ်ပြန်ပီးနေချင်ပီခံဝန်လေးနဲ့ပေါ့ဗျာ။သူလဲအသက်ကြီးလာတော့အနေဆင်းရဲ.အစားဆငိးရဲက ပင်ပန်းပီဆိုပြီးတစ်ယောက်သောဟာသဇာတ်ပို့ကို ph ဆက်ပြောတယ်၊လုပ်ပေးဖို့ပေါဗျာ.။အဲ့ဒါကို ရတယ်ကိုကြီးဘာမှမပူနဲ့လုပ်ပေးမယ်ဆိုပီးယုံအောင်ပြောပီး တည်နေရာမေးလို့ပြောလိုက်တာ ၅ ရက်မြောက်တဲ့နေ့သူလာဖမ်းကြတာပဲ၊အဲ့ဒါသူဖုန်းဆက်အကူအညီတောင်းတဲ့လူကိုသာဖွင့်ပြောဖူးတဲ့နေရာဖြစ်လို့အတော်လေးဝမ်းနည်းခံပြင်းမိသလိုကျန်တဲ့သူတွေလည်းသူ့လိုယုံကြည်အားကိုးမိမှာစိုးလို့သတိပေးရမယ်ဆိုတဲ့စိတ်နဲ့ဖွင့်ပြောပြခဲ့တယ်။အဲ့ဒီ့ဟာသသရုပ်ဆောင်ဇာတ်ပို့ကောင်ကဒလံအကြီးစားအဲ့ဒီ့ကောင်ယုတ်မာလို့သူအထဲရောက်လာတဲ့အကြောင်းကိုခွင့်ပြုမိန့်နဲ့တွေ့ခွင့်ရချိန်သူ့ကိုလာတွေ့တဲ့မိသားစုဝင်ထဲကသားဖြစ်သူကိုပြောပြတာတဲ့။

ခေတ်ပျက်သွားတဲ့အချိန်မှာအတွင်းသဏ္ဍန်နဲ့အငုံစိတ်တွေအသီးသီးပေါ်လာကြတာကိုသတိထားမိတယ်၊မျက်နှာဖုံးတွေကွာကျကုန်ပီးတချို့ဆိုဗြောင်ကိုဘက်ကူးပီးတင်းတင်းရင်းရင်းနဲ့လုပ်စားနေကြတာလဲတွေ့မိရဲ့၊မကောင်းတဲ့ခေတ်ကြီးမှာလူယုတ်မာတွေနေရာယူကြီးစိုးလာတယ်။မကောင်းတဲ့ပိုစ့်တွေပေါက်တယ်၊မကောင်းတာလုပ်ဖို့အတွက်ဟာသဆန်ဆန်ရေးသားတိုက်တွန်းတဲ့စတေးတပ်စ်တွေလူကြိုက်များလာတယ်၊ဆုတ်ကပ်ဆိုတဲ့သဘော။အကိုကြီးညီလေးတွေကနေအမှောင်ဘက်ခြမ်းကျကိုယ့်ကိုပသ်မှတ်ထားပီးစောင့်ကြည့်နေကြတာမသိလိုက်သူတစ်ချို့တဝက်အပေါ်ကဖြစ်ခဲ့သလိုဘဝပျက်ကုန်ကြတယ်၊အဝေးကြီးမှာမဟုတ်ဘူးကိုယ့်ပါတ်ဝန်းကျင်မှာကိုရှိတာ၊သူတို့အလုပ်သူတို့ပုံမပျက်လုပ်တယ်လူတွေနဲ့လည်းသဟဇာတဖြစ်အောင်နေတယ်လူဆွယ်လူစည်ပီးလူကြိုက်ပိုစ့်မျိုးအရေးအသားမျိုးတွေသက်သက်တင်ရင်းလူထိန်းပီးစောင့်ကြည့်နေတဲ့သူမျိုးတွေကလည်းကိုယ့်အနားမှာပဲရှိတယ်၊အမှောင်လောကသားတွေကြီးဆိုးပီးအလင်းဘက်အခြမ်းမှာပါနောက်ပုံစံဘဝတစ်မျိုးနဲ့နေရာယူအထိုင်ချထားတဲ့ကာလကြီးမှာကိုယ်ကိုယ်တိုင်ကလည်းအမြဲသတိထားနေထိုင်နေရသလိုကျန်တဲ့သူတွေကိုလည်းသတိပေးပါမယ်၊
ရန်သူဟာမင်းဖရန့်လစ်ထဲမှာကိုရှိတယ်။
ဒါကြောင့်မပြေးသော်ကန်ရာရှိမသိစိတ်ကနေသံသယရှိသလိုသတိထားမိနေတဲ့လူတစ်ချိုု့ကိုယ့်ပိုစ့်တွေတက်လာတာမတွေ့ပေမယ့်ဖရန့်ဖြစ်နေသေးတယ်ဆိုရင်အဲ့ဒါမင်းကိုဘယ်သူမှန်းငါရိပ်မိသွားလို့ပဲမှတ်ယူလိုက်ပါ၊မြန်မာစကားပုံအရပြောရမယ်ဆိုရင်မိုးကောင်းတုန်းရွာထားဦးဟုသာ.🌧🖍
(အပေါ်ကကာယကံရှင်ကစိန်ဒူးဝါးဆိုတဲ့ဆိုင်းဆရာ၊အဲ့ဒီ့အတွင်းစည်းကဒလံအကြောင်းကိုပြန်ပြောပြချိန်မျက်လုံးတစ်လုံးကအပြင်ထွက်နေပီးသွားသုံးချောင်းမရှိတော့ဘူးတဲ့၊သတိပြုကြမယုံစားနဲ့လို့သာ.)

စစ်ကြီးအတွင်းမှာဝမ်းနည်းရမှာကတယောက်က တယောက်ကိုမစောင့်ရှောက်နိုင်တော့မှာ မျိုးပဲ။မရယ်ရတဲ့ အရသာကိုမင်းက ရယ်ရသလိုမျိုး ပြော...
20/05/2023

စစ်ကြီးအတွင်းမှာ

ဝမ်းနည်းရမှာက
တယောက်က တယောက်ကို
မစောင့်ရှောက်နိုင်တော့မှာ မျိုးပဲ။

မရယ်ရတဲ့ အရသာကို
မင်းက ရယ်ရသလိုမျိုး ပြောပြီး
ငါက ရယ်နေရသလိုလုပ်ပြီး
နားထောင်နေရတာမျိုးပေါ့။

ပြီးတော့
တယောက်ကို တယောက်
ပြန်ကောက်ဖို့ မရနိုင်တော့တာမျိုး
ခရီးမှာ။ ။

မြတ်ဝေ
၁၊၁၁၊၂၀၂၂

Wartime

It's a pity
it looks
we could no more hold out
a helping hand to one another!

sounds like
you crack a flat joke
and I have to wear a fake laugh
though your joke falls flat to my ear.

This journey looks
as if there's no more chance
for you to pick up me when I fall,
nor do I for you when you drop.

Myat Wai
Translated by U Zaw Tun

19/05/2023

စစ်သားတွေက မြန်( မြင်) သမျှ အကုန်ယူတာ
ဘော်လီတောင် မချန်ဘူးရယ်

အဲ့ဒါကြောင့် ဘုန်းကြီးကျောင်းသွားထားရတာပါ့

ရှေ့တခေါက် အိမ်သာထဲ သေတ္တာလိုက်ပို့ထားတာ
မြန် (မြင်)တယ်ဆရာမရေ
သေတ္တာကြီးပါ မသွားတယ်
A Nyein

မြန်မာ ပြည်သူများ အား နှိမ်နှင်းရာတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း နှင့် စင်္ကာပူ တို့ ပံ့ပိုးပေးလျက် ရှိသည်ဟု ဆိုသည်...
18/05/2023

မြန်မာ ပြည်သူများ အား နှိမ်နှင်းရာတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း နှင့် စင်္ကာပူ တို့ ပံ့ပိုးပေးလျက် ရှိသည်ဟု ဆိုသည်။

ရုရှား မှ ဒေါ်လာ ၄၀၆ သန်း ဖိုး၊ တရုတ် မှ ၂၆၇ သန်း ဖိုး တင်သွင်းခဲ့သည်၊ အဓိက အားဖြင့် စင်္ကာပူ ကုမ္ပဏီ ပေါင်းများစွာ မှ ဒေါ်လာ ၂၆၀ သန်း ဖိုးကို ကပစ တွင် လက်နက် ထုတ်လုပ်ရန် ကုန်ကြမ်း များ တင်သွင်းခဲ့သည်ဟု လည်း ပါရှိသည်။

လက်နက် ကုန်သည်များသည် စင်္ကာပူ ဘဏ်များကို အဓိက ထား သုံးစွဲ နေကြသဖြင့် စင်္ကာပူ အစိုးရ ခေါင်း‌ ဆောင် များ အနေဖြင့် ယခု အစီရင်ခံစာ ပါ အချက်အလက်များကို အသုံးပြု၍ အတတ်နိုင်ဆုံးတားမြစ်ပေးပါရန် မိမိ အနူးအညွတ် ပန်ကြားလိုကြောင်းလည်း အင်ဒရူးက ပြောဆိုခဲ့သည်။
Crd Hla Soewai
Tun Myint

အကြမ်းဖက်စစ်ကောင်စီတပ် အသုံးပြုနေသည့် DF ခေါ် Directional  Finder စက်အမျိုးအစား သည် တိုင်းရင်းသားလက်နက်ကိုင်များ၊တော်လှန...
18/05/2023

အကြမ်းဖက်စစ်ကောင်စီတပ် အသုံးပြုနေသည့် DF ခေါ် Directional Finder စက်အမျိုးအစား သည် တိုင်းရင်းသားလက်နက်ကိုင်များ၊တော်လှန်ရေးရဲဘော်များ အချင်းချင်းပြောဆို ဆက်သွယ်သောလှိုင်း နှုန်းများကို Scanဖတ်ပြီး ရရှိလာသော လှိုင်းနှုန်း၏ အရပ်ဒေသကိုသိရှိရန်အတွက် Google Map ပေါ်တွင်တင်၍စက်လှိုင်း နှုန်းထုတ်လွင့်မှုတည်နေရာကိုရှာဖွေနိုင်ပြီးလေတပ်၏ပံ့ပိုးမှုဖြင့်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

11/05/2023

မိုခါမုန်တိုင်းမိုးလေဝသအထူးသတင်း

လက်ရှိလမ်းကြောင်းဟာ လုံးဝအတည်ဖြစ်သွားပြီလား?

“ ဖြစ်သွားပါပြီ။ GDACS (Global Disaster Alert and Coordination SYSTEM - ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်) ကတောင် လူဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတဲ့ အနီရောင်အဆင့် သတိပေးချက် ထွက်လာပြီကိုး”

ဒါဆို မြို့‌လေးမြို့ဖြစ်တဲ့စစ်တွေ၊ကျောက်ဖြူ၊သံတွဲ၊ဂွမြို့တို့ပဲတိုက်ရိုက်ထိမှာလားဆရာ၊

“ ဟုတ်တယ်။ ဒီလေးမြို့က တိုက်ရိုက်ဆိုတော့ ကျွန်တော်တို့ ပုံမှာလည်းတွေ့လိမ့်မယ်။ မုန်တိုင်းရဲ့ အတွင်း စက်ဝန်းဗဟိုအရွယ်အစားပေါ့။ အဲ့ဒါနဲ့ တိုက်ရိုက်ထိမယ့်ထဲမှာ ခုနပြောတဲ့ မြို့လေးခု ပါတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ မမြင်ရတဲ့ထဲဆိုရင် တောင်ကုတ်လိုမျိုးလည်း ပါမယ်ပေါ့။ အဓိကကတော့ ကမ်းခြေမြို့တွေပေါ့”

ဆိုတော့ တိုက်ရိုက်ထိမယ့်မြို့တွေက ပြင်းအားဘယ်လောက်ထိ ခံရနိုင်လဲ?

“ အခုလောလောဆယ် GDACS က ထုတ်ထားတဲ့အနေအထားအရ တိုက်ရိုက်မုန်တိုင်းပြင်းအားက ၁၆၇ ကီလိုမီတာလို့ ပြောထားတယ်။ မိုင်အားဖြင့်ဆို တစ်နာရီ ၁၀၃.၇ မိုင်ရှိတယ်။ အဲ့တော့ နောက်တစ်ခုက JTWC မှာကျတော့ 90knots လို့ ဖြစ်တဲ့အတွက် သူကလည်း ၁၀၃.၅ မိုင်ပါပဲ။ တူတူပါပဲ”
ဆရာပြောထားတာက တိုက်ရိုက်ဝင်မှာက စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဂွမြို့တွေ ဆိုတော့လေ။ သူတို့ဆီ ဘယ်ရက် ဘယ်အချိန်တွေမှာ အမြင့်ဆုံး ဝင်သွားမှာလဲဆရာ?

“ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီးတော့ မုန်တိုင်းအဖျားက ခုနပြောတဲ့ မြို့လေးမြို့ကို စထိမှာ။ ကမ်းရိုးတန်းဒေသ ပေါ့။ အတိအကျပြောမယ်ဆိုရင် စစ်တွေရဲ့မြောက်ဘက် မိုင် ၁၅၀၊ စစ်တွေရဲ့တောင်ဘက် မိုင် ၁၅၀။ အဲ့ဒီအကွာ အဝေးအတွင်းမှာရှိတဲ့ ကမ်းခြေဒေသတွေကတော့ မုန်တိုင်းတိုက်ရိုက် သက်ရောက်နိုင်တဲ့အခြေအနေရှိတယ်။ ဘာကြောင့်လဲဆိုတော့ မုန်တိုင်းအရွယ်အစား တအားကြီးတဲ့ အတွက်ကြောင့်ဖြစ်တယ်”

“ ဆိုတော့ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး မုန်တိုင်းရဲ့အပြင်ကွင်းတွေထိပြီး လေပြင်းအားတွေ စလာမယ်။ အဲ့ဒီ ကနေ ၁၄ ရက်နေ့ညကို မုန်တိုင်းဗဟိုဝင်မယ်။ မုန်တိုင်းဗဟိုမဝင်ခင် လေက တောင်ဘက်ကနေတိုက်မယ်။ မုန်တိုင်းဗဟို ဝင်နေချိန်နဲ့ ဝင်ပြီးချိန်မှာ လေက အနောက်တောင်ဘက်ကနေတိုက်တယ်။ မုန်တိုင်းပြင်းအားအမြင့်ဆုံးဖြစ်မယ့် အချိန်ကတော့ ၁၄ရက်နေ့ ညနေပိုင်းလောက်မှာဖြစ်မယ်။ ဆိုတော့ လင်းနေတဲ့ အချိန်လောက်မှာပဲ တိုက်မှာပါ”

“ တိုက်ပြီးသွားတော့ မုန်တိုင်းကုန်းတွင်းကို ဝင်သွားပြီးတဲ့အခါ ၁၅ ရက်နေ့ မနက် ၆ နာရီဆိုရင် ချင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းထဲကို ရောက်မယ်။ ရောက်တဲ့အချိန်ကျရင်တော့ လေက တစ်နာရီကို မိုင် ၄၀ ကျော်ဖြစ်မယ်။ မိုးတိမ်ကြီးတွေ ပါလာမယ်”

“ တစ်ခုရှိတာက ဒေသတွေကပူနေတယ်။ အပူချိန်တွေမြင့်နေတဲ့နေရာ ဖြစ်နေတယ်။ အဲ့ဒီမှာလည်း ကျွန်တော် ပထမကပြောတဲ့ ကမ်းခြေမှာဝင်နေပြီဆိုတဲ့ အချိန်မှာပဲ စိုက်ဆင်းလေပြင်းလိုမျိုးဆင်းလာတာမျိုးကြုံရနိုင်တယ်။ ပြီးတော့ နောက်တစ်ခုက တောင်ပြို၊ မြေပြိုတာတွေဖြစ်နိုင်တယ်။ တောင်ကျချောင်းရေကျတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ အရင်တုန်းကတောင်ကျချောင်းရေ ရုတ်တရက်ဆင်းလာတဲ့အခါ တံတားကြီးတစ်ခုလုံး ပြုတ်ပါသွားတာမျိုးတွေ ပခုက္ကူနယ်ဘက်မှာဖြစ်တာအများကြီးရှိတယ်။ အဲ့လိုမျိုးဖြစ်သွားနိုင်တာတွေ အများကြီးဖြစ်သွားနိုင်တယ်။ ပြီးတော့ ၁၆ ရက်နေ့မှာ မြန်မာ၊ တရုတ်နယ်စပ်ကနေဖြတ်ပြီးတော့ ဟိုဘက် တရုတ်ကူမင်းထဲကို လေဖိအားနည်းရပ်ဝန်းအနေနဲ့ထွက်သွားမယ်။ အဲ့ဒီကျရင်တော့ တစ်နာရီကို လေတိုက်နှုန်းက မိုင် ၂၀ အောက်ပဲရှိတော့တယ်။ အဲ့တော့ ဒီမုန်တိုင်းကြီးက အခု ရခိုင်ကမ်းရိုးတန်းက စဝင်ပြီးတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း ပြီး ဟိုဘက်တရုတ်ပြည်ထိဆက်သွားမှာ”

နောက်ထပ်မုန်တိုင်းရိုက်ခတ်မှုဒဏ်ခံရနိုင်တဲ့ဒေသတွေအခြေအနေ ပြောပြပေးပါဦးဆရာ?

“ မုန်တိုင်းရဲ့ အရွယ်အစားနဲ့ JTWC ကတင်ထားတဲ့ ပုံမှာ Shading ဧရိယာတွေ့လိမ့်မယ်။ အတွင်းထဲမှာ အနီရောင်ကွင်းနဲ့ပုံ အဲ့တာက မုန်တိုင်းရဲ့အတွင်းအပြင် လေတိုက်ခံရမဲ့နေရတွေပေါ့။ မုန်တိုင်းရဲ့အပြင်ကတော့ တစ်နာရီကို မိုင်၄၀ လောက်ရှိနိုင်မဲ့ ဧရိယာပေါ့။ Shaded ဧရိယာကတော့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း၊ ပဲခူး၊ မှော်ဘီ ပြီးတော့ ကရင်၊ ရှမ်းပြည်နယ် အဲ့ဒေသတွေပါ ပါတယ်။ မုန်တိုင်းရဲ့ အဖျားခတ်ခံရနိုင်တဲ့ဒေသတွေက တော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် အဲ့ဒေသတွေအကုန်ပါမယ်။ တနင်္ဿာရီတိုင်း၊ မွန်၊ ကရင်တောင်ပိုင်းပဲ လွတ်တယ်ဗျ”

မိုးလေဝသပညာရှင် U Win Naing သို့
"အစိမ်းရောင်လမ်းမှမေးမြန်းချက်ကို ကူးယူဖော်ပြပါသည်"

ခွန်အား❤️အကျဉ်းသူ/သားများရဲ့ထောင်ဝင်စာမုန့်ဖိုးများဖြင့်စုပေါင်းထည့်ဝင်မှု၊
09/05/2023

ခွန်အား❤️
အကျဉ်းသူ/သားများရဲ့ထောင်ဝင်စာမုန့်ဖိုးများဖြင့်စုပေါင်းထည့်ဝင်မှု၊

ဒီလိုနားလည်ပေးတာတခုနဲ့ကျေးဇူးတင်တယ်။
09/05/2023

ဒီလိုနားလည်ပေးတာတခုနဲ့ကျေးဇူးတင်တယ်။

တိုင်းပြည်မွဲသွားတာလည်းမပြောနဲ့ ဒီလိုကောင်မျိုးတွေကအိမ်ဦးခန်းတက်ပြီးချီးပါချနေလို့၊မုန်းတိုင်းကို ကာကွယ်ဖို့ နဂါးစာကျွေ...
09/05/2023

တိုင်းပြည်မွဲသွားတာလည်းမပြောနဲ့ ဒီလိုကောင်မျိုးတွေကအိမ်ဦးခန်းတက်ပြီးချီးပါချနေလို့၊

မုန်းတိုင်းကို ကာကွယ်ဖို့ နဂါးစာကျွေးတာတဲ့

07/05/2023

“ခေါင်းကိုဘီယာပုလင်း ရှစ်ပုလင်းကွဲအောင်ဆက်တိုက်အရိုက်ခံရ ၊ နေရာ အသိုက်ကိုမဖော်လို့တဲ့
အဲ့လိုအရိုက်ခံ စစ်ကြောခံရတဲ့ကလေးက နောက်ထပ်ရောက်လာတဲ့ သူ့ထက်အခြေအနေပိုဆိုးတဲ့ဘဝတူ ကလေးကို ကူနေရသတဲ့ “

အဲ့လိုလူ့လောက ငရဲ အကျဉ်းထောင်ဘေး က unplugged ပါတဲ့ဘီယာဆိုင်မှာလူတွေဖွေးလို့

အဲ့လိုနှိပ်စက်သတ်ဖြတ်နေတဲ့ ထောင်နံရံ ကျုံးဘေးမြိုးရိုးဘေးမှာ ကကြခုန်ကြ စက်ဘီးစီးကြ စကိတ်စီးကြ ပျော်ကြပုံများ
အော့နှလုံးနာတယ်ဆိုတဲ့စကားအဓိပ္ပါယ်ကိုပိုပိုသိလာရတယ်”
ငါတို့ နဲ့ တခေါ်လောက် အကွာ နံရံအတွင်းဘက်မှာ ဖြစ်နေကြတာတွေ က ငါတို့မှ မဟုတ်ဘဲလေ လို့ သွေးအေး ပစ်ပယ် ထားနိုင်ရင်

မကြာခင် စစ်မီး သေချာပေါက်ပြန့်ပြီး ဒီနေရာတွေမှာပဲ သွေးချောင်းစီး တဲ့ မြင်ကွင်းက ခင်ဗျားတို့ရဲ့ ငါတို့ နဲ့ တည့်တည့်ကြီး ရင်ဆိုင် လာကြပါလိမ့်မယ် ။

နက် ဖ ငါ ဆို တာ မ ရှိ သ လို နေ ပြီး အ ရင် ပျော် နှင့် ကြ ပါ
ဝင်း နိုင် ဦး

ဘိဝံသဘွဲ့ရခဲ့ပါတယ်၊လူထွက်ပြီးမိန်းမယူတယ်၊လေးစားတယ်ဗျာ၊ပါရာဇိကအကျခံပြီး သက်န်းတကားကားနဲ့အရေခြုံပြီး ခိုးစားနေတဲ့ ဂတုံးတွေ...
07/05/2023

ဘိဝံသဘွဲ့ရခဲ့ပါတယ်၊လူထွက်ပြီးမိန်းမယူတယ်၊လေးစားတယ်ဗျာ၊ပါရာဇိကအကျခံပြီး သက်န်းတကားကားနဲ့အရေခြုံပြီး ခိုးစားနေတဲ့ ဂတုံးတွေလိုမြတ်စွာဘုရားကိုသိက္ခာမချဘူး၊ကျေးဇူးတင်တယ်။

ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းကို တိုက်ရိုက်ဝင်တိုက်မယ်ဆိုတဲ့ အရင်ကြိုတင်ခန့်မှန်းချက် ပျက်သွားတာကတော့ အဲ့ဒီဒေသက...
06/05/2023

ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းကို တိုက်ရိုက်ဝင်တိုက်မယ်ဆိုတဲ့ အရင်ကြိုတင်ခန့်မှန်းချက် ပျက်သွားတာကတော့ အဲ့ဒီဒေသက ပြည်သူများအားလုံးအတွက် ဝမ်းသာစရာဆိုပေမယ့် ကိုကိုးကျွန်းနဲ့ မော်တင်စွန်းကြားကနေ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကိုထွက်သွားပြီး ကျောက်ဖြူနားကပဲ ကုန်းတွင်းကိုဝင်တယ်ဆိုတာ ဖြစ်လာပါတယ်။ထိုဒေသနေပြည်သူများအထူးသတိထားရမှာဖြစ်ပါတယ်။

Win Naing

05/05/2023

ဒရုန်းပါဆယ်ထုတ်လာယူမည့်သူကိုဖမ်းဖို့စောင့်ဆိုင်းနေ၊

ရန်ကုန်၊ အောင်မင်္ဂလာ အဝေးပြေး ကားဝန်းထဲမှာ ဒီကနေ့ မနက်ပိုင်းက စတင်ပြီး အရပ်ဝတ် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား အများအပြား ရောက်ရှိနေပြီး မြဝတီက လာမယ့်ကားတွေကို စစ်ဆေးဖို့ စောင့်ဆိုင်း နေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို အတည်ပြု ပြောပါတယ်။

"ဒီကောင်တွေ သတင်း တစ်ခုခု အတိအကျ ရထားတယ် ထင်တယ်။ အရပ်ဝတ်တွေနဲ့ မနက်ထဲက စောင့်နေတာ။ သူတို့ထဲက တစ်ယောက် ပြောတာကတော့ မြဝတီက ဆင်းလာမယ့် ကားကို စောင့်နေတာ ပြောတယ်။( ဒရုန်း)ပါဆယ်ထုတ်လာယူတဲ့ အဖွဲ့တွေကို ဖမ်းဖို့ ရှိတယ် ပြောတယ်။ ဒီကားဝန်းထဲမှာ ကင်းပုန်း ဝတ်‌နေတဲ့ အဖွဲ့တွေလည်းရှိတယ်။ ကားဝန်းထဲ လာရင် အားလုံး သတိထားကြပါ" လို့ ကားဝန်းထဲမှာ နေထိုင်တဲ့ ပြည်သူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဝင်ပေးနေကြတဲ့ ပြည်သူအပေါင်းနဲ့တော်လှန်ရေး ရဲဘော်အပေါင်းကို အထူးကျေးဇူးတင်၊ အလေးပြုအပ်ပါတယ်။ဆရာဇော်ဝေစိုး
04/05/2023

တိုက်ပွဲဝင်ပေးနေကြတဲ့
ပြည်သူအပေါင်းနဲ့
တော်လှန်ရေး ရဲဘော်အပေါင်းကို
အထူးကျေးဇူးတင်၊ အလေးပြုအပ်ပါတယ်။
ဆရာဇော်ဝေစိုး

အမေ့ကို "ခဏ"လို့ပဲပြောပြီးထွက်လာတာအရေးထဲ ခြေတဖက်ကလည်းပြန်ပါမလာပြန်ဘူးအမေတော့ ဒီသားကိုဆူဦးမယ်နဲ့တူပါတယ် ။ #သံမဏိ
04/05/2023

အမေ့ကို "ခဏ"လို့ပဲပြောပြီးထွက်လာတာ
အရေးထဲ ခြေတဖက်ကလည်းပြန်ပါမလာပြန်ဘူး
အမေတော့ ဒီသားကိုဆူဦးမယ်နဲ့တူပါတယ် ။

#သံမဏိ

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏အချက်အလက်များ RSNထံ လုံခြုံလျှို့ဝှက်စွာပေးပို့ပေးကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်...
29/04/2023

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏အချက်အလက်များ RSNထံ လုံခြုံလျှို့ဝှက်စွာပေးပို့ပေးကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း

ရန်ကုန်တိုင်းအတွင်းမှ စစ်ကောင်စီ၏အချက်အလက်များကို Rangoon Scout Network - RSN ထံသို့ လုံခြုံလျှို့ဝှက်စွာပေးပို့ခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ရန် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်သည်။

RSN သည် အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနသို့ သတင်းအချက်အလက်များ ပေးပို့နေသည့် အဖွဲ့အစည်းဖြစ်သည်။

"RSN အနေနဲ့ကတော့ သိထားတာလည်းကြာပြီ။ လက်ရှိအထိလည်း တော်တော်လေးမှ အသုံးဝင် တဲ့ အချက်အလက်တွေကို ပေးနေဆဲပါ။တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ အဖွဲ့အစည်းလို့ပဲပြောပါရ‌စေဗျ။"ဟု Yangon UG Association(YUA)တာဝန်ခံ ဆရာကျောင်းကပြောသည်။

အခြားအဖွဲ့အစည်းများနှင့်ပတ်သက်၍ မသိသော်လည်း ၎င်းတို့အဖွဲ့ အတွက် RSNသည် အထောက်အကူများစွာဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

"RSN မှာ ကြိုးစားထားတာတစ်ခုက ကြိုတင်ပြီး ဧည့်စာရင်းစစ်နိုင်တဲ့ဟာ တို့ စကစကလျှို့ဝှက်ဖမ်းပြီး သတင်းမထုတ်တဲ့ ရဲဘော်တွေ အတည်ပြုချင်ရင် RSN မှာသွားပြီး အတည်ပြုလို့ရတယ်။ သူတို့ဆီမှာ အဲဒီလိုသတင်းတွေစုထားတာတွေရှိတယ်။ အတည်ပြုစစ်ဆေးလို့ရတဲ့ အားသာချက်ရှိတယ်။"ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးက ပြောသည်။

ထို့ကြောင့် UG များအနေဖြင့် RSNနှင့် ချိတ်ဆက်ထားပါက သတင်းအချက်အလက်ပိုင်းနှင့်ပတ်သက်၍ အထောက်အကူရနိုင်သည်ဟု ၎င်းကအကြံပြုသည်။

"UG တွေအနေနဲ့က RSN လိုအဖွဲ့အစည်းမျိုးနဲ့ ချိတ်ဆက်ထားသင့်တယ်။ အထူးသဖြင့် မြို့ပြရဲ့ လုံခြုံရေး အင်အားတို့ စကစရဲ့ခြေလှမ်း နဲ့ သတင်းအရင်းအမြစ်တွေ RSNမှာရှိတယ်။ ဒါတွေကို UG တွေအနေနဲ့ ကောင်းကောင်းအသုံးချသင့်တယ်" ဟု ရဲဘော်ပီတာကြီးက ပြောသည်။

RSN၏ မြေပြင်သတင်းရရှိမှုကြောင့် ဖမ်းဆီးခံရနိုင်သည့် UGများကြိုတင် ရှောင်တိမ်းနိုင်ခဲ့သည့် ဖြစ်စဉ်များရှိသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် RSNသည် ရန်ကုန်မြို့ပြအတွက်သာ မဟုတ်ပဲ အင်တာနက်မရရှိသည့် အညာဒေသများမှ သတင်းများကိုလည်း တိတိကျကျဖော်ပြပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ၎င်းက ပြောသည်။

RSNသို့ သတင်းပေးပို့လိုသူများအနေဖြင့်
Rangoon Scout Network - RSN
https://t.me/rangoonscoutnetwork ၊ RSN Informer Account
https://t.me/Inform_RSN တို့မှ ဆက်သွယ်နိုင်မည်ဖြစ်သည်။

People's Spring

29/04/2023

ချစ်သုဝေမှ ပဇီးကြီးကျေးရွှာအဖြစ်ဆိုးအား ကမ္ဘာသို့ချပြ။

အမျိုးရော ဘာသာရောတပြိုင်တည်းပြေးခဲ့ရတဲ့ နိုင်ငံတော်ဆိုတာကြီးDhamma Ganga
23/04/2023

အမျိုးရော
ဘာသာရော
တပြိုင်တည်းပြေးခဲ့ရတဲ့
နိုင်ငံတော်ဆိုတာကြီး

Dhamma Ganga

တိုက်ကွမ်ဒိုသမားဆိုတော့ အတွင်းအားကမနေဘူး၊ကားကိုဆွဲကွေ့သွားတာ ၊ပြန်ခံချမလို့ လုပ်တဲ့အချိန် အဝီစိရောက်သွားလို့ သေနတ်သမား‌ ...
22/04/2023

တိုက်ကွမ်ဒိုသမားဆိုတော့ အတွင်းအားကမနေဘူး၊ကားကိုဆွဲကွေ့သွားတာ ၊ပြန်ခံချမလို့ လုပ်တဲ့အချိန် အဝီစိရောက်သွားလို့ သေနတ်သမား‌ လေးခမျာ သီသီလေးလွတ်သွားတယ်🤓

22/04/2023

တိုက်ကွမ်ဒိုသမားကြီး

Address


Website

Alerts

Be the first to know and let us send you an email when Aung Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share